အရာရှိ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/အရာရှိ Covering Burma and Southeast Asia Wed, 15 Jul 2026 12:42:44 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png အရာရှိ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/အရာရှိ 32 32 အရာရှိကြီးတွေရဲ့ အဂတိနဲ့ ဆွေမျိုးကောင်းစားရေး ထောက်ပြချက် ပယ်ဖျက်ခံရ (ရုပ်/သံ) https://burma.irrawaddy.com/video/2026/07/15/414803.html Wed, 15 Jul 2026 12:42:44 +0000 https://burma.irrawaddy.com/?p=414803 အာဏာသိမ်းအစိုးရရဲ့ ဇူလိုင် ၁၃ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးကို အမျိုးသားလွှတ်တော် Channel က တိုက်ရိုက်ထုတ်လွှင့်ရာမှာ အရာရှိမိသားစုတွေရဲ့ အဂတိလိုက်စားမှုနဲ့ အမျိုးအဆွေကောင်းစားရေးဝါဒကို ထောက်ပြတဲ့ ဆွေးနွေးချက်ကို ရုပ်သံမှတ်တမ်းကနေ ပယ်ဖျက်ပြီးမှ ထုတ်လွှင့်သွားတာကိုတွေ့ရပါတယ်။]]>

အာဏာသိမ်းအစိုးရရဲ့ ဇူလိုင် ၁၃ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးကို အမျိုးသားလွှတ်တော် Channel က တိုက်ရိုက်ထုတ်လွှင့်ရာမှာ အရာရှိမိသားစုတွေရဲ့ အဂတိလိုက်စားမှုနဲ့ အမျိုးအဆွေကောင်းစားရေးဝါဒကို ထောက်ပြတဲ့ ဆွေးနွေးချက်ကို ရုပ်သံမှတ်တမ်းကနေ ပယ်ဖျက်ပြီးမှ ထုတ်လွှင့်သွားတာကိုတွေ့ရပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက ဒီဆွေးနွေးချက်ဟာ အခွန်၊ အဂတိနဲ့ သက်ဆိုင်မှုမရှိတဲ့ အသုံးအနှုန်းတွေပါဝင်နေတာကြောင့် မှတ်တမ်းကနေ ပယ်ဖျက်မှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ရဲ့ စစ်ကိုင်းတိုင်း အမှတ် (၁၁) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြည့်ဖြိုးစံက အရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကို စိစစ်မှတ်ပုံတင်ဖို့၊ မိသားစုနဲ့ အမျိုးအဆွေကောင်းစားရေးဝါဒ၊ လက်သိပ်ထိုးဆောင်ရွက်မှုတွေကို စုံစမ်းအရေးယူဖို့ လိုအပ်ကြောင်း ပြောဆိုတဲ့ ၁၀ စက္ကန့်ကျော်ကြာ အပိုင်းကို ချန်လှပ်ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

ဦးပြည့်ဖြိုးစံကတော့ အဲဒီအဆိုကို မဆွေးနွေးခင်ကတည်းက မိမိပြောဆိုမယ့် အကြောင်းအရာအသေးစိတ်ကို အမျိုးသားလွှတ်တော်ရုံးနဲ့ တစညပါတီ တာဝန်ရှိသူတွေထံ ကြိုတင် တင်ပြထားပြီးမှ လွှတ်တော်အစည်းအဝေးမှာ ပါဝင်ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

#မြန်မာ #ဧရာဝတီ #အဂတိ #လွှတ်တော် #တစည #WhatsHappensInMyanmar

]]>
အာဏာသိမ်း ၄ နှစ်မှာ ဘေးကျပ်နံကျပ်ဖြစ်လာတဲ့ စစ်တပ် (ရုပ်/သံ) https://burma.irrawaddy.com/video/2025/01/29/396476.html Wed, 29 Jan 2025 12:08:35 +0000 https://burma.irrawaddy.com/?p=396476 ဧရာဝတီ က အပတ်စဉ်တင်ဆက်‌နေတဲ့ “ရဲရဲတွေး ရဲရဲပြော” အစီအစဉ်ရဲ့ ဒီတပတ်စကားဝိုင်းမှာ “အာဏာသိမ်း ၄ နှစ်မှာ ဘေးကျပ်နံကျပ်ဖြစ်လာတဲ့ စစ်တပ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။]]>

