• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

စစ်ကောင်စီရွေးကောက်ပွဲ ရှမ်းပြည်နယ်ကို ဗဟိုပြုနေ

by မောင်ကဝိ
28 June 2025
in သူ့အတွေး သူ့အမြင်
A A
စစ်ကောင်စီရွေးကောက်ပွဲ ရှမ်းပြည်နယ်ကို ဗဟိုပြုနေ

၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကျိုင်းတုံတွင် တပ်မိသားစုဝင်များနှင့် တွေ့ဆုံစဉ် / CINCDS

2k
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်ကောင်စီက ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေချိန်မှာ ရွေးကောက်ပွဲ အခြေခံလုပ်ငန်းတွေကို ရှမ်းပြည်နယ် တောင်ပိုင်း၊ အရှေ့ပိုင်းတွေနဲ့ တော်လှန်ရေးအင်အားစု အမာခံဒေသတွေထဲက စစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်ကိုင်း၊ မကွေးနဲ့ လွိုင်ကော်မြို့တွေမှာ သိသိသာသာ တွေ့လာရတယ်။

စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဟာ မြို့နယ် ၅၅ ခုရှိတဲ့ ရှမ်းပြည်နယ်မှာ ထောက်ခံမှု ရနေတယ်။

RelatedPosts

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

12 July 2025
1.8k
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
1.8k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
3.5k

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ် အသေးစိတ် မထုတ်ပြန်သေးပေမဲ့ စစ်တပ် အမာခံဒေသ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ ရွေးကောက်ပွဲတွေ ဖြစ်နိုင်တယ်။

ဇွန်လ ၁၁ ရက်နေ့မှာ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က မြန်မာ့အီလက်ထရွန်းနစ် မဲပေးစက် (EVM) အသုံးပြုနည်းသင်တန်းကို ရှမ်းပြည်တောင်ပိုင်းမြို့တော် တောင်ကြီးမှာ လုပ်တယ်။ ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းက အရာရှိ ၇၀ လောက် အဲဒီသင်တန်း တက်ကြတယ်။

ဇွန်လ ၁၁ ရက်နေ့မှာ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က မြန်မာ့အီလက်ထရွန်းနစ် မဲပေးစက် (EVM) အသုံးပြုနည်းသင်တန်းကို ရှမ်းပြည်တောင်ပိုင်းမြို့တော် တောင်ကြီးမှာ လုပ်တယ်။ ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းက အရာရှိ ၇၀ လောက် အဲဒီသင်တန်း တက်ကြတယ်။

အဲဒီကော်မရှင်က တောင်ကြီး ကွန်ပျူတာတက္ကသိုလ်မှာ ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ရွေးကောက်ပွဲ ဇာတ်တိုက်လေ့ကျင့်မှုလည်း လုပ်တယ်။

အဲဒီလို ဖြစ်ရပ်တွေ တောင်ကြီးက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) မှာလည်း ဇွန်လ ၁၃ ရက်နေ့နဲ့ ကျိုင်းတုံက တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ) မှာ ဇွန်လ ၁၇ ရက်နေ့က လုပ်ခဲ့ပြီး စစ်သားတွေနဲ့ သူတို့ မိသားစုတွေ ရွေးကောက်ပွဲအတွက် ဇာတ်တိုက်လေ့ကျင့်ကြတယ်။

မေလတုန်းက ကျိုင်းတုံရှိ ဒေသခံတပ်ရင်းတွေကို သွားရောက်စဉ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံအကျိုး အမှန်တကယ်လုပ်တဲ့ ကိုယ်စားလှယ်လောင်းတွေကို မဲပေးဖို့ သူ့တပ်တွေကို တိုက်တွန်းတယ်။ အဲဒီပြောဆိုမှုဟာ ခေါင်းဆောင်ပိုင်းမှာ စစ်အရာရှိဟောင်းတွေ လွှမ်းမိုးထားတဲ့ USDP အတွက် မဲဆွယ်တယ်လို့ မြင်ကြတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လွန်ခဲ့တဲ့ လေးနှစ်အတွင် ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းကို မကြာခဏသွားပြီး အဲဒီက ဒေသခံတွေ၊ စစ်သားတွေနဲ့ တွေ့ဆုံပြီး ကျိုင်းတုံမြို့ပြင်က ဗုဒ္ဓဥယျာဉ်မှာ ဘုရားတွေကို အနေကဇာတင်တယ်။ အဲဒီဗုဒ္ဓဥယျာဉ်ဟာ သူ့ရဲ့အခါတော်ပေး ဝစီပိတ်ဆရာတော်ရဲ့ သြဇာကြောင့် ၂၀၁၅ ခုနှစ်က စတင်ကျော်ကြားလာတဲ့ ဘာသာရေးနေရာ ဖြစ်တယ်။

