Eithad Archives - ဧရာဝတီ https://burma.irrawaddy.com/tag/eithad Covering Burma and Southeast Asia Mon, 17 Jul 2023 01:45:59 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Eithad Archives - ဧရာဝတီ https://burma.irrawaddy.com/tag/eithad 32 32 Emirates နဲ့ Eithad လေကြောင်းလိုင်းတွေမှာ Travel Pass စမ်းသပ် အသုံးပြုမည် https://burma.irrawaddy.com/lifestyle/travel/2021/01/21/236791.html Thu, 21 Jan 2021 06:57:08 +0000 https://burma.irrawaddy.com/lytbox/?p=236791 ကာကွယ်ဆေး ထိုးပြီးသူတွေနဲ့ ရောဂါကင်းစင်ကြောင်း အထောက်အထားရှိသူတွေကို Travel Pass နဲ့ စီးနင်းခွင့် ပေးသွားမှာပါ။IATA ရဲ့ Travel Pass App မှာ ခရီးသွားဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ နိုင်ငံပေါင်းစုံရဲ့ ဝင်ထွက်ခွင့် လိုအပ်မယ့် အချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။]]> ကာကွယ်ဆေး ထိုးပြီးသူတွေနဲ့ ရောဂါကင်းစင်ကြောင်း အထောက်အထားရှိသူတွေကို Travel Pass နဲ့ စီးနင်းခွင့် ပေးသွားမှာပါ။

ယူအေအီးနိုင်ငံအခြေစိုက် Emirates နဲ့ Eithad လေကြောင်းလိုင်းတွေဟာ နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးအဖွဲ့ကြီး (IATA) ရဲ့ ပထမဆုံး Travel Pass Application ကို ပထမ လေးလပတ် ကာလအတွင်း စမ်းသပ် အသုံပြုဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။

COVID-19 ကာကွယ်ဆေး ထိုးပြီးသူတွေနဲ့ ရောဂါကင်းစင်ကြောင်း အထောက်အထားရှိသူတွေကို ခရီးသွားလာခွင့်ပြုထားတဲ့ Travel Pass နဲ့ စီးနင်းခွင့် ပေးသွားမှာပါ။ App ကတဆင့် လိုက်ပါ စီးနင်းမယ့် ခရီးသည်ရဲ့ COVID-19 ကာကွယ်ဆေး ဒါမှမဟုတ် ဆေးစစ်ထားတဲ့ ရလဒ် အထောက်အထားပါ ပတ်စပို့ကို ဒစ်ဂျစ်တယ်ပုံစံ ပြောင်းလဲပေးထားတာ ဖြစ်ပါတယ်။

အဆိုပါ စနစ်ကြောင့် ခရီးသွားတွေဟာ COVID-19 ကာကွယ်ဆေး ထိုးထားပြီး ဒါမှမဟုတ် ဆေးစစ်ထားတဲ့ ရလဒ် အထောက်အထားကို လေကြောင်းလိုင်းနဲ့ သက်ဆိုင်ရာနိုင်ငံ တာဝန်ရှိသူတွေထံ ထိတွေ့မှု ရှိစရာ မလိုဘဲ အထောက်အထားပြ ခရီးသွားလာနိုင်တော့မှာ ဖြစ်ပါတယ်။

ဧပြီလကစလို့ Emirates လေကြောင်းလိုင်းမှာ စတင်အကောင်အထည်ဖော်မယ့် Travel Pass နဲ့ COVID-19 PCR Test အတွက် ဒူဘိုင်းကနေ မထွက်ခွာခင် အထောက်အထားပြသဖို့ အသုံးပြုတော့မှာ ဖြစ်ပါတယ်။ အဘူဒါဘီအခြေစိုက် Eithad လေကြောင်းလိုင်းကလည်း ပထမ လေးလပတ်အတွင်း Travel Pass ကို သတ်မှတ်ထားတဲ့ လေကြောင်းခရီးစဉ်တွေအတွက် ခရီးသည်တွေကို အသုံးပြုခွင့်ပေးတော့မှာပါ။

“ကပ်ရောဂါကာလအတွင်း နိုင်ငံတကာခရီးသွားလာရာမှာ သက်ဆိုင်ရာ အစိုးရက ချမှတ်ပေးထားတဲ့ COVID-19 လိုအပ်ချက်တွေနဲ့အတူ ခရီးသည်တွေ ပိုပြီး သက်သောင့်သက်သာနဲ့ သွားလာနိုင်အောင် စီစဉ် ဖန်တီးပေးထားတဲ့ ပထမအဆင့်လည်း ဖြစ်ပါတယ်” IATA ဒုဥက္ကဋ္ဌ Nick Careen က ဆိုပါတယ်။

 

“နိုင်ငံဝင်ထွက်ခွင့်တွေ ပြန်ရတဲ့အခါမှာ IATA ရဲ့ Travel Pass ကို အဆင့်မြင့်တင်ပြီး လုပ်ဆောင်သွားဖို့ရှိပါတယ်။ Emirates လေကြောင်းလိုင်းရဲ့ ခရီးသည်တွေကတော့ ဒီဝန်ဆောင်မှုကို ပထမဆုံး အသုံးပြုသူတွေ ဖြစ်လာမှာပါ” လို့ မစ္စတာ Careen က ပြောပြသွားပါတယ်။

IATA ရဲ့ Travel Pass App မှာ ခရီးသွားဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ နိုင်ငံပေါင်းစုံရဲ့ ဝင်ထွက်ခွင့် လိုအပ်မယ့် အချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။ ဒီပလက်ဖောင်းကတဆင့် ဓာတ်ခွဲခန်း နဲ့ ဗိုင်းရပ်စ် ဆေးစစ်ရေး စင်တာတွေကနေ ရောဂါကင်းစင်ကြောင်း အထောက်အထားလက်မှတ် ဒါမှမဟုတ် ကာကွယ် ဆေးထိုးပြီးကြောင်း သက်သေခံလက်မှတ်ကို ခရီးသည်ဆီ ပေးပို့နိုင်ပါသေးတယ်။

Eithad လေကြောင်းလိုင်းရဲ့ အကြီးအကဲတဦးဖြစ်သူ Mohammad Al Bulooki က IATA ကနေ စီမံပေးထားတဲ့ App ဟာ အရင်လို လေကြောင်းခရီးစဉ် စီနင်းမယ့် ခရီးသည်တွေကို ယုံကြည်မှုတွေ ပြန်ရနိုင်မယ့် အဓိကအချက် ဖြစ်လာစေတယ်လို့ ဆိုပါတယ်။

Ref: Flight Global

You may also like these stories:

ယူကေကို ဝင်လာမယ့် ခရီးသွားလမ်းကြောင်း အားလုံး ၁ လကြာ ပိတ်မည်

တရုတ်က ဗြိတိန် လေကြောင်းခရီးစဉ် အားလုံးကို အကန့်အသတ် မရှိ ရပ်ဆိုင်း

ထိုင်ဝမ်မှာ ကိုဗစ် ပြည်တွင်းကူးစက်မှုနဲ့ EVA Air ကို ကန်ဒေါ်လာ ၃၅,၀၀၀ ဒဏ်ရိုက်

]]>