ဒေါက်တာမတင်ဝင်း Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဒေါက်တာမတင်ဝင်း Covering Burma and Southeast Asia Thu, 23 Jul 2026 08:43:12 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဒေါက်တာမတင်ဝင်း Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဒေါက်တာမတင်ဝင်း 32 32 ဆက်တိုက်ကွယ်လွန်ကုန်တဲ့ စစ်ဝါဒမှိုင်းတိုက်သူ ၃ ဦး https://burma.irrawaddy.com/article/2026/07/20/414931.html Mon, 20 Jul 2026 02:09:33 +0000 https://burma.irrawaddy.com/?p=414931 စာရေးဆရာမ ဒေါက်တာမတင်ဝင်း၊ ဝါဒဖြန့်ချိရေးအရာရှိချုပ် တက္ကသိုလ် မြတ်သူနှင့် ဗေဒင်ဆရာအဖြစ် လူသိများသည့် ဘုန်းတော်ကြီး ဒေါက်တာဖေဉာဏ်တို့သည် သီတင်းပတ်အနည်းငယ်အတွင်း တဦးပြီးတဦး ကွယ်လွန်သွားခဲ့ကြသည်။]]>

နေဝင်းစစ်အာဏာရှင်ခေတ်မှသည် မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုအထိ စစ်တပ်အုပ်ချုပ်ရေး ရေရှည်တည်တံ့စေရန် ၎င်းတို့၏ ကလောင်၊ အသံနှင့် ယတြာထုံးတမ်းများဖြင့် ထောက်တိုင်လုပ်ပေးခဲ့သည့် စစ်အုပ်ချုပ်ရေး လိုလားသော ထင်ရှားသူ ၃ ဦးဖြစ်သူ စာရေးဆရာမ ဒေါက်တာမတင်ဝင်း၊ ဝါဒဖြန့်ချိရေးအရာရှိချုပ် တက္ကသိုလ် မြတ်သူနှင့် ဗေဒင်ဆရာအဖြစ် လူသိများသည့် ဘုန်းတော်ကြီး ဒေါက်တာဖေဉာဏ်တို့သည် သီတင်းပတ်အနည်းငယ်အတွင်း တဦးပြီးတဦး ကွယ်လွန်သွားခဲ့ကြသည်။

ထိုင်းဆန့်ကျင်ရေး ဝါဒဖြန့်စာရေးဆရာမ ဒေါက်တာမတင်ဝင်း

ထိုင်းနိုင်ငံကို တိုက်ခိုက်သည့် အမျိုးသားရေးဆောင်းပါးများနှင့် ယခင်စစ်အစိုးရအပေါ် မယိုင်မလဲ ထောက်ခံမှုများကြောင့် လူသိများသည့် ဝါရင့်စာရေးဆရာမ ဒေါက်တာမတင်ဝင်းသည် ဇူလိုင်လ ၁၀ ရက်နေ့က ရန်ကုန်မြို့တွင် အသက် ၈၇ နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့သည်။ ၎င်းသည် နောက်ဆုံးအချိန်အထိ စစ်တပ်ကို အပြည့်အဝထောက်ခံခဲ့သူဖြစ်ပြီး မင်္ဂလာဒုံစစ်ဆေးရုံတွင် ကွယ်လွန်ကာ မင်္ဂလာဒုံစစ်သချိုင်း၌ပင် သင်္ဂြိုဟ်ခဲ့သည်။ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ၎င်း၏ကွယ်လွန်မှုအတွက် နိုင်ငံပိုင်မီဒီယာများမှတဆင့် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြသည်။

ဒေါက်တာမတင်ဝင်းသည် ၁၉၆၅ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ၌ သမိုင်းအထူးပြုဖြင့် ပညာရေးပါရဂူဘွဲ့ (Pedagogy) ကို ရရှိခဲ့ပြီး ရုရှားမှ ဘွဲ့လွန်ဖြင့် ပထမဆုံး ပြန်လည်ရောက်ရှိလာသည့် မြန်မာပညာရှင်များထဲတွင် ပါဝင်သည်။ သန်းရွှေခေတ်အတွင်း ထိုင်းနိုင်ငံကို ဝေဖန်သည့် ဆောင်းပါးများကြောင့် ထင်ရှားလာပြီး အမျိုးသားစာပေဆုများ ရရှိခဲ့သည်။ မင်းအောင်လှိုင်လက်ထက်တွင်လည်း စည်သူဘွဲ့၊ အလင်္ကာကျော်စွာဘွဲ့နှင့် အမျိုးသားစာပေ တသက်တာဆုတို့ကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။

