မြန်မာနိုင်ငံမှာ ပထမဆုံး နိုင်ငံ့ဂုဏ်ဆောင်တဲ့ Miss ကို ပြည်ပမှာ သွားရောက် ယှဉ်ပြိုင်စေခဲ့တဲ့၊ မြန်မာနိုင်ငံ ခရီးသွား အဖွဲ့ချုပ်က ပြုလုပ်တဲ့ Miss Myanmar International ရွေးချယ်ပွဲကို လေးကြိမ်မြောက် အဖြစ် ပြုလုပ်ပြီး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ နန်းခင်ဇေယျာ၊ ၂၀၁၃ ခုနှစ်မှာ ဂုဏ်ရည်အေးကျော်၊ ၂၀၁၄ ခုနှစ်မှာ ခင်ဝေဖြိုးဟန် တို့ကို Miss Myanmar International အဖြစ် ရွေးချယ်ပေးခဲ့ပြီး ဒီနှစ် ၂၀၁၅ ခုနှစ် အတွက် Miss Myanmar International 2015 ကိုတော့ အမရာငြိမ်းက ရရှိခဲ့ပါတယ်။
ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ရွေးချယ်ပေးခဲ့တဲ့ ဒီနှစ်အတွက် Miss Myanmar International သရဖူ ဆုရှင် အမရာငြိမ်းဟာ ပြိုင်ပွဲမှာ လူကြိုက်များ ရေပန်းစားတဲ့ Popular Award ဆုနဲ့ မေးခွန်းများကို အကောင်းဆုံး ဖြေဆို နိုင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ အမရာငြိမ်းက ခရီးသွား မြှင့်တင်ရေး လုပ်ငန်းများကို တထောင့်တနေရာကနေ ပါဝင်ပေးသွားမှာ ဖြစ်ပြီး အဖွဲ့ချုပ်နဲ့လည်း ပရဟိတ လုပ်ငန်းများကို တနှစ်တိတိ လက်တွဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာ ၈ ရက် ဂျပန်နိုင်ငံမှာ ကျင်းပမယ့် Miss International 2015 ကိုလည်း မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ သွားရောက် ယှဉ်ပြိုင်မှာ ဖြစ်ပြီး မြန်မာ့ဂုဏ်ဆောင်မယ့် ပေါ်ထွက်လာတဲ့ Miss တယောက် အနေနဲ့ အမရာငြိမ်းကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ Miss Myanmar Internationalကို ဘယ်လို ဝင်ပြိုင်ဖြစ်ခဲ့ တာလဲ။ ပြိုင်ပွဲ မဝင်ခင် ဘာတွေ ကြုံတွေ့ ခဲ့ရတယ် ဆိုတာကို ပြောပြပေးပါ။
ဖြေ။ ။ ဝင်ပြိုင်ဖြစ်ခဲ့တာက ညီမက ဒီ Miss ပွဲတွေမှာ International ပွဲတပွဲတော့ နောက်ဆုံး ပြိုင်ဦးမယ် လို့ စဉ်းစား ထားတယ်။ အခု ဒီပွဲကလည်း တကယ်ကို ဂုဏ်သိက္ခာ ရှိတဲ့ ပွဲတပွဲလည်း ဖြစ်တဲ့ အတွက် ညီမ ဝင်ပြိုင်တာပါ။ ဝင်ပြိုင်တော့လည်း ဖောင်တင်တာက အစ အခက်အခဲ မရှိခဲ့ဘူး။ လူရွေးပြီးတော့ နောက်ပိုင်းမှာ ညီမ အတွက် အခက်အခဲက အဓိက ဘာဖြစ်လဲ ဆိုတော့ အရမ်းပင်ပန်းတယ်။ အမှန်အတိုင်း ပြောရရင် အရင်တုန်းက ညီမက သိပ် အပင်ပန်း မခံနိုင်ခဲ့ဘူး။ အိမ်နဲ့ ခွဲပြီး ငါးရက် ခြောက်ရက်လောက် နေခဲ့ရတယ်။ အရင်က အိမ်နဲ့ မခွဲခဲ့ဘူး။ တခုခု ဆိုရင်လည်း အမေ အမေ ဆိုပြီး ခေါ်နေခဲ့တာ။ အခု Training ကာလမှာကျတော့ တယောက်တည်း အစစအရာရာ အကုန်လုပ်၊ အပင်ပန်းခံ ခဲ့တယ်။ အဲဒါလေးတွေ အမှတ်တရ ဖြစ်ပါတယ်။ နောက်ပြီးတော့ အဲဒီ Training ကာလမှာပဲ ပိုပြီးတော့ Strong ဖြစ်လာတယ်။ ပိုပြီးတော့ ကြံ့ခိုင်တဲ့သူ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာက အစပေါ့။ အဲဒီလို ဖြစ်လာတယ်။
မေး။ ။ Training ကာလကရော ဘာတွေ လုပ်ခဲ့ရလဲ။ ခရီးတွေကရော ဘယ်တွေကို သွားခဲ့ရတာလဲ။ ကိုယ့်အနေနဲ့ ရော ခရီးသွားလုပ်ငန်းနဲ့ ပတ်သတ်ပြီးတော့ ဘာတွေ သိထားပါသလဲ။
ဖြေ။ ။ ခရီးတွေက ပြည်၊ မကွေး၊ ရေနံချောင်း၊ ပုဂံနဲ့ နေပြည်တော်တွေကို ပါ။ ညီမအနေနဲ့ ပြောရရင် ခရီးသွား လုပ်ငန်းနဲ့ ပတ်သတ်ပြီး သိထားတဲ့ ဗဟုသုတက နည်းပါတယ်။ ခရီးသွားတဲ့ အခါမှာ ရခဲ့တဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေ ကတော့ အများကြီး ရှိပါတယ်။ ရေဘေးသင့် ပြည်သူတွေ ကိုလည်း တကယ့်ကို ကိုယ်တိုင်ကိုယ်ကျ သွားလှူခဲ့ရတယ်။ အဲဒီ အတွက် အရမ်းလည်း ပိတီဖြစ် ပါတယ်။ ပြီးတော့ သမိုင်းကြောင်းတွေလည်း ကိုယ်အရင်က မသိခဲ့တာတွေ သိခဲ့ရတယ်။ ဥပမာ ပြည်မှာ ဆိုရင် သရေခေတ္တရာက သမိုင်းကြောင်းတွေ၊ ပုဂံမှာ ဆိုရင်လည်း ဘုရား သမိုင်းကြောင်းတွေ၊ နောက်ပြီး ပလတ်စတစ်နဲ့ ပတ်သက်တဲ့ Campaign တွေမှာ ပါဝင်ခဲ့တယ်။ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိန်းမှု အပိုင်းတွေ အများကြီး သိခဲ့ရတယ်။ အရမ်းကို အတွေ့အကြုံ ဗဟုသုတတွေ ရခဲ့ပါတယ်။
မေး။ ။ ရှေ့မှာ အမရာငြိမ်း အရင်ပြိုင်ခဲ့တဲ့ပွဲက ဘာပွဲလဲ။ အတွေ့အကြုံတွေကရော တပွဲနဲ့ တပွဲ ဘာတွေ ကွာခြားမှု ရှိလာလဲ။
ဖြေ။ ။ ညီမရှေ့မှာ ပြိုင်ခဲ့တာက ၂၀၁၃ ခုနှစ်တုန်းက လုပ်တဲ့ Miss Universe Myanmar 2013 ပါ။ ပြိုင်ပွဲမှာ ပြိုင်ပွဲ မဝင်ခင် ပရဟိတ လုပ်ကြတာချင်း ကတော့ အတူတူပါပဲ။ အဲဒီကတည်းက သွားပြီး လှူခဲ့တဲ့ ကင်ဆာ ဖောင်ဒေးရှင်း ကိုလည်း အခုချိန်အထိ သွားရောက်လှူနေတုန်း ပါပဲ။ ပရဟိတ လုပ်ရတာ ပေးတဲ့ Feeling ချင်းကတော့ အတူတူပါပဲ။ ဘာကွာသွားလဲ ဆိုတော့ ညီမတို့ တုန်းက Miss Universe ကတော့ ခရီး မထွက်လိုက်ရဘူး။ အခု ကျတော့ ခရီးသွား လုပ်ငန်းကလည်း ဖြစ်တော့ ခရီးတွေ အများကြီး ထွက်ရတယ်။ ခရီးကလည်း မိသားစု မပါဘဲ ကိုယ့်အား ကိုယ်ကိုးရတော့ ကိုယ်တိုင်လည်း ပိုပြီးတော့ Strong ဖြစ်လာတယ်။ Tourism နဲ့ပတ်သတ်တဲ့ Knowledge တွေလည်း အများကြီး ရတယ်။ Training ကာလမှာလည်း စီးပွားရေးလုပ်ငန်းက PR တွေက စကားတွေ အများကြီး လာပြောပေးကြတယ်၊ စိတ်ကို ဘယ်လို ထားရမယ် ဆိုတာက အစ ပြောပြတယ်။ အဲဒီမှာ တကယ်ကို ဗဟုသုတတွေ ရခဲ့ပါတယ်။
မေး။ ။ ကိုယ်က အရင် မော်ဒယ်လ်လည်း လုပ်ခဲ့တယ် ဆိုတော့ အခု Miss တယောက် ဖြစ်လာတဲ့ အခါ မော်ဒယ်လ် တယောက်ရဲ့ အရည်အချင်း၊ စင်ပေါ်မှာ လမ်းလျှောက်တာက အစ ကိုယ့် အတွက် ဘာတွေ ပြောင်းလဲ လိုက်ရလဲ။
ဖြေ။ ။ Miss တယောက် မဖြစ်ခင် မော်ဒယ်လ် တယောက် ဖြစ်ခဲ့တဲ့ အတွက် ကိုယ့်အတွက် ဘာတွေ အားသာလဲ ဆိုတော့ Question ဖြေရတဲ့ အခါမှာ သိပ်ပြီးတော့ ပရိသတ်ကို မကြောက်တတ် တော့ဘူး ပေါ့။ မော်ဒယ်လ်က လမ်းလျှောက်ရင် မြန်တယ် လေ။ ပထမ Round မှာ လမ်းလျှောက်တော့ တုန်တောင် တုန်နေတယ်။ ပုံမှန် လုပ်ရတယ်။ နောက်ပြီး Miss တယောက်အနေနဲ့ ဘာတွေ ကွာခြားသွားမလဲ ဆိုရင် မော်ဒယ်လ်နဲ့ Miss ဆိုတာ လူတွေ မြင်တဲ့ အမြင်တွေ မတူဘူး။ လက်ခံတာခြင်းလည်း မတူဘူး။ Miss တယောက် ဖြစ်တဲ့ အတွက် အရင်ကထက် ပိုပြီး ထိန်းထိန်းသိမ်းသိမ်း နေရမယ့် အပိုင်းတွေ အများကြီး ရှိတယ်။ ဘယ်ဟာကို ပိုသဘောကျလဲ ဆိုရင် နှစ်ခုစလုံးကို သဘောကျတယ်။ မော်ဒယ်လ် အလုပ်က အစကတည်းက ကိုယ်အရမ်း သဘောကျတဲ့ အလုပ်ပါ။ အခု Miss တယောက် ဖြစ်လာတဲ့ အတွက်လည်း မြန်မာနိုင်ငံ ကိုယ်စားပြု မြန်မာ မိန်းကလေးတွေ အားလုံးကိုယ်စားပြု ဖြစ်ခွင့် ရတဲ့ အတွက်လည်း အရမ်းကို ဂုဏ်ယူပါတယ်။
မေး။ ။ ပြိုင်ပွဲ အတွက် ဗဟုသုတပိုင်း ဆိုင်ရာ မေးခွန်းတွေ အတွက် ကိုယ့်ဘက်က ပြင်ဆင်ခဲ့မှု အပိုင်းကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ မေးခွန်းက အရင်တုန်းက ခရီးသွား လုပ်ငန်းနဲ့ ပတ်သက်တဲ့ မေးခွန်းတွေပဲ မေးခဲ့တယ်ပေါ့။ ဒီနှစ်မှာတော့ နိုင်ငံရေးနဲ့ ပတ်သက်တာ မေးခဲ့ပါတယ်။ နောက်ပြီးတော့ အရင်တုန်းက မေးခွန်းကို နောက်ဆုံး ဖြေရတဲ့ အထိ အင်္ဂလိပ်လိုပဲ ဖြေရပါတယ်။ ဒီနှစ်မှာတော့ မြန်မာလို ဖြေရပါတယ်။ ကိုယ်တိုင်လည်း အင်္ဂလိပ်လို ဖြေနိုင်ဖို့ အတွက် သေချာ ပြင်ဆင်ထားခဲ့ပါတယ်။ Tourism နဲ့ ပတ်သက်တာ ကိုလည်း အသည်းအသန်ကို လေ့လာထားခဲ့တာ။ စင်ပေါ်ရောက်မှ သိရတာပေါ့။ အဲဒါကြောင့် ဒါနဲ့ ပတ်သက်ပြီး ညီမ ပြောချင်တာက ဘာမေးခွန်း မေးမယ် ဆိုတာ ဘယ်သူမှ ကြိုတင် ခန့်မှန်းထားလို့ မရနိုင်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် Tourism နဲ့ ပတ်သက်တဲ့ မေးခွန်းများ ခက်ခက်ခဲခဲ မေးလာရင် အရမ်းကြောက်ပါတယ်။ နိုင်ငံရေး မေးလိုက်တဲ့ အတွက် အရမ်းကို ပျော်သွားတယ်။ ညီမ ဒီမေးခွန်းကို ဖြေလိုက်တာနဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန်သံတွေ အများကြီး ပြန်ကြားရပါတယ်။ ဒီလိုဖြေနိုင်တယ် ပေါ့၊ ဘယ်လိုများ သိတာလဲ ပေါ့။
ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါဟာ ညီမ ကျင်လည်လာတဲ့ အသိုင်းအဝိုင်းနဲ့လည်း ဆိုင်တာပေါ့။ ညီမတို့ မိသားစု၊ ညီမတို့ မိဘတွေကရော နိုင်ငံရေးကို အရမ်း စိတ်ဝင်စားကြတဲ့ အသိုင်းအဝိုင်း ဖြစ်တဲ့ အတွက် တနေ့ကို အနည်းဆုံး ဂျာနယ် သုံးစောင်လောက်က ဖတ်ဖြစ်နေတယ်။ နောက်ပြီး သူတို့ ပြောနေတဲ့ စကားသံတွေကို ကြားနေရတော့ နိုင်ငံရေးနဲ့လည်း သိပ် မစိမ်းဘူးပေါ့။ နိုင်ငံရေးကလည်း စိတ်ဝင်စားဖို့ လိုတယ်။ မိဘတွေ ကလည်း ရိုက်သွင်း ပေးထားတဲ့ အတွက် ကိုယ်ကလည်း စိတ်ဝင်စားတယ်။ ဒါကြောင့် ဒီ မေးခွန်း ကလည်း ကိုယ်စိတ်ဝင်စားတဲ့ ကဏ္ဍဖြစ်နေတဲ့ အတွက်၊ ကိုယ်လေ့လာထားသလို ဖြစ်နေတဲ့ အတွက် ကောင်းကောင်းမွန်မွန် ဖြေနိုင်ခဲ့တာပါ။
Miss တယောက်က Personality လည်း လိုအပ်တယ်၊ လှဖို့ လိုတယ်၊ စမတ် ဖြစ်နေဖို့လည်း လိုတယ်။ ဒါတွေက ဘယ်သူမှ မငြင်းနိုင်တဲ့ အချက်တွေပါ။ နောက်ထပ် အရေးကြီးဆုံး အချက်လေး ပြောချင်တာ ကတော့ စိတ်ထား ကောင်းဖို့၊ Miss တယောက် ဖြစ်လာတဲ့သူက အဓိက အဲဒီစိတ်ထားက အရမ်း အရေးကြီး ပါတယ်။ ငါတို့ မြန်မာမိန်းကလေးတွေက အဲဒီလို စိတ်ထားရှိတယ် ဆိုတာ ကမ္ဘာက သိဖို့ လိုပါတယ်။ နောက်တခုက အမှန်ကို အမှန်အတိုင်း ပြောရဲတဲ့ သတ္တိရှိဖို့လည်း လိုပါတယ်။ ဒါက ညီမရဲ့ အမြင်ပါ။ အလှအပ ဘက်ကိုလည်း ထိန်းမယ်။ ဒါကလည်း လိုအပ်တယ်။
မေး။ ။ အမှန်ကို အမှန်အတိုင်း ပြောရဲဖို့ လိုတယ် ဆိုရင် အမရာငြိမ်းကရော ဘယ်နေရာ ရောက်ရောက် အမှန်ကို အမှန်အတိုင်း ပြောရဲတဲ့ သတ္တိရှိလား။
ဖြေ။ ။ ညီမကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် အရိုးသားဆုံး ဖြစ်အောင် အမြဲတမ်း အားထုတ်ပါတယ်။ မိဘတွေ ဆိုရင်လည်း အမြဲပြောပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရိုးသားဆုံးနေပါ၊ အကောင်းဆုံးနေပါ၊ ဘာပဲဖြစ်ဖြစ် မှန်တာကိုပဲ လုပ်ပါ၊ မှန်တာကိုပဲ ပြောပါ။ အမှန်တရားက ဘယ်တော့ မဆို ကိုယ့်ရဲ့ အားနည်းချက် တခု ဖြစ်မလာပါဘူး။ ညီမကတော့ အမှန်တရားကို ဘယ်နေရာမှာ မဆို ပြောမှာပါ။ အမှန်တရား အတွက် ရပ်တည်မှာပါ။
မေး။ ။ မွေးထုတ်ပေးလိုက်တဲ့ နိုင်ငံ့ဂုဏ်ဆောင် Miss တွေက တကယ်ပဲ နိုင်ငံ ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေး နိုင်မှာလား ဆိုတဲ့ အမေးကိုရော ဘယ်လိိုများ ပြန်ဖြေမှာပါလဲ။
ဖြေ။ ။ ပြောနိုင်တာပေါ့ ရှင်။ အခုဆိုရင် ညီမတို့ ဗီယက်နမ်ကို Trade Fair တခုသွားရမယ်။ Trade Fair တခုကို သွားပြီ ဆိုကတည်းက ဒါက ဥပမာတခု ပြောပြတာပါ၊ ကိုယ်တွေက Attraction တခုအနေနဲ့ ဖြစ်လာမယ်။ ဘာပဲ ပြောပြော လူတွေက စိတ်ဝင်စားကြမှာပဲ လေ။ ဒါကြောင့် ညီမတို့ Miss Myanmar International က တခြားထက် ဘာတွေ ထပ်လိုမလဲ ဆိုတော့ အဓိက ဘာသာစကားပေါ့။ အဲဒါလေးတခု ထပ်လိုလာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ညီမတို့က နိုင်ငံတကာမှာ မြန်မာနိုင်ငံက ဒီလိုပါလား ဆိုတာကို ပြန်ရှင်းပြနိုင်ဖို့ လိုတယ်။ အရေးကြီးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ညီမတို့တွေက တပြိုင်နက်မှာ Miss တယောက်အပြင် Tourism Brand Ambassador တွေလည်း ဖြစ်လာတာကိုး။ သေချာပေါက် အာရုံစိုက်ဖို့ လိုလာတာပေါ့။ ညီမတို့တွေက သေချာပေါက် ခရီးသွား လုပ်ငန်းကို မြှင့်တင်ပေးလို့ ရလာမှာပါ။ ဒါပေမယ့် ဒါကလည်း ညီမတို့ အားတခုတည်းနဲ့ တော့လည်း မရဘူးပေါ့။ ညီမတို့က တထောင့်တနေရာကနေ ပါဝင်နိုင်တဲ့သူတွေ ဖြစ်လာတာပေါ့။
မေး။ ။ ကိုယ့်အနေနဲ့ မြန်မာနိုင်ငံက ဘယ်နေရာတွေကို ခရီးသွားနေရာအဖြစ် အဓိထား မြှင့်တင်ပြီး ပြောပြဖြစ် မလဲ။ ခရီးသွားတွေ သွားဖြစ်ရင်ရော ဘယ်လို လေ့လာမှတ်သား ဖြစ်ပါသလဲ။
ဖြေ။ ။ ညီမ အနေနဲ့ဆိုရင် တောင်ကြီး အင်းလေးဘက်ကို အရမ်းသဘောကျတယ်။ အဲဒီဘက်က ဒေသခံတွေ ကလည်း ရိုးသားကြတယ်။ အင်းလေးကန် ဆိုရင်လည်း တကယ်ကို ထူးခြားတဲ့ ကန်ပေါ့။ ခြေထောက်နဲ့ လှေလှော်တာက အစ နိုင်ငံခြားသားတွေ စိတ်ဝင်စားကြတယ်။ အဲဒီနေရာလေးတွေကို ပြောပြချင်တယ်။ ခရီးတွေ သွားဖြစ်ရင်၊ အမှန်အတိုင်း ပြောရရင် လေ့လာမှတ်သားတာ သိပ် မရှိခဲ့ဘူး။ Trip သွားရပြီ ဆိုရင် အရမ်းပျော်ခဲ့တာ။ ညီမ အဖေကလည်း သဘောၤကပ္ပတိန် တယောက် ဆိုတော့ သူပြန်လာရင် တနှစ်ကို တခေါက်တော့ ပြည်တွင်း ခရီးတွေ သွားကြတယ်။ ဒါကြောင့် ခရီးသွားရတာကို ကိုယ်က အစကတည်းက အရမ်းကြိုက်တယ်။
မေး။ ။ Miss International 2015 သွားပြိုင်ဖို့ အတွက် ဒီကြားထဲမှာ ကိုယ့်ဘက်က ပြင်ဆင်မှု အပိုင်းက ဘယ်လိုမျိုး ရှိနေမလဲ။
ဖြေ။ ။ နိုဝင်ဘာ ၈ ရက်နေ့ကျရင် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ သွားပြိုင်ရမယ်။ ဒီကြားထဲမှာ ဘာတွေ ပြင်ဆင်မလဲ ဆိုရင် ညီမ Body Beauty ပိုင်းကို သေချာလေး ပြန် ပြင်ဆင်မယ်။ ပြိုင်ပွဲ အတွက် ညီမဘက်က လိုအပ်ချက်တွေ ရှိပါ သေးတယ်။ Language အပိုင်းက အစ ကိုယ့်ဘက်က ပြင်ဆင်စရာ ရှိတာကို ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသလောက် အစစ အရာရာ အကုန် ပြင်ဆင်နေမှာပါ။ ညီမက အရင်က ဘယ်လောက်ပဲ ကြောက်တတ်တဲ့ စိတ် ရှိရှိ၊ အပင်ပန်း မခံနိုင်တဲ့ စိတ်ရှိရှိ နိုင်ငံအတွက် ဆိုတော့ အဲဒါတွေ အကုန်လုံးဖျောက်ပြီး လုပ်နိုင်သမျှ အကောင်းဆုံး ကြိုးစား သွားမှာ ပါ။
မေး။ ။ မော်ဒယ်လ် ဘက်မှာလည်း လှုပ်ရှားမှုတွေ သိပ်မတွေ့ခဲ့ရဘူး နော်။ ဘာအတွက်ကြောင့် ပါလဲ။
ဖြေ။ ။ ညီမကို Dixan ဆပ်ပြာမှုန့် ကြော်ငြာနဲ့ သိကြသလို၊ စစခြင်းတုန်းက Michael learns အဖွဲ့နဲ့ ငွေဆောင်က ဟိုတယ် ကြော်ငြာ ရိုက်တာမှာ စသိကြတယ်။ အဲဒီမှာ ညီမကို ကောလာဟလနဲ့ အတူတူ လူတွေသိကြတယ်။ ဒါပေမယ့် အခု နောက်ပိုင်းတော့ အနုပညာအလုပ်တွေ ဆက် မလုပ်ဖြစ်ဘူး။ ပညာရေးကို ဆက်လုပ်ဖြစ်တာလည်း ပါတယ်။ အိမ်ကလည်း သဘော မကျတာ ပါပါတယ်။ ဖြစ်ချင်တဲ့ အတွက် အကုန်လုံး လိုက်လုပ်ပေးပေမယ့် သိပ် သဘောမကျဘူး ပေါ့။ ပညာရေးဘက်ကိုပဲ အာရုံစိုက် စေချင်တယ်။ အဲဒီအချိန်မှာ ညီမ MBA တက်ပါတယ်။ အဲဒီ အတွက် ညီမ ဒီလောကနဲ့ အဆက်သွယ် ခဏပြတ်သွားတယ်။ ဒါပေမယ့် ပိုးက ရှိနေတော့ ဒီပြိုင်ပွဲလေးကို နောက်ဆုံး တခေါက် အနေနဲ့ ကြိုးစားကြည့်ဦးမယ် ဆိုပြီး ပြိုင်ကြည့်တယ်။
မေး။ ။ Miss တွေ အများကြီး ထွက်ပေါ်လာတယ်။ ဒါပေမယ့် ပရဟိတကိုလည်း ပေါ်ပင် သဘောမျိုး လုပ်ကြတယ် လို့ ထင်မြင်ကြတဲ့ အပေါ်ကိုရော ဘယ်လိုများ ပြောပြချင်ပါလဲ။
ဖြေ။ ။ ညီမတို့ကျတော့ မိသားစု အလိုက် လှူဖြစ်ကြတယ်။ အခုလည်း ပုံမှန်လုပ်နေကျ အတိုင်းပဲ ဆက်ပြီး လှူဖြစ် နေဦးမှာ ပါပဲ။ ပေါ်ပင်လုပ်တယ် တို့၊ For Show လုပ်တယ်တို့ ပြောကြတဲ့ အပေါ်မှာတော့ ကိုယ်ကတော့ နိုင်သလောက် လုပ်နေဦးမှာပါပဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ ညီမတို့ တိုင်းပြည်က လိုအပ်ချက်တွေ များတဲ့ တိုင်းပြည် ဖြစ်နေတဲ့ အတွက်ပါ။ လိုအပ်ချက်တွေ များတဲ့ တိုင်းပြည် ဖြစ်နေတဲ့ အတွက် ပရဟိတ လုပ်တဲ့သူတွေ ကတော့ ရှိနေရဦးမှာ ပါပဲ။ ကိုယ်တတ်နိုင်သလောက် တနိုင်တပိုင် လုပ်နိုင်တာကိုလည်း လုပ်နေဦးမှာ ပါပဲ။ လိုအပ်ချက်တွေ များတဲ့ နိုင်ငံ ဖြစ်တဲ့ အတွက် ပရဟိတ စိတ်ဝင်စားသလို၊ နိုင်ငံရေးဘက်ကိုလည်း စိတ်ဝင်စားဖို့ လိုပါတယ်။
မေး။ ။ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ သူတွေရှိသလို၊ စိတ် မဝင်စားတဲ့ လူငယ်တွေလည်း ရှိကြတယ်။ သူတို့ စိတ်ဝင်စားဖို့ ကိုရော အမရာ ဘယ်လိုပြောပြချင်လဲ။
ဖြေ။ ။ အဲဒါဆိုရင် ညီမတို့ ဖေဖေပြောတဲ့ စကားလေးကိုပဲ ပြောပြချင်ပါတယ်။ မြန်မာနိုင်ငံသား ဖြစ်နေတဲ့ အတွက် မြန်မာ့ နိုင်ငံရေးကို စိတ်ကို ဝင်စားရပါမယ်။ ဘယ်နိုင်ငံသားပဲ ဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့ အကြောင်းကို သိထားသင့် ပါတယ်။ ကိုယ့်နိုင်ငံရဲ့ အုပ်ချုပ်မှု စနစ်တွေကိုလည်း လေ့လာထားသင့် ပါတယ်။ နိုင်ငံရေးဆိုတာ ငါနဲ့ မဆိုင်ဘူး ဆိုတဲ့ စကားမျိုး အဲဒီ နိုင်ငံသားတယောက် ဖြစ်နေရင်တော့ ပြောကို မပြောသင့်ဘူးလို့ ထင်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ တိုးတက်မှု အရေးက နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ လူငယ်တွေဆိုတာ နောင်အနာဂတ်မှာ နိုင်ငံကို ဦးဆောင် မယ့် လူတွေ ပါ။ လူကြီးနေရာကို ရောက်လာမယ့် လူတွေပါ။ အဲဒီလူတွေက နိုင်ငံရေးကို စိတ်မဝင်စားဘူးလို့ ပြောနေရင် နောင်တချိန် ခေါင်းဆောင်ပိုင်းကို ရောက်လာခဲ့ရင် နိုင်ငံ အခြေအနေက ဘယ်လိုရှိနေမလဲ ဆိုတာ စဉ်းစားလို့ ရပါတယ်။ ဒါကြောင့် နိုင်ငံသားတိုင်း ကိုယ့်နိုင်ငံရဲ့ အရေးကို စိတ်ဝင်စားဖို့ လိုတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ အမရာငြိမ်းရဲ့ ရှေ့ဆက်ပြီး စဉ်းစားထားတဲ့ အနာဂတ်က ဘာများပါလဲ။
