သွေးသောက်အဖွဲ့ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/သွေးသောက်အဖွဲ့ Covering Burma and Southeast Asia Sun, 16 Jul 2023 19:48:16 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png သွေးသောက်အဖွဲ့ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/သွေးသောက်အဖွဲ့ 32 32 မန္တလေးတိုင်း၌ သတ်ဖြတ်စွန့်ပစ်ခံရသူ တလအတွင်း ၁၇ လောင်းရှိ https://burma.irrawaddy.com/news/2023/07/05/336029.html Wed, 05 Jul 2023 02:16:11 +0000 https://burma.irrawaddy.com/lytbox/news/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%81%8c-%e1%80%9e%e1%80%90%e1%80%ba%e1%80%96%e1%80%bc%e1%80%90%e1%80%ba%e1%80%85.html မန္တလေးမြို့  ချမ်းအေးသာစံမြို့နယ် အမှတ် ၈ မြို့မရဲစခန်း (ဧရာဝတီ)မန္တလေးတိုင်းတွင် ဇွန်လ ၁ ရက်မှ ဇူလိုင် ၃ ရက်အတွင်း သတ်ဖြတ်ပြီး စွန့်ပစ်ခံရသော ရုပ်အလောင်း ၁၇ လောင်းထိရှိခဲ့ကာ တချို့အလောင်းများ၌ သွေးသောက်အဖွဲ့အမည်တံဆိပ် ချိတ်ဆွဲထားမှုများတွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။]]> မန္တလေးမြို့  ချမ်းအေးသာစံမြို့နယ် အမှတ် ၈ မြို့မရဲစခန်း (ဧရာဝတီ)

မန္တလေးတိုင်းတွင် ဇွန်လ ၁ ရက်မှ ဇူလိုင် ၃ ရက်အတွင်း သတ်ဖြတ်ကာ စွန့်ပစ်ထားသော အလောင်း ၁၇ လောင်းထိ ရှိခဲ့ပြီး တချို့အလောင်းများ၌ သွေးသောက်အဖွဲ့ အမည်တံဆိပ်များ ချိတ်ဆွဲထားကြောင်း သိရသည်။

ဇွန် ၃၀ ရက်က အမရပူရမြို့နယ်၊ ကန်တော်ကြီးပတ်လမ်းနှင့် ရှမ်းကလေးကျွန်းလမ်းဆုံ ကပ်ကျော်ဘုရားသွားသည့် လမ်း တွင် အသက် ၃၀ခန့် အမျိုသား ၂ဦး ဓားဒဏ်ရာဖြင့်သေဆုံးနေပြီး ကိုယ်ပေါ်၌ သွေးသောက်အဖွဲ့ တံဆိပ်ဆွဲ၍ စွန့်ပစ် ထား သလို၊ ဇွန် ၉ ရက်ကလည်း မတ္တရာမြို့နယ်၊ သာလွန်ဖြူကျေးရွာနှင့် တောင်ပြုန်းကျေးရွာကြားတွင် “အစွန်းရောက် တို့ သွားရာလမ်း” စာရေးကာ ချိတ်ဆွဲထားသည့် အမျိုးသားတဦး ၏ အလောင်းကို တွေ့ခဲ့ရကြောင်း ဒေသခံများကဆိုသည်။

အလားတူ ဇွန် ၄ ရက်က ပုသိမ်ကြီးမြို့နယ် ဆည်တာ-မင်းရဲလှ ကျေးရွာချင်းဆက် လမ်းပေါ်၌ အသက် ၅၀ ခန့် အမျိုးသား ၁ ဦး ဒဏ်ရာများဖြင့် သေဆုံးနေသလို ဇွန် ၂၁ ရက်တွင် မဟာအောင် မြေမြို့နယ် လမ်း ၄၀၊ စိန်ပန်းလမ်း ကြီးနှင့် လမ်း ၉၀ ကြားတွင် အမျိုးသားတဦး ဖူးယောင်ဒဏ်ရာများဖြင့် သေဆုံးနေသည် ကို တွေ့ရကြောင်း သိရသည်။

မန္တလေးမြို့ခံ ရှေ့နေတဦးက “မန္တလေးမြို့လို မြို့ကြီးပေါ်မှာတောင် လုယက်မှု၊ ဓားခုတ်မှု၊ ဓားပြမှုတွေက စစ်တပ်အာဏာ သိမ်းပြီး နောက်ပိုင်း ဆက်တိုက်ဖြစ်နေတာ။ တရားခံဖမ်းမိတယ်ဆိုတာမျိုး အတော်ရှားတယ်။ အခုလိုမျိုး လူတွေ သတ်ပြီး အလောင်း လမ်းဘေးစွန့်ခံရတာမျိုးက ခဏ ခဏ ကြားနေရတာမို့ တရားခံရှာဖို့ အလွန်ခဲယဉ်းတဲ့ အခြေအနေ ရှိပါတယ်။ ဘာကိုပြနေသလဲဆိုရင် တရားဥပဒေစိုးမိုးမှု မရှိတော့ဘဲ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ပြိုပျက်နေပြီဆိုတာကို ပြသ နေတာပါပဲ” ဟု သုံးသပ်ပြောဆိုသည်။

တလအတွင်း အသတ်ခံရသူများတွင် သပိတ်ကျင်းမြို့နယ် ကိုးပင်ကျေးရွာမှ သံဃာတပါး လည်း ပါဝင်ပြီး သေနတ်ဒဏ်ရာ များဖြင့် သေဆုံးနေသလို ဇွန် ၁၅ ရက်တွင်လည်း ကိုးပင်ကျေးရွာအနီး၌ သေနတ်ဒဏ်ရာ ဖြင့် သေဆုံးနေသည့် အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ မန္တလေး မဟာအောင်မြေမြို့နယ် လမ်း ၄၀၊ စိန်ပန်းလမ်းကြီးနှင့် လမ်း ၉၀ ကြား ဒဏ်ရာများဖြင့် သေဆုံးနေ သည့် လူငယ်တဦး၊ ပုသိမ်ကြီးမြို့နယ် သမ္မတောရွာ တိုးလ်ဂိတ်အနီး ၄၂ နှစ်ခန့်ရှိ အမျိုးသမီးတဦး၊ ကျောက်ဆည်မြို့နယ် ဘောဂဝတီရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ဘေးတွင် အသက် ၃၀ နှစ်ခန့် အမျိုးသားတဦး ဒဏ်ရာများဖြင့် သေဆုံးနေ ကာ အလောင်းများ စွန့်ပစ်ခံထားရသည်။

မန္တလေးမြို့ခံ နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက “လူထုကို အကြောက်တရားပေးဖို့ ရည်ရွယ်တာပေါ့။ သွေးသောက် အဖွဲ့ဆိုတာ ပေါ်လာပြီး မန္တလေးမှာ လူသတ်အလောင်းစွန့်ပစ်မှုတွေ များလာတာပဲ။ NLD ပါတီဝင်တွေနဲ့ အမာခံအချို့ ကို သွေးသောက်တံဆိပ် ကတ်ပြားတွေ ဆွဲပြီး မကြာခဏ ရှင်းလင်းခံနေရတယ်။ ဒီလိုအခြေအနေမျိုးမှာ သတ်ဖြတ်တာ တွေကို လုပ်နေတာ သူတို့ပဲရှိတာ။ ဒါကို လုပ်ကြံ ဝါဒဖြန့်တာတွေ လုပ်နေတာကတော့ အတော်ကြီးကို ရုပ်ဆိုးလွန်းပါ တယ်” ဟု ပြောသည်။

အဆိုပါ အလောင်းစွန့်ပစ်မှုများနှင့် ပတ်သက်၍ မည်သည့်အဖွဲ့၊ မည်သူက ကျူးလွန်ကြောင်း တိတိကျကျ တရားခံပေါ်ခြင်း မရှိသလို စစ်ကောင်စီဘက်ကလည်း ကျူးလွန်သူများအား စုံစမ်းဖော်ထုတ်အရေးယူခြင်းမျိုး မတွေ့ရပေ။

ယင်းဖြစ်စဉ်များကို စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေဖော်ပြလျက်ရှိပြီး အသတ်ခံရသူ များ အများစုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (PDF)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အမာခံထောက်ခံသူများက သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲရေးသားထားသည်ကို တွေ့ရသည်။

မန္တလေးခရိုင်အုပ်ချုပ်ရေးပိုင်းမှ အမည်မဖော်လိုသည့် သတင်းရင်းမြစ်တဦးက “လမ်းဘေးမှာ သေနေတဲ့ အလောင်းတွေ တွေ့လာရတာတွေကို ကျနော်တို့ဆီ သတင်းအချက်အလက်အနေနဲ့ ရောက်တယ်။ အဲဒီလို တွေ့ရတဲ့ အလောင်းတွေကို သက်ဆိုင်ရာနယ်မြေအလိုက် ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးပြီးရင်တော့ အသင်းကားတွေနဲ့ ဆေးရုံ ကြီးကို ပို့ဆောင်တယ်။ အဲဒီလို သေဆုံးတဲ့သူတွေထဲမှာ ပိုင်ရှင် ပေါ်တာ အတော့်ကိုနည်းပြီး အများစုကတော့ ပိုင်ရှင်မဲ့ အနေနဲ့ပဲ သဂြိုဟ်ပေးနေရပါတယ်” ဟု ပြောသည်။

ထိုသို့ အလောင်းစွန့်ပစ်ခံရမှုများထဲ မတ္တရာမြို့နယ်အတွင်း အသက် ၄၀ ခန့်ရှိ အမျိုးသမီး၊ ငါးဇွန်မြို့နယ်အတွင်း အမျိုး သား ၂ ဦး၊ ပုသိမ်ကြီးမြို့နယ်အတွင်း အမျိုးသား ၂ ဦး၊ မဟာအောင်မြေမြို့နယ်အတွင်း အမျိုးသား ၁ ဦး တွေ့ရှိခဲ့ပြီး မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိရသေးကြောင်း၊ အလောင်းများအား လူမှုကူညီရေးအသင်းအဖွဲ့များက သက်ဆိုင်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

