မြန်မာ့စစ်တပ်တွင် တတိယမြောက် အကြီးဆုံးရာထူးအဖြစ် သတ်မှတ်ထားသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ရာထူးကို ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား ၂၀၂၄ နှစ်ကုန်ပိုင်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လွှဲပြောင်းပေးခဲ့သည်။
ထို့နောက်ပိုင်းတွင် သူ့ကို အနာဂတ် တပ်ချုပ်လောင်းလျာအဖြစ် ထင်ကြေးပေးမှု များလာခဲ့သည်။ စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ် ၃၅ ဆင်း ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် အရာရှိငယ်ဘဝတွင်လည်း ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး အနားတွင် ကာလရှည် ကိုယ်ရေးအရာရှိအဖြစ် နေခဲ့သူဖြစ်သည်။
စစ်တိုက်ရာတွင် မှတ်ကျောက်တင်ခံနေရာအဖြစ် သတ်မှတ်လေ့ရှိသည့် ခြေလျင်တပ်ရင်းမှူးဘဝတွင်လည်း နေပြည်တော်အခြေစိုက် ခမရ (၄၁၁) တွင် တပ်ရင်းမှူးအဖြစ် နေခဲ့ရသူဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲများနှင့် မကြုံခဲ့ရဘဲ နေပြည်တော်တဝိုက် လုံခြုံရေးကိုသာ ဆောင်ရွက်ခဲ့ရသူဖြစ်သည်။
စစ်ဆင်ရေးမှတ်ကျောက် အတင်မခံရသော်လည်း လူကြီးအနားတွင် လူကြီးကြိုက်နေရင်း စစ်ရုံးတဝိုက်တွင် ရာထူးအဆင့်ဆင့် ရခဲ့သူဖြစ်သဖြင့် “စစ်မင်းသား” ဟု သတ်မှတ်ကြသည်။ သူ၏ နောက်ကွယ်တွင် မတိမ်းမယိမ်း အရာရှိကြီးများက မြန်မာသရုပ်ဆောင် နေတိုး၊ ပြေတီဦးတို့နှင့် ခိုင်းနှိုင်းကာ နာမည်ပြောင်များ ခေါ်ခဲ့ကြသည်။
စစ်ဆင်ရေးမှတ်ကျောက် အတင်မခံရသော်လည်း လူကြီးအနားတွင် လူကြီးကြိုက်နေရင်း စစ်ရုံးတဝိုက်တွင် ရာထူးအဆင့်ဆင့် ရခဲ့သူဖြစ်သဖြင့် “စစ်မင်းသား” ဟု သတ်မှတ်ကြသည်။ သူ၏ နောက်ကွယ်တွင် မတိမ်းမယိမ်း အရာရှိကြီးများက မြန်မာသရုပ်ဆောင် နေတိုး၊ ပြေတီဦးတို့နှင့် ခိုင်းနှိုင်းကာ နာမည်ပြောင်များ ခေါ်ခဲ့ကြသည်။
ထိုစစ်မင်းသား တပ်ချုပ်လောင်း ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဖြစ်လာပြီး နောက်ပိုင်းတွင် စစ်ဆင်ရေးများကို ကွပ်ကဲကြီးကြပ်လျက်ရှိကြောင်း သိရသည်။
သူ့ကို ရာထူးတိုးပေးပြီးနောက်ပိုင်းတွင် စစ်ခေါင်းဆောင် တပ်ချုပ် မင်းအောင်လှိုင်နှင့် ဒုချုပ် စိုးဝင်းတို့သည် စစ်ကောင်စီ၏ နယ်ဘက်ကိစ္စများကိုသာ ဦးတည်လုပ်ကိုင်လာသည်ကိုလည်း တွေ့ရသည်။ ရွေးကောက်ပွဲ မတိုင်မီ ကြားဖြတ်အစိုးရ မတက်ခင် စစ်တပ်ပိုင်းဆိုင်ရာကို အစမ်းသဘောဖြင့် လွှဲပေးခြင်းဟုလည်း စစ်ကောင်စီ တပ်တွင်းက ပြောဆိုလျက်ရှိသည်။
