CMEC Archives - ဧရာဝတီ https://burma.irrawaddy.com/tag/cmec Covering Burma and Southeast Asia Fri, 31 Jul 2026 04:51:46 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png CMEC Archives - ဧရာဝတီ https://burma.irrawaddy.com/tag/cmec 32 32 တရုတ်လက်ထဲက မြန်မာ့လျှပ်စစ်ဓာတ်အားလိုင်း https://burma.irrawaddy.com/article/2026/07/29/415135.html Wed, 29 Jul 2026 03:00:34 +0000 https://burma.irrawaddy.com/?p=415135 သတိမမူမိဘဲ လျစ်လျူရှုခံထားရသည့် အရာမှာ တရုတ်နိုင်ငံက တိတ်တဆိတ် တပ်ဆင်ထားသည့် အပြီးသတ် ထိန်းချုပ်ခလုတ် (Kill Switch) ပင်]]>

လေ့လာစောင့်ကြည့်သူများသည် မြန်မာနိုင်ငံအတွင်း ပေကျင်း၏ ခြေရာလက်ရာများကို ကြည့်ရှုသည့်အခါ ကျောက်ဖြူရေနက်ဆိပ်ကမ်း သို့မဟုတ် မူဆယ်-မန္တလေး ရထားလမ်းကဲ့သို့သော မဟာစီမံကိန်းကြီးများကိုသာ မဖြစ်မနေ အာရုံစိုက်မိကြလေ့ရှိသည်။ သို့သော် သတိမမူမိဘဲ လျစ်လျူရှုခံထားရသည့် အရာမှာ တရုတ်နိုင်ငံက တိတ်တဆိတ် တပ်ဆင်ထားသည့် အပြီးသတ် ထိန်းချုပ်ခလုတ် (Kill Switch) ပင်ဖြစ်သည်။

မှီခိုအားထားမှု ရုတ်တရက် မြင့်တက်လာခြင်း

၂၀၂၆ ခုနှစ်၏ ပထမခြောက်လအတွင်း တရုတ်နိုင်ငံမှ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သို့ လျှပ်စစ်ဓာတ်အား တင်ပို့မှုသည် ၄၂.၉ ရာခိုင်နှုန်း ထိ မြင့်တက်လာခဲ့သည်။ မြန်မာနိုင်ငံသည် ဤရုတ်တရက် မြင့်တက်မှု၏ ငြင်းပယ်မရသော အဓိကမောင်းနှင်အား ဖြစ်သည်။ အကောက်ခွန်ဆိုင်ရာ ကိန်းဂဏန်းချက်အလက်များအရ ပေကျင်းသည် ခြောက်လအတွင်း ဒေသတွင်းသို့ ကီလိုဝပ် ၂.၃၉ ဘီလီယံ ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံ၏ တင်သွင်းမှုမှာမူ ယခင်နှစ် ပထမငါးလတွင် ဒေါ်လာ ၂၄.၈ သန်းရှိခဲ့ရာမှ ယခုနှစ် ပထမငါးလအတွင်း ဒေါ်လာ ၄၈.၉ သန်းအထိ နှစ်ဆနီးပါး ခုန်တက်သွားခဲ့သည်။ ယင်းက ပြိုလဲနေသော စီးပွားရေးကို ထိန်းမတ်ရန် ပေကျင်းအပေါ် မြန်မာနိုင်ငံ၏ မှီခိုအားထားမှု ပိုမိုကြီးမားလာသည်ကို ပေါ်လွင်စေသည်။

အရှေ့တောင်အာရှ နိုင်ငံများအနက် မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အား ရရှိမှု အနည်းဆုံးနိုင်ငံအဖြစ် ဆက်လက်ရှိနေသည်။ လူဦးရေ ၅၅ သန်းနီးပါးရှိသည့်အနက် ၂၀၂၀ ပြည့်နှစ်အထိ အိမ်ထောင်စု ၅၄ ရာခိုင်နှုန်းခန့်သာ အမျိုးသားဓာတ်အားလိုင်းနှင့် ချိတ်ဆက်နိုင်ခဲ့သည်။ ၂၀၂၁ အာဏာသိမ်းပွဲ နောက်ပိုင်းတွင် ပျက်စီးသွားသော အခြေခံအဆောက်အအုံများ၊ မလည်ပတ်နိုင်တော့သည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများနှင့် ရပ်ဆိုင်းသွားသော ဆိုလာ စီမံကိန်းများကြောင့် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး စွမ်းအင်အကျပ်အတည်းနှင့် ရင်ဆိုင်နေခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၆ မှ ၂၀၂၁ အစောပိုင်းအထိ ကာလများတွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထောက်ပံ့မှု ၃၅ ရာခိုင်နှုန်းခန့်ကို တရုတ်အပေါ် မှီခိုရလိမ့်မည်ဟု ခန့်မှန်းခဲ့ကြသည်။

“ဒါပေမဲ့ ဒီနေ့မှာတော့ မှီခိုမှု အတိုင်းအတာ ပမာဏ အတိအကျကို တိုင်းတာဖို့ ခက်ခဲသွားပါပြီ” ဟု တရုတ်ရေးရာ လေ့လာသုံးသပ်သူတဦးက ဧရာဝတီသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်းရှိ စက်ရုံများမှတဆင့် လျှပ်စစ်တင်သွင်းခြင်း

မြန်မာနိုင်ငံသည် ယူနန်မှ လျှပ်စစ်ဓာတ်အား တင်သွင်းသော်လည်း တိုက်ရိုက် နယ်စပ်ဖြတ်ကျော် မဟာဓာတ်အားလိုင်းများမှတဆင့် အမြဲတမ်း တင်သွင်းသည် မဟုတ်ပေ။ တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံအတွင်းရှိ အဓိက ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဘဏ္ဍာငွေထောက်ပံ့ တည်ဆောက်ပေးထားပြီး ယင်းစက်ရုံများကို နှစ်နိုင်ငံလုံး၏ အမျိုးသားဓာတ်အားလိုင်းများသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ပုံစံထုတ်ထားသည်။

ဥပမာတခုမှာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ China Datang Corporation တရုတ်ကော်ပိုရေးရှင်းမှ တည်ဆောက်ခဲ့သော ၂၄၀ မဂ္ဂါဝပ်ထွက်ရှိသည့် တာပိန် (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖြစ်သည်။ ယင်း၏ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားကို မြန်မာ အမျိုးသားဓာတ်အားလိုင်းနှင့် China Southern Power Grid (CSG) တို့အကြား ခွဲဝေယူကြပြီး တရုတ်နိုင်ငံပိုင်ကော်ပိုရေးရှင်း State Grid Corporation of China က ဒေါ်လာ ၁၃၃.၅ သန်းအကုန်အကျခံ တည်ဆောက်ထားသည့် ၂၃၀ ကီလိုဗို့ နဘား-ရွှေဘို-အုန်းတော လိုင်းမှတဆင့် တောင်ဘက် မန္တလေးသို့ ပေးပို့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၆၀၀ မဂ္ဂါဝပ်ထွက် ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည်လည်း ထိုနည်းအတိုင်းပင် လည်ပတ်နေပြီး ထွက်ရှိသမျှ ဓာတ်အား၏ အစိတ်အပိုင်းတခုကို ယူနန်သို့ ပြန်လည်တင်ပို့ကာ မြန်မာ၏ ပြည်တွင်းဓာတ်အားလိုင်းသို့လည်း ဖြန့်ဖြူးပေးနေသည်။

တချိန်တည်းမှာပင် CSG ၏ လက်အောက်ခံ Yunnan International ကုမ္ပဏီသည် ၁၁၀ ကီလိုဗို့နှင့် အောက် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းများကို လည်ပတ်လျက်ရှိသည်။ မြန်မာ့ဓာတ်အားလိုင်းသည် သမိုင်းကြောင်းအရ ဝေးလံခေါင်ဖျားသော နယ်စပ်ဒေသများသို့ မရောက်ရှိနိုင်ခဲ့သောကြောင့် ယူနန်က နယ်စပ်ဒေသများကို တိုက်ရိုက် မီးလင်းရေးဆောင်ရွက်ပေးရန် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိက နယ်စပ်ကုန်သွယ်ရေးဗဟိုချက်ဖြစ်သော မူဆယ်သည် ယူနန်မှ တင်သွင်းသည့် လျှပ်စစ်ဓာတ်အားအပေါ် လုံးဝနီးပါး မှီခိုနေရသည်။ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် နယ်မြေတခုလုံးသည်လည်း တရုတ်လျှပ်စစ်ဓာတ်အားဖြင့်သာ အပြည့်အဝ လည်ပတ်နေသည်။

UWSA နှင့် MNDAA ထိန်းချုပ်နယ်မြေများအတွင်းရှိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများသည် နှစ်ဘက်ဓာတ်အားလိုင်း ပုံစံဖြင့်ပင် လည်ပတ်နေပြီး ထွက်ရှိသမျှ၏ အစိတ်အပိုင်းတခုကို ယူနန်သို့ ပြန်လည်ပေးပို့ကာ တရုတ်အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများကိုလည်း ဓာတ်အားဖြန့်ဖြူးပေးသည်။

၅၀၀ ကီလိုဗို့ မဏ္ဍိုင်နှင့် မြောက်ပိုင်း ပိတ်ဆို့မှု

ပြီးခဲ့သည့်လက မင်းအောင်လှိုင်၏ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အပြီး ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင် “ဓာတ်အားလိုင်း ချိတ်ဆက်မှုကို အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရန်” ကတိပြုခဲ့သည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ၏ အစိတ်အပိုင်းတခုအဖြစ် ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့သော ဓာတ်အားလိုင်းဆက်ကြောင်း စီမံကိန်းသည် ၂၀၂၀ ပြည့်နှစ် တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ လာရောက်စဉ်က လက်မှတ်ရေးထိုးခဲ့သည့် ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်ရေး နားလည်မှုစာချွန်လွှာအပေါ် အခြေခံထားခြင်းဖြစ်သည်။

တရုတ်လျှပ်စစ်ကုမ္ပဏီများသည် ၂၀၁၄ ခုနှစ်ကတည်းက နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်း စီမံကိန်းများမှတဆင့် မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ရောင်းချရန် ဆွေးနွေးပွဲများ စတင်ခဲ့ကြသည်။ ပါဝင်သော ကုမ္ပဏီများတွင် China Southern Power Grid (CSG)၊ State Grid Corporation of China၊ China Energy Engineering Group နှင့် Union Resources and Engineering Company (UREC) တို့ ပါဝင်သည်။

ယင်းအစီအစဉ်သည် ယူနန်ရှိ လုံချွန် (Longchuan) နှင့် ရွှေလီ (Ruili) တို့ကို ဖြတ်သန်းသွားမည့် ၅၀၀ ကီလိုဗို့ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း ကွန်ရက်ကို ရည်မှန်းထားခြင်းဖြစ်သည်။ လုံချွန်လိုင်းသည် ဗန်းမော်မြို့ရှိ တာပိန်း (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ချိတ်ဆက်ထားသည်။

မိတ္တီလာမှ တောင်ငူ၊ ထိုမှတဆင့် ရန်ကုန်အထိ ၂၃၄ ကီလိုမီတာ ရှည်လျားသည့် မြန်မာနိုင်ငံ၏ ၅၀၀ ကီလိုဗို့ မဟာဓာတ်အားလိုင်း၏ တောင်ဘက်ပိုင်းကို တရုတ် EximBank က ဘဏ္ဍာငွေ ထောက်ပံ့ပေးထားပြီး SEPCO Electric Power Construction Corporation က ကန်ထရိုက်ယူ တည်ဆောက်သည်။ မန္တလေးတိုင်း၊ မိတ္တီလာရှိ ကန်ကောင်း ဓာတ်အားခွဲရုံမှ စတင်ကာ တောင်ဘက် တောင်ငူနှင့် ပဲခူးတိုင်း ဘုရားကြီးသို့၊ ထိုမှတဆင့် ရန်ကုန်ရှိ လှိုင်သာယာ ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသည်။ ထိုမှတဆင့် ဧရာဝတီတိုင်း၊ မွန်ပြည်နယ် မော်လမြိုင်နှင့် တနင်္သာရီတိုင်း ထားဝယ်တို့အထိ သွယ်တန်းရန် စီစဉ်ထားသည်။

မိတ္တီလာ-တောင်ငူ အပိုင်းကို ၂၀၂၃ အကုန်တွင် ပြီးစီးခဲ့ကြောင်း စစ်ကောင်စီ သတင်းမီဒီယာများက ဖော်ပြခဲ့ပြီး ၂၀၂၅ ဒီဇင်ဘာလတွင် တောင်ငူ၊ ဘုရားကြီးနှင့် လှိုင်သာယာရှိ ဓာတ်အားခွဲရုံများသည် ၈၀ မှ ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဟု ဆိုသည်။ ဤတောင်ဘက်ပိုင်း စင်္ကြံသည် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် ခိုင်မာစွာရှိနေသဖြင့် တင်သွင်းလာသော လျှပ်စစ်ဓာတ်အားကို လက်ခံရယူမည့် အခြေခံအဆောက်အအုံကို သေချာစေသည်။

သို့သော် တနင်္သာရီသို့ တောင်ဘက်သို့ ဆက်လက်သွယ်တန်းမည့် အပိုင်းမှာမူ လုံးဝရပ်ဆိုင်းသွားခဲ့သည်။ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ထောက်ပံ့ထားသည့် ၂၈၆ ကီလိုမီတာ ရှည်လျားသော မော်လမြိုင်-ရေး-ထားဝယ် ၂၃၀ ကီလိုဗို့ မဟာဓာတ်အားလိုင်း စီမံကိန်းသည် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ဆိုင်းသွားခဲ့သည်။ တနင်္သာရီတွင် ဒေသခံများသည် တင်သွင်းလာသော ဒီဇယ်၊ အထူးဒီဇယ် သို့မဟုတ် ဓာတ်ငွေ့များကို လောင်ကျွမ်းစေသည့် သီးခြား ပုဂ္ဂလိက ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားလိုင်းငယ်များအပေါ်တွင်သာ ဆက်လက် မှီခိုနေရဆဲဖြစ်သည်။

တချိန်တည်းမှာပင် မြောက်ပိုင်းရှိ ပိတ်ဆို့မှုမှာမူ လွန်စွာ ထိခိုက်လွယ်သည့် အခြေအနေတွင် ရှိနေသည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှစ်ခုနှင့် ယှဉ်ပြိုင်ဖော်ဆောင်ရာတွင် ယင်းဓာတ်အားလိုင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်းရမည်ဖြစ်သည်။ သို့သော် ကိုးကန့်တပ် MNDAA နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ် (TNLA) တို့သည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှစ၍ ဤလမ်းကြောင်းတလျှောက်ရှိ အဓိကနယ်မြေများကို သိမ်းပိုက်ထားခဲ့ကြသည်။ စစ်ကောင်စီသည် ဓာတ်အားလိုင်း၏ တောင်ပိုင်းတခြမ်းကို အပြီးသတ်ရန် လုပ်ဆောင်နေသော်လည်း ယူနန်နှင့် အမှန်တကယ် ချိတ်ဆက်ပေးမည့် မြောက်ပိုင်းတခြမ်း၏ ခလုတ်ခုံ (Switchboard) မှာမူ နေပြည်တော်က ထိန်းချုပ်နိုင်ခြင်း မရှိတော့သည့် နယ်မြေများအတွင်း ဖြတ်သန်းနေရသည်။

ရပ်ဆိုင်းသွားသော LNG အိပ်မက်

ဧရာဝတီတိုင်းသည် ဖြုတ်ချခံလိုက်ရသော NLD အစိုးရလက်ထက်တွင် ဆွေးနွေးခဲ့ပြီး ရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ် တရားဝင်ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည့် မီးလင်းချိုင် LNG သုံး ဓာတ်အားပေးစီမံကိန်း၏ ဗဟိုချက် ဖြစ်လာရန် လျာထားခဲ့ခြင်းဖြစ်သည်။ ပုသိမ်မြို့နယ် ကမ်းရိုးတန်းတွင် တည်ရှိပြီး ဒေါ်လာ ၂.၅ ဘီလီယံတန်ကြေးရှိသော အဆိုပါ စက်ရုံစုကြီးသည် ကမ်းလွန်ရှိ ရေပေါ် သဘာဝဓာတ်ငွေ့ သိုလှောင်/ပြန်လည်ဓာတ်ငွေ့ထုတ်စက်ရုံ (FSRU) မှတဆင့် တာဘိုင်စက်ရုံများကို လောင်စာပေးသွင်းကာ ၁၃၉၀ မဂ္ဂါဝပ် ထုတ်လွှတ်နိုင်ရန် ပုံစံထုတ်ထားခြင်းဖြစ်သည်။ ထွက်ရှိလာသော ဓာတ်အား၏ ၃၅ ရာခိုင်နှုန်းကို ဧရာဝတီတိုင်းအတွက် သတ်မှတ်ထားပြီး ကျန်ရှိသည်များကို ဗို့အားမြင့်လိုင်းအသစ်များမှတဆင့် ရန်ကုန်သို့ ပေးပို့မည်ဖြစ်သည်။

ယင်း ဖက်စပ်လုပ်ငန်းကို တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများဖြစ်ကြသည့် UREC (၄၁ ရာခိုင်နှုန်း)၊ Yunnan Provincial Energy Investment Group (၃၉ ရာခိုင်နှုန်း) နှင့် Zhefu Holding Group (၁ ရာခိုင်နှုန်း) တို့က လွှမ်းမိုးထားပြီး မြန်မာစစ်တပ်နှင့် ဆက်စပ်နေသော Supreme Group (၁၉ ရာခိုင်နှုန်း) နှင့် ပူးပေါင်းထားခြင်းဖြစ်သည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် အတည်ပြုချက်ကို အရှိန်မြှင့်ပေးခဲ့ပြီး မီးလင်းချိုင်စီမံကိန်းကို CMEC ၏ “စောစီးစွာ သီးပွင့်ရမည့်” စီမံကိန်းများစာရင်းတွင် ထည့်သွင်းရန် ပေကျင်းကို စည်းရုံးခဲ့သည်။ စစ်ကောင်စီ သတင်းမီဒီယာများက စက်ရုံသည် ၂၀၂၉ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဟု ဆိုကာ အဆိုပါစီမံကိန်းကို ကြွားဝါမြှောက်ပင့်ပြောဆိုနေဆဲဖြစ်သည်။

လက်တွေ့တွင်မူ စီမံကိန်းမှာ လုံးဝရပ်ဆိုင်းသွားခဲ့ပြီဖြစ်သည်။ LNG ကို နိုင်ငံခြားငွေဖြင့် ပုံမှန်ဝယ်ယူ တင်သွင်းရန် လိုအပ်ပြီး ၁၃၉၀ မဂ္ဂါဝပ် စက်ရုံကို လည်ပတ်ရန်အတွက် လစဉ် လောင်စာ ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမည်ဖြစ်သည်။ နိုင်ငံခြား အရန်ငွေကြေး ကုန်ခမ်းသွားပြီး ကျပ်ငွေတန်ဖိုး လဲပြိုချိန်တွင် စစ်ကောင်စီသည် လိုအပ်သော ဘဏ္ဍာငွေကို မစိုက်ထုတ်နိုင်တော့ပေ။ ရန်ကုန်ရှိ VPower စက်ရုံများကို ပျက်စီးစေခဲ့သည့် ဒေါ်လာပြတ်လပ်မှုသည် မီးလင်းချိုင်စီမံကိန်းကို ရက်အကန့်အသတ်မရှိ ကြန့်ကြာသွားစေခဲ့သည်။

တရုတ်ရေးရာ လေ့လာသူက မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အား အပါအဝင် ပိုမိုကျယ်ပြန့်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်အပေါ် ပိုမိုမှီခိုလာရကြောင်း ထောက်ပြခဲ့သည်။ နိုင်ငံတစ်နိုင်ငံတည်းအပေါ် လွန်ကဲစွာ မှီခိုခြင်းသည် ပညာရှိရာမရောက်ကြောင်း လေ့လာဆန်းစစ်သူက သတိပေးခဲ့သည်။

“နှစ်နိုင်ငံကြား မညီမျှတဲ့ ဆက်ဆံရေး ရှိနေတဲ့အပေါ် အခုလို မှီခိုမှု ပိုမိုမြင့်တက်လာတာက မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ အသာစီးရယူနိုင်မှုကို ပိုမိုခိုင်မာစေပါတယ်” ဟု အဆိုပါ လေ့လာသူက ဆိုသည်။

ဘင်္ဂလားပင်လယ် ရွှေ့ကွက်

တရုတ်၏ လျှပ်စစ်ဓာတ်အားလိုင်းသည် အနောက်ဘက်သို့လည်း တိုးချဲ့လျက်ရှိသည်။ ပြီးခဲ့သည့်လအစောပိုင်းတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒေသတွင်း ဓာတ်အားလိုင်းတခု ထူထောင်ရန် အထက်တန်းအဆင့် ဆွေးနွေးပွဲများကို စတင်ခဲ့ကြသည်။ မြန်မာနိုင်ငံကို ပို့ဆောင်ရေးဗဟိုချက်အဖြစ် အသုံးပြုခြင်းဖြင့် ပေကျင်းသည် ၎င်း၏ ပိုလျှံနေသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို ဘင်္ဂလားဒေ့ရှ်သို့ တိုက်ရိုက်ပေးပို့ရန် ရည်ရွယ်ထားသည်။ အကယ်၍ ဤအစီအစဉ် အကောင်အထည်ပေါ်လာပါက ရပ်ဝန်းနှင့် လမ်းကြောင်း အစီအစဉ် (Belt and Road Initiative) သည် ဘင်္ဂလားပင်လယ်ကွေ့ဆီ ဖြတ်သန်းမည်ဖြစ်ပြီး ပင်လယ်ရေကြောင်း ပိတ်ဆို့နိုင်သည့် နေရာများကို ကျော်လွန်ကာ နေပြည်တော်ရော ဒါကာကိုပါ တရုတ်၏ အခြေခံအဆောက်အအုံများနှင့် ပူးတွဲချည်နှောင်လိုက်မည်ဖြစ်သည်။

၂၀၁၉ ခုနှစ်က အရပ်သား NLD အစိုးရသည် ဓာတ်အားလိုင်း ချိတ်ဆက်မှုများကို စတင်စူးစမ်းခဲ့စဉ် တာဝန်ရှိသူများက ယင်းကို ယာယီဖြေရှင်းရေး နည်းလမ်းတခုအဖြစ်သာ ဖော်ပြခဲ့ကြသည်။ ပြည်တွင်းရှိ ရေအားလျှပ်စစ်စီမံကိန်းများ ပြီးစီးသွားပါက မြန်မာနိုင်ငံသည် ပိုလျှံသော လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ယူနန်သို့ “ပြန်လည်ရောင်းချမည်” ဟု မျှော်လင့်ခဲ့ကြသည်။

ခုနစ်နှစ်အကြာတွင် အဆိုပါ မျှော်လင့်ချက်များမှာ ပြိုလဲသွားခဲ့ပြီဖြစ်သည်။ ပြည်တွင်း ဓာတ်အားထုတ်လုပ်မှုမှာ ပျက်စီးသွားခဲ့ပြီး စက်ရုံများသည် မီးမှန်မှန်ရရှိရန် ရုန်းကန်နေရကာ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား “တင်ပို့မှု” ဆိုသည်မှာ လက်ရှိတွင် တလလျှင် တနာရီကီလိုဝပ် ဘီလီယံ ၃၀ ကျော် ထုတ်လုပ်နေသည့် ယူနန်ဓာတ်အားလိုင်းသို့ ဖြည့်ဆည်းပေးရန် မြန်မာ့မြေပေါ်တွင် မြန်မာ့ရေအားဖြင့် တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများက လည်ပတ်နေသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အနည်းငယ်မျှသာ ဖြစ်တော့သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ How China Built a ‘Kill Switch’ Into Myanmar’s Power Grid ကို ဘာသာပြန်သည်။)

]]>
မြစ်ဆုံစီမံကိန်းက ဆိုးကျိုးထက် ကောင်းကျိုးပိုများတယ်လို့ အာဏာသိမ်းအစိုးရပြော https://burma.irrawaddy.com/video/2026/07/08/414615.html Wed, 08 Jul 2026 02:17:32 +0000 https://burma.irrawaddy.com/?p=414615 ဒီတပတ် China Briefing မှာတော့ မြစ်ဆုံဆည်နဲ့ မြန်မာနိုင်ငံထဲက ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်း (BRI) အကောင်အထည်ဖော်နေမှု အခြေအနေတွေအကြောင်းအပါအဝင် တရုတ် မြန်မာ၊ ထူးခြားတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။]]>

ဒီတပတ် China Briefing မှာတော့ မြစ်ဆုံဆည်နဲ့ မြန်မာနိုင်ငံထဲက ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်း (BRI) အကောင်အထည်ဖော်နေမှု အခြေအနေတွေအကြောင်းအပါအဝင် တရုတ် မြန်မာ၊ ထူးခြားတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

]]>
မင်းအောင်လှိုင်မိသားစု စီးပွားရေး အင်ပါယာ အပိုင်း – ၂ (ရုပ်/သံ) https://burma.irrawaddy.com/video/2026/07/07/414589.html Tue, 07 Jul 2026 02:07:07 +0000 https://burma.irrawaddy.com/?p=414589 အမှန်စင်စစ်၊ မကြာသေးမီက မင်းအောင်လှိုင်သည် သူ၏ စစ်ဝတ်စုံကို သမ္မတဝတ်စုံဖြင့် လဲလှယ်ခဲ့ခြင်းမှာ အနှစ်သာရမရှိသော အပေါ်ယံအမည်ပြောင်းလဲခြင်း သို့မဟုတ် “အဝတ်အစားလဲခြင်း” မျှသာ ဖြစ်သည်။]]>

အမှန်စင်စစ်၊ မကြာသေးမီက မင်းအောင်လှိုင်သည် သူ၏ စစ်ဝတ်စုံကို သမ္မတဝတ်စုံဖြင့် လဲလှယ်ခဲ့ခြင်းမှာ အနှစ်သာရမရှိသော အပေါ်ယံအမည်ပြောင်းလဲခြင်း သို့မဟုတ် “အဝတ်အစားလဲခြင်း” မျှသာ ဖြစ်သည်။

သူ၏ အုပ်ချုပ်မှုသည် အဓိက မဏ္ဍိုင်နှစ်ခုပေါ်တွင်သာ ဆက်လက်အမြစ်တွယ်နေဆဲ ဖြစ်သည်။ မြန်မာပြည်သူများကို သူ၏ ရန်သူကဲ့သို့ သဘောထားခြင်းနှင့် နိုင်ငံ့စည်းစိမ်ဥစ္စာများကို သူ၏ ကိုယ်ပိုင်ပိုင်ဆိုင်မှုကဲ့သို့ သဘောထားခြင်းတို့ ဖြစ်သည်။ သူသည် အာဏာကို စုစည်းထားနိုင်သော်လည်း တရားဝင်မှု (Legitimacy) ရရှိရန်မူ ပိုမိုဝေးကွာသွားခဲ့ပြီ ဖြစ်သည်။

မင်းအောင်လှိုင်အတွက် သူဖြုတ်ချခဲ့သည့် အရပ်သားအစိုးရက ပြဌာန်းခဲ့သော ပြုပြင်ပြောင်းလဲမှုများသည် နိုင်ငံရေးအရ စိန်ခေါ်မှုများသက်သက် မဟုတ်ဘဲ၊ သူ၏ မိသားစု စည်းစိမ်ဥစ္စာများနှင့်အတူ အခြားသော အထက်တန်းလွှာ မိသားစုများနှင့် ပုံမှန်မဟုတ်ဘဲ အလွန်အမင်း ချမ်းသာကြွယ်ဝလာသည့် ခရိုနီများအတွက်ပါ ရပ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုများ ဖြစ်ခဲ့ကြသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၏ အာဏာသိမ်းမှုသည် နိုင်ငံရေးအာဏာကို ထိန်းသိမ်းရန်အတွက် ဖြစ်သကဲ့သို့ စစ်တပ်၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက်လည်း ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှာ ဖော်ပြထားတဲ့ Min Aung Hlaing Inc.: The Family Empire ကို ရုပ်သံအဖြစ်ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။)

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

]]>
ဦးမင်းဇင်ကို သူလျှိုမှုနဲ့ တရုတ်တို့ ဖမ်းတာ လက်တုံ့ပြန်တာလား https://burma.irrawaddy.com/article/2026/07/06/414573.html Mon, 06 Jul 2026 09:59:23 +0000 https://burma.irrawaddy.com/?p=414573 (ဦး)မင်းဇင်အား "မတရားဖမ်းဆီးခံရသူ" အဖြစ် သတ်မှတ်ပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တောင်းဆိုမှုများကို ယခုအချိန်ထိ လိုက်လျောခြင်း မရှိသေးပေ။]]>

မြန်မာနိုင်ငံတွင် တရုတ်၏ တိုးပွားလာသော အကျိုးစီးပွား၊ ဩဇာလွှမ်းမိုးမှုနှင့် စွက်ဖက်မှုများကို ဖော်ထုတ်ရာတွင် ထိရောက်လွန်းလှသဖြင့်၊ အမေရိကန်နိုင်ငံသား (ဦး)မင်းဇင်ကို ပြီးခဲ့သည့် ဇွန်လအတွင်းက တရုတ်အာဏာပိုင်များက သူလျှိုမှုသံသယဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကို နီးစပ်စွာ သိရှိသူများက Newsweek သို့ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အရှေ့တောင်အာရှဆိုင်ရာ လှုပ်ရှားမှုများအတွက် အချက်အချာကျသော အနောက်တောင်ပိုင်း ကူမင်းမြို့တွင် ကျင်းပသည့် တရုတ်အစိုးရကျောထောက်နောက်ခံပြု နှီးနှောဖလှယ်ပွဲတခု၌ မိန့်ခွန်းပြောကြားရန် ဖိတ်ကြားခံခဲ့ရပြီးနောက်၊ ဇွန်လ ၃ ရက်နေ့တွင် (ဦး)မင်းဇင် ရုတ်တရက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် နိုင်ငံခြားသား ပညာရှင်များ တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ဘေးကင်းလုံခြုံမှု ရှိ၊ မရှိအပေါ် ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP-Myanmar) ၏ အမှုဆောင်ဒါရိုက်တာ အမေရိကန်နိုင်ငံသားဖြစ်သူအား ပြန်လည်လွတ်မြောက်လာစေရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပိုမိုလုပ်ဆောင်ရန် တောင်းဆိုမှုများလည်း ပေါ်ထွက်လာခဲ့သည်။ ISP-Myanmar သည် ဆီးရီးယားနိုင်ငံကဲ့သို့ပင် အကြမ်းဖက်မှုနှင့် စစ်ရေးရှုပ်ထွေးမှုများ ပြင်းထန်နေသည့် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး ခွဲခြမ်းစိတ်ဖြာချက်များကို အသေးစိတ် ထုတ်ပြန်လေ့ရှိသည်။

ပြီးခဲ့သည့်အပတ်က (ဦး)မင်းဇင် ဖမ်းဆီးထိန်းသိမ်းခံရမှု တလ ပြည့်သွားပြီဖြစ်ရာ တရုတ်ဥပဒေအရ မကြာမီ တရားဝင် စွဲချက်တင်ခံရနိုင်သော်လည်း စွဲချက် တင် မတင်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးကလည်း ဤကိစ္စအပေါ် မှတ်ချက်ပေးရန် တောင်းဆိုမှုကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။

“လူတိုင်း မေးသင့်တဲ့မေးခွန်းက ဘာလို့ သူ ဖြစ်ရတာလဲ၊ ဘာလို့ အခုမှလဲ ဆိုတာပါပဲ” ဟု အဆိုပါပညာရှင် လွတ်မြောက်ရေးအတွက် လူထုသတိပြုမိလာအောင် ဆောင်ရွက်နေသည့် Safeguard Defenders လူ့အခွင့်အရေးအဖွဲ့မှ လော်ရာ ဟတ်သ် (Laura Harth) က ပြောသည်။

“မြန်မာ့အရေးမှာ မင်းဇင်ကို တရုတ်တွေ ဖယ်ထုတ်ချင်ရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်” ဟု မီဒီယာသို့ ပြောဆိုခွင့်မရှိသဖြင့် အမည်မဖော်လိုသည့် အခြားသတင်းရင်းမြစ်တဦးက ဆိုသည်။ “တရုတ်အတွက် မဟာဗျူဟာကျတဲ့ မြန်မာနိုင်ငံမှာ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဟန့်တားရှုပ်ထွေးအောင် မင်းဇင် လုပ်ဆောင်နေတဲ့အချက်နဲ့ သက်ဆိုင်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

တရုတ်နိုင်ငံက (ဦး)မင်းဇင်ကို ဖမ်းဆီးကြောင်း ကြေညာခဲ့သည့်အချိန်သည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအလွန် သမ္မတအဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဇွန်လ ၁၅ ရက်နေ့တွင် ပေကျင်းသို့ ပထမဆုံးအကြိမ် အစိုးရအဆင့် တရားဝင်ခရီးစဉ် မသွားရောက်မီ သုံးရက်အလိုတွင် ဖြစ်သည်။ မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက တရုတ်နိုင်ငံသို့ နှစ်ကြိမ် သွားရောက်ခဲ့ဖူးသည်။

