ဖေ့စ်ဘုတ်ဆယ်လီ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဖေ့စ်ဘုတ်ဆယ်လီ Covering Burma and Southeast Asia Fri, 31 Mar 2023 16:29:23 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဖေ့စ်ဘုတ်ဆယ်လီ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဖေ့စ်ဘုတ်ဆယ်လီ 32 32 ဖေ့စ်ဘုတ်ဆယ်လီ အောင်ရဲထွေး ကွယ်လွန် https://burma.irrawaddy.com/lifestyle/entertainment/2018/01/02/148945.html Tue, 02 Jan 2018 10:38:44 +0000 https://burma.irrawaddy.com/lytbox/?p=148945 ဖေ့ဘုတ်ဆယ်လီ အောင်ရဲထွေး / အောင်ရဲထွေး ဖေ့စ်ဘုတ်အောင်ရဲထွေး သေဆုံးမှုနဲ့ပတ်သက်ပြီး အမည်မသိလူတစုက ဝိုင်းရိုက်ခဲ့သဖြင့် ဦးခေါင်းတွင် အပြင်းအထန်ဒဏ်ရာရရှိပြီး ဆေးရုံတွင် ခွဲစိတ်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်လွန်းသဖြင့် သေဆုံးသွားခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှ ရေးသားနေကြတာကိုလည်း တွေ့ရပါတယ်။ ]]> ဖေ့ဘုတ်ဆယ်လီ အောင်ရဲထွေး / အောင်ရဲထွေး ဖေ့စ်ဘုတ်

ဖေ့စ်ဘုတ်ပေါ်တွင် ဟာသဗီဒီယိုများဖြင့် ပရိသတ်အားပေးမှုရရှိခဲ့တဲ့ ဖေ့စ်ဘုတ်ဆယ်လီ အောင်ရဲထွေးဟာ ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့ နေ့လည်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့တယ်လို့ အစ်ကိုဖြစ်သူ ကိုသန့်စင်က ဧရာဝတီကို ပြောပါတယ်။

“သူဆုံးသွားပါပြီ။ ဒီ နေ့လည် ၃ နာရီလောက်ကပါ။ ဖေ့စ်ဘုတ်မှာ တက်နေတဲ့စာတွေကိုတော့ ကျနော်မဖတ်ရသေးပါဘူး ။ သူဆုံးသွားတာတော့ ဟုတ်ပါတယ်” လို့ အစ်ကိုဖြစ်သူ ကိုသန့်စင်က ပြောပါတယ်။

အောင်ရဲထွေး သေဆုံးမှုနဲ့ပတ်သက်ပြီး အမည်မသိလူတစုက ဝိုင်းရိုက်ခဲ့သဖြင့် ဦးခေါင်းတွင် အပြင်းအထန်ဒဏ်ရာရရှိပြီး ဆေးရုံတွင် ခွဲစိတ်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်လွန်းသဖြင့် သေဆုံးသွားခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှ ရေးသားနေကြတာကိုလည်း တွေ့ရပါတယ်။

အောင်ရဲထွေးဟာ Kelvin Kate ဆိုသူနဲ့အတူ ၂၀၁၆ ခုနှစ် ဝန်းကျင်လောက်မှ စတင်ပြီး Facebook ပေါ်တွင် ဟာသဗီဒီယိုများ၊ သရော်ထားသည့် ဟာသဗီဒီယိုများ တင်လာခဲ့ရာမှ လူသိများလာခဲ့ပြီး ယခုအခါတွင် ဇာတ်လမ်းတွဲများလည်း ရိုက်ကူးလျက်ရှိပါတယ်။

ဒါ့အပြင် မကြာသေးမီကလည်း Myanmar Social Influencer Award 2017 တွင် Influencer of The Year (Comedy /Satier) ကိုရရှိခဲ့သူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က အောင်ရဲထွေးရဲ့ ဖေ့စ်ဘုတ်တွင် နောက်ဆုံးတင်ခဲ့တဲ့ သူ့ရဲ့ ဟာသဗီဒီယိုဖိုင်ကို ဖော်ပြလိုက်ပါတယ်။

https://www.facebook.com/yellhtweaung/videos/1830903730267821/

]]>