သမ္မတသစ် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/သမ္မတသစ် Covering Burma and Southeast Asia Mon, 17 Jul 2023 01:46:06 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png သမ္မတသစ် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/သမ္မတသစ် 32 32 အမေရိကန် သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ ဖျော်ဖြေခဲ့ကြသူများ https://burma.irrawaddy.com/lifestyle/entertainment/2021/01/21/236778.html Thu, 21 Jan 2021 05:44:16 +0000 https://burma.irrawaddy.com/lytbox/?p=236778 အမေရိကန် သမ္မတသစ် ကျမ်းကျိန်ပွဲမှာ ဖျော်ဖြေခဲ့တဲ့ လေဒီဂါဂါ  / APလုံခြုံရေး တင်းကျပ်စွာ ပြုလုပ်ခဲ့တဲ့ အဲ့ဒီကျမ်းကျိန်ပွဲမှာ တက်ရောက်သူ အချို့သာရှိခဲ့ပြီး အများပြည်သူများ ဝင်ရောက်ကြည့်ရှုခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။]]> အမေရိကန် သမ္မတသစ် ကျမ်းကျိန်ပွဲမှာ ဖျော်ဖြေခဲ့တဲ့ လေဒီဂါဂါ  / AP

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဂျိုးဘိုင်ဒန်ဟာ ဇန်နဝါရီလ ၂၀ ရက်နေ့၊ ဝါရှင်တန်ဒီစီမြို့တော်မှာ ပြုလုပ်ခဲ့တဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ (၄၆) ဦးမြောက် အမေရိကန်သမ္မတအဖြစ် ကတိသစ္စာပြုခဲ့ပြီ ဖြစ်ပါတယ်။

လုံခြုံရေး တင်းကျပ်စွာ ပြုလုပ်ခဲ့တဲ့ အဲ့ဒီကျမ်းကျိန်ပွဲမှာ တက်ရောက်သူ အချို့သာရှိခဲ့ပြီး အများပြည်သူများ ဝင်ရောက်ကြည့်ရှုခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။

သမ္မတသစ် ဂျိုးဘိုင်ဒန်ရဲ့ သမိုင်းဝင် ကျမ်းကျိန်ပွဲမှာတော့ အဆိုတော် လေဒီဂါဂါဟာ တမူထူးခြားတဲ့ ဖက်ရှင်၊ အသံအင်အား ကောင်းကောင်းနဲ့ နိုင်ငံတော်သီချင်းကို သီဆိုခဲ့တာ တွေ့ရပါတယ်။

အဆိုတော် လေဒီဂါဂါ (ဓာတ်ပုံ – AP)

ဂရမ်မီဆုများရှင် လေဒီဂါဂါဟာ အနီရောင် ဂါဝန်ပွပွ၊ အင်္ကျီ အနက်ရောင်ပေါ်မှာ ကြီးမားတဲ့ ရွှေရောင် ချိုးငှက်ရင်ထိုးကို ဝတ်ဆင်ခဲ့ပြီး စိတ်လှုပ်ရှားဖွယ် “The Star-Spangled Banner” ဆိုတဲ့ အမေရိကန် နိုင်ငံတော်သီချင်းကို ရွှေရောင် မိုက်ကရိုဖုန်းနဲ့ သီဆိုခဲ့ပါတယ်။

အဆိုတော် ဂျန်နီဖာလိုပက်ဇ် (ဓာတ်ပုံ – AP)

လေဒီဂါဂါရဲ့ အလှည့်ပြီးတဲ့နောက် အဖြူရောင်ဝမ်းဆက် ဝတ်ဆင်ထားတဲ့ အဆိုတော် ဂျန်နီဖာလိုပက်ဇ်က “This Land Is Your Land နဲ့ America The Beautiful” သီချင်းပေါင်းစပ် သီဆိုမှုကို တင်ဆက်ခဲ့တာ တွေ့ရပါတယ်။ ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းမှုကို အနှောင့်အယှက်ပြုဖို့ လူဖြူဝါဒီသမားတွေနဲ့ ဆန္ဒပြလူအုပ်ကြီးက Capitol အဆောက်အဦထဲကို ဝင်ရောက်ခဲ့ပြီး နှစ်ပတ်အကြာ ယဉ်ကျေးမှုပေါင်းစုံပူးပေါင်းပါဝင်မှုကို ပြသတဲ့အနေနဲ့ သီဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ကန်းထရီးစတား အဆိုတော် Garth Brooks

