အိန္ဒိယ မင်းသမီး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/အိန္ဒိယ-မင်းသမီး Covering Burma and Southeast Asia Tue, 18 Jul 2023 23:10:27 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png အိန္ဒိယ မင်းသမီး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/အိန္ဒိယ-မင်းသမီး 32 32 စစ်တပ်ကို အားပေးတဲ့ ပို့စ်ကြောင့် မင်းသမီး Priyanka Chopra ဝေဖန်ခံရ https://burma.irrawaddy.com/lifestyle/entertainment/2019/08/13/200652.html Tue, 13 Aug 2019 05:52:51 +0000 https://burma.irrawaddy.com/lytbox/?p=200652 မင်းသမီး Priyanka Chopraမင်းသမီး ချိုပရာက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း “အိန္ဒိယ တပ်မတော် အဓွန့်ရှည်ပါစေ” လို့ အမည်ရတဲ့ စာသားတွေကို Twitter မှာ တင်ခဲ့ပါသေးတယ်။]]> မင်းသမီး Priyanka Chopra

အိန္ဒိယမင်းသမီး Priyanka Chopra ဟာ ပါကစ္စတန်နဲ့ တင်းမာမှု မြင့်တက်နေချိန် Twitter မှာ အိန္ဒိယစစ်တပ်ကို အားပေးထောက်ခံတဲ့ ပို့စ်တခုကြောင့် စစ်ပွဲကို အားပေးတယ်ဆိုပြီး စွပ်စွဲခံလိုက်ရပါတယ်။

အမေရိကန်ပြည်ထောင်စု၊ လော့စ်အင်ဂျလိစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ အလှအပရေးရာ ကွန်းဖရင့်တခုကို တက်ရောက်လာခဲ့တဲ့ ပါကစ္စတန်နွယ်ဖွား အမေရိကန်နိုင်ငံသူ အမျိုးသမီးတဦးက ချိုပရာ့ကို ကြောင်သူတော် ယောင်ဆောင်ထားတဲ့သူ ဆိုပြီးတော့ ခေါ်ဆိုခဲ့ပါတယ်။ အဲ့ဒီပွဲကို ချိုပရာလည်း တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

မင်းသမီး ချိုပရာက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း “အိန္ဒိယ တပ်မတော် အဓွန့်ရှည်ပါစေ” လို့ အမည်ရတဲ့ စာသားတွေကို Twitter မှာ တင်ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်တုန်းကတော့ နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ အိမ်နီးချင်းနှစ်နိုင်ငံဟာ စစ်ရေးတင်းမာမှု ဖြစ်ပေါ်နေချိန်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ Beautycon ပွဲစင်မြင့်ထက်မှာ ရှိနေတဲ့ မင်းသမီးကို ပါကစ္စတန်နွယ်ဖွား အမေရိကန်နိုင်ငံသူ Ayesha Malik က မေးခွန်းမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

Malik က “လူသားဆန်မှုနဲ့ ပတ်သက်လို့ ရှင်ပြောတာ ကြားရခဲတယ်။ ဘာလို့လဲဆိုတော့ ရှင့်ရဲ့ အိမ်နီးချင်းနိုင်ငံက ပါကစ္စတန်လေ။ ရှင်က ကြောင်သူတော်ယောင် ဆောင်ထားတဲ့သူ ဆိုတာ ကျမ သိပါတယ်” လို့ မေးမြန်းခဲ့တာပါ။

အဲ့ဒီနောက်ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ချိုပရာတင်ခဲ့တဲ့ ပို့စ်အကြောင်းနဲ့ ပတ်သက်လို့တော့ သူက “ရှင်က ယူနီဆက်ဖ်ရဲ့ ငြိမ်းချမ်းရေး သံတမန် ဖြစ်ပါတယ်။ ပါကစ္စတန်ကို ဆန့်ကျင်ပြီး နျူးကလီးယားစစ်ပွဲတခု ဖြစ်ဖို့ တွန်းအားပေးနေတယ်။ အဲ့ဒီမှာ အနိုင်ရသူဆိုတာ မရှိဘူး” လို့ ပြောဆိုခဲ့ပါတယ်။ Malik ဆက်ပြောမလို့ လုပ်နေချိန်မှာပဲ စကားပြောမိုက်ကို သိမ်းယူခံလိုက်ရပါတယ်။

၂၀၁၆ ခုနှစ်ကတည်းက ယူနီဆက်ဖ်ရဲ့ Goodwill သံတမန်ဖြစ်ခဲ့တဲ့ မင်းသမီးကတော့ ပါကစ္စတန်ကနေလာတဲ့ သူ့သူငယ်ချင်းတွေ အများကြီး ရှိတဲ့အကြောင်း၊ သူဟာ စစ်ပွဲကို ကြိုက်နှစ်သက်သူ မဟုတ်ပေမယ့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်သူဖြစ်တဲ့အကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ပါကစ္စတန်မှာ အခြေစိုက်တဲ့ အကြမ်းဖက်အဖွဲ့တခုက အိန္ဒိယထိန်းချုပ်ထားတဲ့ ကတ်ရှ်မီးယားဒေသမှာ အိန္ဒိယစစ်သား ၄၀ နီးပါးကို တိုက်ခိုက် သတ်ဖြတ်ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံအကြား ဆက်ဆံရေးတွေ တင်းမာခဲ့တာ ဖြစ်ပါတယ်။

Ref. BBC

You may also like these stories:

စူပါဟီးရိုး ရုပ်ရှင်များတွင် ပါဝင်ရန် Marvel စတူဒီယိုထံသို့ မင်းသမီး Priyanka Chopra ချဉ်းကပ်ခဲ့ဟု ဆို

အိန္ဒိယလေကြောင်းထိုးစစ်ကို ထောက်ခံခဲ့သော Priyanka Chopra ကို ကုလသံတမန်အဖြစ်မှ ဖယ်ရှားပေးရန် တောင်းဆို

အမေရိကန်နိုင်ငံမှာ လက်ထပ်ပါတီပွဲ ဆင်နွှဲခဲ့ကြတဲ့ Nick Jonasနဲ့ Priyanka Chopra

မင်္ဂလာဆောင်ဖို့ လက်ထပ်လိုင်စင် ရသွားပြီဖြစ်တဲ့ Nick Jonas နဲ့ Priyanka Chopra

]]>