Full Fact Archives - ဧရာဝတီ https://burma.irrawaddy.com/tag/full-fact Covering Burma and Southeast Asia Sun, 18 Oct 2026 11:05:11 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Full Fact Archives - ဧရာဝတီ https://burma.irrawaddy.com/tag/full-fact 32 32 နာမည်ကြီး AI Chatbots တွေ တိကျမှု အားနည်းဟု ဆို https://burma.irrawaddy.com/news/2026/10/18/417117.html Sun, 18 Oct 2026 10:36:33 +0000 https://burma.irrawaddy.com/?p=417117 အနားယူသွားတဲ့ UK ဝန်ကြီးချုပ် Sir Keir Starmer ကို ဝန်ကြီးချုပ် ဖြစ်နေသေးကြောင်း အခိုင်အမာ ပြောဆိုတာလည်း တခု အပါအဝင်…]]>

နာမည်ကြီး AI Chatbots တွေဟာ တိကျမှု အားနည်း‌ကြောင်း အချက်အလက် စစ်ဆေးရေး အဖွဲ့တဖွဲ့က ထုတ်ဖော် လိုက်ပါတယ်။

အဆိုပါ AI Chatbots တွေဟာ မှားယွင်းတဲ့ အချက်တွေ ဖော်ပြတာ၊ ဒိတ်အောက်နေတဲ့ ကိန်းဂဏန်းတွေကို ကိုးကားတာ၊ တူညီတဲ့ မေးခွန်းကိုပဲ မတူညီတဲ့ အချိန်တွေမှာ မတူညီတဲ့ အဖြေတွေပေးတာတွေ ပြုလုပ်လေ့ ရှိကြောင်း အချက်အလက် စစ်ဆေးရေးအဖွဲ့ Full Fact ရဲ့ အစီရင်ခံစာတစောင်မှာ ဖော်ပြထားပါတယ်။

AI Chatbots တွေဟာ မှားယွင်းတဲ့ တုံ့ပြန် ဖြေကြားမှုတွေကို ယုံကြည်မှုရှိရှိ ပြုလုပ်လေ့ရှိပြီး အနားယူသွားတဲ့ UK ဝန်ကြီးချုပ် Sir Keir Starmer ကို ဝန်ကြီးချုပ် ဖြစ်နေသေးကြောင်း အခိုင်အမာ ပြောဆိုတာလည်း တခု အပါအဝင် ဖြစ်တယ်လို့ Full Fact က ဆိုပါတယ်။

Full Fact ရဲ့ သုတေသီတွေဟာ အသုံးများတဲ့ AI Model ၅ ခုကို ဇူလိုင် လလယ်ကနေ စတင်ပြီး ၁၀ ပတ်ကျော်ကြာ နေ့စဉ် တူညီတဲ့ မေးခွန်းတွေကိုပဲ မေးခဲ့ပြီး တိကျမှု၊ တသမတ်တည်း ရှိမှုနဲ့ အချိန်ကိုက်မှုတွေကို ခွဲခြမ်းစိတ်ဖြာဖို့ ကြိုးစားခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

AI Model ၅ ခုက Claude, ChatGPT, Gemini, DeepSeek နဲ့ Grok တို့ဖြစ်ပြီး မေးခွန်းပေါင်း ၂၂ ခုကို မေးခဲ့တယ်လို့ ဆိုပါတယ်။

မေးခွန်းတွေထဲမှာ “မဲပေးဖို့ မှတ်ပုံတင်လိုလား” “၂၀၂၆ နှစ်ဝက်မှာ ရွှေ့ပြောင်းသူ ဘယ်နှယောက် လှေငယ်တွေနဲ့ ရောက်လာ ခဲ့လဲ” စတဲ့ မေးခွန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

Chatbots တွေဟာ အဖြေမှန်တွေကိုလည်း ပေးလေ့ရှိပြီး တည်ဆောက်ထားတဲ့ အချက်အလက် အမှားတွေကိုလည်း ခုခံနိုင်ခဲ့ကြောင်း အစီရင်ခံစာက ဆိုပါတယ်။

