ပြင်သစ်ကုမ္ပဏီ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ပြင်သစ်ကုမ္ပဏီ Covering Burma and Southeast Asia Fri, 31 Mar 2023 17:59:32 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ပြင်သစ်ကုမ္ပဏီ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ပြင်သစ်ကုမ္ပဏီ 32 32 မြန်မာ့အရက်ဈေးကွက်ထဲ ပြင်သစ်ကုမ္ပဏီ Pernod Ricard ဝင်လာ https://burma.irrawaddy.com/business/2018/05/26/159591.html Sat, 26 May 2018 05:53:16 +0000 https://burma.irrawaddy.com/lytbox/?p=159591 သဘောတူညီချက်အရ  ပြင်သစ်ကုမ္ပဏီက High Class ဝီစကီကို ထိန်းချုပ်မည်ပါရီအခြေစိုက် ဝိုင်နှင့် အရက်ကုမ္ပဏီ ပရာနော့ ဖရစ်ကာ့ချ် Pernod Ricard နှင့် မြန်မာ ဝီစကီ High Class ကို ထုတ်သော Yoma Strategic Holdings တို့ကြား သဘောတူညီချက်တခုကို သောကြာနေ့က ကြေညာလိုက်သည်။ ]]> သဘောတူညီချက်အရ  ပြင်သစ်ကုမ္ပဏီက High Class ဝီစကီကို ထိန်းချုပ်မည်

ပါရီအခြေစိုက် ဝိုင်နှင့် အရက်ကုမ္ပဏီ ပရာနော့ ဖရစ်ကာ့ချ် Pernod Ricard နှင့် မြန်မာ ထိပ်တန်းဝီစကီ အမှတ်တံဆိပ် High Class ကို ထုတ်သော ရိုးမမဟာဗျူဟာဦးပိုင် Yoma Strategic Holdings တို့ကြား သဘောတူညီချက်တခုကို သောကြာနေ့က ကြေညာလိုက်သည်။

ဒေသတွင်း သတင်းစာများ၏အဆိုအရ အဆိုပါ ပြင်သစ်ကုမ္ပဏီသည် ဦးသိမ်းဝေ၏ Yoma Strategic Holdings ပူးပေါင်းတည်ထောင်ပြီး ပုဂ္ဂလိက ပိုင်ဆိုင်မှုဖြစ်သည့် Delta Capital Myanmar ရိုးမ၊ ပေါင်းခံစက်ရုံနှင့်ဖန်ထည်စက်ရုံတို့ကို ပိုင်ဆိုင်သည့် ဦးထွန်းဝင်း၊ ဦးဇော်ဝင်း ညီနောင်တို့နှင့် စီးပွားဖက်အနေဖြင့် ယင်းသဘောတူစာချုပ် ချုပ်ဆိုကြခြင်းဖြစ်သည်။

ဤသဘောတူညီချက်တွင် ပြင်သစ်ကုမ္ပဏီသည် အကြီးဆုံး အစုရှယ်ပိုင်ရှင် ဖြစ်လာမည်ဖြစ်ပြီး ဤနိုင်ငံတွင် ထိပ်တန်းအမှတ်တံဆိပ်ဖြစ်သော High Class ဝီစကီ ထုတ်လုပ်ဖြန့်ဖြူးသည့် Access Myanmar Distribution Company ကိုလည်း စီမံထိန်းချုပ်မည်ဖြစ်သလို ၎င်း၏ ကိုယ်ပိုင်အမှတ်တံဆိပ်အချို့ကိုလည်း ယခုသဘောတူညီချက်၏ အစိတ်အပိုင်းအနေဖြင့် ယူဆောင်လာမည်ဟုလည်း သိရသည်။

ပြင်သစ်ကုမ္ပဏီ၏ ရင်းနှီးမြှပ်နှံမှု ဘဏ္ဍာရေးပမာဏကို ဖော်ပြခြင်း မရှိသေးပါ။သို့သော် Access Myanmar Distribution Company တွင် လက်လီဆိုင် ၄၀၀၀၀ နှင့် လက်ကားဆိုင် ၄၃ ဆိုင် ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

Pernod Ricard အာရှလုပ်ငန်း အမှုဆောင်ချုပ် ဖိလစ်ပီဂူရတ်တက် Philippe Guettat က မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး “အတိတ်ကာလက မကြုံစဖူးသော အလားအလာတွေနဲ့ ကြီးမားတဲ့ စီးပွားရေး တိုးတက်မှုဖြင့် တိုးတက်နေတဲ့ဈေးကွက်” ဟု ပြောဆိုသည်။

လန်ဒန်အခြေစိုက် သုတေသန ကုမ္ပဏီ IWSR အရ မြန်မာသည် အာရှတွင် အရက်သောက်သုံးမှု တိုးတက်နှုန်း အမြန်ဆုံး ဈေးကွက်တခု ဖြစ်သည်။ IWSR ၏ ဈေးကွက် တွက်နည်း စံချိန်စံညွှန်း ၉ လီတာဝင် ဗူး ၈ ဒဿမ ၆၆ သန်းကို ၂၀၁၆ ခုနှစ်အတွင်း မြန်မာများက သောက်သုံးခဲ့ကြပြီး ယင်းပမာဏသည် ၂၀၁၁ ခုနှစ်နှင့် နှိုင်းယှဉ်လျင် ၆၃ ရာခိုင်နှုန်း တက်လာခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်း တက်လိမ့်မည်ဟု မျှော်လင့်နေသည်။

Pernod Ricard သည် ကမ္ဘာ့ယမကာ ဈေးကွက်တွင် လူသိများသော အမည်များကို ထုတ်ဝေလျက်ရှိပြီး ယင်းတို့ထဲတွင် 100 Pipers ၊ Chivas Regal ၊ Jameson ကဲ့သို့ ဝီစကီများ၊ Absolut ကဲ့သို့ ဗော့ဒ်ကာအရက်ဖြူ၊ Havana Club ကဲ့သို့ ရမ်အရက်နှင့် Jacob’s Creek ကဲ့သို့ ဝိုင် အမှတ်တံဆိပ်များ ပါဝင်သည်။

ရိုးမနှင့် သဘောတူညီချက်တွင် Pernod Ricard က High Class ဝီစကီ စီးပွားရေးလုပ်ငန်း ပြန်လည်ဖွဲ့စည်း တည်ဆောက်မှုကို ရှေ့နှစ် အပြီး လုပ်မည်ဟု ကြေညာထားသည်။

ကိုးကား ။          ။ Financial Times, Nikkei Asian Review

]]>