ဆင်ထိန်း Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဆင်ထိန်း Covering Burma and Southeast Asia Mon, 20 Jul 2026 13:22:01 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဆင်ထိန်း Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဆင်ထိန်း 32 32 ဖမ်းဆီးရိုက်နှက်ခံရတဲ့ မြန်မာဆင်ထိန်း တရားမျှတမှုရရေး တောင်းဆို (ရုပ်/သံ) https://burma.irrawaddy.com/video/2026/07/20/414942.html Mon, 20 Jul 2026 13:01:42 +0000 https://burma.irrawaddy.com/?p=414942 ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မဲ့တန်ဒေသမှာ မြန်မာဆင်ထိန်းလုပ်သား ကိုထွန်းအီ အပြင်းအထန် ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်ခံရမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို အမြန်ဆုံး ဖော်ထုတ် အရေးယူပေးဖို့အတွက် ဒီကနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာတော့ ဒေသခံ ကယောတိုင်းရင်းသားတွေက ချင်းမိုင်ခရိုင် ရဲတပ်ဖွဲ့ရုံးရှေ့မှာ စုပေါင်းဆန္ဒပြ တောင်းဆိုလိုက်ကြပါတယ်။]]>

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မဲ့တန်ဒေသမှာ မြန်မာဆင်ထိန်းလုပ်သား ကိုထွန်းအီ အပြင်းအထန် ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်ခံရမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို အမြန်ဆုံး ဖော်ထုတ် အရေးယူပေးဖို့အတွက် ဒီကနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာတော့ ဒေသခံ ကယောတိုင်းရင်းသားတွေက ချင်းမိုင်ခရိုင် ရဲတပ်ဖွဲ့ရုံးရှေ့မှာ စုပေါင်းဆန္ဒပြ တောင်းဆိုလိုက်ကြပါတယ်။

ဆန္ဒပြသူတွေဟာ “ကိုထွန်းအီအတွက် တရားမျှတမှု ဖော်ဆောင်ပေးဖို့နဲ့ အိမ်ပြန်လာနိုင်ရေး ကူညီပေးဖို့” အပါအဝင် ရွှေ့ပြောင်းလုပ်သားတွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခွင့်အရေးတွေနဲ့ လမ်းသွားလမ်းလာတွေရဲ့ လုံခြုံရေးကို အာမခံပေးဖို့ စာတန်းတွေ ကိုင်ဆောင် တောင်းဆိုခဲ့ကြ တာဖြစ်ပြီး၊ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အမှန်တရား ပေါ်ပေါက်လာအောင် ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးပြီး ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အမြန်ဆုံး အရေးယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အသက်လုနေရတဲ့ ကိုထွန်းအီရဲ့ ဇနီးဖြစ်သူကတော့ တရားမျှတမှု မရရှိမှာကို အထူးစိုးရိမ်နေပြီး၊ ဒီအခြေအနေကို ချင်းမိုင်ခရိုင် ရဲမှူးကြီးထံ ဆန္ဒပြပွဲအတွင်း ကိုယ်တိုင် ပြောကြားခဲ့ပါတယ်။

ချင်းမိုင်ခရိုင် ရဲမှူးကြီးကတော့ ဒီအမှုကို အလေးထားကိုင်တွယ်နေပြီး ကျူးလွန်သူတွေဟာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်နေပေမယ့်လည်း ဥပဒေအတိုင်း အဆင့်ဆင့် ထိရောက်စွာ အရေးယူပြီး တရားမျှတမှု ရရှိအောင် ဆောင်ရွက်ပေးမယ်လို့ ကတိပေး ပြောကြားထားပါတယ်။

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

]]>