တရုတ်နိုင်ငံသည် စစ်လက်နက်ပစ္စည်းများကို အနောက်တိုင်းပြိုင်ဘက်များထက် လွန်စွာနိမ့်ကျသော ဈေးနှုန်းများဖြင့် ရောင်းချပြီး ကမ္ဘာ့အဓိက လက်နက်ရောင်းချသည့်နိုင်ငံ ဖြစ်လာသည်မှာ ဆယ်စုနှစ်တခုကျော်ပြီဖြစ်သည်။
ထိုသို့ တတ်နိုင်သောဈေးနှုန်းဖြင့် ရောင်းချသောကြောင့် တရုတ် ကာကွယ်ရေးပို့ကုန်များသည် အသုံးစရိတ် အကန့်အသတ်ရှိသော်လည်း လုံခြုံရေး လိုအပ်ချက်ရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အထူးဆွဲဆောင်မှုရှိသည်။
သို့သော် တရုတ်၏ ကာကွယ်ရေးကဏ္ဍအတွင်း စနစ်ဆိုင်ရာ အကျင့်ပျက်ခြစားမှုနှင့် အရည်အသွေးချို့တဲ့မှုသည် တရုတ်၏ စစ်ဘက်ပို့ကုန်များကို မှီခိုနိုင်မှုနှင့် ၎င်းတို့၏ထိရောက်မှု ထိခိုက်စေကြောင်း ပိုမိုများပြားလာသည့် အထောက်အထားများက ပြသနေသည်။ တင်သွင်းသူများအတွက် ထိုပြဿနာများသည် စစ်ဆင်ရေး အသင့်ဖြစ်မှု အလျှော့အတင်း လုပ်ရသည်သာမက အရေးပါသော သေနင်္ဂဗျူဟာနှင့် ဘဏ္ဍာရေး အန္တရာယ်များလည်း ဖြစ်စေသည်။
ဝယ်ယူမှုများကို ကြီးကြပ်သည့်နေရာတွင် အဆင့်မြင့်ရာထူးရှိသည့် တရုတ်ကာကွယ်ရေးဝန်ကြီးများဖြစ်သော လီရှမ်ဖူနှင့် ဝေဖန်ဟာကို ကွန်မြူနစ်ပါတီမှ မကြာသေးမီက ထုတ်ပယ်ခြင်းသည် တရုတ်၏ စစ်ဘက် စက်မှုလုပ်ငန်းအတွင်း အလုပ်မဖြစ်သည့် အတိုင်းအတာကို ဖော်ပြနေသည်။
လာဘ်ပေးခြင်း၊ ခရိုနီဝါဒနှင့် ဖောင်းပွသော ကန်ထရိုက်များသည် အဓိက ကာကွယ်ရေး အင်စတီကျူးရှင်းများတွင် ပျံ့နှံ့နေကြောင်း စုံစမ်းစစ်ဆေးမှုများက ပြသနေသည်။ နိုင်ငံပိုင် တရုတ်လေကြောင်း စက်မှုလုပ်ငန်း ကော်ပိုရေးရှင်း (AVIC) ဥက္ကဋ္ဌဟောင်း ထန်ရွှီဆုန်ကိုလည်း စုံစမ်းစစ်ဆေးနေသည်။
လာဘ်ပေးခြင်း၊ ခရိုနီဝါဒနှင့် ဖောင်းပွသော ကန်ထရိုက်များသည် အဓိက ကာကွယ်ရေး အင်စတီကျူးရှင်းများတွင် ပျံ့နှံ့နေကြောင်း စုံစမ်းစစ်ဆေးမှုများက ပြသနေသည်။ နိုင်ငံပိုင် တရုတ်လေကြောင်း စက်မှုလုပ်ငန်း ကော်ပိုရေးရှင်း (AVIC) ဥက္ကဋ္ဌဟောင်း ထန်ရွှီဆုန်ကိုလည်း စုံစမ်းစစ်ဆေးနေသည်။
