မဟာဗျူဟာဆက်ဆံရေး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/မဟာဗျူဟာဆက်ဆံရေး Covering Burma and Southeast Asia Fri, 21 Aug 2026 05:19:22 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png မဟာဗျူဟာဆက်ဆံရေး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/မဟာဗျူဟာဆက်ဆံရေး 32 32 ပေးဆပ်ဖို့ အသင့်ရှိနေတဲ့ မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ် https://burma.irrawaddy.com/opinion/viewpoint/2026/08/21/415653.html Fri, 21 Aug 2026 05:19:22 +0000 https://burma.irrawaddy.com/?p=415653 မြန်မာစစ်ခေါင်းဆောင်သမ္မတ မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ပူတင်တို့ရဲ့ တွေ့ဆုံမှုဟာ မပြီးဆုံးသေးတဲ့ ရေရှည်စစ်ပွဲ ဆင်နွှဲနေသူနှစ်ဦးရဲ့ တွေ့ဆုံမှုလည်း ဖြစ်တယ်။]]>

တိုက်ဆိုင်တယ်လို့ပဲ ဆိုရမလားမသိ။ မြန်မာစစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင် ရဲ့ ရုရှားခရီးစဉ်ဟာ ၁၉၉၁ ခုနှစ်၊ ဩဂုတ်လက ဆိုဗီယက်ပြည်ထောင်စု၊ မော်စကိုမြို့မှာ ဆိုဗီယက် စစ်ဗိုလ်ချုပ်ကြီးတွေက “မအောင်မြင်တဲ့ အာဏာသိမ်းပွဲ” ရုတ်တရက် ဆင်နွှဲခဲ့ချိန်နဲ့ တထပ်တည်းကျနေတယ်။ ကေဂျီဘီအကြီးအကဲ၊ ကာကွယ်ရေးဝန်ကြီး၊ ဝန်ကြီးချုပ်နဲ့ သဘောထားတင်းမာတဲ့ ကွန်မြူနစ်ခေါင်းဆောင်တွေ ပါဝင်တဲ့ ၈ ဦးပါအဖွဲ့ဟာ ၁၉၉၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်မှာ ခရိုင်းမီးယားကို အပန်းဖြေခရီး ရောက်ရှိနေတဲ့ ဆိုဗီယက်ခေါင်းဆောင် မီခေးလ် ဂေါ်ဘာချက်ဗ်ကို ဖမ်းဆီးထိန်းသိမ်းပြီး အရေးပေါ် အခြေအနေ ကြေညာခဲ့တယ်။ ဩဂုတ်လ ၁၉ ရက်မှာ ဂေါ်ဘာချက်ဗ် ကျန်းမာရေးဆိုးရွားနေတယ်လို့ ကြေညာပြီး မော်စကိုမြို့ လမ်းမတွေပေါ်မှာ တင့်ကားတွေလှည့်လည်ကာ စစ်သားတွေ ချထားလိုက်တယ်။ အာဏာသိမ်းအဖွဲ့ဟာ ခရိုင်းမီးယားမှာရှိတဲ့ ဂေါ်ဘာချက်ဗ်ရဲ့ ဆက်သွယ်ရေးဖုန်းလိုင်းတွေအားလုံး ဖြတ်တောက်ထားလိုက်ပြီး သမ္မတအဖြစ်က နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတယ်။

မော်စကိုမှာ အခြေအနေတွေ တင်းမာလာချိန်မှာ ရုရှားသမ္မတ ဘောရစ်ယဲ့လ်ဆင် လမ်းမပေါ်ထွက်လာပြီး ရုရှားပါလီမန်အဆောက်အအုံ (ရုရှားအိမ်ဖြူတော်) ရှေ့မှာ တင့်ကားတစီးပေါ် တက်ပြီး အာဏာသိမ်းမှုကို ပြည်သူတွေနဲ့အတူ ဆန့်ကျင်အံတုခဲ့တယ်။ ဆိုဗီယက်စစ်သားများနဲ့ ထိပ်တန်းကေဂျီဘီ အဖွဲ့ဝင်များက အရပ်သားများကို ပစ်ခတ်နှိမ်နင်းဖို့ ငြင်းဆန်တဲ့အတွက် အာဏာသိမ်းမှုဟာ ဩဂုတ်လ ၂၁ ရက်မှာ ပျက်ပြယ်သွားတယ်။

