ခိုက်ရန်ဖြစ်ပွားမှု Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ခိုက်ရန်ဖြစ်ပွားမှု Covering Burma and Southeast Asia Mon, 03 Apr 2023 13:14:46 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ခိုက်ရန်ဖြစ်ပွားမှု Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ခိုက်ရန်ဖြစ်ပွားမှု 32 32 လမိုင်းမြို့က လူစုလူဝေးဖြင့် တိုက်ခိုက်မှု ၃၉ ဦးအား ဖမ်းဆီးအရေးယူ https://burma.irrawaddy.com/news/2020/04/19/220800.html Sun, 19 Apr 2020 04:25:03 +0000 https://burma.irrawaddy.com/lytbox/?p=220800 လူမှုကွန်ရက်တွင် မျှဝေနေကြသည့် လမိုင်းမြို့ပေါ်က တိုက်ခိုက်မှုပုံများ / Facebookမွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် အုပ်စုဖွဲ့ကာ ခိုက်ရန်ဖြစ်ခဲ့သည့် လူငယ် ၃၉ ဦးအား ရာဇသတ်ကြီး ပုဒ်မ ၃၂၆ (ဓါးခုတ်မှု) နှင့် ရန်ပွဲတွင် ပါဝင်ပြီး အားပေးကူညီခဲ့သည့်အတွက် ပုဒ်မ (၁၁၄) ဖြင့် အရေးယူထားကြောင်း ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။]]> လူမှုကွန်ရက်တွင် မျှဝေနေကြသည့် လမိုင်းမြို့ပေါ်က တိုက်ခိုက်မှုပုံများ / Facebook

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် အုပ်စုဖွဲ့ကာ ခိုက်ရန်ဖြစ်ခဲ့သည့် လူငယ် ၃၉ ဦးအား ရာဇသတ်ကြီး ပုဒ်မ ၃၂၆ (ဓါးခုတ်မှု) နှင့် ရန်ပွဲတွင် ပါဝင်ပြီး အားပေးကူညီခဲ့သည့်အတွက် ပုဒ်မ (၁၁၄) ဖြင့် အရေးယူထားကြောင်း ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Covid-19 ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ဆောင်နေသည့် ကာလအတွင်း ဧပြီ ၁၇ ရက်နေ့ ညက လမိုင်းမြို့တွင် လူငယ်များ ဆိုင်ကယ် ကိုယ်စီဖြင့် အိမ်များကို ခဲဖြင့်ပေါက်ခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်နေသည့် ရုပ်သံဖိုင် တခုလူမူ ကွန်ရက်တွင် ထွက်ပေါ်သဖြင့် ပြည်သူများက အရေးယူမှာလားဆိုသည့်မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။

ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးသိန်းဇော် က “သမီးရည်းစားလုရင်းရန်ဖြစ်ကြတာ။ ခု ၃၉ ယောက်ကို စခန်းမှာပဲ ဖမ်းထားတယ်။ ဓါးခုတ်ခံရတဲ့ တယောက်က တရားလိုလုပ်ပြီး ဥပဒေကြောင်းအရ ရုန်းရင်း ဆန်ခတ် ဖြစ်တဲ့ အတွက် ရာဇသတ်ကြီးဥပဒေနဲ့ အရေးယူထားပါတယ်။ ခုဖမ်းထားတဲ့ အထဲမှာ ၁၆ နှစ်အောက် ကလေးတွေလည်း ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

Covid-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများက လူစု လူဝေး ဖြစ်စေသော ပွဲတော်အခမ်းအနားစသည့် မပြုလုပ်ရသလို ယခုကဲ့သို့ လူအများစုဖွဲ့ပြီးလည်း သွားလာခြင်း မပြုလုပ်ရပါဆိုသည့် ဒေသန္တရအမိန့်ထုတ်ပြန်ထားသည်။

ထိုအမိန့်ကို ချိုးဖောက်ပါက တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဟု ပါရှိပြီး ၎င်းတို့ကို Covid-19 ကာလ အတွင်း ဒေသန္တရအမိန့်ကို ချိုးဖောက်ခြင်းဖြစ်သဖြင့် အရေးယူရန်ကိစ္စက အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေးဌာန၏ တာဝန်သာဖြစ်သည်ဟု ရဲမှူး သိန်းဇော်က ဆိုသည်။