မေလနှောင်းပိုင်းက နောက်ဆုံးခရီးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာဘုရင်တွေရဲ့ အသုံးအဆောင် ငါးခုအနက် တခုဖြစ်တဲ့ ရတနာသရဖူကို ဗုဒ္ဓဥယျာဉ်က ဘုရားတဆူမှာ ဌာပနာတယ်။ မြန်မာက ပြည်သူ အများအပြားက မြန်မာဘုရင်တွေ နန်းတက်တဲ့ သရဖူပုံတူကို လှူဒါန်းခြင်းဟာ သူ သမ္မတဖြစ်ဖို့ ယတြာချေတာပဲလို့ မြင်ကြတယ်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတုန်းက USDP ဟာ ရှမ်းပြည်နယ်မှာ အများစု အနိုင်ရတယ်။ ၂၀၂၀ ရွေးကောက်ပွဲတွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ဟာ ရှမ်းပြည်နယ်မှာ အနည်းငယ်အနေအထားနဲ့ အနိုင်ရပြီး USDP ကို ဖယ်ရှားခဲ့တယ်။

စစ်ကောင်စီက NLD နဲ့ SNLD အပါအဝင် ဒီမိုကရေစီပါတီတွေကို ဖျက်သိမ်းထားလို့ USDP ဟာ ဒီဇင်ဘာ ရွေးကောက်ပွဲမှာ အင်အားအကြီးဆုံးပါတီ ဖြစ်တယ်။ USDP ဥက္ကဋ္ဌ ဦးခင်ရီက သူ့ပါတီမှာ တနိုင်ငံလုံး အဆင့်မှာရှိတဲ့ ကိုယ်စားလှယ်နေရာထက်ပိုတဲ့ ကိုယ်စားလှယ်လောင်းတွေရှိတယ်လို့ ပြောထားတယ်။

ရှမ်းပြည်နယ်မှာ လူမျိုးစုပါတီငယ် အများအပြားရှိပေမဲ့ အရင် ရွေးကောက်ပွဲရလဒ်တွေအရ USDP ထပ်နိုင်မယ့် သဘောရှိတယ်။

ရှမ်းပြည်နယ်မှာ လူမျိုးစုပါတီငယ် အများအပြားရှိပေမဲ့ အရင် ရွေးကောက်ပွဲရလဒ်တွေအရ USDP ထပ်နိုင်မယ့် သဘောရှိတယ်။

စစ်တပ်က ရေးဆွဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အောက်လွှတ်တော်ဖြစ်တဲ့ ပြည်သူ့လွှတ်တော်၊ အထက်လွှတ်တော်ဖြစ်တဲ့ အမျိုးသားလွှတ်တော်နဲ့ စစ်တပ်ကခန့်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ သမ္မတလောင်းတဦးစီ အမည်တင်သွင်းခွင့်ရှိတယ်။

အဲဒီ သမ္မတလောင်းဟာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ၊ ပြင်ပလူဖြစ်စေ ခွင့်ပြုတယ်။ လွှတ်တော်မှာ ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်း ယူထားတဲ့ စစ်တပ်က ခန့်အပ်သူတွေနဲ့ USDP ဟာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်စေဖို့ လုံလောက်တဲ့ အရေအတွက် ဖြစ်တယ်။