အဲ့ဒီနောက် ကန်းထရီးစတား Garth Brooks က Amazing Grace သီချင်းကို သီဆိုခဲ့ပြီး အဲ့ဒီသီချင်းနေရာအများစုမှာ မျက်လုံး မှိတ်ထားခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်ကိုလည်း သူနဲ့အတူ သီချင်းစာပိုဒ်တွေကို လိုက်ပါသီဆိုပေးဖို့လည်း ပြောဆိုခဲ့ပါသေးတယ်။

ယခင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ လွှမ်းမိုးမှု မရှိခဲ့တဲ့ ဟောလိဝုဒ်မှာ အခုလက်ရှိ သမ္မတသစ် ဂျိုးဘိုင်ဒန်နဲ့ ဒုသမ္မတအသစ် ကမ်မလာဟားရစ်တို့ဟာ နာမည်ကျော်ကြားမှု ရှိနေပြီး အထက်မှာ ဖော်ပြခဲ့တဲ့ အနုပညာရှင် ၃ ဦးကတော့ အသစ်လာမယ့် အစိုးရအသစ်ကို သူ့တို့ရဲ့ အနုပညာနဲ့ ဂုဏ်ပြုသီကျူးခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အဆိုတော် Brooks ကတော့ ကျမ်းကျိန်ပွဲမှာ သီဆိုဖျော်ဖြေဖို့ဆိုတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ပုံစံ၊ ပေါင်းစည်းမှုအတွက် ဖော်ပြတဲ့ ပုံစံနဲ့သာ ခေါ်ဆိုစေဖို့ ပြောဆိုထားပါတယ်။ သူဟာ ၂၀၀၉ ခုနှစ်တုန်းက သမ္မတဟောင်း အိုဘားမားရဲ့ ကျမ်းကျိန်ပွဲတုန်းကလည်း ဖျော်ဖြေခဲ့ဖူးပေမယ့် ၂၀၁၇ ခုနှစ်၊ ဒေါ်နယ်ထရမ့် ကျမ်းကျိန်ချိန်မှာတော့ အချိန်ဇယား တိုက်နေမှုကြောင့် ဖျော်ဖြေမယ့် အခွင့်အရေးကို ပယ်ချခဲ့ပါတယ်။

သံလွင်ခက်ကို ကိုက်ချီထားတဲ့ ချိုးငှက်ဝတ်စုံနဲ့ ပတ်သက်လို့ အဆိုတော် လေဒီဂါဂါက “ကျမတို့တွေအားလုံး တဦးနဲ့တဦး ငြိမ်းချမ်းမှုရှိကြပါစေ” လို့ Twitter မှာ ပြောကြားခဲ့ပါတယ်။

တခြား ထိပ်တန်း ဖျော်ဖြေသူတွေရဲ့ အစီအစဉ်တွေထဲမှာတော့ နာမည်ကျော် မင်းသားကြီး Tom Hanks ရဲ့ ရုပ်သံအစီအစဉ်လည်း ပါဝင်ခဲ့ပြီး “Celebrating America” ဆိုတဲ့ခေါင်းစဉ်နဲ့ နာမည်ကြီး ရုပ်သံလိုင်းတွေကနေ မိနစ် ၉၀ ကြာ ထုတ်လွှင့်ခဲ့ပါတယ်။

“Hamilton” ပြဇာတ်ဖန်တီးရှင် Lin-Manuel Miranda ကလည်း Bruce Springsteen, John Legend, Katy Perry, Demi Lovato, Foo Fighters, Justin Timberlake နဲ့ Bon Jovi တို့ ပါဝင်တဲ့ ပြဇာတ်ပုံ ဖျော်ဖြေမှုကိုလည်း တင်ဆက်ခဲ့ပါတယ်။

Ref: AP

]]>