ဧရာဝတီ က အပတ်စဉ်တင်ဆက်‌နေတဲ့ “ရဲရဲတွေး ရဲရဲပြော” အစီအစဉ်ရဲ့ ဒီတပတ်စကားဝိုင်းမှာ “အာဏာသိမ်း ၄ နှစ်မှာ ဘေးကျပ်နံကျပ်ဖြစ်လာတဲ့ စစ်တပ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။

ဒီတပတ်စကားဝိုင်းမှာတော့ သတင်းထောက် ယမင်းနဲ့အတူ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြတဲ့ ဗိုလ်မှူး ဝင်းမင်းခန့်နဲ့ လေတပ် တပ်ကြပ်ကြီး ဇေယျ တို့က ပါဝင်ဆွေးနွေးထားပါတယ်။

ဒီအစီအစဉ်ကို ဧရာဝတီနဲ့ အတူ Human Color နဲ့ Dawna Media တို့က ပူးပေါင်းထုတ်လုပ်တာဖြစ်ပါတယ်။

]]>
ရာဇဝတ်မှုတွေ နှုတ်ပိတ်ဖို့ စစ်တပ်ကဗုံးကြဲတာလို့ AA ပြော (ရုပ်/သံ) https://burma.irrawaddy.com/video/2024/09/11/390368.html Wed, 11 Sep 2024 12:04:05 +0000 https://burma.irrawaddy.com/?p=390368 အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ပေါက်တောမြို့နယ် ရှင်ရွာနဲ့ မောင်တောမြို့နယ်ထဲက လေးမိုင် (နခခ-၂) စခန်းကို စစ်ကောင်စီဘက်က စက်တင်ဘာလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့က လေကြောင်းနဲ့တိုက်ခိုက်လို့ သေဆုံးသွားသူတွေထဲ AA က ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီဘက်က အရာရှိကြီးတွေပါဝင်ကြပါတယ်။]]>

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ပေါက်တောမြို့နယ် ရှင်ရွာနဲ့ မောင်တောမြို့နယ်ထဲက လေးမိုင် (နခခ-၂) စခန်းကို စစ်ကောင်စီဘက်က စက်တင်ဘာလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့က လေကြောင်းနဲ့တိုက်ခိုက်လို့ သေဆုံးသွားသူတွေထဲ AA က ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီဘက်က အရာရှိကြီးတွေပါဝင်ကြပါတယ်။

သေဆုံးသွားတဲ့အရာရှိကြီးတွေထဲ ဘယ်ရာထူးအဆင့်တွေပါဝင်လဲဆိုတာကို ထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့် သူတို့တွေဟာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကိုသိရှိသူတွေဖြစ်တယ်လို့ AA ကနေသိရှိရပါတယ်။

စစ်ကောင်စီဘက်က ဖမ်းဆီးရမိတဲ့ အရာရှိကြီးတွေအပြင် ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီနဲ့ပူးပေါင်းလို့ AA ဘက်ကစစ်ဆေးနေသူတွေ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဆက်စပ်သူတွေ နဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေအပါအဝင် အဲဒီလူတွေကို ဆေးကုသမှုပေးနေတဲ့ AA ရဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဒေသခံအရပ်သားအချို့လည်းပါဝင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေ သိမ်းထားတဲ့မြို့တွေကိုပြန်လည်ရရှိဖို့ တန်ပြန်ဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောပြီးနောက်ပိုင်း စစ်ကောင်စီက သူတို့လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့မြို့တွေနဲ့ စစ်ရှောင်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေဒီရက်ပိုင်းတွင်း ခပ်စိပ်စိပ်လုပ်လာတာဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #မောင်တော #ပေါက်တော #ဗုံးကြဲ #AA
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