ဒါကြောင့် မင်းအောင်လှိုင်ရဲ့ သမ္မတ အိပ်မက်အတွက် USDP ဟာ အရေးပါတဲ့ အခန်းက ပါတယ်။

စစ်ကောင်စီဟာ သူ့ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်တဲ့ မကွေး၊ စစ်ကိုင်း၊ လွိုင်ကော်နဲ့ ဟုမ္မလင်း မြို့တွေမှာလည်း မဲပေးစက်ကို သရုပ်ပြပြီး သက်ဆိုင်ရာသင်တန်းတွေ ပေးနေတယ်။

မဲဆွယ်ပွဲတွေက ရွေးကောက်ပွဲမတိုင်မီ သုံးလမှာ စတင်ရမယ်။

ဒီဇင်ဘာ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ပါတီ ၇၇ ခုအနက် ၅၄ ခုကို လက်ရှိအချိန်အထိ အတည်ပြုထားတယ်။ USDP နဲ့ စစ်ကောင်စီလိုလားတဲ့ တခြား ပါတီတွေဖြစ်တဲ့ ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ (PP) နဲ့ စိုင်းအိုက်ပေါင်း ဦးဆောင်တဲ့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တို့ဟာ အထူးလှုပ်ရှားနေတယ်။

အနောက်နိုင်ငံတွေက အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စစ်ကောင်စီဆန့်ကျင်ရေး တခြားအဖွဲ့များနဲ့ မြန်မာပြည်သူတွေနဲ့အတူ စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်ဖို့ စစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ပဲလို့ ပယ်ချတယ်။

အနောက်နိုင်ငံတွေက အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စစ်ကောင်စီဆန့်ကျင်ရေး တခြားအဖွဲ့များနဲ့ မြန်မာပြည်သူတွေနဲ့အတူ စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်ဖို့ စစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ပဲလို့ ပယ်ချတယ်။

စစ်ကောင်စီရဲ့ နိုင်ငံတကာမဟာမိတ် တရုတ်နဲ့ရုရှားက ရွေးကောက်ပွဲကို ထောက်ခံကြတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Shan State Takes Center Stage in Myanmar Junta’s Election Push ကို ဘာသာပြန်သည်။)

You may also like these stories:

“မျှတတဲ့ရွေးကောက်ပွဲ” ကျင်းပဖို့ တရုတ်ကို မင်းအောင်လှိုင် ကတိပေး

မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကို ရုရှားနဲ့ ဘီလာရုစ် အာဏာရှင်တွေ အားပေး

ရှုတ်ချခံ ရွေးကောက်ပွဲ အနိုင်ရ ပူတင်ကို မင်းအောင်လှိုင် ချီးကျူး

စစ်ရှုံးနေသော မင်းအောင်လှိုင် ရွေးကောက်ပွဲလုပ်ဖို့ စိုင်းပြင်းလာ

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

စစ်ကောင်စီ ရွေးကောက်ပွဲ၏ ခါးသီးသော အမှန်တရားများ

သမ္မတဖြစ်ရေး မင်းအောင်လှိုင် ယတြာခြေနေပြီ

သမ္မတဖြစ်ရေး စစ်ခေါင်းဆောင် မင်းအောင်လှိုင် မဲ စ ဆွယ်

Your Thoughts …
Tags: NLDNUGSNLDUSDPစစ်ကောင်စီစစ်အာဏာသိမ်းမှုဖွဲ့စည်းပုံအခြေခံဥပဒေရွေးကောက်ပွဲရှမ်းပြည်နယ်
မောင်ကဝိ

မောင်ကဝိ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ငြိမ်းချမ်းရေး ဆိုတာ စားလို့ကောင်းလား…

ငြိမ်းချမ်းရေး ဆိုတာ စားလို့ကောင်းလား…

စစ်ခေါင်းဆောင် ဘီလာရုဇ်ကို ဘာအတွက် သွားတာလဲ (ရုပ်/သံ)

စစ်ခေါင်းဆောင် ဘီလာရုဇ်ကို ဘာအတွက် သွားတာလဲ (ရုပ်/သံ)

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.5k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate