• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home SFU

ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဘာကြောင့် မရနိုင်တာလဲ

by ဧရာဝတီ
7 January 2013
in SFU
A A
ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဘာကြောင့် မရနိုင်တာလဲ

အစိုးရတပ်ဖက်မှ လေကြောင်း ပစ်ကူမှုများဖြင့်ပါ တိုက်ခိုက်လာသောကြောင့် ဗုံးခိုကျင်းတူးကာ တိမ်းရှောင်ရန် ပြင်ဆင်ထားသော ဒေသခံ စစ်ပြေးဒုက္ခသည် မိသားစုတစု (ဓာတ်ပုံ - လဖိုင် / ဧရာဝတီ)

20k
VIEWS
Share on FacebookShare on Twitter

၁၇ နှစ်ကြာ ငြိမ်းချမ်းရေး ရယူထားပြီးနောက် ၂၀၁၁ ဇွန်လမှာ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲတွေဟာ တနှစ်ခွဲကျော် ကြာလာပါပြီ။ အခု ရက်ပိုင်းထဲမှာ အစိုးရ တပ်ဖက်က အရေးပါတဲ့ စခန်းထောက် တောင်ကုန်းတခုကို သိမ်းဖို့ လေကြောင်း ပစ်ကူမှုတွေကိုပါ အသုံးပြုလာလို့ ကုလသမဂ္ဂနဲ့ အမေရိကန်က စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော် ပြောဆိုလာကြတဲ့ အခြေအနေ ရောက်လာပါတယ်။

အစိုးရတပ်ဟာ KIA ကို မကြာခဏ အင်အားသုံး ထိုးစစ်ဆင်တယ်၊ ဆွီဒင်လုပ် အဆင်မြင့် လက်နက်တွေကို သုံးစွဲနေတယ်၊ တဖက်က ငြိမ်းချမ်းအတွက် ကမ်းလှမ်းနေပြီး တဖက်က ထိုးစစ်တွေ တပြိုင်တည်း လုပ်နေတယ်ဆိုပြီး KIA ဘက်က ပြောဆိုသလို အစိုးရတပ်ဖက်ကလည်း KIA ဟာ တံတားတွေ၊ လမ်းတွေကို မိုင်းခွဲ ဖျက်ဆီးတယ်၊ ကြိုတင် အသိပေးထားလျက်နဲ့ ရိက္ခာပို့တဲ့ အစိုးရတပ် လမ်းကြောင်းတွေကို ကြားဖြတ် တိုက်ခိုက်တယ်ဆိုပြီး ပြန်လှန် ဝေဖန် ပြောဆိုမှုတွေ တွေ့နေရပါတယ်။

RelatedPosts

Cartoon Talent Competition

ကာတွန်းပြိုင်ပွဲ အသက်အပိုင်းအခြားနဲ့ ပြိုင်ပွဲ နောက်ဆုံးရက် ထပ်တိုး

30 June 2016
3k
မောင်မောင်ဖောင်တိန်

ကြက်သားကာလသားချက်၊ လစ်ပတန်တီးနဲ့ ခေတ်ပျက်သူဌေးလေး ဖတ်ဖို့ မေတ္တာစာ

9 June 2016
22.3k
ရောင်းသူမဲ့ အအေးဆိုင်

မန္တလေးမြို့က ရောင်းသူမဲ့အအေးဆိုင်

6 May 2016
14.5k

ဒါ့အပြင် အွန်လိုင်းနဲ့ အင်တာနက် လူမှုကွန်ရက်တွေမှာ တိုက်ပွဲ အကျအဆုံး၊ စခန်း သိမ်းယူမှု စတဲ့ ဓာတ်ပုံတွေ အပြိုင်အဆိုင်တင်၊ အချက်အလက်တွေ တပြိုင်တည်း အသီးသီး ထုတ်ပြန်နေကြတာကိုလည်း မြင်ရပါတယ်။