အစကတည်းကပင် စစ်တပ်က ဘယ်လောက်ရှုံးရှုံး ပွဲတက်မပျက်သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အဖို့ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ညှိနှိုင်းအဖြစ် ခန့်ပြီးသည့်နောက် “မင်း ဘာလုပ်မလဲ” ဆိုသည့်ပုံစံဖြင့် လွှတ်ပေးကာ အသွားအလာမပျက် နေထိုင်နေလေသည်။
တနည်းအားဖြင့် ယခုအခြေအနေသည် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက၂၀၁၀ နှစ်ကုန်ပိုင်းတွင် မင်းအောင်လှိုင်ကို စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) မှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ်ခန့်ပြီး တာဝန် စလွှဲသည့်အချိန်နှင့် ဆင်တူနေသည်။
ဦးသိန်းစိန်အစိုးရကို အာဏာလွှဲခါနီးတွင် တပ်ချုပ်သစ် ဖြစ်လာမည့် မင်းအောင်လှိုင်ကို ဦးသန်းရွှေက စစ်ဘက်ကွပ်ကဲမှုများ လွှဲပြောင်းပေးခဲ့သည်။ ထိုကဲ့သို့ပင် လက်ရှိအခြေအနေအရ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကိုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကွပ်ကဲမှုအချို့ စတင် လွှဲပြောင်းပြီဖြစ်ကြောင်းလည်း သိရသည်။
ဦးသိန်းစိန်အစိုးရကို အာဏာလွှဲခါနီးတွင် တပ်ချုပ်သစ် ဖြစ်လာမည့် မင်းအောင်လှိုင်ကို ဦးသန်းရွှေက စစ်ဘက်ကွပ်ကဲမှုများ လွှဲပြောင်းပေးခဲ့သည်။ ထိုကဲ့သို့ပင် လက်ရှိအခြေအနေအရ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကိုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကွပ်ကဲမှုအချို့ စတင် လွှဲပြောင်းပြီဖြစ်ကြောင်းလည်း သိရသည်။
စစ်ခေါင်းဆောင်၏ နောက်ဆုံး ရုရှားခရီးစဉ်တွင် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ရုရှားနှင့် ရင်းနှီးမှုတည်ဆောက်ရန် အဖွဲ့ဝင်အဖြစ် ခေါ်ဆောင်သွားခဲ့သည်ကို တွေ့ရသည်။

ဒုစစ်ခေါင်းဆောင် စိုးဝင်းကို သဘာဝဘေး ပြန်လည်ထူထောင်ရေးအပါအဝင် စစ်ကောင်စီ နယ်ဘက်တာဝန်များကိုပေး၍ စစ်ဘက်ဆိုင်ရာ လုပ်ပိုင်ခွင့်များကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လျှော့ချလာခဲ့သည်။
တဆက်တည်း ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ကို စစ်ဘက်ဆိုင်ရာ ကွပ်ကဲခွင့်များ ပို၍ပေးလာခဲ့ကြောင်း စစ်တပ်တွင်း သတင်းအရင်းအမြစ်များထံက သိရသည်။ အဆင့်ဆင့်သော ရာထူးများတွင် စစ်တပ်အရာရှိအနေဖြင့် စစ်ဆင်ရေး အတွေ့အကြုံနည်းသော ညှိနှိုင်းကွပ်ကဲရေးမှူး အနေဖြင့် ယခုအခါ ဟန်ကိုယ့်ဖို့ဆိုပြီး စစ်ဆင်ရေးများကို ကွပ်ကဲနေရလေသည်။