၂၀၂၁ ဧပြီလ ၂၁ ရက်တွင် သွေးသောက်အဖွဲ့ စတင်ဖွဲ့စည်းကြောင်း ကြေညာပြီးနောက် ထိုသို့ ဖမ်းဆီးသတ်ဖြတ်ကာ အလောင်းစွန့်ပစ်မှုများ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာခဲ့ပြီး မန္တလေးတိုင်းအတွင်း၌ပင် အလောင်းစွန့်ပစ် ခံရမှု ၇၀ ဦးနှင့်ထက် ရှိလာကြောင်း သိရသည်။

အဆိုပါ အလောင်းစွန့်ပစ်ခံရမှုများထဲ NLD ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် မိသားစုဝင်များ၊ ပါတီအားပေး ထောက်ခံသူများလည်း ပါဝင်ကြောင်း သိရသည်။

သွေးသောက်အဖွဲ့သည် စစ်ကောင်စီကို ဆန့်ကျင်နေသူများအား သုတ်သင်ရှင်းလင်းနေသည့်အဖွဲ့ဖြစ်သော်လည်း ၎င်းတို့ အနေဖြင့် စစ်တပ်၊ ရဲနှင့် ပျူစောထီးအဖွဲ့များဖြင့် မပတ်သက်ကြောင်း ရေးသားထုတ်ပြန်ထားသလို ၂၀၂၁ ဧပြီ ၂၇ ရက်က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲ၌လည်း သွေးသောက်အဖွဲ့သည် စစ်ကောင်စီနှင့် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသည်။

You may also like these stories:

ငါန်းဇွန် လမ်းဘေးတွင် အလောင်း ၂ လောင်း စွန့်ပစ်ထား

နွားထိုးကြီး၌ စစ်တပ်က ရွာခံ ၃ ဦးကို သတ်၍ လမ်းဘေးစွန့်ပစ်

စပ်တပ် ဖမ်းသွားသူများကို သွေးသောက်ကတ်ပြား ချိတ်၍ အလောင်း စွန့်ပစ်ထား

]]>
မန္တလေးတွင် သွေးသောက်ကတ်ပြားချိတ်ဆွဲသည့် လူသတ်မှုများ ပြန်ဖြစ်နေ https://burma.irrawaddy.com/news/2023/04/03/334145.html Mon, 03 Apr 2023 09:33:38 +0000 https://burma.irrawaddy.com/lytbox/news/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%90.html မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကြားရွာထိပ်တွင် ဧပြီလ ၁ ရက်နေ့က သွေးသောက်ကတ်ပြားပါသည့် လည်ဆွဲချိတ်ဆွဲထားသော ရုပ်အလောင်းသတ်ဖြတ်ခံရသူမှာ ကျောက်ဆည်မြို့တွင် နေထိုင်သူ ချမ်းငြိမ်းအောင်ဆိုသူဖြစ်ပြီး NLD ပါတီဝင်တဦး ဖြစ်ကာ ကျောက်ဆည်မြို့နေအိမ်မှ ရှောင်တိမ်းနေရသည်မှာ၂ နှစ်ခန့်ရှိပြီဖြစ်ကာ မည်သို့ ဖမ်းဆီးခံရပြီး မည်သို့ သတ်ဖြတ်ခံရသည်ကို မသိရှိရသေး]]> မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကြားရွာထိပ်တွင် ဧပြီလ ၁ ရက်နေ့က သွေးသောက်ကတ်ပြားပါသည့် လည်ဆွဲချိတ်ဆွဲထားသော ရုပ်အလောင်း

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်နှင့် မတ္တရာမြို့နယ်တို့တွင် “သွေးသောက်အဖွဲ့ အနီရောင် ရှင်းလင်းရေး MDY” တံဆိပ်ကို လည်ပင်း၌ ချိတ်ဆွဲလျက် လမ်းဘေးတွင် စွန့်ပစ်ခံထားရသည့် အမျိုးသား ရုပ်အလောင်း ၂ လောင်းအား ဧပြီ လ ၂ ရက်နေ့က တွေ့ရှိခဲ့သည်။

ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ဦးပွားခုံး ကျော်တံတားအနီး စံပြလမ်းနှင့် ၇၈ လမ်းကြား၊ စစ်ကိုင်းလမ်းခွဲတွင် လက်ပြန်ကြိုးတုပ်၍ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခုတ်ခံထားရသည့် အမျိုးသားတဦး၏ ရုပ်အလောင်းအား ဧပြီ ၂ ရက် နံနက်အစောပိုင်း ၃ နာရီခန့် တွင် ဒေသခံများက တွေ့ရှိခဲ့သည်။

ထိုရုပ်အလောင်း၏ လည်ပင်း၌ “သွေးသောက်အဖွဲ့ အနီရောင် ရှင်းလင်းရေး MDY” တံဆိပ်ပါ ကတ်ပြားကိုလည်း ချိတ်ဆွဲထားကြောင်းသိရသည်။

ချမ်းမြသာစည်တောင် ရပ်ကွက်နေသူတဦးက “သေတဲ့သူက ဘယ်သူဘယ်ဝါ ဘယ်မှာနေတယ်ဆိုတာတော့ မသိရ သေးဘူးဗျ။ တွေ့ရတဲ့ပုံစံကတော့ လက်ပြန်ကြိုး တုပ်ခံထားရပြီး ဓားဒဏ်ရာတွေနဲ့ အသက် ၄၀ ဝန်းကျင်အရွယ် လောက် အမျိုးသားပါ။ တီရှပ်အဖြူရောင်နဲ့ ပုဆိုး အစိမ်းကွက် ဝတ်ထားပါတယ်။ အဲဒီ အလောင်းမှာ သွေးသောက်အဖွဲ့ အနီရောင် ရှင်းလင်းရေး MDY ဆိုတဲ့ ကတ်ပြား ချိတ်ဆွဲထားတာကိုလည်း တွေ့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

သတ်ဖြတ် စွန့်ပစ်ခံထားရသည့် အမျိုးသားမှာ လည်ပင်း ပြတ်ရှ ဒဏ်ရာ၊ ဝဲဘက်လက်ပြင် ထိုးသွင်းခံထားရသည့် ဒဏ် ရာ ၇ ချက်တို့ဖြင့် သေဆုံခဲ့ရပြီး ယင်းဖြစ်စဉ်အတွက် စစ်ကောင်စီ လက်အောက်ခံ အမှတ် ၁၁ နယ်မြေရဲစခန်း၌ (ပ) ၅၆/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွင် ထုတ်ပြန်ထားသည်။

မန္တလေးမြို့ခံ နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက “အခုလို လုပ်တာက လူထုကို အကြောက်တရားပေးဖို့ ရည်ရွယ်တာပေါ့။ အခုနောက်ပိုင်း မန္တလေးမှာ တော်လှန်ရေးနဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားမှုက မရှိသလောက်ကို နည်းသွားတယ်။ ဒီလို အခြေအနေမျိုးမှာ သတ်ဖြတ်ခံရတာတွေကို လုပ်နေတာ သူတို့ပဲရှိတာ၊ ဒါကို လုပ်ကြံဝါဒဖြန့်တာတွေ လုပ်နေတာကတော့ အတော်ကြီးကို ရုပ်ဆိုးလွန်းပါတယ်” ဟု ပြောသည်။

မတ် ၃၁ ရက် နေ့လယ်ပိုင်းကလည်း ချမ်းမြသာစည်တောင်ရပ်ကွက် ဦးပွားခုံးကျော်တံတား အဆင်းတွင် ရာအိမ်မှူးတဦးဖြစ်သည့် ကိုစိုးနိုင် ဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရပြီး ယခုကဲ့သို့ သတ်ဖြတ်ပြီး သွေးသောက်အဖွဲ့ တံဆိပ်ကပ် စွန့်ပစ်ထားသော ရုပ် အလောင်း တွေ့ရှိခဲ့ရသည်။

မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးက “စစ်အုပ်စုရဲ့ လုံခြုံရေးတွေ အထပ်ထပ်ရှိနေတဲ့ကြားက အခုလို အသတ်ခံရတာမျိုးတွေက ဘယ်သူတွေလုပ်တယ်ဆိုတာ အားလုံးသိနေတာပဲလေ၊ ဒီလိုမျိုးတွေကို စစ်ကောင်စီလက်အောက်ခံတွေရဲ့ လုပ်ရပ် လုပ်နေကျအကွက်တွေပဲ ဆိုတာ ပြည်သူတွေ အားလုံးကလည်း သိပြီးသားမို့ အထွေအထူးတော့ ပြောစရာမရှိပါဘူး၊ ဒါပေမယ့် ပြည်သူအားလုံး အရင်ကထက်ပိုပြီး သတိရှိပေးကြပါလို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

ထို့ပြင် ဧပြီ ၁ ရက်ကလည်း မတ္တရာမြို့နယ် ကြားရွာထိပ်၌ လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရသည့် အမျိုးသားတဦး၏ ရုပ်အလောင်းကို သွေးသောက်အဖွဲ့တံဆိပ်ပါ ကတ်ပြားချိတ်ဆွဲထားသည်ကို တွေ့ရှိခဲ့ရကြောင်း ဒေသခံ များထံက သိရသည်။

သတ်ဖြတ်ခံရသူမှာ ကျောက်ဆည်မြို့တွင် နေထိုင်သူ ချမ်းငြိမ်းအောင်ဆိုသူဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တဦးဖြစ်ကာ ကျောက်ဆည်မြို့နေအိမ်မှ ရှောင်တိမ်းနေရသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်သည်ဟုဆိုသည်။

