ဇူလိုင် ၂၁ ရက်က ညက ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်အပိုင် တိလောက ရပ်ကွက်၊ လေးအိမ်တန်းစုက အသက် ၇ နှစ် အရွယ် ကလေးငယ်မှာ ဆုံဆို့နာရောဂါ ဖြစ်ပွားတာကို ကျန်းမာရေးဌာန က စစ်ဆေးတွေ့ရှိပြီးတဲ့နောက် အဲဒီနေရာ အနီးဝန်းကျင်က လူ ၂၀၀ နီးပါးကို အပြင်သွားလာခွင့် ပိတ်ထားခဲ့ပါတယ်။
ဒီသတင်း ပျံ့နှံ့သွားပြီးနောက် လေးအိမ်တန်းစုမှာ နေထိုင်သူတွေနဲ့အနီးနားရပ်ကွက် က ရောဂါစတင် ဖြစ်ပွားခဲ့တဲ့ မိသားစု ကို ခွဲခြားဆက်ဆံသလို ဖြစ်ခဲ့ကြောင့် ကာယကံရှင်တွေမှာ သိမ်ငယ်စိတ်တွေ ခံစားနေရတယ်လို့ ဒေသခံ တွေက ဧရာဝတီ ကို ပြောပြပါတယ်။
လေးအိမ်စုတန်းက လူတွေအားလုံး ကာကွယ်ဆေးတွေ သောက်ထားပြီးဖြစ်သလို ရောဂါဖြစ်ပွားတဲ့ ကလေးငယ်ကိုလည်း ရန်ကုန် ကလေးဆေးရုံကြီးက ကုသပေးမှုကြောင့် စိုးရိမ်စရာ အခြေအနေမရှိတော့ဘဲ ရက်ပိုင်းအတွင်း ဆေးရုံ ဆင်းခွင့် ရတော့မယ်လို့ ကလေး ဆေးရုံအုပ်ကြီး ဒေါ်စုစုဒွေးက ပြောပါတယ်။
လတ်တလော အခြေအနေတွေနဲ့ မိသားစုဝင်တွေရဲ့ အခြေအနေကို ဧရာဝတီ ဓာတ်ပုံ သတင်းထောက် ပြေကျော် က သွားရောက် ရိုက်ကူးထားပါတယ်။