လူမှုကွန်ရက်တွင် မျှဝေနေကြသည့် လမိုင်းမြို့ပေါ်က တိုက်ခိုက်မှုရုပ်သံ

ဧပြီလ ၁၇ ရက်နေ့က လမိုင်းမြို့ရှိ လူငယ်များနှင့် သောင်ပြင်ကျေးရွာ လူငယ်များသည် စကားများရာမှ သောင်ပြင်ကျေးရွာမှ လူငယ်များက လမိုင်းမြို့ကို လိုက်လာခဲ့သဖြင့် လမိုင်းနယ်မြေ ရဲစခန်းနှင့် သက်ဆိုင်ရာ ရပ်ကွက်တာဝန်ရှိသူများက ခိုက်ရန်ဖြစ်ပွားမှုမရှိစေရန်အတွက် တားဆီးခဲ့ပြီး သောင်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့သည်။

သောင်ပြင်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က စောင့်ကြပ်ခဲ့သော်လည်း ည ၁၀ နာရီခန့်တွင် အာယုတောင်နှင့် သောင်ပြင်ရွာမှ လူငယ် ၄၀ ဦးခန့်က ဆိုင်ကယ်အစီး ၃၀ ခန့်ဖြင့် လမိုင်းမြို့သို့ ရောက်လာကာ မြို့မ ၂ ရပ်ကွက်၊ ဘုရားအနီး တွေ့သည့် လူငယ် ကျော်ဇေယျအား ဝိုင်းဝန်းထိုးကြိတ်ကာ ဓါးဖြင့်ခုတ်ခဲ့ခြင်းကြောင့် ဝဲဘက် လက်မောင်းပြတ်ရှ ဒဏ်ရာ ၁ ချက်၊ ယာဘက်ပုခုံး (၃) လက်မ ပြတ်ရှ ဒဏ်ရာ ၁ ချက်ရရှိခဲ့ကြောင်း ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

ထို့အပြင် ဆိုင်ကယ်စီး လူငယ်များသည် မြို့မ ၃ ရပ်ကွက်၊ နတ်ရေကန်အနီး၌ သီချင်းဆိုနေကြသည့် ဆိုင်ကယ် ၃ စီးနှင့် လူငယ် ၃ ဦးရှိရာသို့ ဦးတည်လာသဖြင့် ထိုလူငယ် ၃ ဦးက ဆိုင်ကယ်များထားရစ်ကာ လူလွတ်ထွက် ပြေးခဲ့သောကြောင့် ထိခိုက်ဒဏ်ရာမရသော်လည်း ဆိုင်ကယ် ၃ စီးအား ရိုက်ချိုးဖျက်စီးခဲ့သည်ဟု သိရသည်။

၎င်းတို့ကို လမိုင်းနယ်မြေရဲစခန်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ အာယုတောင် ကျေးရွာနေ ချစ်ရာဇာ ၁၄ နှစ်ကို ဖမ်းဆီးရပြီးနောက် ယနေ့ (ဧပြီလ ၁၈) ရက်နေ့တွင် ခိုက်ရန် ဖြစ်ပွားခဲ့သည့် လူငယ်များကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု ရဲမှူးသိန်းဇော်က ဆိုသည်။

လမိုင်းနယ်မြေ ရဲတပ်ဖွဲ့ဝင်များက ချစ်ရာဇာ အား ဖမ်းဆီးရမိခဲ့ပြီး ဒဏ်ရာရရှိသူ ကျော်ဇေယျအား လမိုင်း ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ထားကြောင်း သိရသည်။

ရေးမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်း က “လမိုင်းက ကောင်မလေးကိစ္စပေါ့။ ဟိုဘက်ရွာနဲ့ ဒီဘက်ရွာ စကားများကြတာ။ စကားများတဲ့သူက သူတို့အဖော်တွေကို ခေါ်လာပြီးတော့ လာဝင်ရမ်းတဲ့ပုံစံ” ဟု ပြောသည်။