မတ် ၂၂ ရက်ကလည်း မတ္တရာမြို့နယ်တွင် “သွေးသောက်အဖွဲ့ အနီရောင်စစ်ဆင်ရေး၊ မတ္တရာ” ဆိုသည့် စာတန်းများ ချိတ်ဆွဲကာ သတ်ဖြတ် စွန့်ပစ်ခံထားရသော အသက်၂၀ ကျော်အရွယ် လူငယ်အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကြားရွာထိပ်တွင် ဧပြီလ ၁ ရက်နေ့က သွေးသောက်ကတ်ပြားပါသည့် လည်ဆွဲချိတ်ဆွဲထားသော ရုပ်အလောင်း

ထိုရုပ်အလောင်းများကို မတ္တရာမြို့၏ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အ ကွာရှိ တံတားဖြူ ကျေးရွာအနီး၌ ရုပ်အလောင်း၂ လောင်း၊ မတ္တရာမြို့၏ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာရှိ ကျောက် တံတားကျေးရွာ အထက်တန်းကျောင်းအနီး၌ ရုပ်အလောင်း ၁ လောင်းတို့ တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ ရုပ်အလောင်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက် သယ်ဆောင်သွားပြီး စစ်ကောင်စီ၏ အစီအစဉ် ဖြင့် သင်္ဂြိုဟ်ခဲ့ကြောင်း၊ သတ်ဖြတ်ခံရသည့် လူငယ် ၃ ဦးမှာ မည်သူမည်ဝါ၊ မည်သည့်အရပ်တွင် နေထိုင်သည်ကို မသိ ရှိသေးကြောင်း ဒေသခံများက ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် NLD ပါတီဝင်များ၊ NLD ထောက်ပံ့သူများ ကို ရှင်းလင်းမည်ဆိုသော ထုတ်ပြန်ချက်ဖြင့် ၂၀၂၁ ခုနှစ် ဧပြီလ ၂၁ ရက်တွင် စတင်ဖွဲ့စည်းကြောင်း ကြေညာခဲ့သည့် သွေးသောက်အဖွဲ့သည် NLD ပါတီဝင်များ၊ ပါတီအမှုဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မိသားစုဝင်များနှင့် NLD ပါတီအားပေး ထောက်ခံသူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ ပြုလုပ်ကာ ရုပ်အလောင်းများကို လမ်းဘေး၌ စွန့်ပစ်ခြင်းများ ဆက်တိုက် ပြုလုပ်နေလျက်ရှိသည်။

သွေးသောက်အဖွဲ့အပြင် စွန်ရဲ၊ မျိုးချစ်ညွန့်ပေါင်းနှင့် မျိုးချစ်မဟာမိတ် စသည့် အဖွဲ့များကလည်း ဖမ်းဆီးနှိပ်စက်သတ် ဖြတ်ခြင်းများ ပြုလုပ်ကာ ရုပ်အလောင်းများကို လမ်းဘေး၌ စွန့်ပစ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

NLD မှ ပြောရေးဆိုခွင့်ရှိသူတဦးက “လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေမှာ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ဒီမိုကရေစီကို ခုခံကာကွယ်နေ တဲ့သူတွေ၊ လူ့အခွင့်အရေးကို ခုခံကာကွယ်နေတဲ့သူတွေ၊ စာနယ်ဇင်းမဏ္ဍိုင်မှာ တည့်တည့်မတ်မတ် လျှောက်နေတဲ့ သူတွေအားလုံးကို အကြမ်းဖက်စစ်ကောင်စီ ဥက္ကဋ္ဌက အငြိုးတကြီးနဲ့ သတ်ဖြတ်တာတွေ ဖမ်းဆီးတာတွေ ညှဉ်းပန်းနှိပ် စက်တာတွေဟာ မကြားချင်မှအဆုံး ဖြစ်နေပါတယ်၊ အင်မတန်မှ ဝမ်းနည်းစရာကောင်းပါတယ်၊ အကြမ်းဖက် စစ်ကောင်စီဥက္ကဋ္ဌဟာ သူရှုံးမှာကို အရမ်း ကြောက်နေတယ်။ အဲဒီ ကြောက်နေတဲ့အတွက် ကြောက်ကန်ကန်ပြီး အကုန်လုပ်နေတယ်လို့ပဲ သုံးသပ်ပါတယ်” ဟု ပြောသည်။

ထိုသို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများနှင့် NLD ပါတီ အားပေး ထောက်ခံသူများကို သွေးသောက်အဖွဲ့က ဖမ်းဆီး သတ်ဖြတ်ခြင်းများကို ဆက်တိုက်လုပ်နေလျက်ရှိရာ မန္တလေးတိုင်းအတွင်းမှ ဖမ်းဆီးသတ်ဖြတ် အလောင်းစွန့်ပစ်ခံသူ ၇၀ ဦးအထက် ရှိလာပြီဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ယနေ့အထိ NLD လွှတ်တော်ကိုယ်စားလှယ်များ အပါ အဝင် ပါတီဝင် ၁၂၃၅ ဦးထိ ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးကာလ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုနှင့် အကျဉ်းထောင် အတွင်း ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်သဖြင့် ၂၆ ဦး သေဆုံးခဲ့ရောင်းသိရသည်။

ထိုအထဲတွင် အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၆၃ ဦး ရှိပြီး ဗဟိုကော်မတီဝင် လွှတ်တော် ကိုယ်စာလှယ် ဦးဖြိုးဇေယျာသော် ကြိုးပေးသတ်ဖြတ်ခြင်းခံခဲ့ရသလို လွှတ်တော် ကိုယ်စားလှယ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းဆည်း ခံထားရသည့် အပြင် ၄၇ ဦးတို့၏ နေအိမ်များကိုလည်း ဝရမ်းကပ်ခံထားရပြီး ပါတီဗဟိုရုံးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးပေါင်း အကြိမ် ၁၂၀ ကျူးကျော်ဝင်ရောက်ဖျက်ဆီးခြင်းခံခဲ့ရကြောင်း NLD ပါတီက မတ်လ ၂၉ ရက်တွင် သတင်း ထုတ်ပြန် ထားသည်။

သွေးသောက်အဖွဲ့သည် ၎င်းတို့အနေဖြင့် စစ်တပ်၊ ရဲနှင့် ပျူစောထီးအဖွဲ့များဖြင့် မပတ်သက်ကြောင်း ရေးသား ထုတ်ပြန်ထားသလို ၂၀၂၁ ခုနှစ် ဧပြီ ၂၇ ရက်က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ သတင်းစာ ရှင်းလင်းပွဲတွင် သွေး သောက်အဖွဲ့သည် စစ်ကောင်စီနှင့် ပတ်သက်မှု မရှိကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ငြင်းဆိုထားသည်။

မြစ်ငယ် ပြည်သူ့ကာကွယ်ရေး (MNPDF) တာဝန်ရှိသူတဦးက “သွေးသောက်အဖွဲ့ဆိုတာ စစ်ကောင်စီဘက်က လူတွေပါ၊ သူတို့ အသုံးပြုနေတဲ့ လက်နက်တွေနဲ့ လုပ်ရပ်တွေကို ကြည့်ရင် ဘယ်အဖွဲ့တွေဆိုတာ သိနေတာပဲ၊ နောက် CCTV မှတ်တမ်းတွေ ကြည့်ရင် သိနိုင်တယ်” ဟု ပြောသည်။

သို့သော်လည်း မန္တလေးမြို့ပေါ်က NLD ပါတီဝင်များနှင့် တက်ကြွလှုပ်ရှားသူများကမူ အာဏာသိမ်းမှုအပေါ် ဆန့်ကျင် နေသည့် ပြည်သူများ ကြောက်လန့်စေရေးအတွက် အကြမ်းဖက် သတ်ဖြတ်မှုများဖြင့် တုံ့ပြန်ရန် အာဏာသိမ်း စစ်ကောင်စီက မွေးထုတ်ထားသည့် အဖွဲ့ဖြစ်နိုင်ကြောင်း သုံးသပ်ထားကြသည်။

You may also like these stories:

သွေးသောက်အဖွဲ့မှာ ဘယ်သူတွေ ပါလဲ

ဗိုလ်ဆင်ရိုင်းကို ဦးခေါင်းဖြတ်သည့် သက်သေမှတ်တမ်းထွက်လာ

]]>
မန္တလေး၌ သွေးသောက်အဖွဲ့က လူငယ်တဦးကို သတ်ကာ စွန့်ပစ်ထား https://burma.irrawaddy.com/news/2022/07/08/253067.html Fri, 08 Jul 2022 11:22:47 +0000 https://burma.irrawaddy.com/lytbox/?p=253067 ကျောင်းရှေ့တွင် လာရောက်ပစ်ထားခံရသည့် လူငယ်၏အလောင်း  / CJသွေးသောက်အဖွဲ့ဆိုတာ စစ်ကောင်စီဘက်က လူတွေပါပဲဗျာ။ သူတို့ အသုံးပြုနေတဲ့ လက်နက်တွေနဲ့ လုပ်ရပ်တွေကို ကြည့်ရင် ဘယ်အဖွဲ့တွေဆိုတာ သိနေတာပဲ။ နောက် CCTV မှတ်တမ်းတွေ ကြည့်ရင် သိနိုင်တယ်။ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ အဓိက ရည်ရွယ်ချက်က ပြည်သူတွေအပေါ် ဖိနှိပ်နေတဲ့ စစ်ကောင်စီ လက်ပါးစေတွေကို ဖြိုဖျက်သွားဖို့ပါပဲ။ ဒါကြောင့် အခြေအနေတွေကို စောင့်ကြည့်နေပါတယ် ]]> ကျောင်းရှေ့တွင် လာရောက်ပစ်ထားခံရသည့် လူငယ်၏အလောင်း  / CJ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြား၊ ၈၆ လမ်းပေါ်ရှိ အမှတ် (၈) အထက်တန်းကျောင်းခွဲရှေ့တွင် အသတ်ခံထားရသည့် လူငယ်တဦး အလောင်းကို သွေးသောက်အဖွဲ့၏ လည်ဆွဲချိတ်လျှက် စွန့်ပစ်ထားသည်ကို ယနေ့နံနက်ပိုင်းက တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံမှတ်တမ်းတွင် လူငယ်၏အလောင်း၌ “ခြိမ်းခြောက်မယ့်သူ ရှိ သေးလား” ဟူသည့် စာသားပါ သွေးသောက်အဖွဲ့ လည်ဆွဲနှင့်အတူ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများကို ခြိမ်းခြောက်ထားသည့် စာတစောင်ကို တွေ့ရသလို စစ်တပ်လော်ဘီများ၏ တယ်လီဂရမ်အကောင့်များတွင်လည်း သွေးသောက်အဖွဲ့၏ လက်ချက် ဖြစ်ကြောင်း ဝန်ခံထား သည်ကို တွေ့ရသည်။