]]>
လူသတ်မှုဖြင့် စွပ်စွဲခံ တပ်မတော် အရာရှိ မော်လမြိုင်တွင် တရားရင်ဆိုင် https://burma.irrawaddy.com/news/2018/12/18/177825.html Tue, 18 Dec 2018 06:33:23 +0000 https://burma.irrawaddy.com/lytbox/?p=177825 လူသတ်မှုဖြင့် စွပ်စွဲခံ တပ်မတော် အရာရှိ အောင်ကိုမင်း (အလယ်)ကို ဒီဇင်ဘာ ၁၀ ရက် တရားရုံး ထုတ်လာစဉ် / Mon News Agencyတပ်မတော် အရာရှိတဦးက အရပ်သားတဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲထားသော အမှုကို မွန်ပြည်နယ်မြို့တော် မော်လမြိုင်ရှိ တရားရုံးတွင် ကြားနာစစ်ဆေးသည်။]]> လူသတ်မှုဖြင့် စွပ်စွဲခံ တပ်မတော် အရာရှိ အောင်ကိုမင်း (အလယ်)ကို ဒီဇင်ဘာ ၁၀ ရက် တရားရုံး ထုတ်လာစဉ် / Mon News Agency

လွန်ခဲ့သော ၇ လက မြန်မာ့တပ်မတော် အရာရှိတဦးက အရပ်သားတဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲထားသော အမှုကို မွန်ပြည်နယ်မြို့တော် မော်လမြိုင်ရှိ တရားရုံးတွင် ယနေ့ ထပ်မံ ကြားနာစစ်ဆေးဦးမည် ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်ကလည်း သတ်ဖြတ်ခံရသူ၏ ဇနီးသည်က တရားရုံးတရုံးသို့ စွပ်စွဲခံရသူနှင့် ပထမဆုံးအကြိမ် လာရောက် ရင်ဆိုင်ခဲ့သည်။

ရေးမြို့နယ်တွင် တပ်စွဲထားသော ခမရ ၅၈၇ မှ ဗိုလ်ကြီး အောင်ကိုမင်းက ဦးတင်စိုးမြင့်ကို သတ်ဖြတ်ခဲ့ကြောင်း စွဲချက် တင်ထားသောအမှုတွင် သေဆုံးသူ၏ဇနီးဖြစ်သူ အသက် ၃၆ နှစ်အရွယ် ကလေး ၃ ယောက်မိခင် ဒေါ်ခင်ဆွေတင့်က သူ၏ ခင်ပွန်းသည်အတွက် တရားရုံးတွင် အမှုကို ရင်ဆိုင်လိုကြောင်း၊ သို့သော် ကိုယ်ပိုင်ရှေ့နေ ငှားရန် မတတ်နိုင်ကြောင်း၊ သူ့အတွက် အစိုးရရှေ့နေရှိသည်ဟု ဆိုသော်လည်း ၎င်းနှင့် မတွေ့ရ သေးကြောင်း ပြောကြားသည်။

ယခု အမှုကို အရပ်ဖက်တရားရုံးသို့ ရောက်ရှိလာစေရန် ခက်ခဲစွာ မည်သို့ ကြိုးပမ်းခဲ့ရပြီး နိုင်ငံတော်သမ္မတနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့ စာပို့ခဲ့ကြောင်း ဒေါ်ခင်ဆွေတင့်က ဧရာဝတီသို့ ပြောသည်။

ကနဦးက သူသည် ယခုရာဇဝတ်မှုတွင် ပါဝင်ပတ်သက်သည့် ကျေးရွာအာဏာပိုင်များကို ဆင့်ခေါ်ရန် ဆန္ဒရှိသော်လည်း ၎င်းတို့က တရားခံဘက်က သက်သေအဖြစ် ဆောင်ရွက်နေကြောင်း သူက ဆက်လက်ပြောပြသည်။