ရေးမြို့နယ်အတွင်းတွင် ရေးမြို့နယ်အပါအဝင် လမိုင်းမြို့နယ်နှင့် ခေါစာမြို့နယ်ဆိုပြီး မြို့နယ် ၃ ခုရှိသလို ရပ်ကျေး ၄၄ ခုရှိကာ လူဦးရေ ၂ သိန်း ၈ သောင်းခန့်ရှိကြောင်း၊ လက်ရှိရေးမြို့နယ်တွင် Quarantine ဝင်နေသူ ၁၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။

]]>
တောင်သမန် ဘိုးဘိုးကြီးနတ်ပွဲ ခိုက်ရန်ဖြစ်ပွားမှု ၁၇ ဦး ထိခိုက်ဒဏ်ရာရ https://burma.irrawaddy.com/news/2018/09/28/171160.html Fri, 28 Sep 2018 07:59:49 +0000 https://burma.irrawaddy.com/lytbox/?p=171160 ခိုက်ရန်ဖြစ်ပွားခဲ့သော တောင်သမန်ဘိုးဘိုးကြီး နတ်ပွဲ  / ရွှေမန်းသား မန္တလေးခရိုင်၊ အမရပူရမြို့နယ်တွင်၊ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တောင်သမန်ဘိုးဘိုးကြီးနတ်ပွဲတွင် စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက တောင်သမန်အင်းရေလယ်၌ ဖောင်ကြိုးလုသည့်ကိစ္စဖြင့် ခိုက်ရန်ဖြစ်ပွားမှုဖြစ်ခဲ့ပြီး လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမရပူမြို့နယ် မြို့မရဲစခန်းမှ သိရသည်။ ]]> ခိုက်ရန်ဖြစ်ပွားခဲ့သော တောင်သမန်ဘိုးဘိုးကြီး နတ်ပွဲ  / ရွှေမန်းသား

မန္တလေးခရိုင်၊ အမရပူရမြို့နယ်တွင်၊ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တောင်သမန်ဘိုးဘိုးကြီးနတ်ပွဲတွင် စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက တောင်သမန်အင်းရေလယ်၌ ဖောင်ကြိုးလုသည့်ကိစ္စဖြင့် ခိုက်ရန်ဖြစ်ပွားမှုဖြစ်ခဲ့ပြီး လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမရပူမြို့နယ် မြို့မရဲစခန်းမှ သိရသည်။

အမရပူမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှုး ကျော်ဦးခိုင် က “ဖြစ်တာက ကျေးရွာနှစ်ရွာက လှေသမားတွေ တောင်သမန် ဘိုးဘိုးကြီး ဖောင်တော်ကို ဆွဲရာက တဖက်နဲ့ တစ်ဖက် စကားများ ဆဲဆိုကြရာကနေ ဖြစ်ကြတာပါ၊ ကျနော်တို့လည်း ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တွေနဲ့ ချက်ချင်း သွားပြီး ဖြန်ဖြေပေး ခဲ့တယ်၊ လူနာက ၂ ရွာပေါင်းကို ၁၇ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်၊ ညပိုင်းမှာပဲ အားလုံး ပြန်ဆင်းလာကြ တယ်လို့ သိရပါတယ်” ဟု ပြောသည်။

ဖြစ်စဉ်မှာ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာရှိ တောင်သမန်ဘိုးဘိုးကြီးနတ်ပွဲ ချိုးရေတော်သုံးပွဲကျင်းပစဉ် ဘိုးဘိုး ကြီးနတ်ရုပ်တု တင်ဆောင်လာသည့် လှေဖောင်အား တဲနံ့သာကျေးရွာထိပ်၊ တောင်သမန်အင်းစောင်းရှိ နတ်စင်သို့ ဆွဲလှေ များဖြင့် ဆွဲယူလာစဉ် တောင်သမန်ကျေးရွာ ဆွဲလှေပေါ်ပါ ၁၀ ဦးခန့်နှင့် တဲနံ့သာကျေးရွာ ဆွဲလှေပေါ် ပါ ၁၀ ဦးခန့်တို့ တောင်သမန်အင်းရေလယ်၌ ဖောင်ကြိုးလုသည့် ကိစ္စဖြင့် အပြန်အလှန် စကားများ ရန်ဖြစ်ခဲ့ကြခြင်းဟု သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေအောင် က “အခုလောက်ကြီး ဖြစ်တာမျိုး မဟုတ်ပေမယ့် နှစ်တိုင်းနှစ်တိုင်း စကားများကြတာမျိုးတော့ရှိတယ်၊ ဘိုးဘိုးကြီးရဲ့ဖောင်ကို လုရင်း ရေလယ်မှာကတည်းက စကားများလာကြတာပေါ့၊ အဲဒီကနေ တဲနံ့သာကျေးရွာထိပ် နတ်စင်အတက်လမ်းရေဆိပ် မှာ တဖက်နဲ့တဖက် လှေလှော်တက်တွေနဲ့ ရိုက်ပုတ်တာ၊ မြေကြီးခဲတွေနဲ့ ပစ်ပေါက်တာတွေလုပ်ကြတော့ ဟိုဘက် ဒီဘက် ရွာသားတွေပါ ဝင်ပါလာကြတော့ ရွာ ၂ ရွာဖြစ်တဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့” ဟု ပြောသည်။