၂၀၀၂ ခုနှစ် မြန်မာ-ထိုင်း နယ်စပ်ပဋိပက္ခများ ဖြစ်ပွားချိန်တွင် ထိုင်းဘုရင်များနှင့် ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒများကို ရှုတ်ချကာ စစ်အစိုးရဘက်မှ ကာကွယ်ရေးသားသည့် စာအုပ်ကို ထုတ်ဝေခဲ့ပြီး ထိုင်းနိုင်ငံအား အခြားနိုင်ငံများ၏ အလိုကျ ဆောင်ရွက်ပေးနေရသည့် “ကျွန်နိုင်ငံ” အဖြစ် ဖော်ပြခဲ့သည်။ ၎င်း၏ ဆောင်းပါးများကြောင့် ထိုင်းအစိုးရက ၂၀၀၂ ခုနှစ်တွင် ၎င်းအား ဗီဇာပိတ်ကာ Blacklist သွင်းခဲ့သော်လည်း မတင်ဝင်းကမူ ၎င်းအား တားမြစ်ခြင်းကို “ဝမ်းမြောက်မိသည်” ဟု ရေးသားကာ ၎င်း၏လုပ်ဆောင်ချက်ကို အသိအမှတ်ပြုခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

သို့သော်လည်း ထိုကာလအတွင်း စစ်အစိုးရ၏ စီးပွားရေးစီမံခန့်ခွဲမှု အမှားများကြောင့် မြန်မာပြည်သူအမြောက်အမြား ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ရသဖြင့် ၎င်း၏အရေးအသားများသည် ထိုင်းနိုင်ငံအပေါ် လူထု၏အမြင်ကို ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။ ၎င်းသည် စာအုပ်ပေါင်း ၁၀၀ ကျော် ရေးသားခဲ့သော်လည်း စာပေတန်ဖိုးထက် စစ်တပ်ဝါဒဖြန့်စာပေများကြောင့်သာ လူသိများခဲ့ပြီး ၂၀၁၀ နိုင်ငံရေးအကူးအပြောင်းနောက်ပိုင်းတွင် ကျန်းမာရေးကြောင့် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ရာမှ မင်းအောင်လှိုင်က ဘွဲ့တံဆိပ်များ ပြန်လည်ချီးမြှင့်ချိန်တွင်မှ နာမည်ပြန်ထွက်လာခဲ့ခြင်း ဖြစ်သည်။

စစ်တပ်လိုလားသော တသက်တာစာရေးဆရာ တက္ကသိုလ် မြတ်သူ

မတင်ဝင်း မကွယ်လွန်မီ သီတင်းပတ်အနည်းငယ်အလို ဇွန်လ ၂၄ ရက်နေ့က စစ်တပ်လိုလားသည့် အခြားစာရေးဆရာတဦးဖြစ်သူ တက္ကသိုလ်မြတ်သူသည် အသက် ၉၆ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။

တက္ကသိုလ်မြတ်သူသည် နေဝင်းခေတ်ကတည်းက စစ်တပ်အုပ်ချုပ်ရေးကို ကာကွယ်ရန် နိုင်ငံပိုင်သတင်းစာများတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုကို ထောက်ခံခြင်းနှင့် ၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီအရေးတော်ပုံကို သိက္ခာချသည့် ဆောင်းပါးများကို ကလောင်အမည်အမျိုးမျိုးဖြင့် ရေးသားခဲ့သည်။ ၎င်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေး အမျိုးသားညီလာခံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီနှင့် လူထုဆန္ဒခံယူပွဲကော်မရှင်တို့တွင် ပါဝင်ခဲ့သည်။

