လယ် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/လယ် Covering Burma and Southeast Asia Fri, 23 Oct 2026 06:28:38 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png လယ် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/လယ် 32 32 စပါးတင်းတရာ ကျပ် ၁၃သိန်းခွဲသတ်မှတ် ပေါက်ဈေးထက်နိမ့် တောင်သူတွက်ခြေမကိုက် https://burma.irrawaddy.com/news/2026/10/23/417203.html Fri, 23 Oct 2026 06:28:38 +0000 https://burma.irrawaddy.com/?p=417203 စိုက်ပျိုးစရိတ်ကြီးနေချိန် အခြေခံဈေး စပါးတင်း ၁၀၀ ကျပ် ၁၃ သိန်းခွဲ သတ်မှတ်လိုက်ခြင်းက ပြင်ပပေါက်ဈေးနှင့် များစွာကွာဟနေပြီး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များနှင့် မကာမိဟု လယ်သမားများက ဆိုသည်။ ]]>

စိုက်ပျိုးစရိတ်ကြီးနေချိန် အခြေခံဈေး စပါးတင်း ၁၀၀ ကျပ် ၁၃ သိန်းခွဲ သတ်မှတ်လိုက်ခြင်းက ပြင်ပပေါက်ဈေးနှင့် များစွာကွာဟနေပြီး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များနှင့် မကာမိဟု လယ်သမားများက ဆိုသည်။

အာဏာသိမ်းအစိုးရ ကျောထောက်နောက်ခံပြု “တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့”က ယခုနှစ်ပေါ်မည့် မိုးစပါးနှင့် လာမည်နှစ်ပေါ်မည့် နွေစပါးကို သတ်မှတ်အရည်အသွေး အစိုဓာတ် ၁၄ ရာခိုင်နှုန်း စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် တတင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ကို ကျပ် ၁၃ သိန်းခွဲဖြင့် အောက်တိုဘာ ၂၁ ရက်က အခြေခံဈေးသတ်ပေးလိုက် ခြင်းဖြစ်သည်။

လက်ရှိပြင်ပပေါက်ဈေးက စပါးတင်း ၁၀၀ ကျပ် ၁၉ သိန်းမှ သိန်း ၂၀ ကျော်အထိရှိနေပြီး တချို့ဒေသများတွင် ကျပ်သိန်း ၃၀ ဝန်းကျင်ရှိကာ ပေါ်ဆန်းစပါးဈေးမှာလည်း ကျပ်သိန်း ၅၀ ကျော်မှ သိန်း ၆၀ ကျော်အထိ ရှိကြောင်း လယ်သမားများ ထံက သိရသည်။

စပါးအမျိုးအစားအလိုက် ဈေးကွာခြားသည့်အပြင် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်နေခြင်းကြောင့် တင်း ၁၀၀ ကျပ် ၁၃ သိန်းခွဲဆိုသည့် အခြေခံရည်ညွှန်းဈေး သတ်မှတ်ချက်အပေါ် လယ်သမားများ စိုးရိမ်ကြသည်။

နေပြည်တော်ရှိ လယ်သမားတဦးက “ဒီဘက်မှာတော့ စပါးဈေးက တင်း ၁၀၀ ကို ၁၉ သိန်း၊ ၂၀ သိန်းရှိတယ်။ ဒီဈေးနဲ့ တောင် လုပ်အားခတွေ ဘာတွေ နုတ်လိုက်ရင် ဘယ်လောက်မှ မကျန်တော့ဘူး။ စိုက်စရိတ်တွေကလည်း များတယ်။ စပါးဈေးကိုကျတော့ ဒီလောက်ပဲ အခြေခံသတ်မှတ်တာကတော့ မဖြစ်သင့်ဘူး” ဟု ပြောသည်။

ထို့ကြောင့် စပါးအခြေခံ ရည်ညွှန်းဈေး သတ်မှတ်ရာတွင် ထုတ်လုပ်မှု ကုန်ကျစရိတ်၊ မြေဩဇာနှင့် အခြားသွင်းအားစု ဈေးနှုန်းများ၊ လုပ်အားခနှင့် ချေးငွေ အတိုးစရိတ်တို့ကို ထည့်သွင်း စဉ်းစားပေးရန် လယ်သမားများက လိုလားကြောင်း ဆိုကြသည်။

ယခုနှစ် မိုးစပါးအထွက်နှုန်းမှာ လျော့ကျနေပြီး တဧက ပျမ်းမျှ စပါး ၆၈ တင်းမှ ၇၅ တင်းခန့်သာထွက်ပြီး စိုက်ပျိုး ထုတ် လုပ်မှုကုန်ကျစရိတ်မှာ တဧက ကျပ် ၁၂ သိန်းဝန်းကျင်ရှိပြီး ချေးငွေအတိုးတို့ကို ထည့်တွက်ထားခြင်း မရှိကြောင်း၊ ပျမ်းမျှ တဧက ၆၈ တင်းထွက်လျှင် စပါးတတင်း၏ ကုန်ကျစရိတ်က ကျပ် ၁၇,၆၄၇ ခန့်ရှိပြီး ၇၅ တင်းထွက်လှင် ကျပ် ၁၆,၀၀၀ ခန့်ရှိမည် ဖြစ်သည်။

လက်ရှိ ထွန်စက်မောင်းခ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ မြေဩဇာ၊ ရိတ်သိမ်းခနှင့် အခြားသွင်းအားစု များကို အာဏာသိမ်းအစိုးရပြောဆိုနေသည့် သတ်မှတ်ဈေးနှုန်းဖြင့် အမှန်တကယ် ဝယ်ယူမရသဖြင့် ပြင်ပပေါက်ဈေး ဖြင့်သာ ဝယ်ယူရကြောင်း လယ်သမားများကဆိုသည်။

ထို့အတွက် အခြေခံရည်ညွှန်းဈေး စပါးတင်း ၁၀၀ ကို ကျပ် ၁၃ သိန်းခွဲသတ်မှတ်လျှင် တတင်း ကျပ် ၁၃,၅၀၀ သာ ရမည်ဖြစ်သဖြင့် တဧက ကုန်ကျစရိတ် ကျပ် ၁၂ သိန်းကိုပင် ပြန်လည်ကာမိရန် အခက်အခဲ ရှိနေသည်။

လက်ရှိ ပုလဲဓာတ်မြေဩဇာ တအိတ်လျှင် ကျပ် ၁ သိန်း ၂ သောင်းမှ ၁ သိန်း ၄ သောင်းဝန်းကျင်၊ ၁၅ ပတ်လည် ကွန်ပေါင်း ဓာတ်မြေဩဇာတအိတ်လျှင် ကျပ် ၁ သိန်း ၅ သောင်းမှ ၁ သိန်း ၆ သောင်းဝန်းကျင်အထိရှိနေကြောင်း လယ်သမားများထံ က သိရသည်။

ဧရာဝတီတိုင်းမှ လယ်သမားတဦးကလည်း “မြေဩဇာကလည်း သတ်မှတ်ဈေးနဲ့ ဝယ်လို့မရဘူး။ ကိုယ်နဲ့နီးစပ်ရာ ဆိုင်တွေ မှာ ဝယ်ရတာ၊ တအိတ်ကို အနိမ့်ဆုံး ၈ သောင်း၊ ၉ သောင်းကနေ ၁ သိန်းခွဲလောက်အထိ ရှိတယ်။ သီးနှံပေါ်ပေးနဲ့ ဝယ်ရ တော့ တလအတိုးနှုန်းကလည်း ၃ ကျပ်တိုး၊ ၅ ကျပ်တိုးဆိုတာတွေ ရှိတယ်။ အခုလို စိုက်စရိတ်တွေ များနေတဲ့အချိန်မှာ စပါးဈေး ၁၃ သိန်းခွဲ ဆိုတာ စိုက်စရိတ်တောင် မကာမိနိုင်ဘူး” ဟု ပြောသည်။

ထို့ပြင် ထုတ်ပြန်ချက်၌ ဈေးကွက်ပေါက်ဈေးက သတ်မှတ်ဈေးထက်မြင့်လျှင် ပေါက်ဈေးအတိုင်း ဝယ်ယူရမည်ဖြစ်ပြီး ပေါက်ဈေးက သတ်မှတ်ဈေးအောက် ရောက်ရှိပါက အခြေခံ ရည်ညွှန်းဈေးအတိုင်း ဝယ်ယူရမည်ဟု ဖော်ပြထားသည်။

အခြေခံရည်ညွှန်းဈေးနှင့် လက်ရှိ ပြင်ပပေါက်ဈေးတို့ကြား ကွာဟချက်ကြောင့် ဈေးကွက်အတွင်း စပါးဝယ်ယူရောင်းချမှု အပေါ် သက်ရောက်မှုရှိလာနိုင်သည့်အပြင် ယင်းကွာဟချက် အကြောင်းပြု၍ ဈေးနှိမ်ဝယ်ယူမှုများ ဖြစ်ပေါ်လာနိုင်မည် ကိုလည်း စိုးရိမ်နေကြောင်း လယ်သမားများက ပြောသည်။

“သတ်မှတ်ဈေးတောင် ကျပ် ၁၃ သိန်းခွဲ သတ်မှတ်ထားတော့ အပြင်ဈေးကအခုမြင့်နေတော့ ဒီဈေးကမဖြစ်သင့်ဘူး ဘာညာ နဲ့ ပွဲစားတွေက ဈေးနှိမ်ဝယ်မှာကို ကြောက်တာ။ လယ်သမားကတော့ ပေါ်ရင် အကြွေးဆပ်ရမှာလည်းရှိတော့ ရောင်းကြတာ ပဲလေ။ သူတို့ သတ်မှတ်ဈေးကကွာနေတော့ စိုးရိမ်ရတယ်။ ဝယ်ယူမှုပေါ်တော့ တချက်စောင့်ကြည့်ရမှာပေါ့” ဟု အထက်ပါ လယ်သမားက ရှင်းပြသည်။

အထွက်နှုန်း လျော့ကျပြီး စိုက်ပျိုးစရိတ်မြင့်တက်နေသည့် တောင်သူများအတွက် သတ်မှတ်ဈေးနှုန်းဖြင့် တွက်ချက်၍ ဝယ်သူများက ဈေးလျှော့ဝယ်ယူလာပါက အရှုံးပေါ်နိုင်သည့်အပြင် ချေးငွေအတိုးစရိတ်နှင့် အခြားမပါဝင်သေးသည့် ကုန်ကျစရိတ်များကိုပါ ထည့်တွက်ပါက ဆုံးရှုံးမှု ပိုမိုများပြားနိုင်ကြောင်း လယ်သမားများထံက သိရသည်။

]]>