ဆွေမျိုး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဆွေမျိုး Covering Burma and Southeast Asia Mon, 22 Jun 2026 01:52:15 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဆွေမျိုး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဆွေမျိုး 32 32 တရုတ်ကို မြန်မာတွေ ဘာကြောင့်မုန်းသလဲ (ရုပ်/သံ) https://burma.irrawaddy.com/video/2026/06/22/414232.html Mon, 22 Jun 2026 01:52:15 +0000 https://burma.irrawaddy.com/?p=414232 တရုတ်ကို မြန်မာတွေက မုန်းတာ မဟုတ်ဘဲ မတရားအုပ်ချုပ် ဖိနှိပ်နေတဲ့ စစ်ခေါင်းဆောင်တွေကို ဆွေမျိုးပေါက်ဖော်တွေဆိုပြီး ဖက်လှဲတကင်း ပေါင်းသင်းမြှောက်စားတာကြောင့် ပြည်သူတွေရဲ့ အမုန်းဟာ တရုတ်နိုင်ငံအစိုးရဆီ ကူးဆက်သွားတာလို့ စာရေးဆရာ တင်မောင်သန်း(သင့်ဘဝ)က ပြောဆိုပါတယ်။]]>

တရုတ်ကို မြန်မာတွေက မုန်းတာ မဟုတ်ဘဲ မတရားအုပ်ချုပ် ဖိနှိပ်နေတဲ့ စစ်ခေါင်းဆောင်တွေကို ဆွေမျိုးပေါက်ဖော်တွေဆိုပြီး ဖက်လှဲတကင်း ပေါင်းသင်းမြှောက်စားတာကြောင့် ပြည်သူတွေရဲ့ အမုန်းဟာ တရုတ်နိုင်ငံအစိုးရဆီ ကူးဆက်သွားတာလို့ စာရေးဆရာ တင်မောင်သန်း(သင့်ဘဝ)က ပြောဆိုပါတယ်။

လတ်တလော ကူမင်းမြို့မှာ သူလျှိုမှုနဲ့ ဦးမင်းဇင်ကို စွပ်စွဲဖမ်းဆီးထားတာကလည်း တရုတ်ရေးရာသုတေသီများအကြား ထိတ်လန့်တုန်လှုပ်စေပြီး တရုတ်နိုင်ငံပုံရိပ်ကို ထိခိုက်စေတာကြောင့် တရုတ်မူဝါဒချမှတ်သူတွေ ပြန်လည်သုံးသပ်ပြင်ဆင်သင့်တယ်လို့လည်း ဆရာ တင်မောင်သန်းက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ မူဝါဒရေးရာ၊ မြန်မာနိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၊ ပြည်သူတွေရဲ့ တရုတ်အပေါ် သဘောထားတွေနဲ့ပတ်သက်ပြီး စာရေးဆရာ တင်မောင်သန်း (သင့်ဘဝ) ကို ဧရာဝတီရဲ့ အမှုဆောင်အယ်ဒီတာ ရဲနည်က ဆက်သွယ် မေးမြန်းထားပါတယ်။

#မြန်မာ #ဧရာဝတီ #တရုတ် #ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး #မူဝါဒ #WhatsHappeningInMyanmar

]]>
ကြာရိုး နှင့် ကညွတ်နွယ် https://burma.irrawaddy.com/article/2026/02/28/411392.html Sat, 28 Feb 2026 01:00:09 +0000 https://burma.irrawaddy.com/?p=411392 ကြာရိုးနှင့် ကညွတ်နွယ်ကို ကြည့်၍ ကျနော့် ဇာတိကို ချစ်တတ်၊ လွမ်းတတ်လာခြင်း ဖြစ်… တွယ်တာမှု ရှိသော နေရာသာလျှင် ကိုယ့်ဇာတိ နေရာမှန် ဖြစ်…]]>

မိတ်ဆွေများနှင့် အရက်ကလေး သောက်ကာ ပါးပါးရိပ်ရိပ် လှီးထားသည့် ချိုအေးသော ကြာရိုးတို့ကို ဝါးရင်း ကျနော့် ဇာတိ ရပ်ရွာကို အမှတ်ရလာပါသည်။