ဒေးဝန်းအရှေ့ရပ်ကွက်နေသူတဦး၏ အဆိုအရ “သွေးသောက်အဖွဲ့ လည်ဆွဲပါတဲ့ကတ် ချိတ်ဆွဲပြီး ကျောင်းအရှေ့မှာ အလောင်း လာပစ်သွားတာ။ နောက်ပြီးတော့ ဆရာ၊ ဆရာမတွေကို သတ်မယ်။ ကျောင်းသားတွေကိုလည်း ကျောင်း တက်လို့ရှိရင် သတ်မယ်ဆိုတဲ့စာပါ ချိတ်ဆွဲထားတာကို တွေ့ရတယ်။ အလောင်းကို ညပိုင်းမှာ လာပစ်သွားတာလို့ ယူဆ ရတာပဲ။ ဒီနေ့ မနက် ၉ နာရီလောက်ထိ အလောင်းလာ ကောက်မယ့်သူ မရှိခဲ့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

သေဆုံးလူငယ်မှာ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် မည်သည့်အရပ်တွင် နေထိုင်သူ ဖြစ်ကြောင်းကို ရပ်ကွက်လူထုက ပြောဆိုနိုင်ခြင်း မရှိပေ။

အလောင်း တွေ့ခဲ့သည့် ဒေးဝန်းအရှေ့ရပ်ကွက်တွင် ယမန်နေ့ညပိုင်းက စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပါသော အဖွဲ့များက ဧည့်စာရင်း ဝင်ရောက် စစ်ဆေးခဲ့သေးကြောင်း၊ ထို့နောက် ယနေ့ နံနက်ပိုင်းတွင် ဦးခေါင်းနောက်စေ့ ဒဏ်ရာဖြင့် သေဆုံးနေသော အမည်မသိ ရုပ်အလောင်းကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

“စစ်အုပ်စုရဲ့ လုံခြုံရေးတွေ အထပ်ထပ် ရှိနေတဲ့ကြားက လူငယ်တယောက် အသတ်ခံလိုက်ရတယ်။ အခု လုပ်ကွက်တွေက တော့ စစ်ကောင်စီ လက်အောက်ခံတွေရဲ့ လုပ်ရပ်၊ လုပ်နေကျအကွက်တွေပဲ ဆိုတာ ပြည်သူတွေ အားလုံးကလည်း သိပြီး သားမို့ အထွေအထူးတော့ ပြောစရာ မရှိပါဘူး။ ဒါပေမဲ့ ပြည်သူအားလုံး အရင်ကထက် ပိုပြီး သတိရှိပေးကြပါလို့ပဲ ပြောချင် ပါတယ်” ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မြို့ပြပြောက်ကျားအဖွဲ့များက လုပ်ဆောင်သည်ဟု စစ်ကောင်စီက လုပ်ကြံသတင်းများ ဝါဒဖြန့်လာနိုင်ကြောင်း မန္တလေးမြို့မှ ပြည်ကြီးတံခွန်သပိတ်အင်အားစုနှင့် Nway Oo Takhon ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက အသိပေး ထုတ်ပြန်ထားသည်။

“အခုလို လုပ်တာက လူထုကို အကြောက်တရားပေးဖို့ ရည်ရွယ်တာပေါ့။ အခု နောက်ပိုင်း မန္တလေးမှာဆိုရင် တော်လှန်ရေး နဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားမှုက မရှိသလောက်ကို နည်းသွားတယ်။ အခုက သူတို့ ခြိမ်းခြောက်တာက Non-CDM ဆရာ၊ ဆရာမတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေဆိုတော့ ဘယ်လို ရည်ရွယ်ချက် ဆိုတာတော့ မစဉ်းစားတတ်တော့ဘူး။ ပြီး တော့ အခုလို လုပ်တာက တော်လှန်ရေးသမားတွေက လုပ်တယ်ဆိုတဲ့ ပုံရိပ်ကို ဖော်ချင်လို့ပဲလို့ သုံးသပ်ရမှာပေါ့” ဟု ပြည်ကြီးတံခွန်သပိတ်အင်အားစုမှ ဦးဆောင်ဆရာတော် ဦးအဂ္ဂဝံသက မိန့်ကြားသည်။

၂၀၂၂ ဧပြီ ၂၁ ရက်တွင် သွေးသောက်အဖွဲ့ဟု အမည်ပေးထားသော အဖွဲ့သည် အနီရောင်စစ်ဆင်ရေး အမည်ဖြင့် PDF အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ၊ NLD ထောက်ပံ့သူများကို ရှင်းလင်းမည် ဖြစ်ကြောင်း ထုတ် ပြန် ကြေညာခဲ့ပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများနှင့် NLD ပါတီ အားပေးထောက်ခံသူများအား ဖမ်းဆီး သတ်ဖြတ်ခြင်းများ ဆက်တိုက် ပြုလုပ်လျက် ရှိသည်။

မန္တလေးတိုင်းအတွင်း သွေးသောက်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခံရသူ ၂၀ ဦးနှင့်အထက် ရှိလာပြီ ဖြစ် ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

သွေးသောက်အဖွဲ့သည် စစ်တပ်၊ ရဲနှင့် ပျူစောထီးအဖွဲ့များဖြင့် ပတ်သက်မှု မရှိကြောင်း ၎င်းတို့က ထုတ်ပြန်ထားသလို ဧပြီ ၂၇ ရက်က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင်လည်း သွေးသောက်အဖွဲ့သည် စစ်ကောင်စီနှင့် ပတ် သက်မှု မရှိကြောင်း ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုထားသည်။

သို့သော် မန္တလေးမြို့ပေါ်ရှိ NLD ပါတီဝင်များနှင့် တက်ကြွလှုပ်ရှားသူများကမူ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်နေသည့် ပြည်သူများ ကြောက်လန့်စေရေး အကြမ်းဖက် သတ်ဖြတ်မှုများဖြင့် တုံ့ပြန်ရန် အာဏာသိမ်း စစ်ကောင်စီက မွေးထုတ်ထား သည့် အဖွဲ့ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။

Ranger of Mandalay အဖွဲ့မှ ဗိုလ်ဖီးနစ်ကလည်း “သွေးသောက်အဖွဲ့ဆိုတာ စစ်ကောင်စီဘက်က လူတွေပါပဲဗျာ။ သူတို့ အသုံးပြုနေတဲ့ လက်နက်တွေနဲ့ လုပ်ရပ်တွေကို ကြည့်ရင် ဘယ်အဖွဲ့တွေဆိုတာ သိနေတာပဲ။ နောက် CCTV မှတ်တမ်း တွေ ကြည့်ရင် သိနိုင်တယ်။ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ အဓိက ရည်ရွယ်ချက်က ပြည်သူတွေအပေါ် ဖိနှိပ် နေတဲ့ စစ်ကောင်စီ လက်ပါးစေတွေကို ဖြိုဖျက်သွားဖို့ပါပဲ။ ဒါကြောင့် အခြေအနေတွေကို စောင့်ကြည့်နေပါတယ်” ဟု မှတ်ချက်ပြုသည်။

မန္တလေးမြို့တွင် ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လုံခြုံရေး အကြောင်းပြချက်ဖြင့် ရပ်ကွက်၊ လမ်းများ အတွင်း စစ်ဆေးမှုများ တင်းကျပ်နေသလို ဆန္ဒပြလူငယ်များနှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များကိုလည်း ပိုက်စိပ်တိုက် ဖမ်းဆီးလျက် ရှိသည်။

You may also like these stories:

သွေးသောက်အဖွဲ့မှာ ဘယ်သူတွေ ပါလဲ

အမရပူရတွင် သွေးသောက်အဖွဲ့ လည်ဆွဲဖြင့် အမျိုးသားအလောင်း ထပ်မံ စွန့်ပစ်ထား

မန္တလေးတွင် NLD ပါတီဝင်အချို့ ဖမ်းဆီးသတ်ဖြတ်ခံနေရ

မန်းခရိုင် NLD ဒုဥက္ကဌ၏ဇနီး သတ်ဖြတ်ခံရပြီး အလောင်းပါစွန့်ပစ်ခံရ

]]>
သွေးသောက်အဖွဲ့မှာ ဘယ်သူတွေ ပါလဲ https://burma.irrawaddy.com/article/2022/06/13/252503.html Mon, 13 Jun 2022 07:59:30 +0000 https://burma.irrawaddy.com/lytbox/?p=252503 အခြေခံလူတန်းစား ဘဝ တိုးတက်မြင့်မားရေးပါတီ ခေါင်းဆောင် မိုက်ကယ်ကျော်မြင့်ဧရာဝတီက စုံစမ်းသိရှိရသော အချက်အလက်တွေအရ လူမှုကွန်ရက်များတွင် နာမည်ခံဦးဆောင်နေသော သွေးသောက်အဖွဲ့ခေါင်းဆောင်များ၏ နောက်ကွယ်တွင် စစ်တပ်ပါဝင် နေသည်မှာ ထင်ရှားနေသည်။]]> အခြေခံလူတန်းစား ဘဝ တိုးတက်မြင့်မားရေးပါတီ ခေါင်းဆောင် မိုက်ကယ်ကျော်မြင့်