ဖြေ။ ။ Miss တယောက်ရဲ့ တာဝန်က အရမ်းကြီးတဲ့အတွက် အခု Organization နဲ့ အလုပ်လုပ်နေတဲ့ တနှစ်တာ အတွင်းမှာတော့ ညီမ ပညာရေးကို ခဏနားပါတယ်။ အနုပညာ အလုပ်တွေကိုလည်း အခွင့်အရေးရရင် ရသလို လုပ်သွားဦးမှာ ပါ။
မေး။ ။ သရဖူဆောင်းလိုက်တဲ့ Miss တယောက်ဖြစ်တဲ့ အခါကျတော့ မော်ဒယ်လ်ပိုင်းမှာရော ကန့်သတ်ပြီး မလုပ်တော့ဘူး လို့ ဆုံးဖြတ်ထားတဲ့ လှုပ်ရှားမှုတွေရော ရှိမလား။
ဖြေ။ ။ အဲဒီလိုတော့ မရှိပါဘူး။ Image တခုကို ထိန်းသိမ်းတဲ့အနေနဲ့ ပရိသတ်မျက်စိထဲမှာ Cross ဖြစ်တာ လေးတွေတော့ ရှောင်ရမှာပေါ့။ Miss တယောက်ကို မော်ဒယ်လ် တယောက်အနေနဲ့ မမြင်တဲ့ ပရိသတ်တွေလည်း ရှိတော့ သူတို့ကို လေးစားတဲ့ အနေနဲ့ ထိန်းသိမ်းရပါမယ်။ ပြည်သူကြောင့် ညီမတို့က ရပ်တည်လာ နိုင်တဲ့သူ ဖြစ်တဲ့ အတွက် ပရိသတ်ကိုလည်း ကြည့်ရပါမယ်။ ပရိသတ် မမြင်ချင်တဲ့ ပုံစံမျိုးနဲ့ မမြင်ရအောင် ကိုယ့်ဘက်က အတတ်နိုင် ဆုံး ထိန်းပြီးတော့ နေသွားမှာပါ။
မေး။ ။ အလှအပ ထိန်းသိမ်းမှု အပိုင်းကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အမှန်အတိုင်း ပြောရရင် ညီမက အဲဒီလို ထိန်းသိမ်းမှု အပိုင်းမှာ နည်းနည်း ပျင်းပါတယ်။ ပြိုင်ပွဲ ဆိုရင်လည်း ပြိုင်ပွဲဝင်တော့မယ့် တလ အလိုလောက် ကျတော့မှ GYM ကို နေ့တိုင်း သေချာဆော့ တယ်။ ခန္ဓာကိုယ် ထိန်းသိမ်းမှု အပိုင်း အားနည်းတာ ပေါ့။ နောက်ပြီး ညီမတို့ ခန္ဓာကိုယ်က တက်လွယ် ကျလွယ်တဲ့ အထဲမှာ ပါတယ်။ စားရင် စားသလောက် ချက်ချင်း ဝတယ်။ မော်ဒယ်လ် လုပ်နေရင်းနဲ့ တအားကို ဝသွားသေးတယ်။ အဲဒီလို မျိုးတွေ ဖြစ်တော့ ခန္ဓာကိုယ်ပိုင်းနဲ့ ဆိုရင် လိုအပ်ချက်တွေ ရှိပါတယ်။ ကြိုးစားပြီး ပြင်ဆင်သွားရမှာ ပါ။ အွန်လိုင်းက သူငယ်ချင်း တွေ ရော၊ ဒိုင်တွေရောက ညီမကို ဖြည့်စွက်ပြီး မြင်ပေးလို့ Winner ဆုနဲ့ Popular ဆုကို ရတာပါ။ အခု International မှာ သွားပြိုင်ရင်တော့ မြန်မာပရိသတ်တွေ မျက်နှာ မငယ်ရအောင် ကြိုးစားပြီး ထိန်းသိမ်း သွားမှာပါလို့ ပြောချင် ပါတယ်။ ။
]]>
မစ္စတာဒင်မောင်မောင်
အာရှပစ္စဖိတ် ကာယဗလ အလှမောင် (၂၀၁၄)
ဆိုးလ်၊ ဂိုဂူဂေါ
ဆြာဒင့်အိမ် ဧည့်ခန်းဆောင်၏ တခုသော ဘီဒိုခပ်မြင့်မြင့်ပေါ်ရှိ အထက်ပါ စာတမ်းရေးထိုးထားသော သရဖူကိုမြင်လေတိုင်း ကြေးမုံပြင် ရှေ့သို့ရောက်နေသည့် ကေးဝဋ်ပုဏ္ဏားကဲ့သို့ ဆြာဒင့် ရင်မှာခံစားရချေ
သည်။
သရဖူဟူ၍သာ ဆိုရသည် မကိုဋ်ပုံစံကား မဟုတ်ချေ၊ ဖလ်သားအကြည်၊ ဓာတုဗေဒစိန် နှင့် အနီရောင်ကျောက် တချို့စီခြယ်ထားသည့် နှစ်ပဲခြောက်ပြားတန် ကလေးကစားစရာ အရုပ်သာသာ သရဖူ ပေတည်း။
ယင်းသရဖူသည် ဆြာဒင့်ရင်ထဲကဒေါသကို ကျလိကျလိဖြစ်စေသလို ဆြာဒင်၏စိတ်ကို ကောင်းကောင်းကြီ ဒုက္ခပေးကာ မဟာအရှက်တော်ကို ဒေါင်လိုက်ရော အလျားလိုက်ပါ ဟက်တက် ကွဲစေခဲ့သည့် သရဖူ ပေတည်း။
ယခုရက်ပိုင်းအတွင်း ပြည်တွင်းပြည်ပမီဒီယာ စာမျက်နှာများတွင် ပွက်လော ရိုက်နေသည့်သတင်းတို့ကို ရှု့ပါလော့။
“မိုက်ရိုင်းထွားကျိုင်းသောဒင်မောင်မောင်ထံမှ၊ ၂၀၁၄ ခုနှစ် အာရှပစိဖိတ်ကာယဗလအလှမောင် သရဖူ ကိုပြန်လည်ရုတ်သိမ်း”
“သရဖူသူခိုး မောင်မောင်ဒင် အာရှကာယဗလ အလှမောင် မဟုတ်တော့”
“ဗမာလူလိမ် ငဒင်၊ ကာယဗလ အလှမောင် ကျင့်ဝတ်နှင့်မညီ”
“ဒေါ်လာတစ်သိန်းတန် သရဖူနှင့်အတူ မောင်ဒင်တိမ်းရှောင်” စသည်ဖြင့် အောင်မြင်မှု၏ ဒဏ်ရာဒဏ်ချက် ကားကြီးမားလှချေ၏။
အဆိုပါ နာကျည်း ဒေါသဖြစ်ဖွယ်သရဖူ၏ နောက်ခံဇာတ်ကြောင်းကား ဤသို့ဖြစ်လေသည်။
လွန်ခဲ့သော သုံးလခန့်က၊ ဖူးခက်မြို့မ ရှိတခုသော အားကစား ခန်းမကြီး အတွင်းတွင် ဆြာဒင် တယောက် အပေါ်ပိုင်းဗလာ၊ ခါးတွင် လံကွတ်တီ တထည်နှင့် ပြုမြဲ ကာယဗလလေ့ကျင့်ခန်းများကို စိတ်ပါလက်ပါ လေ့ ကျင့်နေစဉ် အဝတ်အစား သပ်ယပ်ကျော့ရှင်းစွာ ဝတ်ဆင်ထားသည့် အသက်လေးဆယ် ဝန်းကျင်အရွယ် ထိုင်းအမျိုးသမီး မိန်းမရွယ်တစ်ဦးရောက်ရှိလာပြီး ဆြာဒင့် တစ်ကိုယ်လုံးကို နွားပွဲစားပမာ ရွှန်းရွှန်းစား စား ကြည့်ရှုရင်း စပ်စုနေခဲ့လေ၏။
“အိုး … ဘုရားရေ … သိပ်ကိုကြည့်ကောင်းတဲ့ ခန္ဓာကိုယ် အချိုးအဆစ်ပါကလား၊ ကျမနာမည်လဥကျွမ်းပါ။
“ရှင့်နာမည် ဘယ်လိုခေါ်သလဲဟင်”
“သြော် … ဟုတ်ကဲ့ … ကျုပ်နာမည်ဆြာဒင်ပါ”
“စိတ်မရှိပါနဲ့နော် … ရှင့် အသက်လေး သိခွင့်ရှိမလားဟင်”
“ရှိပါ့ဗျာ … ကျုပ်အသက် ငါးဆယ်ကျော်နေပြီဆိုပါတော့”
“အမလေး … ဘယ်လိုမှ ယုံနိုင်စရာမရှိပါကလား၊ ကျမက ဆြာဒင့်ကို သုံးဆယ်တောင်မပြည့်သေးဘူး ထင်နေတာ။ ကြည့်လေ … ဆြာဒင့် ကိုယ် ခန္ဒာတည်ဆောက်ပုံက ဂရိနတ်ဘုရား တစ်ပါးလိုပါပဲလား”
ကျေးဇူးတင်ပါတယ် မယ်မင်းကြီးမရယ်၊ ကျုပ်က ဝါသနာအရ ငယ်ငယ်ကတည်းက ကျန်းမာရေး လိုက်စား လို့ပါ။
ဒါနဲ့ကျုပ်ခင်ဗျားကို ဘာများ ကူညီရမလဲဗျာ”
“ကျမကမော်ဒယ်အေဂျင်စီ ဖွင့်ထားတာရှင့်၊ ထိုင်းတစ်နိုင်ငံလုံးမှာ နာမည်အကြီးဆုံး ဆိုပါတော့၊ ရှင်စိတ်ဝင်စား မယ်ဆိုရင် အလုပ်ကိစ္စ တစ်ခု တိုင်ပင်ပါရစေလားရှင်”
ဆြာဒင် ခမျာ မိန်းမရွယ်တဦးက တလေးတစားဖော်ရွေစွာ ဖိတ်မန္တကပြုနေခြင်း အပေါ် ငြင်းဆန်လိုစိတ်မရှိ
သည့်နှင့်၊ ၎င်းချိန်းဆိုသော ညစာစားပွဲတခုသို့ တက်ရောက် အပြီးတွင် ၎င်း၏ ဇွတ်အတင်း အဓမ္မ တိုက်တွန်း ဆက်သွယ်ဆောင်ရွက်ပေး မှုကြောင့် ဆြာဒင်သည် ဂိုဂူဂေါ အေဂျင်စီတစ်ခုနှင့် လည်းကောင်း၊ လိုအပ်သော ကတိကဝတ် စာချုပ် စာတမ်း တချို့ကိုမူ အလုပ်သဘော ချုပ်ဆိုခဲ့ရပေ၏။
စာချုပ် ချုပ်ဆိုရသည့် အကြောင်းရင်းကား ဆြာဒင့် အနေဖြင့် ဂိုဂူဂေါရာ ဇဝင်ထဲက သူရဲကောင်းကြီး လီဆွန်ရှင်းတို့မြေ၊ ဆိုးလ်မြို့တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၁၄ ခုနှစ် အာရှပစိဖိတ် ကာယဗလအလှ မောင်ပြိုင် ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန်ပင်တည်း။
ဇာတ်လမ်းကို အတိုချုံ့ရသော် အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အတိုင်းတိုင်း အပြည်ပြည်မှ မြောက်များလှစွာသော ပြိုင်ပွဲဝင် လူငယ်အပေါင်းသည် ရှေးမြန်မာ အမျိုးအနွယ် ဆြာဒင် ၏ခြောက်ပေ နီး ပါးရှိသော အရပ်အမောင်းနှင့် အချိုးအစား ကျနလှသော ကိုယ်ဟန် အနေထားကို ဖင်ဖျားမျှပင် မမီကြ လေရာ ရွှေပွဲလာပရိသတ်၏ ဝမ်းစမိုးရောသောသောညံသည့် လက်ခုပ်သံ တဖြောင်းဖြောင်းဖြင့် တခဲ နက်အားပေး မှုကို ရရှိပြီးသကာလ ချန်ပီယံသရဖူကို လက်ဝယ်ပိုင်ပိုင် ရရှိခဲ့ချေတော့သည်။
အကဲဖြတ်ဒိုင်တို့၏တညီတညွတ်တည်း ဆုံးဖြတ်ချက်ကား ဆြာဒင်သည် ဂျူမုံနှင့် ဒါရိုက်တာရင် ထက် အပုံကြီးသာသည်ဟူ၏။
ဆြာဒင့်စိတ်တွင်မူ ထူးထူးခြားခြားခံစားမှု မရှိလှသော်ငြား သတင်းမီဒီယာတို့သည် ဆြာဒင့်သတင်းကို အထူးဇန်းတင်ကာ ဝေဝေဆာဆာဖော်ပြခဲ့ကြပါ၏။
“အာရှမှာဗမာ၊ အနိုင်ယူဗိုလ်စွဲခဲ့ပြီ” ၊ “ဗမာ့သားကောင်း၊ အာရှသူရဲကောင်းဆြာဒင်”၊ “နွားပျိုသန် လှ၊ ဆြာဒင်ပေါင်ကျိုး၊ ဟိုးဟိုးကျော်သည့် ဗမာ့ငွေကြယ်ပွင့်” စသည်ဖြင့် မည်သို့ပင် အမွှမ်းတင်နေကြစေကာမူ ကိုယ့်ဝမ်းနာ ကိုယ်သာသိ၊ အုံ့ပုန်းပူနေသော ဆြာဒင်အဖြစ်ကို အတူနေ တပည့်များကား ရိပ်စားမိခဲ့ကြဟန်တူ လေရာ ဆိုးလ်မှသည် ဖူးခက်ဆီသို့ ပျံသန်းသည့် ဘိုးရင်းဂျက်လေယာဉ်ကြီးပေါ်မှ ချန်ပီယံ သရဖူကို ပိုက်လျက် ဆင်းလာစဉ်ကပင် ဂရုဏာစကား ဆိုကြပါ၏။
“ဆြာဒင့် မျက်နှာကြည့်ရတာ အောင်ပွဲကနေ ချန်ပီယံ သရဖူရလာတာနဲ့ မတူဘဲ ရည်းစား လင်နောက် လိုက်သွားတဲ့ ပုံပေါက်နေတယ်ဆြာ”
“ဟုတ်ပါရဲ့ဆြာ …  ဆြာ့ မျက်နှာက ခွေးချေးပုံနားက ဖရဲသီးကို ကားတက်ကြိတ်ထားတဲ့ ပုံပါကလား”
“ဂိုဂူဂေါနဲ့ ဖူးခက် ရာသီဥတုမတူလို့ ငါတို့ ဆြာပန်းနေတယ် ထင်ပါ့၊ လဒကို ဘိန်းကျွေး ထားသလိုဖြစ်နေတယ်”
ရင်ထဲတွင် မကျေမချမ်း စိတ်ကြောင့် တနုံံ့နုံခံစားနေရသော ဆြာဒင်ကား တပည့်ကျော်တို့ကို တုန့်ပြန်စကား တလုံးတပါဒမျှ မဆိုဘဲ လက်ထဲမှ သရဖူကိုသာ တပည့်ကျော်တို့ထံ လှမ်းပေးလိုက်ရင်း ငူငူကြီးသာရှိ နေခဲ့ သည်။