မိုးနှောင်းရာသီ ဆိုလျှင် ကျနော့် ဇာတိ ရွာကလေး၌ မနက် လင်းသည်နှင့် ရွာသူ ရွာသားများသည် ကျနော့် အိမ်ရှေ့မှ ဖြတ်သွားကြပါသည်။

ယောက်ျားများ၏ လက်မောင်းအိုးကြီးများက ကြေးနီရောင် ပေါက်လျက်။ သူတို့ ခြေသလုံး ကြွက်သားကြီးတွေကလည်း အဖုအထစ်တွေနှင့်။

သူတို့ ကိုယ်ခန္ဓာသည် တောင့်တင်း ဖြောင့်မတ်ကာ ပကတိ ကျန်းမာ သန်စွမ်းသည့် ဟန်ကို ဆောင်နေကြသည်။

မိန်းမများမှာ ပန်းရိုက် ပဝါဖြူများကို ပေါင်းထားကြပြီး ဖိနပ် ဗလာဖြင့် ချည်ကြမ်း လုံချည်ကို ခပ်တိုတို ဝတ်ထားကြသည်။

ယောက်ျားများလောက် အရပ်အမောင်း မမြင့်သည့်တိုင် သူတို့သည်လည်း သူတို့နည်းနှင့် သူတို့အလှကို ဆောင်နေ ကြသည်။

လတ်ဆတ် နူးညံ့လျက် ကျောက်စိမ်း အဖြူရောင် ပေါက်နေသည့် ကြာရိုးများကို စည်း၍ ဆိုင်းထမ်းဖြင့် ထမ်းလာကြသည်။

မြို့ပြင်ဘက် ကွေ့ကောက်နေသော ချောင်းကလေးများ ဘေးရှိ ကြာပင်တွေ ပေါက်ရာ ကန်ကလေးများထဲတွင် ထိုကြာရိုး များကို ဖြူဖွေးလာသည် အထိ အထပ်ထပ် ဆေးကြောခဲ့ကြသည်။

ကြာရိုးများသည် အလွန် အရသာရှိသည့် စားကောင်း သောက်ဖွယ်တမျိုး ဖြစ်သောကြောင့် ပေလော။ သို့တည်း မဟုတ် ပန်းချီကားထဲက နံနက် ဆည်းဆာ ရှုခင်းထဲတွင် အရေးကြီးသော အစိတ်အပိုင်း တရပ် ဖြစ်နေ၍လော။

သို့မှ မဟုတ်သေးလျှင် ကြာရိုးများတွင် ရွှံ့တွေ၊ နွံတွေ ပေကျံနေသဖြင့် လူတွေ မြင်မကောင်း ရှုမကောင်း ဖြစ်မည်ကို စိုး၍လော။

တောကျေးလက်မှ လူအများအဖို့သော်မူ ကြာရိုးများတွင် ရွှံ့နွံတွေ ပေကျံနေခြင်းသည် အပြစ်ကြီး တခု၊ မကောင်းမှုကြီး တခုဟု ယူဆထားကြဟန် ရှိပါသည်။

ထို့ကြောင့်ပင်လျှင် ကြာရိုးတို့ကို ဖွေးဖြူ ဝင်းလက်နေအောင် ဆေးကြောပြီးမှ မြို့သို့ ယူလာခဲ့ကြခြင်း ဖြစ်ပါသည်။

မော၍ နားသည့် အခါများတွင် သူတို့သည် ထမ်းလာသည့် အထမ်းကို ချကာ ကြာရိုးပုံကြီး ပေါ်တွင် ထိုင်ချလိုက်ပြီး ကြာရိုး နုနု လှံဖျားကလေးသော် လည်းကောင်း သို့မဟုတ် ခပ်ရင့်ရင့် အဖျားတုံးကြီးသော် လည်းကောင်း ကြုံရာကို နုတ်ယူ၍ ပါးစပ်ထဲသို့ ထိုးထည့် ဝါးရင်း ရေငတ် ဖြေကြရပါသည်။

