ချန်းယောလ် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ချန်းယောလ် Covering Burma and Southeast Asia Wed, 19 Jul 2023 01:43:35 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ချန်းယောလ် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ချန်းယောလ် 32 32 Follower အများဆုံး Instagram အကောင့်ပိုင်ရှင်ဖြစ်လာတဲ့ EXO အဖွဲ့ဝင် ချန်းယောလ် https://burma.irrawaddy.com/lifestyle/entertainment/2018/12/28/178778.html Fri, 28 Dec 2018 05:08:41 +0000 https://burma.irrawaddy.com/lytbox/?p=178778 EXO အဖွဲ့ဝင် ချန်းယောလ်ရဲ့ အင်စတာဂရမ် အကောင့်၂၀၁၄ ခုနှစ်ကတည်းက နှစ်စဉ် BigBang အဖွဲ့ခေါင်းဆောင် G-Dragon ထိပ်ဆုံးကရပ်တည်လာခဲ့ပေမယ့် ဒီနှစ်မှာ EXO အဖွဲ့ဝင် ချန်းယောလ်က ထိပ်ဆုံးနေရာကို နေရာယူသွားခဲ့တာပါ။ ]]> EXO အဖွဲ့ဝင် ချန်းယောလ်ရဲ့ အင်စတာဂရမ် အကောင့်

ဆိုရှယ်မီဒီယာတခုဖြစ်တဲ့ Instagram က ကိုရီးယားနိုင်ငံမှာ Follower အများဆုံး နာမည်ကျော်တွေရဲ့ အင်စတာဂရမ် အကောင့်တွေကို နှစ်စဉ်ရွေးချယ်ပေးခဲ့ရာမှာ ၂၀၁၈ ခုနှစ်အတွက် ထိပ်ဆုံးကရပ်တည်သွားသူက တော့ EXO အဖွဲ့ဝင် ချန်းယောလ် (Chanyeol) ပါ။

၂၀၁၄ ခုနှစ်ကတည်းက နှစ်စဉ် BigBang အဖွဲ့ခေါင်းဆောင် G-Dragon ထိပ်ဆုံးကရပ်တည်လာခဲ့ပေမယ့် ဒီနှစ်မှာ EXO အဖွဲ့ဝင် ချန်းယောလ်က ထိပ်ဆုံးနေရာကို နေရာယူသွားခဲ့တာပါ။ အရင်နှစ်တွေတုန်းက G-Dragon နောက်ကနေ ချန်းယောလ်က ကွာဟမှုသိပ်မရှိဘဲ ကပ်လိုက်နေရာက ဒီနှစ်မှာတော့ Follower အရေအတွက် ပိုများသွားပြီး ကျော်တက်နိုင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မကုန်ခင် အချိန်လေးမှာပဲ အသက် ၂၆ နှစ်အရွယ် EXO အဖွဲ့ဝင် ချန်ယောလ်ရဲ့အင်စတာဂရမ် အကောင့်မှာ Follower 16,164,403 ယောက်နဲ့ ကိုရီးယားနိုင်ငံရဲ့ Follower အများဆုံး အကောင့်ပိုင်ရှင် ဖြစ်သွားခဲ့ပြီး သူ့နောက်မှာတော့ BigBang အဖွဲ့ခေါင်းဆောင် အသက် ၃၀ အရွယ် G-Dragon က follower 16,159,217 ရှိကာ ကွာဟချက် ၅,၁၈၆ ယောက်အကွာနဲ့ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတယ်လို့ ဒီဇင်ဘာ ၂၇ ရက်က အင်စတာဂရမ်က ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာလ မတိုင်ခင် အပတ်ထိ G-Dragon က ကိုရီးယားနိုင်ငံရဲ့ follower အများဆုံးသူဖြစ်ခဲ့ပြီးမှ ၂၀၁၈ ခုနှစ် မကုန်ခင်လေးမှာ ချန်းယောလ်က နေရာဝင်ယူခဲ့တာပါ။

EXO အဖွဲ့ဝင် ချန်းယောလ်ကတော့ လက်ရှိမှာ နာမည် ကြီးမင်းသား ဟွန်ဘင်း၊ မင်းသမီး ပတ်ရှင်းဟေးတို့ ခေါင်းဆောင်ပါဝင်တဲ့ “Memories of the Alhambra” ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ထားတဲ့အပြင် အသစ်ထွက်ရှိထားတဲ့ EXO အဖွဲ့ရဲ့ အခွေသစ် “Don’t Mess Up My Tempo” အတွက်လည်း အဖွဲ့နဲ့အတူ ပဒေသာရှိုးပွဲတွေ၊ အရောင်းမြှင့်တင်ရေးပွဲတွေမှာ ပါဝင် လှုပ်ရှားနေပါတယ်။

EXO အဖွဲ့ဝင် ချန်းယောလ်ဟာ သူ့ရဲ့ real_pcy လို့အမည်ပေးထားတဲ့ အင်စတာဂရမ်အကောင့်ကို ၂၀၁၄ ခုနှစ် က စတင်အသုံးပြုခဲ့တာဖြစ်ပြီး ပရိသတ်တွေ မြင်ဖူးနေကျမဟုတ်တဲ့ သူ့ရဲ့ပြင်ပ လှုပ်ရှားမှုပုံတွေကို တင်လေ့ ရှိတာမလို့ တနှစ်ထက်တနှစ် Follower များလာခဲ့ရင်း ၂၀၁၈ မှာ ကိုရီးယားနိုင်ငံရဲ့ Follower အများဆုံး အင်စတာဂရမ်အကောင့် ပိုင်ရှင် ဖြစ်လာခဲ့တာပါ။

Ref: Soompi

]]>