MG Archives - ဧရာဝတီ https://burma.irrawaddy.com/tag/mg Covering Burma and Southeast Asia Sat, 24 Oct 2026 11:02:27 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png MG Archives - ဧရာဝတီ https://burma.irrawaddy.com/tag/mg 32 32 အီလွန်မတ်စ် Tesla ရှယ်ယာ တန်ဖိုး ၂ ရာခိုင်နှုန်း ကျဆင်း https://burma.irrawaddy.com/news/2026/10/24/417225.html Sat, 24 Oct 2026 11:02:27 +0000 https://burma.irrawaddy.com/?p=417225 ၂၀၂၆ တနှစ်လုံးရဲ့ ရင်းနှီးမြှုပ်နှံမှု ခန့်မှန်း အသုံးစရိတ်ကို ဒေါ်လာ ၂၅ ဘီလီယံကျော် ကနေ ဒေါ်လာ ၂၀ ဘီလီယံ ခန့်အထိ ဗုဒ္ဓဟူးနေ့မှာ လျှော့ချလိုက်တာ ဖြစ်…]]>

အသုံးစရိတ် ခန့်မှန်းမှု ထွက်ပေါ်လာ အပြီး ကြာသပတေးနေ့မှာ တက်စ်လာ (Tesla) ရဲ့ ရှယ်ယာတွေ ၂ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရပါတယ်။

အသုံးစရိတ်ကို လျှော့ချထားတာကြောင့် အီလွန်မတ်စ်ရဲ့ ဉာဏ်ရည်တုနဲ့ စက်ရုပ် နည်းပညာအပေါ် ကြီးမားတဲ့ ရင်းနှီး မြှုပ်နှံမှုတွေ မျှော်လင့်ထားတဲ့ ရင်းနှီးမြှုပ်နှံသူတွေကြား စိုးရိမ်မှုတွေ ပေါ်ပေါက်လာစေတယ်လို့ ဆိုပါတယ်။

အီလွန်မတ်စ် ရဲ့ Tesla ဟာ ၂၀၂၆ ရဲ့ တတိယ သုံးလပတ်မှာ ဉာဏ်ရည်တု (AI) နဲ့ စက်ရုပ် နည်းပညာ အတွက် အသုံးစရိတ်ကို မျှော်မှန်း ထားတာထက် အတော်လေး လျှော့ပြီး သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက်မှာတော့ ၂၀၂၆ တနှစ်လုံးရဲ့ ရင်းနှီးမြှုပ်နှံမှု ခန့်မှန်း အသုံးစရိတ်ကို ဒေါ်လာ ၂၅ ဘီလီယံကျော် ကနေ ဒေါ်လာ ၂၀ ဘီလီယံ ခန့်အထိ ဗုဒ္ဓဟူးနေ့မှာ လျှော့ချလိုက်တာ ဖြစ်ပါတယ်။

တတိယ သုံးလပတ်မှာ အသုံးစရိတ် နည်းခဲ့တာကြောင့် ကုမ္ပဏီ အနေနဲ့ အပေါင်းပြတဲ့ ငွေစီးဆင်းမှု ရရှိခဲ့တယ် လို့လည်း သိရပါတယ်။

CEO ဖြစ်သူ အီလွန်မတ်စ်က Tesla ကို ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ် ပိုကြီးတဲ့ SpaceX နဲ့ ပေါင်းစပ်ဖို့ စဉ်းစားနေတာကြောင့် အခုလို Tesla ရဲ့ အပေါင်းပြတဲ့ ငွေစီးဆင်းမှုက အားသာချက် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Etoro ရဲ့ ဦးဆောင်သုံးသပ်သူ တဦး ဖြစ်တဲ့ Josh Gilbert ကတော့ ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်ဆိုတာ ဈေးကွက်ထဲမှာ သိမ်မွေ့တဲ့ မျှခြေတခုဖြစ်တယ်လို့ ပြောပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ အကျိုးအမြတ်တွေကို မြင်နိုင်တယ်ဆိုရင် အသုံးစရိတ်ပမာဏ များများကို လက်ခံကြပြီး အသုံးစရိတ် နည်းတယ်ဆိုတာက တိုးတက်မှုနည်းပါးခြင်းရဲ့ အချက်ပြမှု ဖြစ်နေကြောင်းလည်း သူက ဆိုပါတယ်။

ဒီနှစ်အတွင်းမှာပဲ Tesla ရဲ့ ရှယ်ယာတွေဟာ ၁၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီးဖြစ်တယ် လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက တရက်တာအတွင်း စံချိန်တင်ခဲ့တဲ့ ၄၉၈ ဒသမ ၈၃ ဒေါ်လာနဲ့ ယှဉ်ရင် ၂၃ ရာခိုင်နှုန်းခန့် ကျဆင်း နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ကုမ္ပဏီရဲ့တန်ဖိုးကတော့ ပြိုင်ဖက်တွေနဲ့ ယှဉ်ရင် များစွာ သာလွန်နေဆဲ ဖြစ်တယ် လို့လည်း သိရပါတယ်။

Tesla ရဲ့ ရှယ်ယာတွေကို ခန့်မှန်း ဝင်ငွေထက် ၁၈၈ ဒသမ ၂၄ ဆ ပိုများတဲ့ ပမာဏနဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး Ford က ၆ ဆကျော် GM က ၅ ဆကျော်နဲ့ အရောင်းအဝယ် ဖြစ်ထားခဲ့တယ် လို့လည်း သိရပါတယ်။

Ref : Reuters

]]>