တချိန်တည်းတွင် တရုတ်၏ အဓိကျသော စစ်သေနင်္ဂဗျူဟာ မဏ္ဍိုင်ဖြစ်သည့် ဒုံးကျည်တပ်ဖွဲ့တွင်လည်း မသမာမှုများ ပျံ့နှံ့နေကြောင်း အဆင့်မြင့်အရာရှိများ ရုတ်တရက် ပျောက်ကွယ်သွားခြင်းနှင့် အမျိုးမျိုးသော စုံစမ်းစစ်ဆေးမှုများက ပြသနေသည်။
ထိုကိစ္စများသည် သာမန် နိုင်ငံရေးအရ သုတ်သင်ရှင်းလင်းခြင်းထက် ကျော်လွန်ပြီး တရုတ်က စစ်လက်နက်ပစ္စည်း ကိရိယာများကို ထုတ်လုပ်ရောင်းချရာတွင် စနစ်ဆိုင်ရာပြဿနာများကို ပြသနေသည်။ ထိုသို့ အကျင့်ပျက်ခြစားခြင်းသည် တရုတ်၏ စစ်ရေးခေတ်မီရေး ရည်မှန်းချက်များကို၊ အထူးသဖြင့် ထိုင်ဝမ်နှင့် ပတ်သက်သည့် ၎င်း၏ ရည်မှန်းချက်များကိုပင် ထိခိုက်နိုင်သည်ဟု ပင်တဂွန် စစ်ဌာနချုပ်က မီးမောင်းထိုးပြနေသည်။
တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အတွင်း အကျင့်ပျက်ခြစားမှု ပျံ့နှံ့သည့် သဘောသဘာဝသည် တရုတ်ကာကွယ်ရေးယန္တရားနှင့် ၎င်း၏စစ်လက်နက်ပစ္စည်း တင်ပို့မှု၏ ဂုဏ်သိက္ခာနှင့် ပတ်သက်၍ စိုးရိမ်သောကများ ဖြစ်စေသည်။
ထိုသို့ အဆင့်လျော့ကျခြင်းကို ဖောက်သည်နိုင်ငံများမှ တရုတ် စစ်ဘက်ပို့ကုန်များ၏ စွမ်းဆောင်မှုတွင် အထင်အရှား တွေ့နိုင်သည်။ တရုတ်၏ အနီးကပ်ဆုံး ကာကွယ်ရေးမိတ်ဖက်နိုင်ငံတခုဖြစ်သော ပါကစ္စတန်သည် တရုတ်ထံမှ ဝယ်ယူထားသည့် F-22P ဖရီးဂိတ်သင်္ဘောများနှင့် ပတ်သက်သည့် ပြဿနာများကို အကြိမ်ကြိမ် ရင်ဆိုင်ရသည်။
ထိုသင်္ဘောများသည် မှားယွင်းသော ဒုံးကျည်စနစ်များနှင့် မှီခိုအားထားနိုင်ခြင်း မရှိသည့် ရေဒါကိရိယာများကြောင့် ပြဿနာများ ရင်ဆိုင်ရပြီး ပါကစ္စတန်၏ အိန္ဒိယနှင့် မကြာသေးမီက ပဋိပက္ခတွင် တရုတ်လက်နက်များ၏ စွမ်းဆောင်ရည်သည် အရေးပါသည့် နောက်ထပ် ထောက်ပြစရာကိစ္စ ဖြစ်နေသည်။
မြန်မာသည် တရုတ်မှ ဝယ်ယူထားသည့် JF-17 ဂျက်လေယာဉ်များကို အင်ဂျင်ပြဿနာ၊ ရေဒါစွမ်းဆောင်ရည် ညံ့ဖျင်းခြင်း၊ တည်ဆောက်ပုံ အားနည်းခြင်းများကြောင့် မပျံသန်းဘဲ ရပ်ထားရပြီး ထိုပြဿနာသည် ဝယ်ယူပြီး မကြာမီ တွေ့ရသည့် ပြဿနာများဖြစ်သည်။