အနီရောင်စစ်ဆင်ရေးနာမည်ဖြင့် NLD ပါတီဝင်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား ပစ်မှတ်ထား တိုက်ခိုက်နေသော သွေးသောက်အဖွဲ့တွင် စစ်တပ်လိုလားသော နိုင်ငံရေးပါတီခေါင်းဆောင်အချို့၊ စစ်တပ်ထောက်ခံပွဲများကို ဦးဆောင်သူအချို့နှင့် စစ်တက္ကသိုလ်( DSA) ကျောင်းဆင်းအချို့ ပါဝင်နေကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

ဧရာဝတီက စုံစမ်းသိရှိရသော အချက်အလက်တွေအရ လူမှုကွန်ရက်များတွင် နာမည်ခံဦးဆောင်နေသော သွေးသောက်အဖွဲ့ခေါင်းဆောင်များ၏ နောက်ကွယ်တွင် စစ်တပ်ပါဝင် နေသည်မှာ ထင်ရှားနေသည်။

သွေးသောက်အဖွဲ့အား စတင်တည်ထောင်ရန် စတင်ဆော်ဩခဲ့သူမှာ အခြေခံလူတန်းစား ဘဝ တိုးတက်မြင့်မားရေးပါတီ ခေါင်းဆောင် မိုက်ကယ်ကျော်မြင့်အသုံးပြုနေသော Min Yaung ဖေ့စ်ဘွတ် အကောင့်မှဖြစ်သည်။

အခြေခံလူတန်းစား ဘဝ တိုးတက်မြင့်မားရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်မိုးမိုးခိုင်

မိုက်ကယ်ကျော်မြင့်သည် Min Yaung ဖေ့စ်ဘွတ်အကောင့်မှ မကြာခဏလိုက်လွှင့်ပြီး နိုင်ငံရေးအကြောင်းများ ပြောဆိုလေ့ရှိပြီး သွေးသောက်အဖွဲ့ ထူထောင်ရန်ကိုလည်း အဲဒီအကောင့်မှ စတင်ကြေငြာခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ဩဂုတ်လက ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီ တို့ တွေ့ဆုံရာတွင် မိုက်ကယ်ကျော်မြင့်လည်း ပါဝင်ခဲ့ပြီး မင်းအောင်လှိုင်နှင့် မိုက်ကယ်ကျော်မြင့်တို့ တွဲရိုက်ထားသည့် ဓာတ်ပုံမှာ အင်တာနက်စာမျက်နှာများတွင် ထွက်ပေါ်လာခဲ့သည်။

နေပြည်တော်တွင် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ လွှတ်တော်အစည်းအဝေးများ မစတင်မီ “တပ်မတော်က တိုင်းပြည်ကို ကယ်တင်ပေးရန်” ဟူသော လှုပ်ရှားမှုပြုလုပ်ရန် ဦးဆောင်နေခဲ့ချိန် ရဲက ၅၀၅ (ခ) ဖြင့် ဖမ်းဆီးခဲ့ပြီး စစ်အာဏာသိမ်းနောက်ပိုင်းတွင် ပြန်လွတ်လာခဲ့သည်။

သွေးသောက်အဖွဲ့အား စတင်တည်ထောင်ရန် စတင်ဆော်ဩခဲ့သူမှာ အခြေခံလူတန်းစား ဘဝ တိုးတက်မြင့်မားရေးပါတီ ခေါင်းဆောင် မိုက်ကယ်ကျော်မြင့်အသုံးပြုနေသော Min Yaung ဖေ့စ်ဘွတ် အကောင့်မှဖြစ်သည်။

“ရန်ကုန်တိုင်း မန္တလေးတိုင်း နေပြည်တော် တနင်္သာရီတိုင်းနှင့် စစ်ကိုင်းတိုင်းမှ တပ်မတော်ကို ခံယူချက်ဖြင့် ချစ်မြတ်နိုးသူများ မိုက်ကယ်ကျော်မြင့် Viber သို့ ဆက်သွယ်ပြီး စတင်လှုပ်ရှားနိုင်ပါပြီ အမျိုးတို့”ဟု Min Yaung ဖေစ်ဘွတ်အကောင့်တွင် ဧပြီလ ၂၂ ရက်နေ့က စတင်ရေးသားခဲ့သည်။

ထို့အပြင် တပ်မတော်နှင့်လက်တွဲပြီး အကြမ်းဖက်များကို ဖော်ထုတ် ဖမ်းဆီး နှိမ်နင်းလိုသူတပ်မတော်ချစ်သူများ ဒေသအလိုက် ဆက်သွယ်နိုင်ကြောင်း၊ နေစရိတ် စားစရိတ် တာဝန်ယူကြောင်းတို့ကို ထည့်သွင်းရေးသားထားသည်။ သို့ သော် အဆိုပါပို့စ်အား မေလအတွင်း ပြန်ဖျက်သွားခဲ့သည်။

ထို့အပြင် သွေးသောက်အဖွဲ့ဝင်တဦးဖြစ်သူ သုံးသည့် နိုင်ငံရေးမျိုးဆက်သစ် ဖေစ်ဘွတ်အကောင့်မှ “သွေးသောက်အဖွဲ့ခေါင်းဆောင် မိုက်ကယ်ပြောပြီ”ဆိုသော စာသားပါဓါတ်ပုံတပုံအား မိုက်ကယ်ကျော်မြင့် သုံးနေသော Min Yaung အကောင့်နှင့် tag တွဲတင်ခဲ့သည်။

ထို့နောက် ပထမဆုံးအကြိမ် ဧပြီလ ၂၅ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင် မန္တလေး တိုင်းဒေသကြီးမှာ NLD ပါတီဝင်အချို့ အသတ်ခံရပြီး သတ်ခံရသူများ၏ ခန္ဓာကိုယ်တွင် သွေးသောက် အဖွဲ့ အနီရောင်စစ်ဆင်ရေးစာတမ်းပါ တံဆိပ်များကို ချိတ်ဆွဲထားခဲ့သည်။

ဧပြီလ ၂၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့၌နေထိုင်သော စစ်အာဏာရှင်ဆန့်ကျင့်ရေးတွင် တက်ကြွစွာ ပါဝင်သူ သရုပ်ဆောင် ဟိန်းထက်၏ အဖိုးဖြစ်သူ အသတ်ခံရသည်။ အဆိုပါ လူသတ်မှုမကျူးလွန်ခင် ၂ ရက် အလိုတွင် မိုက်ကယ်ကျော်မြင့်သုံးနေသည့် Min Yaung ဖေစ်ဘွတ်အကောင့်မှ “ရန်ကုန်မှာ ငှက်မွှေးနှုတ်ပွဲ နားစွင့်ပါ အမျိုးတို့” ဟုရေးသားခဲ့သည်။

ပထမဆုံးအကြိမ် ဧပြီလ ၂၅ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင် မန္တလေး တိုင်းဒေသကြီးမှာ NLD ပါတီဝင်အချို့ အသတ်ခံရပြီး သတ်ခံရသူများ၏ ခန္ဓာကိုယ်တွင် သွေးသောက် အဖွဲ့ အနီရောင်စစ်ဆင်ရေးစာတမ်းပါ တံဆိပ်များကို ချိတ်ဆွဲထားခဲ့သည်။

“ဒီလူက ပလပ်ကျွပ်နေတာလား၊ ဘာလားမသိဘူး။ သူလုပ်မယ့်ကိစ္စတွေကို ဖေ့စ်ဘွတ်မှာ တက်တက်ရေးတယ်။ လူသတ်နေတဲ့ပုံတောင် တင်ဖူးတယ်။ နောက်မှပြန်ဖြုတ်တာ” ဟု မိုက်ကယ်ကျော်မြင့်နှင့် သွေးသောက်အဖွဲ့ကို လေ့လာစောင့်ကြည့်နေသူ သတင်းထောက်တဦးကပြောသည်။

မိုက်ကယ်ကျော်မြင့်နှင့် အမြဲတွဲသွားတွဲလာ အလွန်တရာ နီးကပ်သူလည်း ဖြစ်၊ ပါတီမှ ဗဟိုကော်မတီဝင်လည်း ဖြစ်သူ ဒေါ်မိုးမိုးခိုင်တို့သည် မန္တလေးတိုင်းဒေသကြီးတွင် လုပ်ငန်းများလုပ်ဆောင်ပြီးသည့်အခါ နေပြည်တော်သို့ပြန်လေ့ရှိသည်။

မိုက်ကယ်ကျော်မြင့်၏ ဖေ့ဘွတ်အကောင့် Min Yaung ကို tag တွဲထားသော ပို့စ်တချို့

ဒေါ်မိုးမိုးခိုင် အသုံးပြုနေသော ဖေ့စ်ဘွတ်အကောင့်မှ နေပြည်တော်သို့ပြန်သည့် ပုံများ တင်လေ့ရှိပြီး နေပြည်တော်သို့ရောက်ရှိလာပြီး ကားမောင်းရင်း Live လွှင့်ထားသည့် ဗီဒီယိုတခုတွင် နေပြည်တော်က အဝိုင်းတခု ပါနေသည်။ ထိုအဝိုင်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီရုံးချုပ်သို့ သွားလျှင် ဖြတ်သန်းရသည့်အဝိုင်းဖြစ်သောကြောင့် မိုက်ကယ်ကျော်မြင့်သည် ကြံခိုင်ရေးပါတီရုံးချုပ်အတွင်းနေထိုင်နိုင်သည်ဟု ယူဆရသည်။