မအောင်မြင်တဲ့ ဆိုဗီယက် အာဏာသိမ်းမှုဟာ ၁၉၉၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်ကနေ ၂၁ ရက်အတွင်း ဖြစ်ပွားခဲ့တာပါ။ တိုက်ဆိုင်လွန်းတယ်လို့ပဲ ပြောရမလားမသိ။

မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်ရဲ့ ခု နောက်ဆုံး ရုရှားခရီးစဉ်ဟာ ဆိုဗီယက်မှာ “မအောင်မြင်တဲ့ အာဏာသိမ်းပွဲ” ဖြစ်ပွားခဲ့တဲ့ ဩဂုတ်လ ၁၈-၂၁ ရက်အချိန်နဲ့ တထပ်တည်းကျ နေတာပါ။ ဆိုဗီယက်ပြည်ထောင်စုကြီး ကံဆိုးမိုးမှောင်ကျနေခဲ့စဉ် ကာလတခုနဲ့ တိုက်ဆိုင်စွာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင် မော်စကိုမြို့ကို ရောက်ရှိလာခဲ့တယ်လို့ပဲ ဆိုရမယ်။

အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်အဖို့တော့ “ရုရှား” ဟာ အိမ်ဦး နဲ့ ကြမ်းပြင် ဖြစ်နေပါပြီ။ ခုလို သူ့ကိုယ်သူ သမ္မတအဖြစ်နဲ့ရော သမ္မတမဖြစ်မီ အာဏာသိမ်း စစ်ဗိုလ်ချုပ်အဖြစ်နဲ့ပါ ရုရှားကို အကြိမ်ကြိမ်ရောက်ခဲ့ပြီးပါပြီ။ သူ့အဖို့လည်း တရုတ်နဲ့ ရုရှားကလွဲပြီး သွားစရာနိုင်ငံက မရှိဘဲကိုး။ ခုလို သူ့ကိုယ်သူ ရွေးကောက်ခံ သမ္မတအဖြစ် မတင်မြှောက်မီ လွန်ခဲ့တဲ့ ငါးနှစ်တာကာလ အတွင်း သူ့ရဲ့ ရုရှားခရီးစဉ်အားလုံးဟာ သာမန်ဧည့်သည်တဦး၊ စစ်ရေးအကူအညီရယူသူ၊ လက်နက်ဖောက်သည်တဦးထက် မပိုပါဘူး။ သူ့ကို ရုရှားသမ္မတ ပူတင်ကိုယ်တိုင် ထွက်မတွေ့သလို ဟိုနား ဒီနား လှည့်လည်၊ လက်နက်စက်ရုံတွေ ကြည့်ပြီး ပြန်ခဲ့တာပဲ များခဲ့တယ်။ မင်းအောင်လှိုင်ရဲ့ တရားဝင်ရုရှားခရီးစဉ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလကျမှ ဖြစ်ခဲ့တာပါ။ ၆ ကြိမ်မြောက် အဲဒီ ရုရှားခရီးစဉ်မှာ သမ္မတပူတင်နဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး ပူတင်ကို ရာဇဝင်ထဲက ကြွက်မင်းကြီးအဖြစ် မြှောက်ပင့်ပြောဆိုခဲ့တယ်။

ဒီတခေါက် ခရီးစဉ်ကတော့ သူ့ကိုယ်သူ သမ္မတဖြစ်ပြီ၊ ပြည်သူက ရွေးချယ်လိုက်တဲ့ သမ္မတဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ရောက်ရှိလာခဲ့တာပါ။ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း ပြည်ပခရီးစဉ်တွေအပြီး ပဉ္စမမြောက်ခရီးစဉ် အဖြစ် ရောက်ရှိလာတာလည်းဖြစ်တယ်။ သမ္မတဖြစ်ပြီဆိုတော့ နိုင်ငံ့ခေါင်းဆောင်များရဲ့ ပရိုတိုကောလ်အရ ကြိုဆိုဂုဏ်ပြုခံရပြီး သမ္မတပူတင်ကလည်း လိုလိုလားလား လက်ခံတွေ့ဆုံတာ တွေ့ရတယ်။

