ဦးအောင်မင်းဦး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဦးအောင်မင်းဦး Covering Burma and Southeast Asia Wed, 30 Sep 2026 11:02:10 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဦးအောင်မင်းဦး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဦးအောင်မင်းဦး 32 32 ဗုံးကြဲတော့ စစ်တပ်ကို မုန်းတီးမှုပိုပြင်းလာတယ် https://burma.irrawaddy.com/video/2026/09/30/416696.html Wed, 30 Sep 2026 11:02:10 +0000 https://burma.irrawaddy.com/?p=416696 ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်းက အာရက္ခတပ်တော်(AA) ထိန်းချုပ်ရာဒေသတွေကပြည်သူတွေကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာက အမုန်းတရားတွေပဲ ပိုပြီးတော့တိုးလာစေတယ်လို့ ရခိုင်အခြေစိုက်သတင်းဌာနတခုဖြစ်တဲ့ Development Media Group (DMG) ရဲ့ အယ်ဒီတာချုပ်နှင့်အမှုဆောင်ဒါရိုက်တာဦးအောင်မင်းဦးကပြောလိုက်ပါတယ်။]]>

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်းက အာရက္ခတပ်တော်(AA) ထိန်းချုပ်ရာဒေသတွေကပြည်သူတွေကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာက အမုန်းတရားတွေပဲ ပိုပြီးတော့တိုးလာစေတယ်လို့ ရခိုင်အခြေစိုက်သတင်းဌာနတခုဖြစ်တဲ့ Development Media Group (DMG) ရဲ့ အယ်ဒီတာချုပ်နှင့်အမှုဆောင်ဒါရိုက်တာဦးအောင်မင်းဦးကပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်က ကျောက်တော်မြို့မှာရှိတဲ့ လူစည်ကားရာ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅၀ ဦးသေဆုံးခဲ့ရပြီး ၆၀ ထက်မနည်းဒဏ်ရာရှိထားတယ်လို့ AA ကထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်က AA ထိန်းချုပ်ရာနေရာတိုင်းကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက် ပြည်သူတွေအများအပြားသေဆုံထားရတယ်လို့လည်း AA ကထုတ်ပြန်ထားပါတယ်။

ကျောက်တော်မြို့ဗုံးကြဲတိုက််ခိုက်မှုဖြစ်စဉ်အပါအဝင် ရခိုင်ပြည်နယ်အတွင်းကဗုံးကြဲတိုက်ခိုက်မှုအခြေအနေတွေနဲ့ပတ်သက်လို့ Development Media Group (DMG) ရဲ့ အယ်ဒီတာချုပ်နှင့်အမှုဆောင်ဒါရိုက်တာဦးအောင်မင်းဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

#မြန်မာ #ဧရာဝတီ #ရခိုင် #ဗုံးကြဲ #AA #WhatsHappensInMyanmar

]]>