မြန်မာစစ်ခေါင်းဆောင်သည် တရုတ်ခရီးစဉ်မတိုင်မီ အိန္ဒိယနိုင်ငံသို့လည်း အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သွားရောက်ခဲ့သည်။ အိန္ဒိယသည် တရုတ်ကဲ့သို့ပင် မြန်မာနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ဒေသတွင်း မဟာဗျူဟာမြောက် အကျိုးစီးပွားများ ရှိနေသည့်နိုင်ငံ ဖြစ်သည်။

ပြီးခဲ့သည့်အပတ်နှောင်းပိုင်းက ISP က ထုတ်ပြန်ခဲ့သည့် အဆိုပါ ခရီးစဉ်နှစ်ခုကို နှိုင်းယှဉ်ထားသော ခွဲခြမ်းစိတ်ဖြာချက်အရ မင်းအောင်လှိုင်အစိုးရသည် နယူးဒေလီဘက်သို့ နိုင်ငံရေးနှင့် စစ်ရေးအရ ပိုအားကိုးလာနေသော်လည်း “ပေကျင်းရဲ့ ရှောင်လွှဲလို့မရတဲ့ ဩဇာလွှမ်းမိုးမှုအောက်မှာပဲ ဆက်ရှိနေဆဲဖြစ်တယ်” ဟု ဆိုသည်။

“ဘီလူးကြီးနှစ်ကောင်ကြားမှ- လုံခြုံရေး၊ စီးပွားရေးနှင့် ဩဇာလွှမ်းမိုးမှုအတွက် တရုတ်နှင့် အိန္ဒိယတို့ မြန်မာနိုင်ငံတွင် မည်သို့လှုပ်ရှားနေကြသလဲ” ဟု အမည်ရသည့် အဆိုပါလေ့လာမှုတွင် ခရီးစဉ်အတွင်း စီးပွားရေးလုပ်ငန်းအချင်းချင်း နားလည်မှုစာချွန်လွှာ (MoU) ၇၀ ခန့်နှင့် နိုင်ငံအဆင့် သဘောတူညီချက် ၁၈ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ပေကျင်းသည် တရုတ်ဦးဆောင်သည့် ကမ္ဘာ့အစီအစဉ်သစ် လမ်းပြမြေပုံများဖြစ်သော Global Development Initiative, Global Security Initiative, Global Civilization Initiative နှင့် Global Governance Initiative စသည့် နိုင်ငံရေးမျှော်မှန်းချက်များတွင် မြန်မာနိုင်ငံ၏ “တရားဝင်ပူးပေါင်းဆောင်ရွက်မှု” ရရှိရန် “ထင်ရှားစွာ အလေးပေး” ခဲ့ကြောင်း ဖော်ပြထားသည်။

“တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုက ကျဆင်းမသွားပါဘူး။ မြန်မာနိုင်ငံမှာ သူက အပြတ်အသတ် ဩဇာအလွှမ်းမိုးဆုံး အခန်းကဏ္ဍက ရှိနေပြီး ပိုလို့တောင် လွှမ်းမိုးလာနေပါတယ်၊ ဒါတွေ ပြောင်းလဲသွားမယ်လို့ မမြင်မိပါဘူး” ဟု နယူးယောက်အခြေစိုက် နိုင်ငံခြားဆက်ဆံရေး ကောင်စီ (CFR) မှ အရှေ့တောင်အာရှနှင့် တောင်အာရှဆိုင်ရာ အဆင့်မြင့်သုတေသနအရာရှိ ဂျိုရှူအာ ကားလန့်ဇစ်ခ် (Joshua Kurlantzick) က ပြောသည်။

“ဒီစစ်အုပ်စု ရှင်သန်နေထိုင်နိုင်ရေးဟာ တရုတ်အပေါ် အကြွေးတင်နေတာပါ။ တရုတ်ကို ကျော်တက်မယ့် တခြားပြင်ပအင်အားကြီးနိုင်ငံရဲ့ ခြိမ်းခြောက်မှုမျိုး မရှိပါဘူး” ဟု ကားလန့်ဇစ်ခ် က ဆိုသည်။

“မင်းဇင် အဖမ်းခံရတာဟာ သူ့အလုပ်တွေကို ရပ်တန့်ဖို့ဖြစ်သလို၊ အမေရိကန်က ဒါနဲ့ပတ်သက်ပြီး တခုခုလုပ်မှာလားဆိုတာကို စမ်းသပ်ချင်တာလည်း သေချာပါတယ်။ ဒါပေမဲ့ အမေရိကန်က ဘာမှ သိပ်မလုပ်ခဲ့ပါဘူး” ဟု ၎င်းက သုံးသပ်သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင်နှင့် စည်းကမ်းမဲ့ မြေရှားဒြပ်စင် (Rare Earth) တူးဖော်မှုလုပ်ငန်းများ အရှိန်အဟုန် မြင့်တက်လာခြင်းအပါအဝင်၊ မြန်မာနိုင်ငံရှိ တရုတ်၏ စီးပွားရေးနှင့် မဟာဗျူဟာမြောက် အကျိုးစီးပွားများအကြောင်း (ဦး)မင်းဇင်က အကျယ်တဝံ့ ရေးသားခဲ့ဖူးကြောင်း Newsweek က ယခင်ကလည်း ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံရှိ ရှားပါးမြေဒြပ်စင်တူးဖော်ရေးလုပ်ငန်းများတွင် တရုတ်ကုမ္ပဏီများ အကြီးအကျယ် ပါဝင်ပတ်သက်နေသည်။

“မတရားဖမ်းဆီးခံရသူ” အဖြစ် သတ်မှတ်ရန် တောင်းဆိုမှုများ

(ဦး)မင်းဇင်အား “မတရားဖမ်းဆီးခံရသူ” (Wrongfully Detained) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တောင်းဆိုမှုများကို ယခုအချိန်ထိ လိုက်လျောခြင်း မရှိသေးပေ။ အဆိုပါတောင်းဆိုသူများထဲတွင် အင်ဒို-ပစိဖိတ်လုံခြုံရေးအဖွဲ့၏ ဥက္ကဋ္ဌနှင့် ကာကွယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းရေးမှူးဟောင်း ဖြစ်သူ ရက်န်ဒေါ ဂျီ ရှရိုင်ဗာ (Randall G. Schriver) လည်း ပါဝင်ပြီး၊ ၎င်းက ဇွန်လအတွင်းက ပြင်းထန်သော စကားလုံးများဖြင့် သဘောထားထုတ်ပြန်ခဲ့သည်။

“မင်းဇင်ဟာ အင်ဒို-ပစိဖိတ်လုံခြုံရေးအဖွဲ့နဲ့ ယင်းအဖွဲ့ရဲ့ ယခင်အဖွဲ့အစည်းဖြစ်တဲ့ Project 2049 Institute တို့ရဲ့ ရေရှည်မိတ်ဆွေတဦးလည်း ဖြစ်ပါတယ်” ဟု တရုတ်၏ တိုးပွားလာသော ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးမှုကို ထောက်ပြနေသည့် အဖွဲ့အစည်းနှစ်ခုကို အမည်တပ်၍ ရှရိုင်ဗာက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ၎င်းကို ချက်ချင်းလွှတ်ပေးသင့်ပြီး၊ အမေရိကန်ဘက်ကလည်း ၎င်းအား မတရားဖမ်းဆီးခံရသူအဖြစ် သတ်မှတ်ကာ လွတ်မြောက်ရေးအတွက် တွန်းအားပေးသင့်ကြောင်း ရှရိုင်ဗာက ဆိုသည်။ သူလျှိုလုပ်မှု စွပ်စွဲချက်သည် “အခြေအမြစ်မရှိပါဘူး။ မင်းဇင်နဲ့ ISP-Myanmar ဟာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ် လွတ်လပ်တဲ့ ပညာရပ်ဆိုင်ရာ သုတေသနတွေကိုသာ လုပ်ဆောင်နေတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

တရုတ်၏ ယခုဖမ်းဆီးမှုသည် ပြီးခဲ့သည့် မေလအတွင်းက သမ္မတ ဒေါ်နယ်ထရမ့် ပေကျင်းသို့ သွားရောက်ခဲ့စဉ်က တရုတ်နှင့် အမေရိကန်တို့အကြား ရရှိခဲ့သည့် သဘောတူညီချက်ကို ပျက်ပြားစေခဲ့ကြောင်း ရှရိုင်ဗာက ထောက်ပြပြီး “တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ယခုနွေဦးရာသီမှာ ရှီကျင့်ဖျင်နဲ့ သမ္မတ ဒေါ်နယ်ထရမ့်တို့ သဘောတူညီခဲ့ကြတဲ့ ‘မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိတဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး’ နဲ့ လုံးဝ ကိုက်ညီမှုမရှိဘဲ ဆိုးရွားလွန်းတဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်” ဟု ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနကမူ Newsweek သို့ ပြောကြားရာတွင် “အမေရိကန်နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးထက် ပိုပြီးအရေးကြီးတဲ့ ဦးစားပေး မရှိပါဘူး။ ဝန်ကြီးဌာနအနေနဲ့ အမေရိကန်နိုင်ငံသားတွေ ဖမ်းဆီးခံရမှု ဖြစ်စဉ်တိုင်းရဲ့ ထူးခြားတဲ့ အချက်အလက်နဲ့ အခြေအနေတွေအပေါ် မူတည်ပြီး တခုချင်းစီကို စိစစ်သုံးသပ်နေပါတယ်” ဟု ဆိုသည်။ အမေရိကန် သံကောင်စစ်ဝန်ရုံး အရာရှိများသည် ၎င်းထံသို့ သွားရောက်တွေ့ဆုံခဲ့ပြီး “သင့်တော်သော ကောင်စစ်ဝန်ဆိုင်ရာ ကူညီပံ့ပိုးမှုအားလုံးကို ပေးအပ်နေသည်” ဟုလည်း မှတ်ချက်ပြုခဲ့သည်။

သို့သော်လည်း အမေရိကန်ဘက်က ယခုအချိန်ထိ ဘာမှ သိပ်မလုပ်ဆောင်သေးကြောင်း၊ “အဓိကဦးစားပေးက ပေကျင်းနဲ့ ဆက်ဆံရေးဖြစ်နေသလို၊ အိမ်ဖြူတော်အတွင်းက အချို့သူတွေကလည်း မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံချင်နေကြလို့ ဖြစ်ပါတယ်” ဟု ကားလန့်ဇစ်ခ် က ဆိုသည်။ မြန်မာနိုင်ငံသည် အာဏာသိမ်းပြီးကတည်းက နိုင်ငံတကာတွင် အထီးကျန်နေခဲ့သော်လည်း ယခုနှစ်အတွင်း အိန္ဒိယနှင့် တရုတ်ခရီးစဉ်များကြောင့် ယင်းအခြေအနေမှာ လျော့ပါးလာနေသည်။

အမေရိကန်သည် အမေရိကန်နှင့် ကာကွယ်ရေးသဘောတူညီချက်များ ရှိထားသည့် ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှတဝန်းရှိ ဩဇာလွှမ်းမိုးမှု အပိုင်းတွင် တရုတ်ကို နေရာဖယ်ပေးနေရပြီဖြစ်ကြောင်း သုံးသပ်သူများက ဆိုကြသည်။

မြန်မာနိုင်ငံရှိ တရုတ်အကျိုးစီးပွားများ

တရုတ်၏ ပထဝီစီးပွားရေးဆိုင်ရာ ရပ်ဝန်းနှင့် လမ်းအစီအစဉ် (Belt and Road Initiative) ၏ မြန်မာနိုင်ငံအပိုင်းသည် ပေကျင်း၏ ကြီးမားလှသော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဩဇာလွှမ်းမိုးရေး စီမံကိန်းတွင် အရေးအကြီးဆုံး အစိတ်အပိုင်းတခု ဖြစ်သည်။ “တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ” (CMEC) အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲခဲ့ပြီး သို့မဟုတ် သုံးစွဲရန် လျာထားသည်။

တရုတ်နိုင်ငံအတွက် CMEC ၏ အဓိကပန်းတိုင်မှာ အိန္ဒိယသမုဒ္ဒရာရှိ မြန်မာနိုင်ငံ၏ ကျောက်ဖြူဆိပ်ကမ်းသို့ လမ်းပွင့်သွားရန် ဖြစ်သည်။ အကြောင်းမှာ အမေရိကန်က ကင်းလှည့်နေသော ပိတ်ဆို့ရလွယ်သည့် အချက်အချာနေရာ မလက္ကာရေလက်ကြား (Strait of Malacca) ကို ရှောင်ကွင်းလိုသောကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံတမန်ဟောင်း ဒန် ဆွစ်ဖ် (Dan Swift) က Asia Times တွင် ရေးသားခဲ့သည်။ အဆိုပါ ဆောင်းပါးတွင် “တရုတ်၏ မလက္ကာ စိုးရိမ်စိတ်” အကြောင်း ထည့်သွင်းဖော်ပြထားသည်။

အမေရိကန်-အီရန် စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့သွားပြီး ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း၊ ရေကြောင်းအချက်အချာနေရာများနှင့် ယင်းတို့ကို မည်သူက ထိန်းချုပ်ထားသလဲ ဆိုသည့်အပေါ် စိုးရိမ်ပူပန်မှုများ ကမ္ဘာတဝန်းတွင် ပိုမိုနက်ရှိုင်းလာခဲ့သည်။

တရုတ်၏ ရေနက်ဆိပ်ကမ်း တည်ရှိပြီး စွမ်းအင်တင်ပို့သော ပိုက်လိုင်းများ၏ အစ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည် အခြေစိုက် DMG မီဒီယာအဖွဲ့ မှ မြန်မာသုတေသီများ၏ အဆိုအရ တရုတ်နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာနှင့် ချိတ်ဆက်ရန်နှင့် မဟာဗျူဟာမြောက် ပြင်ပသို့ အားပြုနိုင်ရန်အတွက် ကူမင်းမှ မန္တလေးကို ဖြတ်၍ ကျောက်ဖြူအထိ မီးရထားလမ်း ဖောက်လုပ်မှုကို အပြီးသတ်လိုနေသည်။

သို့သော် ယင်းမျှော်မှန်းချက်သည် မကြာသေးမီလများအတွင်း ဒေသခံ လက်နက်ကိုင် ရက္ခိုင့်တပ်တော် (AA) က ဆိပ်ကမ်းဘက်သို့ စစ်ရေးအရ တိုးစစ်ဆင်လာမှုများကြောင့် ရှုပ်ထွေးသွားခဲ့ပြီး တရုတ်၏ “အရေးပါသော” အကျိုးစီးပွားကို ခြိမ်းခြောက်လျက်ရှိကြောင်း ဖြစ်စဉ်ကို သိရှိသူက ဆိုသည်။

အပြန်အလှန် လက်တုံ့ပြန်မှုလော

(ဦး)မင်းဇင်ကို ဖမ်းဆီးခြင်းသည် တရုတ်နှင့် မြန်မာအုပ်ချုပ်သူများ၏ မျက်စိထဲက ဆူးငြောင့်ခလုတ်တခုကို ဖယ်ရှားပစ်ရန် ဖြစ်သည်ဟု လူတိုင်းက မယုံကြည်ကြပေ။

“မင်းဇင်ရဲ့ ခရီးစဉ်ဟာ တရုတ်ရဲ့ မြန်မာမူဝါဒကို ထင်ဟပ်တာထက်၊ တရုတ်နဲ့ အမေရိကန်အကြားက ပြဿနာတွေကို ထင်ဟပ်နေတာလို့ ကျမ ထင်ပါတယ်။ မြန်မာနိုင်ငံက အခန်းကဏ္ဍတခုက ပါဝင်နိုင်ပေမယ့် ဒါဟာ ဒုတိယတန်းစားနဲ့ အရေးမပါတဲ့ အပိုင်းပဲ ဖြစ်ပါလိမ့်မယ်” ဟု ဝါရှင်တန်ဒီစီရှိ Stimson Center မှ အဆင့်မြင့်သုတေသနအရာရှိနှင့် တရုတ်စီမံကိန်း ဒါရိုက်တာဖြစ်သူ ယွန်းဆွန်း (Yun Sun) က ပြောသည်။

“မင်းဇင်က မြန်မာ့အရေးကို လုပ်ဆောင်နေပေမယ့် သူက အမေရိကန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ ဖြစ်ပါတယ်။ အမေရိကန် ပညာရှင်တဦးကို ဖမ်းဆီးတာဟာ တရုတ်တွေအနေနဲ့ ပေါ့ပေါ့တန်တန် သဘောမထားတဲ့ အလွန်လေးနက်တဲ့ ခြေလှမ်းတခု ဖြစ်တယ်။ ဒါကြောင့် ဒါဟာ အဓိကအားဖြင့် အမေရိကန်နဲ့ တရုတ်ကြားက ပြဿနာတွေကို ထင်ဟပ်နေတာပါ” ဟု ယွန်းဆွန်း က ဆိုသည်။

သို့သော် ပြဿနာက ဘာဖြစ်နိုင်သည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

“မကြာသေးမီက အမေရိကန်နယ်စပ်မှာ တရုတ်ပညာရှင်တွေကို ပြည်ဝင်ခွင့် ငြင်းပယ်ခဲ့တာ ဒါမှမဟုတ် တရုတ်ပညာရှင်တွေရဲ့ ဗီဇာကို အမေရိကန်က ရုပ်သိမ်းခဲ့တာတွေအပေါ် တရုတ်ရဲ့ ကလဲ့စားချေ တုံ့ပြန်မှုလည်း ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြင်ပဖြစ်ရပ်များကို ရည်ညွှန်းကာ ပြောသည်။ “ဒါမှမဟုတ် လူသိရှင်ကြား မထုတ်ပြန်သေးတဲ့ တခြားလုပ်ရပ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တရားဝင် ထုတ်ပြန်မှု မရှိမချင်းတော့ ကျမတို့ သိရမှာ မဟုတ်ပါဘူး” ဟု ၎င်းက သုံးသပ်ပြောကြားခဲ့သည်။

(Newsweek ပါ China’s Strategic Interests in Myanmar Behind U.S. Citizen Arrest: Sources ကို ဘာသာပြန်သည်။)

]]>
ဆိပ်ကမ်း၊ ပိုက်လိုင်းများနှင့် တရုတ်၊ အိန္ဒိယတို့၏ အရိပ်အောက်က ရခိုင်ပြည် https://burma.irrawaddy.com/article/2026/06/29/414412.html Mon, 29 Jun 2026 04:29:46 +0000 https://burma.irrawaddy.com/?p=414412 ရခိုင်ပြည်သည် ခေတ်ပြိုင်မြန်မာနိုင်ငံတွင် မဟာဗျူဟာမြောက် အရေးအကြီးဆုံးသော ဒေသတခု ဖြစ်လာခဲ့ပြီဖြစ်ကြောင်း ဖွင့်ချပြလိုက်သည်။]]>

မင်းအောင်လှိုင်၏ မကြာသေးမီက အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်များကို မြန်မာစစ်အစိုးရဘက်က သံတမန်ရေးရာ အောင်မြင်မှုများအဖြစ် ပုံဖော်ခဲ့ကြသည်။ ၎င်းခရီးစဉ်များအတွင်း နယူးဒေလီနှင့် ပေကျင်းမြို့တို့တွင် စစ်ခေါင်းဆောင်အနေဖြင့် ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံ၊ နယ်စပ်လုံခြုံရေးနှင့် ဒေသတွင်းချိတ်ဆက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြသလို၊ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ခဲ့ပြီး မဟာဗျူဟာမြောက် စီမံကိန်းများကို ဆက်လက်လုပ်ဆောင်ရန် ကတိကဝတ် ပြုခဲ့ကြသည်။

သို့သော်လည်း နိုင်ငံတော်ခရီးစဉ်များနှင့် သံတမန်ရေးရာ အခမ်းအနားများ၏ အပေါ်ယံပုံရိပ်များအောက်တွင် ပိုမိုရှုပ်ထွေးသော အရှိတရားတခု ရှိနေသည်။ ယင်းမှာ အာရက္ခတပ်တော် (AA) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တို့က နိုင်ငံရေးနှင့် စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်ထားသည့် အင်အားစုအဖြစ် ပေါ်ထွက်လာနေပြီး ရခိုင်ပြည်တွင် စစ်တပ်၏ နယ်မြေစိုးမိုးမှု တဖြည်းဖြည်း ကျုံ့ဝင်လာနေချိန်၌ ဤခရီးစဉ်များမှတဆင့် နိုင်ငံတကာ၏ တရားဝင်မှုကို လိုက်လံရှာဖွေနေခြင်း ဖြစ်သည်။

ထို့ကြောင့် ဤခရီးစဉ်များ၏ အရေးပါမှုသည် သံတမန်ရေးရာထက်မက ပိုမိုကျယ်ပြန့်သည်။ ယင်းက ရခိုင်ပြည်သည် တရုတ်နှင့် အိန္ဒိယတို့အကြား ဒေသတွင်းပြိုင်ဆိုင်မှု၏ ဗဟိုချက် မည်သို့ဖြစ်လာသည်ကို ဖော်ပြနေသလို တချိန်တည်းမှာပင် အဓိကဖွံ့ဖြိုးရေးစီမံကိန်းများ၏ အနာဂတ်ကို ဖော်ဆောင်နိုင်သည့် တခုတည်းသော အင်အားစုအဖြစ် နေပြည်တော်ကိုသာ သဘောထားသည့် မည်သည့်မဟာဗျူဟာမျိုးမဆို ကန့်သတ်ချက်များရှိနေကြောင်း ဖွင့်ချပြနေသည်။

ရခိုင်ပြည်၏ တိုးမြင့်လာသော မဟာဗျူဟာမြောက် အရေးပါမှု

တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံစလုံးအတွက် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံတခုမျှသာ မဟုတ်တော့ဘဲ အိန္ဒိယသမုဒ္ဒရာသို့ ဝင်ရောက်ရာ မဟာဗျူဟာမြောက် စင်္ကြံတခု ဖြစ်လာခဲ့ပြီဖြစ်သည်။

တရုတ်နိုင်ငံ၏ စိတ်ဝင်စားမှုသည် “ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း” (BRI) ၏ အဓိက အစိတ်အပိုင်းတခုဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ပေါ်တွင် ဗဟိုပြုနေသည်။ ဤစင်္ကြံသည် ယူနန်ပြည်နယ်မှ မန္တလေး၊ ထိုမှတဆင့် ရခိုင်ကမ်းရိုးတန်းရှိ ကျောက်ဖြူမြို့အထိ ချိတ်ဆက်ထားသည်။ ယင်း၏ အဓိကအနှစ်သာရမှာ ပေကျင်းအတွက် ဘင်္ဂလားပင်လယ်အော်သို့ တိုက်ရိုက်ထွက်ပေါက် ပေးစွမ်းနိုင်ပြီး ကုန်သွယ်ရေးနှင့် စွမ်းအင် တင်သွင်းမှုများတွင် မလက္ကာရေလက်ကြားအပေါ် မှီခိုနေရမှုကို လျှော့ချပေးမည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့ ဖြစ်သည်။

အိန္ဒိယ၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများသည်လည်း အလားတူပင် ထင်ရှားလှသည်။ ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းမှတဆင့် နယူးဒေလီသည် ၎င်း၏ အရှေ့မြောက်ပိုင်းပြည်နယ်များကို စစ်တွေနှင့် ပလက်ဝတို့မှတဆင့် ပင်လယ်ရေကြောင်းသို့ ချိတ်ဆက်ရန် ကြိုးပမ်းနေပြီး ယင်းက ကုန်သွယ်ရေးကို အားကောင်းစေကာ ကျဉ်းမြောင်းလှသော ဆီလီဂူရီစင်္ကြံ (Siliguri Corridor) အပေါ် မှီခိုနေရမှုကို လျှော့ချပေးမည် ဖြစ်သည်။

ဤစီမံကိန်းနှစ်ခုစလုံးက ရခိုင်ပြည်ကို ပိုမိုကျယ်ပြန့်သော ပထဝီနိုင်ငံရေးပြိုင်ကွင်း၏ ဗဟိုချက်သို့ တွန်းပို့ထားသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက မကြာသေးမီက DMG သို့ ပြောကြားရာတွင် အင်အားကြီးနှစ်နိုင်ငံစလုံးက အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရရှိရေးကို ၎င်းတို့၏ စီးပွားရေးနှင့် လုံခြုံရေး ရည်မှန်းချက်များအတွက် မရှိမဖြစ် လိုအပ်သည်ဟု ရှုမြင်ကြသောကြောင့် မြန်မာနိုင်ငံသည် ၎င်းတို့အတွက် မဟာဗျူဟာမြောက် စိတ်ဝင်စားဖွယ်ရာ နိုင်ငံတခု ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ထိုပြိုင်ဆိုင်မှုသည် လျော့ပါးသွားမည့်အစား ပိုမိုပြင်းထန်လာရန်သာ ရှိနေသည်။

သံတမန်ရေးရာနှင့် မြေပြင်အရှိတရား ထိပ်တိုက်တွေ့ခြင်း

တရုတ်နှင့် အိန္ဒိယတို့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုမှာ ရှင်းလင်းပြီး ၎င်းတို့၏ အရေးအကြီးဆုံးသော စီမံကိန်း အများအပြားမှာ လက်ရှိတွင် စစ်တပ်က လက်တွေ့ကျကျ မထိန်းချုပ်နိုင်တော့သည့် နယ်မြေများထဲတွင် တတည်ရှိနေခြင်း ဖြစ်သည်။

စစ်အစိုးရအနေဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်နှင့် အချို့သော စစ်စခန်းများကို ဆက်လက်ထိန်းထားနိုင်ဆဲ ဖြစ်သော်လည်း ပိုမိုကျယ်ပြန့်သော နိုင်ငံရေးအခင်းအကျင်းက သိသိသာသာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ရခိုင်ပြည်၏ နေရာအနှံ့အပြားတွင် ULA/AA က ဒေသန္တရအုပ်ချုပ်ရေး၊ အခွန်ကောက်ခံမှု၊ ရဲလုပ်ငန်း၊ တရားစီရင်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများကို စီမံခန့်ခွဲနေပြီ ဖြစ်သည်။

တရုတ်စီမံကိန်းများကို စောင့်ကြည့်လေ့လာနေသည့် ဒေသခံတဦးက စစ်အစိုးရအနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းများကို အကောင်အထည်ဖော်ရန် ကတိပြုနိုင်သော်လည်း အဆိုပါစီမံကိန်းအများအပြားမှာ ပဋိပက္ခဒဏ်သင့်နေပြီး AA ၏ ဩဇာလွှမ်းမိုးမှု တိုးမြင့်လာနေသည့် နယ်မြေများနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း ထောက်ပြခဲ့သည်။

“AA နဲ့ တစုံတရာ ဆွေးနွေးညှိနှိုင်းမှုမရှိဘဲ ဒီစီမံကိန်းတွေ ရှေ့ဆက်ဖို့ မဖြစ်နိုင်ပါဘူး” ဟု အဆိုပါ စောင့်ကြည့်လေ့လာသူက ပြောသည်။

ထိုအကဲဖြတ်ချက်သည် ပိုမိုကျယ်ပြန့်သော ဒေသတွင်းအရှိတရားကို ထင်ဟပ်နေသည်။ ပေကျင်းဖြစ်စေ၊ နယူးဒေလီဖြစ်စေ ရခိုင်မြေပြင်တွင် ပေါ်ထွက်လာနေသည့် နိုင်ငံရေးအာဏာစက်ကို မျက်ကွယ်ပြု၍ မရနိုင်ပေ။

စစ်အစိုးရအနေဖြင့် သဘောတူစာချုပ်များကို ဆက်လက်လက်မှတ်ရေးထိုးနိုင်သော်လည်း လက်တွေ့ အကောင်အထည်ဖော်မှုမှာ နေပြည်တော်၏ ထိန်းချုပ်မှုပြင်ပရှိ အင်အားစုများအပေါ်တွင်သာ တိုး၍ မှီခိုနေရသည်။

လေကြောင်းဗုံးကြဲမှုများနှင့် ထိတွေ့ဆက်ဆံမှု၏ ဆန့်ကျင်ဘက်ဖြစ်တည်မှု

တဖက်တွင် တရုတ်နှင့် အိန္ဒိယတို့က ကုန်သွယ်ရေးစင်္ကြံများနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများကို ဆွေးနွေးနေကြသော်လည်း အခြားတဖက်တွင်မူ ရခိုင်ပြည်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေမှာ ဆက်လက်ဆိုးရွားနေသည်။

ဇွန်လ ၁၇ ရက်နေ့တွင် DMG ၏ သတင်းဖော်ပြချက်အရ မြန်မာစစ်တပ်၏ တိုက်လေယာဉ်များသည် ကျောက်တော်နှင့် ပတ်ဝန်းကျင်ဒေသများကို လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ တနာရီခန့်အတွင်း တိုက်လေယာဉ်အမြောက်အမြားဖြင့် ဗုံးကြဲမှုအကြိမ်ရေ ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ကနဦးသတင်းများအရ ကလေးငယ်များအပါအဝင် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဤတိုက်ခိုက်မှုများသည် လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း ပေါ်ပေါက်လာခဲ့သည့် စနစ်တကျပုံစံတခုကို ထင်ဟပ်နေသည်။ ကျေးရွာများ၊ ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ အကျဉ်းထောင်များနှင့် စစ်ရှောင်စခန်းများသည် လေကြောင်းတိုက်ခိုက်မှုဒဏ်ကို အဖန်ဖန် ခံနေရသည်။

ယင်းသည် ထင်ရှားသော ဆန့်ကျင်ဘက်ဖြစ်တည်မှု (Contradiction) တခုကို ဖန်တီးနေသည်။

ဒေသတွင်းအင်အားကြီးနိုင်ငံများက ရခိုင်ပြည်ကို ကုန်သွယ်ရေးနှင့် ချိတ်ဆက်မှုဆိုင်ရာ တံခါးပေါက်တခုအဖြစ် တိုးမြင့်ရှုမြင်နေကြသော်လည်း မြေပြင်က ပြည်သူများမှာမူ လေကြောင်းရန်အောက်တွင် ဆက်လက်နေထိုင်နေကြရသည်။ သံတမန်ရေးရာ တွေ့ဆုံမှုများတွင် အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွေးနွေးနေကြသော်လည်း မြေပြင်ရှိ လူမှုအဖွဲ့အစည်းများမှာမူ မလုံခြုံမှု၊ အိုးအိမ်စွန့်ခွာရမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဒုက္ခနှင့် အကျပ်အတည်းများကို ရင်ဆိုင်နေကြရသည်။

ရလဒ်အနေဖြင့် ဤဒေသသည် ပြိုင်ဆိုင်နေသော အနာဂတ်မျှော်မှန်းချက် နှစ်ခုအကြား ညှပ်နေရပြီး တခုမှာ မဟာဗျူဟာမြောက် စင်္ကြံများနှင့် စီးပွားရေးပေါင်းစည်းမှုကို အာရုံစိုက်နေပြီး အခြားတခုမှာမူ စစ်ပွဲ၏ လက်ငင်းအရှိတရားများဖြင့်သာ ပုံဖော်နေခြင်း ဖြစ်သည်။

ကျောက်ဖြူ၏ အနာဂတ်

မည်သည့်စီမံကိန်းမျှ ကျောက်ဖြူထက် ဤဆန့်ကျင်ဘက်ဖြစ်တည်မှုများကို ပိုမိုပေါ်လွင်အောင် မပြသနိုင်ပေ။

တရုတ်နိုင်ငံအတွက် ကျောက်ဖြူသည် အိန္ဒိယသမုဒ္ဒရာသို့ မဟာဗျူဟာမြောက် ထွက်ပေါက်တခုဖြစ်ပြီး ရေရှည်စွမ်းအင်လုံခြုံရေး၏ အဓိက အစိတ်အပိုင်းတခုဖြစ်သည်။ စစ်အစိုးရအတွက်မူ ယင်းသည် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်နှင့် နိုင်ငံတကာတွင် မိမိတို့၏ အရေးပါမှုကို ပြသရန် အခွင့်အလမ်းတခု ဖြစ်သည်။

သို့သော် ရခိုင်ပြည်အတွက်မူ ဤစီမံကိန်းသည် ပိုမိုအခြေခံကျသော မေးခွန်းတခုကို ဖြစ်ပေါ်စေပြီး ဤဒေသ၏ နိုင်ငံရေးနှင့် စီးပွားရေးအနာဂတ်ကို မည်သူက အဆုံးစွန် ပုံဖော်မည်နည်း ဆိုသည့်အချက်ပင် ဖြစ်သည်။

AA ခေါင်းဆောင်ပိုင်းက ဒေသခံလူထုကို အကျိုးပြုပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်း အကြိမ်ကြိမ် ပြောကြားထားသည်။ ၎င်းတို့အနေဖြင့် နိုင်ငံတကာ စီမံကိန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် လုံခြုံရေးအာမခံချက်များ ပေးရန် ဆန္ဒရှိကြောင်းလည်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားသည်။

ထိုသို့သော ပြောကြားချက်များက အနာဂတ်တွင် ရခိုင်ပြည်နှင့် ထိတွေ့ဆက်ဆံရာ၌ စစ်အစိုးရတခုတည်းအပေါ်တွင်သာ သီးသန့်မှီခိုနေမည့်အစား မြေပြင်အာဏာပိုင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ဆောင်ရွက်ရန် ပိုမိုလိုအပ်လာမည်ကို ညွှန်ပြနေသည်။

၎င်းသည် တရားဝင်အသိအမှတ်ပြုခြင်းကို မဆိုလိုသော်လည်း နိုင်ငံတကာ သံတမန်ရေးရာ ကျင့်ထုံးများနှင့် မြေပြင်ရှိ ပကတိအရှိတရားများအကြား ကွာဟချက် ကြီးမားလာနေခြင်းကို ပြသနေသည်။