မန္တလေးက ဂိုဏ်းချုပ်

သွေးသောက်အဖွဲ့၏ မန္တလေးခေါင်းဆောင်ဆိုသူမှာ မိုက်ကယ်ကျော်မြင့်ပါတီ ၏ မန္တလေးတိုင်းဒေသကြီး တာဝန်ခံ မောင်ကျော်ထွဏ်းသိမ်းဖြစ်သည်ဟု ဧရာဝတီက စုံစမ်းသိရှိရသည်။

မောင်ကျော်ထွဏ်းသိမ်းသည် မောင်ကျော်ထွဏ်းသိမ်း ဂိုဏ်းချုပ်အမည်ဖြင့် ဖေ့စ်ဘွတ်အကောင့်ဖွင့် လှစ်ထားပြီး သွေးသောက်အဖွဲ့လှုပ်ရှားမှု သတင်းများ၊ တပ်ထောက်ခံပွဲ သတင်းများကိုတင်သည်။

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ဇီးကုန်းရပ်ကွက်တွင် မိုက်ကယ်ကျော်မြင့် ပါတီ ဖြစ်သော အခြေခံလူတန်းစား ဘဝ တိုးတက်မြင့်မားရေးပါတီ ရုံးခွဲ ဖွင့်ပွဲအခမ်းအနားသို့ မိုက်ကယ်ကျော်မြင့် ကိုယ်စား မောင်ကျော်ထွဏ်းသိမ်းက တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

မောင်ကျော်ထွဏ်းသိမ်းသည် မောင်ကျော်ထွဏ်းသိမ်း ဂိုဏ်းချုပ်အမည်ဖြင့် ဖေ့စ်ဘွတ်အကောင့်ဖွင့် လှစ်ထားပြီး သွေးသောက်အဖွဲ့လှုပ်ရှားမှု သတင်းများ၊ တပ်ထောက်ခံပွဲ သတင်းများကို တင်သည်။

သွေးသောက်အဖွဲ့၏ မန္တလေးခေါင်းဆောင် မောင်ကျော်ထွဏ်းသိမ်း၏ ဖေ့ဘွတ်ပို့စ်တချို့

မောင်ကျော်ထွဏ်းသိမ်း ဂိုဏ်းချုပ် ဖေ့စ်ဘွတ်အကောင့်မှ ဧပြီလ ၂၃ရက်နေ့တွင် မိုက်ကယ်ကျော်မြင့်သည် မန္တလေးနယ်မြေခံ စစ်ကြောင်းနှင့် ပူးပေါင်းကာ စစ်ကောင်စီဆန့်ကျင်သူများအား ဖမ်းဆီးခဲ့သည်ဟုရေးသားခဲ့ပြီး ဓါတ်ပုံအချို့ကိုလည်း တင်ခဲ့သည်။

သွေးသောက်အဖွဲ့ဝင် အရပ်သားများသည် NLD ပါတီဝင်များနှင့် စစ်တပ်ဆန့်ကျင်သူများအား စစ်တပ်သို့ သတင်းပေးခြင်း၊ ဖမ်းဆီးရာတွင် လိုက်ပါဆောင်ရွက်ခြင်းများတွင် ပါဝင်ရပြီး ဖမ်းဆီးရမိသူများအား သတ်ဖြတ်ရာတွင်မူ စစ်ကောင်စီတပ်သားများက လုပ်ဆောင်ကြောင်း အဆိုပါအဖွဲ့တွင် ပါဝင်သော မန္တလေး ဒေသခံ တဦးက ဧရာဝတီသို့ ပြောဆိုသည်။

မောင်ကျော်ထွဏ်းသိမ်းနှင့် သူ၏ဇနီး

သွေးသောက်အဖွဲ့တွင် ပါဝင်သော ထင်ရှားသူနောက်တဦးမှာ ဦးချစ်ကိုဖြစ်သည်။ ဦးချစ်ကိုသည် စစ်တက္ကသိုလ်အပတ်စဉ် ၃၀ (DSA-30) ကို တက်ရောက်ခဲ့သူတဦးဖြစ်ပြီး လက်ရှိ စစ်တပ်တွင် နံပတ်လေးနေရာရယူထားသော ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် တပတ်စဉ်တည်း တက်ရောက်ခဲ့သူဖြစ်သည်။ သူတို့နှစ်ဦးသည်လည်း ခင်မင်ရင်းနှီးကြသူများဖြစ်သည်။

သွေးသောက်အဖွဲ့မှ အရပ်သားများနှင့် စစ်တပ်ကြား ကြားခံဆက်သွယ်ပေးသူမှာ ဦးချစ်ကို ဖြစ်သည်ဟု လက်ရှိသွေးသောက်အဖွဲ့တွင် ပါဝင်နေသူတဦးက ဧရာဝတီသို့ပြောသည်။

သွေးသောက်အဖွဲ့မှ အရပ်သားများနှင့် စစ်တပ်ကြား ကြားခံဆက်သွယ်ပေးသူမှာ ဦးချစ်ကို ဖြစ်သည်

ဦးချစ်ကိုသည် NLD အစိုးရလက်ထက်တွင် “ကိုရင်လူထွက်ငါးပိချက်”နာမည်ဖြင့် ဖေ့စ်ဘွတ် အကောင့်တခုဖွင့်ကာ NLD ပါတီအား တိုက်ခိုက်သည့်ရေးသားမှုများနှင့် စစ်တပ်ကို ထောက်ခံသည့် အရေးအသားများ ရေးသားခဲ့သည်။

ထိုသို့ စစ်တပ်နှင့် နီးစပ်ပတ်သက်သည့် သူများက သွေးသောက်အဖွဲ့ ဖွဲ့စည်းပြီး စစ်တပ်ဆန့်ကျင်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား လုပ်ကြံသတ်ဖြတ်နေခြင်းတွင် စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရခ) တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်နေမည်မှာ မြေကြီးလက်ခတ်မလွဲဟု ကောက်ချက်ဆွဲရပေတော့မည်။

You may also like these stories:

မြက်ခင်းရိပ်သာလမ်းက အိမ်တွေလည်း စစ်ခေါင်းဆောင် လောဘတကြီး သိမ်းယူ

စစ်ကောင်စီ၏ အရှုံး နိဒါန်းပျိုးပြီလား

PDF တွေကို လက်နက် မပေးဖို့ UWSP ကို စစ်ကောင်စီ ပြော

မြန်မာပြည် မီးလောင်နေလည်း ဦးသိန်းစိန် ပန်းချီဆွဲကောင်းနေ

]]>
လုပ်ကြံသတ်ဖြတ်ခံရမှာ NLD အဖွဲ့ဝင်များ ကြောက်လန့်နေရ https://burma.irrawaddy.com/news/2022/05/21/252036.html Sat, 21 May 2022 09:37:50 +0000 https://burma.irrawaddy.com/lytbox/?p=252036 ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲနိုင်အပြီး အောင်ပွဲခံနေကြသော ထောက်ခံသူများ / ဧရာဝတီထိုခြိမ်းခြောက်မှုများတွင် သတ်ဖြတ်မှုများသာမက၊ သက်ဆိုင်သူများ၏ နေအိမ်များကို တိုက်ခိုက်မှုများလည်း ပါဝင်လာသောကြောင့် မိသားစုများပါ အန္တရာယ် ကျရောက်လာသည်။]]> ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲနိုင်အပြီး အောင်ပွဲခံနေကြသော ထောက်ခံသူများ / ဧရာဝတီ

စစ်အုပ်စုလိုလားသည့် အကြမ်းဖက်အုပ်စုများ၏ ခြိမ်းခြောက်မှုများနှင့် သတ်ဖြတ်မှုများ ဖြစ်လာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ အဆင့်မြင့် အဖွဲ့ဝင်များ အပါအဝင် အဖွဲ့ဝင်များနှင့် ၎င်းတို့ မိသားစုများသည် ပုန်းအောင်းနေရသူနေရ၊ နိုင်ငံမှ ထွက်ပြေးသူ ပြေးနေရ ဖြစ်နေသည်။

စစ်ကောင်စီပစ်မှတ်များအတွက် ခုခံတိုက်ခိုက်သူများ၊ NLD အဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုများနှင့် စစ်ကောင်စီ ဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ထောက်ခံသူများအပေါ် အနီစစ်ဆင်ရေးကို လုပ်ဆောင်မည် ဖြစ်ကြောင်း သွေးသောက်အကြမ်းဖက်အဖွဲ့က ဧပြီလ ၂၁ ရက်နေ့တွင် ကြေညာခဲ့သည်။

ဧပြီလ နှောင်းပိုင်းမှစတင်ပြီး ထိုအုပ်စု၏ ခြိမ်းခြောက်မှုသည် ပြင်းထန်လာပြီး ထိုအုပ်စု၏ သတ်ဖြတ်ခံရသူ အရေအတွက်မှာ တပတ်အတွင်းအနည်းဆုံး ၈ ဦးရှိလာကာ အများစုမှာ မန္တလေးမှ ဖြစ်သောကြောင့် တနိုင်ငံလုံးမှ NLD အဖွဲ့ဝင်များနှင့် ထောက်ခံသူများ၏ နေအိမ်များအပေါ် ခြိမ်းခြောက်မှုများ ဖြစ်စေသည်။

အနီစစ်ဆင်ရေးကို လုပ်ဆောင်မည် ဖြစ်ကြောင်း သွေးသောက်အကြမ်းဖက်အဖွဲ့က ဧပြီလ ၂၁ ရက်နေ့တွင် ကြေညာခဲ့သည်။

သတ်ဖြတ်ခံရသူများ၏ အလောင်းများတွင် သွေးသောက်အဖွဲ့ တံဆိပ်များကိုလည်း ထားခဲ့သည်။ သွေးသောက်အဖွဲ့သည် သတ်ဖြတ်ခံရသူများ၏ ဓာတ်ပုံများကို ၎င်းတို့အဖွဲ့ အမှတ်တံဆိပ်များဖြင့် တယ်လီဂရမ်တွင် တင်ကြသည်။