သို့သော် မြန်မာလေတပ်သည် အတိုက်အခံများကို တိုက်ခိုက်ရန်အတွက် တရုတ်လုပ် ဂျက်တိုက်လေယာဉ်များနှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များကို တက်ကြွစွာ ဖြန့်ကြက်နေဆဲ ဖြစ်သည်။ တရုတ်လုပ် စစ်လက်နက်ပစ္စည်းများ၏ အရည်အသွေးနှင့် မှီခိုအားထားနိုင်မှုကို မြန်မာဗိုလ်ချုပ်များအကြား အယုံအကြည် ကင်းမဲ့နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီးဖြစ်သော်လည်း ထိုသို့ ဆက်လက် အသုံးပြုနေခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုသည် တရုတ်လုပ် FTC-2000 G ဂျက်တိုက်လေယာဉ်တစင်းကို ရှမ်းပြည်မြောက်ပိုင်းတွင် ပစ်ချပြီး တရုတ်လုပ်နည်းပညာ၏ ထိခိုက်လွယ်မှုကို ထပ်မံဖော်ပြကာ စစ်ကောင်စီအတွင်း ကာလကြာမြင့်သည့် စိုးရိမ်မှုများကို ပိုမိုဆိုးရွားစေသည်။
၂၀၂၄ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုသည် တရုတ်လုပ် FTC-2000 G ဂျက်တိုက်လေယာဉ်တစင်းကို ရှမ်းပြည်မြောက်ပိုင်းတွင် ပစ်ချပြီး တရုတ်လုပ်နည်းပညာ၏ ထိခိုက်လွယ်မှုကို ထပ်မံဖော်ပြကာ စစ်ကောင်စီအတွင်း ကာလကြာမြင့်သည့် စိုးရိမ်မှုများကို ပိုမိုဆိုးရွားစေသည်။
အယ်လ်ဂျီးရီးယားနိုင်ငံသည်လည်း တရုတ်လုပ် CH-4 ဒရုန်းများကို စမ်းသပ်စဉ်အတွင်း အကြိမ်ကြိမ် ပျက်ကျသည်ကို ရင်ဆိုင်ရပြီး ၎င်းတို့၏ စစ်မြေပြင်တွင် အသုံးပြုနိုင်မှုနှင့် ပတ်သက်သည့် စိုးရိမ်မှုများ ဖြစ်စေသည်။
K8-W ကဲ့သို့သော အခြေခံလေ့ကျင့်ရေး လေယာဉ်များသည်ပင် လေယာဉ်ပေါ်မှ လက်နက်ခဲယမ်းကို စနစ်တကျ ပစ်ခတ်ခြင်းကဲ့သို့ အခြေခံလုပ်ငန်းဆောင်တာများကို လုပ်ရန်ပင် ရုန်းကန်နေရသည်ဟု ဘင်္ဂလားဒေ့ရှ်ကဲ့သို့သော နိုင်ငံများက ဖော်ပြသည်။
ထို့ကြောင့် ထိုအပြစ်အနာအဆာများသည် အလျင်စလို ထုတ်လုပ်ခြင်း၊ စမ်းသပ်မှု မရှိခြင်းနှင့် အရည်အသွေးထက် အရေအတွက်ကို ဦးစားပေးခြင်း စသည်တို့ကြောင့် ဖြစ်လာသည့် အမြစ်တွယ်နေသော အရည်အသွေး ထိန်းချုပ်သည့် ပြဿနာများကို ထင်ဟပ်နေသည်။
ထိုကိစ္စများသည် ရှားပါးသည့် ထူးခြားသော ပြဿနာများမဟုတ်ဘဲ ဒီဇိုင်းနှင့် ဝယ်ယူမှုမှသည် ထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုအထိ ကုန်စည်ဖြန့်ချိရေး ဈေးကွက်မှ အချိတ်အဆက်တိုင်းကို အကျင့်ပျက်ခြစားမှုက အင်အားချိနဲ့စေသည့် ကာကွယ်ရေးကဏ္ဍ၏ ရောဂါလက္ခဏာဖြစ်သည်။