နိုင်ငံတော်ခရီးစဉ်များ၏ နောက်ကွယ်

မင်းအောင်လှိုင်၏ အိန္ဒိယနှင့် တရုတ်နိုင်ငံ ခရီးစဉ်များသည် စစ်အစိုးရအတွက် သံတမန်ရေးရာ မြင်ကွင်းတခုကို ပေးစွမ်းခဲ့သည်မှာ သေချာသည်။ ယင်းက စစ်ရေးပဋိပက္ခများနှင့် နိုင်ငံရေးအရ အထီးကျန်ဖြစ်နေလင့်ကစား နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံနေနိုင်ကြောင်း ပုံရိပ်ကို စစ်ခေါင်းဆောင်ပိုင်းအား ပုံဖော်ခွင့် ရစေခဲ့သည်။

သို့သော် ဤခရီးစဉ်များ၏ ပိုမိုနက်ရှိုင်းသော အရေးပါမှုမှာ အခြားနေရာတွင်လည်း ရှိနေသည်။

၎င်းတို့မှာ ရခိုင်ပြည်သည် ခေတ်ပြိုင်မြန်မာနိုင်ငံတွင် မဟာဗျူဟာမြောက် အရေးအကြီးဆုံးသော ဒေသတခု ဖြစ်လာခဲ့ပြီဖြစ်ကြောင်း ဖွင့်ချပြလိုက်ခြင်းပင် ဖြစ်သည်။ တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံစလုံးသည် ၎င်းတို့၏ ရေရှည်အကျိုးစီးပွားများကို ကာကွယ်ရန် ချဉ်းကပ်ပုံများကို ညှိယူနေကြရကြောင်း ပြသနေသည်။

ထို့ပြင် မျက်ကွယ်ပြုရန် တဖြည်းဖြည်း ခက်ခဲလာနေသည့် နိုင်ငံရေးအရှိတရားတခုကိုလည်း အလေးအနက် ညွှန်ပြနေသည်။ ယင်းမှာ မြန်မာနိုင်ငံအနောက်ဘက်ခြမ်း၏ နေရာအများစုတွင် လက်တွေ့ကျင့်သုံးနေသော ထိရောက်သည့် အာဏာစက်မှာ နိုင်ငံတကာက အသိအမှတ်ပြုထားသည့် နိုင်ငံတော်အဆောက်အအုံများနှင့် တိုက်ရိုက်ကိုက်ညီမှု မရှိတော့ခြင်းပင် ဖြစ်သည်။

ဒေသတွင်းအင်အားကြီးနိုင်ငံများက ဩဇာလွှမ်းမိုးမှုအတွက် ပြိုင်ဆိုင်နေကြပြီး အဓိကစီမံကိန်းများ ရှေ့ဆက်နေသော်လည်း ရခိုင်ပြည်၏ အနာဂတ်ကို နေပြည်တော်၊ ပေကျင်း သို့မဟုတ် နယူးဒေလီတို့တွင်တင် ဆုံးဖြတ်နိုင်တော့မည် မဟုတ်ပေ။

ယင်းသည် မြေပြင်တွင် ပေါ်ထွက်လာနေသည့် နိုင်ငံရေးအရှိတရားများနှင့် ပထဝီနိုင်ငံရေးရော စစ်ပွဲ၏ အရိပ်အောက်မှာပါ ဆက်လက်ရှင်သန်နေကြရသည့် ပြည်သူများ၏ လက်တွေ့ဘဝများကပါ ဆက်လက် ပုံဖော်သွားမည် ဖြစ်သည်။

(အောင်မင်းဦးသည် ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) သတင်းဌာန၏ အယ်ဒီတာချုပ်နှင့် အမှုဆောင်ဒါရိုက်တာ ဖြစ်သည်။)

]]>
အင်ပါယာသခင်ကို အခစားဝင်ခြင်း (သို့မဟုတ်) မင်းအောင်လှိုင်၏ တရုတ်ပြည်ခရီး https://burma.irrawaddy.com/opinion/viewpoint/2026/06/18/414129.html Thu, 18 Jun 2026 02:55:01 +0000 https://burma.irrawaddy.com/?p=414129 ရုတ်တရက်ကြည့်လျှင် သံတမန်ရေးအရ အထူးအောင်မြင်နေသည်။ နိုင်ငံကြီးနှစ်နိုင်ငံ၏ အသိအမှတ်ပြုခြင်းကို ခံနေရသည်ဟု ထင်မှတ်စရာရှိသော်လည်း ယခုခရီးစဉ်နှစ်ခုစလုံးမှာ ဘာမျှအရေးမပါသော ခရီးစဉ်များသာဖြစ်သည်။]]>

(၁)

မြန်မာနိုင်ငံဖွား၊ နိုင်ငံရေးသုတေသီနှင့် ISP-Myanmar အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေသည့် သူလျှိုလုပ်မှုဖြင့် ဖမ်းဆီးထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ (၁၂) ရက်တွင် အတည်ပြုကြေညာခဲ့သည်။ ဦးမင်းဇင် ပျောက်ဆုံးနေသည်မှာ ဇွန်လဆန်းပိုင်းကတည်းက ဖြစ်သော်လည်း နိုင်ငံတကာမီဒီယာများက သတင်းဖော်ပြလာမှ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဖွား၊ နိုင်ငံရေးသုတေသီ ဦးမင်းဇင် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ဖမ်းဆီးခံလိုက်ရသည့် သတင်းမှာ မြန်မာ့နိုင်ငံရေးလောကအတွက် တုန်လှုပ်စရာကောင်းသည်။ တရုတ်သည် မြန်မာနိုင်ငံဖွား တရုတ်အရေးနှံ့စပ်ကျွမ်းကျင်သူ နိုင်ငံရေးသုတေသီတဦးကို လက်ရဲဇက်ရဲ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ဦးမင်းဇင်သည် မြန်မာပြည်ဖွားတဦး ဖြစ်သော်လည်း အမေရိကန်နိုင်ငံသား ခံယူထားသူဖြစ်သည်။ ဦးမင်းဇင်အား ဖမ်းဆီးလိုက်ခြင်းသည် အမေရိကန်၏ တရုတ်အပေါ် လျှို့ဝှက်ထောက်လှမ်းမှုများကို ဖော်ထုတ်အရေးယူလိုက်ခြင်းဟု ထင်မှတ်စရာရှိသော်လည်း တရုတ်၏ ပစ်မှတ်သည် အမေရိကန်မဟုတ်ဘဲ (၎င်း၏ စားကျက်) မြန်မာ့အရေးတွင် တရုတ်က ဘယ်လောက်အထိ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသည်ကို ဖော်ထုတ်ရန် ကြိုးပမ်းနေသည့် သုတေသီတဦးကို ပစ်မှတ်ထား ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။

တရုတ်ထောက်လှမ်းရေးအဖွဲ့သည် ISP-Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို ဘယ်အချိန်ကတည်းက အနီးကပ်စောင့်ကြည့်နေသည် မသိ။ တရုတ်-အမေရိကန် အားပြိုင်မှု အမြင့်မားဆုံး ရောက်ရှိလာသည့် ယနေ့အချိန်တွင် တရုတ်ထောက်လှမ်းရေးများသည် စစ်အေးခေတ် ဆိုဗီယက် ကေဂျီဘီ ထောက်လှမ်းရေးအဖွဲ့လို ကမ္ဘာအရပ်ရပ်တွင် ခြေရာဖျောက် ကျက်စားနေကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံလို တရုတ်အကျိုးစီးပွားနှင့် အနောက်အုပ်စု ဆုံမှတ်တွင် ခြေရောင်ဖျောက် ကျက်စားနေကြသည်။ ပထဝီနိုင်ငံရေးအရ မြန်မာသည် တရုတ်နှင့် အိန္ဒိယတိုက်ငယ်အကြား အိန္ဒိယသမုဒ္ဒရာကို မေးတင်ထားသောနိုင်ငံဖြစ်ရာ တရုတ်အတွက် အလွန်အရေးပါသည်။ လက်ရှိအခြေအနေမှာပင် အင်အားချိနဲ့နေသော မြန်မာစစ်အသွင်ပြောင်းအစိုးရကို ကြိုက်သလိုချယ်လှယ်ခွင့် ရထားပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအပါအဝင် ဆက်စပ်စီမံကိန်းများစွာတွင် ရင်းနှီးမြှုပ်နှံထားပြီဖြစ်သည်။

ဦးမင်းဇင်အား တရုတ်အစိုးရက သူလျှိုဟု စွပ်စွဲထားသည်။ တရုတ်နိုင်ငံတော်လုံခြုံရေးကို ထိပါးသည်ဟု ဆိုသည်။ ဦးမင်းဇင်အပေါ် စွဲဆိုထားသော ပြစ်မှုက ကြီးမားသည်။ တရုတ်သည် ယခုကဲ့သို့ မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသားတဦးကို သူလျှိုဟု စွပ်စွဲဖမ်းဆီးခဲ့သလို ၎င်းတို့ကိုယ်တိုင်လည်း အနောက်အုပ်စုနိုင်ငံများနှင့် အမေရိကန်တွင် သူလျှိုလုပ်ငန်းများကို ထဲထဲဝင်ဝင် ပြုလုပ်နေခဲ့သည်။ အထင်ရှားဆုံး တရုတ်သူလျှိုအမှုတခုမှာ ဟွာဝေး (Huawei) ကုမ္ပဏီ၏ အမေရိကန်နိုင်ငံအတွင်း လျှို့ဝှက်လှုပ်ရှားမှုဖြစ်သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ကနေဒါနိုင်ငံ ဗန်ကူးဗားလေဆိပ်တွင် အမေရိကန်က အလိုရှိနေသော ဟွာဝေးကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ် မန်ဝမ်ကျူး (Meng Wenzhou) ကို ကနေဒါအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားလိုက်သည်။ မန်ဝမ်ကျူးသည် ဟွာဝေးကုမ္ပဏီတည်ထောင်သူ ရင်ကျန့်ဖေး၏ သမီးလည်းဖြစ်သည်။ သူမသည် အမေရိကန်က ပိတ်ဆို့အရေးယူထားသော အီရန်နိုင်ငံသို့ ဟွာဝေး၏ အသွင်ယူထားသော Skycom ကုမ္ပဏီမှတဆင့် ကုန်သွယ်မှုများ ပြုလုပ်ခဲ့သည်။ အမေရိကန်က အလိုရှိနေသော မန်ဝမ်ကျူးကို ကနေဒါအစိုးရက ဖမ်းဆီးလိုက်ပြီး (၉) ရက်အကြာတွင် တရုတ်အစိုးရသည် ကနေဒါနိုင်ငံသားနှစ်ဦးကို သူလျှိုမှု / နိုင်ငံတော်လျှို့ဝှက်ချက် ခိုးယူမှုဖြင့် တရုတ်နိုင်ငံတွင် ဖမ်းဆီးလိုက်သည်။

တရုတ်သည် ၎င်းတို့၏ နိုင်ငံသား မန်ဝမ်ကျူးကို ပြန်လွှတ်ပေးရန် အကျပ်ကိုင်သည့်အနေဖြင့် ကနေဒါနိုင်ငံသားနှစ်ဦးကို သူလျှိုဟု စွပ်စွဲကာ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ဟွာဝေးကုမ္ပဏီပိုင်ရှင်သမီး မန်ဝမ်ကျူးမှာ ကနေဒါတွင် ၂၀၂၁ ခုနှစ်အထိ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရပြီး ထိုနှစ် စက်တင်ဘာလတွင် အမေရိကန်တရားရေးဌာနက တရားစွဲဆိုမှု ဆိုင်းငံ့ခြင်း သဘောတူညီချက် (Deferred Prosecution Agreement) အရ အမှုရုပ်သိမ်းပေးခဲ့သဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ မန်ဝမ်ကျူး လွတ်မြောက်ပြီး မကြာမီမှာပင် တရုတ်အစိုးရက ၎င်းတို့ဖမ်းဆီးထားသည့် ကနေဒါနိုင်ငံသားနှစ်ဦးကို ပြန်လွှတ်ပေးလိုက်သည်။ ထိုအဖြစ်အပျက်ကို တရုတ်၏ “ဓားစာခံ သံတမန်ရေး” (Hostage Diplomacy) ဟု ခေါ်ဆိုကြသည်။

မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား ဦးမင်းဇင်အမှုမှာ ဓားစာခံသံတမန်ရေးအရ တချိန်ချိန်တွင် ပြန်လည်လွတ်မြောက်နိုင်ဖွယ်ရှိသည်ဟု မှန်းဆရသော်လည်း တရုတ်၏ ယခုအပြုအမူမှာ မြန်မာနိုင်ငံဖွား တရုတ်အရေးသုတေသီတဦးကို ပေါ်ပေါ်ထင်ထင် ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သလို မြန်မာကို ဂရုမစိုက်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်။

(၂)

နိုင်ငံရေးသုတေသီ ဦးမင်းဇင် တရုတ်နိုင်ငံတွင် သူလျှိုမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရပြီး မကြာမီ မြန်မာစစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ရောက်ရှိလာသည်။ တရုတ်အစိုးရ၏ တရားဝင်ဖိတ်ကြားချက်အရ ရောက်ရှိလာခြင်းဖြစ်ရာ ယခုခရီးစဉ်မှာ မိမိကိုယ်မိမိ သမ္မတအဖြစ် တင်မြှောက်ပြီးနောက် ဒုတိယမြောက် ပြည်ပခရီးဖြစ်သည်။ ပြီးခဲ့သည့် မေလ (၃၁) ရက်မှ ဇွန်လ (၃) ရက်နေ့အထိ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ သွားရောက်ပြီး နှစ်ပတ်အကြာ ဇွန်လ (၁၅) ရက်တွင် တရုတ်နိုင်ငံသို့ သွားရောက်ခြင်းဖြစ်သည်။ ရုတ်တရက်ကြည့်လျှင် သံတမန်ရေးအရ အထူးအောင်မြင်နေသည်။ နိုင်ငံကြီးနှစ်နိုင်ငံ၏ အသိအမှတ်ပြုခြင်းကို ခံနေရသည်ဟု ထင်မှတ်စရာရှိသော်လည်း ယခုခရီးစဉ်နှစ်ခုစလုံးမှာ ဘာမျှအရေးမပါသော ခရီးစဉ်များသာဖြစ်သည်။

တရုတ်ရော အိန္ဒိယပါ စစ်ကောင်စီက ကျင်းပသည့် ကိုယ့်ဖဲကိုယ်ချိုး ရွေးကောက်ပွဲအတုကို နဂိုကတည်းက အသိအမှတ်ပြုထားပြီး ဖြစ်သည်။ တရုတ်ရော အိန္ဒိယပါ အာဏာသိမ်းစစ်ခေါင်းဆောင်၏ မြန်မာအပေါ် ချစ်လွန်း၍ မဟုတ်။ ကိုယ့်အကျိုးစီးပွားနှင့်ကိုယ် အသိအမှတ်ပြုခြင်းဖြစ်သည်။ လစ်ဘရယ်ဒီမိုကရေစီရှုထောင့်က ကြည့်လျှင် အိန္ဒိယသည် သွေးစွန်းသော စစ်ခေါင်းဆောင်ကို လက်ဆွဲနှုတ်ဆက်ခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော် အကျိုးစီးပွားကိုသာ ရှေ့တန်းတင်သော ယနေ့အချိန်ခါတွင် အိန္ဒိယသည် မိမိအကျိုးစီးပွားကိုသာ မျက်နှာမူခဲ့သည်။ အိန္ဒိယခရီးစဉ်က စစ်ခေါင်းဆောင်သမ္မတ ဘာမှ မယ်မယ်ရရ မရလိုက်။ ဗုဒ္ဓဂယာမှာ ဘုရားဖူးလိုက်ရတာနှင့် ဝန်ကြီးချုပ်မိုဒီနှင့် တွဲပြီး ဓာတ်ပုံရိုက်ခံတာ (Photo Op) ပဲ ရှိသည်။ စစ်ခေါင်းဆောင်ကို အလိုလိုက်အကြိုက်ဆောင်နေကြသူများအတွက်တော့ ဂုဏ်ယူစရာတွေပေါ့။

ယခု တရုတ်ခရီးစဉ်ကလည်း အိန္ဒိယခရီးစဉ်လို ထူးထူးခြားခြား ဘာမှ မရှိ။ နားလည်မှုစာချွန်လွှာ (MoU) တွေ ထိုးကြသည်ဆိုသော်လည်း ယခင်ကတည်းက သဘောတူထားကြပြီးသား ကိစ္စတွေသာ များသည်။

တကယ်တော့ စစ်ခေါင်းဆောင်သမ္မတ၏ တရုတ်ခရီးစဉ်က ဇာတ်တိုက်ထားသော ခရီးစဉ်တခုဟုလည်း ဆိုနိုင်သည်။ ရုရှားနိုင်ငံ၊ ကာဇန်တွင် ဇွန်လ (၁၆) ရက်၌ ကျင်းပပြုလုပ်မည့် အာဆီယံ-ရုရှား ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင်သမ္မတ တက်ရောက်ခွင့်မရခဲ့ပါ။ ရုရှားက စစ်ခေါင်းဆောင်သမ္မတ၏ ခေါင်းကိုင်ဖခင်ဖြစ်သော်လည်း အာဆီယံနိုင်ငံများ၏ ဘုံသဘောတူညီချက်ကိုမူ ရုရှားက မလွန်ဆန်နိုင်ခဲ့။ အာဆီယံက လက်မခံသောကြောင့် ထိုရုရှားထိပ်သီးအစည်းအဝေးကို တက်ခွင့်မရသည့်အဆုံး တရုတ်ကို သွားဖို့ စစ်ခေါင်းဆောင်သမ္မတ စီစဉ်လိုက်ပုံရသည်။

မင်းခမ်းမင်းနားကြိုက်သော စစ်ခေါင်းဆောင်သမ္မတကို တရုတ်က အစဉ်အလာအတိုင်း ကြိုဆိုခဲ့သည်။ သမ္မတရူးခဲ့သော စစ်ခေါင်းဆောင်သမ္မတ အိပ်မက်မက်ခဲ့သော မင်းခမ်းမင်းနားများပင်။ ဒီပလိုမေစီကို နောကျေနေပြီဖြစ်သည့် ရှီကျင့်ဖျင်ကတော့ မျက်နှာမှာ အပြုံးတုလေးတပွင့် ပန်ဆင်ထားလိုက်ရုံပါပဲ။ တရုတ်က မြန်မာကို (၂၀) ရာစုအစောပိုင်းကာလများတုန်းကလို မိမိ၏ “ကိုလိုနီ” ပါဟု တရားဝင် မကြေညာရုံကလွဲ၍ စစ်ခေါင်းဆောင်သမ္မတ မင်းအောင်လှိုင်သည် မိမိ၏ စေလိုရာစေ ရုပ်သေးရုပ်တခုဟု ရှီကျင့်ဖျင်က သဘောထားသည်။ ယခုဆိုလျှင် တရုတ်သည် မြန်မာပြည်မှာ သူဖြစ်ချင်တာမှန်သမျှ အကုန်ဖြစ်ခွင့်ရနေပြီ။

ထွက်ပေါ်လာသည့် သတင်းများအရ စစ်ခေါင်းဆောင် သမ္မတမင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်အတွင်း အကြိုသဘောတူညီမှု နားလည်မှုစာချွန်လွှာ (MoU) စာချုပ် (၁၈) ခု လက်မှတ်ထိုးခဲ့ကြသည်ဟု သိရသည်။ ထိုအကြိုသဘောတူစာချုပ်များအနက် (၁၂) ခုမှာ ယခင်ကတည်းက အကောင်အထည်ဖော်ဖို့ သဘောတူညီထားသည့် ကိစ္စများဖြစ်သည်။ တရုတ်က ၎င်း၏ BRI စီမံကိန်း အကောင်အထည်ဖော်ရေးတွင် ပါဝင်ရန် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (Global Security Initiative)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံ (Global Civilisation Initiative)၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံ (Global Development Initiative)၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု စသည့် MoU လေးခုကိုလည်း လက်မှတ်ထိုးစေခဲ့သည်။

ယခုခရီးစဉ်တွင် တရုတ်အတွက် အဓိကကျသော MoU လေးခု လက်မှတ်ထိုးနိုင်ခြင်းကလွဲပြီး ကျန်အကြိုသဘောတူစာချုပ်များမှာ ယခင်ကတည်းက ရှိပြီးဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်း (CMEC) စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေးဖြစ်သည်။ အောင်ဆန်းအားကစားကွင်းသစ် တည်ဆောက်ရေးနှင့် မန္တလေးငလျင်အကူအညီနှင့် သက်ဆိုင်သည့် အကြိုသဘောတူစာချုပ်သစ် နှစ်ခုလည်း ယခုလက်မှတ်ရေးထိုးခဲ့သည့် MoU (၁၈) ခုထဲတွင် ပါဝင်လာသည်။

စစ်ခေါင်းဆောင်သမ္မတ မင်းအောင်လှိုင်၏ တရုတ်ပြည်ခရီးစဉ်မှာ ကိုလိုနီပြုခံနိုင်ငံတခု၏ ရုပ်သေးခေါင်းဆောင်တဦးက အင်ပါယာဧကရာဇ်ကို လာရောက်အခစားဝင်သည့် ပုံစံမျိုးသာဖြစ်သည်။ တရုတ်အတွက် မြန်မာသည် မိမိ၏ ဩဇာခံနိုင်ငံတခု ဖြစ်သွားပြီဆိုတာ သေချာပြီဖြစ်သည်။ ယနေ့ ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်၊ ဝ နှင့် မိုင်းလားတို့သည် မြန်မာစစ်အစိုးရ၏ ဩဇာသက်ရောက်မှုအောက်မှာ မရှိတော့ပါ။ မူလရှိခဲ့သော မြန်မာနိုင်ငံ၏ အချုပ်အခြာနယ်မြေသည် တရုတ်လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီ။

ယနေ့ (၂၁) ရာစုတွင် (၂၀) ရာစုတုန်းကလို လက်နက်အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များကို မိမိတို့၏ ကိုလိုနီပါဟု တရားဝင်မကြေညာတော့။ စကားလုံးလှလှလေးများ အသုံးပြုပြီး နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးများတွင် စိတ်ကြိုက်ချယ်လှယ်မည်။ အတူတကွ ကြွယ်ဝချမ်းသာရေး၊ အေးအတူပူအမျှ၊ ဆွေမျိုးပေါက်ဖော်၊ Shared Future စသည်ဖြင့်။ လေးနှစ်လောက် မြန်မာပြည်ကို သိမ်းပိုက်သွားခဲ့သော ဂျပန်သည်ပင်လျှင် နိပွန်-ဘီရုမာ ဘန်ဇိုင်း၊ မဟာအရှေ့အာရှ သာတူညီမျှဝပြောရေး (Greater East Asia Co-Prosperity) ကြွေးကြော်သံဖြင့် ခေါင်းစဉ်တပ် အုပ်ချုပ်သွားခဲ့သေးသည်မဟုတ်ပါလား။

]]>
ဦးမင်းဇင်အား ဖမ်းဆီးအပြီး မင်းအောင်လှိုင်ကို တရုတ် လက်ခံကြိုဆို https://burma.irrawaddy.com/article/2026/06/16/414082.html Tue, 16 Jun 2026 03:54:50 +0000 https://burma.irrawaddy.com/?p=414082 ဦးမင်းဇင်ကို ဖမ်းဆီးလိုက်တာဟာ နယ်စပ်ဖြတ်ကျော် သုတေသန သို့မဟုတ် အချက်အလက်စုဆောင်းမှုတွေမှာ ပါဝင်ပတ်သက်နေသူတွေကို တရုတ်အနေနဲ့ ပိုပြီး ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ ပြင်ဆင်ထားတယ်ဆိုတဲ့ လက္ခဏာရပ်ကို ပြသချင်တာလည်း ဖြစ်နိုင်ပါတယ်။]]>

မြန်မာနိုင်ငံ၏ သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မကြာမီ၊ သီတင်းပတ် နှစ်ပတ်ခန့်အကြာ တနင်္လာနေ့တွင် မင်းအောင်လှိုင်သည် ၎င်း၏ ဒုတိယမြောက် ပြည်ပခရီးစဉ်အဖြစ် မဟာဗျူဟာမြောက် ပိုမိုအရေးပါသော တရုတ်နိုင်ငံသို့ ထွက်ခွာသည်။

ရန်ကုန်အခြေစိုက် သံတမန်များ၏အဆိုအရ ၅ ရက်ကြာမြင့်မည့် ဤခရီးစဉ်သည် အလားတူရည်ရွယ်ချက်များ ရှိနေပြီး၊ အင်အားကြီး အိမ်နီးချင်းနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ရန်နှင့် ၎င်းကိုယ်တိုင် ဦးဆောင်နေသော အမည်ခံအရပ်သားအစိုးရအတွက် တရားဝင်မှု ရရှိစေရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

တရုတ်အစိုးရအနေဖြင့် ပြည်တွင်းစစ်ဒဏ် ခံစားနေရသော မြန်မာနိုင်ငံအပေါ် မင်းအောင်လှိုင်၏ အစိုးရသစ်က မည်မျှအထိ ထိန်းချုပ်ထားနိုင်သည်ကို သက်သေပြရန် ဖိအားပေးလိမ့်မည်ဟု သံတမန်များက ယူဆကြသည်။ အကြောင်းမှာ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသော စီးပွားရေးအကျိုးစီးပွားများ ရှိနေသောကြောင့် ဖြစ်သည်။ ဆွေးနွေးဖွယ်ရှိသည့် အကြောင်းအရာများထဲတွင် တရုတ်-မြန်မာနယ်စပ်မှ မြန်မာနိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်းအထိ သွယ်တန်းထားသည့် ရပ်တန့်နေသော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ကိစ္စလည်း ပါဝင်နိုင်သည်ဟု ၎င်းတို့က ထပ်လောင်းပြောကြားသည်။

အဆိုပါ စီးပွားရေးစင်္ကြံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရထံမှ မင်းအောင်လှိုင်က အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း ဆယ်စုနှစ်များစွာကြာ ခုခံမှုမှသည် အပြည့်အဝ ပြည်တွင်းစစ်အသွင်သို့ ကူးပြောင်းလာခဲ့ကာ၊ မြန်မာစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ထံ နယ်မြေလက်လွှတ် ဆုံးရှုံးထားရသည့် ဒေသများကို ဖြတ်သန်းသွားခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ရုရှားနှင့်အတူ ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း မင်းအောင်လှိုင်၏ အရေးပါဆုံးသော ကျောထောက်နောက်ခံ ဖြစ်ခဲ့သည်။ အာဆီယံနှင့် အနောက်နိုင်ငံများကဝိုင်းပယ်ထားစဉ်အတွင်း ၎င်းသည် မြန်မာနိုင်ငံ၏ မြောက်ဘက်အိမ်နီးချင်းနိုင်ငံသို့ သွားရောက်ခွင့်ရခဲ့သည်။ ပြီးခဲ့သည့်နှစ်အတွင်း တရုတ်နိုင်ငံ၏ လက်နက်ထောက်ပံ့မှုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် သံတမန်ရေးရာ ဖိအားပေးမှုများကြောင့် မြန်မာစစ်တပ်သည် လက်လွှတ်ခဲ့ရသော နယ်မြေအချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

ဝါရင့်မြန်မာ့အရေးလေ့လာစောင့်ကြည့်သူများက ဤနိုင်ငံတော်အဆင့် ခရီးစဉ်အတွင်း မြန်မာဘက်ခြမ်း၌ တိုက်ပွဲများ ပြင်းထန်နေသည့် နှစ်နိုင်ငံနယ်စပ် လုံခြုံရေးကိစ္စကိုလည်း ဆွေးနွေးကြလိမ့်မည်ဟု မျှော်လင့်ထားကြသည်။ “မင်းအောင်လှိုင်အနေနဲ့ နယ်စပ်ဒေသကို ပိုမိုထိန်းချုပ်နိုင်ဖို့အတွက် တရုတ်နိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် ပြင်းပြင်းထန်ထန် ဖိအားပေးဖို့ လိုနေပြီး၊ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်လှစ်နိုင်ဖို့ တရုတ်ဘက်က ပိုမိုလုပ်ဆောင်ပေးဖို့ သူက ပေကျင်းကို တောင်းဆိုနိုင်ခြေရှိပါတယ်” ဟု အမည်မဖော်လိုသော ရန်ကုန်အခြေစိုက် လေ့လာဆန်းစစ်သူတဦးက ပြောကြားခဲ့သည်။

ဤခရီးစဉ်သည် ပေကျင်းအစိုးရက အမေရိကန်နိုင်ငံသားဖြစ်သူ မြန်မာပညာရှင်တဦးကို ပစ်မှတ်ထားပြီးနောက် တင်းမာသော အခင်းအကျင်းတခုအကြား ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက မြန်မာ-တရုတ် ဆက်ဆံရေးဆိုင်ရာ အစီရင်ခံစာများကို ပုံမှန်ထုတ်ပြန်နေသည့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း တရုတ်အရာရှိများက အတည်ပြုခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးက ဦးမင်းဇင်အား သူလျှိုလုပ်မှုနှင့် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ဘေးအန္တရာယ်ပြုမှု သံသယဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်မထွက်မီအထိ အသက် ၅၀ ကျော်အရွယ်ရှိပြီဖြစ်သော ဒီမိုကရေစီလိုလားသည့် ကျောင်းသားလှုပ်ရှားသူဟောင်း ဦးမင်းဇင်သည် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်၏မြို့တော် ကူမင်းမြို့သို့ ပျံသန်းရောက်ရှိပြီး မကြာမီ ပျောက်ဆုံးသွားခဲ့သဖြင့် ၎င်းနှင့်နီးစပ်သူများ စိုးရိမ်ပူပန်နေခဲ့ကြသည်။ “သူ့ကို ကူမင်းလေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေးဂိတ်တောင် မဖြတ်ရသေးခင်မှာ တရုတ်တွေက လာခေါ်သွားတာဖြစ်ပါတယ်၊ သူ့ကို ဖိတ်ကြားထားတဲ့ တရုတ်ပညာရှင်က လေဆိပ်ဆိုက်ရောက်ခန်းမမှာ စောင့်နေခဲ့တာပါ” ဟု မြန်မာ့နိုင်ငံရေး သတင်းရင်းမြစ်တဦးက Nikkei Asia သို့ ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က ဟနွိုင်းမြို့တွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှရေးရာ နှီးနှောဖလှယ်ပွဲတခုတွင် ဦးမင်းဇင် တက်ရောက်ဆွေးနွေးခြင်းမရှိဘဲ ပျောက်ဆုံးနေမှုမှာ လူသိရှင်ကြား ဖြစ်လာခဲ့သည်။ “ကျနော့်အလှည့် ရောက်တဲ့အချိန်မှာ တရုတ်နိုင်ငံမှာ ဦးမင်းဇင် ဖမ်းဆီးခံရတဲ့အကြောင်း အစဦးမှာပဲ ထုတ်ဖော်ပြောကြားခဲ့ပါတယ်” ဟု အဆိုပါဆွေးနွေးပွဲတွင် အတူပါဝင်ခဲ့သူ ဘန်ကောက်မြို့ ချူလာလောင်ကွန်းတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ သီတီနန် ပေါင်ဆူဒီရက်က ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတက်ရောက်လာသူများသည် “တုန်လှုပ်ခြောက်ခြားသွားခဲ့ကြသည်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ “ဦးမင်းဇင်က ကျနော်တို့ထဲက တယောက်ဖြစ်ပြီး ဒေသတွင်းရေးရာတွေကို အဓိကထားတဲ့ သုတေသနအဖွဲ့တွေမှာ အမြဲပါဝင်နေသူဖြစ်ပါတယ်… သူ အခုလို ဖမ်းဆီးခံရတာက ကျနော်တို့အပေါ် တိုက်ရိုက်ရိုက်ခတ်မှုရှိပြီး အရှေ့တောင်အာရှရဲ့ သုတေသနအသိုက်အဝန်းကို ပိုပြီး သတိထားတွေးခေါ် ပြုမူလာစေပါလိမ့်မယ်။”

ဘရပ်ဆဲလ်အခြေစိုက် International Crisis Group မှ မြန်မာ့အရေး အဆင့်မြင့်အကြံပေး ရစ်ချက် ဟောဆေး က ISP-Myanmar တွင် တရုတ်အရေးနှင့်ပတ်သက်၍ ဦးမင်းဇင်၏ လုပ်ဆောင်ချက်များသည် ရှေ့ဆောင်လမ်းပြဖြစ်ခဲ့ကြောင်း ပြောကြားသည်။ “သူဟာ တရုတ်-မြန်မာ ဆက်ဆံရေး လေ့လာဆန်းစစ်မှုကို မြှင့်တင်ရာမှာ ရှေ့ဆောင်တဦးဖြစ်ခဲ့ပြီး၊ မြန်မာနိုင်ငံမှာ တရုတ်ရေးရာလေ့လာမှု သီးသန့်အစီအစဉ်ကို တည်ထောင်နိုင်ခဲ့သလို နှစ်နိုင်ငံ မူဝါဒရေးရာအသိုက်အဝန်းအကြား ဆွေးနွေးပွဲတွေနဲ့ နားလည်မှုတွေကို ပိုမိုရရှိအောင် တွန်းအားပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။”

မကြာသေးမီက ထွက်ရှိခဲ့သော အဆိုပါအစီရင်ခံစာအချို့တွင် မြန်မာ့ပြည်တွင်းစစ်က မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးအပေါ် သက်ရောက်မှုများကို ဖော်ပြထားသည်။ ထို့ပြင် ISP-Myanmar သည် တရုတ်၊ မြန်မာနှင့် မြန်မာ-တရုတ်နယ်စပ် နယ်မြေအများအပြားကို ထိန်းချုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်သော ကိုးကန့်အဖွဲ့ (MNDAA) တို့အကြားက ပြဿနာများကိုလည်း မီးမောင်းထိုးပြခဲ့သည်။

ထိုကဲ့သို့သော အစီရင်ခံစာများကြောင့် ပေကျင်းအစိုးရသည် “မြန်မာနယ်စပ်တလျှောက် ၎င်းတို့၏ လှုပ်ရှားမှုများနှင့် မြန်မာစစ်ကောင်စီအစိုးရ ပိုမိုနက်ရှိုင်းစွာ ပတ်သက်နေမှုများအပေါ် စောင့်ကြည့်စစ်ဆေးခံရမှုက ပိုမိုအထိမခံ ဖြစ်လာပုံရသည်” ဟု အမည်မဖော်လိုသော မြန်မာစစ်ရေးလေ့လာဆန်းစစ်သူတဦးက ပြောကြားခဲ့သည်။ “ဦးမင်းဇင်ကို ဖမ်းဆီးလိုက်တာဟာ နယ်စပ်ဖြတ်ကျော် သုတေသန သို့မဟုတ် အချက်အလက်စုဆောင်းမှုတွေမှာ ပါဝင်ပတ်သက်နေသူတွေကို တရုတ်အနေနဲ့ ပိုပြီး ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ ပြင်ဆင်ထားတယ်ဆိုတဲ့ လက္ခဏာရပ်ကို ပြသချင်တာလည်း ဖြစ်နိုင်ပါတယ်။”

မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ-ဇန်နဝါရီ ကာလအတွင်း လွှတ်တော်အသစ်တရပ်ကို ရွေးချယ်ရန် သုံးဆင့်ခွဲ၍ ပြုလုပ်ခဲ့သော ဟန်ပြအထွေထွေရွေးကောက်ပွဲအပြီးတွင် အမည်ခံအရပ်သားအစိုးရ၏ အကြီးအကဲအဖြစ် အသွင်ကူးပြောင်းယူခဲ့ခြင်း ဖြစ်သည်။ အာဆီယံအနေဖြင့် ထိုမဲပေးပွဲရလဒ်များကို အသိအမှတ်မပြုခဲ့ပေ။

ပြီးခဲ့သည့်သီတင်းပတ်က ပေကျင်းမြို့တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံခဲ့ပြီး မင်းအောင်လှိုင်၏ ခရီးစဉ်အတွက် လမ်းခင်းပေးခဲ့သည်။ မေလလယ်ပိုင်းကလည်း နိုင်ငံတော်အဆင့်ခရီးစဉ် မတိုင်မီ မြန်မာစီးပွားရေးလုပ်ငန်းရှင်များအဖွဲ့တခု တရုတ်နိုင်ငံမြို့တော်သို့ သွားရောက်ခဲ့သည်။

“ဒီခရီးစဉ်တွေက မင်းအောင်လှိုင်အတွက် သမ္မတအဖြစ် ရာထူးတည်မြဲခိုင်မာစေဖို့ တရုတ်နိုင်ငံဟာ ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို အတည်ပြုပေးနေတာဖြစ်ပါတယ်၊ သူ့ရဲ့ ရှင်သန်ရပ်တည်မှုဟာ တရုတ်နိုင်ငံရဲ့ ငွေကြေး၊ သံတမန်ရေးနဲ့ လက်နက်ထောက်ပံ့မှုတွေအပေါ်မှာပဲ မှီခိုနေရပါတယ်” ဟု ရန်ကုန်အခြေစိုက် သံတမန်တဦးက သုံးသပ်ပြောကြားခဲ့သည်။

( Nikkei Asia ပါ Myanmar’s Min Aung Hlaing to visit China for diplomatic boost ကို ဘာသာပြန်သည်။)

]]>
ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်က အကွက်ကျကျ ထုတ်သုံးတာ (ရုပ်/သံ) https://burma.irrawaddy.com/video/2026/05/11/413167.html Mon, 11 May 2026 00:31:22 +0000 https://burma.irrawaddy.com/?p=413167 အရပ်သားအသွင်ယူ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့အစိုးရဟာ မကြာသေးမီက အကျဉ်းစံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ် ပြောင်းရွှေ့ချုပ်နှောင်ပြီး နေပြည်တော် လာလည်သွားတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ပေးတွေ့ခဲ့တဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။]]>

အရပ်သားအသွင်ယူ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့အစိုးရဟာ မကြာသေးမီက အကျဉ်းစံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ် ပြောင်းရွှေ့ချုပ်နှောင်ပြီး နေပြည်တော် လာလည်သွားတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ပေးတွေ့ခဲ့တဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရသူကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံရဲ့ မိတ်ဆွေဟောင်းဖြစ်လို့ အလေးဂရုပြုတယ်လို့ တရားဝင်ပြောပါတယ်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်း ၃၃ ခုကို သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် တာဝန်ထမ်းခဲ့တဲ့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက တရုတ်ဟာ သူ့အကျိုးစီးပွားကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကွက်ကျကျထုတ်သုံးလာတာလို့ ဧရာဝတီရဲ့ ဒီတပတ် တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုပါတယ်။

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ Link လေးကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။https://www.youtube.com/channel/UCgEI7TvwuNGVGpd1M0icWJQ/join

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

]]>
တရုတ်တို့၏ မိတ်ဆွေဟောင်း ဒေါ်အောင်ဆန်းစုကြည် https://burma.irrawaddy.com/article/2026/05/09/413145.html Sat, 09 May 2026 04:04:06 +0000 https://burma.irrawaddy.com/?p=413145 တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က မိမိတို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၏ မိတ်ဆွေဟောင်းဖြစ်ရာ ၎င်း၏ အခြေအနေအား မိမိတို့အနေဖြင့် အစဉ်အမြဲ ဂရုစိုက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ]]>

၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက်က ကျင်းပသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲ တခုတွင် မြန်မာ့အရေးနှင့် ပတ်သက်သည့် တရုတ်တို့ သဘောထား တရပ်ကို သတင်းစကားပါးခဲ့သည်ကို တွေ့ရ၏။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် AFP သတင်းထောက်က မြန်မာနိုင်ငံ သမ္မတအသစ် ဦးမင်းအောင်လှိုင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ ၂၀၂၆ ခုနှစ် ဧပြီ ၂၆ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်ဖက်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဆွေးနွေးခဲ့ပါသလောဟု မေးမြန်းခဲ့သည်။

ထိုသို့ မေးမြန်းမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က မိမိတို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၏ မိတ်ဆွေဟောင်းဖြစ်ရာ ၎င်း၏ အခြေအနေအား မိမိတို့အနေဖြင့် အစဉ်အမြဲ ဂရုစိုက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံက မိမိနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း လျှောက်လှမ်းမှုကို ထောက်ခံအားပေးသလို မြန်မာနိုင်ငံ ဘက်ပေါင်းစုံက ပို၍ကျယ်ပြန့်သော၊ ပို၍ခိုင်မာသော၊ ပို၍ ရေရှည်ဖြစ်သော ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ခြင်းကို ထောက်ခံကြောင်း ပြောကြားခဲ့သည်ကို တွေ့ရ၏။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းစဉ် ကာလကတည်းက ဖမ်းဆီးခံထားရသူ ဒေါ်အောင်ဆန်းစုကြည်သည် ယခုအချိန်ထိ ထောင်ကျခံရန် နှစ်ပေါင်းများစွာ ပြစ်ဒဏ်ချမှတ်ခံထားရသူဖြစ်သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအကျဉ်းသားမဟုတ်ဘဲ အဂတိလိုက်စားမှုကြောင့်၊ ရာဇဝတ်ပြစ်မှုများကြောင့် ပြစ်ဒဏ်ချမှတ်ခံထားရသူဖြစ်သည်ဟု မင်းအောင်လှိုင်စစ်အုပ်စု၏ တရားဝင်စွပ်စွဲသတ်မှတ်ခြင်း ခံထားရသူလည်း ဖြစ်၏။ ထို့ပြင် မိသားစုဝင်များ၊ ရှေ့နေများနှင့်ပါ တွေ့ဆုံခွင့်မပေးဘဲ ထားသည်မှာ အချိန်ကာလ ကြာမြင့်ခဲ့ပြီဖြစ်သည်သာမက သူမအား မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မည်သူမျှ မသိရှိရပေ။

ထိုကဲ့သို့ စစ်အုပ်စုက အညိုးကြီးစွာ ပြစ်ဒဏ်ချမှတ်ထားသူ တဦးအား တရုတ်အစိုးရက သူတို့၏ မိတ်ဆွေဟောင်းဖြစ်သည်ဟု တရားဝင် ထုတ်ဖော်ပြောဆိုသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေအား တရုတ်တို့အနေဖြင့် အစဉ်အမြဲ ဂရုစိုက်လျက်ရှိကြောင်း ပြောကြားခဲ့ခြင်းသည် ထူးခြားသည်ဟု ဆိုရမည်။ ထိုအချက်သည် မင်းအောင်လှိုင်စစ်အုပ်စုအတွက် စိတ်မသက်သာဖြစ်စရာ အကြောင်းအချက် တရပ်ဖြစ်သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်ရှင်းလိုသည့် စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီတွင်းမှ အမာခံအုပ်စုအတွက်လည်း အချက်ပေးခေါင်းလောင်း တခုပင် ဖြစ်၏။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ပြောဆိုသည့် ညမှာပင် စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်အား သတ်မှတ်နေအိမ်သို့ အကျယ်ချုပ် ပြောင်းရွှေ့ချုပ်နှောင်သည်ဟူသည့် သတင်း ထုတ်ပြန်သည်ကို တွေ့ရ၏။ စစ်အုပ်စု၏ သတင်းထုတ်ပြန်မှုထက် တရုတ်တို့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်က ပို၍စောသည်ကို တွေ့ရ၏။ သို့ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် အခြေအနေအား စစ်အုပ်စုက တရုတ်အား အသိပေးပြီးသား သို့မဟုတ် ညှိနှိုင်းသဘောတူပြီးသား ဖြစ်ပုံရ၏။ သို့မဟုတ် သဘောတူထားသည့် အချက်ကို စစ်အုပ်စု ပြန်ပြင်မရစေရန် ပြုလုပ်ခြင်းလည်း ဖြစ်နိုင်၏။

၂၀၂၆ ခုနှစ် နှစ်ဆန်း ရွေးကောက်ပွဲ စတင်ကျင်းပစဉ်ကလည်း မြန်မာ့ရွေးကောက်ပွဲသည် တရုတ်အစိုးရနှင့် စစ်အုပ်စုတို့ သဘောတူညီချက်နှင့် ကျင်းပသည်ဟု တရုတ်အထူးသံတမန်က ဆိုခဲ့သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍လည်း တရုတ်နှင့် စစ်အုပ်စုကြား သဘောတူညီချက်ရှိသည်ဟု ထိုစဉ်ကတည်းက တရုတ်နှင့် နီးစပ်သူများထံမှ သတင်းထွက်နေခဲ့ပြီ ဖြစ်၏။ ထို့ပြင် ပီကင်းသတင်းစာရှင်းလင်းပွဲအပြီးတွင် ၂၀၂၆ ဧပြီလ ၂၅/၂၆ ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ မြန်မာပြည်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်ဟူသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသည်ကို တွေ့ရပြီး ဖြစ်နိုင်ခြေမြင့်သည်ဟု သုံးသပ်ရ၏။

တရုတ်တို့၏ မိတ်ဆွေဟောင်းများ

တရုတ်တို့၏ နိုင်ငံခြားရေးမူဝါဒအရ တရုတ်တို့၏ မိတ်ဆွေဟောင်းဟု သတ်မှတ်ခံရသူများသည် အမှန်တကယ်ရှိပြီး အကျိုးအကြောင်းမဲ့ သတ်မှတ်ခဲ့ကြသည်မဟုတ်ပေ။ တရုတ်တို့နှင့် နိုင်ငံရေးအရ၊ စီးပွားရေးဆက်ဆံရာတွင် အပြန်အလှန် အကျိုးရှိစွာ ဆက်ဆံခဲ့ကြသူများကို သတ်မှတ်ကြပြီး ထိုသူများကို တရုတ်တို့က အမှန်တကယ် အလေးထားသည်ဟု ဆိုကြ၏။ တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အရေးပါခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဆင်ဂျာသည် တရုတ်တို့ မိတ်ဆွေဟောင်း သတ်မှတ်ခံရသူများထဲတွင် ထိပ်ဆုံးမှ ရှိ၏။

ဗိုလ်သန်းရွှေ

မြန်မာပြည်တွင် တရုတ်တို့၏ မိတ်ဆွေဟောင်းဟု သတ်မှတ်ခံရသူမှာ နှစ်ဦးရှိ၏။ တဦးမှာ ဗိုလ်သန်းရွှေဖြစ်၏။ မြန်မာပြည်ဖြတ်၍ သဘာဝဓာတ်ငွေ့ပိုက်လိုင်းရော၊ ရေနံပိုက်လိုင်းရော ဖောက်လုပ်ခွင့်ပေးခဲ့သူ ဗိုလ်သန်းရွှေသည်လည်း တရုတ်တို့၏ မိတ်ဆွေဟောင်းအဖြစ် အသိအမှတ်ပြုခံရသူဖြစ်၏။

မြန်မာပြည်ကို ဖြတ်သည့် တရုတ်ရေနံပိုက်လိုင်းသည် ၂၀၀၃ ခုနှစ်ခန့်က တရုတ်သမ္မတဟောင်း ဟူကျင့်ထောင်း ပြောကြားခဲ့သည့် “Malacca Dilemma” မလက္ကာအကျပ်အတည်း ဆိုသည့် မလက္ကာရေလက်ကြားအရေးနှင့် ပတ်သက်ပြီး နာမည်ကြီးသည့် အယူအဆ တခုမှ လာသည်။

ဟူကျင့်ထောင်း၏ အမြင်မှာ တရုတ်နိုင်ငံ၏ စွမ်းအင် (အထူးသဖြင့် ရေနံ) အများစုသည် မလက္ကာရေလက်ကြားကို ဖြတ်သန်းပြီး ဝင်ရောက်လာရ၏။ ထိုရေလမ်းကြောင်းသည် အလွန်ကျဉ်းပြီး လုံခြုံရေးအန္တရာယ်ရှိ၏။ အထူးသဖြင့် အမေရိကန်ကဲ့သို့ နိုင်ငံကြီးများက ထိုရေလမ်းကို ထိန်းချုပ်နိုင်သည့် အခြေအနေရှိသဖြင့် တရုတ်အတွက် စွမ်းအင်လုံခြုံရေး အန္တရာယ်ဖြစ်နေ၏။ ထို့ကြောင့် ဟူကျင့်ထောင်းက တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် စွမ်းအင်လုံခြုံရေးသည် မလက္ကာရေလက်ကြားပေါ်မှာ အလွန်မူတည်နေပြီး၊ ဤအချက်သည် တရုတ်အတွက် အားနည်းချက် တခု ဖြစ်သည်ဟု သုံးသပ်ခဲ့၏။ ဤအမြင်ကို နောက်ပိုင်းတွင် “Malacca Dilemma” မလက္ကာအကျပ်အတည်း သို့မဟုတ် “မလက္ကာရေကြောင်းပေါ် မူတည်မှုကြောင့် ဖြစ်ပေါ်သော မဟာဗျူဟာဆိုင်ရာ အားနည်းချက်” ဟု ပညာရှင်များ၊ နိုင်ငံရေးသမားများ အသုံးများလာခဲ့ကြ၏။

Malacca Dilemma ၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုကြောင့် တရုတ်က မြန်မာကိုဖြတ်သည့် ရေနံပိုက်လိုင်း တည်ဆောက်ခြင်း၊ Belt and Road Initiative (BRI) စီမံကိန်းများ ပြုလုပ်ခြင်း၊ အင်ဒို-ပစိဖိတ် ရေလမ်းတွင် တရုတ်ရေတပ် အင်အားကောင်းအောင် ပြုလုပ်ခြင်းများကို တွေ့ရ၏။

ဤသို့သော မလက္ကာအကျပ်အတည်း အခြေအနေကို ဖြေရှင်းရာတွင် မြန်မာပြည်ကို ရေနံပိုက်လိုင်း ဖြတ်သန်းမှု၊ မဒေးကျွန်း၌ သင်္ဘောဆိပ်ကမ်းနှင့် ရေနံလှောင်ကန်များ ဆောက်လုပ်ခွင့်ပြုခဲ့သည့် ဗိုလ်သန်းရွှေသည် တရုတ်တို့ အလေးထား ဆက်ဆံခံရသည့် တရုတ်တို့ မိတ်ဆွေဟောင်း ဖြစ်ခဲ့၏။

ဒေါ်အောင်ဆန်းစုကြည်

၂၀၁၆ ခုနှစ်တွင် NLD အစိုးရ စတင်တာဝန်ယူသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နှင့် အနောက်တိုင်းနိုင်ငံများအား မြန်မာပြည် တည်ဆောက်ရေးနှင့် ပတ်သက်ပြီး မျှော်လင့်ချက်ထားခဲ့သော်လည်း လက်တွေ့တွင် အနောက်၏ ရင်းနှီးမြှုပ်နှံမှုသည် မျှော်လင့်သလောက် ဖြစ်မလာသည့်အပြင် ၂၀၁၇ ခုနှစ် ရခိုင်ပြဿနာ ပေါ်ပေါက်သောအခါ အနောက်တိုင်းနိုင်ငံများသည် NLD အစိုးရကို ဦးတည်ထိုးနှက်ခဲ့သည့် ဒဏ်ကိုလည်း လက်တွေ့ကြုံခဲ့ရသည်။

ဤသို့သော အခြေအနေအောက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်ကို ဖြတ်သန်း၍ စီးပွားရေးလုပ်ငန်းကြီးများ လုပ်လိုသည့် တရုတ်ဘက်သို့ သဘာဝကျစွာ မျက်နှာမူခဲ့သည်။ တရုတ်တို့ ရင်းနှီးမြှုပ်နှံလိုသည့် အကြောင်းအချင်းအရာများကို သေချာစွာ စေ့ငုပြီး နှစ်ဖက်လုံး အကျိုးရှိသည့် အခြေအနေဖြစ်အောင် ကြိုးစားခဲ့၏။ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုကို လက်ခံပြီး မြန်မာပြည် ကြွေးမြီနွံတွင်း မသက်ဆင်းရန် အကြိမ်ကြိမ် သုံးသပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြ၏။ စီမံကိန်းအရွယ်အစားများကို ချိန်ညှိခဲ့ကြ၏။

၂၀၁၇ ခုနှစ်မှ စတင်၍ အကြိမ်ကြိမ် ညှိနှိုင်းဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာခရီးစဉ်အတွင်း မြန်မာနှင့် တရုတ်ကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာ ၃၃ ခု လက်မှတ်ရေးထိုးခဲ့၏။

ထိုသဘောတူညီချက်များ၊ နားလည်မှုစာချွန်လွှာများကို ပိုင်းခြားကြည့်ပါက အောက်ပါအတိုင်း တွေ့ရ၏

၁။ CMEC – တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံမှာ အဓိကကျသည့် စီမံကိန်းဖြစ်ပြီး ပါဝင်သည့် အချက်များမှာ မူစယ်၊ မန္တလေး၊ ကျောက်ဖြူ စီးပွားရေးစင်္ကြံ ဖြစ်နိုင်ခြေလေ့လာမှု သဘောတူညီချက်များ၊ စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ မူဘောင်များ ဖြစ်၏။ ဤစီမံကိန်းသည် မြန်မာနိုင်ငံကို တရုတ်၏ Belt and Road Initiative (BRI) ထဲ အဓိက ချိတ်ဆက်ပေးထားသည့် အဓိက စီမံကိန်းဖြစ်၏။

၂။ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း သဘောတူညီချက်
ဤသဘောတူညီချက်တွင် ရေနက်ဆိပ်ကမ်း အဆင့် ၁ အကောင်အထည်ဖော်မှု၊ အထူးစီးပွားရေးဇုန် (SEZ) မူဘောင် သဘောတူညီချက်များ၊ တရုတ်ကုမ္ပဏီများနှင့် မြန်မာကြား ရှယ်ယာပိုင်ဆိုင်မှု ဖွဲ့စည်းပုံများ ပါဝင်သည်။ ဤသဘောတူညီချက်တွင် အရေးကြီးသည့်အချက်မှာ တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ဖြစ်ပြီး မြန်မာအတွက်မူ ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်များ ဖန်တီးပေးခြင်းတို့ ပါဝင်၏။

၃။ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ
ဤအချက်တွင် ကားလမ်းနှင့် ရထားလမ်းများ ပါဝင်၏။ ဤသဘောတူညီချက်တွင် မူစယ်-မန္တလေး ရထားလမ်း ဖြစ်နိုင်ခြေလေ့လာမှု၊ မန္တလေး-ကျောက်ဖြူ ရထားလမ်း အဆိုပြုချက်၊ အမြန်လမ်းနှင့် လမ်းများ အဆင့်မြှင့်တင်ရေးတို့ ပါဝင်သည်။ မြန်မာပြည်တွင်း ဖြတ်သန်းမည့် ကုန်သွယ်ရေးလမ်းကြောင်းကို တရုတ်ပြည်သို့ လျင်မြန်စွာ ရောက်ရှိရန် ရည်ရွယ်၏။

၄။ စွမ်းအင်စီမံကိန်းများ
အဓိကပါဝင်သည့် အချက်များမှာ ရေအားလျှပ်စစ် ပူးပေါင်းဆောက်လုပ်ရေး၊ ဆိုလာနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပူးပေါင်းဆောင်ရွက်ရန်၊ ရှိပြီးသား ပိုက်လိုင်းများ ဆက်လက်တိုးချဲ့ရန်တို့ ဖြစ်၏။

၅။ စက်မှုဇုန်နှင့် ရင်းနှီးမြှုပ်နှံမှု
ပါဝင်သည့် အချက်များမှာ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး သဘောတူညီချက်များ ပါဝင်သည်။

၆။ စိုက်ပျိုးရေးနှင့် မွေးမြူရေး
ဤသဘောတူညီချက်တွင် စိုက်ပျိုးရေးထွက်ကုန်များ ဖြစ်သည့် ဆန်၊ ပဲ၊ သီးနှံများ ပြည်ပတင်ပို့ရေး၊ တိရစ္ဆာန်မွေးမြူမှု ပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်၏။

၇။ ငွေကြေးနှင့် ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု
ဤသဘောတူညီမှုတွင် ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်း၊ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ်များတွင် တရုတ်ယွမ်ငွေ အသုံးပြုခြင်းအား မြှင့်တင်ခြင်းတို့ ပါဝင်၏။

၈။ နည်းပညာနှင့် ဒစ်ဂျစ်တယ်
ဤသဘောတူညီမှုတွင် တယ်လီကွန်း ပူးပေါင်းဆောင်ရွက်မှု၊ စမတ်စီးတီးနှင့် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ၊ ဂြိုဟ်တုနှင့် IT ပူးပေါင်းဆောင်ရွက်မှုတို့ ပါဝင်၏။

၉။ ယဉ်ကျေးမှုနှင့် ပညာရေးဖလှယ်ရေး
ဤသဘောတူညီချက်တွင် ပညာသင်ဆု အစီအစဉ်များ၊ ယဉ်ကျေးမှုဖလှယ်ရေး၊ မီဒီယာ ပူးပေါင်းဆောင်ရွက်ရေးများ ပါဝင်၏။

၁၀။ လုံခြုံရေးနှင့် နယ်စပ်ပူးပေါင်းဆောင်ရွက်မှု
ဤသဘောတူညီချက်တွင် နယ်စပ်တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု၊ ဥပဒေစိုးမိုးရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုများ ပါဝင်၏။

တရုတ်နှင့် မြန်မာအစိုးရကြား စုစုပေါင်း သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာ ၃၃ ခုခန့်ရှိပြီး ကဏ္ဍအလိုက်ကြည့်ပါက အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးတွင် အများဆုံးဖြစ်၏။

ဤသဘောတူညီချက်များအရ မြန်မာပြည်တွင်း အခြေခံအဆောက်အအုံများ တိုးတက်လာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်လာခြင်း၊ အလုပ်အကိုင်များ ဖန်တီးနိုင်ခြင်း စသည့် ကောင်းကျိုးများရှိသကဲ့သို့ ကြွေးမြီအန္တရာယ်နှင့် တရုတ်နိုင်ငံအပေါ် မဟာဗျူဟာမြောက် မှီခိုရမှုတို့လည်း ကြုံရနိုင်၏။

ဤသဘောတူညီချက်သည် မြန်မာ–တရုတ် ဆက်ဆံရေးကို အနာဂတ် နှစ် ၂၀ ခန့်အတွက် မူဘောင် တခု တည်ဆောက်ထားသည့် mega package ဟု ဆိုရမည်ဖြစ်၏။ သို့ဖြစ်ရာ တရုတ်သမ္မတ ရှီကျင့်ဖျင် ခရီးစဉ်အတွင်း လက်မှတ်ထိုးခဲ့ကြသည့် သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာ ၃၃ ခုသည် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နှင့် ရေရှည်ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည်က ဤသဘောတူညီချက်များကို အချိန်ယူလေ့လာ၊ ဆွေးနွေးသုံးသပ်ပြီး သဘောတူခဲ့ခြင်းသည် နှစ်နိုင်ငံ ရေရှည်အကျိုးစီးပွားအတွက် ဘက်စုံသုံးသပ် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာပြည်၏ အကျိုးစီးပွား နစ်နာမှုမရှိစေရန် ဆောင်ရွက်ခဲ့သည်ကို တရုတ်တို့ ကောင်းစွာသိ၏။ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကဲ့သို့ မိမိအာဏာတည်မြဲရေးအတွက် တရုတ်တို့ လုပ်ချင်တာပေးလုပ်သည့် သဘောမျိုးမဟုတ်ပေ။

တရုတ်တို့နှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာ ၃၃ ခု လက်မှတ်ရေးထိုးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်တို့က မိတ်ဆွေဟောင်းဟု သတ်မှတ်ထားခြင်းဖြစ်၏။ အကြောင်းမဲ့ သတ်မှတ်ခဲ့ခြင်းမဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်သာ ဤသဘောတူညီချက်များကို ဦးဆောင်အကောင်အထည်ဖော်ပါက မြန်မာလူထု၏ ပူးပေါင်းဆောင်ရွက်မှု ရမည်ဖြစ်သော်လည်း မင်းအောင်လှိုင်စစ်အုပ်စုနှင့်သာ အကောင်အထည်ဖော်ပါက မြန်မာလူထု၏ ပူးပေါင်းဆောင်ရွက်မှုကို တရုတ်တို့ ရမည်မဟုတ်ပေ။

ဤအခြေအနေအောက်တွင် တရုတ်-မြန်မာ စင်္ကြံလမ်းနှင့် ပတ်သက်သည့် သဘောတူညီချက်များ အကောင်အထည်ဖော်ရေး၊ မြန်မာပြည် တည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က “မြန်မာနိုင်ငံ ဘက်ပေါင်းစုံက ပို၍ကျယ်ပြန့်သော၊ ပို၍ ခိုင်မာသော၊ ပို၍ ရေရှည်ဖြစ်သော ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ခြင်းကို ထောက်ခံသည်” ဟု ဆိုခဲ့ခြင်းဖြစ်ရာ၊ တရုတ်အစိုးရအနေနှင့် သူ၏ မိတ်ဆွေဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ရှေ့ဆက် မည်သို့ ရပ်ခံမည်ဆိုသည်က စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။

တရုတ်အကူအညီဖြင့် အသက်ဆက်နေရသည့် စစ်အုပ်စုအနေနှင့်လည်း တရုတ်တို့က အတိအလင်း ထုတ်ဖော်ပြောဆိုထားသည့် တရုတ်တို့၏ မိတ်ဆွေဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး စိတ်ထင်တိုင်း ပြုမူဆုံးဖြတ်ရန်လည်း ခက်ခဲနေပေလိမ့်မည်။

]]>
အီရန်စစ်ပွဲကြောင့် မြန်မာက တရုတ်အတွက် ပိုတန်ဖိုးတက်လာ https://burma.irrawaddy.com/opinion/viewpoint/2026/04/02/412290.html Thu, 02 Apr 2026 08:41:50 +0000 https://burma.irrawaddy.com/?p=412290 ယခုအခါ အရှေ့အလယ်ပိုင်းရှိ စစ်ပွဲများကြောင့် ရေလမ်းတွင် မတည်ငြိမ်မှုများ မြင့်တက်လာချိန်၌ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ရေရှည်မဟာဗျူဟာမြောက် ရည်မှန်းချက်များသည် တရုတ်၏ လုံခြုံရေးစီမံကိန်း ရေးဆွဲသူများအတွက် ယခင်ကထက်ပင် ပိုမိုအရေးပါလာခဲ့သည်။]]>

တရုတ်နိုင်ငံ၏ ပင်လယ်ထွက်ပေါက်မရှိသော ကုန်းတွင်းပိုင်းပြည်နယ်များဖြစ်သည့် ယူနန်၊ စီချွမ်းနှင့် ကွေ့ကျိုးတို့အတွက် မြန်မာနိုင်ငံကို ဖြတ်ကျော်၍ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖောက်လုပ်ရန် အစီအစဉ်ကို ၁၉၈၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းတွင် စတင်ခဲ့သည်။

ယင်းသည် တရုတ်၏ ကိုယ်ပိုင်ဆိပ်ကမ်းများဆီသို့ သွားရာလမ်းတွင် မဖွံ့ဖြိုးသေးသော ကွန်ရက်များကို ရှည်လျားစွာ အားကိုးနေရခြင်းမှ ကင်းဝေးစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် “တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC)” ဟု အမည်တွင်လာသည့် ဤစီမံကိန်းများသည် ကုန်သွယ်ရေးတခုတည်းအတွက် မဟုတ်ခဲ့ပေ။

ယင်းသည် ဘင်္ဂလားပင်လယ်အော်တွင် ပေကျင်း၏ နိုင်ငံရေးနှင့် စစ်ရေးဩဇာ ချဲ့ထွင်ရန် ကြိုးပမ်းမှု၏ အရေးပါသော အစိတ်အပိုင်းတခု အမြဲတမ်း ဖြစ်ခဲ့သည်။

ယခုအခါ အရှေ့အလယ်ပိုင်းရှိ စစ်ပွဲများကြောင့် ထိုရေလမ်းတွင် မတည်ငြိမ်မှုများ မြင့်တက်လာချိန်၌ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ရေရှည်မဟာဗျူဟာမြောက် ရည်မှန်းချက်များသည် တရုတ်၏ လုံခြုံရေးစီမံကိန်း ရေးဆွဲသူများအတွက် ယခင်ကထက်ပင် ပိုမိုအရေးပါလာခဲ့သည်။

အိန္ဒိယသမုဒ္ဒရာ ရေကြောင်းလမ်း

တရားဝင်ကိန်းဂဏန်းများအရ တရုတ်နိုင်ငံက တင်သွင်းသော ရေနံစိမ်း ၈၀ ရာခိုင်နှုန်းခန့်သည် အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းလာခြင်းဖြစ်ပြီး အီရန်မှာ အဓိက တင်ပို့သူဖြစ်သည်။

တရုတ်သည် ရုရှားနှင့် အလယ်အာရှတို့မှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြင့် တင်သွင်းမှုကို တိုးမြှင့်ထားသော်လည်း ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းခန့်သည် အိန္ဒိယသမုဒ္ဒရာ ရေကြောင်းလမ်းကို အားကိုးနေရဆဲ ဖြစ်သည်။

ထို့အပြင် အာဖရိကမှ တင်သွင်းသော တွင်းထွက်ပစ္စည်း အမြောက်အမြားသည်လည်း အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းရသည်။ အရှေ့အလယ်ပိုင်း၊ ဥရောပနှင့် အာဖရိက ဈေးကွက်များသို့ တင်ပို့သည့် လူသုံးကုန်ပစ္စည်းမျိုးစုံလည်း ရှိသေးသည်။ ခြုံငုံကြည့်လျှင် တရုတ်၏ စုစုပေါင်း ရေကြောင်းကုန်သွယ်မှု၏ ၆၅ ရာခိုင်နှုန်းခန့်သည် အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းနေသည်။

တရုတ်၏ စုစုပေါင်း ရေကြောင်းကုန်သွယ်မှု၏ ၆၅ ရာခိုင်နှုန်းခန့်သည် အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းနေသည်/ The Irrawaddy

အစ္စရေးနှင့် အမေရိကန်တို့၏ အီရန်အပေါ် ဗုံးကြဲတိုက်ခိုက်မှုများ၊ အီရန်၏ ဒုံးကျည်နှင့် ဒရုန်းများ အရှေ့အလယ်ပိုင်းတလွှားသို့ ကျရောက်မှုများနှင့် ဟော်မုဇ်ရေလက်ကြား လက်တွေ့တွင် ပိတ်ဆို့သွားခြင်းတို့သည် တရုတ်၏ ရေနံနှင့် ဓာတ်ငွေ့တင်သွင်းမှုကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။

တချိန်တည်းမှာပင် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံသည် ဆယ်စုနှစ်များစွာကြာအောင် အရှေ့အလယ်ပိုင်းတွင် တရုတ်၏ အဓိကမဟာမိတ် ဖြစ်ခဲ့သည်။ နိုင်ငံတကာ မီဒီယာအချို့ ဖော်ပြသကဲ့သို့ တရုတ်ထောက်လှမ်းရေးသင်္ဘော Liaowang-1 သည် ထိုဒေသတွင် အမေရိကန်၏ လှုပ်ရှားမှုများကို အီရန်သို့ သတင်းပေးပို့နေသည်ဆိုခြင်းမှာ မဟုတ်နိုင်ပေ။ ဂြိုဟ်တုဓာတ်ပုံများအရ ထိုအဆင့်မြင့်သင်္ဘောသည် ရှန်ဟိုင်းဆိပ်ကမ်းတွင် ရှိနေဆဲဖြစ်သည်။ သို့သော် အခြားသော တရုတ်သင်္ဘောများကမူ အီရန်ကို အသုံးဝင်သော သတင်းအချက်အလက်များ ထောက်ပံ့ပေးရာတွင် ပါဝင်နေနိုင်ပါသည်။

မည်သို့ပင်ဆိုစေကာမူ အရှေ့အလယ်ပိုင်းစစ်ပွဲများနှင့် ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုသစ်များသည် အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်၏ ရေရှည်မဟာဗျူဟာမြောက် အကျိုးစီးပွားများကို ပိုမိုခိုင်မာစေခဲ့သည်။

အိန္ဒိယသမုဒ္ဒရာ အလယ်ဗဟိုရှိ ကျွန်းစုများ

တရုတ်သည် မော်လ်ဒိုက်နိုင်ငံ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်။ မြို့တော် မာလီ (Male) နှင့် နိုင်ငံတကာလေဆိပ်ရှိရာ ဟူဟူလီ (Hulhule) ကျွန်း၊ လူနေရပ်ကွက်နှင့် စက်မှုဇုန်များရှိသည့် ဟူဟူမာလီ (Hulhumale) ကျွန်းတုတို့ကို ဆက်သွယ်ထားသည့် “ချစ်ကြည်ရေးတံတား” မှာ ထင်ရှားသော သာဓကတခုဖြစ်သည်။

မော်လ်ဒိုက်သို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များတွင် တရုတ်လူမျိုးက အများဆုံးဖြစ်ပြီး ၎င်း၏ ခရီးသွားလုပ်ငန်းတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုမှာ အလွန်ကျယ်ပြန့်သည်။ ပေကျင်းလိုလားသော အစိုးရနှင့် နယူးဒေလီလိုလားသော အစိုးရများ အလှည့်ကျ အာဏာရလာလေ့ရှိခြင်းသည် အိန္ဒိယသမုဒ္ဒရာ အလယ်ဗဟိုရှိ ထိုကျွန်းစုများ၏ မဟာဗျူဟာမြောက် တည်နေရာအပေါ် တရုတ်နှင့် အိန္ဒိယတို့က မည်မျှအရေးထားသည်ကို ပြသနေသည်။

တရုတ်သည် မော်လ်ဒိုက်၏ အနောက်တောင်ဘက်ရှိ ချားဂိုးစ်ကျွန်းစု (Chagos Archipelago) ၏ အခြေအနေကိုလည်း အနီးကပ် စောင့်ကြည့်နေသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ထိုကျွန်းစုနှင့် ပတ်သက်သည့် ဆယ်စုနှစ်များစွာကြာ အချုပ်အခြာအာဏာ အငြင်းပွားမှုမှာ ပြေလည်သွားခဲ့ပုံရသည်။ ယူကေသည် ၎င်း၏ ဗြိတိသျှ အိန္ဒိယသမုဒ္ဒရာ နယ်မြေကို မောရစ်ရှနိုင်ငံ (Mauritius) ထံ ပြန်လည်ပေးအပ်ရန် သဘောတူခဲ့သည်။ လွှဲပြောင်းပေးမည့် အသေးစိတ်အချက်အလက်များကို မသတ်မှတ်ရသေးသော်လည်း ၎င်းသည် ကုန်းမြေ ၅၆ စတုရန်းကီလိုမီတာနှင့် ပတ်ဝန်းကျင်ရှိ သမုဒ္ဒရာ ၅၄၅,၀၀၀ စတုရန်းကီလိုမီတာကို မည်သူပိုင်ဆိုင်ရမည်ဆိုသည်ထက် ပိုမိုလေးနက်သည်။

အိန္ဒိယသမုဒ္ဒရာ အလယ်ဗဟိုတွင် မဟာဗျူဟာမြောက် တည်ရှိနေသော ကျွန်းစုများပြ မြေပုံ/ PBS

အဆိုပါကျွန်းစုတွင် လက်ရှိ၌ အမြဲတမ်းနေထိုင်သူ မရှိသော်လည်း ၎င်း၏ အကြီးဆုံးကျွန်းဖြစ်သော ဒီယေဂိုဂါစီယာ (Diego Garcia) သည် အမေရိကန်၏ အရေးအပါဆုံးသော လေတပ်နှင့် ရေတပ်အခြေစိုက်စခန်း တည်ရှိရာနေရာဖြစ်သည်။ ယူကေနှင့် မောရစ်ရှတို့၏ သဘောတူညီချက်အရ အမေရိကန်စစ်တပ်သည် ထိုနေရာတွင် “ကနဦးကာလ” အဖြစ် ၉၉ နှစ်ကြာ ဆက်လက်ရှိနေနိုင်မည်ဖြစ်သည်။

ဝါရှင်တန်က စိုးရိမ်ချက်

မျှော်လင့်ထားသည့်အတိုင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဤသဘောတူညီချက်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ယခုနှစ်အစောပိုင်းတွင် ၎င်းက ယင်းလုပ်ရပ်သည် “အလွန်အမင်း အားနည်းမှု” နှင့် “ကြီးမားသော လူမိုက်လုပ်ရပ်” ဖြစ်သည်ဟု ဆိုခဲ့သည်။ ဤလုပ်ရပ်သည် ယူကေအတွက် အမည်းစက်ဖြစ်လာမည်ဖြစ်ပြီး အနောက်အုပ်စု၏ အင်အားကို ထိန်းသိမ်းရန်နှင့် မောရစ်ရှထံ လွှဲပြောင်းပေးပြီးနောက် တရုတ်၏ ဩဇာမလွှမ်းမိုးစေရန် ထိုနယ်မြေကို ဗြိတိသျှတို့က ဆက်လက်ထိန်းချုပ်ထားသင့်သည်ဟု ၎င်းက ဆိုသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်သည် မောရစ်ရှနိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် အပါအဝင် စီးပွားရေးအရ ရင်းနှီးသော ဆက်ဆံရေး တည်ထောင်ထားပြီး ယခုအခါ ထိုနိုင်ငံငယ်လေးတွင် အဓိက ရင်းနှီးမြှုပ်နှံသူ ဖြစ်လာသည်။ ထိုအမြင်ဖြင့် ကြည့်လျှင် ချားဂိုးစ်ကျွန်းစု၏ အဆင့်အတန်း ပြောင်းလဲမှုသည် အိန္ဒိယသမုဒ္ဒရာ၏ လုံခြုံရေးနှင့် အင်အားချိန်ခွင်လျှာအပေါ် ကြီးမားသော သက်ရောက်မှု ရှိလာနိုင်သည်။

အကယ်၍ တရုတ်တို့သည် မော်လ်ဒိုက်မှာကဲ့သို့ ခရီးသွားလုပ်ငန်းနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများမှတဆင့် ခြေကုပ်ရယူနိုင်ခဲ့လျှင် ဒီယေဂိုဂါစီယာရှိ အမေရိကန်စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်ရန် အချက်အချာကျသော နေရာတခု ရရှိသွားမည်ဖြစ်သည်။ ယင်းသည် ဝါရှင်တန်က စိုးရိမ်နေသည့် အချက်ပင်ဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်

ဟော်မုဇ်ရေလက်ကြားအပြင် အခြားသော အကျပ်အတည်းဖြစ်စေနိုင်သည့် နေရာ (Chokepoints) များလည်း ရှိနေပြီး ထိုနေရာတွင် CMEC စီမံကိန်းက အရေးပါလာသည်။ မြေပုံကို ကြည့်ရုံနှင့် မြန်မာနိုင်ငံမှတဆင့် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်သည် တရုတ်အတွက် မည်မျှအရေးကြီးသည်ကို သိနိုင်သည်။

လက်ရှိတွင် ကုန်သွယ်မှုသည် ကျဉ်းမြောင်းပြီး ကျပ်ညပ်နေသော မလက္ကာရေလက်ကြား (Strait of Malacca) နှင့် အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်တို့ကို ဖြတ်သန်းနေရသည်။ ထို့အပြင် လူအများ သတိမထားမိသည့် အိန္ဒိယ၏ နီကိုဘာကျွန်း (Nicobar Islands) နှင့် အင်ဒိုနီးရှား၏ ဆူမားတြားကျွန်းကြားရှိ ၁၅၀ ကီလိုမီတာ အကွာအဝေးမှာလည်း အရေးကြီးသည်။ ၂၀၀၁ ခုနှစ်ကတည်းက အိန္ဒိယသည် နယူးဒေလီ၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် တရုတ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် Andaman and Nicobar Command ကို ဖွဲ့စည်းခဲ့သည်။

ကပ္ပလီကျွန်းနှင့် နီကိုဘာကျွန်းများသည် ဘင်္ဂလားပင်လယ်အော်နှင့် မလက္ကာရေလက်ကြားကြားတွင် သဘာဝတံတိုင်းကြီးတခုသဖွယ် ရှိနေသည်

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အိန္ဒိယသည် နီကိုဘာကျွန်းစု၏ တောင်ဘက်အကျဆုံးကျွန်းတွင် လေဆိပ်သစ်တခု တည်ဆောက်မည်ဟု ကြေညာခဲ့သည်။ ၎င်းသည် စစ်ရေးနှင့် ခရီးသွားလုပ်ငန်းအတွက် ရည်ရွယ်ပြီး အိန္ဒိယရေတပ်က အဓိက ထိန်းချုပ်မည်ဖြစ်သည်။ အတိုချုပ်ပြောရလျှင် ကပ္ပလီကျွန်းနှင့် နီကိုဘာကျွန်းများသည် ဘင်္ဂလားပင်လယ်အော်နှင့် မလက္ကာရေလက်ကြားကြားတွင် သဘာဝတံတိုင်းကြီးတခုသဖွယ် ရှိနေသည်။

တရုတ်အတွက် တခုတည်းသောလမ်း

ငြိမ်းချမ်းသောကာလတွင် ဤအချက်သည် တရုတ်အတွက် ကြီးမားသော စိုးရိမ်စရာမဟုတ်သော်လည်း အိန္ဒိယသမုဒ္ဒရာတွင် ပဋိပက္ခများ ကျယ်ပြန့်လာပါက အခြေအနေ လုံးဝပြောင်းလဲသွားမည်ဖြစ်သည်။ ထိုအကျပ်အတည်းနေရာများ အားလုံးကို ရှောင်လွှဲနိုင်မည့် တခုတည်းသောလမ်းမှာ မြန်မာနိုင်ငံဖြစ်သည်။

CMEC စီမံကိန်းတခုတည်းဖြင့် လက်ရှိ ရေကြောင်းလမ်းများကို အစားထိုးရန် မဖြစ်နိုင်သော်လည်း၊ အနည်းဆုံးအားဖြင့် တရုတ်အတွက် အခြားရွေးချယ်စရာ လမ်းကြောင်းတခုနှင့် အင်ဒို-ပစိဖိတ်ဒေသတွင် ဩဇာချဲ့ထွင်ရန် အခြေခံစခန်းတခုကို ရရှိစေမည်ဖြစ်သည်။ ထို့ကြောင့် တရုတ်သည် မြန်မာ့အနာဂတ်ကို ပုံဖော်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်မည်မဟုတ်ဟု ယုံကြည်နေခြင်းမှာ ထူအလွန်းရာ ရောက်ပါလိမ့်မည်။

တရုတ်သည် အနောက်နိုင်ငံများက ငြင်းပယ်ထားသည့် နေပြည်တော် အစိုးရအပေါ် ထောက်ပံ့မှုများ ပေးနေခြင်းမှာ အံ့သြစရာမဟုတ်ပေ။ တရုတ်သည် မြန်မာနိုင်ငံ၏ မကြာသေးမီက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲများကို ချီးကျူးခဲ့ပြီး ပြည်တွင်းပဋိပက္ခများတွင် လက်တွေ့ကျသော ကြားဝင်စေ့စပ်သူအဖြစ် ပိုမို ပါဝင်လာနေသည်။

ပထဝီနိုင်ငံရေးကစားပွဲများကြား ပိတ်မိနေ

ဧပြီလတွင် နေပြည်တော်၌ အစိုးရသစ် တက်လာသောအခါ တရုတ်သည် ပထမဆုံး ကြိုဆိုမည့်သူ ဖြစ်လာနိုင်ပြီး ယင်းသည် အမေရိကန်ကိုလည်း မြန်မာစစ်တပ်အပေါ်ထားရှိသည့် တင်းမာသော မူဝါဒကို ပြောင်းလဲရန် တွန်းအားပေးလာနိုင်သည်။ ဝါရှင်တန်တွင်လည်း ပိတ်ဆို့မှုများကြောင့် မြန်မာသည် ပေကျင်း၏ လက်တွဲဖော် ပိုဖြစ်လာနေသည်ဆိုသည့် ဆွေးနွေးမှုများ ရှိနေသည်။

အချို့သော အမေရိကန် လေ့လာဆန်းစစ်သူများက မြေရှားသတ္တု ရရှိရေးနှင့် ပေကျင်း၏ ဩဇာကို တန်ပြန်ရန်အတွက် မြန်မာစစ်ဗိုလ်ချုပ်များနှင့် “ချိန်ညှိထားသော ထိတွေ့ဆက်ဆံမှု” (Calibrated engagement) ပြုလုပ်ရန် အကြံပြုလာကြသည်။ ဤသည်မှာ တရားဝင်မူဝါဒအဖြစ် မပြောင်းလဲသေးသော်လည်း ဖြစ်လာနိုင်ခြေရှိသည့် အခြေအနေတခု ဖြစ်သည်။

အရှေ့အလယ်ပိုင်းစစ်ပွဲများသည် တရုတ်နှင့် အမေရိကန်တို့ကို ဆန့်ကျင်ဘက် အခြမ်းများသို့ ရောက်စေပြီး ဒေသတခုလုံးတွင် အကျိုးဆက်များကို ဖြစ်ပေါ်စေခဲ့သည်။ မြန်မာနိုင်ငံသည် ဤမဟာအင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှု လမ်းဆုံလမ်းခွတွင် ရောက်နေပြီး၊ စစ်ကောင်စီက ကိုင်တွယ်နိုင်စွမ်းမရှိသော အင်အားကြီး နိုင်ငံများ၏ ပထဝီနိုင်ငံရေးကစားပွဲများကြားတွင် ပိတ်မိနေပါသည်။

(ဧရာဝတီအင်္ဂလိပ်ပိုင်းပါ Middle East Wars Only Increase Myanmar’s Strategic Value for China ကို ဘာသာပြန်သည်။)

]]>
စစ်ပွဲကြားက မြန်မာကို တရုတ် လျှပ်စစ်ကားများက မည်သို့ ပြောင်းလဲစေသနည်း https://burma.irrawaddy.com/article/2025/12/09/408893.html Tue, 09 Dec 2025 04:47:34 +0000 https://burma.irrawaddy.com/?p=408893 ၂၀၂၄ ခုနှစ်တွင် လျှပ်စစ်ကား ၁၇ သန်း ရောင်းချသည်။ ထိုရောင်းချမှု၏ ၃ ပုံ ၂ ပုံသည် တရုတ်မှ ဖြစ်သည်]]>

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အမှောင်ထု စတင်ကျဆင်းလာသောအခါ နန်းဆိုင်ငန်သည် ခြေလှမ်းမြန်လာသည်။ သူ၏ အိမ်သို့ရောက်ရန် ထူထပ်သော ရာဘာတောကို ဖြတ်ကာ ၁ ကီလိုမီတာခန့် သူလျှောက်ရဦးမည် ဖြစ်သည်။

“အဲဒီသစ်တောမှာလျှောက်ရတာ ငယ်ငယ်က ကြောက်သလို အခုလည်း ကြောက်နေတယ်” ဟု သူကပြောပြပြီး သူ၏ရွာကို ဝါးမြိုထားသည့် အဆုံးမရှိသော သစ်ပင်တန်းကို သရုပ်ဖော်ပြသည်။

ကလေးတဦးအနေဖြင့် သူနှင့် သူ့သူငယ်ချင်းများကို ထိုနေရာသို့ မသွားရန် ပြောဆိုခံရသည်။ “အဲဒါ အန္တရာယ်များတယ်လို့ ပြောတယ်။ အရမ်းမှောင်တယ်။ ဒါပေမယ့် စိုက်ခင်းတွေက နေရာတိုင်းမှာပဲ။ ကျောင်းမှာတောင်မှ ရှိတယ်။ ဘာပဲဖြစ်ဖြစ် တချို့ကလေးတွေကတော့ အဲဒီမှာသွားဆော့ပြီး လူကြီးတွေ မသိအောင် ညာထားတယ်” ဟု သူက ပြောသည်

ယခုအခါ အသက် ၂၀ တွင်းသို့ ရောက်လာပြီး ကလေးဘဝက သိသည်ထက် သူအနည်းငယ်သာ ပိုမိုသိသည်။ “အဲဒီစိုက်ခင်းတွေကို တရုတ်တွေ ပိုင်တယ်။ ဒါပဲ ကျမတို့ကို ပြောတယ်။ ဝ စစ်တပ်က သူတို့ကို ခွင့်ပြုထားတယ်။ ကျမတို့က ပါးစပ်ပိတ်ထားဖို့ပဲ” ဟု သူကပြောသည်။

ရာဘာရှေ့တန်း စစ်မျက်နှာသစ်

လက်နက်ကိုင်အဖွဲ့များနှင့် စစ်တပ်အကြား ကာလကြာမြင်စွာ စစ်မြေပြင်ဖြစ်နေခဲ့သော ရှမ်းပြည်နယ် အရှေ့ပိုင်းသည် ကမ္ဘာ့နောက်ဆုံး ရာဘာစစ်မျက်နှာ ဖြစ်လာသည်။ တချိန်က ရွှေ့ပြောင်းတောင်ယာများကို တောင်တန်းများတလျှောက် သပ်ရပ်စွာ အတန်းလိုက် စိုက်ထားသည့် ရာဘာပင်များက အစားထိုး ဝင်ရောက်လာသည်။

မြန်မာ့သဘာဝရော်ဘာတင်ပို့မှုတန်ဖိုး

ထိုသို့ ပြောင်းလဲမှုနောက်ကွယ်တွင် မြန်မာ၏ အင်အားအကြီးမားဆုံး လက်နက်ကိုင်အဖွဲ့အစည်း ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် တရုတ်က ၎င်း၏ စက်မှုလုပ်ငန်းများအတွက် သဘာဝ ရာဘာ အကြီးအကျယ် လိုအပ်ချက် ရှိနေသည်။

မြန်မာသည် ၂၀၂၄ ခုနှစ်တွင် သဘာဝ ရာဘာ ၆၂,၀၀၀ တန် တင်ပို့ပြီး ၄ ပုံ ၃ ပုံကို တရုတ်သို့ တင်ပို့ခြင်း ဖြစ်သည်။ ထိုပမာဏကို ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၃၀၀,၀၀၀ သို့ မြှင့်တင်ရန် စစ်အစိုးရက ရည်ရွယ်သည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နှင့် ဒေသတွင်း ကျယ်ပြန့်သော စီးပွားရေး ပူပေါင်းဆောင်ရွက်မှု (RCEP) အောက်မှ အခွန်ကင်းလွတ်ခွင့်ကဲ့သို့ ကုန်သွယ်ရေး မူဘောင်များသည် မြန်မာရာဘာကို အထူး စွဲဆောင်မှု ရှိစေသည်။

တရုတ်နိုင်ငံ၏ လျှပ်စစ်ကားများသည် ကမ္ဘာ့ဈေးကွက်သို့ အရှိန်မြှင့်လာနေသည်/ Thai News Pix

မော်တော်ယာဉ် တာယာထုတ်လုပ်မှုသည် ကမ္ဘာ့ရာဘာ သုံးစွဲမှု၏ ၇၀ ရာခိုင်နှုန်းရှိသည်။ သန့်စင်သော စွမ်းအင်သို့ ကူးပြောင်းမှု အဆင်ပြေစေရန် လျှပ်စစ် မော်တော်ယာဉ်များ တိုးမြှင့်ထုတ်လုပ်မှုသည် ရာဘာဝယ်လိုအားကို မြင့်မားစေမည်ဟု သတင်းများက ဖော်ပြကြသည်။

အထူးသဖြင့် လျှပ်စစ်မော်တော်ယာဉ်များ အလေးချိန် ပိုမိုများပြားသောကြောင့် ၎င်း၏ တာယာများသည် ရိုးရိုးအင်ဂျင်သုံး မော်တော်ယာဉ် တာယာများထက် ပျက်စီးမှု ၃၀ မှ ၄၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်သည်။

တကမ္ဘာလုံးတွင် လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်မှု အရှိန်မြင့်မားနေသည်။ ၂၀၂၄ ခုနှစ်တွင် လျှပ်စစ်ကား ၁၇ သန်း ရောင်းချသည်။ ထိုရောင်းချမှု၏ ၃ ပုံ ၂ ပုံသည် တရုတ်မှ ဖြစ်သည်။ တရုတ် မပါဝင်သည့် ထွန်းသစ်စ အာရှစီးပွားရေးများသည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း လျှပ်စစ်ကား ရောင်းချမှု ၄၀ ရာခိုင်နှုန်းကျော် တိုးတက်လာသည်ကို ကြုံရသည်။

ထို အရှိန်အဟုန်အတိုင်း ဆက်ရှိနေပါက ကမ္ဘာ့လျှပ်စစ်ကား အရေအတွက်သည် ၂၀၃၀ ခုနှစ်တွင် သန်း ၂၅၀ သို့ ရောက်မည်ဖြစ်သည်။

လျှပ်စစ်ကား ထုတ်လုပ်ဖြန့်ချိရေး ကွင်းဆက်သည် ရာဘာဝယ်လိုအား မြင့်မားလာခြင်း၏ အဓိက မောင်းနှင်အားတခုဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ အယုဒ္ဓယဘဏ် အပါအဝင် လေ့လာမှု အများအပြားက ဖော်ပြကြပြီး တရုတ်နိုင်ငံသည် အများဆုံး သုံးစွဲသည့်နိုင်ငံဖြစ်ကာ ကမ္ဘာ့ရာဘာသုံးစွဲမှု၏ ၄၅ ရာခိုင်နှုန်းကို ရှိသည်။

လျှပ်စစ်ကား ထုတ်လုပ်ဖြန့်ချိရေး ကွင်းဆက်သည် ရာဘာဝယ်လိုအား မြင့်မားလာခြင်း၏ အဓိက မောင်းနှင်အားတခုဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ အယုဒ္ဓယဘဏ် အပါအဝင် လေ့လာမှု အများအပြားက ဖော်ပြကြပြီး တရုတ်နိုင်ငံသည် အများဆုံး သုံးစွဲသည့်နိုင်ငံဖြစ်ကာ ကမ္ဘာ့ရာဘာသုံးစွဲမှု၏ ၄၅ ရာခိုင်နှုန်းကို ရှိသည်။

တာယာထုတ်လုပ်သူများသည် ကုန်ပစ္စည်းသစ်များကို သုတေသနပြုနေကြသော်လည်း သဘာဝ ရာဘာသည် အဓိက ဆက်လက်ဖြစ်နေသည်။

ရှမ်းပြည်အရှေ့ပိုင်းတွင် စိုက်ခင်းများမည်မျှ မြန်ဆန်စွာ ပျံ့နှံ့နေသည်ကို ဂြိုဟ်တုဓာတ်ပုံများက ပြသနေသည်။ ယခုအခါ UWSA ထိန်းချုပ်ဒေသတွင် ရာဘာစိုက်ခင်း ဟက်တာ ၅ သောင်းကျော် ရှိသည်။

မြန်မာ-ထိုင်းနယ်စပ်တလျှောက် ရော်ဘာစိုက်ခင်းများ ပြသထားသည့်မြေပုံ

ကော့မြစ်တလျှောက်မှ စိုက်ခင်းတခုသည် ၁၁ ကီလိုမီတာ ရှည်လျားပြီး ၈,၃၀၀ ဟက်တာရှိကာ ထိုင်းနယ်စပ်နှင့် ၃ ကီလိုမီတာသာ ဝေးသည်။ အခြားစိုက်ခင်းတခုသည် ဟက်တာ ၃,၆၀၃ ဟက်တာ ကျယ်ပြီး ရောက်မြစ် အနီးတွင် ရှိသည်။ ထိုမြစ် နှစ်စင်းသည် ရှမ်းပြည်နယ်မှ ထိုင်းနိုင်ငံသို့ စီးဝင်ကြပြီးနောက် လူ သန်း ၇၀ မှီတင်းနေထိုင်ရသည့် အရှေ့တောင်အာရှ၏ အရှည်ဆုံးမြစ်ဖြစ်သော မဲခေါင်မြစ်အတွင်း ဆက်လက် စီးဝင်သည်။

ကော့မြစ်အတွင်း အာဆင်းနစ် ပါဝင်မှုအဆင့်သည် လုံခြုံရေးသတ်မှတ်ချက်ဖြစ်သည့် ဝ.၀၁ မီလီဂရမ် / လီတာထက် ကျော်လွန်နေကြောင်း မဲခေါင်မြစ်ကော်မရှင်က ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ဖော်ပြခဲ့သည်။ ထိုင်းနိုင်ငံ ညစ်ညမ်းမှုထိန်းချုပ်ရေးဌာန (TPCD) ကလည်း ထိုတွေ့ရှိချက်ကို စောင့်ကြည့်ရေး စခန်း ၁၅ ခုတွင် အတည်ပြုသည်။

ဘိန်းမှ ရာဘာသို့

မျှော်လင့်မထားသည့်အချက်မှာ မြန်မာတွင် ရာဘာစိုက်ပျိုးမှု ထွန်းကားခြင်းသည် ဘိန်းတိုက်ဖျက်ရေး ရည်ရွယ်သည့် အစီအစဉ်မှ စတင်လာခြင်း ဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် စတင်သည့် တရုတ်၏ ဘိန်းအစားထိုး အစီအစဉ် (ORP) သည် အဓိကအားဖြင့် ရာဘာပါဝင်သည့် ငွေပေါ်သီးနှံများ စိုက်ပျိုးရန် တရုတ်လုပ်ငန်းများကို ငွေကြေးစိုက်ထုတ်ပေးပြီး မြန်မာနိုင်ငံမြောက်ပိုင်းနှင့် လာအိုနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု လျှော့ချရန် ရည်ရွယ်သည်။

ယူနန်ပြည်နယ် စိုက်ပျိုးရေးအုပ်စု (YSFG) နှင့် ကွမ်တုံ ဂွမ်ကန် ရာဘာ (GGR) ကဲ့သို့သော နိုင်ငံပိုင် လုပ်ငန်းကြီးများသည် ထောက်ပံ့ကြေးများ၊ လိုက်လျောချေးငွေများ၊ အခွန်ဆိုင်းငံ့မှုများ၊ အခွန်ကင်းလွတ်ခွင့် ဝေစုများ ရရှိကြသည်။

၂၀၀၆ ခုနှစ်တွင် YSFG ၏ လုပ်ငန်းခွဲတခုသည် ဝ ပိုင်နက်တွင် ဟက်တာ ၆,၆၀၀ အတွက် သဘောတူညီမှုတခု လက်မှတ်ရေးထိုးသည်။ အခြားလုပ်ငန်းခွဲတခုဖြစ်သော Dongfeng Tianyu Co. Ltd., ကလည်း ၂၀၀၇ ခုနှစ်တွင် ဟက်တာ ၁,၃၀၀ အတွက် နှစ် ၃၀ သဘောတူညီချက် လက်မှတ်ရေးထိုးသည်။ ၂၀၀၈ ခုနှစ် ရောက်သောအခါ ထိုကုမ္ပဏီက တရုတ်နယ်စပ်အနီး UWSA မြို့တော် ပန်ခမ်းတွင် အပင်ပေါင်း ၂၃၀,၀၀၀ စိုက်ပျိုးကြောင်း ဖော်ပြသည်။

ORP သည် မြေလုယူသည့် သေနင်္ဂဗျူဟာနှင့်တူကြောင်း ဝေဖန်သူများ စောဒကတက်ပြီး အကျိုးအမြတ်များသည် ဘိန်းတောင်သူဟောင်းများထက် တရုတ်လုပ်ငန်းများသို့ ပိုမိုစီးဆင်းနေကြောင်း သတိပေးသည်။

၂၀၁၀ ပြည့်နှစ်တွင် ရာဘာဈေးများ တက်သောအခါ YSFG က ထပ်မံ တိုးချဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ထိုလုပ်ငန်းသည် ပန်ခမ်းတွင် အမေရိကန် ဒေါ်လာ ၃.၈၉ သန်းတန် ရာဘာပြုပြင်သည့် စက်ရုံတခုဖွင့်ပြီး ၎င်း၏ လုပ်ငန်းခွဲ Menglian Rubber Co. Ltd., ကို စီမံစေသည်။

ထိုပြုပြင်ပြီး ရာဘာများကို Yunnan Natural Rubber Industry Group သို့ ပေးပို့ပြီး ထိုလုပ်ငန်းက စစ်ဆောင်ပန္နားတွင် တာယာအဆင့် TSR20 ထုတ်လုပ်သည်။

၎င်း၏ရာဘာသည် ကမ္ဘာ့ထိပ်တန်း တာယာထုတ်လုပ်သူ ၁၀ ဦး၏ ထုတ်လုပ်ဖြန့်ချိရေး ကွင်းဆက်တွင် ပါဝင်သည်ဟု ထိုလုပ်ငန်းက ပြောသော်လည်း မည်သည့်လုပ်ငန်းဖြစ်သည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

တရုတ်နိုင်ငံ၏ စိုးမိုးမှုသည် ထင်ရှားသည်။ တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် တာယာ ၁.၁၈ ဘီလီယံ ထုတ်လုပ်ပြီး ၎င်းအနက် ၆၈၁ သန်းကို ပြည်ပသို့တင်ပို့ကာ အများအပြားမှာ လျှပ်စစ်မော်တော်ယာဉ် လုပ်ငန်းအတွက် ဖြစ်သည်။ ထုတ်လုပ်မှုကို ထိန်းသိမ်းထားရန်အတွက် တရုတ်နိုင်ငံသည် နှစ်စဉ် ရော်ဘာတန် ၅ သန်း တင်သွင်းပြီး ၎င်းအနက် ၄ သန်းသည် မော်တော်ယာဉ်များအတွက် တာယာလုပ်ငန်းတွင် သုံးသည်။

တရုတ်နိုင်ငံ၏ စိုးမိုးမှုသည် ထင်ရှားသည်။ တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် တာယာ ၁.၁၈ ဘီလီယံ ထုတ်လုပ်ပြီး ၎င်းအနက် ၆၈၁ သန်းကို ပြည်ပသို့တင်ပို့ကာ အများအပြားမှာ လျှပ်စစ်မော်တော်ယာဉ် လုပ်ငန်းအတွက် ဖြစ်သည်။ ထုတ်လုပ်မှုကို ထိန်းသိမ်းထားရန်အတွက် တရုတ်နိုင်ငံသည် နှစ်စဉ် ရော်ဘာတန် ၅ သန်း တင်သွင်းပြီး ၎င်းအနက် ၄ သန်းသည် မော်တော်ယာဉ်များအတွက် တာယာလုပ်ငန်းတွင် သုံးသည်။

တဖက်တွင်လည်း မြန်မာသည် ၎င်း၏ ကုန်ချောတာယာ အများစုကို တရုတ်မှ တင်သွင်းပြီး ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၈.၁ သန်းဖိုးရှိသည်။ မြန်မာတွင် စွမ်းရည် အကန့်အသတ်ရှိသော ပုဂ္ဂလိက တာယာလုပ်ငန်း တခုနှင့် အရေးယူပိတ်ဆို့မှုများကြောင့် ရုန်းကန်နေရသည့် နိုင်ငံပိုင်ကုမ္ပဏီတခုသာ ရှိသည်။

၂၀၀၀ ပြည့်နှစ်များ နှောင်းပိုင်းသို့ ရောက်သောအခါ ရှမ်းပြည်နယ်မှ ဧကသိန်းပေါင်းများစွာသော မြေများကို ORP အရ ရာဘာစိုက်ခင်းများအဖြစ် ပြောင်းလဲပစ်သည်။ ၂၀၀၈ ခုနှစ်တွင် YSFG တခုတည်းကပင် မြန်မာနှင့် လာအိုတွင် ၁,၃၃၃ ဟက်တာ စိုက်ထားပြီး နောက်နှစ်များတွင် ၃၃,၃၃၃ ဟက်တာအထိ တိုးချဲ့ရန် ရည်မှန်းချက် ချထားသည်။

သို့သော် ထိုအစီအစဉ်သည် ပေးဆပ်ရသောတန်ဖိုး မြင့်မားသည်။ အတင်းအကျပ် မောင်းထုတ်ခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် စိုက်ခင်းများအတွက် မြေရှင်းရန် လယ်သမားများကို ၎င်းတို့၏ သစ်တောများကို မီးရှို့ရန် အမိန့်ပေးသည်ဟု လူ့အခွင့်အရေးစောင့်ကြည်သူများက မှတ်တမ်းတင်ထားသည်။

ဖြစ်ရပ်အများအပြားတွင် မြေကို တရုတ်ကုမ္ပဏီများ သို့မဟုတ် ဝ စစ်ပြန်များသို့ လွှဲပြောင်းပေးကြောင်း ရွာသားများ၏ အဆိုအရ သိရသည်။

မှောက်မိုက်သော အရိပ်အောက်တွင်

ရွာသားများအတွက် ရာဘာထွန်းကားမှု ကတိများသည် အနှစ်သာရ မရှိကြောင်း ပြသနေသည်။ “ရာဘာက စပါးစိုက်တာထက် ဝင်ငွေကောင်းမယ်လို့ သူတို့က ကျနော်တို့ကို ပြောတယ်” ဟု မိုင်းဆတ်တောင်ပိုင်းတွင် ကြက်ပေါင်စေး ထုတ်သူအဖြစ် လုပ်ကိုင်နေသည့် အသက် ၃၅ နှစ်အရွယ် စိုင်းမောင်က ပြောသည်။

ယနေ့တွင် သူသည် ယခင်က သူပိုင်သည့်မြေတွင် ကြက်ပေါင်စေး ထုတ်ယူရပြီး တနေ့ယွမ် ၂၀ (၂.၈၁ အမေရိကန် ဒေါ်လာခန့်) ရသည်။

ထိုအလုပ်သည် တရုတ်စကား ပြောတတ်သည့် ပြင်ပလူများထံသို့ မကြာခဏ ရောက်သွားတတ်သည်။ “တရုတ်စကား နည်းနည်းပြောတတ်လို့ ကျနော် ကံကောင်းတယ်” ဟု စိုင်းမောင်က ပြောသည်။ အများအပြားသည် တရုတ်စကား မပြောတတ်ဘဲ ဆက်လက် ပိတ်မိနေသည်။

ထိုင်းနယ်စပ်မှ အကြီးဆုံး ရှမ်းမြို့ဖြစ်သော တာချီလိတ်မှ တရက်တာ ခရီးအဝေးတွင် စိုက်ခင်းများသည် ဟက်တာ ၂,၀၀၀ ကျော်ရှိပြီး လေယာဉ်ကွင်း ပြေးလမ်းအနီးသို့ ရောက်လုနီးပါး ဖြစ်နေသည်။

ထိုင်းနယ်စပ်မှ အကြီးဆုံး ရှမ်းမြို့ဖြစ်သော တာချီလိတ်မှ တရက်တာ ခရီးအဝေးတွင် စိုက်ခင်းများသည် ဟက်တာ ၂,၀၀၀ ကျော်ရှိပြီး လေယာဉ်ကွင်း ပြေးလမ်းအနီးသို့ ရောက်လုနီးပါး ဖြစ်နေသည်။

တရုတ်ကုမ္ပဏီတခုကို မိုင်းဖောင်ကျေးရွားအုပ်စုအနီးတွင် ဟက်တာ ၂,၀၀၀ စိုက်ပျိုးခွင့် ပေးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ၂၀၂၁ ခုနှစ်တွင် အစီရင်ခံခဲ့သည်။ “ကျေးရွာ ၁၇ ရွာကို မြန်မာစစ်တပ်နှင့် ဒေသခံလက်နက်ကိုင်အဖွဲ့က အတင်းအကျပ် မြေရှင်းမီးရှို့စေပြီး အပင်ပေါက်များ စိုက်ပျိုးစေသည်။ အခါ ကျေးရွာ သုံးခုကိုလည်း အတင်းအကျပ် နေရာရွှေ့ပြောင်းသည်” ဟု ထိုအဖွဲ့က ရေးသားခဲ့သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဖုန်းအနီး၊ Ruak နှင့် မဲခေါင်မြစ်အထက် ရော်ဘာခြံ/ Google Earth

ထိုနေရာသည် ၂,၂၀၀ ဟက်တာ ကျယ်သည့် ရာဘာခြံဝင်းတခုအဖြစ် ပြောင်းသွားကာ ရောက်မြစ်နှင့် နောက်ဆုံးတွင် မဲခေါင်မြစ်သို့ စီးဝင်သည့် စမ်းချောင်းများကို လွှမ်းမိုးနေကြောင်း ဂြိုဟ်တုဓာတ်ပုံများက ပြသနေသည်။

အထွက်နှုန်း၊ ဓာတုပစ္စည်းများနှင့် ထိန်းချုပ်မှု

တရုတ်စိုက်ခင်းများသည် ဒေသခံစိုက်ခင်းများထက် ထွက်နှုန်း ပိုမိုမြင်မားပြီး တနှစ်လျှင် တဟက်တာတွင် ရာဘာ ၁,၂၀၀ ကီလိုဂရမ်အထိ ထွက်သည်။ ပိုမိုသိပ်သည်းသည့် စိုက်ပျိုးနည်းများကြောင့်ဖြစ်ကြောင်း၊ ထိုသို့ စိုက်ပျိုးခြင်းကို ရှမ်းပြည်နယ်တွင်လည်း တွေ့ရကြောင်း သုတေသီများက ပြောသည်။ သို့သော် အပင်တမျိုးတည်းကို သိပ်သည်းစွာ စိုက်ပျိုးခြင်းသည် သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်စေသည်။

“ရာဘာက ပုံမှန် မြေသြဇာ လိုတယ်။ အထူးသဖြင့် အပင်တမျိုးတည်း စိုက်တဲ့အခါ ပိုမိုလိုအပ်တယ်” ဟု ထိုင်းရာဘာစိုက်ခင်း ကျွမ်းကျင်သူ ဆူဖာချိုင် ခန်ကွန်းက ပြောသည်။ “ထွက်နှုန်းတိုးစေတဲ့ မြေသြဇာဆိုတာ ဓာတုပစ္စည်း သက်သက်ပဲ။ အော်ဂင်းနစ် မြေသြဇာတွေက အပင်အစာချက်တာကို ကောင်းစေပေမဲ့ ထွက်နှုန်း မတိုးဘူး” ဟု ၎င်းကပြောသည်။

မြေသြဇာ အလွန်အမင်း အသုံပြုခြင်းသည် အက်စစ်နှင့်သန့်စင်ခြင်းတို့ ပေါင်းစပ်လိုက်သောအခါ ရှမ်းပြည်နယ်တဝန်းတွင် ရေညစ်ညမ်းခြင်းကို ပိုမိုဆိုးရွားစေပြီး မြေလွှာပြုန်းတီး ယိုယွင်းမှုအဆင့် လျော့ကျစေသည်။

ရှမ်းပြည်နယ်ကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံနှင့် မဲခေါင်မြစ်သို့ စီးဝင်သည့် မြစ်များ၏ ရေအရည်အသွေးကို စောင့်ကြည့်နေသည့် ထိုင်းဓာတုဗေဒ တွဲဖက်ပါမောက္ခ ဝန်ဝီရိယက ရုတ်တရက် ရေလွှမ်းမိုးမှုအပြင် ထိုမြစ်များမှရေတွင် အာဆင်းနစ်၊ ကက်ဒ်မီယံ၊ မန်ဂနိစ်နှင့် နစ်ကယ် အပါအဝင် သိပ်သည်းဆများသော သတ္တုများ ကြောက်စရာကောင်းလောက်အောင် မြင့်မားနေကြောင်း တွေ့ရှိသည်။

ရှမ်းပြည်နယ်ကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံနှင့် မဲခေါင်မြစ်သို့ စီးဝင်သည့် မြစ်များ၏ ရေအရည်အသွေးကို စောင့်ကြည့်နေသည့် ထိုင်းဓာတုဗေဒ တွဲဖက်ပါမောက္ခ ဝန်ဝီရိယက ရုတ်တရက် ရေလွှမ်းမိုးမှုအပြင် ထိုမြစ်များမှရေတွင် အာဆင်းနစ်၊ ကက်ဒ်မီယံ၊ မန်ဂနိစ်နှင့် နစ်ကယ် အပါအဝင် သိပ်သည်းဆများသော သတ္တုများ ကြောက်စရာကောင်းလောက်အောင် မြင့်မားနေကြောင်း တွေ့ရှိသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လက သူ၏ လေ့လာမှုအရ ထိုင်းနယ်စပ်မှ လေ့လာစောင့်ကြည့်ရေးစခန်း ကိုးခုအနက် ရှစ်ခုတွင် ညစ်ညမ်းမှုသည် အန္တရာယ်များသည့်အဆင့်သို့ ရောက်နေသည်။ ရှမ်းပြည်နယ်မှ အကြီးမားဆုံး ရာဘာခြံဝင်းအနီးရှိ စခန်းနှစ်ခုတွင် “အလွန်အန္တရာယ်များသည့်အဆင့်” နှင့် “အလွန့်အလွန် အန္တရာယ်များသည့်အဆင့်” သို့ ရောက်နေသည်။ ထိုမြစ်များမှရေသည် လမ်းကြောင်းတလျှောက်မှ အသက်ဇီဝတိုင်းကို အန္တရာယ် ကျရောက်စေနိုင်သည်။

ရှမ်းပြည်နယ်နှင့် မဲခေါင်မြစ်များမှ စီးဆင်းလာသော မြစ်များပေါ်တွင် ရေအရည်အသွေး စောင့်ကြည့်စစ်ဆေးခြင်း/ Wan Wiriya

ထိုလေ့လာမှုကို သူ၏အဖွဲ့က ကျယ်ပြန့်သော ရာဘာစိုက်ခင်းများအား သတိမထားမိစဉ်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအချင်းအရာ၏ အကျိုးဆက်များကို ဂရုတစိုက် လေ့လာရန် လိုအပ်သည်ဟု တွဲဖက်ပါမောက္ခ ဝန်ဝီရိယက ပြောသည်။ ရာဘာတမျိုးတည်း စိုက်ပျိုးသည့် စိုက်ခင်းများကို သူ မကြာမီ သိပ္ပံနည်းကျ စမ်းသပ်သုတေသန ပြုမည်ဖြစ်သည်။ သူ့အတွက် စိုက်ခင်းများနှင့် ပြုပြင်ရေးစက်ရုံများမှ မသိရသေးသည့် အခြေအနေသည် စိုးရိမ်စရာဖြစ်နေသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကိုးမြစ်ပေါ်ရှိ အကြီးဆုံး ရော်ဘာကွန်ပေါင်းများထဲမှ တစ်ခုဖြစ်သော ရော်ဘာ ပြုပြင်ရေး စက်ရုံ/ Google Earth

“သဘာဝ သစ်တောတွေကနေ ပြောင်းလာတဲ့ ကျယ်ပြန့်တဲ့ ရာဘာစိုက်ခင်းတွေ မြေထုတ်ယူမှု အကြီးအကျယ် ဖြစ်စေတယ်။ အဲဒီတခုတည်းနဲ့တင် မြေကြီးကနေ အာဆင်းနစ်နဲ့ အခြားသိပ်သည်းဆများတဲ့ သတ္တုတွေ အကြီးကျယ် ထွက်စေပြီး မြစ်တွေအပါအဝင် သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတယ်။ အပင် တမျိုးတည်းစိုက်တဲ့ စိုက်ခင်းတွေဟာ ဓာတုမြေသြဇာ အရမ်း လိုအပ်တယ်။ ရာဘာပြုပြင်သန့်စင်တဲ့ လုပ်ငန်းကလည်း သဘာဝပတ်ဝန်းကျင် ဆယ်စုနှစ်များစွာ ဒါမှမဟုတ် ရာစုနှစ်များစွာ ကျန်နေတတ်တဲ့ အက်စစ်တွေ အများအပြား လိုအပ်တယ်” ဟု တွဲဖက်ပါမောက္ခ ဝမ်က ပြောသည်။

ဂြိုဟ်တု ဓာတ်ပုံများကို သရုပ်ခွဲလေ့လာမှုအရ သိပ်သည်းသော စိုက်ခင်းအတွင်းတွင် ရာဘာသန့်စင်သည့် စက်ရုံနှင်တူသော အဆောက်အအုံ အနည်းဆုံး ၁၀ ခုရှိကြောင်း ပြသနေသည်။

စိုးရိမ်စရာကောင်းသော မြစ်အောက်ပိုင်း

ရှမ်းပြည်နယ်မှ စိုင်မြစ်အောက်ဘက်တွင်ရှိသော ထိုင်းနယ်စပ်မြို့ မယ်ဆိုင်သည် မကြာသေးမီ နှစ်များအတွင်း အဓိကကျသည့် ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုအနည်းဆုံး လေးကြိမ် ခံစားရသည်။ အဆိုးဆုံးမှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကဖြစ်ပြီး တမြို့လုံးကို ဝါးမြိုလုနီးပါး ဖြစ်ခဲ့သည်။ ထိုပုံစံသည် “သမိုင်းတွင် မကြုံဖူးသည့်” ပုံစံဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောပြီး ၂၀၂၅ ခုနှစ်တွင် ၂၆ ရက်အတွင်း ရေလွှမ်းမိုးသည့် ခရိုင် နှစ်ဆ တိုးလာသည်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်တွင် စက်တင်ဘာ ၂၀၂၄ ရေကြီးအပြီး ရွှံ့များ တင်ကျန်နေ/ Thai News Pix

“စိုက်ခင်းကြောင့်ဖြစ်ပေါ်တဲ့ မြေဆီလွှာတိုက်စားမှုက အပေါ်ယံမြေကို ကာကွယ်တဲ့အလွှာကို ဖယ်ရှားလိုက်တယ်။ မိုးရွာတဲ့အခါကျတော့ မျက်နှာပြင်တွေကို တိုက်စားတယ်။ ရေက မြေကြီးထဲကို စိမ့်ဝင်ရမယ့်အစား လျင်မြန်စွာ ဖြတ်သန်းစီးဆင်းပြီး လျင်မြန်စွာ စုစည်းကာ ရုတ်တရက် ရေလွှမ်းမိုးမှု ဖြစ်စေတယ်။ သည်းထန်တဲ့မိုးက တောင်စောင်းတွေကို ရေဝင်တဲ့အခါ တည်ငြိမ်မှု လျော့ကျစေပြီး မြေကို အားနည်းစေပြီး တောင်ခြေကို မြေဆွဲအားကြောင့် ပြိုကျစေတယ်” ဟု စတော့ဟုမ်း သဘာဝ ပတ်ဝန်းကျင် အင်စတီကျုမှ သန်နာပိုလ် ပီမန်းက ပြောသည်။ သူသည် ၂၀၁၉ ခုနှစ်မှ စတင်ပြီး ထိုင်းနိုင်ငံ၊ မယ်ဆိုင် ရေလွှမ်းမိုးမှုကို လေ့လာနေသူဖြစ်သည်။

ရေလွှမ်းမိုးမှု အကြိမ်များလာပြီး ပိုမိုပြင်းထန်လာခြင်းသည် လူမှုအသိုက်အဝန်းများနှင့် အခြေခံအဆောက်အအုံများ ထပ်မံ မထိခိုက်စေရန်အတွက် နယ်စပ်ဖြတ်ကျော် အရေးပေါ် ရေစီမံခန့်ခွဲမှု အဖြေများ လိုအပ်သည်ဟု သူက သတိပေးသည်။

ရှမ်းပြည်နယ်မှ အကြီးမားဆုံး ရာဘာစိုက်ခင်းနှင့် ကပ်လျက် ထိုင်းနိုင်ငံမှ မယ်အိုင်ခရိုင်သည် လွန်ခဲ့သော သုံးနှစ်အတွင်း ရေလွှမ်းမိုးမှု ငါးကြိမ်ခံရသည်။ ထိုရေလွှမ်းမိုးမှုများသည် အကြိမ်ရေ စိပ်လာပြီး ပိုမို ပြင်းထန်လာသည်ဟု ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ်မှ အကြီးမားဆုံး ရာဘာစိုက်ခင်းနှင့် ကပ်လျက် ထိုင်းနိုင်ငံမှ မယ်အိုင်ခရိုင်သည် လွန်ခဲ့သော သုံးနှစ်အတွင်း ရေလွှမ်းမိုးမှု ငါးကြိမ်ခံရသည်။ ထိုရေလွှမ်းမိုးမှုများသည် အကြိမ်ရေ စိပ်လာပြီး ပိုမို ပြင်းထန်လာသည်ဟု ဒေသခံများက ပြောသည်။

အပြင်းထန်ဆုံး ရေလွှမ်းမိုးမှုသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကဖြစ်ပြီး လူ နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရကာ လေးဦး ပျောက်ဆုံးသည့် ရုတ်တရက် ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများ ဖြစ်စေသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာနှင့် အောက်တိုဘာလက နောက်ထပ် ရေလွှမ်းမိုးမှုများကြောင့် ထိုမြို့ ရေမြုပ်ပြီး အဝေးပြေးလမ်းမကြီးကို ပိတ်လိုက်ရသည်။

UWSA ပြောခွင့်ရသူ ဦးညီရမ်းကို မေးမြန်းရန် လပေါင်းများစွာ ဆက်သွယ်သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

ဒေသခံတို့၏ ရာဘာလုပ်ငန်းများ ကျဆင်း‌နေ

မြောက်ပိုင်းမှ တရုတ်စိုက်ခင်းများသည် အောင်မြင်နေသော်လည်း မြန်မာဒေသခံများ၏ ရာဘာလုပ်ငန်းသည် အကြီးအကျယ် အကျပ်အတည်း ဖြစ်နေသည်။

တချိန်က မြန်မာတွင် ရာဘာအဓိက စိုက်ပျိုးသည် တနင်္သာရီတိုင်းမှ ကမ်းရိုးတန်းမြို့ ထားဝယ်တွင် စက်ရုံများ နေ့စဉ် လျှပ်စစ်မီးပြတ်သောကြောင့် မလည်ပတ်နိုင်ကြပေ။

“ဘယ်အချိန် လျှပ်စစ်ဓာတ်အား ရမယ်ဆိုတာကို ကျနော်တို့ ကြိုသိနိုင်ရင် ဘဝက ပိုမိုအဆင်ပြေနိုင်တယ်။ ဒါပေမဲ့ ကျနော်တို့ မသိရဘူး။ နေ့တိုင်းမှာ အဆိုးဆုံးအတွက်ပဲ ပြင်ဆင်ထားရတယ်” ဟု ဝါရင့် ဘာရာထုတ်လုပ်သူ ဦးယုစိန်က ပြောသည်။ သူသည် ဂျပန်ရှိ Bridgestone စက်ရုံက လက်ခံသည့် ထိပ်တန်း ထုတ်လုပ်သူ သုံးဦးတွင် ပါဝင်ခဲ့သူဖြစ်သည်။

ထားဝယ်ရှိ ရော်ဘာစိုက်ခင်းများနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကွဲပြားသော သိပ်သည်းမှု/ Google Earth

ထားဝယ်သည် တခါက တနှစ်လျှင် ရာဘာတန်ချိန် ၃၀,၀၀၀ ထုတ်လုပ်သည့် အဓိကမြို့ဖြစ်သည်။

၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် တိုက်ပွဲများကြောင့် စိုက်ခင်းများသို့ မသွားရောက်နိုင်တော့ပေ။ မတည်ငြိမ်မှုကြောင့်ဟုဆိုကာ Bridgestone က ရေရှည် စာချုပ်များကို ၂၀၂၄ ခုနှစ်တွင် ဖျက်သိမ်းလိုက်သည်။

ယခုအခါ ဦးယုစိန်သည် တရုတ်နှင့် အိန္ဒိယ ဝယ်လက်များသို့ အကြီးအကျယ် လျှော့ဈေးဖြင့် ရောင်းနေရပြီး စစ်အာဏာမသိမ်းမီကနှုန်းနှင့် ယှဉ်ပါက တတန်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ ဆုံးရှုံးသည်။

အလုပ်သမား မလုံလောက်မှုက ပြဿနာကို ပိုမိုဆိုးရွားစေသည်။ ကြက်ပေါင်စေး ထုတ်သူများသည် လုပ်အားခ ငါးဆပိုရသည့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ကြသည်။ အချို့မှာ ၎င်းတို့၏ အသက်ဘေးအတွက် ထွက်ပြေးခြင်းဖြစ်သည်။

မြန်မာနိုင်ငံ တောင်ပိုင်း ထားဝယ်တွင် ရော်ဘာ စိုက်ပျိုးမှု ဆက်လက် လုပ်ဆောင်နေသည်/Dawei Golden Land စက်ရုံ RSS

မြန်မာ၏စုစုပေါင်း ရာဘာထုတ်လုပ်မှုသည် ထက်ဝက်ကျဆင်းပြီး လုပ်ငန်းငယ်များ မြေကိုရောင်း ဒါမှမဟုတ် အကြမ်းဖက်မှုကြောင့် ထွက်ပြေးနေကြောင်း ဦးယုစိန်က ပြောသည်။

တရားဝင်စာရင်းအရ မြန်မာရာဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းက စိုက်ခင်း ၂၄၂,၈၁၁ ဟက်တာရှိသည်ဟု ပြောသည်။ သို့သော် သဘာဝပတ်ဝန်းကျင်နှင့် အလုပ်သမား စံနှုန်းများ အကောင်အထည်ဖော်မှု မရှိသလောက်ပင်ဖြစ်ပြီး ထိုအသင်းသည်လည်း ၂၀၂၀ ပြည့်နှစ်မှစတင်ကာ ကောင်းစွာ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

တရားဝင်စာရင်းအရ မြန်မာရာဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းက စိုက်ခင်း ၂၄၂,၈၁၁ ဟက်တာရှိသည်ဟု ပြောသည်။ သို့သော် သဘာဝပတ်ဝန်းကျင်နှင့် အလုပ်သမား စံနှုန်းများ အကောင်အထည်ဖော်မှု မရှိသလောက်ပင်ဖြစ်ပြီး ထိုအသင်းသည်လည်း ၂၀၂၀ ပြည့်နှစ်မှစတင်ကာ ကောင်းစွာ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

စာရေးသူက ၎င်းတို့ Facebook အဖွဲ့ကို ပြန်လည် သုံးသပ်ခဲ့ပြီး စိုက်ခင်းပိုင်ရှင်များသည် ၎င်းတို့၏မြေယာများကို ရောင်းချမှု မြင့်တက်နေကြောင်း တွေ့ရှိခဲ့သည်။

ရှင်သန်ရေး ရုန်းကန်နေ

ဖရိုဖရဲအခြေအနေများ ရှိသော်လည်း ဦးယုစိန် လက်မလျှော့ပေ။ မြန်မာရေရှည်တည်တံ့သော သဘာဝ ရာဘာအသင်း ဥက္ကဋ္ဌအနေဖြင့် သူသည် ရေရှည်တည်တံ့သော သဘာဝ ရာဘာစံနှုန်းများ ထူထောင်ရန် ကမ္ဘာ့ သားရိုင်းတိရိစ္ဆာန် ရန်ပုံငွေနှင့် ဆက်လက် လုပ်ကိုင်နေသည်။

“တရုတ်ကုမ္ပဏီတွေနဲ့ ကျနော်တို့ ဆွေးနွေးပြီး မြန်မာနိုင်ငံဟာ နိုင်ငံတကာဥပဒေနဲ့ လုပ်ထုံးလုပ်နည်းကို လိုက်နာရတယ်ဆိုတာကို ရှင်းပြမယ်။ သူတို့ နားလည်မယ်လို့ မျှော်လင့်တယ်” ဟုလည်း ဦးယုစိန်က ပြောသည်။

လက်နက်ကိုင်အုပ်စုများနှင့် ကမ္ဘာ့ဝယ်လိုအားအကြား ညပ်နေသောကြောင့် မြန်မာသည် မြန်မာပြည်သူများက ပြန်လည် ပုံဖော်ခြင်း မဟုတ်ဘဲ နယ်စပ်တဖက်မှ စက်မှုလုပ်ငန်းများ၏ လိုအပ်မှုက ပုံဖော်သည့် ရာဘာရှေ့တန်းစစ်မျက်နှာ ဖြစ်လာသည်။

(How China’s EV boom transforms Myanmar’s war-torn landscapes ကို ဘာသာပြန်သည်။ လုံခြုံရေးအရ အမည်များကို ပြောင်းလဲထားသည်။ ယခုဆောင်းပါးသည် Earth Journalism Network နှင့် Pulitzer Center ထောက်ပံ့သည့် Mekong Eye က ဦးဆောင်သော စုံစမ်းဖော်ထုတ် သတင်းပညာ စီမံကိန်း Fast and Dubious: How Electric Cars are Tying the Mekong စီမံကိန်းအတွက် ရေးသားခြင်း ဖြစ်သည်။ ယခု စီမံကိန်းသည် သတင်းဌာန လေးခု၊ သတင်းထောက်၊ ဓာတ်ပုံဆရာ၊ အယ်ဒီတာနှင့် သုတေသီ ၁၅ ဦး ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး ကမ္ဘောဒီးယာ၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် ငါးနိုင်ငံ လျှပ်စစ်မော်တော်ယာဉ်လုပ်ငန်းတွင် ရာဘာအသုံးပြမှုဆိုင်ရာ ပွင်းလင်းမြင်သာမှုနှင့် မူလအစကို စုံစမ်းဖော်ထုတ်ထားသည်။)

You may also like these stories:

စစ်ခေါင်းဆောင် သားနှင့် ရာဘာခရိုနီများ ကားတာယာလုပ်ငန်းကို လက်ဝါးကြီးအုပ်

မြန်မာတွင် တရုတ် BYD လျှပ်စစ်ကားထုတ်ရန် ခရိုနီများ စီစဉ်နေ

စစ်ခေါင်းဆောင် သားနဲ့သမီး အုပ်စီးထားတဲ့ လျှပ်စစ်ကားလုပ်ငန်း (ရုပ်/သံ)

မြန်မာတွင် တရုတ် BYD လျှပ်စစ်ကားထုတ်ရန် ခရိုနီများ စီစဉ်နေ

တရုတ် BYD လျှပ်စစ်ကားရုံးချုပ်သို့ မင်းအောင်လှိုင် သွားပြီး မိသားစုစီးပွားရေး ခိုင်မာအောင် လုပ်

မင်းအောင်လှိုင်၏ လျှပ်စစ်ကား အိပ်မက်

ပြည်သူကို မီးမှန်အောင်မပေးနိုင်ဘဲ လျှပ်စစ်ကားအားသွင်းရုံများ ဆောက်ရန်ပြင်နေ

]]>
မူဆယ်-မန္တလေး တရုတ်ရထားလမ်း အကောင်အထည်ဖော်ဖို့ စစ်အုပ်စု ကော်မတီဖွဲ့ https://burma.irrawaddy.com/news/2025/12/05/408800.html Fri, 05 Dec 2025 02:06:45 +0000 https://burma.irrawaddy.com/?p=408800 ရှမ်းပြည်မြောက်ပိုင်းမှာ တရုတ်သြဇာ ပိုမိုထူထောင်လာချိန် အဲဒီ ဦးဆောင်ကော်မတီ ဖွဲ့စည်းတာ ဖြစ်တယ်။]]>

မြန်မာစစ်အုပ်စုဟာ တရုတ်ရဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ အစီအစဉ် (BRI) နဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ရဲ့ အဓိက အစိတ်အပိုင်းဖြစ်တဲ့ မူဆယ်-မန္တလေး ရထားလမ်း တည်ဆောက်ရေးကို တွန်းအားပေးဖို့ အမျိုးသားအဆင့် စီမံကိန်း ဦးဆောင်ကော်မတီတခုကို ဖွဲ့စည်းလိုက်တယ်။

တရုတ် ဖိအားကြောင့် စစ်အုပ်စုဟာ ရှမ်းပြည်မြောက်ပိုင်း အစိတ်အပိုင်းတွေကို ထိန်းချုပ်မှု ပြန်ရစဉ် အဲဒီလို လုပ်တာဖြစ်တယ်။

စစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ကြေညာချက်အရ အဲဒီကော်မတီကို ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေ အပါအဝင် အဖွဲ့ဝင် ၁၉ ဦးနဲ့ သြဂုတ်လ ၃၀ ရက်နေ့က ဖွဲ့စည်းတယ်။ အဲဒီနေ့ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တီယန်ကျင်းမြို့မှာတွေ့ပြီး BRI နဲ့ CMEC စီမံကိန်းတွေအကြောင်း ဆွေးနွေးတဲ့နေ့နဲ့ တိုက်ဆိုင်နေတယ်။

မူဆယ်-မန္တလေး ရထားလမ်းဟာ နယ်စပ်မြို့ မူဆယ်နဲ့ မန္တလေးကို လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့ ပြင်ဦးလွင်ကနေ ဆက်သွယ်ပြီး နောက်ဆုံးမှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူကို ဆက်သွယ်ကာ အိန္ဒိယ သမုဒ္ဒရာကို တရုတ်က တိုက်ရိုက် အသုံးပြုခွင့်ရမှာဖြစ်တယ်။

အဲဒီကော်မတီကို သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးမြထွန်းဦးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်တယ်။ သူဟာ စစ်အုပ်စုက အခုလမှာ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ စစ်တက္ကသိုလ်တွေရှိတဲ့ ပြင်ဦးလွင်ကနေ ရွေးကောက်ပွဲဝင်ထားတယ်။

အဲဒီကော်မတီရဲ့ လုပ်ပိုင်ခွင့်မှာ အစိုးရချင်း ညှိနှိုင်းရေးမူဘောင်ရေးဆွဲဖို့၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ ဖိတ်ခေါ်ဖို့၊ တည်ဆောက်ရေး ဘဏ္ဍာငွေ ရရှိဖို့၊ အထူးကြားခံ ကုမ္ပဏီတခု ထူထောင်ဖို့နဲ့ စစ်အုပ်စုနဲ့ အဲဒီကုမ္ပဏီကြား သဘောတူညီချက်တွေကို သုံးသပ်ဖို့တွေ ပါဝင်တယ်။ အဲဒီကော်မတီဟာ ခွင့်ပြုချက်တွေအတွက် စစ်အုပ်စု ဝန်ကြီးအဖွဲ့နဲ့ စီးပွားရေးကော်မတီကို အစီရင်ခံရမှာဖြစ်တယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ တရုတ်သြဇာ ပိုမိုထူထောင်လာချိန် အဲဒီ ဦးဆောင်ကော်မတီ ဖွဲ့စည်းတာ ဖြစ်တယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ မြန်မာအမျိုးသာ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ စစ်အုပ်စုထံက သိမ်းပိုက်ထားတဲ့မြို့တွေကို ပြန်လည်စွန့်လွှတ်ပြီး အရင်အောင်မြင်မှုတွေ နောက်ကြောင်းပြန်ဖို့ ဖိအားပေးခံနေရတယ်။

ရှမ်းပြည်မြို့တွေကို ထိန်းချုပ်မှုပြန်ရဖို့ ကူညီတဲ့ တရုတ်အစိုးရရဲ့ အကူအညီအတွက် သြဂုတ်လက တရုတ်ခရီးစဉ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတ ရှီကျင့်ဖျင်ကို လူသိရှင်ကြား ကျေးဇူးတင်ကြောင်း ပြောတယ်။

ဒါပေမဲ့ အဲဒီရထားလမ်းစင်္ကြံဟာ အားပြိုင်နေဆဲဖြစ်တယ်။ တရုတ် ကြားဝင်စေ့စပ်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေရှိပေမဲ့ MNDAA ဟာ လားရှိုး-သိန္နီ တကြောကို သိမ်းပိုက်ထားဆဲ ဖြစ်ပြီး TNLA နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်တွေက ကွတ်ခိုင်နဲ့ မူဆယ်တဝိုက်က လမ်းကြောင်းတွေကို သိမ်းပိုက်ထားဆဲဖြစ်ပါတယ်။

အဲဒီရထားလမ်းကို ဆက်လုပ်ဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်အုပ်စုဟာ ဆက်လက် ညှိနှိုင်းဖို့ လိုအပ်နေပြီး အဲဒီစီမံကိန်းက TNLA, MNDAA နဲ့ KIA တို့ ကိုယ်တိုင်အကြားလည်း ညှိနှိုင်းဖို့ လိုအပ်တယ်။

အဲဒီလို အတားအဆီးတွေရှိပေမဲ့ မူဆယ်-မန္တလေး ရထားလမ်းကို တရုတ်အတွက် သေနင်္ဂဗျူဟာ ဦးစားပေးအဖြစ် သတ်မှတ်တယ်။ တရုတ်က အဲဒီစီမံကိန်းဟာ မြန်မာကနေ အိန္ဒိယသမုဒ္ဒရာကို ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးစင်္ကြံ ထူထောင်ဖို့ အရေးပါတဲ့ စီမံကိန်းလို့ မြင်တယ်။

ပြည်တွင်းခုခံမှုတွေရှိပေမဲ့ ဒီစီမံကန်းကို တရုတ်က ဆက်လက် တွန်းအားပေးပြီး ပထဝီနိုင်ငံရေး အရေးပါမှုကို မီးမောင်းထိုးပြမယ်လို့ သုတေသီတွေက ယူဆတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Myanmar Junta-Appointed Chief Minister Ambushe Junta Sets Up Committee to Expedite China-Backed Muse-Mandalay Railway ကို ဘာသာပြန်သည်။)

You may also like these stories:

တရုတ်အလိုကျ အရှက်မရှိ လိုက်လုပ်နေတဲ့ မြန်မာစစ်ကောင်စီ

တရုတ်ကိုပေးသည့် မင်းအောင်လှိုင် ကတိသည် ပရိယာယ်မျှသာဖြစ်

မြန်မာရှိ တရုတ်၏ အဓိက အခြေခံအဆောက်အအုံ စီမံကိန်း ၃ ခု

မူဆယ်-မန္တလေး ရထားလမ်း လေ့လာမှုများ စတင်

မူဆယ်-မန္တလေး ရထားလမ်းက အကြွေးနှင့် ပဋိပက္ခများအတွက် စိုးရိမ်နေကြ

]]>
တရုတ် BRI စီမံကိန်းတွေ အမြန်အောင်မြင်ဖို့ စစ်အုပ်စု အဖွဲ့တခုဖွဲ့ https://burma.irrawaddy.com/news/2025/11/10/407854.html Mon, 10 Nov 2025 02:19:22 +0000 https://burma.irrawaddy.com/?p=407854 BRI ကော်မတီကို စတင်ဖွဲ့စည်းချိန်ဟာ စစ်အုပ်စု စစ်မြေပြင်အောင်ပွဲတွေ ရနေချိန်နဲ့ တိုက်ဆိုင်နေတယ်။]]>

မြန်မာနိုင်ငံက တရုတ်ရဲ့ ရပ်ဝန်းနဲ့လမ်းအစီအစဉ် (BRI) အခြေခံ အဆောက်အအုံစီမံကိန်းတွေ အကောင်အထည်ဖော်ရေး အလျင်အမြန် အောင်မြင်ဖို့ ကော်မတီတခုကို ဖွဲ့စည်းလိုက်တယ်လို့ စစ်အုပ်စုက အောက်တိုဘာလနှောင်းပိုင်းမှာ ထုတ်ပြန်တဲ့ နောက်ဆုံး ပြန်တမ်းအရ သိရတယ်။

သြဂုတ်လ ၁၅ ရက်နေ့မှာ ဖွဲ့စည်းပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ဦးဆောင်တဲ့ BRI အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီမှာ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ၊ ပြည်ထောင်စုအဆင့် ဌာနတွေနဲ့ ပြည်နယ်၊ တိုင်း ဝန်ကြီးချုပ်တွေ ပါဝင်တယ်။

တနိုင်ငံလုံးနဲ့ ဒေသဆိုင်ရာအဆင့် BRI နဲ့ ပတ်သက်တဲ့ စီမံကိန်းတွေ၊ အထူးသဖြင့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ (CMEC) နဲ့ တရုတ်-မြန်မာ နယ်စပ် စီပွားရေးဇုန်တွေကို ညှိနှိုင်းအကောင်အထည်ဖော်ဖို့ အဲဒီကော်မတီကို တာဝန်ပေးထားတယ်။

တရုတ်ရဲ့ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံ သေနင်္ဂဗျူဟာဖြစ်တဲ့ BRI ဟာ လမ်းတွေ၊ ရထားလမ်းတွေနဲ့ ပင်လယ်လမ်းကြောင်း ကွန်ရက်တွေကနေ အာရှနဲ့ ဥရောပကို ချိတ်ဆက်ဖို့ ကြိုးစားတယ်။ မြန်မာဟာ CMEC အပါအဝင် အဲဒီစီမံကိန်းမှာပါတဲ့ နိုင်ငံ ၇၀ ကျော်မှာ ပါဝင်တယ်။

တရုတ်ရဲ့ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံ သေနင်္ဂဗျူဟာဖြစ်တဲ့ BRI ဟာ လမ်းတွေ၊ ရထားလမ်းတွေနဲ့ ပင်လယ်လမ်းကြောင်း ကွန်ရက်တွေကနေ အာရှနဲ့ ဥရောပကို ချိတ်ဆက်ဖို့ ကြိုးစားတယ်။ မြန်မာဟာ CMEC အပါအဝင် အဲဒီစီမံကိန်းမှာပါတဲ့ နိုင်ငံ ၇၀ ကျော်မှာ ပါဝင်တယ်။

CMEC စီမံကိန်းတွေမှာ ရခိုင်ပြည်နယ်က ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ စီစဉ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်အကြား ရထားလမ်းတို့ ပါဝင်တယ်။

ကျောက်ဖြူစီမံကိန်းဟာ အိန္ဒိယ သမုဒ္ဒရာကို ပုံမှန်အသုံးပြုခွင့်ရပြီး တရုတ် အနောက်တောင်ပိုင်း ပြည်နယ်တွေမှာ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးဖို့ တရုတ်ရဲ့ သေနင်္ဂဗျူဟာကျတဲ့ ရည်မှန်းချက်အတွက် အရေးပါတယ်။

ကျောက်ဖြူကနေ မြန်မာနိုင်ငံအလယ်ပိုင်းကို ဖြတ်သန်းပြီး ယူနန်ကို ဆက်သွယ်ထားပြီးဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေဟာ တရုတ်ရဲ့ စွမ်းအင် သွင်းကုန်တွေအတွက် အဓိက အသက်သွေးကြော ဖြစ်တယ်။

ဒါပေမဲ့ မြန်မာမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပြတ်တောက်စေပြီး တရုတ်စီမံကိန်းတွေ နှေးကွေးစေကာ တရုတ်ဝန်ထမ်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အကောင်အထည်ဖော်ဖို့နဲ့ ကာကွယ်ဖို့ တရုတ်က အကြိမ်ကြိမ် တောင်းဆိုမှု ဖြစ်စေတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိရဲ့ လွန်ခဲ့တဲ့နှစ်က နေပြည်တော်ခရီးစဉ်အပြီးမှာ တရုတ်ဟာ စစ်အုပ်စုကို ဘဏ္ဍာရေးနဲ့ နည်းပညာအကူအညီ အရှိန်မြှင့်တင်ပြီး ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ BRI စီမံကိန်းဒေသတွေမှာ လှုပ်ရှားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖိအားမြှင့်တင်တယ်။

အဲဒီအချိန်တုန်းက မြန်မာစစ်တပ်ဟာ တော်လှန်ရေးအင်အားစုတွေရဲ့ အပြင်းအထန် တိုက်ခိုက်ခံနေရပြီး အထူးသဖြင့် စစ်ကောင်စီဆန့်ကျင်ရေးမှာ အကြီးအကျယ်အောင်မြင်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း အကြီးအကျယ် တိုက်ခိုက်ခံရတယ်။

BRI ကော်မတီကို စတင်ဖွဲ့စည်းချိန်ဟာ စစ်အုပ်စု စစ်မြေပြင်အောင်ပွဲတွေ ရနေချိန်နဲ့ တိုက်ဆိုင်နေတယ်။ ဧပြီလက တရုတ်ဖိအားအောက်မှာ ကိုးကန့်တပ်တွေက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး အဓိက လမ်းကြောင်းဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်းမြို့တော် လားရှိုးကို စစ်အုပ်စုဆီ ပြန်လည် ပေးအပ်ရတယ်။

အဲဒီနောက်မှာ စစ်အုပ်စုဟာ ရှမ်းပြည်မြောက်ပိုင်းက နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဆီက ပြန်သိမ်းတယ်။ စစ်အုပ်စုဟာ အခုတော့ မန္တလေးတိုင်းက ပတ္တမြားမြို့တော် မိုးကုတ်ကို ပြန်သိမ်းဖို့ လုပ်နေတယ်။

အဲဒီနောက်မှာ စစ်အုပ်စုဟာ ရှမ်းပြည်မြောက်ပိုင်းက နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဆီက ပြန်သိမ်းတယ်။ စစ်အုပ်စုဟာ အခုတော့ မန္တလေးတိုင်းက ပတ္တမြားမြို့တော် မိုးကုတ်ကို ပြန်သိမ်းဖို့ လုပ်နေတယ်။

တရုတ်နိုင်ငံကို သြဂုတ်လနဲ့ စက်တင်ဘာလအတွင်း သွားရောက်ချိန် တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့တုန်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ BRI အောက်က ပူးပေါင်းဆောင်ရွက်မှုနှင့် CMEC မူဘောင်တွေကို အရှိန်မြှင့်တင်ဖို့ ကတိပြုတယ်။ စစ်အုပ်စုကို တိုက်ခိုက်မှုရပ်ဖို့ မြန်မာမြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖိအားပေးလို့ တရုတ်ကို သူကျေးဇူးတင်ကြောင်း ပြောတယ်။

တရုတ်ဟာ စစ်အုပ်စုက ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ လုပ်မယ့် ရွေးကောက်ပွဲကိုလည်း ထောက်ခံပြီး အဲဒီလုပ်ရပ်ဟာ အစိုးရသစ် ပေါ်ပေါက်လာတဲ့အခါ BRI စီမံကိန်းတွေကို ပိုမို အကောင်အထည်ဖော်ဖို့ လမ်းခင်းတာလို့ သုတေသီတွေက ပြောပါတယ်။

တချိန်တည်းမှည မြန်မာပြည်သူတွေဟာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖိနှိပ်မှုတွေ၊ အငြင်းပွားဖွယ် ဖမ်းဆီးမှုတွေ၊ စီးပွားရေးစီမံမှု အမှားတွေ၊ စစ်ကြောင့် ပြတ်တောက် ပျက်စီးမှုတွေကို ခံစားနေရတယ်။

တော်လှန်ရေးအင်အားစုရဲ့ မကြာသေးမီက ဆုံးရှုံးမှုတွေဟာ တရုတ်နိုင်ငံက စစ်အုပ်စုကို ရုပ်ဝတ္တုပစ္စည်းနဲ့ နိုင်ငံရေး ဆက်လက် ထောက်ပံ့မှုကြောင့်ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုက ပြောပါတယ်။

(ဧရာဝတီအင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Junta Creates Body to Fast-Track China’s BRI Projects in Myanmar ကို ဘာသာပြန်သည်။)

You may also like these stories:

တရုတ်ထောက်ခံမှုနဲ့ ရင်းနှီးမြှုပ်နှံမှု ရဖို့ စကမဝန်ကြီးချုပ် ကြိုးစား

စက်တင်ဘာ တလလုံး မြန်မာဗိုလ်ချုပ်တွေ တရုတ်ကို သွား

ခွေးငတ် အလှူပွဲကြီးနဲ့ တိုးသလို မင်းအောင်လှိုင်ရဲ့ တရုတ်ခရီး

မန္တလေး-မူဆယ်ရထားလမ်း အမြန်ဖောက်မည်ဟု တရုတ်လုပ်ငန်းရှင်တို့ကို မက်လုံးပေး

မြန်မာရွေးကောက်ပွဲကို တရုတ်ထောက်ခံမှု၏ နောက်ကွယ်

မြန်မာတွင် မီးစတဖက် ရေမှုတ်တဖက် သံတမန်ရေး တရုတ် ကျင့်သုံး

ကိုယ်ကျိုးစီးပွားသာ ရှေးရှုသမျှ တရုတ်က ယုံကြည်စရာမဟုတ်

]]>
မြန်မာရွေးကောက်ပွဲကို တရုတ်ထောက်ခံမှု၏ နောက်ကွယ် https://burma.irrawaddy.com/opinion/viewpoint/2025/08/19/404699.html Tue, 19 Aug 2025 03:08:40 +0000 https://burma.irrawaddy.com/?p=404699 ရွေးကောက်ပွဲကို တရုတ်က ထောက်ခံခြင်းသည် EAO များနှင့် တော်လှန်ရေအင်အားစုများက ထိုရွေးကောက်ပွဲကို ပယ်ချခြင်းနှင့် လုံးဝဆန့်ကျင်နေသည်။]]>

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် မြန်မာစစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ယူနန်ပြည်နယ်၊ အန်နင်းတွင် ဩဂုတ်လ ၁၄ ရက်နေ့က တွေ့ဆုံသောအခါ ပုံမှန်သံတမန်ရေး လက်ဆွဲနှုတ်ဆက်ခြင်းထက် မကပေ။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှစတင်ပြီး တရုတ်က ဦးဆောင်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး (LMC) သည် မြန်မာဗိုလ်ချုပ်များ ဗြောင်ကျကျ ဝေဖန်ခံရခြင်းမရှိဘဲ အိမ်နီးချင်းခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်သည့် စင်မြင့်အနည်းငယ်အနက် တခုဖြစ်သည်။

ထိုအစည်းအဝေးတွင် မစ္စတာ ဝမ်ယိက ဂရုတစိုက် ပြင်ဆင်ထားသည့် သတင်းစကားပေးသည်။ မြန်မာစစ်ကော်မရှင်က ပြုလုပ်မည့် လာမည့်အထွေထွေရွေးကောက်ပွဲအတွက် တရုတ်နိုင်ငံ၏ လမ်းပြမြေပုံဆိုသည့် သတင်းစကားဖြစ်သည်။ လမ်းညွှန်ချက်သည် မှားယွင်းစရာ မရှိပေ။ စစ်မှန်သော ဒီမိုကရက်တစ် ယှဉ်ပြိုင်မှုထက် တည်ငြိမ်မှု၊ ထိန်းချုပ်ထားသည့် ပြန်လည်သင့်မြတ်ရေးနှင့် စီးပွားရေးနာလန်ထရေးတို့က များစွာ ပိုမိုအရေးပါသည်ဆိုသည့် ညွှန်ကြားချက်ဖြစ်သည်။

သူ၏ပြောကြားချက်တွင် မစ္စတာ ဝမ်ယိက မြန်မာသည် ပြန်လည်သင့်မြတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက် ကတိကဝတ်ပြုပြီး ပွင့်လင်းမှုနှင့် အားလုံးအကျုံးဝင်မှုကို ထိန်းသိမ်းကာ လူထုထောက်ခံမှုရရေးကို အာရုံစိုက်ပြီး ရွေးကောက်ပွဲမှတဆင့် ပန်းတိုင်သုံးခု အောင်မြင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ပြောသည်။

သူ၏ပြောကြားချက်တွင် မစ္စတာ ဝမ်ယိက မြန်မာသည် ပြန်လည်သင့်မြတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက် ကတိကဝတ်ပြုပြီး ပွင့်လင်းမှုနှင့် အားလုံးအကျုံးဝင်မှုကို ထိန်းသိမ်းကာ လူထုထောက်ခံမှုရရေးကို အာရုံစိုက်ပြီး ရွေးကောက်ပွဲမှတဆင့် ပန်းတိုင်သုံးခု အောင်မြင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ပြောသည်။

အပေါ်ယံအားဖြင့် ကြည့်ပါက ထိုစကားသည် အဓိပ္ပာယ်ကောင်းမွန်သည့် သံတမန်ရေးဖြစ်သည်။ လက်တွေ့တွင် ထိုသို့ပြောခြင်းသည် တရုတ်နိုင်ငံ၏ သေနင်္ဂဗျူဟာနှင့်စီးပွားရေးအကျိုးစီးပွားနှင့် ကိုက်ညီသည့် ထိန်းချုပ်နိုင်ငံရေး လုပ်ငန်းစဉ် မူကြမ်းဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် စီမံအုပ်ချုပ်ရေး

တရုတ်နိုင်ငံ၏ ပထမဦးစားပေးမှာ ပြည်သူ့ဆန္ဒကိုအခြေခံသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် စီမံအုပ်ချုပ်ရေး ဖြစ်သည်။ ထိုအသုံးအနှုန်းသည် ဒီမိုကရက်တစ်ဆန်သော်လည်း ရှင်းလင်းသည့် နောက်ကွယ်မှ အဓိပ္ပာယ်ပါဝင်သည်။

သက်ဆိုင်သူ အားလုံးအကြား ရန်လိုမှုရပ်စဲရေးသည် စစ်ကော်မရှင်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် တော်လှန်ရေးအင်အားစုများ စသည့် လက်နက်ကိုင် ပတ်သက်သူများအားလုံး တိုက်ခိုက်မှုရပ်ရန် သေနင်္ဂဗျူဟာကျသည့် တောင်းဆိုမှု ဖြစ်သည်။

လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခသည် နယ်စပ်ကုန်သွယ်ရေးကို ခြိမ်းခြောက်ပြီး ဒေါ်လာဘီလီယံများစွာတန်သည့် စီမံကိန်းများကို အနှောင့်အယှက်ဖြစ်စေကာ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) ကို အန္တရာယ် ကျရောက်စေသည်။

လွန်ခဲ့သောနှစ်အတွင်း နယ်စပ်တလျှောက်မှ တိုက်ပွဲများသည် နယ်စပ်ဂိတ်များကို ပိတ်သွားစေပြီး အခြေခံအဆောက်အအုံများကို နှောင့်နှေးစေကာ မြန်မာနိုင်ငံ၏ မတည်ငြိမ်မှုသည် တရုတ်၏ စီးပွားရေးနှင့် သေနင်္ဂဗျူဟာ အကျိုးစီးပွားရေးကို မည်သို့ တိုက်ရိုက် ထိခိုက်စေသည်ကို မီးမောင်းထိုးပြနေသည်။

“ပြည်သူ့ဆန္ဒအပေါ် အခြေခံသည့် စီမံအုပ်ချုပ်ရေး” ဆိုသည့် စကားသည် ရွေးကောက်ပွဲများကို သဘောတူသည့် သဘောရှိသည်။ ထိုစကားသည် ပွင့်လင်းသော ပါတီစုံဒီမိုကရေစီကို မတောင်းဆိုဘဲ တင်းကျပ်စွာ ထိန်းချုပ်ပြီး တရားဝင်မှု ထူထောင်ရန် ဂရုတစိုက်ပြုလုပ်ထားသည့် ရွေးကောက်ပွဲတခုကို တရုတ်၏ ဗြောင်ကျကျစီစဉ်မှုအား ဖော်ပြနေသည်။

“ပြည်သူ့ဆန္ဒအပေါ် အခြေခံသည့် စီမံအုပ်ချုပ်ရေး” ဆိုသည့် စကားသည် ရွေးကောက်ပွဲများကို သဘောတူသည့် သဘောရှိသည်။ ထိုစကားသည် ပွင့်လင်းသော ပါတီစုံဒီမိုကရေစီကို မတောင်းဆိုဘဲ တင်းကျပ်စွာ ထိန်းချုပ်ပြီး တရားဝင်မှု ထူထောင်ရန် ဂရုတစိုက်ပြုလုပ်ထားသည့် ရွေးကောက်ပွဲတခုကို တရုတ်၏ ဗြောင်ကျကျစီစဉ်မှုအား ဖော်ပြနေသည်။

လက်တွေ့တွင် တရုတ်နိုင်ငံသည် ထိုလုပ်ငန်းစဉ်ကို ထောက်ခံနေရုံသာမက တက်ကြွစွာ ပုံဖော်နေပြီး စစ်ကော်မရှင်၏ အာဏာကို ကျစ်လစ်သိပ်သည်းစေကာ တည်ငြိမ်ပြီး စီမံခန့်ခွဲနိုင်သော မြန်မာကို ဖန်တီးပြီး နယ်စပ်တလျှောက် တရုတ်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်စေရန် ဖြစ်သည်။

ထို့ပြင် LMC ပုံစံက မြန်မာသည် တရုတ်၏ ဦးဆောင်မှုကို လိုက်နာမည်ဟု မျှော်လင့်ကြောင်း အခြား ဒေသတွင်းခေါင်းဆောင်များအတွက် ရှင်းလင်းသော သတင်းစကားဖြစ်ပြီး တရုတ်က အကြီးအကျယ် စီစဉ်သည့် ရွေးကောက်ပွဲကို ဒေသတွင်း အသိအမှတ်ပြုရေးအတွက် အခြေခံကို ထိထိရောက်ရောက် ချမှတ်ပေးသည်။

ရွေးကောက်ပွဲကို တရုတ်က ထောက်ခံခြင်းသည် EAO များနှင့် တော်လှန်ရေအင်အားစုများက ထိုရွေးကောက်ပွဲကို ပယ်ချခြင်းနှင့် လုံးဝဆန့်ကျင်နေသည်။

တရုတ်အကျိုးစီးပွားကို ကာကွယ်သော ညီညွတ်ရေး

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အကျယ်ပြန့်ဆုံး သွေးစည်းခိုင်မာမှုဆိုသည့် တရုတ်နိုင်ငံ၏ ဒုတိယပန်းတိုင်မှ မြန်မာ၏ ကွဲပြားသော လူမျိုးစု၊ နိုင်ငံရေးနှင့် လူမှုအုပ်စုများ ညီညွတ်စေရန် တောင်းဆိုမှုအဖြစ် သတ်မှတ်သည်။ စာရွက်ပေါ်တွင် ထိုတောင်းဆိုမှုသည် အားလုံးအကျုံးဝင်သည့် သဘောဆောင်သည်။

သို့သော် တရုတ်၏အမြင်တွင် ပြန်လည်သင့်မြတ်ရေးဆိုသည်မှာ စစ်မှန်သော အာဏာခွဲဝေမှု မဟုတ်ဘဲ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်ရေးစင်္ကြံများအတွက် အန္တရာယ်လျှော့ချရေးဖြစ်သည်။ မြောက်ပိုင်းနှင့် အနောက်ပိုင်းမြန်မာတွင် လက်နက်ကိုင်တော်လှန်ရေးနှင့် လူမျိုးစု မငြိမ်သက်မှုသည် အခြေခံအဆောက်အအုံများ၊ စွမ်းအင်ပိုက်လိုင်းမျာနှင့် နယ်စပ်ကုန်သွယ်ရေးကို တိုက်ရိုက်ခြိမ်းခြောက်သည်။

အကျယ်ပြန့်ဆုံး သွေးစည်းခိုင်မာမှုဆိုသည့် စကားစုသည် သိမ်မွေ့သော သတိပေးချက်ဖြစ်သည်။ လူမျိုးစုများနှင့် နိုင်ငံရေးအင်အားစုများ ပါဝင်ခြင်းသည် နိုင်ငံကို မတည်မငြိမ် မဖြစ်စေမှသာ သို့မဟုတ် တရုတ်၏ သေနင်္ဂဗျူဟာ အကျိုးစီးပွားကို မထိခိုက်စေမှသာ ၎င်းတို့ကို သည်းခံမည်ဟု သတိပေးလိုက်ခြင်းဖြစ်သည်။

လက်တွေ့တွင် တရုတ်၏ ပြန်လည်သင့်မြတ်ရေးသည် အထက်မှအောက်သို့လာပြီး အပစ်အခတ်ရပ်စဲရေးကို အားပေးကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အဆင်ပြေချောမွေ့အောင် လုပ်ပေးပြီး EAO အချို့နှင့် ဆက်ဆံရေးကို စစ်အုပ်စုအလိုကျ သဘောတူညီချက်ယူရန် ဖိအားပေးရန် အသုံးပြုသည်။ ထိုနည်းလမ်းသည် တရုတ်၏ ဒေသတွင်းသြဇာကို ကာကွယ်စောင့်ရှောက်ကာ ၎င်း၏ရင်းနှီးမြှုပ်နှံမှုများအတွက် အန္တရာယ်ကို လျှော့ချပေးသည်။

လက်တွေ့တွင် တရုတ်၏ ပြန်လည်သင့်မြတ်ရေးသည် အထက်မှအောက်သို့လာပြီး အပစ်အခတ်ရပ်စဲရေးကို အားပေးကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အဆင်ပြေချောမွေ့အောင် လုပ်ပေးပြီး EAO အချို့နှင့် ဆက်ဆံရေးကို စစ်အုပ်စုအလိုကျ သဘောတူညီချက်ယူရန် ဖိအားပေးရန် အသုံးပြုသည်။ ထိုနည်းလမ်းသည် တရုတ်၏ ဒေသတွင်းသြဇာကို ကာကွယ်စောင့်ရှောက်ကာ ၎င်း၏ရင်းနှီးမြှုပ်နှံမှုများအတွက် အန္တရာယ်ကို လျှော့ချပေးသည်။

သဘာဝဘေးအန္တရာယ် နာလန်ထရေးနှင့် စီးပွားရေးတိုးတက်မှု

တရုတ်နိုင်ငံ၏ တတိယရည်မှန်းချက်ပန်းတိုင်သည် လူမှုသဟဇာတဖြစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်အလွန် ပြန်လည်ထူထောင်ရေး၊ စီးပွားရေးတိုးတက်မှုနှင့် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကြောင်းများတို့ကို တိုက်ရိုက်ချိတ်ဆက်ပေးသည်။ အပေါ်ယံအားဖြင့် ကြည့်ပါက လူသားချင်းစာနာမှု စိုးရိမ်ပူပန်မှုသဘောဆောင်သည်။ သို့သော် နောက်ကွယ်မှ သတင်းစကားသည် သေနင်္ဂဗျူဟာကျသည်။ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံရေးတည်ငြိမ်မှုအတွက် ကြားခံတခုဖြစ်သည်ဆိုသည့် သတင်းစကားဖြစ်သည်။

“ငလျင်အလွန် ပြန်လည်တည်ဆောက်ရေး” ဆိုသည်မှာ မြန်မာနိုင်ငံတဝန်းမှ မကြာသေးမီက အပျက်အစီးများကိုဆိုလိုပြီး သြဇာဆက်လက်ထိန်းသိမ်းထားကာ အကူအညီပေးသည့် လမ်းကြောင်းအတွက် တရုတ်နိုင်ငံကို အခွင့်ရစေသည်။

ပြန်လည်တည်ဆောက်ရေးကို စီးပွားရေးတိုးတက်မှု၊ လူမှုသဟဇာတဖြစ်ခြင်းနှင့် ချည်နှောင်ထားခြင်းဖြင့် ရွေးကောက်ပွဲသည် နိုင်ငံရေးတရားဝင်မှု ထူထောင်ရေးအတွက်သာမက စစ်ကော်မရှင်၏ အာဏာကို ခိုင်မာစွာ သိသာသည့် အကျိုးကျေးဇူးများပေးရေးအတွက်လည်း ယန္တရားတခုဖြစ်လာသည်။

စစ်ကော်မရှင်သည် လူမှုအသိုက်အဝန်းများ ပြန်လည်တည်ဆောက်ပြီး စီးပွားရေးလုပ်ငန်း ပြန်လည်စတင်ကာ လူထုထောက်ခံမှုရရေးအတွက် တိုးတက်မှုကို အသုံးချမည်ဟု တရုတ်နိုင်ငံက မျှော်လင့်နေသည်။

တည်ငြိမ်မှုသည် တိုးတက်မှုကိုဖြစ်စေပြီး ထိုတိုးတက်မှုသည် အာဏာကို ပိုမိုခိုင်မာစေသည်။ မြန်မာအတွက် ထိုအခြေအနေသည် တရုတ်ရင်းနှီးမြှုပ်နှံမှုများအတွက် ပိုမိုကောင်းမွန်သော ပတ်ဝန်ကျင်ကို ဖန်တီးပေးကာ ပိုက်လိုင်းများမှ ရေနက်ဆိပ်ကမ်းများအထိ ဒေါ်လာ ဘီလီယံပေါင်းများစွာတန်သည့် CMEC စီမံကိန်းများ အနှောင့်အယှက်မရှိ လည်ပတ်စေနိုင်သည်။

တရုတ်သည် ကြွယ်ဝချမ်းသာမှုနှင့် နိုင်ငံရေးတည်ငြိမ်မှုကို ချိတ်ဆက်ထားသည်။ သဟဇာတဖြစ်ပြီး စီးပွားရေးအရ အကျိုးရှိသော မြန်မာသည် တရုတ်၏ သေနင်္ဂဗျူဟာရည်မှန်းချက်များကိုကာကွယ်ပေးကာ စစ်ကောင်စီအပေါ် သြဇာသက်ရောက်စေပြီး အိန္ဒိယသမုဒ္ဒရာကို ရှေရှည်အသုံးပြုရန် အရေးပါသည့် ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) စီမံကိန်းများကို ဆက်လက် လုပ်ကိုင်နိုင်စေသည်။

တရုတ်သည် ကြွယ်ဝချမ်းသာမှုနှင့် နိုင်ငံရေးတည်ငြိမ်မှုကို ချိတ်ဆက်ထားသည်။ သဟဇာတဖြစ်ပြီး စီးပွားရေးအရ အကျိုးရှိသော မြန်မာသည် တရုတ်၏ သေနင်္ဂဗျူဟာရည်မှန်းချက်များကိုကာကွယ်ပေးကာ စစ်ကောင်စီအပေါ် သြဇာသက်ရောက်စေပြီး အိန္ဒိယသမုဒ္ဒရာကို ရှေရှည်အသုံးပြုရန် အရေးပါသည့် ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) စီမံကိန်းများကို ဆက်လက် လုပ်ကိုင်နိုင်စေသည်။

သံတမန်ရေးနောက်ကွယ်မှ လုံခြုံရေးတောင်းဆိုမှုများ

မစ္စတာ ဝမ်ယိ၏ ရည်မှန်းချက်ပန်းတိုင် သုံးခုသည် ရှင်းလင်းသော တောင်းဆိုချက်များဖြင့်လာသည်။ မြန်မာနိုင်ငံသည် မြန်မာမှ တရုတ်ဝန်ထမ်းများ၊ အင်စတီကျူးရှင်းများနှင့် စီမံကိန်းများ ဘေးကင်းလုံခြုံရေးအတွက် ခိုင်မာသော အစီအမံများလုပ်မည်၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ပိုမိုတိုက်ဖျက်မည်၊ တရုတ်-မြန်မာနယ်စပ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုထိန်းသိမ်းမည်ဟု တရုတ်က မျှော်လင့်ကြောင်း ၎င်းကပြောသည်။

ထိုကိစ္စများသည် အမှုမဲ့အမှတ်မဲ့ တောင်းဆိုမှုများ မဟုတ်ပေ။ တရုတ်နိုင်ငံသားများနှင့် ရင်းနှီးမြှုပ်နှံမှုများကို တော်လှန်ရေးအင်အားစုများက ပစ်မှတ်ထားကြသည်။ ဥပမာအားဖြင့် ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လက်ပံတောင်းကြေးနီမိုင်းမှ ဝန်ထမ်းများကို စစ်ကော်မရှင်က ကယ်ဆယ်ရသည်။

ထို့ပြင် တရုတ်နိုင်ငံသားများကို ထိခိုက်စေသည့် မြန်မာနိုင်ငံမြောက်ပိုင်းမှ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ ပြန်လည်ပေါ်ပေါက်လာခြင်းသည် တရုတ်အတွက် မဖြေရှင်းနိုင်သည့် စိုးရိမ်မှုအဖြစ် ဆက်လက်ရှိနေသည်။

တုံ့ပြန်သည့်အနေဖြင့် တရုတ်သည် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန်၊ အန္တရာယ်ဖြစ်နိုင်ခြေများ စောင့်ကြည့်ခြင်းနှင့် ဒေသဆိုင်ရာ တရားဥပဒေစိုးမိုးမှုကို ထောက်ကူရန် တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများနှင့် အကြံပေးများကို ပိုမိုမှီခိုလာသည်။

ထိုလုံခြုံရေး တောင်းဆိုမှုများကို မြန်မာ၏ နိုင်ငံရေးလုပ်ငန်းစဉ်အား တရုတ်၏ထောက်ခံမှုနှင့် ချည်နှောင်ထားခြင်းဖြင့် တရုတ်နိုင်ငံသည် ၎င်းတို့အကျိုးစီးပွားများကို တရားဝင်လမ်းကြောင်းများမှဖြစ်စေ၊ ပုဂ္ဂလိကလုံခြုံရေးအစီအစဉ်များဖြင့်ဖြစ်စေ ကာကွယ်ရန် စစ်ကော်မရှင်၏ စွမ်းရည်အတွက် အကူအညီကို ထိရောက်စွာ သြဇာလွှမ်းမိုးထားသည်။

စစ်ကော်မရှင်အတွက် မည်သည့် အဓိပ္ပာယ်နည်း

တရုတ်သဘောထားသည် မြန်မာစစ်ကော်မရှင်အတွက် အကျိုးကျေးဇူးဖြစ်စေသည်။ တရုတ်၏ ထောက်ခံမှုသည် ထိရောက်သော အနောက်တိုင်း ပယ်ချမှုအကြားတွင် ရွေးကောက်ပွဲကို အဖိုးတန် နိုင်ငံတကာတရားဝင်မှု အဆင့်တခုပေးသည်။ တရုတ်၏ ထိတွေ့ဆက်ဆံမှုသည် ပြည်တွင်းစိန်ခေါ်မှုများကို လျှော့ချရန် စီးပွားရေးအကူအညီ၊ ရင်းနှီမြှုပ်နှံမှုနှင့် ပြန်လည်တည်ဆောက်ရေး အကူအညီအတွက် လမ်းဖွင့်ပေးသည်။

နိုင်ငံရေးလုပ်ငန်းစဉ်ကို တရုတ်၏ ရည်မှန်းချက်ပန်းတိုင် သုံးခုနှင့်ကိုက်ညီအောင် ပြုလုပ်ထားခြင်းဖြင့် စစ်ကော်မရှင်သည် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် ကြွယ်ဝချမ်းသာရေးတို့ကို အကောင်အထည်ဖော်နေသည်ဟု သူတို့ကိုယ်သူတို့ ပုံဖော်နိုင်ပြီး ထိန်းချုပ်မှု ပိုမိုခိုင်မာစေကာ အတိုက်အခံများကို ဘေးဖယ်ထုတ်နိုင်စေသည်။

နိုင်ငံရေးလုပ်ငန်းစဉ်ကို တရုတ်၏ ရည်မှန်းချက်ပန်းတိုင် သုံးခုနှင့်ကိုက်ညီအောင် ပြုလုပ်ထားခြင်းဖြင့် စစ်ကော်မရှင်သည် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် ကြွယ်ဝချမ်းသာရေးတို့ကို အကောင်အထည်ဖော်နေသည်ဟု သူတို့ကိုယ်သူတို့ ပုံဖော်နိုင်ပြီး ထိန်းချုပ်မှု ပိုမိုခိုင်မာစေကာ အတိုက်အခံများကို ဘေးဖယ်ထုတ်နိုင်စေသည်။