ရုရှားသမ္မတ ပူတင်အဖို့တော့ မြန်မာသမ္မတ မင်းအောင်လှိုင် အပေါ် အထူးအဆန်းပုဂ္ဂိုလ်တဦးအဖြစ် မြင်ကောင်း မြင်နေနိုင်တယ်။ တကယ်တော့ ရုရှားနဲ့ မြန်မာက ပထဝီအနေအထားအရ အဝေးကြီးဖြစ်သလို အကျိုးစီးပွားလည်း သိပ်ထွေထူး ရှိလှတာမဟုတ်ဘူး။ ရုရှားအတွက် မြန်မာက လက်နက်ဖောက်သည်ဖြစ်ပေမယ့် မြန်မာမှာ ရုရှားရင်းနှီးမြှုပ်နှံမှုတော့ ပြောပလောက်အောင် မရှိဘူး။ မကြာခဏ ရုရှားကို လာနေတတ်ပြီး ကမ္ဘာ့နိုင်ငံတွေကလည်း သိပ်အဖက်မလုပ်တဲ့ မင်းအောင်လှိုင်ကို နောက်ဆုံးမှာ ပူတင် တရားဝင် တွေ့လိုက်တယ်။

၁၉၉၁ ခုနှစ်၊ ဩဂုတ်လတွင် ဆိုဗီယက်စစ်တပ်က အစိုးရအား အာဏာသိမ်းရန် ကြိုးပမ်းခဲ့စဉ်၊ ရုရှားသမ္မတ ဘောရစ်ယဲ့လ်ဆင်က ထိုအာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး ကြံ့ကြံ့ခံ အံတုတုံ့ပြန်ခဲ့သည်/ TIME

ပူတင်ကိုယ်တိုင်ကလည်း ယူကရိန်းစစ်ကြောင့် ပိတ်ဆို့အရေးယူခံထားရပြီး မဟာမိတ် လိုနေတယ်။ ပူတင်ဟာ တရုတ်ကို ကျောချင်းကပ်ထားရသလို မြောက်ကိုးရီးယားနဲ့လည်း စစ်ရေးမဟာမိတ် ဖွဲ့ထားရတယ်။ မြန်မာက တရုတ်နောက်ကျောမှာ ရှိပြီး ရုရှားအတွက် သိပ်အရေးပါလွန်းလှတာတော့မဟုတ်ဘူး။ စစ်အေးခေတ်၊ ဆိုဗီယက်ခေတ်တုန်းကလို အမေရိကန်နဲ့ အနောက်အုပ်စုကို တန်ပြန်ဟန့်တားဖို့လည်း မလိုဘူး။ ယူကရိန်းစစ်ကြောင့် ကိုယ်တိုင် စီးပွားရေးကျဆင်းနေတဲ့ ရုရှားရဲ့ အားသာချက်က တိုက်လေယာဉ်နဲ့ စစ်လက်နက်၊ တာဝေးပစ်ဒုံးပျံ၊ နျူကလီးယားနဲ့ အာကာသနည်းပညာတို့ပဲ ဖြစ်တယ်။ မြန်မာစစ်တပ်က ပြည်တွင်းစစ်မှာ လေကြောင်းတိုက်ခိုက်မှုတခုတည်းကိုသာ အဓိက အားကိုးနေရသလို ဒီတိုက်ခိုက်မှုတွေမှာ ရုရှားလုပ် တိုက်လေယာဉ်တွေက အဓိကအခန်းကနေ ပါဝင်နေတယ်။

