CFO Archives - ဧရာဝတီ https://burma.irrawaddy.com/tag/cfo Covering Burma and Southeast Asia Thu, 02 Jan 2025 05:22:40 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png CFO Archives - ဧရာဝတီ https://burma.irrawaddy.com/tag/cfo 32 32 ဒေါ်နယ်ထရမ့် ကို AI နယ်ပယ်မှာ အကြီးအကဲ ဖြစ်လာမယ့်သူလို့ OpenAI ရဲ့ CFO ပြောဆို https://burma.irrawaddy.com/news/2024/12/16/394662.html Mon, 16 Dec 2024 06:00:58 +0000 https://burma.irrawaddy.com/?p=394662 ဒေါ်နယ်ထရမ့် အနေနဲ့ အထွေထွေ ဉာဏ်ရည်တု (AGI) ဖွံ့ဖြိုးလာဖို့ အရေးကြီးတဲ့ အခြေခံ တည်ဆောက်မှုတွေ လုပ်ဆောင်နေချိန်မှာ စတင် တာဝန်ယူရမယ့် သူလည်း ဖြစ်တယ်လို့…]]>

အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အခုလက်ရှိ AI (ဉာဏ်ရည်တု) မျိုးဆက်ရဲ့ အကြီးအကဲ ဖြစ်လာမယ့်သူ ဖြစ်ကြောင်း၊ အီလွန်မတ်စ် ကတော့ အမျိုးသား အကျိုးစီးပွားကို ဦးစားပေးမယ့်သူလို့ ယုံကြည်ကြောင်း OpenAI ဘဏ္ဍာရေး အကြီးအကဲ (CFO) Sarah Friar က ပြောကြားလိုက်ပါတယ်။

ဒေါ်နယ်ထရမ့် အနေနဲ့ အထွေထွေ ဉာဏ်ရည်တု (AGI) ဖွံ့ဖြိုးလာဖို့ အရေးကြီးတဲ့ အခြေခံ တည်ဆောက်မှုတွေ လုပ်ဆောင်နေချိန်မှာ စတင် တာဝန်ယူရမယ့် သူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

“သူ့အနေနဲ့ အစမှာတည်းက ဦးဆောင်မယ့် နေရာကို ရောက်လာပါလိမ့်မယ်။ ကျမတို့ အခုလုပ်နေတဲ့ AGI ကိုတောင် ပါဝင်ကောင်း ပါဝင်နိုင်ပါလိမ့်မယ်” လို့လည်း Sarah Friar က ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

စီးပွားရေးအရ အရေးပါတဲ့ လုပ်ငန်းတွေကို လူသားတွေထက် သာလွန်စွာ လုပ်ဆောင်ပေးနေတဲ့ အလိုအလျောက် စနစ်တွေအကြောင်း ပြောဆိုရင်း ထည့်သွင်း ပြောကြားသွားတာပါ။

Sarah Friar က ထရမ့်ရဲ့ အနီးကပ်ဆုံး အကြံပေးတွေထဲက တဦးဖြစ်သူ အီလွန်မတ်စ်ရဲ့ OpenAI အပေါ် လူသိရှင်ကြား ခြိမ်းခြောက် ပြောဆိုမှုတွေကိုလည်း အလွန်အမင်း စိုးရိမ်စရာမလိုကြောင်း ပြောကြားခဲ့ပါသေးတယ်။

နယူးယော့ခ်မှာ ကျင်းပတဲ့ ရိုက်တာ သတင်းဌာန (Reuters) ရဲ့ NEXT အမည်ရ တွေ့ဆုံပွဲမှာ ရိုက်တာ အယ်ဒီတာချုပ် Alessandra Galloni ရဲ့မေးခွန်းတွေကို ဖြေဆိုရင်း မက်စ်ရဲ့ ခြိမ်းခြောက် ဝေဖန်မှုတွေအကြောင်းလည်း သူက ပြောခဲ့ပါတယ်။

၂၀၂၄ ဒီဇင်ဘာ ၁၀ ရက် က နယူးယော့ခ် မြို့မှာ ကျင်းပတဲ့ ရိုက်တာ သတင်းဌာန (Reuters) ရဲ့ NEXT အမည်ရ တွေ့ဆုံပွဲမှာ OpenAI ဘဏ္ဍာရေး အကြီးအကဲ (CFO) Sarah Friar ကို တွေ့ရစဉ် / Reuters