၁၉၉၇ မှ ၂၀၁၁ ခုနှစ်အထိ ယခင်စစ်အစိုးရ၏ ပြန်ကြားရေးဝန်ကြီးဌာနတွင် အကြံပေးအဖြစ် ဆောင်ရွက်ကာ စစ်တပ်၏ ဝါဒဖြန့်ချိရေးမူဝါဒများကို ပုံဖော်ခဲ့သည်။ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း လူမျိုးရေးနှင့် ကိုးကွယ်သည့်ဘာသာရပ်ဆိုင်ရာ တင်းမာမှုများကို မီးမွှေးပေးသည်ဟု ဝေဖန်ခံခဲ့ရသော “မျိုးစောင့်ဥပဒေ” ရေးဆွဲရေး ကော်မရှင်တွင် ပါဝင်ခဲ့သူဖြစ်သည်။

စစ်တပ်အကြံပေး ဗေဒင်ဆရာ ဒေါက်တာဖေဉာဏ်

ရဟန်းဘွဲ့ ဦးပညာဝံသ (ခေါ်) ဒေါက်တာဖေဉာဏ်သည် ဇူလိုင်လ ၂ ရက်နေ့က ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်ရှိ စန္ဒကူးကျောင်းတိုက်အတွင်း၌ ဓားဖြင့် ထိုးသတ်ခံထားရသည်ကို တွေ့ရှိခဲ့ရသည်။ ၎င်းသည် ကွယ်လွန်ချိန်တွင် အသက် ၇၅ နှစ်ရှိပြီဖြစ်ပြီး ရဟန်းဝတ်ဖြင့် ၁၅ ဝါရရှိခဲ့သည်။

စာရေးဆရာမ မတင်ဝင်းနှင့် တက္ကသိုလ်မြတ်သူတို့က စာပေဖြင့် ဝါဒဖြန့်ခဲ့ကြသော်လည်း ဒေါက်တာဖေဉာဏ်မှာမူ အယူသည်းသည့် စစ်ဗိုလ်ချုပ်ကြီးများကို ဗေဒင်နေ့ရက်များနှင့် ယတြာထုံးတမ်းများ အကြံပေးခြင်းဖြင့် စစ်တပ်အာဏာတည်မြဲရေးကို ကူညီပေးခဲ့သူဖြစ်သည်။ ၎င်းသည် အရှေ့တိုင်းနှင့် အနောက်တိုင်း ဗေဒင်ပညာရပ်များကို နှံ့စပ်သူအဖြစ် ကျော်ကြားပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပုံမှန်အကြံပေးခဲ့သလို၊ ဦးသိန်းစိန်ကလည်း ၎င်းအား နိုင်ငံတော်အဆင့် အကြံပေးအဖြစ် ချီးမြှောက်ခဲ့သည်။

လက်ရှိအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ယတြာနှင့် အခါပေးလုပ်ငန်းများအတွက် ဝစီပိတ်ဆရာတော်ကို အဓိကအားကိုးသော်လည်း ဖေဉာဏ်သည်လည်း စစ်တပ်အသိုင်းအဝိုင်းနှင့် မကွယ်လွန်မီအထိ ဆက်နွှယ်မှုရှိခဲ့သည်။ ဒေါက်တာဖေဉာဏ်နှင့် မင်းအောင်လှိုင်တို့သည် တနင်္သာရီတိုင်း၊ ထားဝယ်ဇာတိချင်း တူကြသည်။

ဒေါက်တာဖေဉာဏ်သည် ၎င်းအနေဖြင့် အကြမ်းဖက်ခံရပြီး သေဆုံးရမည့် ကံကြမ္မာရှိကြောင်း တပည့်များကို အမြဲပြောလေ့ရှိရာ၊ ဇူလိုင် ၂ ရက်နေ့တွင် မှော်ဘီရှိ ၎င်း၏ကျောင်းတိုက်အတွင်းသို့ သူခိုးများဝင်ရောက်ကာ ဓားဖြင့် ထိုးသတ်ခဲ့ခြင်းကြောင့် ထိုအတိတ်နိမိတ်မှာ လက်တွေ့ဖြစ်လာခဲ့သည်။ ၎င်း၏ ဘဝဖြတ်သန်းမှုသည် မြန်မာနိုင်ငံတွင် ဗေဒင်ယတြာနှင့် နိုင်ငံရေးအာဏာ မည်မျှအထိ နက်ရှိုင်းစွာ ပတ်သက်နေသည်ကို ပြသနေသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Three Pillars of Successive Myanmar Regimes’ Mythmaking Die Within Weeks ကို ဘာသာပြန်သည်။)

]]>