သို့နှင့့်မကြာမီ ရက်ပိုင်းအတွင်းမှာပင် ဇာတ်လမ်း အစတွင် ဖော်ပြထားခဲ့သည့် ဆြာဒင်အားလူလိမ် သူခိုး စာရင်းသွင်းသော သတင်းများ ပလူပျံသလို တက်လာခဲ့ခြင်း ဖြစ်ချေသည်တမုံ့။
သတင်းစာ မျက်နှာများတွင် ပြူးတူးပြဲတဲဖော်ပြခြင်း ခံရသောဒုက္ခကား ကြီးမားလှချေသည်။
ထို့ထက် ဆိုးသည့်နောက်ဆက်တွဲပြဿနာကား သတင်းထောက်တို့၏ နှိုက်နှိုက်ချွတ်ချွတ်မေးခွန်းများကို ရင်ဆိုင် ဖြေရှင်းရခြင်းပေတည်း။
“ဆြာဒင့်ကို ပြိုင်ပွဲဝင်ဖို့ ချိတ်ဆက်ပေးခဲ့တဲ့ ဒေါ်လဥကျွမ်းရဲ့ စွပ်စွဲချက်ကို ဆြာ ဘယ်လို တုန့်ပြန်ချင်ပါသလဲ”
“ဆြာ့ ဒုက္ခကိုမသိဘဲ သူ့ပွဲစားခ မရလို့ စွတ်တင်နေတယ် ထင်ပါ့ကွာ”
“ဒါနဲ့ ဆြာဒင်ဟာ စကားအပြောအဆို မိုက်ရိုင်းတယ် ဆိုတဲ့ ပြစ်တင်ပြောဆိုမှု အပေါ် ဘာများတုန့်ပြန်လို ပါသလဲ”
“ကျုပ်က အညာသားမို့ စကားပြောရင်တော့ ပြတ်တာ အမှန်ပဲမောင်၊ ကြောင်ချေးလိုပျော့ပျော့လေးနဲ့ နံတဲ့ စာရင်းမှာ ကျုပ်မပါဘူး”
“ဂိုဂူဂေါ သူနာပြု ဆရာမဆီက ဆြာဒင် ပိုက်ဆံတွေချေးခဲ့တယ်ဆိုတာ ဟုတ်ပါသလား”
“အင်း … စပ်စပိုင်တာလေး တစ်ထည် ကြုံတုန်းဝယ်ဖို့ ခဏချေးခဲ့ဖူးတယ်မောင်၊ ပြန်ဆပ်ခဲ့ပြီလေ၊ ဆယ်ဒေါ်လာ တည်းပါမောင်”
“နောက်တစ်ချက် ဆြာဒင်ဟာ အသက်ငါးဆယ်ကျော်နေပါလျက် အသက်သုံးဆယ်ကျော်လို့ လိမ်ပြီး ပြိုင်ပွဲ ဝင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး ရှင်းပြပါဦး ဆြာ”
“အင်း … စာချုပ်မှာရေးထားတဲ့ ဂိုဂူဂေါစာကို ကျုပ်မှမဖတ်တတ်ဘဲ ငါးဆယ်ကျော်က သုံးဆယ်တန်းတွေကြားမှ ချန်ပီယံဖြစ်ခဲ့တော့ နောက်ထပ် အပိုဆောင်းဆု တစ်ခုခု တောင်မပေး သင့်ပေဘူးလား မောင်တို့ရယ်”
“ဟုတ်ကဲ့ … ဆြာနဲ့ ဂိုဂူဂေါ အေဂျင်စီ ကိုယ်စားလှယ် မစ္စချန်ဂင်တို့ ကြားမှာ ကိုယ်ရေး ကိုယ်တာ ပြဿနာ တစုံ တရာများ ရှိနေပါသလား ဆြာ”
“မှန်လိုက်လေ … ကိုရင်ဗေဒင်ဟောစားလို့ရပြီ၊ အဲဒါအဓိကပြဿနာပဲမောင်”
“ပြည့်ပြည့် စုံစုံလေး သိပါရစေ ဆြာဒင်”
“ခက်ပါဘိ မောင်တို့ရယ်၊ တချို့စကားတွေဟာ ဘယ်ဘက်က ကြည့်ကြည့် အကျိုးမရှိသမို့ မပြောသင့်ဘူး ထင်ပါရဲ့”
“ပြောသာပြောပါဆြာရယ်”
“မောင်တို့ အတော်ခက်ပါကလား၊ မစ္စချန်ဂင်တို့ရဲ့ ဂိုဂူဂေါအေဂျင်စီ အကြောင်း ဂူဂဲလ်မှာ ဂူးဂလင်း လုပ်လိုက် ရင် အနီးစပ်ဆုံး အဖြေထွက်ပါ တယ်မောင်၊ ကျုပ်ကိုယ်တိုင် ပြောမထွက် လွန်းလို့ပါ”
“ဒီလိုပါ ဆြာဒင် ဟို…ဟို…”
“ဘာမှဟိုမနေနဲ့ … ကျုပ်လို ဗမာ့သွေးစစ်စစ် မဟာဆန်သူကြီးက ဒီအကြောင်းကို ဒိထက်ပိုပြီး ရှင်းစရာ မရှိဘူး မောင်၊ သည်းခံပါမောင်တို့ရာ”
“ဒါဆိုဆြာ့ သရဖူပြန်တောင်းနေတာကိုကော ဆြာ”
“လိုချင် လာပြန်ယူပေါ့လဟ … ကျုပ်ကတော့ အလုပ်ရှုပ်ခံပြီး ပြန်မပို့နိုင်ဘူး … အေး ဒင်းတို့ အမှား ဒင်းတို့ သိရင်တော့ ကျုပ်ကို ကန်တော့ပွဲကြီးကြီးနဲ့ တောင်းပန်သင့်တယ်”
“ကျေးဇူးပါဆြာ”
“ရပါတယ်ကွာ”
သတင်းထောက်တို့ ပြန်လည် ထွက်ခွာသွားချိန်တွင် ကြုံခဲ့ ဖြစ်ခဲ့ရသမျှကို ပြန်လည် တွေးတော မိသော ဆြာဒင် ၏ခံစားချက်သည် အရှက် တရားမှသည် ဒေါသဆီသို့ ကူးပြောင်းလာ၏။
မကျေမချမ်းစိတ်ကို မြိုသိပ်ရင်း လောကသဘာဝ၊ တက်ကြွားကြွကြွ ရှိလွန်းကလည်း လျောကျ နောက်ဆုံး ရှိချေ၏ ဟူသော တရားသံဝေဂကို နှလုံးသွင်းနေချိန်တွင် အလိုက်ကန်းဆိုး မသိသော တပည့်ကျော်တို့ တစခန်းထလာပြန်ချေသည်။
“ဘယ်သူ့ကိုမှ ဖွင့်မပြောပေမဲ့ တပည့်ရင်းတွေကိုတော့ မထိန်ချန် သင့်ပါဘူး ဆြာဒင်”
“ဟုတ်တယ် ဆြာ … ဆြာ လဒမှိုင်မှိုင်နေတာ တပည့်တို့ မကြည့်ရက်ဘူး”
“ဆြာက ဖွင့်မပြောလေ တပည့်တို့က သိချင်လေပဲဆြာ၊ ဆြာနဲ့ တပည့်တွေကြားမှာပွင့် လင်းမြင်သာမှုရှိ သင့်တာပေါ့ဆြာ”
ဤသို့၊ အနှီသို့၊ တပည့်ကျော်တို့ နည်းမျိုးစုံဖြင့် တွတ်ထိုးကာ နားမခံသာအောင် ပြောကြလေသောကြောင့် ဆြာဒင့်ခမျာ ဆက်လက် မြိုသိပ်ရန်အင်အား မရှိတော့ရကား အရေးကြီးသော လျှို့ဝှက်ချက်ကို မည်သူ့ကို မျှမဖွင့်ဟစကောင်း ဟူသည့် မဟော်သဓာ ဇာတ်တော်လာ ဆုံးမစကားကို လျစ်လျူရှု့လျက် မခြွင်းမချန်ဖွင့် ဟရန် ဟန်ပြင်လိုက်ချိန်တွင် တပည့်ကျော်တို့မှာ မျက်တောင်နှင့် နားရွက်ခတ်ရမည်ပင် မေ့လျော့ကာ နားစိုက် နေကြကုန်၏။
“ဒီလောက်တောင် သိနေကြရင်ဖြင့် ဖွင့်ဟရသေးတာပေါ့ မောင်တို့ရာ”
“ဒါမှ တို့ဆြာ … ပြောမှသာ ပြောပါဆြာ”
“ချန်ပီယံ သရဖူရတဲ့ညက ကျုပ်ကို မစ္စချန်ဂင်က ခွေးသားနဲ့ဆိုဂျု အရက် ဧည့်ခံတယ်မောင်”
“ဒါလေးများဆြာရယ်”
“နေဦးဟ … မစ္စချန်ဂင် ဆက်ပြောတာက ကျုပ်ဟာ အရွယ်ဟိုင်းနေတဲ့ အသက်ခုနစ်ဆယ်ကျော် ဂိုဂူဂေါ သက်ကြားအိုတွေနဲ့ မြိုင်ထရ မတဲ့ လဟ”
“သြော် … သြော်”
“မသြော်နဲ့ တိတ်တိတ်နေ … မပြီးသေးဘူး၊ နောက်ထပ် တောင်းဆိုတာက ကျုပ်ကို သူ့လင်အဖြစ် သတ်မှတ် ချင်သတဲ့၊ သူ့ အသက်ကဖြင့် ခြောက်ဆယ်ကျော်နေကမင့်ဟာ”
“အာ … ဆိုးချက်”
“မဆိုးနဲ့ … ကျုပ် အရင် ဗင်နီဇွဲလားနဲ့ အင်္ဂလန်က လင်နှစ်ကောင် ရှိသေးသဟ၊ ကျုပ်က တတိယလင်ဖြစ်မှာ”
“အမလေးဗျာ”
“အမယ်မလေးနဲ့ အဆိုးဆုံး တစ်ခုကျန်သေးတယ်၊ မရိုသေ့စကား၊ ကျုပ်ရဲ့အဝှာကို သူ့စိတ်ကြိုက် အရွယ် ဖြစ်အောင် ခွဲစိတ်ရမတဲ့”
“ဘာ အဝှာတုန်း … ဆာရဲ့ … နားမရှင်းလိုက်တာ”
“နားဝေးပါ့ကွာ … ပြောရမှာရှက်ပါတယ် ဆိုနေမှ … အဝှာဆိုတာ ငယ်ပါကိုပြောတာဟဲ့ ငတုံးတွေရဲ့”
“သေပြီဆရာ”
“အေးလဟာ … မင်းတို့ စဉ်းစားကြည့်လေ၊ ခွဲစိတ်မှုတစ်စုံတစ်ခုများ ချွတ်ချော်ရင် ကျုပ်တစ်သက်လုံး လူညွန့် တုံးပြီ”
“တော်ပါတော့ ဆြာရယ် … ငါတို့ဆြာ လက်မတင်လေး လွတ်လာတာ ကံကြီးပေလို့”
“တော်ပါပြီကွာ … ပြောနေရင်းတောင် ရှက်လာပြီလဟ”
ဒင်းတို့ စပ်စုလွန်း၍သာ ဆြာဒင်ပြောရသည်၊ စကားအဆုံးတွင် ဆြာဒင်အရှက်သည်ကား မျက်နှာပူလှသည့်နှင့် ရေခဲရေဖြင့် မျက်နှာကို ဆေးကြောရန် ရေခဲသေတ္တာဆီသို့ခြေလှမ်းပြင်စဉ်ခဏ၌ ဂိုဂူဂေါမှ ချီးမြှင့်လိုက်လေသည့် ချန်ပီယံ သရဖူသည် ဘီဒိုပေါ်မှနေ၍ ဆြာဒင့်ကို စပ်ဖြဲဖြဲမျက်နှာဖြင့် လှောင်ပြောင်ဟန် ရှိနေပြန်ချေရာ ဆြာဒင်သည် ယင်းသရဖူအား တစစီ ရိုက်ချိုးချင်စိတ်ကို အံကြိတ်ကာ မျိုသိပ်ရပြန်ချေ သည် တကား။     ။
စာရေးသူသည် “မင်းဒင်ရဲ့ သက်ခိုင်” ဆိုသည့် ကိုယ်တွေ့ အဖြစ်အပျက်များ အခြေခံသော စာအုပ်ကို ရေးသားခဲ့သူ ဖြစ်ပြီး လက်ရှိ တွင်လည်း ပြည်တွင်း မီဒီယာ များတွင် ရေးသားနေသူ ဖြစ်ပါသည်၊ ယခုအခါ ထိုင်းနိုင်ငံတွင် နေထိုင်လျှက်ရှိသည်။
]]>
တရားဝင်တောင်းပန်မှ သရဖူပြန်ပေးမယ်ဟု မေမြတ်နိုး တုန့်ပြန် https://burma.irrawaddy.com/news/2014/09/02/64061.html https://burma.irrawaddy.com/news/2014/09/02/64061.html#comments Tue, 02 Sep 2014 11:52:47 +0000 https://burma.irrawaddy.com/lytbox/?p=64061 မမွေတျနိုးပြောစရာတခုက အသက်မပြည့်တာပါ။ မေမြတ်နိုးဟာ အသက် ၁၆ နှစ်သာ ရှိသေးသူ ဖြစ်ပါတယ်။ Passport မှာ အသက်အမှန်ကို ဖော်ပြထားပေမယ့် လျှောက်လွှာမှာတော့ အသက် ၁၈ နှစ်လို့ ဖြည့်တာကို မြန်မာပြည်ကရော ကိုရီးယား စီစဉ်သူတွေပါ သိပြီး လက်ခံခဲ့တာ ဖြစ်ပါတယ်]]> မေမြတ်နိုး
Miss Asia Pacific 2014 ပြိုင်ပွဲမှာ သရဖူရရှိခဲ့တဲ့ အလှမယ် မေမြတ်နိုးဟာ အမေရိကန်ဒေါ်လာ ၁ သိန်း တန်ဖိုး ရှိတဲ့ သရဖူကို ယူပြီး တိမ်းရှောင်နေပါတယ်ဆိုပြီး မူလအဖွဲ့အစည်း ဖြစ်တဲ့ Miss Asia Pacific World Organization က သတင်းတွေ ဆက်တိုက် ထုတ်ပြန်ခဲ့တဲ့ အတွက် အဲဒီ အဖွဲ့အစည်းအနေနဲ့ မေမြတ်နိုးနဲ့ မြန်မာနိုင်ငံကို တရားဝင် တောင်းပန်မှသာ ဒီသရဖူကို ပြန်ပေးနိုင်မယ်လို့ မေမြတ်နိုးက ပြောဆိုလိုက်ပါတယ်။
အခုလို မဟုတ်မမှန်သတင်းတွေ လုပ်ကြံလွှင့်ပြီး မြန်မာနိုင်ငံကို စော်ကားတဲ့အတွက်ကြောင့် ကိုရီးယား အဖွဲ့အစည်းကို တရားဝင် တောင်းပန်ပါလို့ စက်တင်ဘာ ၂ ရက်နေ့ မနက် ၁၀ နာရီခွဲက ရန်ကုန်မြို့ ဦးဝိစာရလမ်းပေါ်က House of Memory စားသောက်ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက သတင်းမီဒီယာတွေကို ပြောပါတယ်။
