Zillion Business Service Ltd က ဖျော်ဖြေရေးအစီအစဉ် အနေနဲ့ ပရိသတ်များ စိတ်ဝင်စားစေရန် ရည်ရွယ်ချက်နဲ့ Miss Myanmar Internet အငြိမ့်နဲ့ ဖျော်ဖြေရေး အစီအစဉ်ကို ဇွန်လ ၁ ရက် ည ၇ နာရီကနေ ၁၁ နာရီအထိ ပြည်သူ့ဥယျာဉ် ကွင်း ၂ မှာ အခမဲ့တင်ဆက် ကပြဖျော်ဖြေမယ်လို့ သိရပါတယ်။
မြန်မာ့ရိုးရာ သဘင်ပညာနဲ့ ယဉ်ကျေးမှုကို ပရိသတ်များ ခံစားကြည့်ရှု နိုင်စေရန်အတွက် Miss Myanmar Internet များဖြစ်တဲ့ နန်းခင်ဇေယျာနဲ့ ခင်ဝင့်ဝါတို့နဲ့ အတူ ရုပ်ရှင်နဲ့ ဟာသသရုပ်ဆောင်များ ဖြစ်ကြတဲ့ ကျော်ထူး၊ ကင်းကောင်၊ တိမ်ညွန့်၊ ငွေတောင်၊ ချစ်ညွန့်တို့က ပါဝင်ဖျော်ဖြေ တင်ဆက်ကပြမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အနယ်နယ်အရပ်ရပ်က ပရိသတ်တွေ ကြည့်ရှုနိုင်စေဖို့ MRTV 4 ရုပ်သံလိုင်းကလည်း တိုက်ရိုက်ထုတ်လွှင့် ပြသနိုင်ရန် စီစဉ်ထားကြောင်း သိရပါတယ်။
ဒီဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး အငြိမ့်အဖွဲ့ခေါင်းဆောင် ဟာသသရုပ်ဆောင် ကျော်ထူးက “ကျနော်က ဒီပွဲလေးကို ဒီလိုပုံစံလေးတော့ လုပ်ချင်တယ်ဆိုပြီး တဘက်သားရဲ့ စိတ်ကို လှမ်းမေးလိုက်တဲ့အခါ သူတို့က သမီးတို့ အငြိမ့် ကချင်ပါတယ် ဆိုပြီးဟြေတဲ့အတွက် ဒီအငြိမ့်ပွဲလေးကို စီစဉ်လိုက်ရတာပါ။ သူတို့ကလည်း လိုလိုလားလား ကချင် ပါတယ်ဆိုတော့ ပရိသတ်ကြီးကလည်း facebook ပေါ်မှာ သူတို့ရဲ့ ပြိုင်ပွဲဝင်တဲ့ပုံတွေကို မြင်ပြီးသွားပြီလေ။ အငြိမ့်ဝတ်စုံ လေးနဲ့လည်း တမျိုးတဘာသာလေး ဖြစ်မယ်လို့ ကျနော်ထင်တဲ့အတွက် ဒီအငြိမ့်လေးကို စီစဉ်လိုက်ခြင်းဖြစ်ပါတယ်။ မြန်မာ့ရိုးရာ အငြိမ့်ဖြစ်တဲ့အတွက် ရှေ့မှာဘာ Dancers တွေမှလည်း မထည့်ပါဘူး၊ ကျနော်တို့ အဓိက အားထားရမှာ အငြိမ့်ဖြစ်တဲ့အတွက် အငြိမ့်ကိုပဲ ကြိုးစားတင်ပြ ဖျော်ဖြေမှာ ဖြစ်ပါတယ်။ နန်းခင်ဇေယျာနဲ့ ခင်ဝင့်ဝါကိုလည်း အကတွေကို သေချာကတတ်အောင် ဆရာ၊ ဆရာမတွေနဲ့ သင်ခိုင်းထားပါတယ်။ စင်ပေါ်က သူတို့ကပြမှာကို ပရိသတ်က မဖြစ်မနေကြည့်ရမှာပဲ ဆိုတဲ့ စိတ်တွေဖြစ်မှာစိုးလို့ တလေးတစားနဲ့ ညီမလေးတွေကို အကလေးတွေ သင်ပါဆိုပြီး အကနည်းပြတွေနဲ့ သင်ပေးထားပါတယ်။ ကျနော်တို့ဘက်ကလည်း ပြက်လုံးတွေကို သေသေချာချာ တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ပရိသတ်တွေ ရယ်ဖို့ ကျနော်တို့က တင်ဆက်မှာပါ၊ ကျနော်တို့ပွဲလေးက ထူးထူးခြားခြား အငြိမ့်လေး ဖြစ်ပါတယ် ဆိုတဲ့အကြောင်း ဟြေကြားရင်း လာရောက်အားပေးပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ” လို့ ဧရာဝတီကတဆင့် ဟြေပါတယ်။
နန်းခင်ဇေယျာကလည်း စာနယ်ဇင်းပွဲပြီးရင် အကစတိုက်မယ် ဆိုတဲ့ အကြောင်း၊ အဝတ်အစားနဲ့ မိတ်ကပ်ကအစ ပြင်ဆင်နေကြောင်း၊ ဆရာ တယောက်စီနဲ့ အကကို သင်ယူမှာ ဖြစ်ပြီး အငြိမ့်သီချင်းတွေကို စနားထောင်နေကြောင်း ပြောပြပါတယ်။
“ဒီပွဲမှာ အငြိမ့်သီချင်းစစ်စစ်နဲ့ ကပြသွားမှာပါ။ ကိုယ်က အငြိမ့်မင်းသမီးလည်း မဟုတ်တော့ အသေးစိတ်ကအစ လေ့လာရမှာပါ။ အချိန်ပေးပြီးတော့လည်း ဂရုတစိုက်သင်မှာပါ။ ပထမဆုံး ကတဲ့ပွဲလည်း ဖြစ်တော့ လူရွှင်တော် တွေနဲ့ အပေးအယူမျှအောင်လည်း လုပ်ရမှာပါ။ နန်းခင်ကတော့ အကောင်းဆုံး ဖြစ်အောင် လေ့ကျင့်ပြီး လုပ်မှာပါ။ ပထမဆုံး ကမ်းလှမ်းချိန်မှာ နည်းနည်းတော့ မလုပ်ချင်ဘူး၊ ပြန်စဉ်းစားတဲ့ အချိန်မှာတော့ လုပ်ချင်တယ်၊ ပရိသတ်တွေကို ကွဲပြားတဲ့ အမြင်လေးတွေ ပေးချင်တာကြောင့် လက်ခံခဲ့တာပါ၊ လာကြည့်ဖို့လည်း နန်းခင်ပရိသတ်တွေကို ဖိတ်ခေါ်ပါတယ်ရှင်” လို့ သူက ဆိုပါတယ်။
ခင်ဝင့်ဝါကလည်း အငြိမ့်ပွဲအတွက် အစစအရာရာ ပြင်ဆင်နေတယ်၊ ဝတ်စုံနှစ်စုံ ပြင်ဆင်ထားတယ်လို့ ပြောပြပါတယ်။
“မြန်မာအကက ညီမအတွက် ဘယ်လိုအခက်အခဲ ရှိလဲဆိုတော့ ညီမက အကြော အရမ်းတင်းတယ်၊ မိန်းကလေး ဖြစ်နေပေမယ့် လက်ဆစ်၊ ခြေဆစ်တွေကအစ မပျော့ဟြေင်းဘူး။ ညီမရဲ့အရိုးအဆစ်တွေက သန်မာတဲ့အတွက် ကတဲ့အခါမှာ အခက်အခဲတော့ ရှိပါတယ်။ မြန်မာအက ကရမယ်ဆိုတဲ့အတွက် စိတ်လှုပ်ရှားမှုတော့ ရှိပါတယ်။ နောက်ပြီး ပရိသတ်တွေ လက်ခံအားပေးပါ့မလား ဆိုပြီးတော့ စိုးရိမ်မိတယ်။ ညီမတို့ပွဲကို ပရိသတ်တွေ လာကြည့်ပြီးတော့ ဝေဖန် အကြံပေးနိုင်ဖို့ ညီမဖိတ်ခေါ်ပါတယ်” လို့ ခင်ဝင့်ဝါက ဧရာဝတီက တဆင့် ဟြေပါတယ်။