လတ်တလော စစ်ကောင်စီတပ်များ၏ တန်ပြန်ထိုးစစ်များနှင့် ခံစစ်များကို စစ်မင်းသား တဖြစ်လဲ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက တာဝန်အရှိဆုံးအနေဖြင့် ကြီးကြပ်ကွပ်ကဲလျက်ရှိကြောင်း တပ်တွင်းရှိ စစ်ရေးသတင်းအရင်းအမြစ် အချို့က အတည်ပြုကြသည်။
ပြီးခဲ့သည့် မေလအတွင်း စစ်ရုံး၌ တိုင်းမှူးအားလုံးကိုခေါ်ပြီး အစည်းအဝေး ပြုလုပ်ခဲ့သည်။ အစည်းအဝေးအပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူးက တိုင်းမှူးများကို သီခြားစီ တွေ့ဆုံခဲ့ကြောင်း ကြားသိရသည်။
ထိုသို့ဖြင့် ကြီးကြပ်ကွပ်ကဲနေသည့် ကာလအတွင်း စစ်ကောင်စီတပ်များ၏ စစ်ရေးအခြေအနေများကို ပြန်လည် သုံးသပ်ကြည့်မိသည်။
ယခုကာလတွင် စစ်ကောင်စီအနေဖြင့် တိုက်စစ်ထက် ခံစစ်ကိုသာ ဦးစားပေး ဆောင်ရွက်နေရသည်ကို တွေ့ရသည်။ ထိုးစစ်အပြုအမူအနေဖြင့် တော်လှန်ရေးဘက်က သိမ်းဆည်းခဲ့သည့် စခန်းအချို့နှင့် ဌာနချုပ်အချို့ကို ပြန်လည်ရရှိရေးနှင့် မကျသေးသည့်နေရာများကို ကာကွယ်ရန် အင်အားဖြည့်ခြင်းတို့ကိုသာ ဆောင်ရွက်နေသည်ကို တွေ့ရသည်။
ယခုကာလတွင် စစ်ကောင်စီအနေဖြင့် တိုက်စစ်ထက် ခံစစ်ကိုသာ ဦးစားပေး ဆောင်ရွက်နေရသည်ကို တွေ့ရသည်။ ထိုးစစ်အပြုအမူအနေဖြင့် တော်လှန်ရေးဘက်က သိမ်းဆည်းခဲ့သည့် စခန်းအချို့နှင့် ဌာနချုပ်အချို့ကို ပြန်လည်ရရှိရေးနှင့် မကျသေးသည့်နေရာများကို ကာကွယ်ရန် အင်အားဖြည့်ခြင်းတို့ကိုသာ ဆောင်ရွက်နေသည်ကို တွေ့ရသည်။
ညှိနှိုင်းကွပ်ကဲရေးမှူး၏ ကွပ်ကဲမှုကာလအတွင်း လတ်တလော စိတ်ဝင်စားမှု များနေသည်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေအတွင်းက တော်လှန်ရေး တပ်များ၏ စခန်းသိမ်းတိုက်ပွဲများ ဖြစ်သည်။
ဘလယ်ဒိုစခန်းကို လက်လွှတ်ပြီးနောက် သေဘောဘိုးကို လက်မလွှတ်ရစေရေး ဝေါလေရှိ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၃) ၏ နည်းဗျူဟာစခန်းက အရန်စစ်ကြောင်းကို စစ်ကောင်စီဘက်က ထုတ်သုံးခဲ့သည်။ ချီတက်ရာ လမ်းကြောင်းတွင် စစ်ကောင်စီနှင့် အပစ်ရပ်ထားသည့် DKBA ဌာနချုပ် ဆုံဆည်းမြိုင်ရှိသည်။ ထိုနေရာကို ဗဟိုပြုချီတက်ပြီး စစ်ကူရောက်အောင် DKBA အကူအညီဖြင့် ပို့ရန်ကြိုးစားသည်။
သို့သော် ဆုံဆည်းမြိုင် မရောက်မီ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်များက ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်သဖြင့် စစ်ကြောင်းတကြောင်းလုံး ဖွဲ့စည်းပုံ ပျက်သွားခဲ့ရသည်။ ထိုအချိန်တွင် ဆုံဆည်းမြိုင်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲသည်။
ကရင်လက်နက်ကိုင်အချင်းချင်း ပြဿနာတက်စေချင်သလို သူ့စစ်ကြောင်းကို မကူညီသဖြင့် ပညာပေးသလို လုပ်ဆောင်မှုဟု ယူဆရသည်။
အကြီးဆုံး ကွပ်ကဲနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူးအနေဖြင့် အဆင့်ဆင့် ပိတ်ဆို့ထားသည့်နေရာကို အင်အား ၇၀ ကျော်နှင့် စစ်ကူလိုက်ခိုင်းခဲ့ခြင်း၊ မသေချာမရေရာသည့် အခြေအနေတွင် DKBA ၏ အကူအညီ ရယူလိုခြင်းတို့က စစ်ရေးအတွေ့အကြုံမရှိဘဲ လက်တန်းထိုး အမိန့်ပေးနေကြောင်းကို ပေါ်လွင်စေခဲ့သည်။
ကရင်ပြည်နယ်တောင်ပိုင်းကို ကြည့်ပါက KNU တပ်မဟာ ၇ တွင် စခန်းတခုပြီးတခု ကျပြီးနောက် တပ်မဟာ ၆ ကလည်း ထိုင်း-မြန်မာ နယ်စပ်ရှိ စခန်းများကို နေ့စဉ်ရက်ဆက် သိမ်းပိုက်လျက်ရှိသော်လည်း စစ်ကောင်စီက တုံ့ပြန်တိုက်ခိုက်သည့်အစီအမံ ဆောင်ရွက်နိုင်ခြင်း မရှိတော့ပေ။
ထိုဖြစ်စဉ်နှင့် ဆက်စပ်၍ ကရင်ပြည်နယ်တောင်ပိုင်းကို ကြည့်ပါက KNU တပ်မဟာ ၇ တွင် စခန်းတခုပြီးတခု ကျပြီးနောက် တပ်မဟာ ၆ ကလည်း ထိုင်း-မြန်မာ နယ်စပ်ရှိ စခန်းများကို နေ့စဉ်ရက်ဆက် သိမ်းပိုက်လျက်ရှိသော်လည်း စစ်ကောင်စီက တုံ့ပြန်တိုက်ခိုက်သည့်အစီအမံ ဆောင်ရွက်နိုင်ခြင်း မရှိတော့ပေ။
အလားတူ စစ်မင်းသား ကျော်စွာလင်း ကွပ်ကဲနေရသည့်ကာလ အခြားစစ်မျက်နှာများကို ကြည့်မည်ဆိုပါကလည်း ကျောက်ဖြူတွင် အာရက္ခတပ်တော် (AA) က စစ်ရေးအရှိန်မြှင့်နေပြီး မြို့နှင့် ခြောက်မိုင်အကွာအထိ တိုက်ပွဲများ ရောက်ရှိနေပြီဖြစ်သည်။ စစ်ကောင်စီတပ် ခံစစ်များအနေဖြင့် အဆင့်ဆင့် ဆုတ်ခွာရင်း မြို့တွင်းသို့ ရောက်တော့မည်ဖြစ်သည်။
နောက်ထပ် AA ၏ အခြားစစ်မျက်နှာဖြစ်သည့် မကွေးဘက် ထိုးစစ်ရှိ အမ်း-ပဒါန်း လမ်းပေါ်က နတ်ရေကန်စခန်းသည်လည်း ကာကင်းများ ဆုတ်ပြေးနေသောကြောင့် စစ်ကောင်စီ ခံစစ်သည် အင်အားများ ဖြည့်နေသည့် ကြားမှ ခံစစ်မှ ခွာစစ်/ပြေးစစ်အဖြစ် ပြောင်းလဲလာနေသည်ကို တွေ့ရသည်။
တခြား AA ၏ ထိုးစစ်ဖြစ်သည့် ညောင်ကျိုးဘက်တွင်လည်း အလားတူပင်ဖြစ်သည်။ ညောင်ကျိုးစခန်း ပြန်ရရေး အင်အား အဆမတန်သုံးပြီး တန်ပြန်ထိုးစစ်ဆင်နေသော်လည်း ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များ လုံခြုံရေးပင် မသေချာသည့် အနေအထားကို ရောက်လာနေပြီဖြစ်သည်။