ထိုသို့ နားနေရင်း လမ်းသွားလမ်းလာတို့ တွေ့၍ ဝယ်သွားကြသည်လည်း ရှိပါသည်။ ပိုးဖဲ နီနီတို့ကို ဝတ်ထားသည့် အိမ်ရှင်မ များကလည်း ကြာရိုး ရှည်ရှည်နုနုတို့ကို လာရွေးကြပါသည်။ အဘိုးကြီးများကလည်း ကြာရိုးများကို အစည်းလိုက် ဝယ်သွားတတ်ကြပါသည်။

ဤနည်းအားဖြင့် မွှေးပျံ့ချိုအေးသော ကြာရိုးတို့၏ ရနံ့သည် အိမ်းတိုင်းစေ့ ပျံ့နှံ့သွားတတ်ပါသည်။

ဤမြင်ကွင်းသည် ညောင်ရွက်တို့ ကြွေစပြုသည့် မိုးနှောင်းရာသီ ကုန်ခါနီးအထိ ကျနော့် ရပ်ရွာတွင် မြင်တွေ့နေရသည့် ရှုခင်း ဖြစ်ပါသည်။

ယခု ရှန်ဟဲလို မြို့ကြီးပြကြီးများတွင်မူ ကြာရိုးသည် အလွန်ရှားပါး အဖိုးတန်သည့် ဇိမ်ခံ စားဖွယ်ပစ္စည်း ဖြစ်နေပါသည်။ ရှန်ဟဲသို့ ရောက်လာသည့် ကြာရိုးများသည် ကျနော့် ဇာတိရွာမှ ရောက်လာသည့် ကြာရိုးများပင် ဖြစ်ပါလိမ့်မည်။

သို့ရာတွင် များများစားစား မဟုတ်ပါ။

ရောက်လာသည့် ကြာရိုးများကို လူချမ်းသာများ ထိုင်လေ့ရှိသည့် လက်ဖက်ရည်ဆိုင်များက အလုအယက် သိမ်းကျုံး ဝယ်သွားကြပါသည်။

ကျန်သည့် ကြာရိုးများမှာ အများအားဖြင့် သစ်သီးဆိုင်များသို့ ရောက်သွားကြပြီး ကယ်လီဖိုးနီးယား ပန်းသီးကြီးများ၊ လူဇုံ သရက်သီးကြီးများနှင့် အတူ စင်ပေါ်တွင် တန်းစီနေကြပါသည်။

ဈေးကလည်း ကြောက်ခမန်းလိလိ ဖြစ်ပါသည်။ တောမှ အထမ်းများဖြင့် ရောက်လာသည့် ကြာရိုးများကို လမ်းမများ ပေါ်တွင် တခါတရံ တွေ့တတ်ပါသည်။

သို့ရာတွင် သေးသေးသွယ်သွယ် နုနုနယ်နယ် မဟုတ်တော့ဘဲ ရင့်ရင့် တုတ်တုတ်ကြီးတွေ ဖြစ်နေလျှင်လည်း ဝယ်သွားကြပါသည်။

ထို့ကြောင့်လော မပြောတတ်ပါ။ ယခုနှစ်တွေ ဆိုလျှင် ကျနော်တို့ မြို့ကြီးများတွင် တခါမျှ ကြာရိုးနုနုများကို မစားရသေးပါ။ ကြာရိုး ရင့်ရင့်ကြီးများကိုသာ စားရပါသေးသည်။

ထိုကြာရိုး ရင့်ရင့်ကြီးများကိုပင်လျှင် ကျနော်တို့ ဝယ်၍ မရလိုက်ဘဲ အိမ်နီးနားချင်းများ လက်ဆောင်ပေးသဖြင့် စားရခြင်း ဖြစ်ပါသည်။

အိမ်နီးနားချင်းများ မှာလည်း ဝယ်၍ရခြင်း မဟုတ်ပါ။ တောမှ ဆွေမျိုးများ လက်ဆောင်ပေးသဖြင့် ရခြင်း ဖြစ်ပါသည်။ ကြာရိုးများကို ကြည့်ရသည်မှာ နုတ်ပြီး၍ အတော်ကြာနေဟန် တူပါပြီ။