အဆိုပါဖြစ်စဉ်တွင် တဲနံ့သာကျေးရွာမှ ဒဏ်ရာရရှိသူ ၈ ဦးရှိပြီး အမရပူရမြို့နယ်ဆေးရုံတွင် ၄ ဦး၊ မန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီးတွင် ၄ ဦး၊ တောင်သမန်ကျေးရွာမှ ဒဏ်ရာ ရရှိသူ ၉ ဦးရှိရာ အမရပူရမြို့နယ်ဆေးရုံတွင် ၅ ဦး၊ မန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီးတွင် ၄ ဦးတို့ ပို့ဆောင်ပေးခဲ့ရပြီး သာမန်ပွန်းပဲ့ဒဏ်ရာများသာ ရရှိခဲ့ကြခြင်းကြောင့် စက်တင်ဘာ ၂၈ ရက်နေ့တွင် ဆေးရုံများမှ အားလုံးပြန်ဆင်လာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါရန်ပွဲတွင် ပါဝင်သူများအား စိစစ်ရာ တောင်သမန်ကျေးရွာမှ မင်းမင်းထွန်း ပါ ၁၃ ဦးနှင့် တဲနံ့သာကျေးရွာမှ စောနောင် (ခ) ချစ်စရာပါ ၁၂ ဦး၊ ပေါင်း ၂၅ ဦး တို့ဖြစ်ကြောင်း သိရှိရ၍ ၎င်းတို့အား အများပြည်သူနှင့် ဆိုင်သောနေရာတွင် သတ်ပုတ်ခြင်းဖြင့် ငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်သဖြင့် ရာဇသတ်ကြီးပုဒ်မ ၊ ၁၆၀ ဖြင့် စက်တင်ဘာ ၂၈ ရက်နေ့တွင် အမှုဖွင့်ပြီး တရားရုံးသို့ ဦးတိုက် လျှောက်ထား တရားစွဲတင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်သမန်ဘိုးဘိုးကြီး နတ်ပွဲမှာ နှစ်စဉ်ကျင်းပသည့် ရိုးရာနတ်ပွဲဖြစ်ပြီး တောင်သမန်ကျေးရွာ၊ တဲနံ့သာကျေးရွာများအပြင် အနီးအနားမှ ရွာများလည်း လာရောက်ကြပြီး ဒေသခံများ ယုံကြည်ကိုးကွယ်သည့် ပွဲတော်တစ်ခုဖြစ်သည်။

တောင်သမန်အင်းအနီး၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တောင်သမန် ဘိုးဘိုးကြီးနတ်ပွဲကို တော်သလင်းလပြည့်ကျော် ၃ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပခြင်းဖြစ်ပြီး တောင်သမန်ဘိုးဘိုးကြီး နတ်ပွဲချိုးရေတော်သုံးပွဲကို တော်သလင်းလပြည့်ကျော် ၃ ရက် နေ့တွင် ကျင်းပကြောင်း သိရသည်။

အဆိုပါနတ်ပွဲတွင် ရိုးရာလှေလှော်ပြိုင်ပွဲများကို နှစ်စဉ်ထည့်သွင်းကျင့်ပလေ့ရှိရာ ယခုကဲ့သို့ စကားများခိုက်ရန်ဖြစ်ပွားမှုများကြောင့် လုံခြုံရေးမပေးနိုင်သဖြင့် လှေလှော်ပြိုင်ပွဲကို ထည့်သွင်းမကျင်းပသည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

]]>