တရုတ်ကာကွယ်ရေး အသိုက်အဝန်းတွင် ရိုးသားတည်ကြည်မှု မရှိခြင်းသည် ကံမကောင်း အကြောင်းမလှစွာဖြင့် ၎င်းတို့ထုတ်ကုန်များ၏ အသုံးဝင်မှုကို ထိခိုက်စေသည်။ တရုတ်၏ မိတ်ဖက် နိုင်ငံအများအပြားသည် ဝယ်ယူမှုသစ်များကို ကန့်သတ်ခြင်း သို့မဟုတ် အခြားရောင်းချသူများကို အားကိုးခြင်း ပြုလုပ်ကြသည်မှာ တိုက်ဆိုင်မှု မဟုတ်ပေ။
ထိုသို့သော ပြဿနာများသည် တင်သွင်းသော နိုင်ငံများအတွက် အရေးပါသော သေနင်္ဂဗျူဟာနှင့် စစ်ဆင်ရေး အကျိုးဆက်များ ဖြစ်စေသည်။ ချို့ယွင်းသော၊ မှီခိုအားထားနိုင်ခြင်း မရှိသော စနစ်များကို အားပြုသည့် စစ်တပ်များသည် အဓိကကျသည့် စွမ်းဆောင်ရည် ကွာဟမှုများ ခံစားရပြီး အထူးသဖြင့် ပဋိပက္ခ၊ အကျပ်အတည်းများအတွင်းတွင် ထိုသို့သော ကွာဟမှုကို ခံစားရသည်။
နိုင်ငံများသည် ဝယ်ယူထားသည့် စစ်လက်နက်ပစ္စည်းများ ပြုပြင်ရန်နှင့် အပိုအစိတ်အပိုင်းများအတွက် အချိုးအစားမမျှအောင် ငွေကြေး သုံးစွဲရသောအခါ သို့မဟုတ် အလုပ်ဖြစ်စေရန် တတိယကြားခံ ကန်ထရိုက်ရှာရသောအခါ တရုတ်လက်နက်များ၏ တန်ဖိုးသက်သာမှု ပျောက်ကွယ်သွားသည်။
နိုင်ငံများသည် ဝယ်ယူထားသည့် စစ်လက်နက်ပစ္စည်းများ ပြုပြင်ရန်နှင့် အပိုအစိတ်အပိုင်းများအတွက် အချိုးအစားမမျှအောင် ငွေကြေး သုံးစွဲရသောအခါ သို့မဟုတ် အလုပ်ဖြစ်စေရန် တတိယကြားခံ ကန်ထရိုက်ရှာရသောအခါ တရုတ်လက်နက်များ၏ တန်ဖိုးသက်သာမှု ပျောက်ကွယ်သွားသည်။
ထို့ပြင် လက်နက်ရောင်းချသည့် နိုင်ငံတခုတည်းကို၊ အထူးသဖြင့် မေးခွန်းထုတ်စရာ မှတ်တမ်းရှိသည့် လက်နက်ရောင်း နိုင်ငံတခုကို အကြီးအကျယ် မှီခိုခြင်းသည် နိုင်ငံတခု၏ ကာကွယ်ရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အကန့်အသတ်ဖြစ်စေပြီး ထိုနိုင်ငံကို သံတမန်ရေး ဖိအားများ သို့မဟုတ် ကုန်စည်ပေးသွင်းရေး ကွင်းဆက်ထိခိုက်လွယ်မှုများ ဖြစ်စေသည်။
ထိုသို့သော ပကတိအခြေအနေများကြောင့် ကာကွယ်ရေးပစ္စည်းဝယ်ယူမှုကို တရုတ်ရင်းမြစ်များမှ အဝေးသို့ ခွဲဖြန့်ထားရေးသည် ခိုင်မာသော အဆိုပြုချက်ဖြစ်လာသည်။ တင်သွင်းသော နိုင်ငံများသည် ခိုင်မာသည့် ပွင့်လင်းမြင်သာမှု စံနှုန်းများနှင့် သက်သေပြနိုင်သည့် နည်းပညာ မှီခိုအားထားနိုင်သည့် အခြား လက်နက်ရောင်းသူများကို ပိုမိုရှာဖွေသင့်သည်။