စစ်ရေးမဟာဗျူဟာအရ အခြားတချက်ကတော့ “တရုတ်အပေါ် အလုံးစုံ အားမကိုးရေး” ဖြစ်တယ်။ မြန်မာစစ်တပ်ဟာ တရုတ် နဲ့ တစုံတရာ ထိပ်တိုက်တွေ့လာခဲ့ရင် ရုရှားအကူအညီ၊ ရုရှားစစ်လက်နက်ကို အားကိုးနိုင်ဖို့ ရုရှားနဲ့ ထိတွေ့နေတာလည်း ဖြစ်တယ်။ နိုင်ငံရေးမှာ အကျိုးစီးပွားအတွက် ရုရှားက တရုတ်နဲ့ မဟာဗျူဟာဆက်ဆံရေး ထူထောင်ထားသလို မြန်မာစစ်တပ်ကလည်း ရုရှားနဲ့ အနီးကပ်ဆက်ဆံပြီး မဟာမိတ်ပြုထားတာ ဖြစ်တယ်။

အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်အတွက်တော့ ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေတွေဖြစ်လို့ တရုတ်၊ ရုရှား နဲ့ အနီးကပ်ဆက်ဆံပြီး အနောက်အုပ်စုကို အာခံနေတာဖြစ်တယ်။ သူ့ကို ဘယ်သူကမှ တရားဝင်အသိအမှတ်ပြုမှု (legitimacy) မပေးလည်း အသိအမှတ်ပြုသူ လက်တဆုပ်စာနဲ့ ပေါင်းသင်းနေတာဖြစ်တယ်။

အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ကို ဒီတခါမှာတော့ ရုရှားသမ္မတ ပူတင်က တော်တော်လေး ဖက်လှဲတကင်း ကြိုဆိုတာတွေ့ရတယ်။ အရင်အခေါက်တွေနဲ့မတူ သတင်းစာရှင်းလင်းပွဲလို နှစ်နိုင်ငံ သဘောတူညီချက်တွေကို ထုတ်ပြန်တာ တွေ့ရတယ်။ သမ္မတပူတင်ဟာ ရှီကျင့်ဖျင်၊ ကင်ဂျုံးအွန်၊ လူကာရှန်ကို၊ ကွယ်လွန်သူ အီရန်ခေါင်းဆောင် အလီခါမေနီ၊ ပြည်ပြေးအဖြစ် လက်ခံထားရတဲ့ ဆီးရီးယားသမ္မတ အာဆတ် တို့လောက်ကိုသာ အရေးတယူ ဆက်ဆံလေ့ရှိခဲ့တယ်။ သူ့ဆီကို မကြာခဏ လာလေ့ရှိတဲ့ အာဏာသိမ်း မြန်မာသမ္မတကိုတော့ အရင်အခါတွေက အရေးတယူမရှိခဲ့ပေမယ့် ဒီတခါမှာတော့ အသေအချာ ဆက်ဆံသလို နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေလည်း ထုတ်ပြန်ခဲ့တယ်။

မင်းအောင်လှိုင်က ပူတင်ကို မျက်နှာလို မျက်နှာရ ရုရှားအတွက် “ပေးဆပ်ဖို့ အသင့်ရှိကြောင်း” သမ္မတနန်းတော် တွေ့ဆုံပွဲမှာ ကတိပေး ပြောဆိုခဲ့တယ်။ ရုရှားနိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ နဲ့ အရှေ့တောင်အာရှမှာ ရုရှားအတွက် အမြဲအားကိုးရတဲ့ မဟာမိတ်အဖြစ် “အသင့်ရှိနေတယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပေမယ့် ရုရှားအတွက် လိုအပ်ရင် ဘာမဆို (မြောက်ကိုးရီးယားက ယူကရိန်းစစ်မြေပြင် စစ်ကူပို့ပေးသလို) ပေးဆပ်ဖို့အသင့်ရှိတယ်လို့ တချို့က သုံးသပ်နေကြတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီက စတင်ခဲ့တဲ့ ရုရှားရဲ့ ယူကရိန်းစစ်ပွဲဟာ ခုဆိုရင် ၅ နှစ်တာထဲကို ချဉ်းကပ်ဝင်ရောက်လာပြီဖြစ်တယ်။ ယူကရိန်းစစ်ပွဲကြောင့် ရုရှားဟာ စီးပွားရေး အကြီးအကျယ် ထိခိုက်နစ်နာနေခဲ့တယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံများရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် ရုရှားနိုင်ငံက အနောက်အုပ်စုစီးပွားရေးလုပ်ငန်းအားလုံး ထွက်ခွာသွားခဲ့တယ်။ ရုရှားဟာ ယူကရိန်းစစ်ပွဲကြောင့် တနေ့ကို ဒေါ်လာ သန်း ၅၀၀ ကနေ တစ်ဘီလျံအထိ ဆုံးရှုံးနေပြီး နိုင်ငံတော်ရဲ့ ဘဏ္ဍာရေး၊ လူသားအရင်းအမြစ် နဲ့ အရေးကြီး အခြေခံအဆောက်အအုံတွေ အကြီးအကျယ် ဆုံးရှုံး နစ်နာနေရတယ်။

မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန (CSIS) က ပြုစုထားတဲ့ စာရင်းများအရ ယူကရိန်းစစ်ပွဲ ငါးနှစ်နီးပါးကာလအတွင်း ထိခိုက်ဒဏ်ရာရသူပေါင်း ၁.၄ သန်းရှိပြီး သေဆုံးသူပေါင်း ၄၅၀၀၀၀ ရှိပြီလို့ သိရတယ်။

မြန်မာစစ်ခေါင်းဆောင်သမ္မတ မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ပူတင်တို့ရဲ့ တွေ့ဆုံမှုဟာ မပြီးဆုံးသေးတဲ့ ရေရှည်စစ်ပွဲ ဆင်နွှဲနေသူနှစ်ဦးရဲ့ တွေ့ဆုံမှုလည်း ဖြစ်တယ်။ တဦးက မိမိပြည်သူတွေကို မိမိကိုယ်တိုင် စစ်ပွဲဆင်နွှဲနေသူဖြစ်ပြီး တဦးက မိမိရဲ့ အိမ်နီးချင်းနိုင်ငံနဲ့ စစ်ပွဲဆင်နွှဲနေတာဖြစ်တယ်။

အရင်အခေါက်တွေနဲ့မတူ သတင်းစာရှင်းလင်းပွဲလို နှစ်နိုင်ငံ သဘောတူညီချက်တွေကို ထုတ်ပြန်တာ တွေ့ရတယ်/ President of Russia

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က ရုရှားက မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ အသေးစား အနုမြူဓာတ်ပေါင်းဖိုတခု တည်ဆောက်ပေးဖို့ သဘောတူခဲ့တယ်။ ခုတခေါက် ခရီးစဉ်မှာလည်း ဒီသဘောတူညီချက် အကောင်အထည်ဖော်ဖို့အပါအဝင် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတွေ သဘောတူခဲ့ကြတယ်။ သယံဇာတရှာဖွေရေးနဲ့ ကမ်းလွန်ရေနံရှာဖွေထုတ်လုပ်ရေး၊ ရုရှားက သဘာဝဓာတ်ငွေ့ရည် (LNG) နဲ့ ရေနံဓာတ်ငွေ့ရည် (PNG) တွေကို မြန်မာနိုင်ငံကို တင်ပို့ပြီး မြန်မာကတဆင့် ဒေသတွင်း တခြားနိုင်ငံတွေကို တင်ပို့ဖို့၊ ရေနံစိမ်းတင်ပို့ပြီး ရေနံသန့်စင်ချက်လုပ်ဖို့၊ ထားဝယ်ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော်ဖို့၊ အဆင့်မြင့် နည်းပညာ ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်တယ်။

ရုရှားနဲ့ မြန်မာက စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ အရင်ကတည်းက လုပ်ဆောင်နေသလို ဆက်လက်ပြီး လုပ်ဆောင်ဖို့၊ ရုရှားနိုင်ငံမှာ ပညာသင်ကြားခဲ့တဲ့ မြန်မာကျောင်းသား ၁၇၀၀၀ ရှိခဲ့ပြီး အခုလက်ရှိ ကျောင်းသား ၄၀၀ ပညာသင်ကြားနေကြောင်း နဲ့ နှစ်နိုင်ငံ ဗီဇာမလိုဘဲ ဝင်ထွက်သွားလာဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက သဘောတူထားကြပြီးဖြစ်တယ်။