တချိန်တည်းမှာ ဒီတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးပြီး အအေးဒဏ် ပြင်းတဲ့ ဆောင်;ရာသီမှာ ဒုက္ခရောက်နေတဲ့၊ ထောက်ပံ့မှုတွေ ကောင်းကောင်း မရတဲ့ ဒုက္ခသည် ၇ သောင်းခွဲလောက် ရှိနေပါတယ်။

တရုတ်နိုင်ငံနဲ့ နီးတဲ့ ကချင်ဒေသဟာ ကျောက်စိမ်းအပါအဝင် သဘာဝ သယံဇာတတွေ ထွက်ရှိပြီး စစ်အစိုးရလက်ထက်မှာ အာဏာပိုင်တွေနဲ့ ခရိုနီတွေ လက်ဝါးကြီး အုပ်ထားခဲ့ခြင်း၊ တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုးမှု မရှိခြင်းကလည်း သမိုင်းရှည်လျားတဲ့ ပဋိပက္ခ အရင်းအမြစ်တခု ဖြစ်ပါတယ်။

တိုင်ရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ခဲ့ပြီး ကချင်နဲ့ အပစ်မရပ်နိုင်သေးပေမယ့် အရင် စစ်အစိုးရ တဖက်သတ် ရေးဆွဲထားတဲ့ ဖွဲ့စည်းအခြေခံဥပဒေကို တိုင်းရင်းသား အဖွဲ့တွေက လုံးလုံးလျားလျား လက်ခံတာ မဟုတ်ပါဘူး။ ဥပမာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သဘာ၀ သယံဇာတ အားလုံးကို နိုင်ငံတော်က ပိုင် ဆိုင်ကြောင်း ရေးသားထားပြီး ဒီအချက်ကို ပြင်ကာ တိုင်းရင်းသားဒေသတွေကို အကျိုးအမြတ် ခံစားခွင့်ပေးဖို့ လွှတ်တော်မှာ တင်ပြနေတာတွေကလည်း မတင်မကျ အခြေမှာပဲ ရှိပါသေးတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို နယ်ခြားစောင့်တပ် ဖွဲ့ဖို့၊ အစိုးရစစ်တပ် အောက်ကို ဆွဲသွင်းဖို့ ဖိအားပေးခဲ့ခြင်းတွေကလည်း ထာဝရ ငြိမ်းချမ်းရေးရဖို့ အတားအဆီးတွေ ဖြစ်နေခဲ့ပါတယ်။

လတ်တလော လက်ပူတိုက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမျိုးဟာ ကချင်ပြည်နယ် တည်ငြိမ်ရေးကို ဘယ်လောက် အာမခံနိုင်မယ်ဆိုတာလည်း မသေချာတဲ့ အခြေအနေမှာ ရှိနေပါတယ်။ KIO ဘက်က နိုင်ငံရေးဆွေးနွေးဖို့ တောင်းဆိုနေသလို အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေကလည်း အပစ်ရပ်တာ အရင်လုပ်ဖို့ ညှိနှိုင်းရင်း အခုလို အခြေအနေကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

-ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ KIA တို့နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ အဆင့်ဆင့် စေ့စပ်ဆွေးနွေးမှုတွေ ၁၁ ကြိမ် ဆောင်ရွက်ပြီးသည့်တိုင် ပြေလည်မှု မရနိုင်ဘဲ ရှိနေတာ ဘာကြောင့်လဲ။

-တကယ် လက်တွေ့ကျပြီး ကချင်ပြည်နယ် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ့် နည်းလမ်းတွေက ဘာတွေဖြစ်နိုင်မလဲ။

စာဖတ်သူများအနေနဲ့ ဒီဖိုရမ်မှာ ဆွေးနွေးနိုင်ပါတယ်။

(ဧရာဝတီက ဖော်ပြခဲ့တဲ့ ကချင်ပြည်နယ် စစ်ရေး သတင်းများကို ဒီနေရာမှာ ပြန်လည် ဖတ်ရှု နိုင်ပါတယ်)