အလှမယ် မေမြတ်နိုး ရရှိခဲ့တဲ့ သရဖူကို ပြန်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်နေ့ ညပိုင်းမှာ ကိုရီးယားနိုင်ငံရဲ့ မူလ အဖွဲ့အစည်းဖြစ်တဲ့ Miss Asia Pacific World Organization က တရားဝင် စာထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီနောက်မှာ မေမြတ်နိုးဟာ အမေရိကန် ဒေါ်လာ ၁ သိန်းတန်တဲ့ သရဖူကို ယူပြီး တိမ်းရှောင်နေပါတယ်လို့ အဆိုပါ အဖွဲ့အစည်းက ဆက်လက် သတင်းထုတ်ပြန်ခဲ့ပါတယ်။
မေမြတ်နိုးဟာ ကိုရီးယားအဖွဲ့အစည်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ စည်းကမ်းတွေကို လိုက်နာမှု မရှိခြင်း၊ စည်းကမ်းများ ဖောက်ဖျက်ခြင်း၊ သတင်း မီဒီယာများအပေါ် လိမ်လည်ခြင်း အစရှိတာတွေအပြင် မေမြတ်နိုးရဲ့ အမေဖြစ်သူက ကိုရီးယားကို တရားမဝင် ဗီဇာအတု လုပ်ကိုင် ဝင်ရောက်မှုတွေ ရှိတာကြောင့် သရဖူ ပြန်သိမ်းရခြင်း ဖြစ်တယ်လို့ ကိုရီးယားအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။
မေမြတ်နိုးက သတင်းစာ ရှင်းလင်းပွဲမှာ “ မြန်မာအမျိုးသမီး တယောက်ရဲ့ ဂုဏ်သိက္ခာကို ရိုက်ချိုးပြီး မြန်မာနိုင်ငံကို စော်ကားတဲ့ Organization က ပေးတဲ့ သရဖူကို မလိုလားပါဘူး၊ တန်ဖိုးလည်း မထားပါဘူး။ ကျမ အရှေ့မှာ ရှိနေတဲ့ ဒီသရဖူကို ဖြစ်နိုင်ရင် အခုချက်ချင်းတောင် ပြန်သွားပေးလိုက်ချင်ပါတယ်။ ဒါပေမယ့် သူတို့ပေးတဲ့ စာထဲမှာ နေရှင်နယ် ဒါရိုက်တာကို သွားပေးလိုက်ပါဆိုပြီး ရေးထားပါတယ်။ ဒါကို ကျမ လုံးဝ လက်မခံပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံကလူ ဖြစ်ပြီး မြန်မာနိုင်ငံ မကောင်းဘူးဆိုတာ နိုင်ငံတကာကို လိုက်ပြောတယ်။ ကိုရီးယားနိုင်ငံက အဖွဲ့အစည်းကိုလည်း မြန်မာနိုင်ငံက မကောင်းဘူး ပြောတယ်၊ ကျမရဲ့ မကောင်းကြောင်းကို တချိန်လုံး လိုက်ပြောနေတဲ့ နေရှင်နယ် ဒါရိုက်တာ၊ ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ မယ်တွေကို တယောက်မက၊ နှစ်ယောက်မက သရဖူ လိုက်သိမ်းနေတဲ့ စိတ်ဓာတ်မျိုးကိုလည်း မကြိုက်တဲ့အတွက် သူတို့ကို ဘယ်လိုနည်းနဲ့မှ ကျမက သရဖူ ပြန်မအပ်ချင်ပါဘူး” လို့  ပြောပါတယ်။
ကိုရီးယားနိုင်ငံက မူလအဖွဲ့အစည်းဟာ အလှသရဖူဆုရှင် မေမြတ်နိုးကို အဖွဲ့ဝင် ၄ ဦးပါတဲ့ MAPI ဆိုတဲ့ Girl Band ထောင်ပေးဖို့ ကိုရီးယားနိုင်ငံကို ခေါ်ယူခဲ့ကြောင်း၊ ဒါပေမယ့် ကိုရီးယားနိုင်ငံ ရောက်တဲ့ အခါမှာ အဲဒီ Band မထောင်ပေးတော့ဘဲ အစီအစဉ် ပြောင်းသွားပြီး အလှမယ်တဦး အနေနဲ့ အနုပညာ အလုပ်တွေလုပ်ဖို့ ခေါင်းအစ ခြေအဆုံး အလှပြုပြင်ပေးဖို့ ကိုရီးယားနိုင်ငံရဲ့ ဘူဆန်မြို့ကို ခေါ်သွားခဲ့ကြောင်း၊ ဘူဆန်မြို့မှာ ပလတ်စတစ် ဆာဂျရီ လုပ်ပေးပြီးရင် ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အတူနေပြီး စပွန်ဆာ ရှာရမှာ ဖြစ်ကြောင်း၊ အဲဒါမှ အဆင်မပြေရင် ဂျပန်ကိုပို့ပြီး စပွန်ဆာ ရှာခိုင်းမှာဖြစ်ကြောင်း အဖွဲ့အစည်းက ပြောလာတဲ့အတွက် မေမြတ်နိုးက မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်တယ်လို့ ယူဆပြီး သူတို့ပြောတာ လက်မခံဘဲ မြန်မာပြည်ကို ပြန်လာတာ ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ မေမြတ်နိုးက ပြောခဲ့ပါတယ်။
၄ နှစ်ပြည့်လာပြီဖြစ်တဲ့ Miss Asia Pacific World ပြိုင်ပွဲဟာ အငြင်းပွားဖွယ်ကိစ္စတွေနဲ့ သတင်းထွက်လာခဲ့တာ အခုတကြိမ် ပထမဆုံး မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ် ပြိုင်ပွဲတုန်းကလည်း ပြိုင်ပွဲမစသေးခင် ကတည်းက ဗင်နီဇွဲလား အလှမယ်ကို ရွေးဖို့ လုပ်ခဲ့တယ်ဆိုပြီး ပြိုင်ပွဲဝင် Wales အလှမယ် Amy Willerton နဲ့ အလှမယ်တွေက စွပ်စွဲမှုတွေ ဖြစ်ခဲ့တယ်။ ပွဲစီစဉ်သူတွေနဲ့ အချင်းပွားတဲ့ မှတ်တမ်းကို YouTube မှာ “Confessions of a Beauty Queen” နာမည်နဲ့ တင်ထားတာ အလှမယ်အသိုင်းအဝိုင်းမှာ ဖြန့်ကြ ကြည့်ကြတယ်။ အဲဒီထဲမှာ ပြိုင်ပွဲဝင် အလှမယ်တချို့က ပွဲစီစဉ်သူတွေဟာ ဆုချိတ်ချင်ရင် သူတို့နဲ့ အိပ်ဖို့ တောင်းဆိုကြောင်းနဲ့ ရဲကို စုံစမ်းအရေးယူဖို့ တောင်းဆိုရာမှာ လာဘ်ပေးလာဘ်ယူတာတွေ ရှိကြောင်း စွပ်စွဲပြောဆိုတာတွေ ပါတယ်။ ပွဲစီစဉ်သူတွေကတော့ ဒါတွေဟာ ကောလာဟလတွေလို့ ပယ်ချပြီး ရဲက စစ်ဆေးပြီးသားလို့ ဆိုနေပါတယ်။
အခုမေမြတ်နိုးကိစ္စမှာ ပြောစရာတခုက အသက်မပြည့်တာပါ။ မေမြတ်နိုးဟာ ၁၉၉၈ ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသက် ၁၆ နှစ်သာ ရှိသေးသူ ဖြစ်ပါတယ်။ မယ်တယောက်အနေနဲ့ ဝင်ပြိုင်မယ်ဆိုရင် အသက် ၁၈ နှစ် ပြည့်ရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ Passport မှာ အသက်အမှန်ကို ဖော်ပြထားပေမယ့် မယ်ပြိုင်ပွဲဝင်မယ့် လျှောက်လွှာမှာတော့ အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်တယ်လို့ ဖြည့်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဖြည့်တာကို မြန်မာပြည်က Organization ကော၊ ကိုရီးယားနိုင်ငံက မူလအဖွဲ့အစည်းကပါ သိပြီး လက်ခံခဲ့တာ ဖြစ်ပါတယ်။
အခုလို သရဖူပြန်သိမ်းတယ်ဆိုတဲ့ သတင်း ထုတ်ပြန်ချက်ဟာ မေမြတ်နိုး မြန်မာနိုင်ငံကို ပြန်ဖို့ လေယာဉ်ပေါ် တက်ပြီးမှ ထုတ်ပြန်လိုက်တာ ဖြစ်တဲ့အတွက် သူမြန်မာနိုင်ငံ ပြန်ရောက်မှသာ သူ့သရဖူ ပြန်လည် သိမ်းကြောင်း သိရှိရတာ လို့ မေမြတ်နိုးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဆက်ပြီး မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့ အနေနဲ့ သူ့ကိုကော၊ မြန်မာနိုင်ငံကိုပါ ကိုရီးယား အဖွဲ့အစည်း ဘက်က တောင်းပန်စာ ပေးပို့မှသာ မြန်မာနိုင်ငံက သက်ဆိုင်ရာ လူကြီးတွေရဲ့ ရှေ့မှောက်မှာ ဒီသရဖူကို ပြန်ပေးမယ်လို့ ဆိုပါတယ်။
“နိုင်ငံတကာက ဒိုင်တွေ ခေါ်ပြီး သေသေချာချာ စည်းမျဉ်း စည်းကမ်းတွေနဲ့ ရွေးထားပြီး ရခဲ့တဲ့ သရဖူကို ကိုရီးယား Organization ကိုပဲ ပြန်အပ်ဖို့ အစီအစဉ်ရှိပါတယ်။ သို့ပေမယ့်လည်း ကိုရီးယား Organization က ကျမကို ဒီလို အသရေဖျက်မှုတွေ၊ မြန်မာနိုင်ငံ မကောင်းကြောင်းတွေ၊ လိမ်လည်မှုတွေ၊ စွပ်စွဲမှုတွေနဲ့ မေမြတ်နိုးက သရဖူကို ခိုးပြီး ပြန်သွားပါတယ်ဆိုပြီး ရေးထားတယ်။ မေမြတ်နိုးကို ရေးထားတာ မဟုတ်ဘဲ Myanmar Beauty Queen လို့ ရေးထားတဲ့အတွက် ဒါမြန်မာနိုင်ငံကို စော်ကားတာနဲ့ အတူတူပါပဲ။ သူတို့ဘက်ကနေ သူတို့အမှားကို ကျမ အမှားပါလို့ ပုံချပြီးတော့ မြန်မာနိုင်ငံကို ရှုတ်ချတဲ့ စကားတွေနဲ့ နိုင်ငံတကာကို ဖြန့်တဲ့အတွက် သူတို့ဆီက တောင်းပန်စာ လိုချင်ပါတယ်” လို့ မေမြတ်နိုးက ပြောပါတယ်။
နေရှင်နယ် ဒါရိုက်တာ မလှနုထွန်းကတော့ မေမြတ်နိုးဟာ အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့အတွက် မိခင်ဖြစ်သူက ကိုရီးယား အဖွဲ့အစည်းနဲ့ တိုက်ရိုက် စကားပြောပြီး တိုက်ရိုက်အုပ်ချုပ်ခွင့် တောင်းလိုက်တာကြောင့် ဇွန်လ ၁၅ ရက်နေ့ ကတည်းက အဆက်အသွယ် မရှိတော့ပါဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“သူ့အမေကလည်း သူ့သမီးလေးက ၁၆ နှစ်ပဲ ရှိသေးတဲ့အတွက် တိုက်ရိုက် အုပ်ချုပ်ခွင့် တောင်းတယ်။ အဲဒီနောက်ပိုင်း မေမြတ်နိုးနဲ့ အဆက်အသွယ် မရှိတော့ပါဘူး။ သူ ကိုရီးယား သွားတာ ကြားတယ်။ အခုအချိန်ထိ ကျမနဲ့ သူတို့
အဆက်အသွယ် မရှိပါဘူး။ အခု သရဖူ သိမ်းတဲ့ ကိစ္စမှာလည်း ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ကျမ မသိဘူး။ ကျမက အလယ်လူလေ။ သူ့အုပ်ထိန်းသူ သူ့မေမေနဲ့ အတူ ကိုရီးယားကို သွားခဲ့ကြတယ်။ ဟိုဘက်အဖွဲ့အစည်း ကနေ ၂၇
ရက်နေ့မှာ စာထုတ်လိုက်ပြီး မြန်မာပြည်မှာ ကျမကိုပဲ သူတို့က သိတာကြောင့် သရဖူကို ကျမကို အပ်လိုက်ပါဆိုပြီး ပြောတာပါ” လို့ နေရှင်နယ် ဒါရိုက်တာ မလှနုထွန်းက ပြောပါတယ်။
ဒါ့အပြင် သူက ဆက်လက်ပြီး အခုလက်ရှိမှာ သရဖူကို လက်ခံဖို့ ကိုရီးယား တယောက်လည်း ရှိနေတာကြောင့် အဆိုပါ ကိုရီးယားနိုင်ငံသား လက်ထဲကိုလည်း အပ်နိုင်တယ်လို့ ဆိုပါတယ်။
မလှနုထွန်းဟာ သိပ်မကြာသေးခင်ကလည်း Miss Global Myanmar 2014 သရဖူ ရရှိထားသူ အသက် ၁၇ နှစ် အရွယ် အလှမယ် ဂျူးစံသာဆီက သရဖူ ပြန်လည် သိမ်းယူခဲ့ပါတယ်။