“ဒီအမှုနဲ့ ပတ်သက်ပြီး အမှန်တရားတခုအတွက် ဖြစ်စေချင်တယ်။ ဒီအမှုဖြစ်လာတာက အုပ်ချုပ်ရေးမှူးရော၊ ရာအိမ်မှူးလည်းပါတယ်။ ဒီလူတွေကိုလည်း ကျမအနေနဲ့ အရေးယူစေချင်တယ်” ဟု ဒေါ်ခင်ဆွေတင့်က ဆိုသည်။

ဒေါ်ခင်ဆွေတင့်သည် သူ၏ ကလေးများ ပညာရေးအတွက် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ နေအိမ်တွင် ဓာတ်ဆီရောင်းပြီး မိမိ၏ နေ့စဉ်ဝင်ငွေရရှိရန် လုပ်ကိုင်လျှက်ရှိသည်။ သူ၏ဝင်ငွေမှာ တနေ့လျှင် ၄၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်ကြားတွင် ရှိသည်။ ကလေး ၃ ဦးရှိပြီး အကြီးဆုံးနှင့် အလတ်ကို ကျောင်းထား ထားသည်။ အငယ်ဆုံးကလေးမှာ ၄ နှစ်သာရှိပြီး ထိုကလေး ကျောင်းဆက်ထားနိုင်ရန် မသေချာသေးကြောင်း သူက ပြောပြသည်။

သူ၏မိသားစုဝင် အများစုမှာ ရေးမြို့နယ်ရှိ ကုလားဂုတ်ကျွန်းတွင် နေထိုင်သော်လည်း တခါတရံမှသာ သံဖြူဇရပ်တွင် ရှိတတ်ကြသည်။ အဆိုပါကျွန်းတွင် နေထိုင်ကြသူများကို တခါတရံ စစ်တပ်က နိုင်ငံသား စိစစ်ရေးကတ်ပြားများ စစ်ဆေးလေ့ရှိကြောင်း ဒေါ်ခင်ဆွေတင့်က ဆိုသည်။

မေလ ၁၆ ရက်နေ့က စစ်မှုထမ်းတဦးက သူ၏ခင်ပွန်းကို သက်သေခံကတ်ပြား စစ်ဆေးသော်လည်း ကတ်ပြားမှာ သံဖြူဇရပ်နေအိမ်တွင် ကျန်နေခဲ့သည်။ ထို့ကြောင့် ဗိုလ်ကြီးအောင်ကိုမင်းက ၎င်း၏ခင်ပွန်းကို ဖမ်းဆီးလိုက်ပြီး ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်လိုက်ကြောင်း ဒေါ်ခင်ဆွေတင့်က ပြောသည်။

၎င်းဖမ်းဆီးခံရစဉ်က ဦးတင်စိုးမြင့်သည် ၎င်း၏ ယောက္ခမတော်စပ်သူ နိုင်ချမ်းအေးနှင့်အတူ ရှိနေချိန်ဖြစ်သည်။ ဗိုလ်ကြီးအောင်ကိုမင်းက မှတ်ပုံတင်ပါလာသလားဟု မေးပြီး ဦးတင်စိုးမြင့်က မပါလာကြောင်း ပြောလိုက်သည့် အခါ ဗိုလ်ကြီးက သူ့ကို ရိုက်နှက်ကြောင်း နိုင်ချမ်းအေးက မော်လမြိုင်အခြေစိုက် မွန်သတင်းအေဂျင်စီကို ပြောပြသည်။

နောက်ဆုံးတွင် နိုင်ချမ်းအေးသည် တပ်စခန်းမှ အိမ်သို့ပြန်လာခဲ့ရပြီး ဖမ်းဆီးခံရသူမှာ ဒေသခံ အစစ်အမှန် ဖြစ်ကြောင်း ကျေးရွာအကြီးအကဲထံမှ ထောက်ခံစာရရန် နိုင်ချမ်းအေးက စီစဉ်ခဲ့သည်။ သို့သော် ဖမ်းဆီးခံရသူမှာ သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး ၎င်း၏ရင်ဘတ်နှင့် ပေါင်တွင် သေနတ်ဒဏ်ရာများ တွေ့ရကြောင်း ပြောပြသည်။ ၎င်းမြင်ရသောအချိန်တွင် ဗိုလ်ကြီးအောင်ကိုမင်းသည် ၎င်းကိုယ်တိုင် အထက် စစ်အရာရှိနှစ်ဦး၏ ဖမ်းဆီးခြင်းခံနေရပြီး ခုံတန်းရှည်တခုတွင် ထိုင်နေကြောင်း နိုင်ချမ်းအေးက ပြောသည်။

သူ၏ခင်ပွန်းသည် ဗိုလ်ကြီးကို မသိသလို၊ မည်သည့်အခါကမှ ပုဂ္ဂိုလ်ရေးအရ ပြဿနာ တစုံတရာ မရှိခဲ့ဖူးကြောင်း ဒေါ်ခင်ဆွေတင့်က ရှင်းပြသည်။ သူ၏ခင်ပွန်းကို ဗိုလ်ကြီးအောင်ကိုမင်းက မှတ်ပုံတင်ကတ်ပြား မတွေ့သဖြင့် ဖမ်းဆီးခြင်းသာ ဖြစ်ကြောင်း ဆိုသည်။

“ကျမ ယောက်ျားအတွက် တရားမျှတမှု ရှိစေချင်ပါတယ်။ သူ့ကို လူသတ်မှု ဥပဒေနဲ့ စွဲထားတယ်။ သူ့ကို ထောင်ကျစေချင်ပါတယ်” ဟု ဒေါ်ခင်ဆွေတင့်က ပြောသည်။

]]>
မကျွမ်းကျင်သည့် စစ်ဘက်အရာရှိများ အရပ်ဘက်သို့ မပို့ရန် သမ္မတရုံး အမိန့်ထုတ်ထား https://burma.irrawaddy.com/news/2018/12/08/176792.html Sat, 08 Dec 2018 08:00:23 +0000 https://burma.irrawaddy.com/lytbox/?p=176792 နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး / ထက်နိုင်ဇော် / ဧရာဝတီသက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်မှု မရှိသည့် တပ်မတော်အရာရှိများကို အရပ်ဘက် ဝန်ကြီးဌာနများသို့ လွှတ်၍ တာဝန်ထမ်း ဆောင်စေခြင်းများအား ခွင့်မပြုရန် နိုင်ငံတော် သမ္မတရုံးက အမိန့်ညွှန်ကြားချက်တရပ် ထုတ်ပြန်ထားကြောင်း သတင်း ရရှိသည်။]]> နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး / ထက်နိုင်ဇော် / ဧရာဝတီ

သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်မှု မရှိသည့် တပ်မတော်အရာရှိများကို အရပ်ဘက် ဝန်ကြီးဌာနများသို့ လွှတ်၍ တာဝန်ထမ်း ဆောင်စေခြင်းများအား ခွင့်မပြုရန် နိုင်ငံတော် သမ္မတရုံးက အမိန့်ညွှန်ကြားချက်တရပ် ထုတ်ပြန်ထားကြောင်း သတင်း ရရှိသည်။

တပ်မတော်မှ ရဲတပ်ဖွဲ့ သို့ ကူးပြောင်းခြင်းကို လိုအပ်ချက်အရ ခွင့်ပြုမည် ဖြစ်သော်လည်း အခြားအကြောင်းအရာမျိုးတွင် ခွင့်မပြုဟု ယခုနောက်ပိုင်းတွင် သမ္မတရုံးက အမိန့်ထုတ်ထားကြောင်း သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောသည်။

“တချို့ ကိစ္စတွေကျတော့ သူတို့ရဲ့ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုနဲ့ ဆိုင်တဲ့ဟာမျိုးကိုပဲ ဒီဘက်ကို ခေါ်ဖို့ ဆိုတာမျိုး ရှိတယ်။ ဒီဟာနဲ့ မဆိုင်ဘဲနဲ့ ဒီဘက်ကို တာဝန်ထမ်းဆောင်တာတွေကို ခွင့်မပြုဖို့ ညွှန်ကြားချက် ထုတ်ထားတယ်” ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မနေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

မနေ့က ညနေပိုင်းက နေပြည်တော် သမ္မတအိမ်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီက ဒီဇင်ဘာလ ၄ ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့သည့် သမ္မတရုံး၊ အတိုင်ပင်ခံရုံးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့တွင် ခန့်အပ်ခံရသည့် ညွှန်ချုပ်များ သည် မည်သည့်အတွက်ကြောင့် စစ်ဘက်အရာရှိဟောင်းများ ဖြစ်နေရသနည်းဆိုသည့် မေးခွန်းတခုကို မေးမြန်းခဲ့သည်။

ယင်းနေရာများတွင် “အရပ်သားများကို နေရာပေးလို့ မရနိုင်ဘူးလား” ဆိုသည့် မေးခွန်းကို တပ်မတော်က နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ သည့် နိုင်ငံတွင် တပ်မတော်နှင့် အုပ်ချုပ်ရေး ကဏ္ဍမှာ ဆက်စပ်နေကြောင်း၊ သို့သော် ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းတွင် ယခု ကိစ္စမျိုးကို တဖြည်းဖြည်း လျော့ချခဲ့ကြောင်း ဗိုလ်မှူးဟောင်းတဦးလည်း ဖြစ်သူ ဦးဇော်ဌေးက ပြောသည်။

ဦးဇော်ဌေး က “နောက်ပိုင်းကျရင် မျိုးဆက်သစ်တွေရဲ့ Capacity Building က ပိုများလာတယ်။ ပြည်ပ ပညာသင်တယ်။ MPA ၊ MBA တက်ကြတယ်။ အုပ်ချုပ်မှု ကဏ္ဍမှာ လူငယ်တွေ ပိုများလာမယ်။ နောက်ပိုင်းမှာ ဒီလိုပြောစရာတွေ မရှိတော့ဘူး။ သို့သော်လည်း လတ်တ လောကတော့ ကျနော်တို့က ဒီမိုကရေစီ အသွင်ကူးပြောင်းနေတယ်ဆိုတဲ့ သဘောမျိုးတော့ မြင်တွေ့ဖို့တော့ လိုမယ်” ဟု ပြောသည်။

အထက်ပါ ဝန်ကြီးဌာနများတွင် ညွှန်ချုပ်များအဖြစ် အတည်ပြု ခန့်အပ်ခြင်း ခံရသူများသည်လည်း ညွှန်မှူး၊ ဒုညွှန်ချုပ် စသည့် ရာထူး အဆင့်ဆင့်ကို ဖြတ်သန်းခဲ့သူများ ဖြစ်ကြောင်းလည်း ထောက်ပြသည်။

မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးအဖွဲ့ (မြန်မာ)မှ ဒါရိုက်တာ တဦးဖြစ်သူ ဦးအောင်သူငြိမ်းက မြန်မာပြည်ဆိုရှယ်လစ် လမ်းစဉ်ပါ တီခေတ်၊ စစ်အစိုးရခေတ် တလျှောက်လုံးတွင် တပ်မတော်ဘက်မှ လူများကို အရပ်ဘက်သို့ ကူးပြောင်းပေးပြီး ရာထူးကြီးကြီး ပေးသည့် အစဉ်အလာမှာ ဝန်ထမ်းလောကတွင် နက်ရှိုင်းစွာ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ယခုအခါ အစိုးရဌာနများတွင် ရာထူးကြီး ကြီး ရရှိထားသည့် တပ်မတော်အရာရှိများမှာ ရှောင်၍ပင် မရတော့ကြောင်း ဧရာဝတီသို့ ပြောသည်။

“တချို့ ဝန်ထမ်းတွေ အရာရှိတွေက သူတို့ ရာထူးတက်မယ်လို့ မှန်းထားတယ်။ အဲဒီအချိန်မှာ တယောက်က ပိတ်လိုက်ပြီးတော့ မိုး ကျရွှေကိုယ် ခေါ်မလား၊ ဒီလို လာဖြစ်တဲ့အခါမှာတော့ ကိုယ့်မက်လုံး ပျောက်သွားတာပေါ့။ မျှော်လင့်ချက်တွေ ပျက်သွားတဲ့ ပုံစံမျိုး ဖြစ်သွားတယ်လေ။ အဲဒါမျိုးကျတော့ ကျန်တဲ့ ဝန်ထမ်းတွေ အတွက်ကို အားလျော့စေတာပေါ” ဟု ဦးအောင်သူငြိမ်းက ပြောသည်။

သို့သော် တဖက်မှ ပြန်ကြည့်လျှင် ယင်းအသွင်ကူးပြောင်းသူများသည့် လုပ်ငန်းအတွေ့အကြုံအားဖြင့် လုပ်ငန်းဌာနများတွင် ၁၀ နှစ်၊ ၁၅ နှစ် လုပ်လာသူများ ဖြစ်၍ အတွေ့အကြုံ ရှိသူများဟု ပြောနိုင်ကြောင်း၊ ယခု ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု ရာထူးဝန် အဖွဲ့၏ ရာထူးခန့်ထားရေး၊ ရာထူးတက်ရေး မူဝါဒနှင့် တက်လာသည့် အစိုးရ၏ မူဝါဒမှာ အရေးကြီးသည်ဟု မြင်ကြောင်း ၎င်းက ပြောသည်။

တပ်မတော်တွင် ဒုတိယ ဗိုလ်မှူးကြီး ရာထူးဖြင့် အရပ်ဘက်သို့ ကူးပြောင်းလာခဲ့သူ ယခု ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတန်း အ တွင်းဝန် ဦးမျိုးမြင့်မောင်က စစ်ဘက်အရာရှိများသည် ရာထူးကြီးများ တန်းယူသည်ဟု အရပ်ဘက်မှ ကြည့်ပါက မှန်ကြောင်း၊ သို့သော် တဖက်မှ စဉ်းစားပါကလည်း ၎င်းတို့သည် ချက်ချင်းလက်ငင်း ရာထူးကြီးများကို တန်းရခြင်း မဟုတ်ဘဲ စစ်ဘက်တွင် ရာထူးတာဝန် အဆင့်ဆင့် ကို ထမ်းဆောင်ခဲ့သူများ ဖြစ်ကြောင်း ရှင်းပြသည်။

“ဒီလို ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေ အပေါ်မှာ မူတည်ပြီးတော့ ရောက်လာတာ။ ဒီဘက်ကလူတွေကလည်း အလုပ်လုပ်နေ ချိန်မှာ ဟိုဘက်မှာလည်း အလုပ်လုပ်နေရတာ။ ဒီဘက်ကကျတော့ ဟာရောက်တာနဲ့ ရာထူး အကြီးကြီးတွေ ရတယ်ပေါ့။ ဒီအမြင် ကွဲပြားမှုကတော့ ရှိနေဦးမှာပဲ။ ဒီအခြေအနေက အဲလို ဖြစ်နေတာကိုး”ဟု ဦးမျိုးမြင့်မောင်က ဆိုသည်။

၎င်းမှာ တပ်မတော် အရာရှိငယ် ဘဝက ကဗျာ၊ စာပေ၊ ဝတ္ထုများ ရေးလေ့ရှိသူ ဖြစ်သဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနသို့ အပို့ခံရပြီး ၎င်းအနေဖြင့် မည်သည့်နေရာတွင် တာဝန်ထမ်းဆောင်ရမည်ကို ကြိုတင် သိရှိခဲ့ခြင်း မရှိသလို တပ်မတော်တွင် အပြစ်လုပ်ခဲ့၍ သို့ မဟုတ် ကျန်းမာရေးအရ ပြောင်းရွေ့ လာခဲ့သူ မဟုတ်ကြောင်း သိရသည်။

တပ်မတော်တွင် ကျန်းမာရေး မကောင်း၍ ဖြစ်စေ၊ အရပ်ဘက် နေရာတချို့ကို ရယူလိုကြောင်း ဆန္ဒရှိသည့်အခါ ဖြစ်စေ တပ်မတော် လူကြီးများထံသို့ အကူအညီတောင်းခံ၍ ပြောင်းရွေ့ ခွင့်ရသူများလည်း ရှိသည်။

ဒုတိယ ဗိုလ်မှူးကြီးဟောင်း ဦးမျိုးမြင့်အောင်က “နေရာတခုမှာ အဆင်ပြေချင်ရင် ယုံကြည်ချက်နဲ့ ခံယူချက် ရှိဖို့ လိုတယ်။ ပတ်ဝန်း ကျင် မတူဘူး။ ဆက်ဆံရတဲ့ နယ်ပယ်မတူဘူး။ လုပ်ငန်းတာဝန်ကလည်း ကွဲပြားသွားတယ်။ အဲတော့ ခံယူချက်ကတော့ နိုင်ငံဝန် ထမ်းတယောက် ဖြစ်တယ်။ လုပ်ရမယ့် အလုပ်တွေကို ကြိုးစားရမယ်။ ပေးတဲ့တာဝန်ကို ပြီးမြောက်အောင် လုပ်ရမှာပဲ”ဟု ပြော သည်။

လက်ရှိ အစိုးရ၏ ဆောင်ရွက်ချက်များကို နားလည်မှုရှိရန် လိုကြောင်း၊ သမ္မတ ဦးဝင်းမြင့်၏ မိန့်ခွန်းတွင် တည်ငြိမ်မှုလည်း ရှိစေ၊ ပြု ပြင် ပြောင်းလဲမှုလည်း ဖြစ်စေ ဆိုသည့်အတိုင်း လက်ရှိ အရပ်သား အစိုးရသည် အုပ်ချုပ်ရေး အတွေ့ အကြုံ မရှိသေး၍ အုပ်ချုပ် ရေး ယန္တရားတွင် အသားကျနေသူများကို အသုံးပြုရမည် ဖြစ်ကြောင်း သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။

“တချို့ က ပြည်နယ်အဆင့်မှာ လုပ်ဖူးသူနဲ့ ပြည်ထောင်စု အဆင့်မှာ လုပ်ဖူးတဲ့သူ မတူဘူး။ ရှုမြင်ချက်၊ သုံးသပ်ချက်၊ လုပ်ကိုင်ပုံတွေမတူဘူး။ အလားတူပဲ ပြည်ထောင်စု Level မှာကိုပဲ ပြည်ထောင်စု ဝန်ကြီးဌာနတွေမှာ လုပ်တဲ့သူတွေနဲ့ သမ္မတရုံး၊ အတိုင်ပင် ခံရုံးမှာ လုပ်တဲ့သူတွေနဲ့ မတူဘူး။ ရှု့ မြင်ပုံလည်း မတူဘူး။ ဒီအချက်တွေအပေါ်မှာ ထူးခြားတဲ့ သဘောသဘာဝတွေ ရှိတဲ့အတွက် ဒါမျိုး ဆက်သွားတာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် နှစ်က နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် အစိုးရ၏ ၂ နှစ်ပြည့် ဆောင်ရွက်ချက်များ အကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် တပ်မတော်အရာရှိများကို ကိုယ်လက် အင်္ဂါထိခိုက်သူများမှ လွဲ၍ အရပ်ဘက်တွင် လက်ခံရန် မရှိ ကြောင်း၊ သို့သော် အရပ်ဘက် ဝန်ကြီးဌာနများက ဝန်ထမ်း လိုအပ်ချက် ရှိကြောင်း တောင်းခံသည့်အခါ အဆင်သင့် ရှိနေသည်မှာ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဖြစ်နေကြောင်း ပြည်ထောင်စု ရာထူးဝန် အဖွဲ့မှ ရှင်းလင်းခဲ့သည်။

]]>