ကျောက်စိမ်းရောင် လွင်လွင် မရှိတော့ဘဲ အချို့နေရာများတွင် သံချေးရောင် ပေါက်ကာ ရော်စပင် ပြုနေလေပြီ။ ကြာရိုး အခွံကြီးများမှာလည်း ထူလှသဖြင့် နွှာရသည်မှာ မလွယ်ပါ။ ခဏခဏ ချော်၍ နေတတ်ပါသည်။

ကြာရိုးတို့ကို အခွံနွှာ၍ ပါးပါးလှီးပြီး ဝါးကြည့်သည့် အခါတွင်လည်း အချိုရသာကလေး မရှိတော့ပါ။

နုနုကလေးလည်း မဟုတ်တော့ပါ။ အမျှင်တွေ အထွေးလိုက် အထွေးလိုက် ဖြစ်နေကာ နောက်ထပ် စားရမည်ကိုပင် ဝန်လေးနေပါသည်။

ကလေးများသာလျှင် တဆစ်ပြီး တဆစ် ဝါးကာ ပါးစပ်ထဲ ရောက်သမျှကို မျိုချလိုက်ကြပါသည်။ ကြာရိုးတွေ စားထား၍လား မသိ။ နောက်ထပ် တနာရီလောက် အတွင်း သရေစာ မတောင်းတော့ပါ။

ကြာရိုးများ အကြောင်းကို တွေးမိရင်း ကျနော့်စိတ်သည် ကညွတ်နွယ် ဆီသို့ ရောက်သွားပါသည်။

နွေဦးပေါက် ဆိုလျှင် ကျနော့် ဇာတိရွာတွင် ကညွတ်နွယ်ကလေးများကို နေ့တိုင်း စားရပါသည်။ ကညွတ်တွင် သူ့ကိုယ်ပိုင် အရသာ ဟူ၍ ပြောပလောက်အောင် မရှိရှာပါ။ ဟင်းချိုထဲတွင် ရိပ်ရိပ်လှီး၍ ခတ်သည့် ဟင်းခတ်မျှသာ ဖြစ်ပါသည်။

သို့ရာတွင် အစိမ်းရောင် နုနုကလေး ယှက်သန်းကာ ကဗျာဆန်သည့် ကညွတ်နွယ်ကလေး၏ အရသာ ကင်းသော အသာကလေးကို ခံနေရသည်ကပင် စည်းစိမ်ကြီးလှပါသည်။

တာရိုးကလေးများ ဘေးရှိ ချောင်းကလေး မြောင်းကလေးများထဲတွင် ရွက်မပါသည့် လှေကလေးတွေ အရိပ်ခို၍ ထိုးဆိုက် ထားသည်ကို မကြာခဏ တွေ့ရတတ်ပါသည်။

ထိုလှေကလေးများထဲတွင် ကညွတ်နွယ်တွေ အပြည့်အမောက် တင်ထားတတ်ပါသည်။ ထိုင်းကန်ကြီးထဲမှ ခူးလာပြီး ရောင်းကြခြင်း ဖြစ်ပါသည်။ ကညွတ်နွယ်တွေ လှိုင်လှိုင်ပေါချိန် ဆိုလျှင် နေ့တိုင်း ကျနော်တို့ စားနိုင်ပါသည်။

သို့ရာတွင် ရှန်ဟဲလို မြို့ကြီးများတွင်မူ ကညွတ်နွယ်ပင်လျှင် တော်တော် ရှားပါသည်။ ပျော်ပွဲစား ရုံကြီးတွေကို သွားမှ ရပါသည်။ ကျနော်တို့မှာမူ ပျော်ပွဲစားရုံကြီးများသို့ သွား၍ စားလေ့မရှိပါ။

တခါတရံ မိတ်ဆွေတွေ၊ ဧည့်သည်တွေ လာသဖြင့် လိုက်၍ ကျွေးရသည့် အခါများ ရှိတတ်သည့်တိုင် ထိုအခါမျိုးတွင် ကညွတ် တုံးချိန် ဖြစ်နေသဖြင့် မစားရတော့ပါ။ ယခုနှစ်တွင် ဆိုလျှင် တခါမျှပင် မစားရသေးပါ။