ဒီလို အလှမယ်တွေ အပေါ် သရဖူပြန်သိမ်းမှုတွေ ဆက်တိုက် ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး မလှနုထွန်းက “မေမြတ်နိုး သရဖူကို ကျမက သိမ်းတာ မဟုတ်ပါဘူး။ ဟိုဘက်က သိမ်းမယ်ဆိုတော့တောင် ကျမက မသိမ်းဖို့ တောင်းပန်ခဲ့ ပါသေးတယ်။ ဂျူးစံသာကိုတော့ ကျမတို့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို သူက မလိုက်နာ တာကြောင့် ကျမတို့က
ပြန်သိမ်းလိုက်တာပါ” လို့ ရှင်းပြပါတယ်။
မေမြတ်နိုးရဲ့ သတင်းစာရှင်းလင်းပွဲကို လာတက်ခဲ့သူ တဦးဖြစ်ပြီး ၂၀၁၃ ခုနှစ် တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ Asia New Star Model ပြိုင်ပွဲမှာ Asia New Star Model Grand ဆုရရှိခဲ့သူ မော်ဒယ်လ် ထွန်းကိုကိုက “အမှန်တရားသိချင်လို့ ဒီ သတင်းစာ ရှင်းလင်းပွဲကို လာဖြစ်တယ်။ ဒီလို မသမာတဲ့ ပွဲကြီးမှာ ရခဲ့တဲ့ သရဖူကို အသိမ်းခံရတဲ့အတွက် ပြန်ပေးရမယ်ဆိုလည်း ကျေနပ်ပါတယ်။ ကိုယ့်နိုင်ငံမှာ ဒီလို မသမာတဲ့ သရဖူကြီးကို မရှိစေချင်ဘူး။ ကျနော့်တုန်းကတော့ အခက်အခဲဆိုတာ မရှိခဲ့ပါဘူး။ ကိုရီးယားကိုသွားတယ်၊ ပြိုင်တယ်၊ ဆုရခဲ့တယ်၊ ပြန်လာတယ်။ မေမြတ်နိုးကိုတော့ အားမငယ်ဖို့ အားပေးစကား ပြောကြားချင်ပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
]]>
https://burma.irrawaddy.com/news/2014/09/02/64061.html/feed 3
Miss Universe Myanmar 2014 အပြီးသတ် ပြိုင်ပွဲကြီးကို ဇူလိုင်လ ၂၆ ရက်နေ့က ရန်ကုန် အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်းများစွာက အလှမယ်များစွာ ပါဝင်ယှဉ်ပြိုင်မယ့် Miss Universe ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ရမယ့် အလှမယ်ကို ရွေးချယ်ခဲ့ပါတယ်။ သူကတော့ သျှားထွဋ်အိန္ဒြာလို့ အမည်ရပြီး Camp သွင်း ရွေးချယ်ထားတဲ့အလှမယ် ၂၀ ထဲကနေ Miss Universe Myanmar 2014 Winner ဆုကြီးကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ သူနဲ့တွေ့ဆုံပြီး ဧရာဝတီက သူနဲ့ ပတ်သက်တဲ့ အကြောင်းအရာများစွာကို ပရိသတ်သိစေဖို့ မေးမြန်း ခဲ့ပါတယ်။
မေး။     ။ ညီမရဲ့မိသားစုအကြောင်း အရင်ဟြေပြပေးပါ။
ဖြေ။     ။ ညီမမှာ မိသားစုလေးယောက် ရှိပါတယ်၊ ညီမရယ်၊ ဖေဖေရယ်၊ မေမေရယ်၊ ညီမရဲ့ ညီမလေးရယ်ပါ။
မေး။     ။ ပညာအရည်အချင်း ကရော …။
ဖြေ။     ။ ဟုတ်ကဲ့ ညီမအခု Second Year Philosophy တက်နေပါတယ်၊ ဒဂုံတက္ကသိုလ်မှာပါ၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ကောလိပ်မှာလည်း Marketing Management  ပညာရပ် တက်နေပါတယ်ရှင့်။
မေး။     ။ အခုလို Winner ဆုရခဲ့တဲ့ အတွက် ဘယ်လိုခံစားရလဲ။
ဖြေ။     ။ လုံး၀ မမျှော်မှန်းထားခဲ့ပါဘူး၊ အခုလိုရတဲ့ အတွက်လည်း အရမ်းဝမ်းသာမိပါတယ်။ အမှန်အတိုင်းဝန်ခံတာပါ၊ ဒါပေမဲ့ ညီမကြိုးစားတယ်၊ အတတ်နိုင်ဆုံး ညီမကိုယ်ညီမ ယုံကြည်ချက်အပြည့်အ၀ ထည့်ထားတယ်။
ညီမမိသားစုရဲ့ အားပေးမှု၊ Organization ရဲ့အားပေးမှု၊ အားလုံးရဲ့ အားပေးမှုကြောင့် ဒီလို ယုံကြည်မှုတွေရခဲ့တာပါ။
မေး။     ။ ညီမမှာ ဘယ်လိုမျိုး အားသာချက်တွေကြောင့် ဒီလို ရွေးချယ်ခံခဲ့ရတာလို့ ထင်လဲ။
ဖြေ။     ။ ညီမမှာ အားသာချက်က ညီမက လုံး၀ စိတ်မဆိုးတတ်ဘူး၊ ညီမမျက်နှာမှာ စိတ်ဆိုးတဲ့ အမူအရာဆိုတာ မရှိခဲ့ဘူး၊ အမြဲတမ်း ပြုံးရွှင်နေနိုင်တယ်ပေါ့နော်။ အဲ့ဒါကို Organization ကလည်း ဟြေတယ်၊ ဖူးခက်က ဆရာတွေကလည်း အဲဒီတခုကို အရမ်းသဘောကျ ကြတယ်ရှင့်။
မေး။     ။ Miss တယောက်က စိတ်ဓာတ်ရော၊ အရည်အချင်းရော အားလုံး ကောင်းမွန် ပြည့်စုံနေရမှာဆိုတော့ ညီမ အဲဒီအချက်တွေ အတွက် ဘယ်လိုပြင်ဆင်ခဲ့လဲ။
ဖြေ။     ။ ညီမရဲ့ စိတ်ဓာတ်ကို ဟြေပြချင်တာက ညီမမှာ မနာလိုတဲ့ စိတ်မျိုး လုံးဝမရှိပါဘူး၊ နောက်တခုက ညီမ စိတ်မဆိုးတတ်ဘူး။ တကယ်လို့ ဒီဆုကို ညီမမရဘဲ တခြားညီအစ်မ တယောက် ရသွားမယ်ဆိုရင်လည်း ညီမ မုဒိတာပွားပြီး လက်ခုပ်တီးပြီး အားပေးမှာပါ။ သူလိုအပ်တာကို ညီမ နောက်ကနေပြီး ပံ့ပိုးပေးမယ်။ နောက်ပြီး အလှအပနဲ့ ပတ်သက်လို့ ညီမ Perfect မဖြစ်သေးဘူး၊ ဒါပေမယ့် တခြားနိုင်ငံက အလှမယ်တွေနဲ့ ယှဉ်ပြီ ညီမ အစစ အရာရာ အဆင်ပြေအောင် ကြိုးစားသွားမှာပါ။
မေး။     ။ Organization အပေါ်မှာရော ညီမ ဘယ်လိုစိတ်မျိုးထားလဲ။
ဖြေ။     ။ Organization က ညီမရဲ့ ကျေးဇူးရှင်တွေပါ၊ ညီမ အတတ်နိုင်ဆုံး ကျေးဇူး ဆပ်သွားမှာပါ။
မေး။     ။ Miss Universe ပွဲကြီးမှာ သွားရောက်ယှဉ်ပြိုင်ဖို့ ကိုရော ဘယ်လိုတွေ စဉ်းစားထားလဲ။
ဖြေ။     ။ ညီမတို့မြန်မာနိုင်ငံရဲ့ သယံဇာတတွေ၊ Traditional Dance တွေ၊ ညီမတို့ နိုင်ငံက ဘယ်လောက်အထိ ယဉ်ကျေးမှု ထွန်းကားတယ်ဆိုတာကို သူများနိုင်ငံတွေထက် လုပ်ပြသွားမယ်လို့ ညီမကတိပေးပါတယ်။
ညီမ တကယ်ကို ဒီမှာ ကြိုးကြိုးစားစား ပြင်ဆင်သွားပြီးတော့ မြန်မာနိုင်ငံရဲ့ ပြည်သူပြည်သားတွေ အားကျ ကျေနပ်နိုင်တဲ့ အနေအထား တခုအထိ ကြိုးစားသွားပါ့မယ်ရှင့်။
Miss Universe Myanmar 2014 Winner ဆုရှင် သျှားထွဋ်အိန္ဒြာ (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)
Miss Universe Myanmar 2014 Winner ဆုရှင် သျှားထွဋ်အိန္ဒြာ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
မေး။     ။ နိုင်ငံအများကြီးက အလှမယ်တွေနဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် ယုံကြည်ချက် ထားထားလဲ။
ဖြေ။     ။ ညီမဆီမှာ ယုံကြည်ချက်ကတော့ အပြည့်အဝရှိပါတယ်။ ဘာလို့လဲဆိုတော့ ညီမကို အားပေးကြတဲ့  သူငယ်ချင်းတွေ၊ မိသားစုတွေ၊ နောက်ပြီး ညီမရဲ့ Organization က အားပေးကြတဲ့အတွက် ယုံကြည်ချက် အပြည့်အ၀ ထည့်ထားပါတယ်။
မေး။     ။ အခုညီမက မြန်မာနိုင်ငံရဲ့ ကိုယ်စားပြု အလှမယ်တယောက် ဖြစ်သွားပြီဆိုတော့ ဘယ်လို စံပြဖြစ်အောင် နေထိုင်သွားမှာလဲ။
ဖြေ။     ။ ညီမ အခုလက်ရှိ အခြေအနေထက်ကို ဆင်ဆင်ခြင်ခြင် နေသွားပါ့မယ်၊ ညီမဟြေပုံဆိုပုံ၊ နေပုံထိုင်ပုံကအစ အစစအရာရာ ဆင်ခြင်ပြီး နေသွားပါ့မယ်ရှင့်။
မေး။     ။ Miss တယောက်ဖြစ်လာရင် ပရဟိတတွေ လုပ်လာကြတယ်ဆိုတော့ ညီမက ဘယ်လို ပရဟိတမျိုး လုပ်ရတာ စိတ်ဝင်စားလဲ။
ဖြေ။     ။ ညီမက ပရဟိတကို ဒီ Miss ရမှ လုပ်တာမဟုတ်ပါဘူး၊ ဒီဆုမရခင်ကလည်း ပရဟိတ အလုပ်တွေ အများကြီး လုပ်ခဲ့ပါတယ်။ အခုဒီလို Miss တယောက်ဖြစ်လာတော့ ဒီနေရာနဲ့ ထိုက်တန်တဲ့ ပရဟိတ လုပ်ငန်းတွေ ပိုလုပ်သွားမှာပါ။
ပရဟိတဆိုတာ အများကြီးရှိပါတယ်။ လိုအပ်တဲ့နေရာတွေ အများကြီးမှာ ဖြည့်ဆည်း ပေးချင်ပါတယ်။
မေး။     ။ အခုအချိန်မှာ ညီမရဲ့ အားနည်းချက်က ဘာဖြစ်မယ်လို့ ထင်လဲ။
ဖြေ။     ။ လူတိုင်းမှာတော့ အားနည်းချက်က ရှိကြပါတယ်၊ ညီမမှာလည်း အားနည်းချက်တွေ အများကြီးရှိပါတယ်၊ ညီမရဲ့ အားနည်းချက်တွေကိုတော့ ဟိုနိုင်ငံအထိ မပါသွားအောင်တော့ ညီမ ဂရုစိုက်ပါ့မယ်။
မေး။     ။ ညီမကို Miss Universe ပွဲကြီးမှာ အားပေးကြတော့မယ့် ပြည်သူလူထု ပရိသတ်တွေကို ဘာဟြေချင်လဲ။
ဖြေ။     ။ ညီမကို အားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်၊ ညီမ ဒီလိုစင်ပေါ်ကို ယုံယုံကြည်ကြည် တက်လှမ်းလာနိုင်တာ ပရိသတ်တွေ အားလုံးရဲ့ အားပေးမှုတွေလည်း ပါတယ်၊ ညီမကို ဆက်ပြီးတော့လည်း အားပေးကြပါ၊ ဝေဖန်အကဲဖြတ်ပေးကြပါ။ ညီမဘက်ကလည်း ပြန်ပြီးတော့ ပရိသတ်တွေ လက်ခံနိုင်တဲ့ Miss တယောက်အဖြစ် ရပ်တည်သွားပါ့မယ်လို့ ကတိပေးပါတယ်ရှင့်။
]]>
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှကြီးမှူး ကျင်းပပြုလုပ်မည့် Miss Myanmar International 2014 ပြိုင်ပွဲကြီး အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်တွေကို ရွေးချယ်တော့မှာ ဖြစ်လို့ လျှောက်လွှာတွေ စတင်ခေါ်ယူနေပြီလို့ သိရပါတယ်။
Miss Myanmar International 2014 Finalist ပြိုင်ပွဲကြီးကို လာမယ့် သြဂုတ်လ ၁၇ ရက်နေ့ကျရင် ရန်ကုန် အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်းနဲ့ Miss Myanmar International 2014 ပထမဆု ရွေးချယ်ခံရသူ အလှမယ် ကတော့ နိုဝင်ဘာလအတွင်း ဂျပန်နိုင်ငံမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ရဲ့ တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးဖြိုးရာဇာက ဇွန် ၁၉ ရက်နေ့က ဟြေခဲ့ပါတယ်။