“ကျမတို့ သူ့ကို ပြိုင်ဖက်တယောက် အနေနဲ့ ယုံကြည်ပါတယ်။ သူ့အနေနဲ့ အမျိုးသား အကျိုးစီးပွားကို ဦးစားပေး စဉ်းစားပြီး မျှတစွာ ယှဉ်ပြိုင်ပါလိမ့်မယ်” လို့လည်း Sarah Friar က ပြောဆိုပါတယ်။

အကျိုးအမြတ်မယူ ဘုတ်အဖွဲ့ရဲ့ ထိန်းချုပ်မှုကို ဖယ်ရှားနိုင်ဖို့ OpenAI ရဲ့ လုပ်ငန်းဖွဲ့စည်းပုံ ပြန်လည် ပြင်ဆင်ခြင်း အပေါ် OpenAI ကို ပူးတွဲ တည်ထောင်သူတဦး ဖြစ်ခဲ့တဲ့ အီလွန်မတ်စ်က လူသိရှင်ကြား ဆန့်ကျင် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

အခု အီလွန်မတ်စ်ဟာ OpenAI ရဲ့ ပြိုင်ဖက်အဖြစ် xAI ကို လည်ပတ်နေပြီး ထရမ့်ရဲ့ အနီးကပ် အကြံပေးတဦး ဖြစ်လာခဲ့ပြီ လို့လည်း ဆိုပါတယ်။

ထရမ့်ဟာ အစိုးရ အသုံးစရိတ်နဲ့ စည်းမျဉ်းစည်းကမ်းတွေ လျှော့ချဖို့ ရည်ရွယ်တဲ့ အဖွဲ့ကို ပူးတွဲ ဦးဆောင်ဖို့ ရီပတ်ဘလစ်ကန် ရဲ့ အရင် သမ္မတလောင်း ဖြစ်ပြီး စွန့်ဦးတီထွင်သူလည်း ဖြစ်သူ Vivek Ramaswamy နဲ့ အီလွန်မတ်စ် တို့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။

Nextdoor ဆိုရှယ်မီဒီယာ ကုမ္မဏီကို ဦးဆောင်ခဲ့ပြီး ပထမဆုံး ဘဏ္ဍာရေး အကြီးအကဲအဖြစ် လွန်ခဲ့တဲ့ ၆ လ က OpenAI ကို ရောက်ရှိလာခဲ့တဲ့ Friar က ကုမ္ပဏီအနေနဲ့ ဒီသီတင်းပတ် အတွင်း စတင်ခဲ့တဲ့ Sora အမည်ရ ဗီဒီယို ထုတ်လုပ်ရေး tool အပေါ် လူတွေရဲ့ ကြီးမားသော စိတ်ဝင်စားမှုကို မြင်ခဲ့ရကြောင်း ပြောကြားပါသေးတယ်။

စတင် ထုတ်လွှင့်တဲ့နေ့ ကတည်းက ဝင်ရောက်မှု များပြားလွန်းတာကြောင့် Sora အကောင့်အသစ် ဖွင့်မှုတွေကို ရပ်ဆိုင်းထားရတာ ဖြစ်ပြီး ဘယ်အချိန်မှာ ပြန်ရမယ် ဆိုတာတော့ Friar က မပြောခဲ့ပါဘူး။

“လုပ်နိုင်စွမ်းတချို့ကို သိချင်ပြီး တိုင်းတာမှုတွေ အများစု လိုချင်ခဲ့တာ ဖြစ်ပါတယ်။ ကျမတို့ အခြေအနေကို နားထောင်ပြီး လေ့လာချင်တာကြောင့် ရွေးချယ်ထားတဲ့ လူအနည်းစုပဲ ဒီနေ့ရရှိခဲ့တာ ဖြစ်ပါတယ်”လို့လည်း Friar က ပြောကြားပါတယ်။

အမေရိကန်နိုင်ငံ Madison မြို့မှာ ၂၀၂၄ နိုဝင်ဘာလ အတွင်းက ကျင်းပတဲ့ UFC 309 လက်ဝှေ့ပွဲမှာ တွေ့ရတဲ့ ဒေါ်နယ်ထရမ့် နဲ့ အီလွန်မတ်စ် / Forbes

ကုမ္ပဏီ အနေနဲ့ Sora ကို Release လုပ်ဖို့ မတူညီတဲ့ ရွေးချယ်မှုတခု အဖြစ် ChatGPT ကနေတဆင့် ထုတ်ပေးနိုင် ဖို့လည်း ပြုလုပ်နေကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။

“လုံခြုံမှုကို အလေးပေးပြီး ပုံမှန်ရှေ့ဆက်သွားနိုင်ဖို့ အရှိန် နည်းနည်းလျှော့ရတဲ့ နေရာတွေ ရှိပါတယ်”လို့လည်း ပြောဆိုခဲ့ပါတယ်။

ဗီဒီယို ထုတ်လုပ်မှုအပြင် ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်း ပိုကောင်းတဲ့ အခြေခံမော်ဒယ်တွေ ပါဝင်ပြီး အသုံးပြုသူတွေ ကိုယ်စား နေ့စဉ် လုပ်ငန်းဆောင်တာတွေကို အလိုအလျောက် လုပ်ဆောင်ပေးနိုင်မယ့် ဆော့ဖ်ဝဲတွေပါဝင်တဲ့ AI အေးဂျင့် ထုတ်ကုန်တွေကို နှစ်သစ်မှာ ထုတ်ပေးနိုင်ဖို့လည်း မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

“နောက်နှစ်မှာ AI အေးဂျင့်တွေနဲ့ ပတ်သက်ပြီး လှုပ်ခတ်မှုတွေများစွာ တွေ့မြင်ရလိမ့်မယ်လို့ ကျမထင်တယ်။ ဒီနည်းပညာဟာ ကျမတို့ဆီ ဘယ်လောက် မြန်မြန်ရောက်ရှိလာနေလဲ ဆိုတာကို လူတွေ အံ့ဩသွားကြလိမ့်မယ်လို့ ထင်တယ်” လို့လည်း Friar က ပြောကြားပါတယ်။

လျင်မြန်စွာ ဖွံ့ဖြိုးလာနေတဲ့ Startup ကုမ္ပဏီ OpenAI ဟာ ၎င်းတို့ရဲ့ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူနဲ့ နည်းပညာ ပါတနာ ဖြစ်သူ မိုက်ခရိုဆော့ဖ် နဲ့ ပူးပေါင်းမှုအသစ် တခုလုပ်ဆောင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

“အပြန်အလှန်ကူညီရင်း တိုးတက်လာတယ် ဆိုတဲ့ သဘောသဘာဝအရ ကျမတို့ စဉ်းစားတာပါ။ ဒါပေမယ့် နယ်ပယ် တခုလုံး တိုးတက်လာဖို့ အတွက် မတူကွဲပြားမှုတွေ ကလည်း ကောင်းမွန်စေတဲ့အရာ ဖြစ်ကြောင်း နားလည်ထား ပါတယ်”လို့လည်း Friar က ထပ်လောင်း ပြောကြားပါတယ်။

ကုမ္ပဏီရဲ့ အုပ်ချုပ်မှု ပြင်ဆင်ဖွဲ့စည်းခြင်းနဲ့ မကြာသေးခင်က အမှုဆောင်တွေ အစုလိုက် ထွက်ခွာသွားခြင်းတို့ အတွက် အငြင်းပွားမှုများ ရှိနေသော်လည်း OpenAI အနေနဲ့ လျင်မြန်စွာ ကြီးထွားလာမှုကို ဆက်လက် ရင်ဆိုင်ရဖို့ ရှိနေတယ် လို့လည်း ဆိုပါတယ်။

o1 လို ကျိုးကြောင်း ဆင်ခြင်နိုင်မှု မော်ဒယ်အသစ်တွေ ထုတ်လုပ်ပေးနိုင်မှုကြောင့် ဒီနှစ် ဩဂုတ်လ အတွင်း ChatGPT ကို အပတ်စဉ် ပုံမှန်အသုံးပြုသူ သန်း၂၀၀ မှ သန်း ၃၀၀ အထိ ရုတ်ချည်းတိုးလာတဲ့ ပြန်လည် အရှိန်မြင့်တက်လာမှုကိုလည်း ကုမ္ပဏီအနေနဲ့ တွေ့မြင်ခဲ့ရကြောင်း Friar ကပြောဆိုသွားပါတယ်။

Ref : Reuters

]]>
ဟွာဝေး CEO ဒေါ်လာ ၇.၅ သန်းဖြင့် အာမခံရ https://burma.irrawaddy.com/news/2018/12/12/177188.html Wed, 12 Dec 2018 06:35:25 +0000 https://burma.irrawaddy.com/lytbox/?p=177188 တရားခွင်တွင် မြင်တွေ့ရသော မန်ဝမ်ကျိုး၏ ပုံကြမ်း /  Reutersဟွာဝေးကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ် မန်ဝမ်ကျိုးသည် ကနေဒါ တရားရုံးမှ အင်္ဂါနေ့တွင် အာမခံရခဲ့ပြီဖြစ်သည်။ ]]> တရားခွင်တွင် မြင်တွေ့ရသော မန်ဝမ်ကျိုး၏ ပုံကြမ်း /  Reuters

ဟွာဝေး နည်းပညာကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ်(CFO) မန်ဝမ်ကျိုးသည် ကနေဒါ တရားရုံးမှ အင်္ဂါနေ့တွင် အာမခံရခဲ့ပြီဖြစ်သည်။

အမေရိကန်၏ စွဲချက်ကို ရင်ဆိုင်ရန် တရားခံ အရွှေ့အပြောင်း စောင့်ဆိုင်းရဖွယ် ရှိနေစဉ်အတွင်း သူ့ကို ဗန်ကူဗာမြို့ရှိ နေအိမ်၌ပင် အာမခံဖြင့် နေထိုင်ရန် ဗြိတိသျှကိုလံဘီယာ(ကနေဒါ) တရားရုံးချုပ်က ခွင့်ပြုမည်ဖြစ်သည်။

မန်ဝမ်ကျိုး၏လုပ်ဖော်ကိုင်ဖက်ဟောင်း ၄ ဦးနှင့် မိတ်ဆွေများက သူ့ခင်ပွန်းကို ဝန်းရံပေးကြပြီး ကနေဒါ ၁၀ သန်း (အမေရိကန်ဒေါ်လာ ၇.၅ သန်း) တန်ဖိုးငွေသားနှင့် ဗန်ကူမြို့ရှိ နေအိမ် ပိုင်ဆိုင်မှုတို့ကို အာမခံတင်ပေးပြီးနောက် ဗြိတိသျှကိုလံဘီယာ တရားရုံးချုပ် တရားသူကြီး ဝီလျံအက်ကီက မန်ကို လွှတ်ပေးရန် သဘောတူလိုက်သည်။

ယခု အာမခံဖြင့် နေထိုင်ရန် သဘောတူညီချက်အရ အာမခံတင်ပေးသူ ၅ ဦးတို့က မန်ဝမ်ကျိုးအနေဖြင့် ထွက်ပြေးတိမ်းရှောင် မပြုရန်နှင့် ခံဝန်အတိုင်း နေထိုင်ရန် ကတိပြုခဲ့ရသည်။

အသက် ၄၆ နှစ်ရှိ မန်ဝမ်ကျိုးသည် ဗန်ကူဗာမြို့ရှိ သူ၏နေအိမ်၌ပင် ကနေဒါ လုံခြုံရေးအစောင့်များနှင့် အာမခံသဘောတူညီချက်အရ နည်းပညာသုံး စောင့်ကြည့်မှုများပါ ခံယူလျက် နေထိုင်ရမည်ဖြစ်ပြီး သူ့လက်ဝယ်ရှိ တရုတ်နှင့်ဟောင်ကောင် နိုင်ငံကူးလက်မှတ်များပါ ကနေဒါ အာဏာပိုင်များထံ အပ်နှံထားရမည်ဖြစ်သည်။

တရားခံ အရွှေ့အပြောင်းမပြုမိ ကနေဒါမှ မန်ဝမ်ကျိုး ထွက်ပြေးမည့်အန္တရာယ်ကို ယခု အာမခံဖြင့် လျှော့ချနိုင်ခဲ့ပြီဖြစ်သဖြင့် မိမိကျေနပ်ပါကြောင်း တရားသူကြီးအက်ကီက ပြောသည်။

ဗန်ကူဗာမြို့မှ မက္ကစီကိုနိုင်ငံသို့ ကူးရန် လေယာဉ်ခရီးစဉ် ပြောင်းလဲစီးနင်းစဉ် မန်ဝမ်ကျိုးသည် အမေရိကန် အာဏာပိုင်များ၏တောင်းဆိုချက်အရ ဒီဇင်ဘာလ ၁ ရက်တွင် ဖမ်းဆီးခံခဲ့ရသည်။ အမေရိကန် ပိတ်ဆို့ဒဏ်ခတ်ထားမှုကို ချိုးဖောက်၍ အီရန်နိုင်ငံနှင့် ငွေအလွှဲအပြောင်း လုပ်ခဲ့သည့်စွဲချက်ဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်။

အမေရိကန်အစိုးရက သက်သေအထောက်အထားဖြင့် တရားခံလွှဲပြောင်းရေး ဆောင်ရွက်ရန် သူ ဖမ်းဆီးခံရသည့်နေ့မှ ရက်ပေါင်း ၆၀ အချိန်ရရှိထားသည်။

ကိုးကား။ ။ Bloomberg

]]>