မကြာခင်က ဟန်ကျိုမှ ဆွေမျိုးများ လာသဖြင့် ကညွတ်ချဉ် အိုးများ ပါလာသည်တွင် ကျနော်ကို တအိုးပေးသဖြင့် စားရပါသည်။ ကျနော့် စိတ်ထဲတွင် ပထမဆုံးအကြိမ် စားဖူးသည့်နှယ် လွန်စွာ အရသာ ရှိလှပါသည်။

ကျနော်သည် ကိုယ့်ဇာတိကို ဘယ်တော့မှ လွမ်းတတ်၊ ချစ်တတ်သူ မဟုတ်ပါ။

သို့ရာတွင် ထိုအကြောင်းများကို တွေးမိလိုက်သည့် အခါတွင် ကျနော့် ဇာတိ ရပ်ရွာသည် ပျော်စရာ၊ ချစ်စရာ နေရာကလေး ဖြစ်သည်ဟု ကျနော် ထင်လာကာ လွမ်းလာပါသည်။

ထိုမျှ သေးငယ်သော အကြောင်းကလေးများသည် အဘယ်ကြောင့် ကျနော့်အား ဇာတိ ချစ်စိတ်၊ အိမ်လွမ်းစိတ်ကို နှိုးဆော် ပေးနိုင်သနည်းဟု ကျနော် နားမလည်နိုင်အောင် ဖြစ်နေပါသည်။

ပြန်၍ စဉ်းစားကြည့်လိုက်သည့် အခါတွင် အကြောင်းရင်းမှာ ရှင်းရှင်းကလေးသာ ဖြစ်ပါသည်။ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ဇာတိ မြေတွင် ချစ်စရတွေ တပုံကြီး ရှိပါသည်။

ထိုအရာများသည် ကိုယ့်ရပ် ကိုယ့်ရွာ၊ ကိုယ့်ဇာတိမြေတွင်သာ တွေ့နိုင်ပါသည်။ ထို့ကြောင့်ပင်လျှင် ကိုယ့်ဇာတိကို ကိုယ် သံယောဇဉ် မဖြတ်နိုင်ဘဲ လွမ်းနေကြခြင်း ဖြစ်ပါသည်။

ဥပမာ အားဖြင့် ကိုယ့်ဇာတိတွင် ဆွေမျိုးသားချင်းတွေ ကျန်ရစ်ခဲ့ပါသည်။ သို့ဖြစ်လျှင် ကျနော်သည် အဘယ်မှာလျှင် မချစ်ဘဲ၊ မလွမ်းဘဲ နေနိုင်ပါမည်နည်း။ ငယ်ဘဝကို အဘယ်မှာလျှင် မအောက်မေ့ဘဲ နေနိုင်ပါမည်နည်း။

သို့ဖြစ်လျှင် ကိုယ့်ဇာတိ သက်သက်ကိုသာလျှင် ခင်တွယ်ခြင်းလော။ ဤသို့လည်း မဟုတ်သေးပါ။ အခြားသော သံယောဇဉ်များ၊ လွမ်းစရာများလည်း ရှိနေပါသေးသည်။

ကျနော့်အဖို့ ဆိုလျှင် ကြာရိုးနှင့် ကညွတ်နွယ်ကို ကြည့်၍ ကျနော့် ဇာတိကို ချစ်တတ်၊ လွမ်းတတ်လာခြင်း ဖြစ်ပါသည်။

တွယ်တာမှု ရှိသော နေရာသာလျှင် ကိုယ့်ဇာတိ နေရာမှန် ဖြစ်ပါသည်။ ။

(တရုတ် စာရေးဆရာ Ye Shengtao ၏ Lotus root and Water shield)

(စာရေးဆရာကြီး မြသန်းတင့် မြန်မာပြန် ရေးသားသည့် ဤ ရသစာတမ်း (Literary Essay) ကို နှစ်ကာလများ စာပေက ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ဝေသော “မြန်မာပြန် ရသစာတမ်းများ ဒုတိယ အကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)

]]>