ဆုကြေးငွေများ အနေနဲ့ Miss Myanmar International 2014 ပထမဆု ငွေကျပ်သိန်း ၁၀၀၊ ဒုတိယဆု ငွေကျပ် သိန်း ၆၀ နဲ့ တတိယဆု ငွေကျပ် သိန်း ၄၀ ချီးမြှင့်မှာ ဖြစ်ပါတယ်။
Miss Myanmar International ပြိုင်ပွဲကို ၂၀၁၂ ခုနှစ်က စတင်ကျင်းပခဲ့ပြီး နန်းခင်ဇေယျာက ပထမဆု ရရှိခဲ့ကာ ၂၀၁၃ ခုနှစ်မှာတော့ ဂုဏ်ရည်အေးကျော်က ပထမဆု ဆွတ်ခူးခဲ့ပါတယ်။
၂၀၁၄ အတွက် ပြိုင်ပွဲဝင်လိုသူ အလှမယ်တွေ အနေနဲ့ လျှောက်လွှာတွေကို ရန်ကုန်မှာ တော်ဝင်စင်တာ AKK Shopping Mall (လေးထောင့်ကန်လမ်း)၊ ပါရမီစိန်ဂေဟာ၊ ဗိုလ်ချုပ်ဈေး Super One၊ ဗညားဒလလမ်းမှာ ရှိတဲ့ Lisange Show Room များ၊ La Source Spa ၊ Spirit Spa ၊Eros Spa တွေနဲ့ မန္တလေးမှာတော့ Lisange Show Room နဲ့ ကောင်တာတွေမှာ အခမဲ့ ရယူနိုင်ကြောင်း သိရပါတယ်။
လျှောက်လွှာတွေကို ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး MTF  နဲ့ ALPHA Resources & Training Co.,LTD အမှတ် ၁၈၂ B ၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်ကို ပေးပို့ရမှာ ဖြစ်ပါတယ်။
]]>
အင်းဝခေတ် ဝတ်စုံနဲ့ Top 10 ဝင်ခဲ့တဲ့ ထားထက်ထက်နဲ့ တွေ့ဆုံခြင်း https://burma.irrawaddy.com/lifestyle/2013/11/11/50771.html Mon, 11 Nov 2013 10:45:59 +0000 https://burma.irrawaddy.com/lytbox/?p=50771 Miss, ထားထကျထကျကိုယ့်နိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေ ဘယ်လောက် တော်တယ်ဆိုတာ တခြားနိုင်ငံတွေ ကိုလည်း သိစေချင်တယ်၊ ကိုယ့်နိုင်ငံက လူတွေလည်း တခြားနိုင်ငံနဲ့ ရင်ဘောင် တန်းနိုင်တယ် ဆိုတာကို ပြချင်ပါတယ်]]> Miss, ထားထကျထကျ
ထိုင်းနိုင်ငံမှာ နိုဝင်ဘာ ၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပနေတဲ့ Miss Grand International 2013 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ အသက် ၂၄ နှစ် အရွယ်ရှိတဲ့ ထားထက်ထက် ဝင်ရောက် ယှဉ်ပြိုင်နေပါတယ်။ ကမ္ဘာ မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့၊ ငြိမ်းချမ်းကြဖို့ ရည်ရွယ်တဲ့ ဒီ Miss ပြိုင်ပွဲကြီးဟာ ပထမဆုံးအကြိမ် အဖြစ် ကျင်းပတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ WYTU ကနေ IT ဘွဲ့နဲ့ ၂၀၁၁ ခုနှစ်က ကျောင်းပြီး လာခဲ့တဲ့ Miss Myanmar ထားထက်ထက်ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပသွားခဲ့တဲ့ ဒီပြိုင်ပွဲကြီးရဲ့ အမျိုးသားဝတ်စုံ ပြိုင်ပွဲစဉ်မှာ အင်းဝခေတ် ဝတ်စုံနဲ့ ထိပ်ဆုံး ၁၀ ဦး စာရင်းထဲ ပါဝင်သွားခဲ့ပါပြီ။ လာမယ့် နိုဝင်ဘာ ၁၉ ရက် Final ပွဲစဉ်မှာတော့ ဒီ ၁၀ ယောက် စာရင်းထဲကနေ အကောင်းဆုံး ၁ ဦးကို ပြန်လည် ရွေးချယ်မှာပါ။ Miss Grand International 2013 ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၈၈ နိုင်ငံမှ အလှမယ်များ ဝင်ရောက် ယှဉ်ပြိုင်နေတာပါ။
ထားထက်ထက် ဝတ်ဆင်ခဲ့တဲ့ အင်းဝခေတ်ဝတ်စုံကို ဒီဇိုင်နာ မပုံ့ (My Favourite) နဲ့ မန္တလေးက ကိုမျိုးမင်းစိုးတို့က ဖန်တီးေ ပးထားပြီး ညနေခင်း ဝတ်စုံကိုတော့ ကိုသျှီလာက ဖန်တီးပေးထားတဲ့ အပြင် ဒီဇိုင်နာ ကိုဖြိုးပြည့်နဲ့ မမေဇင် တို့လည်း ပါဝင် အားဖြည့်ဖန်တီး ပေးထားကြတယ်လို့ သိရပါတယ်။ Miss Grand International Title ဆုအပြင် Online မဲစနစ်နဲ့ ရွေးချယ်ပေးမယ့် ပေါ်ပြူလာ အဖြစ်ဆုံးဆု၊ အကောင်းဆုံး အမျိုးသားဝတ်စုံဆု၊ အကောင်းဆုံး ညနေခင်း ဝတ်စုံဆု၊ အကောင်းဆုံး ရေကူးဝတ်စုံဆု ဆိုပြီး သတ်မှတ်ထားပြီး အဲ့ဒီ ခေါင်းစဉ် တခုဆီကို အမေရိကန်ဒေါ်လာ ၃ ထောင် ချီးမြှင့်မယ်လို့ သိရပါတယ်။ ပြိုင်ပွဲဝင် Miss Myanmar ထားထက်ထက် ချင်းမိုင်မြို့ကို ရောက်ရှိနေချိန်မှာ ဧရာဝတီ သတင်းထောက် မစပ်စုက တွေ့ဆုံ မေးမြန်းဖြစ်တာလေးတွေကို ဖော်ပြ ပေးလိုက်ပါတယ်။
မေး။     ။ ဒီ Miss Grand International ပြိုင်ပွဲက ပထမဆုံးလုပ်တဲ့ ပွဲလို့သိရတယ်။ ဒီလို ပထမဆုံး လုပ်တဲ့ပွဲမှာ မြန်မာ နိုင်ငံကလည်း ပထမဆုံး ကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်ရတဲ့အပေါ် ဘယ်လို ခံစားချက်မျိုး ရှိလဲ။
ဖြေ။     ။ ဒီပြိုင်ပွဲက နိုင်ငံတကာမှာ ပထမဆုံး ပွဲလည်းဖြစ်တယ်၊ မြန်မာနိုင်ငံ အတွက်လည်း ပထမဆုံးဖြစ်တယ်။ အဲဒီအတွက် အရမ်း ဂုဏ်ယူမိတယ်။ နောက် ထိုင်းမှာလည်း လုပ်တယ်၊ ထိုင်းမှာလည်း မြန်မာ ပရိသတ်တွေ အများကြီးရှိတယ် ဆိုတော့ ထားထက်ထက်ကို အားပေးမယ့်သူတွေ အများကြီးရှိတယ်။ အဓိကက သူတို့ပွဲရဲ့ ရည်ရွယ်ချက်ကလည်း Stop the war ဆိုတော့ သူတို့ မြန်မာနိုင်ငံရဲ့ အဓိက Favourite ဖြစ်တာက ဒေါ်အောင်ဆန်းစုကြည်ပေါ့။ ငြိမ်းချမ်းရေးနဲ့ ဆိုင်တဲ့ Global Brand ဖြစ်တယ်ပေါ့။ အဲဒါကို သူတို့ ဝက်ဘ်ဆိုက် မှာကို ဗီဒီယိုနဲ့တင်ပြီး ပြထားတယ်။ တကယ် အောင်မြင်ကျော်ကြား ထင်ရှားတဲ့ အမျိုးသမီးတွေ ဆိုပြီး ဒီပွဲရဲ့ အဓိက အရာတွေကို ပြထားပါတယ်။ အဲဒီတော့ ကိုယ်က ပိုပြီး ဂုဏ်ယူပါတယ်။ ကိုယ့်မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ် အဖြစ်နဲ့ လူတိုင်းသိတယ်၊ နိုင်ငံတိုင်း သိတယ်။ အဲဒီအတွက် သူတို့တွေက ကိုယ့်နိုင်ငံကို ပိုပြီး သိလာပါတယ်။ အဲဒီ အတွက်ကို အရမ်းဂုဏ်ယူပြီး ဝမ်းသာမိပါတယ်။
မေး။     ။ ဒီပြိုင်ပွဲကြီးရဲ့ အမျိုးသားဝတ်စုံနဲ့ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ အင်းဝခေတ် ပုံစံကို ဝတ်ဆင်ပြီး ပြိုင်သွား တာတွေ့ရတယ်။ ဘာကြောင့် အဲဒီခေတ်ပုံစံကို ရွေးဖြစ်တာလဲ။
ဖြေ။     ။ ဘာကြောင့်လဲ ဆိုတော့ ထိုင်းနိုင်ငံမှာ လုပ်တာဖြစ်တဲ့အတွက် ထိုင်းနဲ့ မြန်မာ ယဉ်ကျေးမှုက နည်းနည်း ဆင်တယ်လေ။ အဲဒါကြောင့် ကွဲထွက်တာမျိုးကို လိုချင်တယ်။ ဆိုတော့ အရင်ခေတ်တုန်းက ဟာတွေကို လိုက်ရှာ ကြည့်တယ်။ အမျိုးသား ပြတိုက်မှာ သွားကြည့်ပြီ ကွဲထွက်တာမျိုးကို ကြည့်တော့ ကျမ မျက်နှာနဲ့ လိုက်မယ့် အရာမျိုးကို ဒီဇိုင်နာက ချုပ်ပေးတာပါ။
မေး။     ။ ဒီ အင်းဝခေတ်ပုံစံနဲ့ပဲ အမျိုးသားဝတ်စုံ ပွဲစဉ်ရဲ့ ထိပ်ဆုံး ၁၀ ဦးထဲမှာ ရွေးချယ်ခြင်း ခံရတယ်။ ဒါဟာ ထားထက်ထက်ရဲ့ အမျိုးသားဝတ်စုံမှာ ဘာက ထူးခြားမှုရှိလို့၊ သူတို့တတွေ ဘာကို သတိထားမိသွားလို့ ရွေးချယ်ခြင်း ခံရတယ်လို့ ယူဆမိလဲ။ ဒီလို ရွေးချယ်ခြင်း ခံရမယ်လို့ကော မျှော်လင့်မိလား။
ဖြေ။     ။ ကျမ ထင်တာကတော့ ဒီအဝတ်အစားကို လုပ်ဖို့ အချိန် စရကတည်းက အကောင်းဆုံး အမျိုးသားဝတ်စုံ ဆုလည်း ပါတယ်ဆိုတော့ အဲဒါကို လိုချင်တယ်။ အမျိုးသား ပြတိုက်ကို သွားပြီးတော့ လေ့လာဖြစ်တယ်။ ဘယ်ဝတ်စုံ ဝတ်ရင် ကောင်းမယ်၊ ကျမနဲ့ ဘယ်ပုံစံနဲ့ ကောင်းမလဲ ဆိုတာကို လေ့လာတယ်။ ဒီဇိုင်နာ မပုံ့ (My Favourite) က ကျမနဲ့ လိုက်မယ့်ပုံစံကို ချုပ်ပေးတယ်။ အခု ဒီဒီဇိုင်းကြောင့်လည်း ပါတယ်။ Performance လည်း အရေး ကြီးပါတယ်။ မြန်မာနိုင်ငံ မှာလို ရိုးရိုးပဲ ပြမယ်ဆိုရင် သိပ်ပြီးတော့ အဆင်မပြေ လောက်ဘူး ထင်ပါတယ်။ မြန်မာဝတ်စုံကို ခပ်သွက်သွက် Performance နဲ့ ပြနိုင်တာ ကြောင့်လည်း ပါမယ်လို့ ထင်ပါတယ်။ ဒီဇိုင်းကလည်း တခြားနဲ့ မတူဘဲ ကွဲထွက်နေတယ်လို့ ထင်မိပါတယ်။ ကိုယ့်ကိုယ်ကိုယ် အခုလို ၁၀ ဦးထဲ ဝင်မယ်လို့လည်း မထင်ထားဘူး။ အင်းဝခေတ် ပုံစံဆိုတော့ ဒီဇိုင်းဆန်းထားပေမယ့် နည်းနည်း ရိုးတဲ့ဘက်လည်း ပါတယ်ဆိုတော့ အရမ်းတော့ မှန်းမထားပါဘူး။ ဒါပေမယ့် မြန်မာလို့ ခေါ်လိုက်တဲ့ အချိန်မှာ အရမ်း ဝမ်းသာမိပါတယ်။
မေး။     ။ လတ်တလောမှာလည်း Miss ပြိုင်ပွဲတွေက ဆက်တိုက်ဆိုသလို ဖြစ်နေလေတော့ ထားထက်ထက် အပေါ် အားပေးမှု အနေအထားရော ဘယ်လိုရှိလဲ။ အားရ ကျေနပ်မှု ရှိရဲ့လား။