ထိုခြိမ်းခြောက်မှုများတွင် သတ်ဖြတ်မှုများသာမက၊ သက်ဆိုင်သူများ၏ နေအိမ်များကို တိုက်ခိုက်မှုများလည်း ပါဝင်လာသောကြောင့် မိသားစုများပါ အန္တရာယ် ကျရောက်လာသည်။

မန္တလေးမှ ဖမ်းဆီးခံ NLD ခေါင်းဆောင်တဦး၏ နေအိမ်သည်လည်း မကြာသေးမီက အကြိမ်ကြိမ်တိုက်ခိုက်ခံပြီး မီးပင်အရှို့ခံရသောကြောင့် မိသားစုဝင်များ ထွက်ပြေးနေရသည်။

မန္တလေးမှ ဖမ်းဆီးခံ NLD ခေါင်းဆောင်တဦး၏ နေအိမ်သည်လည်း မကြာသေးမီက အကြိမ်ကြိမ်တိုက်ခိုက်ခံပြီး မီးပင်အရှို့ခံရသောကြောင့် မိသားစုဝင်များ ထွက်ပြေးနေရသည်။

နောက်ဆုံးတိုက်ခိုက်မှုမှာ အင်္ဂါနေ့ညက ဖြစ်ပွားသည်။ စင်ပြိုင်အဝေးရောက် အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်၏ မန္တလေးတိုင်း နွားထိုးကြီးမှ နေအိမ်မီးရှို့ခံရသည်။ ထိုမီးရှို့မှုကြောင့် နေအိမ်တစိတ်တပိုင်း ပျက်စီးသွားသည်။ ရွေးကောက်ခံ NLD ကိုယ်စားလှယ်ဖြစ်သော ဦးနိုင်ထူးအောင်ကလည်း ထိုတိုက်ခိုက်မှုကို အတည်ပြုပြောကြားသည်။ ထိုအိမ်တွင် မည်သူမျှ နေထိုင်ခြင်းမရှိသောကြောင့် မည်သူမျှ ထိခိုက်ခြင်းမရှိပေ။

လွန်ခဲ့သောနှစ်က ပေါ်ပေါက်လာသော စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွက် စစ်ကောင်စီက NLD နှင့် ထောက်ခံသူများကို အပြစ်တင်သည်။ စစ်အာဏာသိမ်းပြီးနောက် တနှစ်ကျော်ကြာလာသည့်တိုင် ပြည်သူများက စစ်အုပ်ချုပ်ရေးကို လက်မခံသောကြောင့် စစ်ကောင်စီသည် နိုင်ငံကို ထိန်းချုပ်နိုင်ခြင်း မရှိပေ။ သို့သော် နိုင်ငံကို မတည်ငြိမ်အောင်လုပ်နေသည်မှာ NLD ဖြစ်သည်ဟု စစ်ကောင်စီက ပြောသည်။ ဖြုတ်ချခံ NLD လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ မဟာမိတ်များဖြင့် ဖွဲ့စည်းထားသည့် NUG ကိုလည်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် စစ်ကောင်စီက သတ်မှတ်ထားသည်။

ထိုသွေးသောက်အဖွဲ့၏ သတ်ဖြတ်မှုကြောင့် မေလ ၅ ရက်နေ့အထိ NLD အဖွဲ့ဝင် ၇ ဦးနှင့် ထောက်ခံသူ ၇ ဦး သေဆုံးကြောင်း NLD ကပြောသည်။ ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းများကို စွန့်ပစ်ရာတွင် စစ်ကားနှင့် ရဲကားများကို အသုံးပြုခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသောကြောင့် ထိုရက်စက်ကြမ်းကြုတ်မှုများ နောက်ကွယ်တွင် စစ်ကောင်စီတပ်များ ပါဝင်ပတ်သက်နေသည်ဟု NLD ကပြောသည်။

မေလ ၁၆ ရက်နေ့တွင် ထိုသို့သတ်ဖြတ်ခံရသူ အရေအတွက်မှာ အနည်းဆုံး ၂၀ အထိ ရှိလာကြောင်း သွေးသောက်အဖွဲ့ ထောက်ခံသူများက Facebook နှင့် Telegram တွင်တင်သည့် မက်ဆေ့များမှတဆင့် ဧရာဝတီ သတင်းဌာနက သိရှိရသည်။

မြင်းခြံ၊ မြင်းမူနှင့် ငါန်းဇွန်စသည့် အထက်မြန်မာနိုင်ငံမြို့များမှ NLD နှင့် စစ်ကောင်စီဆန့်ကျင်ရေး အဖွဲ့ဝင်များ၏ မိသားစုများကို သတ်မည်ဟု သွေးသောက်အဖွဲ့ ထောက်ခံသူများက လွန်ခဲ့သော အပတ်က ခြိမ်းခြောက်သည်။

သတ်ဖြတ်မှုအပြီး သွေးသောက်အဖွဲ့က ထားခဲ့သော အဖွဲ့တံဆိပ်

သွေးသောက်အဖွဲ့၏ ခြိမ်းခြောက်မှုကြောင့် ပုန်းအောင်းနေရသည့် အမည်မဖော်လိုသော NLD အဖွဲ့ဝင် တဦးက “ကျနော်တို့ တော်တော်များများ ပုန်းနေရတယ်။ အိမ်မှာ လုံလုံခြုံခြုံနေလို့မရဘူး။ ပြေးနေရတဲ့အထဲမှာ NLD ရဲ့ မြို့နယ်အဆင့် ခေါင်းဆောင်မိသားစုတွေသာမက၊ ဗဟိုအလုပ်အမှုဆောင်တွေရဲ့ မိသားစုတွေပါ ပါတယ်” ဟု ပြောသည်။

ဧရာဝတီ သတင်းဌာနသည် မြို့နယ် အများအပြားမှ NLD လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့ မိသားစုများကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ၎င်းတို့သည် ဖုန်းများကို ပိတ်ထားကြပြီး တချို့မှာ ကြောက်လန့်နေသောကြောင့် ထိုကိစ္စကို ဆွေးနွေးရန် ငြင်းဆန်ကြသည်။

သွေးသောက်အဖွဲ့၏ လုပ်နည်းလုပ်ဟန်များသည် တနေရာနှင့်တနေရာ မတူကြောင်း ထိုအဖွဲ့ကို လေ့လာ စောင့်ကြည့်နေသူ တဦးက ပြောသည်။ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းနှင့် မြင်းခြံမြို့နယ် ကဲ့သို့သော နေရာများတွင် ၎င်းတို့သည် NLD အဖွဲ့ဝင်များကိုသာမက၊ ထောက်ခံသူများကိုလည်း ပစ်မှတ်ထားသည်။ ရန်ကုန်တွင်မူ NLD ကို အကြီးအကျယ် ထောက်ခံသူများကိုသာ ပစ်မှတ်ထားသည်။

ပုဇွန်တောင်မြို့နယ်မှ NLD ထောက်ခံသူတဦး၏ နေအိမ်တွင်းသို့ မကြာသေးမီက လက်ပစ်ဗုံး ပစ်သွင်းခဲ့သည်။ ကံကောင်းသည်မှာ ထိုဗုံးသည် ပေါက်ကွဲခြင်းမရှိသောကြောင့် မည်သူမျှ ထိခိုက်ခြင်း မရှိပေ။

မေလအတွင်းက ထိုသို့သော အဖွဲ့များကို စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းများတွင် ဖွဲ့စည်းကြသည်။ ၎င်းတို့သည် အဖွဲ့အမည်အမျိုးမျိုး ပေးထားပြီး ထားဝယ်တွင် စွန်အဖွဲ့၊ ရန်ကုန်တွင် သင်းကွပ်အဖွဲ့၊ မန္တလေးနှင့် အထက်ဗမာပြည်မြို့နယ်များတွင် သွေးသောက်အဖွဲ့ဟု ခေါ်ကြကာ ပြည်တွင် မျိုးချစ်မဟာမိတ်အဖွဲ့ဟု ခေါ်ကြသည်။

မေလ ပထမပတ်အတွင်း သွေးသောက်အဖွဲ့သည် ဧရာဝတီတိုင်း မအူပင်မှ NLD အဖွဲ့ဝင်တဦး၏ နေအိမ်တွင်းသို့ မီးလောင်ဗုံး ပစ်သွင်းသည်။

မေလ ပထမပတ်အတွင်း သွေးသောက်အဖွဲ့သည် ဧရာဝတီတိုင်း မအူပင်မှ NLD အဖွဲ့ဝင်တဦး၏ နေအိမ်တွင်းသို့ မီးလောင်ဗုံး ပစ်သွင်းသည်။ ထားဝယ်မှ NLD အဖွဲ့ဝင်တဦးမှာမူ သွေးသောက်စွန် အဖွဲ့များ၏ သတိပေးစာ တစောင် ပေးပို့ခံရသည်။

မန္တလေးတွင် သတ်ဖြတ်ခံရသူတဦး၏ မိသားစုများသည် ၎င်းတို့ ရင်ဆိုင်နေရသည့် ကြောက်လန့်မှုကို ထုတ်ဖော်ပြောဆိုရဲခြင်း မရှိကြောင်း NLD အဖွဲ့ဝင်တဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“သူတို့အခြေအနေကို မီဒီယာကိုမပြောနဲ့ ကျနော်တို့ကိုတောင် သူတို့မပြောရဲဘူး။ သူတို့ ဘယ်လောက် ကြောက်နေတယ်ဆိုတာ ခန့်မှန်းလို့ရမယ်ထင်တယ်” ဟု ၎င်း NLD အဖွဲ့ဝင်က ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Myanmar NLD Members, Relatives Live in Fear of Attack by Pro-Junta Terror Group ကို ဆီလျော်အောင် ဘာသာပြန်သည်။)