စစ်ခေါင်းဆောင်သမ္မတ မင်းအောင်လှိုင်ဟာ ဩဂုတ်လ ၂၁ ရက်မှာ မော်စကိုကနေ ဘီလာရုစ်နိုင်ငံကို ခရီးဆက်သွားပါတယ်။ ဘီလာရုစ်ဆိုတာ ဥရောပမှာ သက်တမ်းအရှည်ဆုံး အာဏာရှင် နဲ့ သမ္မတပူတင်ရဲ့အဓိက မဟာမိတ် လူကာရှန်ကို ဦးဆောင်တဲ့နိုင်ငံဖြစ်ပြီး စစ်ခေါင်းဆောင်ကို သမ္မတ မဖြစ်မီကတည်းက ထောက်ခံနေတဲ့ တခုတည်းသော ဥရောပနိုင်ငံလည်းဖြစ်တယ်။ ဒီနိုင်ငံနဲ့လည်း ရွှေလမ်း ငွေလမ်းဖောက်ထားပြီး ဗီဇာမလိုဘဲ ဝင်ထွက်သွားလာခွင့်ပြုထားပေမယ့် မြန်မာဘက်ကရော ဘီလာရုစ်ဘက်ကရော လည်ပတ်သွားလာသူ မရှိသလောက်ပါ။

မင်းအောင်လှိုင်ဟာ ရောက်ရာနိုင်ငံမှာ စီးပွားရေးဖိုရမ်တွေ ကျင်းပပြီး မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့၊ လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်နေပေမယ့် စစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ နဲ့ လည်ပတ်ဖို့ စိတ်ဝင်စားသူ မရှိသလောက်ပါပဲ။

တကယ်တော့ လက်ရှိအချိန်မှာ ရုရှားဆိုတာကလည်း စစ်ဒဏ်သင့် အထည်ကြီးပျက်နိုင်ငံတခုပါ။ ရုရှားနိုင်ငံသား လူလတ်တန်းစားတွေဟာ ရုရှားကို စွန့်ခွာပြီး ပြည်ပနိုင်ငံတွေမှာ အခြေချနေထိုင်နေကြတယ်။ ထူးခြားတဲ့ အချက်အလက်တခုအရ ထိုင်းနိုင်ငံမှာ ကွန်ဒိုမီနီယံတိုက်ခန်းတွေ ဝယ်ယူပိုင်ဆိုင်ပြီး လာရောက်အခြေချ နေထိုင်ကြသူ နိုင်ငံခြားသားတွေထဲမှာ ရုရှားက “တတိယ” နေရာလိုက်နေတာပါ။ တရုတ်က ပထမ၊ မြန်မာက ဒုတိယ နဲ့ ရုရှားက တတိယပါ။ မြန်မာနိုင်ငံက လူလတ်တန်းစားတချို့ ကိုယ့်နိုင်ငံထဲမှာ မနေနိုင်လို့ ပြည်ပကို တိမ်းရှောင် အခြေချသလိုမျိုး ရုရှားနိုင်ငံသားတွေလည်း နိုင်ငံကို စွန့်ခွာ ပြည်ပမှာ အခြေစိုက်နေတာပါ။

လူတွေဟာ လူ့အခွင့်အရေး အပြည့်အဝရှိပြီး စိတ်ချမ်းသာ ပျော်ရွှင်ရာအရပ်မှာ နေလိုကြတာ သဘာဝပါ။ တနိုင်ငံနဲ့ တနိုင်ငံ ဗီဇာမလိုဘဲ ပြည်ဝင်ခွင့်တွေ ဘယ်လောက်ပေးပေး၊ အဲဒီနိုင်ငံဟာ ပျော်ရွှင်စရာ မကောင်းရင်တော့ ဘယ်သူမှ လာမှာ မဟုတ်ပါဘူး။

]]>