ကိုယ်ပိုင် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ကိုယ်ပိုင် Covering Burma and Southeast Asia Tue, 20 Oct 2026 09:54:52 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ကိုယ်ပိုင် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ကိုယ်ပိုင် 32 32 တရုတ် ပြောတဲ့ “အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပုံစံ” ကို စစ်တပ်လက်ခံမှာလား https://burma.irrawaddy.com/video/2026/10/20/417148.html Tue, 20 Oct 2026 09:54:52 +0000 https://burma.irrawaddy.com/?p=417148 နေပြည်တော်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၁ နှစ်ပြည့် အခမ်းအနားမှာ တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တင့်ရှီကျွင်းရဲ့ ပြောကြားချက်က စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။]]>

နေပြည်တော်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၁ နှစ်ပြည့် အခမ်းအနားမှာ တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တင့်ရှီကျွင်းရဲ့ ပြောကြားချက်က စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။

အခမ်းအနားကို ပေးပို့ခဲ့တဲ့ သူ့ရဲ့ မိန့်ခွန်းထဲမှာ “တိုင်းရင်းသားလူနည်းစုများအတွက် အဆင့်မြင့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပုံစံများကို ရှာဖွေရန်မျှော်လင့်ပါတယ်” လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီ “အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပုံစံ” ဆိုတာဟာ ဘယ်လိုပုံစံမျိုးလဲဆိုတာကိုတော့ တိတိကျကျ ရှင်းလင်းပြောကြားသွားတာ မရှိသေးပါဘူး။

တရုတ်-မြန်မာအရေး ကျွမ်းကျင်သူတွေကတော့ အခုလို တရုတ်ကိုယ်စားလှယ်ရဲ့ တိုက်တွန်းချက်ဟာ လက်ရှိ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေ ကိုင်စွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေ မူဘောင်ထက် ပိုမိုကျော်လွန်တဲ့ နိုင်ငံရေးအခွင့်အရေးတွေအကြောင်းကိုပါ ရည်ညွှန်းပြောဆိုနေတာဖြစ်ကြောင်း သုံးသပ်ပြောဆိုနေကြပါတယ်။

#မြန်မာ #ဧရာဝတီ #တရုတ် #ကိုယ်ပိုင်အုပ်ချုပ်ခွင့် #WhatsHappensInMyanmar

]]>