Deepfakes Archives - ဧရာဝတီ https://burma.irrawaddy.com/tag/deepfakes Covering Burma and Southeast Asia Sun, 23 Aug 2026 05:52:16 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Deepfakes Archives - ဧရာဝတီ https://burma.irrawaddy.com/tag/deepfakes 32 32 TikTok က အွန်လိုင်း လိမ်လည်မှု ကာကွယ်ရေး ThaisAware Campaign ၃ နှစ်မြောက် စတင် https://burma.irrawaddy.com/news/2026/08/23/415714.html Sun, 23 Aug 2026 05:52:16 +0000 https://burma.irrawaddy.com/?p=415714 ထိုင်းနိုင်ငံမှာ ၂၀၂၆ ပထမ ၆ လပတ်အတွင်း အွန်လိုင်း လိမ်လည်မှုတွေကြောင့် ဘတ် ၉ ဘီလီယံ နီးပါး ဆုံးရှုံးခဲ့ပြီး ဖြစ်ရပ်ပေါင်း ၁ သိန်း ၇ သောင်း (၁၇၀,၀၀၀) အထိ မှတ်တမ်း တင်ထားနိုင်ခဲ့…]]>

ထိုင်းမှာ TikTok က ၃ နှစ်ထဲ ဝင်လာပြီဖြစ်တဲ့ ThaisAware လှုပ်ရှားမှု ကမ်ပိန်း (Campaign) ကို ဆက်လက် တိုးမြှင့် လိုက်ပြီး အွန်လိုင်း လိမ်လည်မှုတွေ အကြောင်း လူတွေရဲ့ သိနားလည်မှု အားကောင်းလာစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်က မိတ်ဖက် အဖွဲ့အစည်း ၈ ခုနဲ့ စတင်ခဲ့တဲ့ ကမ်ပိန်းဟာ ဒုတိယနှစ်မှာ ၁၂ ခု၊ အခု တတိယ နှစ်မှာတော့ ၁၃ ခုအထိ တိုးမြင့်လာခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၂၆ ပထမ ၆ လပတ်အတွင်း အွန်လိုင်း လိမ်လည်မှုတွေကြောင့် ဘတ် ၉ ဘီလီယံ နီးပါး ဆုံးရှုံးခဲ့ပြီး ဖြစ်ရပ်ပေါင်း ၁ သိန်း ၇ သောင်း (၁၇၀,၀၀၀) အထိ မှတ်တမ်း တင်ထားနိုင်ခဲ့ကြောင်း ထိုင်း သုံးစွဲသူ ကောင်စီက ပြောဆိုထားပါတယ်။

ကိန်းဂဏန်းတွေအရ လူတွေအတွက် နေ့စဉ်ဘဝရဲ့ တစိတ်တပိုင်း ဖြစ်နေတဲ့ ဒစ်ဂျစ်တယ် ချန်နယ်တွေကို လိမ်လည် သူတွေက ပိုအသုံးပြုလာနေတဲ့ ပြဿနာကို မီးမောင်း ထိုးပြနေတယ် လို့လည်း ဆိုပါတယ်။

ThaisAware ကမ်ပိန်းနဲ့ ပတ်သက်တဲ့ ဗီဒီယိုတွေကို ပထမနှစ်မှာ ကြည့်ရှုသူ ၃ ဒသမ ၄ ဘီလီယံ ရှိပြီး ဒုတိယနှစ်မှာ ၁၇ ဘီလီယံ အထိ တိုးလာခဲ့တယ်လို့ TikTok က ပြောပါတယ်။

ပညာပေး ဗီဒီယိုတွေကြောင့် အွန်လိုင်း ခြိမ်းခြောက်မှုတွေရဲ့ သားကောင်ဖြစ်သွားမှု ပမာဏ သိသိသာသာ လျော့ကျ သွားတာကို မိတ်ဖက် အဖွဲ့အစည်းတွေ အနေနဲ့ လေ့လာ တွေ့ရှိခဲ့ကြောင်းလည်း TikTok က ပြောဆိုပါတယ်။

၃ နှစ်မြောက်မှာ AI နဲ့ Deepfakes အပါအဝင် ဆိုက်ဘာ ခြိမ်းခြောက်မှုတွေကို နားလည်သိရှိလာဖို့၊ TikTok Shop Ecosystem အတွင်း ကာကွယ်မှုတွေ ပိုကောင်းလာဖို့နဲ့ ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံခြင်း ဆိုင်ရာ လိမ်လည်မှုတွေကို ကာကွယ်ဖို့ ဆိုတဲ့ နယ်ပယ် ၃ ခုကို အာရုံစိုက်သွားမယ် လို့လည်း သိရပါတယ်။

ကမ်ပိန်းရဲ့ အကြောင်းအရာ တင်ဆက်မှုတွေကိုလည်း ယေဘုယျ သတိပေးမှုတွေကနေ အသုံးပြုသူတွေအနေနဲ့ ကိုယ့် အခွင့်အရေးကို ကာကွယ်နိုင်ဖို့ လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတွေ၊ လမ်းညွှန်မှုတွေ အထိ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

လိမ်လည်သူတွေက ပလက်ဖောင်းပြင်ပကနေ ငွေလွှဲဖို့ ဆွဲဆောင်တတ်ကြပြီး အဲ့ဒီလို လွှဲလိုက်မယ်ဆိုရင် ပလက်ဖောင်းရဲ့ ငွေပေးချေခြင်း၊ ပစ္စည်းပြန်ပေးခြင်းနဲ့ ငွေပြန်အမ်းခြင်း စနစ်တွေရဲ့ ကာကွယ်မှုတွေကို ဖယ်ရှားလိုက်သလို ဖြစ်သွားတယ် လို့ TikTok ရဲ့ အရှေ့တောင်အာရှ ပေါ်လစီ နဲ့ အစိုးရ ဆက်ဆံရေး ဒါရိုက်တာ Chanida Klyphun က ပြောပါတယ်။

ပလက်ဖောင်းရဲ့ ပြင်ပကို ငွေလွှဲလိုက်ပြီဆိုရင် ပြန်ရယူဖို့ အလွန် ခက်ခဲသွားပြီး ဥပဒေကြောင်းအရ အကူအညီတွေပါ လိုအပ်နိုင်တယ် လို့လည်း သူက ဆိုပါတယ်။

သတင်း အချက်အလက်တွေကို မယုံကြည်ခင်၊ အကြောင်းအရာတွေ မဝေမျှခင်၊ ငွေမလွှဲခင် ခဏရပ်တန့်ဖို့ အသုံးပြုသူ တွေကို တွန်းအား ပေးထားတဲ့ TikTok ရဲ့ ရပ်ပါ၊ တွေးပါ၊ ဆုံးဖြတ်ပါ၊ လုပ်ဆောင်ပါ ဆိုတဲ့ စည်းမျဉ်းတွေကို ဆက်လက် မြှင့်တင် ပေးသွားမယ် လို့ သိရပါတယ်။

TikTok ဟာ အသက် ၁၈ နှစ်အောက် အသုံးပြုသူတွေ အတွက် Back-end လုံခြုံရေး စနစ်တွေ၊ အလိုအလျောက် ကိုယ်ရေး အချက်အလက် Setting တွေ၊ Screen-time စီမံခန့်ခွဲမှုတွေ ထည့်သွင်းပြီး ငယ်ရွယ်တဲ့ အသုံးပြုသူတွေ အပေါ် အထူး အလေးထား ဆောင်ရွက်နေတယ် လို့လည်း ဆိုပါတယ်။

Ref : The Nation

]]>