ဒါပေမယ့် မေးခွန်းတချို့အတွက်တော့ တရားဝင် စာရင်း အချက်အလက်တွေကို ကိုးကားရမယ့် အစား မမှန်ကန်တဲ့ ကိန်းဂဏန်းတွေကို သူတို့ဘာသာ တွက်ထုတ်လိုက်ပြီး ဒိတ်အောက်နေတဲ့ ကိန်းဂဏန်းတွေကို လက်ရှိလိုမျိုး ဖော်ပြခဲ့ကြောင်း သိရပါတယ်။

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်မှာ UK ကို ရွှေ့ပြောင်းသူတွေ လှေငယ်တွေနဲ့ ဘယ်လောက် ရောက်လာခဲ့လဲ ဆိုတဲ့ မေးခွန်း အတွက် အများစုက မှန်ကန်ပေမယ့် Gemini ကတော့ ရက်မှားပြီး တွက်ချက်ခဲ့တာမျိုး ရှိခဲ့တယ်လို့ ဆိုပါတယ်။

အင်္ဂလန် ဘောလုံးအသင်း ဘယ်တုန်းက အဓိက ဆုဖလား နောက်ဆုံး ရရှိခဲ့လဲဆိုတဲ့ မေးခွန်းအတွက် တချို့က အမျိုးသမီး အသင်း ယူရိုဖလား အနိုင်ရရှိခဲ့တဲ့ ယူရို ၂၀၂၅ ကို မှန်ကန်စွာ ဖြေခဲ့ပေမယ့် တချို့ရက်တွေမှာတော့ ၂၀၂၂ လို့ မှားယွင်းတဲ့ အဖြေတွေ ပေးခဲ့ကြောင်း သိရပါတယ်။

ဇူလိုင်လတည်းက Andy Burnham က ဗြိတိန် ဝန်ကြီးချုပ် ဖြစ်နေပေမယ့်လည်း နှုတ်ထွက်သွားတဲ့ Sir Keir Starmer ကို ဝန်ကြီးချုပ် အဖြစ် ရှိနေဆဲလို့ စက်တင်ဘာ ၁၅ ရက်နေ့မှာ DeepSeek က ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီ ဥပမာတွေဟာ Chatbots တွေ အနေနဲ့ မှားယွင်းတဲ့ အချက်အလက်တွေပေးတာ၊ သင့်တော်တဲ့ ရင်းမြစ်တွေကို မဖော်ပြ နိုင်တာတွေကို ယုံကြည်မှုရှိစွာ လုပ်ဆောင်နိုင်လဲ ဆိုတာကို ဖော်ပြနိုင်တာတွေထဲက တချို့ဖြစ်တယ်လို့ Full Fact က ဆိုပါတယ်။

AI Models တွေဟာ မှားယွင်းတဲ့ သတင်းအချက်အလက်တွေကိုပဲ ဖော်ပြနေတာမျိုး မဟုတ်ပေမယ့်လည်း တုံ့ပြန်မှုတွေက မပြည့်စုံတာ၊ အကြောင်းအရာ မပါဝင်တာ၊ ရင်းမြစ် မကောင်းတာမျိုးတွေ မကြာခဏ တွေ့မြင်ရတယ်လို့ Full Fact ရဲ့ အမှုဆောင် အရာရှိချုပ် Chris Morris က ပြောပါတယ်။

AI ဦးဆောင် ကုမ္ပဏီကြီးတွေ အနေနဲ့ AI Models တွေကို အချိန်နဲ့အမျှ ပြောင်းလဲနိုင်တဲ့ အချက်အလက်တွေကို တိုက်ရိုက် စစ်ဆေးနိုင်အောင်၊ ယုံကြည်ရတဲ့ ရင်းမြစ်တွေမှာ ရှာဖွေနိုင်အောင်၊ ကိုးကားတဲ့ ရင်းမြစ်တွေအတွက် တာဝန် ခံနိုင်အောင် လုပ်ဆောင်ဖို့ Chris Morris က တောင်းဆိုထားကြောင်းလည်း သိရပါတယ်။

Ref : Independent

]]>