Your Thoughts …
Tags: ဖိုရမ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့် ပေးသင့်၊ မပေးသင့်

by ဧရာဝတီ
5 November 2012
11.6k

ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့် ပြန်ရမယ် ဆိုရင် ဘယ်လို ကောင်းကျိုး ဆိုးကျိုး သက်ရောက်မှုတွေ ဖြစ်လာမလဲ။ ဆက်လက် ကန့်သတ်ထားသင့်သလား၊ မသင့်ဘူးလား ဆိုတာတွေကို ဧရာဝတီ ဖိုရမ်မှာ ၀င်ရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

တရားလက်လွတ် စကားများ

တရားလက်လွတ် စကားများ

by ဧရာဝတီ
7 February 2013
17.1k

“နေ့တိုင်း ဥပုသ်စောင့်ကြပေါ့၊ ဒါဆို ညစာလည်း စားဖို့ မလိုဘူး။ အကြွေးလည်းကျေ၊ ကုသိုလ်လည်းရပေါ့။ အကြွေး မကျေရင် သံသရာမှာ သံသရာကြွေးပါပြီး ကျွန်ဖြစ်နေဦးမယ်”

သဘာ၀ ဘေးအန္တရာယ်များအတွက် ဘာတွေ ပြင်ထားသင့်သလဲ

by ဧရာဝတီ
14 November 2012
5.5k

ငလျင်၊ မုန်တိုင်း၊ ရေကြီးမှု အစရှိတဲ့ သဘာဝဘေးအန္တရာယ်များကို မြန်မာပြည်မှာ ကြုံတွေ့နေရပါတယ်။ - ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း - ၂၀၁၀ ပြည့်နှစ် ဂီရိမုန်တိုင်း - ၂၀၁၁ ခုနှစ် ရှမ်းပြည်နယ်၊ တာလေငလျင်...

အခြေခံ ဥပဒေ ပြင်ဆင်ရေး မြန်ဆန်ရန် လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

အခြေခံ ဥပဒေ ပြင်ဆင်ရေး မြန်ဆန်ရန် လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

by လင်းသန့်
18 September 2013
3k

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ အကောင်အထည် ဖော်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မြန်နိုင်သမျှ မြန် မြန် ပြင်ဆင်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ပြောကြားလိုက်သည်။

ရန်ကုန်မြို့တွင် ကျင်းပသော ၈ လေးလုံး ငွေရတု အခမ်းအနား (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

အမှန်တရား ဖော်ထုတ်ရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး ဘယ်လို လုပ်ဆောင်ကြမလဲ

by ဧရာဝတီ
9 August 2013
6.3k

အဲဒီအခါမှာလည်း အရပ်ဖက်ကနဲ့ ရာထူးငယ်သူတွေကသာ လာရောက်ဝန်ခံကြပြီး စစ်တပ်ဘက်ကနဲ့ ရာထူးကြီးသူတွေက ဝန်ခံမှု မရှိခဲ့ကြောင်းကိုလည်း ဘုန်းတော်ကြီး ဒက်စမွန်မွန် တူးတူးက ပြောပြခဲ့ပါတယ်။

ခရိုနီ သူဌေးကြီးတွေကို ဘယ်လို သဘောထားကြမလဲ

ခရိုနီ သူဌေးကြီးတွေကို ဘယ်လို သဘောထားကြမလဲ

by ဧရာဝတီ
17 January 2013
19k

မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ခရိုနီ သူဌေးကြီးတွေရဲ့ အခန်းကဏ္ဍ အရေးကြီးသလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရိုနီအပေါ် သဘောထားအပေါ် ထင်မြင်ချက်တွေ ဘယ်လိုရှိမလဲ

Next Post

အစိုးရ စစ်တပ်က KIA ဌာနချုပ်ကို ဆက်လက်တိုက်ခိုက်

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဘယ်သူရမလဲ

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဘယ်သူရမလဲ

Please login to join discussion
No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate