အိန္ဒိယခရီး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/အိန္ဒိယခရီး Covering Burma and Southeast Asia Tue, 02 Jun 2026 09:35:42 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png အိန္ဒိယခရီး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/အိန္ဒိယခရီး 32 32 ရေငတ်တုန်း ရေတွင်းထဲကျသွားသည့် မင်းအောင်လှိုင်၏ အိန္ဒိယခရီး https://burma.irrawaddy.com/opinion/viewpoint/2026/06/02/413754.html Tue, 02 Jun 2026 09:32:57 +0000 https://burma.irrawaddy.com/?p=413754 စစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်အဖို့ အိန္ဒိယခရီးစဉ်မှာ ရေငတ်တုန်း ရေတွင်းထဲကျသည့် အနေအထားမျိုး ဖြစ်သည်။]]>

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် မြန်မာနိုင်ငံသို့ ပထမဦးဆုံး ရောက်ရှိလာသူတဦးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဖြစ်သည်။ မြန်မာရွေးကောက်ပွဲက တရုတ်ဇာတ်ညွှန်းဖြစ်၍ ရွေးကောက်ပွဲအပြီးမှာ မင်းအောင်လှိုင်ကို လာရောက်ဂုဏ်ပြုခြင်းဖြစ်သည်။ ဝမ်ယီက ကမ္ဘောဒီးယား၊ ထိုင်း ခရီးစဉ်နှင့် တဆက်တည်း နေပြည်တော်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

မြန်မာ့အရေးမှာ တရုတ်သည် ခေါင်းကိုင်ဖခင်ကြီးဖြစ်သည်။ ဝမ်ယီက ယခုခရီးစဉ်တွင် အရပ်သားခေါင်းဆောင်အဖြစ် အသွင်ပြောင်းထားသော မင်းအောင်လှိုင်ထံမှ ယခင်ရှိပြီးသား ကတိကဝတ်များနှင့် အာမခံချက်များကို လာရောက်တောင်းခံခြင်းဖြစ်သည်။ အရပ်စကားနှင့် ပြောရလျှင် ”မင်းကို ငါတို့ ထောက်ခံတယ်။ နယ်စပ်ဒေသ တည်ငြိမ်ဖို့၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊ လောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှုတွေကို တိုက်ဖျက်ဖို့ ငါတို့ ပူးပေါင်းမယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းကို အရှိန်မြှင့်မယ်။ လျှပ်စစ်၊ သတ္တု၊ ရေနံ၊ ဓာတ်ငွေ့ လုပ်ငန်းတွေမှာ ပူးပေါင်းပြီး ကုန်သွယ်ရေး ချဲ့ထွင်မယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပထမဆုံး ဖျာလာခင်းခြင်းဖြစ်သည်။ မင်းအောင်လှိုင်ကိုယ်တိုင် တရုတ်နိုင်ငံသို့ သွားမည်ဆိုသည့် အတည်မပြုနိုင်သော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ ထိုအတောအတွင်းမှာ ရှီကျင့်ဖျင်က ဒေါ်နယ်ထရမ့်၊ ပူတင်တို့နှင့် အလုပ်ရှုပ်နေသဖြင့် မင်းအောင်လှိုင်ကို စိတ်မဝင်စားပေ။

ထိုအခြေအနေမှာပင် စစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ အားလုံးသိကြပြီးဖြစ်သည့်အတိုင်း မင်းအောင်လှိုင် ကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘီလာရုစ်တို့နှင့် အာဆီယံနိုင်ငံထဲက ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့လောက်သာ ထောက်ခံခဲ့သည်။ အာဆီယံအနေနှင့် အသိအမှတ်လည်းမပြု၊ မထောက်ခံသလို ကုလသမဂ္ဂကလည်း အသိအမှတ်မပြုခဲ့ပေ။ မိမိအား အသိအမှတ်ပြုသူ အနည်းငယ်ထဲက အိန္ဒိယကို မင်းအောင်လှိုင် ရွေးချယ်ခဲ့ခြင်းမှာ မဆန်းဟုဆိုရမည်။ လူတကာက အခေါ်အပြောမရှိတော့လျှင် ရှိသည့်သူနှင့် အခေါ်အပြောလုပ်ရသည့် သဘောပင်ဖြစ်သည်။

အိန္ဒိယ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒမှာ အာဏာသိမ်းပြီးကတည်းက မပြောင်းလဲဟု ဆိုရမည်။ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံကြီးဖြစ်ပြီး ယခင်က မြန်မာ့အရေးကို ထောက်ခံခဲ့သော အိန္ဒိယသည် စစ်အာဏာသိမ်းပြီးနောက် မြန်မာ့အရေးကို လက်ရှောင်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီနှင့် မိတ်ဝတ်မပျက် ဆက်ဆံခဲ့သည်။

မြန်မာနှင့် အိန္ဒိယကြား ပူးပေါင်းဆောင်ရွက်မှုက တရုတ်နှင့်ယှဉ်လျှင် မပြောပလောက်ပေ။ ယခင်အစိုးရများ လက်ထက်ကတည်းက ဆောင်ရွက်နေသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း (Kaladan Multi-Modal Transit Transport Project – KMTTP)၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ဖြတ်ကျော်အဝေးပြေးလမ်း စီမံကိန်းများ ရှိသည်။ မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးဆိုလျှင် မြန်မာဘက်က ပို့ကုန်တန်ဖိုး ၁.၅ ဘီလီယံရှိပြီး အိန္ဒိယဘက်က သွင်းကုန်တန်ဖိုးက ဒေါ်လာ သန်း ၆၀၀ သာရှိသည်။ မြန်မာကို တရုတ်က လက်ကုန်နှိုက် ခြယ်လှယ်ရန် ကြိုးစားနေသည်ကို အိန္ဒိယက သိသည်။ အိန္ဒိယကလည်း အရာရာ ချိနဲ့နေသည့် မြန်မာ့ဆီက အကျိုးစီးပွားဝေစု ရယူရန် ကြိုးစားနေခြင်းဖြစ်သည်။

အထီးကျန်မြန်မာ စစ်အသွင်ပြောင်းအစိုးရအဖို့ မိမိကို အသိအမှတ်ပြု၊ အခေါ်အပြောလုပ်သူ မည်သူနှင့်ဖြစ်ဖြစ် ပေါင်းသင်းရမည့် အခြေအနေမှာ ရှိသည်။ စစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်အဖို့ အိန္ဒိယခရီးစဉ်မှာ ရေငတ်တုန်း ရေတွင်းထဲကျသည့် အနေအထားမျိုး ဖြစ်သည်။

မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်မှာ သူ့ကိုယ်သူ သမ္မတအဖြစ် တင်မြှောက်ပြီးနောက် ပထမဦးဆုံးသွားသော ပြည်ပခရီးစဉ်ဖြစ်သည်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ တရားဝင် သွားရောက်ခဲ့သည့် ခရီးစဉ်ဖြစ်ပြီး မင်းအောင်လှိုင်နှင့်အတူ သမ္မတရုံးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာအခွန်၊ လယ်ယာနှင့် စက်မှုဝန်ကြီး၊ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်ပါသွားပြီး မေလ (၃၀) ရက်မှ ဇွန်လ (၃) ရက်အထိ ငါးရက်ကြာ မြင့်သည့် ခရီးစဉ်ဖြစ်သည်။

မင်းအောင်လှိုင်နှင့်အဖွဲ့သည် ပထမဦးဆုံး ဂါယာသို့ ဝင်ရောက်ပြီး ဗုဒ္ဓဂါယာတွင် ဘုရားဖူးသည်။ ထို့နောက် နယူးဒေလီသို့ ခရီးဆက်သည်။ ဒေလီတွင် အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်သည်။ နိုင်ငံရေးကို စိတ်မပူနှင့်ဟု ပြောသည်။ သူ့စီးပွားရေးအယူအဆများကို ပြောပြသောအခါ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များ မျက်ခုံးတွန့်ပြီး သူ့ကို ကြည့်ကြသည်။ ဘယ်လိုလူလဲဟူသော သဘောဖြင့် စကားကို အလွယ်ပြောသူဟု မှတ်ချက်ပြုကြသည်။

မြန်မာစစ်ခေါင်းဆောင် အဆက်ဆက်တို့၏ ပြဿနာတခုမှာ နိုင်ငံတကာသုံး ဘာသာစကားကို ရေရေလည်လည် မပြောတတ်ကြခြင်းဖြစ်သည်။ မင်းအောင်လှိုင်သည် ဘယ်နေရာရောက်ရောက် မြန်မာစကားကိုသာ ပြောပြီး စကားပြန်တယောက် ထားရသည်။ ကြည့်ရသည်မှာ အဆင်မပြေပေ။ အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့တော့လည်း မြန်မာလိုပင် ပြောသည်။ အရည်အချင်းမဲ့ ခပ်ညံ့ညံ့ ခေါင်းဆောင်တဦး၏ အသွင်အပြင် လက္ခဏာများကို မပြောဘဲနှင့် မြင်နေရသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ဘက်ကတော့ ရှင်းသည်။ မြန်မာပြည်တွင် ဘယ်လိုခေါင်းဆောင်ပဲ တက်လာလာ အိန္ဒိယအကျိုးစီးပွားက အဓိကဖြစ်သည်။ ဆွေးနွေးပွဲအပြီး နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ကြေညာချက်အရ နယ်စပ်ဒေသလုံခြုံရေး၊ နယ်စပ်ဖြတ်ကျော်မှု စီမံခန့်ခွဲရေး၊ အပြန်အလှန် ကုန်သွယ်ရေးနှင့် အရေးကြီးသတ္တုနှင့် မြေရှားသတ္တုဆိုင်ရာ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

မင်းအောင်လှိုင်၏ ယခုခရီးစဉ်နှင့် ပတ်သက်၍ နိုင်ငံတကာ၏ အရေးစိုက်ခြင်းခံရသော ကိစ္စတခုမှာ မဟာဗျူဟာ “မြေရှားသတ္တု” ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စ ဖြစ်သည်။ မြန်မာနိုင်ငံသည် မြေရှားသတ္တု ကုန်ကြမ်းသယံဇာတ ထွက်ရှိသော ကမ္ဘာ့နိုင်ငံအနည်းငယ်ထဲတွင် ပါဝင်သော နိုင်ငံတခုဖြစ်သည်။ မြန်မာသည် အိန္ဒိယနှင့် တရုတ်ကြားတွင် ရှိသော နိုင်ငံငယ်ဖြစ်ပြီး လက်ရှိအချိန်တွင် တရုတ်သည် မြန်မာ့မြေရှားကို တရားမဝင်နည်းလမ်းဖြင့် ရယူလျက်ရှိသည်။ မြန်မာနိုင်ငံ အရှေ့မြောက်နှင့် အရှေ့ပိုင်းတွင် မြေရှားသတ္တုရိုင်း ထုတ်လုပ်မှုကို တရုတ်က ဦးဆောင်ပြုလုပ်နေသည်။

ထိုသို့ တရုတ်က မြန်မာနိုင်ငံထဲမှ တရားမဝင် မြေရှားသတ္တုရိုင်းများ ထုတ်လုပ်နေသော်လည်း အာဏာသိမ်းစစ်အုပ်စုမှာ ဘာအကျိုးခံစားခွင့်မှ မရဘဲ လက်ပိုက်ကြည့်နေရသည်။ မြေရှားသတ္တုကုန်ကြမ်းများ ထုတ်လုပ်သည့် နေရာများသည် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် မရှိဘဲ တိုင်းရင်းသားလက်နက်ကိုင်တို့၏ ထိန်းချုပ်နယ်မြေထဲမှာသာ ရှိသည်။ တရုတ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပေါင်းကာ မြေရှားသတ္တု ထုတ်နေခြင်းဖြစ်သည်။

အိန္ဒိယနှင့် မြေရှားသတ္တုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမှာ လတ်တလောတွင် စိတ်ကူးယဉ်အဆင့်သာ ရှိနေသေးသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများကို မရရှိဘဲ မြေရှားသတ္တု ထုတ်လုပ်မည့်ကိစ္စမှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။ လက်ရှိ အမြတ်ထုတ်နေသည့် တရုတ်ကလည်း အိန္ဒိယကို ဝင်နှိုက်ခွင့် ပေးမည်မဟုတ်ပေ။ ဘယ်သူသေသေ ငတေမာပြီးရော၊ ဘနဖူး သိုက်တူးပြီး တိုင်းပြည်ရောင်းစားနေသည့် မင်းအောင်လှိုင်ကတော့ မျက်နှာချိုသွေးပြီး ရှိတာအကုန် ထုတ်ရောင်းရန် ဝန်လေးမည်မဟုတ်ပေ။

ယခုခရီးစဉ်မှာ မင်းအောင်လှိုင်က တရုတ်ကို အချက်ပြ ကစားလိုက်သည်ဟု အချို့က သုံးသပ်ကြသည်။ တရုတ်ကို အလုံးစုံပုံအပ် အားကိုးနေခြင်းမျိုး မဟုတ်ဘဲ အိန္ဒိယကလည်း အနောက်မှာ ရှိနေသေးကြောင်း ပြသလိုခြင်းဟု ဆိုသည်။ အိန္ဒိယအနေနှင့်လည်း မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအရ တရုတ်ဩဇာလွှမ်းမိုးမှုကို ဟန့်တားရာတွင် အရေးပါသော နေရာတွင်ရှိသည်ကို သိသည်။

အိန္ဒိယနှင့် မြန်မာသည် (၁၆၄၃) ကီလိုမီတာ နယ်စပ်ချင်း ထိစပ်လျက်ရှိသည်။ မြန်မာနှင့် ထိစပ်နေသော နယ်မြေများတွင် အိန္ဒိယအစိုးရကို ဆန့်ကျင်တော်လှန်နေသည့် (နာဂလန်း၊ မဏိပူရ၊ အာသံ) လက်နက်ကိုင်အဖွဲ့များ ရှိသည်။ ထိုအဖွဲ့များကို မြန်မာက ထောက်ခံအားပေးမှု မပြုလုပ်ရန် အိန္ဒိယက လိုလားသည်။

အိန္ဒိယနှင့် မြန်မာက ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ယခင်ကတည်းက ရှိခဲ့သည်။ အိန္ဒိယသည် မြန်မာစစ်တပ်သို့ လက်နက်နှင့် နည်းပညာ အဓိက ရောင်းချထောက်ပံ့ပေးနေသည့် နိုင်ငံဖြစ်သည်။ အိန္ဒိယသည် ၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံသို့ Kilo-Class အမျိုးအစား ရေငုပ်သင်္ဘောကို လွှဲပြောင်းပေးခဲ့သလို စစ်ပညာသင်တန်းနှင့် စစ်ရေးပူးပေါင်းလေ့ကျင့်မှုများလည်း ပြုလုပ်ခဲ့သည်။ ယခု မင်းအောင်လှိုင်၏ ခရီးစဉ်တွင် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်မည်ဟု သိရသည်။

ကုန်သွယ်ရေးနှင့် ပတ်သက်၍ အိန္ဒိယနှင့် မြန်မာကြား မပြီးဆုံးသေးသော စီမံကိန်းများ ရှိသည်။ စစ်တွေရှိ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း (KMTTP) မှာ ၂၀၀၈ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ယခုတိုင် မပြီးသေးသော အကောင်အထည်မပေါ်သေးသည့် စီမံကိန်းဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် စီမံကိန်းရပ်တန့်ခဲ့သလို အာရက္ခတပ်တော် (AA) က ပလက်ဝကို ထိန်းချုပ်လိုက်ပြီးနောက် အခြေအနေ ပိုဆိုးသွားခဲ့သည်။

စစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်က အိန္ဒိယနှင့် နယ်စပ်ကုန်သွယ်ရေးအပါအဝင် ကုန်သွယ်ရေးတိုးချဲ့ရန် ပြောနေသော်လည်း မြန်မာနိုင်ငံ စစ်ကိုင်းဘက်ခြမ်း၊ ချင်းပြည်နယ်တို့မှာ မြန်မာစစ်တပ် ထိန်းချုပ်မှုအောက်တွင် မရှိသည့်အပြင် အိန္ဒိယနှင့် နယ်မြေချင်း ထိစပ်နေသည့် နယ်မြေအတော်များများမှာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ လက်အောက် ရောက်ရှိနေသည်။

စစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်မှာ မိမိကိုယ်မိမိ သမ္မတအဖြစ် တင်မြှောက်ပြီးနောက် လူရာမဝင် အသိအမှတ်ပြုမခံရသည့် စစ်ခေါင်းဆောင်တဦး၏ အရှက်ပြေ ဘုရားဖူးခရီးစဉ်သာ ဖြစ်သည်။ အိန္ဒိယနိုင်ငံအတွက်ကတော့ မိမိ၏ အကျိုးစီးပွားနှင့် ပထဝီနိုင်ငံရေးအရ စစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်ကို အစဉ်အလာအရ ဖိတ်ခေါ်ခဲ့ခြင်းသာ ဖြစ်သည်။ မြန်မာနိုင်ငံသည် ပြည်တွင်းစစ်မီး တောက်လောင်နေဆဲ၊ အဖက်ဖက်က ပြိုကွဲပျက်စီးနေဆဲ နိုင်ငံတခုဖြစ်သည်ကို အိန္ဒိယက မသိမဟုတ်၊ သိသည်။

ဒေါ်အောင်ဆန်းစုကြည်အရေး၊ မြန်မာပြည်ငြိမ်းချမ်းရေးမှာ စားပွဲဝိုင်းတခုတည်းပေါ်တွင် တန်းတူရည်တူ အားလုံးပါဝင်သော တွေ့ဆုံညှိနှိုင်းဆွေးနွေး အဖြေရှာရေးဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသွားခဲ့သည်။ မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ အိန္ဒိယ၏ ရပ်တည်ချက်မှာ အာဆီယံ၏ သဘောထားနှင့် ထပ်တူဖြစ်သော်လည်း၊ စစ်အာဏာရှင်ကို လက်ဆွဲနှုတ်ဆက်သော အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ အပြုအမူကတော့ ဆန့်ကျင်ဘက်ဖြစ်နေသည်။

]]>
တရုတ်နှင့် ချိန်ခွင်ညှာညှိရန် အိန္ဒိယသို့ မြန်မာအာဏာသိမ်းသမ္မတ ခရီးထွက် https://burma.irrawaddy.com/news/2026/05/31/413711.html Sun, 31 May 2026 03:32:57 +0000 https://burma.irrawaddy.com/?p=413711 မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အမြောက်အမြားရှိပြီး ပေကျင်း၏ ရေရှည်ကျောထောက်နောက်ခံမှုကို ရရှိထားသော်လည်း၊ ဦးမင်းအောင်လှိုင်အနေဖြင့် ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက်ရန် ရွေးချယ်ခဲ့ခြင်းသည် တစိတ်တပိုင်းအားဖြင့် တရုတ်၏ နက်ရှိုင်းလှသော သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန်အတွက် ဖြစ်နိုင်ကြောင်း အကဲဖြတ်များက ဆိုသည်။]]>

မြန်မာစစ်ကောင်စီအကြီးအကဲဘဝမှ သမ္မတအဖြစ်သို့ သေသေချာချာ စီမံတွက်ချက်ထားသည့် အကူးအပြောင်းကို ပြီးမြောက်အောင်မြင်ခဲ့ပြီးနောက် နှစ်လမပြည့်မီအချိန်တွင် ဦးမင်းအောင်လှိုင်သည် စနေနေ့၌ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်သည်။ ယခုခရီးစဉ်သည် အရပ်ဘက်ရာထူးကို ရယူပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံးသော ပြည်ပခရီးစဉ်လည်း ဖြစ်သည်။

စစ်ဗိုလ်ချုပ်ဟောင်းဖြစ်သူသည် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် တွေ့ဆုံဆွေးနွေးမည့် ဤငါးရက်ကြာခရီးစဉ်က လွန်ခဲ့သောငါးနှစ်၊ အာဏာသိမ်းမှုအပြီးတွင် အိမ်နီးချင်းနိုင်ငံအများအပြားက မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းကို ရှောင်ဖယ်ခဲ့ကြပြီးနောက်ပိုင်း ဒေသတွင်းပြန်လည်ထိတွေ့ဆက်ဆံမှုများ တဖြည်းဖြည်းချင်း ပြန်လည်စတင်လာခြင်းကို မီးမောင်းထိုးပြနေသည်။

အိန္ဒိယနိုင်ငံအတွက်မူ ယခုခရီးစဉ်သည် မြန်မာနိုင်ငံအပေါ် တရုတ်၏ ကြီးမားလှသော သြဇာလွှမ်းမိုးမှုကို လျှော့ချရန် အခွင့်အလမ်းတခုဖြစ်ပြီး၊ တဖက်တွင်လည်း မြန်မာနိုင်ငံရှိ အရေးပါသော ရှားပါးမြေဒြပ်စင် (Rare Earth) သိုက်များကို ရယူနိုင်ရေးနှင့် ၎င်းတို့၏ အရှေ့မြောက်ဘက် နယ်စပ်တလျှောက် လုံခြုံရေးကို မြှင့်တင်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း အကဲဖြတ်များက ဆိုကြသည်။

ဒေသတွင်း ဆက်ဆံရေး တိုးမြှင့်ရန် ရှာကြံခြင်း

International Crisis Group ၏ မြန်မာ့ရေးရာ အကြီးတန်းအကြံပေး ရစ်ချတ်ဟော်ဆေး (Richard Horsey) က “သမ္မတအဖြစ် အရပ်ဝတ်လဲပြီးတဲ့နောက် မင်းအောင်လှိုင်ဟာ ဒေသတွင်း သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုတွေကို မြှင့်တင်ဖို့ မျှော်လင့်နေတာဖြစ်တယ်” ဟု ပြောသည်။

“သူဟာ ထိုင်းနိုင်ငံနဲ့ တခြားအဖွဲ့ဝင်နိုင်ငံအချို့ရဲ့ ပံ့ပိုးမှုနဲ့အတူ အာဆီယံ (ASEAN) နဲ့ ပိုမိုပုံမှန်ဖြစ်တဲ့ ဆက်ဆံရေးမျိုး ရရှိဖို့ မျှော်လင့်နေပါတယ်” ဟု အရှေ့တောင်အာရှ ၁၁ နိုင်ငံစုဖွဲ့မှုကို ရည်ညွှန်းလျက် ဟော်ဆေးက ဆက်လက်ပြောကြားသည်။ “သူဟာ မကြာခင်မှာလည်း ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ ပေကျင်းကို သွားရောက်ဖို့ ရှိပါတယ်။ အိန္ဒိယကတော့ မြန်မာနိုင်ငံရဲ့ အခြားသော အဓိကအိမ်နီးချင်းနိုင်ငံတခု ဖြစ်ပါတယ်။”

မြန်မာနိုင်ငံ သမ္မတရုံးမှ အရာရှိတဦးထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယခုခရီးစဉ်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီဟာ ဂျေဆွာလ် (Randhir Jaiswal) က သတင်းထောက်များအား သောကြာနေ့တွင် ပြောကြားရာ၌ “မြန်မာနဲ့ အိန္ဒိယ ဆက်ဆံရေးကဏ္ဍ အဝန်းအဝိုင်းထဲမှာ ရှိနေတဲ့ ကိစ္စရပ်အားလုံးကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

သံတမန်ရေးအရ အထီးကျန်ဖြစ်ခဲ့ရသည့် စစ်ကောင်စီ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အရုဏ်တက်ချိန် အာဏာသိမ်းမှုတွင် ဦးမင်းအောင်လှိုင်သည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပြီး၊ ယင်းက စစ်တပ်ကို ဆန့်ကျင်သည့် တနိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင်တော်လှန်မှုအသွင်သို့ ပြောင်းလဲသွားစေခဲ့သော ဆန္ဒပြလှုပ်ရှားမှုများကို ဖြစ်ပွားစေခဲ့သည်။

ထိုအာဏာသိမ်းမှုသည် မြန်မာစစ်ဗိုလ်ချုပ်များကို ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ခဲ့သည့် အာဆီယံအဖွဲ့အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခြင်းကို ခံခဲ့ရပြီး၊ စစ်တပ်ဦးဆောင်သော အစိုးရသစ်သည် ပိုမို၍ အထီးကျန်ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ငလျင်ဘေးအန္တရာယ်သည် ဘန်ကောက်တွင် ပြုလုပ်သည့် ဒေသတွင်းထိပ်သီးအစည်းအဝေးသို့ ဦးမင်းအောင်လှိုင်အား ရှားရှားပါးပါး တက်ရောက်ခွင့်ရစေခဲ့ကာ သံတမန်ရေးရာ လမ်းစတခု ဖြစ်စေခဲ့သည်။ ၎င်းသည် ၎င်း၏သမ္မတရာထူးအတွက် လမ်းခင်းပေးခဲ့ပြီး ဝေဖန်မှုများစွာ ခံခဲ့ရသည့် ရွေးကောက်ပွဲအပြီး ထိုလမ်းစကို အခြေခံ၍ ဆက်လက် ကြိုးပမ်းနေခြင်းဖြစ်သည်။

“သူဟာ ရွေးကောက်ပွဲအလွန်ကာလမှာ ဒေသတွင်းနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြု လေးစားမှုကို ပိုပြီးတော့ ရရှိဖို့ ရှာကြံနေတာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ဟောင်း ဂေါတမ် မူခိုပါဓမ္မ (Gautam Mukhopadhaya) က ပြောကြားခဲ့သည်။

နယ်စပ်ဒေသ ထိုးစစ်များ

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အမြောက်အမြားရှိပြီး ပေကျင်း၏ ရေရှည်ကျောထောက်နောက်ခံမှုကို ရရှိထားသော်လည်း၊ ဦးမင်းအောင်လှိုင်အနေဖြင့် ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက်ရန် ရွေးချယ်ခဲ့ခြင်းသည် တစိတ်တပိုင်းအားဖြင့် တရုတ်၏ နက်ရှိုင်းလှသော သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန်အတွက် ဖြစ်နိုင်ကြောင်း အကဲဖြတ်များက ဆိုသည်။

“ဒါက မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယ၊ တရုတ်တို့နဲ့ ဆက်ဆံရာမှာ သုံးလေ့ရှိတဲ့ ပုံစံတခုပါ။ တရုတ်ဘက်ကို ပိုပြီးအလျှော့ပေးလိုက်လျောပြီး အိန္ဒိယနဲ့ ပြန်ပြီး ထိန်းညှိဖို့ ကြိုးစားတဲ့ သဘောပါပဲ” ဟု မူခိုပါဓမ္မက ပြောသည်။

ယခုခရီးစဉ်သည် ရှားပါးမြေဒြပ်စင်သိုက်များ ရှိရာ နယ်စပ်ဒေသများနှင့် အိန္ဒိယ၊ ထိုင်းနိုင်ငံတို့သို့ ဦးတည်သည့် အခြားသော အဓိကကုန်သွယ်ရေးလမ်းကြောင်းများတွင် မြန်မာစစ်တပ်က ထိုးစစ်များကို ပြန်လည်စတင်နေချိန်နှင့် တိုက်ဆိုင်နေသည်။

“မင်းအောင်လှိုင်ဟာ အာရက္ခတပ်တော် (Arakan Army) နဲ့ ချင်းလက်နက်ကိုင်အဖွဲ့တွေကို တန်ပြန်ဖို့အတွက် အိန္ဒိယရဲ့ အကူအညီကို အသေအချာပဲ တောင်းခံပါလိမ့်မယ်” ဟု အိန္ဒိယနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံ ချင်းပြည်နယ်နှင့် အနီးနားရှိ ရခိုင်ပြည်နယ်တို့တွင် စစ်တပ်ကို တိုက်ခိုက်နေသည့် တော်လှန်ရေးသမားများကို ရည်ညွှန်းလျက် ဟော်ဆေးက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံဘက်ကမူ သြဇာညောင်းသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တခု၏ အကူအညီဖြင့် တွင်းထွက်သတ္တုနမူနာများ ရရှိရန် ကြိုးပမ်းခြင်းအပါအဝင် မြန်မာနိုင်ငံ၏ သယံဇာတများကို ရယူနိုင်မည့် လမ်းစကို ရှာဖွေရန် စိတ်ဝင်စားနေကြောင်း ရိုက်တာ (Reuters) သတင်းဌာနက ဖော်ပြခဲ့ဖူးသည်။

“အိန္ဒိယဘက်ကကြည့်ရင် ဒီခရီးစဉ်ရဲ့ နောက်ကွယ်က အခြေခံအကျဆုံးအချက်က ကုန်ကြမ်းတွေ၊ ရှားပါးမြေဒြပ်စင်တွေနဲ့ စီးပွားရေးအခွင့်အလမ်းတွေအရ သူတို့ ဘာရနိုင်မလဲဆိုတာပါပဲ” ဟု မူခိုပါဓမ္မက ဆိုသည်။

“ဒါကလည်း မြန်မာစစ်တပ် အတိအကျ လိုချင်နေတဲ့အရာပါပဲ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ စစ်ဘက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေကို အားကောင်းအောင် လုပ်ချင်နေလို့ပါပဲ။”

ကိုးကား။      ။ Reuters သတင်း Myanmar’s junta chief turned president heads to India, with an eye on China

]]>