ဖိုးချိမု Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဖိုးချိမု Covering Burma and Southeast Asia Sun, 26 May 2024 12:13:11 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဖိုးချိမု Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဖိုးချိမု 32 32 ကရင်-ထိုင်းနယ်စပ်က နောက်ဆုံးအထိုင်စခန်း ဖိုးချိမုကို သိမ်းပိုက် (ရုပ်/သံ) https://burma.irrawaddy.com/video/2024/05/26/384204.html Sun, 26 May 2024 12:13:11 +0000 https://burma.irrawaddy.com/?p=384204 ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက နောက်ဆုံးအထိုင် စခန်းဖြစ်တဲ့ ဖိုးချိမုစခန်းကို သိမ်းပိုက်လိုက်တာကြောင့် ကရင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ ထိုင်းမြန်မာ နယ်စပ်တလျောက်ကို အပြည့်အဝထိန်းချုပ်ထားနိုင်ပြီလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။ ]]>

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက နောက်ဆုံးအထိုင် စခန်းဖြစ်တဲ့ ဖိုးချိမုစခန်းကို သိမ်းပိုက်လိုက်တာကြောင့် ကရင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ ထိုင်း-မြန်မာ နယ်စပ်တလျောက်ကို အပြည့်အဝထိန်းချုပ်ထားနိုင်ပြီလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့လပေါင်းများစွာတည်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖိုးချိမုစခန်းကို ရိက္ခာလမ်းကြောင်း ဖြတ်တောက်ထားပြီးတော့ မေလ ၁၇ရက်နေ့ကစပြီး ဒရုန်းစစ်ဆင်ရေးတွေနဲ့အတူ စစ်ဆင်ရေးအရှိန်မြှင့်တင်ပြီး မေလ ၁၉ရက် နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြေညာလိုက်ပါတယ်။

ဒီစခန်းက အမှတ် ၁၃ စစ် ဆင်ရေး ကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ)၅၅၇၊ ခြေမြန် တပ်ရင်း ၅၆၁ နဲ့ အမြောက်တပ် ၃၉၉ တို့က ထုတ်နုတ်အင်အားတွေနဲ့ ပူးပေါင်းအထိုင်ချထားတဲ့ စခန်းဖြစ်ပါတယ်။

အဆိုပါ စခန်းကို ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသအထူးစစ်ဆင်ရေး တပ်ဖွဲ့ (S.O.F) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတာပါ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

]]>