နောင်ရိုး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/နောင်ရိုး Covering Burma and Southeast Asia Fri, 23 Oct 2026 01:15:14 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png နောင်ရိုး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/နောင်ရိုး 32 32 စစ်တပ်အတွက် နည်းပညာထောက်တိုင် ဖြစ်နေတဲ့ နောင်ရိုးကုမ္ပဏီ https://burma.irrawaddy.com/video/2026/10/23/417194.html Fri, 23 Oct 2026 01:15:14 +0000 https://burma.irrawaddy.com/?p=417194 စစ်ရုံးချုပ်၊ သမ္မတအိမ်တော်၊ လွှတ်တော်နဲ့ အစိုးရဌာနတွေကနေ Safe City စောင့်ကြည့်ရေးစနစ်တွေအထိ နည်းပညာဝန်ဆောင်မှုပေးနေတဲ့ နောင်ရိုးကုမ္ပဏီဟာ အာဏာသိမ်းအစိုးရနဲ့ စစ်တပ်အတွက် အရေးပါတဲ့ နည်းပညာကုမ္ပဏီတခု ဖြစ်နေပါတယ်။]]>

စစ်ရုံးချုပ်၊ သမ္မတအိမ်တော်၊ လွှတ်တော်နဲ့ အစိုးရဌာနတွေကနေ Safe City စောင့်ကြည့်ရေးစနစ်တွေအထိ နည်းပညာဝန်ဆောင်မှုပေးနေတဲ့ နောင်ရိုးကုမ္ပဏီဟာ အာဏာသိမ်းအစိုးရနဲ့ စစ်တပ်အတွက် အရေးပါတဲ့ နည်းပညာကုမ္ပဏီတခု ဖြစ်နေပါတယ်။

ကုမ္ပဏီရဲ့ အကြီးပိုင်းရာထူးတာဝန်ယူထားသူတွေဟာလည်း အာဏာသိမ်းစစ်တပ်က အရာရှိဟောင်းတွေဖြစ်သလို စစ်အာဏာရှင် ဦးသန်းရွှေ၊ ဦးသိန်းစိန်လက်ထက်နဲ့ အရပ်သားအစိုးရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်တွေအထိ အစိုးရဌာနဆိုင်ရာ နည်းပညာစီမံကိန်းတွေကို လုပ်ကိုင်ခွင့်ရခဲ့တာကို တွေ့ရပါတယ်။

စစ်တပ်ကို စောင့်ကြည့်ထောက်လှမ်းရေးပစ္စည်းတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ကူညီပေးခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်အစိုးရရဲ့ဒဏ်ခတ်ပိတ်ဆို့မှု Entity List ထဲ ထည့်သွင်းခံထားရတဲ့ နောင်ရိုးကုမ္ပဏီဟာ နိုင်ငံတကာကန့်သတ်ချက်တွေကြားကနေပဲ လက်ရှိအချိန်အထိ အာဏာသိမ်းစစ်တပ်ရဲ့ နည်းပညာလိုအပ်ချက်တွေကို ဆက်လက်ဖြည့်ဆည်းနေဆဲဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #နောင်ရိုး #မင်းအောင်လှိုင် #WhatsHappensInMyanmar

]]>