ထို့ပြင် ဒေသတွင်း ကာကွယ်ရေးမိတ်ဖက်များ တည်ဆောက်ခြင်းနှင့် ပြည်တွင်း စစ်ရေးစက်မှုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အဆင့်မမီသည့် လက်နက်ရောင်းသူကို လိုအပ်တော့မည် မဟုတ်ဘဲ စေ့စပ်ညှိနှိုင်း အပေးအယူ လုပ်နိုင်သည့် စွမ်းအား တိုးတက်စေကာ အမျိုးသားကာကွယ်ရေးကို ပြည်ပလက်နက်ရောင်းနိုင်ငံတခု၏ ပျက်ကွက်မှုမှ လွတ်မြောက်စေနိုင်သည်။
နိဂုံးချုပ်အနေဖြင့်ဆိုရပါက တရုတ်ကာကွယ်ရေးကဏ္ဍ၏ စနစ်ဆိုင်ရာ အကျင့်ပျက်ခြစားခြင်းနှင့် အရည်အသွေး အလျှော့အတင်းရှိခြင်းတို့ ပေါင်းဆုံခြင်းသည် စစ်လက်နက်တင်သွင်းသည့် နိုင်ငံများအတွက် ဆိုးရွားသော ရေရှည်အန္တရာယ်ဖြစ်စေသည်။
တရုတ်စစ်လက်နက်ပစ္စည်းများသည် ဈေးသက်သာသောကြောင့် ဆွဲဆောင်မှုရှိနိုင်သော်လည်း မခန့်မှန်းနိုင်သည့် (စစ်ဆင်ရေး၊ သေနင်္ဂဗျူဟာနှင့် ဘဏ္ဍာရေး) ကုန်ကျစရိတ်များ မြင့်မားလာနေသည်။
စနစ်ဆိုင်ရာ အကျင့်ပျက်ခြစားမှုကြောင့် တရုတ်၏ ပြည်တွင်းကာကွယ်ရေးအပေါ် ယုံကြည်မှုအားနည်းနေသဖြင့် လက်နက်တင်သွင်းသည့် နိုင်ငံများသည် ၎င်းတို့၏ မှီခိုမှုကို ပြန်လည် အကဲဖြတ်ပြီး ပိုမိုကွဲပြားစုံလင်သော၊ ကြံ့ကြံ့ခံနိုင်ပြီး ပွင့်လင်းမြင်သာသည့် ကာကွယ်ရေး မိတ်ဖက်များကို ရှာဖွေရန် အရေးကြီးသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Rishan Sen ၏ The Hidden Costs of Relying on Chinese Military Hardware ကို ဘာသာပြန်သည်။ ရီရှန်း ဆန်သည် တရုတ်နိုင်ငံခြားရေးမူဝါဒနှင့် အာရှမှ တရုတ်၏ လုပ်ရပ်များကို အထူးပြုသည့် သုတေသီဖြစ်သည်။)
You may also like these stories:
စစ်ကောင်စီ အကြီးစားစစ်လက်နက်တွေ ထုတ်ဖို့ တရုတ်နဲ့ ရုရှား ကူနေ (ရုပ်/သံ)
တရုတ်ဒရုန်းများ မြန်မာစစ်တပ် ပိုသုံးလာ
တရုတ်ဆီက စစ်ကောင်စီ လက်နက်များ ဝယ်ယူ
စစ်ကောင်စီတပ် လေကြောင်း အားသာမှု ဆုတ်ယုတ်လာ
မြန်မာလေတပ် စစ်ရာဇဝတ်မှုတွေမှာ တရုတ်နှင့် ရုရှား ကြံရာပါ
အာဏာသိမ်းစစ်ကောင်စီ လက်နက် ဒေါ်လာ ၁ ဘီလီယံဖိုး ဝယ်ယူ