You may also like these stories:

ရှေ့နေ ဒေါ်ရွက်နုအောင်အား မန္တလေးနန်းတွင်း စစ်ကြောရေး၌ စစ်ဆေးနေ

အနုပညာရှင်များကို ပစ်မှတ်ထား အန္တရာယ်ပြုလာသည့် တယ်လီဂရမ် အကောင့်များ

မုံတိုင်ပင်ရွာတွင် အလောင်းများ ထပ်တွေ့၊ သတ်ခံရသူ ၃၀ ကျော် ရှိလာ

ရေဦး၌ ၉ လအတွင်း သတ်ခံရသည့် အလောင်း ၁၀၀ ကျော် ကောက်ယူ သဂြိုဟ်ပေးခဲ့ရဟုဆို

]]>
အမရပူရတွင် သွေးသောက်အဖွဲ့ လည်ဆွဲဖြင့် အမျိုးသားအလောင်း ထပ်မံ စွန့်ပစ်ထား https://burma.irrawaddy.com/news/2022/05/02/251647.html Mon, 02 May 2022 12:17:34 +0000 https://burma.irrawaddy.com/lytbox/?p=251647 သွေးသောက်အဖွဲ့ သတ်ဖြတ်၍ ပစ်ထားသည့် ရုပ်အလောင်း / CJသတ်ဖြတ်ခံရသူမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ စည်းရုံးရေးမှူး ကိုဇော်ကြီးဟု သိရပြီး သွေးသောက်အဖွဲ့၏ တယ်လီဂရမ်ချန်နယ်တွင်လည်း အမရပူရမြို့နယ် NLD ပါတီ စည်းရုံးရေးမှူး ဇော်ကြီးကို ရှင်းလင်းခဲ့ကြောင်း ရေးသား ထုတ်ပြန်ထားသည်။]]> သွေးသောက်အဖွဲ့ သတ်ဖြတ်၍ ပစ်ထားသည့် ရုပ်အလောင်း / CJ

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရှမ်းလေးကျွန်းကျေးရွာအနီး၌ သွေးသောက်အဖွဲ့ လည်ဆွဲဖြင့် အမျိုးသားအလောင်း တလောင်းကို လာရောက် ပစ်ထားကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ အမျိုးသားမှာ အသက် ၄၀ ကျော် အရွယ်ဖြစ်ပြီး အမရပူရမြို့နယ်၊ ရှမ်းလေးကျွန်းကျေးရွာနှင့် မှန်တန်းကွက် သစ် ကပ်ကျော်ဘုရားကြားရှိ တာဘောင်၌ လက်နောက်ပြန် ကြိုးတုပ်လျက် ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးနေခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းလေးကျွန်း ဒေသခံတဦးက “အလောင်းကို မနက် ၅ နာရီကျော်လောက်မှာ တွေ့တာ။ လက်နောက်ပြန်ကြိုး တုပ် ပြီးတော့ ထိုးသွင်းဒဏ်ရာတွေနဲ့ သေနေတာ။ ဓားနဲ့ ထိုးထားတဲ့ ပုံစံပဲ၊ အသက် ၄၅ နှစ်လောက်တော့ ရှိမယ်၊ အလောင်းမှာ သွေးသောက်အဖွဲ့ အနီရောင်စစ်ဆင်ရေး (MDY) ဆိုတဲ့ လည်ဆွဲ ချိတ်ထားတာလည်း တွေ့ရတယ်” ဟု ပြောသည်။

သတ်ဖြတ်ခံရသူမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ စည်းရုံးရေးမှူး ကိုဇော်ကြီး ဟု သိရပြီး သွေး သောက်အဖွဲ့၏ တယ်လီဂရမ်ချန်နယ်တွင်လည်း အမရပူရမြို့နယ် NLD ပါတီ စည်းရုံးရေးမှူး ဇော်ကြီးကို ရှင်းလင်းခဲ့ ကြောင်း ရေးသား ထုတ်ပြန်ထားသည်။

အဆိုပါ သေဆုံးသူနှင့် ပတ်သက်၍ NLD ပါတီမှ တာဝန်ရှိသူများကို ဧရာဝတီက မေးမြန်းရန် ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

အနက်ရောင် သေမင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ ဗိုလ်နောင်လေးက အဆိုပါလုပ်ရပ်သည် ပြည်သူများကို ကြောက်လန့်စေရန်အတွက် လုပ်သည့် အကျည်းတန်သည့် လုပ်ရပ်ဖြစ်ပြီး လက်သည်များကို ချေမှုန်းနိုင်ရန်အတွက်လည်း ဆောင်ရွက်နေကြောင်း ဧရာဝတီသို့ ပြောသည်။

အနက်ရောင် သေမင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့သည် ဇေယျစစ်ဆင်ရေး အမည်ဖြင့် မန္တလေးတိုင်းအတွင်းမှ စစ် ကောင်စီ လက်အောက်ခံ တပ်၊ ရဲနှင့် စစ်ကောင်စီ ယန္တရား ဒေါက်တိုင်များကို ဗုံးခွဲတိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက် ခြင်းများကို ပြုလုပ်နေသော အဖွဲ့ ဖြစ်သည်။

‘‘သွေးသောက်အဖွဲ့’’ ဟု အမည်ပေးထားသည့် အဖွဲ့သည် အနီရောင် စစ်ဆင်ရေးအမည်ဖြင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) နှင့် NLD ပါတီဝင်များ၊ NLD ထောက်ပံ့သူများကို ရှင်းလင်းမည်ဟု ဧပြီ ၂၁ ရက်က ကြေညာခဲ့ပြီးနောက် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများနှင့် NLD ပါတီ အားပေး ထောက်ခံသူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများကို ဆက် တိုက် လုပ်ဆောင်လျက်ရှိရာ မန္တလေးတိုင်းအတွင်း သွေးသောက်အဖွဲ့ ဖမ်းဆီး သတ်ဖြတ်၍ အလောင်း စွန့်ပစ်ခံသူ ဦးရေမှာ ၁၀ ဦး အထက် ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

‘‘သွေးသောက်အဖွဲ့’’ သည် ၎င်းတို့အနေဖြင့် စစ်တပ်၊ ရဲနှင့် ပျူစောထီး အဖွဲ့များဖြင့် မပတ်သက်ကြောင်း ရေးသားထား သလို ဧပြီ ၂၇ ရက်က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ သတင်းစာ ရှင်းလင်းပွဲတွင် သွေးသောက်အဖွဲ့သည် စစ်ကောင်စီ နှင့် ပတ်သက်မှု မရှိဟုလည်း စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ငြင်းဆိုထားသေးသည်။

ဗိုလ်နောင်လေး က “သူတို့ (စစ်ကောင်စီ) ဘက်က ဘယ်လောက်ပဲ ငြင်းငြင်း ဒါကတော့ သူတို့ဘက်က အရင်ကတည်းက ရှိပြီးသားပါ၊ ခွေးဇာတ်ခင်းတဲ့ လုပ်ရပ်တွေပေါ့၊ ကျနော်တို့ (ဇေယျစစ်ဆင်ရေး) ကြေညာခြင်းဟာ သူတို့ အဲဒီလို အပြစ်မဲ့ ပြည်သူ တွေကို သတ်ဖြတ်နေတာတွေ ရပ်တန့်စေချင်လို့ပါ။ ဒါကိုမှ နားမလည် ပိုသတ်ပြတော့ သူတို့ စသတ်တဲ့နေ့မှာပဲ သူတို့ မွေးထားတဲ့ ပျုနှစ်ကောင်ကို ရှင်းပစ်လိုက်တယ်။ တန်ပြန် စစ်ဆင်ရေးအနေနဲ့ပေါ့” ဟု ပြောသည်။

မန္တလေးမြို့ပြ ပြောက်ကျားအဖွဲ့ တဖွဲ့ဖြစ်သည့် Ranger Of Mandalay အဖွဲ့မှ ဗိုလ်ဖီးနစ်ကလည်း “သွေးသောက်အဖွဲ့ ဆိုတာ စစ်ကောင်စီဘက်က လူတွေပါပဲဗျာ၊ သူတို့ ကိုင်တဲ့ လက်နက်တွေက ရဲလက်နက်တွေပါ။ CCTV မှတ်တမ်းတွေ ကြည့်ရင် သိနိုင်ပါတယ်။ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေရဲ့ အဓိက ရည်ရွယ်ချက်က ပြည်သူတွေအပေါ် ဖိနှိပ် နေတဲ့ စစ်ကောင်စီ လက်ပါးစေတွေကို ဖြိုဖျက်သွားဖို့ပါပဲ။ ဒါကြောင့် အခြေအနေတွေကို စောင့်ကြည့်နေပါတယ်” ဟု ပြောသည်။

မန္တလေးမြို့ရှိ NLD ပါတီဝင်များနှင့် တက်ကြွလှုပ်ရှားသူများကမူ အဆိုပါ သွေးသောက်အဖွဲ့မှာ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်နေသည့် ပြည်သူများ ကြောက်လန့်စေရေးအတွက် အကြမ်းဖက် သတ်ဖြတ်မှုလုပ်ရပ်များ ပြုလုပ်ရန် အာဏာ သိမ်း စစ်ကောင်စီက မွေးထုတ်ထားသည့်အဖွဲ့ ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။

You may also like these stories:

မန္တလေးတွင် NLD ပါတီဝင်အချို့ ဖမ်းဆီးသတ်ဖြတ်ခံနေရ

မန်းခရိုင် NLD ဒုဥက္ကဌ၏ဇနီး သတ်ဖြတ်ခံရပြီး အလောင်းပါစွန့်ပစ်ခံရ

PDF ထောက်ပံ့သည်ဆိုကာ ရှေ့နေဒေါ်ရွက်နုအောင်ကို အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်

]]>