ထို့အတူ AA နှင့် ပူးပေါင်းတပ်များ၏ ဧရာဝတီထိုးစစ်သည်လည်း ငသိုင်းချောင်းမြို့ အခြေစိုက် အမှတ် (၃၄၄) အမြောက်တပ် (အမတ ၃၄၄) ကို သိမ်းပိုက်ရန် လက်တကမ်းအလိုတွင် ရှိနေလေသည်။
ထို့နောက် ရှမ်းမြောက်ဘက်ကြည့်ပါက နောင်ချိုမြို့နယ်၊ တောင်ခမ်းစစ်မျက်နှာသည် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရှမ်းတောင်ကို ဆက်သွယ်ရာ လမ်းကြောင်းတွင် အရေးပါသည့်ဒေသဖြစ်သဖြင့် တောင်ခမ်းဒေသရှိ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ) ကို လက်မလွှတ်ရစေရေး စစ်ကောင်စီတပ်များ အသည်းအသန် ကြိုးစားနေလေသည်။
မတ်လအတွင်း နောင်ချိုနှင့် ပြင်ဦးလွင်အစပ်က တိမ်ပင်လယ်ကို စစ်ကောင်စီဘက်က သိမ်းပြပြီး ဝါဒဖြန့်ခဲ့သော်လည်း ရှမ်းမြောက်စစ်ရေးသည် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွင်သာ ရှိနေဆဲဖြစ်သည်။
မတ်လအတွင်း နောင်ချိုနှင့် ပြင်ဦးလွင်အစပ်က တိမ်ပင်လယ်ကို စစ်ကောင်စီဘက်က သိမ်းပြပြီး ဝါဒဖြန့်ခဲ့သော်လည်း ရှမ်းမြောက်စစ်ရေးသည် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွင်သာ ရှိနေဆဲဖြစ်သည်။
ချင်းပြည်နယ်ဘက်ကို ကြည့်လျှင်လည်း မြို့နယ် သုံးခုသာ စစ်ကောင်စီဘက်က စိုးမိုးထားနိုင်တော့ကြောင်း တွေ့ရသည်။ လက်ကျန်မြို့များအနက် ပြည်နယ်မြို့တော် ဟားခါး မကျရေးအတွက် အသည်းအသန် ဆောင်ရွက်နေရပြီး စစ်ကူအဖြစ် ချင်းပြည်မြောက်ပိုင်း တီးတိန်မြို့နယ်သို့ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေသည်။
ကလေး-သိုင်းငင်း လမ်းမပေါ် တီးတိန်မြို့အဝင် မွှာလ်ပီးကျေးရွာနှင့် ဟဲန်ဇိန်ရွာကြားတွင် ချင်းတော်လှန်ရေး ပူးပေါင်းတပ်များ စစ်ကောင်စီအင်အား ၈၀၀ ကျော်ပါ ယာဉ်တန်းကို ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်နေသဖြင့် တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သည်။
တဖန် မြန်မာနိုင်ငံအလယ်ပိုင်းက မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းတွင် တော်လှန်ရေးတပ်များသည် “၉ / အညာမြေ စစ်ဆင်ရေး” ကို ဖော်ဆောင်နေသည်။ နွားထိုးကြီးအပါအဝင် မြင်းခြံ၊ တောင်သာ၊ ငါန်းဇွန်မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်း ရှစ်ခု တပြိုင်တည်း အတိုက်ခံခဲ့ရသည်။
