လိင်မှုကိစ္စတွေကို မဆိုထားနဲ့၊ လိင်မှုဆိုင်ရာ ပညာပေးတောင် မြန်မာနိုင်ငံ လူမှုဝန်းကျင်မှာ တားမြစ်ထားတဲ့အရာ Taboo ဖြစ်နေဆဲပါ။ ကျောင်းပညာရေးတွေမှာလည်း ထိုက်သင့်သလောက် အသိပေး ပညာပေးဖို့ကိုတောင် ခက်ခဲနေကြဆဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မြန်မာ့လူငယ်တွေကြားမှာ မလိုလားအပ်တဲ့ ပြဿနာတွေကိုလည်း ပေါ်ပေါက်လာစေပါတယ်။ မလိုချင်ဘဲ ရတဲ့ ကိုယ်ဝန်ပြဿနာ၊ လိင်ပိုင်းဆိုင်ရာမှာ ကြိုတင်ကာကွယ်နိုင်တယ် ဆိုတာတွေကို မသိမှု စတာတွေဟာ လိင်မှုပညာပေး ချို့တဲ့လို့ပါ။
ဒီကိစ္စနဲ့ ပတ်သက်လို့ “အချစ်နဲ့ Sex ကို မရောထွေးပါနဲ့”၊“လူငယ်တွေကို Sex အကြောင်း ပြောရအောင်” စတဲ့ အင်တာဗျူး၊ ဆောင်းပါးတွေ ဖော်ပြခဲ့ဖူးပါတယ်။ ဒီလိင်မှုပညာပေးကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်တွေ သဘောထားကို ဒီနေရာမှာ မဲပေးပြီး Comment box မှာ အကျယ် ဆွေးနွေးနိုင်ပါတယ်။
[poll id=”3″]