ပြောင်းလဲ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ပြောင်းလဲ Covering Burma and Southeast Asia Sun, 02 Apr 2023 17:54:00 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ပြောင်းလဲ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ပြောင်းလဲ 32 32 တန်ဖိုးကြီး ငွေစက္ကူများ ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံဖြင့် ပြောင်းလဲ ထုတ်ဝေမည် https://burma.irrawaddy.com/news/short-news/2019/11/05/207692.html Tue, 05 Nov 2019 00:49:32 +0000 https://burma.irrawaddy.com/lytbox/?p=207692 မြန်မာ ငွေကျပ် တသောင်းတန်များ  /  ဧရာဝတီလက်ရှိ ထုတ်ဝေထားပြီး ဖြစ်သော ငွေစက္ကူများထဲမှ တန်ဖိုးကြီး ငွေစက္ကူတချို့ကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများဖြင့် ဒီဇင်ဘာ လတွင် စတင်ပြောင်းလဲ ထုတ်ဝေသွားမည် ဖြစ်ကြောင်း ]]> မြန်မာ ငွေကျပ် တသောင်းတန်များ  /  ဧရာဝတီ

လက်ရှိ ထုတ်ဝေထားပြီး ဖြစ်သော ငွေစက္ကူများထဲမှ တန်ဖိုးကြီး ငွေစက္ကူတချို့ကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများဖြင့် ဒီဇင်ဘာ လတွင် စတင်ပြောင်းလဲ ထုတ်ဝေသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။

ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးမင်းက“ထုတ်မယ်ဆိုရင်တော့ သူက စီးရီးလိုက် ထုတ်ရမှာပေါ့။ သို့သော်လည်း တကြိမ်တည်းနဲ့ အကုန်လုံး ထုတ်မလားတော့ မပြောနိုင်သေးဘူး။ အခု ထုတ်ဝေပြီးသားဖြစ်တဲ့ ငွေစက္ကူတွေထဲက တန်ဖိုးကြီးတဲ့ဟာ တခု ဖြစ်မှာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူသည် လက်ရှိအချိန်တွင် အမြင့်ဆုံး တန်ဖိုးရှိသော ကျပ် ငါးထောင်တန် နှင့် ကျပ် တသောင်း တန် ထဲမှ ငွေစက္ကူတခုခု ဖြစ်လာနိုင်ခြေ ရှိကြောင်း ငွေရေးကြေးရေး နှင့် စီးပွားရေး ပညာရှင်များက သုံးသပ်လျက်ရှိသည်။

ယင်းသို့ ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူအသစ်များ ထုတ်လုပ်ခြင်းသည် ပြည်တွင်း ငွေကြေးဖောင်းပွနှုန်း အပေါ် သက်ရောက်မှု အများအပြား မရှိနိုင်ကြောင်း စီးပွားရေး ပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က ဧရာဝတီသို့ ပြောသည်။

၎င်းက“ဒီအကြောင်းတခုတည်းနဲ့တော့ ငွေကြေးဖောင်းပွမှုက မဖြစ်လာနိုင်ဘူး။ တခြား အကြောင်းကြောင့်တော့ ဖြစ်ချင် ဖြစ် မယ် ဒီငွေစက္ကူအသစ် ထုတ်တာကြောင့်တော့ မဖြစ်နိုင်ဘူး”ဟု ပြောဆိုသည်။

ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေး ဦးသန်းလွင်ကလည်း ယင်းသို့ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူအသစ်များ ထုတ် လုပ် ခြင်းသည် ပြည်တွင်းငွေကြေး ဖောင်းပွမှုအပေါ် မသက်ရောက်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက“ငွေစက္ကူက ဒီဇိုင်းအသစ် ထုတ်မယ်ဆိုရင် အဟောင်းကို လျှော့လိုက်တယ်လေ။ သူက အဟောင်းကို လျှော့ပြီး ဒီဇိုင်း အသစ်မှာ ဗိုလ်ချုပ်ပုံနဲ့ဆိုတော့ ကမ္ဘာမှာလည်း နည်းနည်းသင့်တော်လာမှာပေါ့ ”ဟု ပြောဆိုသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငွေစက္ကူများကို တစ်ကျပ်တန်၊ ငါးကျပ်တန်၊ ၁ဝ တန်၊ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၇၅ ကျပ်တန်၊ ၁၀၀ တန် နှင့် အကြွေစေ့များကို ရိုက်နှိပ် ထုတ်ဝေခဲ့ဖူးသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံပါသော ငွေစက္ကူကို ရိုက်နှိပ်ပေးရန် အစိုးရသို့ တိုက်တွန်းသော အဆိုကို ပြည်သူ့လွှတ်တော်က ၂၀၁၇ ခုနှစ်အတွင်း အတည်ပြုထားခဲ့သည်

]]>