ထို့ကြောင့် စစ်ကောင်စီဘက်က ရေလမ်းမှ သင်္ဘော လေးစီးဖြင့် ဆီမီးခုံဆိပ်ကမ်းသို့ စစ်ကူများပို့၍ စစ်အင်အား ဖြည့်တင်းနေရသည်။ ထိုဒေသများသည် ယခင်က မြင်းခြံမှ သီတာယုမွန် ကဲ့သို့သော ပြည်သူ့စစ်များကိုသာ အသုံးချပြီး စစ်ကောင်စီတပ်များ မျက်နှာလွှဲခဲ့ရသော ဒေသဖြစ်သည်။
ညောင်ဦးဘက်တွင် သံချပ်ကာယာဉ်ပါသည့် စစ်ကြောင်းကိုပင် ဖွဲ့စည်းပုံ ပျက်အောင် တော်လှန်ရေးဘက်က တိုက်ခိုက်သည့်ဖြစ်စဉ် အပါအဝင် အလစ်ဝင်ရောက် စီးနင်းတိုက်ခိုက်မှုများကြောင့် မျက်နှာလွှဲမရတော့သည့် အနေအထားကို ရောက်လာခဲ့ခြင်းဖြစ်သည်။
အလားတူ မကွေးတိုင်း စလင်းဘက်က စစ်ရေးအခြေအနေသည်လည်း စစ်ကောင်စီ ခေါင်းခဲစရာဖြစ်သည်။ စစ်ကိုင်းအထက်ပိုင်းက ကောလင်း သို့မဟုတ် ဝန်းသိုသည်လည်း စစ်ကောင်စီအတွက် နောက်ထပ် အတိုက်ခံရသည့်မြို့ ဖြစ်လာနိုင်ခြေများနေသည်။
တခါ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် စိတ်ဝင်စားမှုမြင့်လာသည့် ဗန်းမော်ဘက်ကိုကြည့်ပါက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များ၏ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်မှုကို ခံထားရသည့် စကခ (၂၁) အတွင်း ရဟတ်ယာဉ် သုံးစင်း ဆင်းခွင့်ပေးခဲ့ကြောင်း တွေ့ရသည်။
တခါ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် စိတ်ဝင်စားမှုမြင့်လာသည့် ဗန်းမော်ဘက်ကိုကြည့်ပါက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များ၏ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်မှုကို ခံထားရသည့် စကခ (၂၁) အတွင်း ရဟတ်ယာဉ် သုံးစင်း ဆင်းခွင့်ပေးခဲ့ကြောင်း တွေ့ရသည်။
တစင်းပျက်ကျကာ နောက်တစင်း အရေးပေါ် ဆင်းသက်ခဲ့ရသည်။ ရွှေကူကို အရေးပေါ်ဆင်းခဲ့ရသည့် ရဟတ်ယာဉ်ကိုလည်း KIA က ဒရုန်းဖြင့် ဖျက်ဆီးနိုင်ခဲ့သည်။ ရဟတ်ယာဉ်ကွင်းပတ်လည်ကို မစိုးမိုးနိုင်ဘဲ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကို ဆင်းခွင့်ပြုခဲ့ခြင်း၊ တိုက်ခိုက်ရေးလေယာဉ်/ရဟတ်ယာဉ် အစောင့်အရှောက် မပါဘဲ စေလွှတ်ခြင်းများကို တွေ့ရသည်။ ထိုကွပ်ကဲမှုသည် စစ်ဆင်ရေးအတွေ့အကြုံ မရှိသည့် ကျော်စွာလင်း၏ ကွပ်ကဲမှုဆိုသည်ကိုလည်း သိသာထင်ရှားစွာ တွေ့ခဲ့ရသည်။
စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် ညှိနှိုင်းဘဝနှင့် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် အဆိုးရွားဆုံးအချိန်တွင် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။
ယခုလို အခြေအနေတွင် စစ်မတိုက်တတ်သူ ကျော်စွာလင်း စစ်ခေါင်းဆောင်ဖြစ်လာခြင်းသည် မြန်မာစစ်တပ်အခက် တော်လှန်ရေးအချက်ဟုလည်း ပြောနိုင်သည်။ အိတ်ဆွဲ၊ တံခါးဖွင့်၊ ထီးမိုးပြီး လူကြီးကြိုက် အလိုလိုက်အကြိုက်ဆောင်ခဲ့သည့် အတွေ့အကြုံများက မြေပြင်တိုက်ခိုက်ရေးတပ်မှူးများအပေါ် ကိုယ်ချင်းစာပေးစရာ အကြောင်းမရှိနိုင်ပေ။
လတ်တလော တခုစဉ်းစားမိသည်မှာ စစ်ခေါင်းဆောင်များသည် မဖြစ်မနေ နေရာလွှဲပြောင်းရမည့်အခါတွင် သူတို့ထက် ညံ့သည့်သူများကိုသာ နေရာလွှဲပေးချင်ကြသလားဆိုသည့်အချက်ပင် ဖြစ်သည်။
ကိုယ်တိုင် မခက်ခဲ မကြမ်းတမ်းခဲ့ပါဘဲ “မင်းတို့က ဒီလောက်တောင် မလုပ်နိုင်ဘူးလား” ဆိုသည့်မှတ်ချက်က လက်အောက်၏ အထင်ကြီးလေးစားမှုကို မရနိုင်ပေ။ လက်အောက်က အထင်မကြီးသည့် ခေါင်းဆောင် ဦးဆောင်နေသမျှ ခေါင်းဆောင်မှုအလွဲများကြောင့် စစ်တပ်သည် စစ်ရှုံးပြီးရင်း ရှုံးနေမည်သာဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ အတင်းအကျပ် လူသစ်စုဆောင်းခြင်း၊ လေတပ်အသုံးပြုနိုင်ခြင်းတို့ကြောင့်သာ အခုလောက် ခုသာခံသာ ဖြစ်နေခြင်းဟု ယူဆရမည်။
လတ်တလော တခုစဉ်းစားမိသည်မှာ စစ်ခေါင်းဆောင်များသည် မဖြစ်မနေ နေရာလွှဲပြောင်းရမည့်အခါတွင် သူတို့ထက် ညံ့သည့်သူများကိုသာ နေရာလွှဲပေးချင်ကြသလားဆိုသည့်အချက်ပင် ဖြစ်သည်။ စစ်ခေါင်းဆောင် အာဏာရှင်ဟောင်း ဦးသန်းရွှေက သူ့ထက်ညံ့ပြီး အတွေးအခေါ်မရှိ၊ ခိုင်းတာလုပ်သူ မင်းအောင်လှိုင်ကို အာဏာလွှဲပေးသလို မင်းအောင်လှိုင်ကလည်း စစ်တပ်၏ မူလတာဝန် စစ်တိုက်သည့်အလုပ်ကို မလုပ်တတ်သည့်သူကိုသာ စစ်ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ချင်လေသလား စဉ်းစားမိပါသည်။
သူ၏ အာဏာသိမ်းမှုကြောင့် မြန်မာစစ်တပ်အနေဖြင့် သမိုင်းတွင်လောက်အောင် စစ်ရှုံးနေရချိန်တွင် စစ်ရေးအတွေ့အကြုံရှိသူ၊ စစ်တိုက်တတ်သူထက် စစ်ရေးအတွေ့အကြုံမရှိ၊ ပေးတာယူ ကျွေးတာစား၊ ခိုင်းတာလုပ်မည့်သူကိုသာ သူ့နေရာကို ဆက်ခံရန် ဆောင်ရွက်နေလေသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တပ်ချုပ် ဖြစ်လာမလား
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း
အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်
ညှိကွပ်တိုင်း တပ်ချုပ် မဖြစ်ပါ
စစ်တပ် ထိပ်ပိုင်းရာထူး အပြောင်းအလဲတွေရဲ့ နောက်ကွယ် (ရုပ်/သံ)