စီအိုင်အေ စပိုင် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/စီအိုင်အေ-စပိုင် Covering Burma and Southeast Asia Fri, 31 Mar 2023 19:05:08 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png စီအိုင်အေ စပိုင် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/စီအိုင်အေ-စပိုင် 32 32 အပြင်ကတကယ့် စီအိုင်အေ စပိုင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ဂျိမ်းစ်ဘွန်း မင်းသား Daniel Craig https://burma.irrawaddy.com/lifestyle/entertainment/2018/07/06/163137.html Fri, 06 Jul 2018 11:15:48 +0000 https://burma.irrawaddy.com/lytbox/?p=163137 ဂျိမ်းစ်ဘွန်း မင်းသား Daniel Craig မင်းသား Craig ဟာ လက်ရှိမှာတော့ ဒါရိုက်တာ Danny Boyle ရိုက်ကူးမယ့် ၅ ကားမြောက် ဂျိမ်းစ်ဘွန်း ရုပ်ရှင်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ ]]> ဂျိမ်းစ်ဘွန်း မင်းသား Daniel Craig

နာမည်ကျော် စိတ်ကူးယဉ် ဗြိတိသျှစပိုင် ဂျိမ်းစ်ဘွန်းအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Daniel Craig ဟာ အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၊ Langley မြို့မှာရှိတဲ့ ဗဟိုထောက်လှမ်းရေး အေဂျင်စီ ဌာနချုပ်ကို သွားရောက် လည်ပတ်စဉ်အတွင်း တကယ့်စပိုင်တွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီခရီးစဉ်ဟာ ရုပ်သံမှာ မြင်တွေ့ရတဲ့အကြောင်းအရာနဲ့ လက်တွေ့အကြောင်းအရာတွေကို နင်းယှဉ်တဲ့ စီအိုင်အေရဲ့ မစ်ရှင်တခုဖြစ်တဲ့ စီအိုင်အေရဲ့ ‘Reel vs. Real’ အစီအစဉ်တပိုင်းအနေနဲ့ လာရောက်ခဲ့တာ ဖြစ်ပါတယ်။

စီအိုင်အေရဲ့ တရားဝင်ဘလော့ဂ်မှာတော့ အသက် ၅၀ နှစ်အရွယ် မင်းသားဟာ ဖျော်ဖြေရေးကဏ္ဍမှာ စပိုင်တွေ အကြောင်း ဖော်ပြတဲ့အခါ လက်တွေကပိုပြီး လျှို့ဝှက်၊ ရက်စက်ရတဲ့အကြောင်း ဌာနကအကြီးအပိုင်း ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့တယ်လို့ ဆိုပါတယ်။

စီအိုင်အေရဲ့ ကျွမ်းကျင်သူတွေနဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုမှာတော့ မစ္စတာ Craig ဟာ စီအိုင်အေရဲ့ ကျယ်ပြန့်တဲ့ မစ်ရှင်တွေ မှာ ညွှန်ကြားရေးမှူး ငါးဦးက ဘယ်လိုကိုင်တွယ် လုပ်ဆောင်ကြသလဲဆိုတာနဲ့ ထောက်လှမ်းရေး အမြင်ရှုထောင့်တွေကို လေ့လာခဲ့တယ်လို့ ဘလော့ဂ်မှာ ဖော်ပြထားပါတယ်။

မင်းသား Craig ဟာ လက်ရှိမှာတော့ ဒါရိုက်တာ Danny Boyle ရိုက်ကူးမယ့် ၅ ကားမြောက် ဂျိမ်းစ်ဘွန်း ရုပ်ရှင်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ သူဟာ Casino Royale, Quantum of Solace, Skyfall နဲ့ Spectre ရုပ်ရှင်တို့မှာ ဂျိမ်းစ်ဘွန်းအဖြစ် ပါဝင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းကတော့ စီအိုင်အေဟာ FX ရုပ်သံလိုင်းရဲ့ နာမည်ကျော်အစီအစဉ်ဖြစ်တဲ့ The American အစီအစဉ်က တင်ဆက်သူတွေနဲ့အတူ ဌာနချုပ်မှာ ဝိုင်းဖွဲ့ဆွေးနွေးပွဲတရပ်ကို ကျင်းပခဲ့ပါသေးတယ်။

Ref: indianexpress

]]>