တရုတ်ကျောထောက်နောက်ခံပြု စီမံကိန်းများသည် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် တိုးတက်မှုပေးပြီး EAO အချို့၊ အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ EAO များတွင် တရုတ်၏ ကြားဝင်စေ့စပ်မှုသည် အဓိကဒေသများတွင် တိုက်ပွဲများ လျော့ကျစေသည်။

တရုတ်အတွက် မည်သည့် အဓိပ္ပာယ်နည်း

ခြုံ၍ကြည့်ပါက မစ္စတာ ဝမ်ယိ၏ သတင်းစကားမှာ မြန်မာ၏ လာမည့်ရွေးကောက်ပွဲသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မဟုတ်ဘဲ တိုက်ခိုက်မှုရပ်ရန်၊ နိုင်ငံရေးအဖြေရရန်၊ စီးပွားရေးနာလန်ထရန်နှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုအတွက် စင်မြင့်တခု ဖန်တည်းရန် တည်ငြိမ်ရေးအသုံးချမှုသာဖြစ်သည်။

ရွေးကောက်ပွဲအပေါ် အယုံအကြည်ရှိမှု၊ ပွင့်လင်းစွာ ယှဉ်ပြိုင်မှုနှင့် နိုင်ငံရေးလွတ်လပ်မှုတို့သည် စကားများတွင် သိသိသာသာကင်းမဲ့နေသည်။ ထိုအစား တရုတ်သည် မြန်မာစစ်ကောင်စီ အားထားအလုပ်လုပ်နိုင်သည့် တိကျသော အခြေအနေများဖြစ်သော ငြိမ်းချမ်းရေး၊ ညီညတ်ရေးနှင့် တိုးတက်မှုဖြစ်စေမည့်ရလဒ်ကို အလေးထားသည်။

တရုတ်အတွက် ရွေးကောက်ပွဲသည် အရွေ့မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ကာ တည်ငြိမ်မှု ထိန်းသိမ်းပြီး မြန်မာကို တရုတ်၏ သေနင်္ဂဗျူဟာပတ်လမ်းအတွင်း ထိန်းထားပေးမည့် ပူးပေါင်းဆောင်ရွက်သည့် အစိုးရတခု ဖော်ဆောင်ရေးသာဖြစ်သည်။

ရည်မှန်းချက်ပန်းတိုင် သုံးခုဖြစ်သည့် ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့သည် ထိခိုက်လွယ်နိုင်ငံငယ်များတွင် တရုတ်၏ ပိုမိုကျယ်ပြန့်သော သေနင်္ဂဗျူဟာကို ထင်ဟပ်နေသည်။ လုံခြုံရေး၊ အခြေခံအဆောက်အအုံ ဆက်လက် တည်ဆောက်ရေးနှင့် ဒီမိုကရေစီစံနှုန်းများအပေါ် ရေရှည်သြဇာကို ဦးစားပေးသည့် သေနင်္ဂဗျူဟာဖြစ်သည်။

၎င်းတို့ကို ပြန်လည်တည်ဆောက်ရေး၊ စီးပွားရေးတိုးတက်မှုနှင့် ချည်နှောင်ထားခြင်းဖြင့် တရုတ်သည် မြန်မာ၏ မရှိမဖြစ် လိုအပ်သည့်မိတ်ဖက်အဖြစ် နေရာယူပြီး ၎င်း၏သေနင်္ဂဗျူဟာကျသည့် စီမံကိန်းများကို ကာကွယ်စောင့်ရှောက်သည်။

အချိန်အခါကိုလည်း ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ထားသည်။ ရွေးကောက်ပွဲကို တည်ငြိမ်မှု၊ တိုးတက်မှုနှင့် ဖန်တီးခြင်းဖြင့် ရည်မှန်းချက်ပန်းတိုင် သုံးခုအမြင်သည် အများအမြင်တွင် အပြုသဘောဆောင်သော်လည်း မြန်မာ့နိုင်ငံရေးလမ်းကြောင်းကို တရုတ်နိုင်ငံ လိုချင်သည့်ဘက်သို့ တိတ်တဆိတ် ဦးတည်နေသည်။

အချိန်အခါကိုလည်း ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ထားသည်။ ရွေးကောက်ပွဲကို တည်ငြိမ်မှု၊ တိုးတက်မှုနှင့် ဖန်တီးခြင်းဖြင့် ရည်မှန်းချက်ပန်းတိုင် သုံးခုအမြင်သည် အများအမြင်တွင် အပြုသဘောဆောင်သော်လည်း မြန်မာ့နိုင်ငံရေးလမ်းကြောင်းကို တရုတ်နိုင်ငံ လိုချင်သည့်ဘက်သို့ တိတ်တဆိတ် ဦးတည်နေသည်။

အန်းနင်းတွင် မစ္စတာ ဝမ်ယိ၏ မှတ်ချက်များသည် ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ဖော်ပြသည်။ စစ်ကော်မရှင်အတွက် တရားဝင်မှုရပြီး တရုတ်ထောက်ခံမှုရရန် မူဘောင်တခုဖြစ်သည်။ တရုတ်အတွက် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးကာ နယ်စပ်အပေါ် သက်ရောက်မှုကို ထိန်းချုပ်ပြီး နယ်စပ်လုံခြုံရေး ထိန်းသိမ်းပေးသည့် တည်ငြိမ်ပြီး ပူးပေါင်းဆောင်ရွက်သော အိမ်နီးချင်းနိုင်ငံ ရရှိရေးဖြစ်သည်။

ထိုအမြင်တွင် ရွေးကောက်ပွဲသည် ဒီမိုကရေစီ မဟုတ်ဘဲ တရုတ်နိုင်ငံက သြဇာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်သည့် အခြေခံဖြစ်သော တည်ငြိမ်မှုရရှိရေးဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Athena Awn Naw ၏ China’s Playbook: Beijing’s Three-Goal Election Blueprint for Myanmar ကို ဘာသာပြန်သည်။ )

You may also like these stories:

တရုတ်တို့၏ မြန်မာ့သမိုင်းဆိုင်ရာ ရပ်တည်ချက် အမှားများ

တရုတ်ရဲ့ ကြားဝင်မှုဟာ လုံးဝတဖက်သတ်ဖြစ်တယ် (ရုပ်/သံ)

တိုင်းရင်းသားတပ်များကို နောက်ပြန်လှည့်စေသည့် တရုတ်သေနင်္ဂဗျူဟာ

တရုတ်ဖိအားရှိပေမယ့် ရည်မှန်းချက်အတိုင်းဆက်သွားမယ်လို့ ကချင်အဖွဲ့ ပြော(ရုပ်/သံ)

မြန်မာရွေးကောက်ပွဲ နောက်ကွယ်မှ တရုတ်စွက်ဖက်မှု (ရုပ်/သံ)

မြန်မာစစ်ကောင်စီကို တရုတ်က ဘက်ပေါင်းစုံ ကူညီနေ

ရွေးကောက်ပွဲဝင်မယ့်ပါတီတွေကို တရုတ်ကွန်မြူနစ်ပါတီ ဆက်တိုက်ခေါ်တွေ့နေ (ရုပ်/သံ)

]]>
တိုင်းရင်းသားတပ်များကို နောက်ပြန်လှည့်စေသည့် တရုတ်သေနင်္ဂဗျူဟာ https://burma.irrawaddy.com/opinion/viewpoint/2025/08/04/404164.html Mon, 04 Aug 2025 08:26:36 +0000 https://burma.irrawaddy.com/?p=404164 တရုတ်၏ သေနင်္ဂဗျူဟာများသည် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့စေခြင်းဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းအပေါ် လွှမ်းမိုးမှု ပြန်လည်ရယူရေးကို ရည်ရွယ်သည့် အကျပ်ကိုင် ကိုယ်ကျိုးရှာ စွက်ဖက်မှု ဖြစ်သည်။]]>

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် တော်လှန်ရေးအင်အားစုများသည် တချိန်က ဖြစ်နိုင်ခြေမရှိသောကိစ္စကို အောင်မြင်ခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် အခြားဒေသများမှ စစ်ကောင်စီခံစစ်များကို ရိုက်ချိုးသော ကြီးမားသည့် ထိုးစစ်ဆင်သည်။

ရလဒ်သည် သမိုင်းဝင်ပြီး စစ်ကောင်စီသည် ဂုဏ်သိက္ခာကျဆင်းသည့် ရှုံးနိမ့်မှုများ ရင်ဆိုင်ရကာ အဓိကစခန်းများ၊ တပ်များနှင့် သေနင်္ဂဗျူဟာအရ အရေးပါသောဒေသများကို ဆုံးရှုံးသည်။ အရှိန်အဟုန် ကြီးမားလာသောအခါ နေပြည်တော်ပြိုလဲမည့် ဖြစ်နိုင်ခြေသည် ယုံကြည်မှုရလာပြီး ပတ်သက်ယှက်နွယ်နေသော စီးပွားရေးနှင့် ပထဝီနိုင်ငံရေး အကျိုးစီးပွားများရှိသော အိမ်နီးချင်း တရုတ်နိုင်ငံအတွက် အလေးထားလောက်သော သေနင်္ဂဗျူဟာ ခြိမ်းခြောက်မှု ဖြစ်လာသည်။

တော်လှန်ရေးအောင်မြင်မှုသည် တရုတ်အတွက် ဒေသတွင်း မတည်ငြိမ်မှုသာမက ၎င်းတို့နှင့် စစ်ကောင်စီ နှစ်ပေါင်းများစွာ ပျိုးထောင်ထားသည့် လုံခြုံရေးစနစ်ကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်သည်။ ကနဦးတွင် တရုတ်နိုင်ငံသည် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကို သည်းခံခဲ့ပြီး နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများကိုသာ ဖျက်သိမ်းမည်ဟု မျှော်လင့်ခဲ့သည်။

တော်လှန်ရေးအောင်မြင်မှုသည် တရုတ်အတွက် ဒေသတွင်း မတည်ငြိမ်မှုသာမက ၎င်းတို့နှင့် စစ်ကောင်စီ နှစ်ပေါင်းများစွာ ပျိုးထောင်ထားသည့် လုံခြုံရေးစနစ်ကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်သည်။ ကနဦးတွင် တရုတ်နိုင်ငံသည် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကို သည်းခံခဲ့ပြီး နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများကိုသာ ဖျက်သိမ်းမည်ဟု မျှော်လင့်ခဲ့သည်။

သို့သော် တော်လှန်ရေးအင်အားစုများက နယ်မြေထိန်းချုပ်မှု တိုးချဲ့လာသောအခါ တရုတ်နိုင်ငံသည် အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများ၏ အရှိန်အဟုန် ရပ်တန့်စေရန်နှင့် ၎င်း၏ သေနင်္ဂဗျူဟာအကျိုးစီးပွားကို ကာကွယ်ရန် ရည်ရွယ်သည့် အကျပ်ကိုင်ခြင်းဖြင့် တုံ့ပြန်သည်။

အရေးအကြီးဆုံးမှာ တရုတ်နိုင်ငံသည် စီးပွားရေးစင်္ကြံများနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းလမ်းများကို အားထားနိုင်လောက်အောင် အကာအကွယ်ပေးသည့် နေပြည်တော်မှ စစ်ကောင်စီပြိုလဲခြင်းကို စိုးရိမ်သည်။

ညီနောင်မဟာမိတ်များပါဝင်သော EAO များ ဦးဆောင်သည့် နိုင်ငံရေး၊ စစ်ရေး စနစ်သစ် ပေါ်ပေါက်လာခြင်းသည် တရုတ်၏ သြဇာပြင်ပသို့ ကျရောက်သွားနိုင်သည် သို့မဟုတ် ထို့ထက် ပိုမိုဆိုးရွားပြီး တော်လှန်ရေးအင်အားစုများဖြင့် အနောက်နိုင်ငံများနှင့် ပိုမို ညီညွတ်သွားနိုင်သည်။ ထိုသို့ မြန်မာ့ပြည်တွင်း အရွေ့များအပေါ် သြဇာဆုံးရှုံးမှုများသည် တရုတ်၏ ဒေသတွင်း လွှမ်းမိုးမှုကို အခြေခံကျသည့် စိန်ခေါ်မှုဖြစ်လာသည်။

တုံ့ပြန်သည့်အနေဖြင့် တရုတ်သည် အပြန်အလှန် ဆက်စပ်နေသည့် သေနင်္ဂဗျူဟာ ခြောက်ခုဖြင့် တော်လှန်ရေးကို နှောင့်ယှက်ဖြိုခွဲရန် တွက်ချက်လုပ်ဆောင်သည်။ မတားဆီးဘဲထားပါက ထိုလုပ်ရပ်သည် မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးလှုပ်ရှားမှုကို လမ်းလွဲသွားစေနိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီ တွန်းအားကို အားနည်းသွားစေကာ နိုင်ငံတွင်ရှည်ကြာသော မတည်ငြိမ်မှုကို အမြစ်တွယ်စေနိုင်သည်။

ပထမအချက်မှာ တရုတ်နိုင်ငံသည် ရှေ့တန်း EAO များသို့ လက်နက်စီးဆင်းမှု၊ ငွေကြေးထောက်ပံ့မှုနှင့် သယ်ယူပို့ဆောင်ရေးကို အကြီးအကျယ် ကန့်သတ်ပြီး နှစ်ပေါင်းများစွာ လွတ်လပ်ခွင့်ပေးထားခြင်းကို အဆုံးသတ်လိုက်သည်။

ထိုဖိအားကို ညီနောင်မဟာမိတ်အဖွဲ့ဝင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကဲ့သို့သော အထူးပစ်မှတ်ထားသည့် အဖွဲ့များသို့ ဖြတ် ငါးဖြတ်ဖြစ်သည့် လျှပ်စစ်၊ ရေ၊ အင်တာနက်၊ ကုန်စည်ဖြန့်ချိရေးကွင်းဆက်နှင့် လူအင်အားက ဖော်ပြသည်။

စစ်ရေးအရ ချေမှုန်းမခံရဘဲ MNDAA လားရှိုးမှ တိတ်ဆိတ်စွာ ဆုတ်ခွာသွားခြင်းက တရုတ်အကျပ်ကိုင်မှု ဖိအားကို မီးမောင်းထိုးပြနေသည်။ ထိုအဖွဲ့ခေါင်းဆောင် ဖုန်တာရွှင်ကို နေအိမ်အကျယ်ချုပ်ထားပြီး တရုတ်-မြန်မာ ကုန်သွယ်ရေး သေနင်္ဂဗျူဟာကျသည့် အချက်အချာ လားရှိုးကို ပြန်လည် ရယူရန်ကြီးမားသော ကန့်သတ်ချက်များကို တရုတ်က ချမှတ်သည်။

စစ်ရေးအရ ချေမှုန်းမခံရဘဲ MNDAA လားရှိုးမှ တိတ်ဆိတ်စွာ ဆုတ်ခွာသွားခြင်းက တရုတ်အကျပ်ကိုင်မှု ဖိအားကို မီးမောင်းထိုးပြနေသည်။ ထိုအဖွဲ့ခေါင်းဆောင် ဖုန်တာရွှင်ကို နေအိမ်အကျယ်ချုပ်ထားပြီး တရုတ်-မြန်မာ ကုန်သွယ်ရေး သေနင်္ဂဗျူဟာကျသည့် အချက်အချာ လားရှိုးကို ပြန်လည် ရယူရန်ကြီးမားသော ကန့်သတ်ချက်များကို တရုတ်က ချမှတ်သည်။

အလားတူပုံစံတခုကို ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နောင်ချိုမှ ဆုတ်ခွာစဉ်ကလည်း တွေ့ရသည်။ စစ်ရေးအကန့်အသတ်များ၊ သေနင်္ဂဗျူဟာတွက်ချက်မှုနှင့် မဟာမိတ်များ၏ အကူအညီသည် အခန်းကဏ္ဍတခုမှ ပါဝင်သော်လည်း နောက်ကွယ်မှ တရုတ်ဖိအားဖြစ်သည့် သယ်ယူပို့ဆောင်ရေး တင်းကျပ်ခြင်းနှင့် နိုင်ငံရေးသြဇာ အသုံးပြုခြင်းသည် အဆုံးအဖြတ်ကျသည်။

ထိုဥပမာများသည် တရုတ်၏ သေနင်္ဂဗျူဟာ အပြောင်းအလဲကို မီးမောင်းထိုးပြနေသည်။ တရုတ်သည် ငြိမ်သက်စွာ စောင့်ကြည့်နေသူအဖြစ်မှ တက်ကြွသော ဖျက်လိုဖျက်ဆီးလုပ်သူဖြစ်လာပြီး နယ်မြေသိမ်းပိုက်မှုများကို စွန့်လွှတ်ရန် သွယ်ဝိုက်အကျပ်ကိုင်ကာ မြန်မာမှ ဖွဲ့စည်းမှုအကောင်းဆုံး တော်လှန်ရေးအင်အားစုများ၏ အရှိန်အဟုန်ကို တန့်သွားစေသည်။

တချိန်တည်းတွင် နယ်စပ်ကုန်သွယ်ရေးကို တရုတ်၏ ကန့်သတ်ချက်များသည် ရင်းမြစ် မလုံလောက်မှုနှင့် အရပ်သားများအတွက် အခက်အခဲဖြစ်စေသောကြောင့် TNLA သည် စစ်မြေပြင်အရေးနိမ့်မှုဖြင့်သာ ရင်ဆိုင်ရသည် မဟုတ်ဘဲ စီးပွားရေးအကျပ်အတည်း မြင့်တက်လာခြင်းကိုလည်း ရင်ဆိုင်ရသည်ကို ထိုအဖွဲ့က သတင်းထုတ်ပြန်ချက်များတွင် အကြိမ်ကြိမ်ဝန်ခံသည်။

နောင်ချိုကို လက်မလွှတ်ရမီက TNLA သည် သတင်းစာရှင်းလင်းပွဲများ ကျင်းပပြီး တရုတ်ဖိအားကို တုံ့ပြန်ရန် အကြိမ်ကြိမ် အကူအညီတောင်းသည်။ ထိုအားထုတ်မှုများက တရုတ်၏အကျပ်ကိုင်သည့်သြဇာ၊ ထိုအဖွဲ့၏ အားနည်းချက်နှင့် နောက်ဆုံးတွင် နယ်မြေဆုံးရှုံးမှုကို ဖြစ်စေသည့် တိုက်ရိုက် အကြောင်းရင်းဖြစ်ကြောင်း ပြသနေသည်။

ဒုတိယအချက်မှာ တရုတ်နိုင်ငံသည် စစ်ကောင်စီဆန့်ကျင်ရေးတပ်ဦးကို ထောက်ခံမှု တားဆီးရန် အလားအလာရှိသည့် တော်လှန်ရေး မဟာမိတ်များကို ပြင်းထန်သော ဖိအားဖြင့် ပစ်မှတ်ထားသည်။ ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် တရုတ်အထူးသံတမန် မစ္စတာ တိန့်ရှီကျွင်းသည် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ခေါင်းဆောင်များကို တွေ့ဆုံပြီး MNDAA နှင့် TNLA သို့ စစ်ရေးအကူအညီ ရပ်ဆိုင်းရန် တောင်းဆိုသည်။

တရုတ်နိုင်ငံက ဝဒေသသို့ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရပ်ဆိုင်းခြင်း အပါအဝင် ပိတ်ဆို့မှုများဖြင့် ခြိမ်းခြောက်သည်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကမကထ ပြုခဲ့သည့် UWSA သည် စီးပွားရေး အထီးကျန်ရန် ခြိမ်းခြောက်မှုကြောင့် ကြားနေရေး တွန်းအားပေး ခံရသည်။ ထိုသွေးခွဲထိန်းချုပ်သည့် သေနင်္ဂဗျူဟာသည် တော်လှန်ရေးကွန်ရက်ကို အင်အားချိနဲ့စေပြီး အင်အားကြီးမားသော EAO များကို တရုတ်၏ သေနင်္ဂဗျူဟာလည်ပတ်မှုအတွင်း ချည်နှောင်ထားသည်။

တရုတ်နိုင်ငံက ဝဒေသသို့ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရပ်ဆိုင်းခြင်း အပါအဝင် ပိတ်ဆို့မှုများဖြင့် ခြိမ်းခြောက်သည်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကမကထ ပြုခဲ့သည့် UWSA သည် စီးပွားရေး အထီးကျန်ရန် ခြိမ်းခြောက်မှုကြောင့် ကြားနေရေး တွန်းအားပေး ခံရသည်။ ထိုသွေးခွဲထိန်းချုပ်သည့် သေနင်္ဂဗျူဟာသည် တော်လှန်ရေးကွန်ရက်ကို အင်အားချိနဲ့စေပြီး အင်အားကြီးမားသော EAO များကို တရုတ်၏ သေနင်္ဂဗျူဟာလည်ပတ်မှုအတွင်း ချည်နှောင်ထားသည်။

တတိယအချက်မှာ တရုတ်နိုင်ငံသည် ဒေသတည်ငြိမ်မှုကို တောင်းဆိုသော်လည်း သံတမန်ရေး ထောက်ခံမှု၊ စီးပွားရေးအသက်သွေးကြောနှင့် နောက်ကွယ်မှ စစ်ရေးအကူအညီများဖြင့် မြန်မာစစ်ကောင်စီကို အကာအကွယ်ပေးထားခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ သြဂုတ်လက ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက စစ်ကောင်စီ၏ နိုင်ငံရေးလမ်းပြမြေပုံကို တရုတ်၏ ထောက်ခံမှုနှင့် တရုတ်အစိုးရ၏ “သုံးပွင့်ဆိုင်” မူများကို ထပ်လောင်း အတည်ပြုသည်။

မြန်မာ့ပြည်တွင်း မတည်ငြိမ်မှုနှင့် ပဋိပက္ခကို ဆန့်ကျင်ရေး၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဗဟိုပြုမှုကို ထိန်းသိမ်းရေးနှင့် ပြည်ပစွက်ဖက်မှုကို ပယ်ချရေးတို့ ဖြစ်သည်။

ထိုမူများသည် စစ်အုပ်ချုပ်ရေးကို တရားဝင်စေပြီး မြန်မာ့ဒီမိုကရက်တစ် အတိုက်အခံနှင့် နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုကို တားဆီးကာ တရုတ်၏ တိတ်တဆိတ် ထောက်ခံမှုဖြင့် စစ်ကောင်စီချုပ်ကိုင်မှုကို ပိုမိုခိုင်မာစေသည်။

စတုတ္တအချက်မှာ တရုတ်အစိုးရသည် ထုံးစံအတိုင်း အဖွဲ့ပေါင်းစုံ တွေ့ဆုံခြင်းအစား MNDAA, TNLA နှင့် အာရက္ခတပ်တော် (AA) တို့ကို သီးခြားစီ နှစ်ဖက် ညှိနှိုင်းခြင်းဖြင့် ညီနောင်မဟာမိတ်၏ ညီညွတ်မှုကို ရည်ရွယ်ချက်ရှိရှိ အင်အားချိနဲ့အောင် လုပ်သည်။

၁၀၂၇ စစ်ဆင်ရေးအတွင်းက ညီညွတ်သော တပ်ဦးရှိသော်လည်း တရုတ်၏ သွေးခွဲဆက်ဆံရေး သေနင်္ဂဗျူဟာသည် ၎င်းတို့၏ စုပေါင်းသြဇာကို ကျဆင်းစေသည်။ အကန့်လိုက် ဆွေးနွေးခြင်းနှင့် ရွေးချယ်စေ့ဆော်မှုပေးခြင်းဖြင့် တရုတ်သည် အဖွဲ့တခုစီအပေါ် အချိုးအစားမညီသည့် သြဇာလွှမ်းမိုးမှု ရယူကာ တရုတ်-မြန်မာ နယ်စပ်တလျှောက်တွင် ၎င်း၏ လွှမ်းမိုးမှုကို မည်သည့်အဖွဲ့တခုကမှ စိန်မခေါ်နိုင်အောင် လုပ်သည်။

၁၀၂၇ စစ်ဆင်ရေးအတွင်းက ညီညွတ်သော တပ်ဦးရှိသော်လည်း တရုတ်၏ သွေးခွဲဆက်ဆံရေး သေနင်္ဂဗျူဟာသည် ၎င်းတို့၏ စုပေါင်းသြဇာကို ကျဆင်းစေသည်။ အကန့်လိုက် ဆွေးနွေးခြင်းနှင့် ရွေးချယ်စေ့ဆော်မှုပေးခြင်းဖြင့် တရုတ်သည် အဖွဲ့တခုစီအပေါ် အချိုးအစားမညီသည့် သြဇာလွှမ်းမိုးမှု ရယူကာ တရုတ်-မြန်မာ နယ်စပ်တလျှောက်တွင် ၎င်း၏ လွှမ်းမိုးမှုကို မည်သည့်အဖွဲ့တခုကမှ စိန်မခေါ်နိုင်အောင် လုပ်သည်။

ပဉ္စမအချက်မှာ တရုတ်နိုင်ငံသည် ကြားနေစေ့စပ်သည့် အခန်းကဏ္ဍကို စွန့်လွှတ်လိုက်ပြီး ပဋိပက္ခစီမံခန့်ခွဲရာတွင် အပေးအယူဆန်သည့် စီးပွားရေးဦးစာပေးပုံစံကို ကျင့်သုံးခြင်းဖြစ်သည်။ ယခုအခါ တရုတ်နိုင်ငံသည် တင်းမာမှုလျှော့ချခြင်းကို နိုင်ငံရေးဖြေရှင်းမှုဖြင့် မလုပ်ဘဲ ကုန်သွယ်ရေး ပုံမှန်ဖြစ်ရေးနှင့် အဓိကနယ်စပ်လမ်းများ ပြန်လည်ဖွင့်လှစ်ရေးဖြင့် လုပ်ကိုင်နေသည်။

ထိုဖိအား၏ ဗဟိုချက်မှာ EAO များ၊ အထူးသဖြင့် ညီနောင်မဟာမိတ်အဖွဲ့ကို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နှင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော ဒေသများဖြစ်သည့် သိန္နီနှင့် သီပေါကဲ့သို့သော သေနင်္ဂဗျူဟာကျသည့် မြို့များမှ ဆုတ်ခွာရေးဖြစ်သည်။

ထိုအဓိကကျသည့်မြို့များမှ ဆုတ်ခွာရေးတောင်းဆိုမှုသည် စစ်ကောင်စီထံမှ အစပြုသော်လည်း တရုတ်သည် ထိုတောင်းဆိုမှုကို သဘောတူပြီး အားပြိုင်နေသော ပဋိပက္ခဇုန်များကို လုံခြုံသော စီးပွားရေးစင်္ကြံများအဖြစ် ပြောင်းလဲရန် တွန်းအားပေးသည်။ ထိုချဉ်းကပ်ပုံနည်းလမ်းသည် အာလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေး သို့မဟုတ် တည်တံ့သော ငြိမ်းချမ်းရေးထက် အခြေခံအဆောက်အအုံ လုံခြုံရေးနှင့် စီးပွားရေးလမ်းကြောင်းကို ဦးစားပေးသည်။

ဆဋ္ဌမအချက်မှာ တရုတ်နိုင်ငံသည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) တို့နှင့် မည်သည့်ဆက်ဆံရေးမဆို ဖြတ်တောက်ရန် သို့မဟုတ် လျှော့ချရန် MNDAA နှင့် အခြားအဖွဲ့များကို တိုက်ရိုက် ဖိအားပေးသည်။

MNDAA အနေဖြင့် ထိုအဖွဲ့များကို လေ့ကျင့်ပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားလုံးရပ်ရန် တရုတ်က တောင်းဆိုပြီး ထိုသို့သော ဆက်ဆံရေးများသည် ဒေသတည်ငြိမ်မှုနှင့် ၎င်း၏ သေနင်္ဂဗျူဟာ အကျိုးစီးပွားအတွက် ခြိမ်းခြောက်မှုဟုမြင်သည်။

ထိုတောင်းဆိုမှုက တော်လှန်ရေးအင်အားစုများကို နိုင်ငံရေးအရနှင့် စစ်ရေးအရ အထီးကျန်ထားပြီး စစ်ကောင်စီဆန့်ကျင်ရေး ညီညွတ်သောတပ်ဦး ခိုင်မာအောင်လုပ်ခြင်းမှ တားဆီးကာ NUG ကျောထောက်နောက်ခံပြု တော်လှန်ရေးလှုပ်ရှားမှု၏ တရားဝင်မှုနှင့် စွမ်းရည်ကို ထိခိုက်စေရန် တရုတ်၏ ကျယ်ပြန့်သောရည်မှန်းချက်ကို ထင်ဟပ်နေသည်။

တရုတ်၏ သေနင်္ဂဗျူဟာ ခြောက်ခုသည် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့စေခြင်းဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းအပေါ် လွှမ်းမိုးမှု ပြန်လည်ရယူရေးကို ရည်ရွယ်သည့် အကျပ်ကိုင် ကိုယ်ကျိုးရှာ စွက်ဖက်မှု ဖြစ်သည်။

တရုတ်၏ သေနင်္ဂဗျူဟာ ခြောက်ခုသည် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့စေခြင်းဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းအပေါ် လွှမ်းမိုးမှု ပြန်လည်ရယူရေးကို ရည်ရွယ်သည့် အကျပ်ကိုင် ကိုယ်ကျိုးရှာ စွက်ဖက်မှု ဖြစ်သည်။

သွယ်ဝိုက်အကျပ်ကိုင် အစီအမံများဖြင့် ၎င်းတို့၏ စစ်ဆင်ရေးအရှိန်အဟုန်ကို တားဆီးခြင်းဖြင့် တရုတ်သည် အဓိကကျသည့် နယ်မြေသိမ်းပိုက်မှုများကို နောက်ကြောင်းပြန်လှည့်ရန်နှင့် မြန်မာ့ဒီမိုကရက်တစ် ဖက်ဒရယ်တိုက်ပွဲ၏ အရေးပါသည့် လမ်းဆုံတွင် တော်လှန်ရေးအင်အားစုများ အင်အားချိနဲ့စေရန် ကြိုးစားနေသည်။

နိုင်ငံရေး အစိတ်စိတ်အမွှာမွှာကွဲခြင်း၊ စီးပွားရေးဖိအားနှင့် စစ်ကောင်စီသို့ တိတ်တဆိတ် စစ်ရေးအကူအညီဖြင့် တရုတ်နိုင်ငံသည် အရေးကြီးသောအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများ၏ မကြံစဖူး ညီညွတ်မှုနှင့် နယ်မြေသိမ်းပိုက်မှုများကို နှောင့်ယှက်ဖျက်ဆီးသည်။

အထိန်းအကွပ်မရှိပါက တရုတ်၏ သေနင်္ဂဗျူဟာသည် မြန်မာ၏ ထိခိုက်လွယ်သော ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို လမ်းချော်စေပြီး အာဏာရှင်အုပ်ချုပ် ရေး ပိုအမြစ်တွယ်စေကာ ပိုမိုကြီးမားသည့် မတည်ငြိမ်မှုကို ဖြစ်စေပြီး တရုတ်ကို တည်ငြိမ်စေသူမဟုတ်၊ အဓိက ပြည်ပြခြိမ်းခြောက်မှု ဖြစ်သွားစေသည်။

ဖက်ဒရယ် ဒီမိုကရေစီအတွက် ညီညွတ်သော လူထုအုံကြွမှုဖြစ်သည့် မြန်မာ့နွေဦးတော်လှန်ရေးသည် ပြည်တွင်းသွေးကွဲမှုနှင့် တရုတ်၏ သေနင်္ဂဗျူဟာကျသော စွက်ဖက်မှုကြောင့် ထိခိုက်လွယ်သည့် တိုးတက်မှုကို ရင်ဆိုင်နေရသည်။

မြန်မာ့တော်လှန်ရေးထက်၊ မြန်မာ့နိုင်ငံရေး အဖြေရှာရေးထက် တရုတ်၏ ပထဝီနိုင်ငံရေး အကျိုးစီးပွားကို ဦးစားပေးခြင်းသည် မြန်မာ့တော်လှန်ရေး၊ ပဋိပက္ခဖြေရှင်းရေးနှင့် ဒီမိုကရေစီကူးပြောင်းရေးကို အနှောင့်အယှက်ဖြစ်စေသည်။

အထိန်းအကွပ်မရှိပါက တရုတ်၏ သေနင်္ဂဗျူဟာသည် မြန်မာ၏ ထိခိုက်လွယ်သော ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို လမ်းချော်စေပြီး အာဏာရှင်အုပ်ချုပ် ရေး ပိုအမြစ်တွယ်စေကာ ပိုမိုကြီးမားသည့် မတည်ငြိမ်မှုကို ဖြစ်စေပြီး တရုတ်ကို တည်ငြိမ်စေသူမဟုတ်၊ အဓိက ပြည်ပြခြိမ်းခြောက်မှု ဖြစ်သွားစေသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Athena Awn Naw ၏ China’s Strategy to Reverse Ethnic Armies’ Gains in Myanmar ကို ဘာသာပြန်သည်။)

You may also like these stories:

မြန်မာစစ်ကောင်စီကို တရုတ်က ဘက်ပေါင်းစုံ ကူညီနေ

ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

စစ်ကောင်စီကို တရုတ်ထောက်ခံမှု ဒေါသက ငလျင်အကူအညီ ကျေးဇူးကို ဖုံးလွှမ်း

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီဝန်ခံ (ရုပ်/သံ)

တရုတ်အလိုကျ အရှက်မရှိ လိုက်လုပ်နေတဲ့ မြန်မာစစ်ကောင်စီ

]]>