ဖြေ။      ။ အားရကျေနပ်မှု ရှိပါတယ်။ အခု ဖိလစ်ပိုင်က တက်လာတယ် ဆိုတော့လည်း အားလုံးက ဝိုင်းပြီးတော့ Vote ပေး ကြပါတယ်။ အများကြီး ကျော်သွားအောင်လို့ ဝိုင်းပြီး Vote ပေးကြပါတယ်။ Voting system စပြီဆိုကတည်းက ထားထက်ထက်ကို မမေ့ဘဲနဲ့၊ အားလုံး သတိတရနဲ့ အားပေးနေတယ်။ Miss popular title တခုတည်း အတွက် မဟုတ်ဘူး။ ရိုးရိုးဆုလေးတွေရမယ့်၊ T-pageant က ပေးတဲ့ တနေ့ကို ၁၉ ကြိမ် ပေးလို့ရတာကိုလည်း လွန်ခဲ့တဲ့ နှစ်လလောက် ကတည်းက စပြီး အကောင့်တွေဖွင့်ပြီး သတိတရနဲ့ Vote တွေ ပေးတယ်။ အဲဒီတော့ Vote တွေက နေ့တိုင်း တက်နေပါတယ်။အခုလည်း ဆက်ပြီးတော့ ပြိုင်ပွဲပြီးတဲ့ အထိ ဆုကို ရအောင်၊ အမြဲနံပတ် တစ် နေရာက မကျအောင် အမြဲ Vote ပေးကြ လိမ့်မယ်လို့ ထားထက်ထက်က အပြည့်အ၀ ယုံကြည်ပါတယ်။
မေး။     ။ ဒီပြိုင်ပွဲမှာ ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်လည်း ပါတယ်ဆိုတော့ ဒီလို ဝတ်စားဆင်ယင်မှုနဲ့ အသားကျလေ့ မရှိတဲ့ မြန်မာ မိန်းကလေးတယောက် အနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ် အလှပိုင်း ဆိုင်ရာနဲ့ မြန်မာ ပရိသတ်တွေရဲ့ မြင်လာမယ့် အမြင်တွေအပေါ် ဘယ်လောက်အထိ ပြင်ဆင်ခဲ့ရလဲ။
ဖြေ။      ။ Swim wear ဆိုတာကတော့ ပြိုင်ပွဲ စည်းကမ်းအရ ပြိုင်ရတာပါ။ ကျမအရင်က ကျွမ်းဘား ကစားပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ တခြားနိုင်ငံတွေမှာ သွားပြိုင်ရရင်လည်း အတို အပြတ် ဝတ်ရတာပါ။ ဒါကို ခြွင်းချက် မပေးပါဘူး။ ဒီလို မဝတ်နိုင်ရင် အမှတ်လျော့မယ်။ အမှတ် လျှော့ခံရမယ် ဆိုတော့ ဒါကို မဖြစ်မနေ ဝတ်ရတာပါ။ Swim suit ဆိုတာ မြန်မာ အမျိုးသမီးတယောက် အနေနဲ့ အသား မကျပါဘူး။ ရှက်စိတ်ကတော့ ရှိနေပါတယ်။ ဒါကို အကုန်လုံးက နားလည် ပေးစေချင်ပါတယ်။ ဝတ်ချင်လွန်းလို့ ဝတ်ရတာလည်း မဟုတ်ပါဘူး။ မတတ်နိုင်လို့ ဝတ်ရတာပါ။ အဲဒီလို ဝတ်တဲ့ အခါမှာလည်း ရှက်တဲ့စိတ် ဖြစ်နေတာကို ဒိုင်တွေက မြင်ရင် အရမ်း သိသာပါတယ်။ ဒါတွေကို ပျောက်အောင် ကျမတို့  စိတ်ကို အရမ်း ပေါ့ပါးနေအောင် နေရပါတယ်။ ကိုယ့်ဘာသာကိုယ် အရမ်းကို ပြင်ဆင်ရပါတယ်။ ယုံကြည်ချက် အပြည့် ရှိနေပေမယ့် လည်း တခြားဝတ်စုံတွေနဲ့ မတူဘဲ အဆပေါင်းများစွာ ယုံကြည်ချက်ကို ပိုထားရပါတယ်။ တခြားနိုင်ငံသူတွေဆို ဒါကို အမြဲ Use to ဖြစ်တယ်၊ Relax ဖြစ်တယ်။ ကျမတို့ မြန်မာတွေကျတော့ ဒါကို Relax မဖြစ်ဘူး။ ဒါကို အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ Relax ဖြစ်အောင် ပြိုင်ရပါတယ်။ အဲဒီအပေါ်မှာ အကုန်လုံးကလည်း ကျမကို နားလည်မှု ပေးစေချင်ပါတယ်။
မေး။     ။ ကျွမ်းဘားဆိုလို့ ကျွမ်းဘား ပညာကို ဘယ်အရွယ်ကတည်းက စကစား ဖြစ်တာလဲ။ ကျွမ်းဘားနဲ့ ပတ်သက်လို့ ဘာဆုတွေ ရခဲ့လဲ။ လက်ရှိမှာရော ဆက် ကစား ဖြစ်နေသေးလား။
ဖြေ။     ။ အသက်ခြောက်နှစ် ကတည်းက ကစားဖြစ်ပါတယ်။ နှစ်နှစ်လောက် ကစားပြီးတော့ မြန်မာနိုင်ငံ လက်ရွေးစင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ နောက် တရုတ်နဲ့ ကိုရီးယားမှာ သွားပြီး Training camp ဝင်ခဲ့ရပါတယ်။ နောက်တော့ ၂၀၀၃ ခုနှစ်က ဗီယက်နမ်မှာ ကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တယ်။ နောက်တော့ ၂၀၀၅ ခုနှစ် ဖိလစ်ပိုင်မှာ ကျင်းပတဲ့ အရှေ့တောင် အာရှ ဆီးဂိမ်းမှာလည်း ထိပ်ဆုံး ၁၀ ဦး စာရင်း ဝင်ခဲ့ပါ တယ်။ ဒါပေမယ့် ယာဉ်တိုက်မှု တခု ဖြစ်ဖူးတော့ ၁၆ နှစ် လောက်မှာ စပြီး ကျွမ်းဘားကို မကစားတော့ဘဲ ရပ်လိုက်ပါတယ်။ မကစားဖြစ်တဲ့ အချိန်ကစပြီး အချိန်ပိုင်း အပျော်တမ်း အနေနဲ့ နည်းပြလုပ်ပါ တယ်။ International ကျောင်းတကျောင်းမှာ ကျွမ်းဘားဆရာမ လုပ်ပေးတယ်။ နောက် ကျွမ်းဘား အဖွဲ့ချုပ်မှာ အပျော်တမ်း အနေနဲ့ ကလေးတွေကို ပြန်သင် ပေးနေပါတယ်။
မေး။     ။ ဒီလို နိုင်ငံကိုယ်စားပြု ကျွမ်းဘား အလှမယ်ကနေ နိုင်ငံကိုယ်စားပြု Miss တယောက် ဖြစ်လာပုံကို ပြောပြပေးပါဦး။
ဖြေ။     ။ အဓိကကတော့ နိုင်ငံကိုယ်စားပြု တယောက် ဖြစ်ချင်ပါတယ်။ ကိုယ့်နိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေ ဘယ်လောက် တော်တယ်ဆိုတာ တခြားနိုင်ငံတွေ ကိုလည်း သိစေချင်တယ်၊ ကိုယ့်နိုင်ငံက လူတွေလည်း တခြားနိုင်ငံနဲ့ ရင်ဘောင် တန်းနိုင်တယ် ဆိုတာကို ပြချင်ပါတယ်။ ငယ်ငယ်ကတည်းက နိုင်ငံကိုယ်စား ပြုပြီး တခြားနိုင်ငံတွေမှာ သွားပြိုင်ခဲ့ရပြီး အကောင်းဆုံး လုပ်ခဲ့တယ်။ အဲဒီလို မကစားနိုင်တော့တဲ့ အချိန်မှာ တခြား တဘက်က ကြည့်ရင် ဘယ်ဟာက နိုင်ငံ ကိုယ်စားပြု နိုင်လည်း ဆိုတော့ Miss တယောက်ဖြစ်ရင် နိုင်ငံကိုယ်စားပြု အနေနဲ့ လုပ်နိုင်တယ်လို့ တွေးမိလို့ နောက် ကိုယ့်နိုင်ငံကိုပဲ အကောင်းဆုံး ကိုယ်စားပြု ချင်တဲ့ စိတ်နဲ့  Miss ဘက်ကို ရောက်ခဲ့တာပါ။
မေး။     ။ ကျွမ်းဘား ကစားခဲ့စဉ်တုန်းကလည်း နိုင်ငံ ကိုယ်စားပြုခဲ့ရတယ်။ အခုလို Miss တယောက် ဖြစ်လာ ပြန်တော့လည်း နိုင်ငံ ကိုယ်စားပြု ဖြစ်လာတယ်။ ဒီလို နိုင်ငံကိုယ်စားပြုရတာခြင်း အတူတူ ကျွမ်းဘား အလှမယ်နဲ့ Miss တယောက်ရဲ့ ခံယူချက်၊ ခံစားချက်ခြင်း တူနိုင်မလား။ ဘာတွေက ကွဲပြားနိုင်လဲ။
ဖြေ။      ။ နည်းနည်းတော့ ကွဲပြားပါတယ်။ ကျွမ်းဘားကတော့ အားကစား လုပ်တာဆိုတော့ ကျန်တာ ဘာမှ မလိုပါဘူး။ ကိုယ် လေ့ကျင့်ထားတာကို အကောင်းဆုံး ပြသနိုင်ရင်၊ ယှဉ်ပြိုင်နိုင်ရင်၊ ကိုယ်ဘာမှ အမှားအယွင်း မလုပ်ဘူးဆိုရင် ကိုယ့်အတွက် အကောင်းဆုံးပါပဲ။ အကောင်းဆုံး နိုင်ငံကိုယ်စားပြု နိုင်ခဲ့ပါတယ်။ ကျွမ်းဘားမှာ Top 10 ဝင်ခဲ့ရတာလည်း မြန်မာနိုင်ငံမှာ ကျွမ်းဘား ကစားတဲ့သူ နည်းပါတယ်။ အဲဒီတုန်းက ကျမ တယောက်တည်း ရှိပါတယ်။ ကိုယ်က အကောင်းဆုံး Top 10 ထဲ ဝင်အောင် ကြိုးစားနိုင်ခဲ့တယ် ဆိုတော့ ကိုယ့်ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်ပေါ့။ အားကစားမှာ ကျတော့ စိတ်ဓာတ်နဲ့ ကိုယ့်ရဲ့ လုပ်ဆောင်ချက် ခွန်အားပေါ်ပဲ မူတည်ပါတယ်။ Miss ဘက်မှာကျတော့ တခုတည်းနဲ့ မရပါဘူး။ အကုန်လုံး ပြည့်စုံရပါတယ်။ အပြင်ပိုင်း ဆိုရင်လည်း ရုပ်ရည်ပိုင်း၊ အရပ်အမောင်း စသဖြင့် အကုန်လုံး ပြည့်စုံရပါမယ်။ နောက် ဗဟုသုတပိုင်း ဆိုရင်လည်း တခြားနိုင်ငံသူတွေနဲ့ ကိုယ့်ရဲ့ ဗဟုသုတတွေ မျှဝေ ရတာတွေ ရှိတယ်။ ကိုယ့်နိုင်ငံ အကြောင်းတွေ ပြောပြရတာတွေ ရှိတယ်။ ဥပမာ – မေးခွန်း မေးလာတာတွေ အင်တာဗျူးတွေ လာရင် ဖြေရတာမျိုးတွေ ရှိပါတယ်။ အဲဒါတွေတော့ ကွာခြားပါတယ်။
မေး။     ။ ဒီပြိုင်ပွဲရဲ့ စွမ်းရည်ပြပွဲမှာ စောင်းတီးပြမယ် လို့လည်း သိရတယ်။ စောင်းတီးတာကို ဘယ်ကတည်းက စလေ့လာ ဖြစ်တာလဲ။
ဖြေ။     ။ စောင်းတီးတာကတော့ အရမ်း Professional တော့ မဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက လေ့လာပြီး သင်ချင်တယ်။ ငယ်ငယ်ကတည်းက ကျောင်းတောင် သိပ်မတက်ဖြစ်ဘူး။ ကျွမ်းဘားပဲ ဆော့နေရတော့ မသင်ဖြစ်ဘူး။ အခု စောင်းတီး လေ့လာနေတာ တနှစ်လောက်ရှိပါပြီ။ ဒီပြိုင်ပွဲရဲ့ ခေါင်းစဉ်က Stop The War ဆိုတဲ့ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တာဆိုတော့ ကျမက မိုက်ကယ်ဂျက်ဆင်ရဲ့ Heal The World ဆိုတဲ့ သီချင်းက ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ သီချင်းဖြစ်တဲ့အတွက် အဲဒီသီချင်းကို စောင်းနဲ့ တီးပြမှာပါ။ မြန်မာ တူရိယာကလည်း နိုင်ငံတကာ သီချင်းတွေကို တီးလို့ရတယ် ဆိုတာကို ပြချင်တဲ့သဘောပါ။
မေး။     ။ ဒီ ပွဲစဉ်တလျှောက်မှာ မြန်မာအပေါ် နိုင်ငံတကာက သူတွေရဲ့ စိတ်ဝင်စားမှု အနေအထားက ဘယ်လိုရှိလဲ။
ဖြေ။     ။ သူတို့ အရမ်း စိတ်ဝင်စားကြတယ်။ အဝတ်အစားက အစပေါ့။ အခု Voting system မှာလည်း မြန်မာက ထိပ်ဆုံး ဖြစ်နေတယ်ဆိုတော့ မြန်မာလူမျိုးတွေရဲ့ အားပေးမှုကြောင့် ကျမကို တွေ့ရင် နင်က အရမ်း ပေါ်ပြူလာ ဖြစ်တယ်ပေါ့။ နင်တို့နိုင်ငံက အရမ်း ပေါ်ပြူလာဖြစ်တယ်ပေါ့။ Facebook က Voting မှာ အမြဲထိပ်ပဲ ဆိုပြီး ပြောကြတယ်။ စာနယ်ဇင်း ရှင်းလင်းပွဲ နေ့က ကျမဝတ်တဲ့ အဝတ်အစားတွေကို အရမ်း စိတ်ဝင်စား ကြတယ်။ မြန်မာဝတ်စုံတွေက အရမ်းလှတယ် ဆိုပြီး သူတို့ လိုချင်တယ်ဆိုပြီး ပြောကြတယ်။ သူတို့ ဝတ်စုံတွေနဲ့ ဒီဇိုင်းတွေက ကွဲထွက်နေတယ် ဆိုပြီး ပြောကြပါတယ်။
မေး။     ။ လက်ရှိ မြန်မာပရိသတ်တွေရဲ့ နိုင်ငံကိုယ်စားပြု Miss တွေအပေါ် အားပေးမှု အတိုင်းအတာက အဆိုးနဲ့အကောင်း ဒွန်တွဲ နေတယ်လို့ ဆိုရမလိုပဲ။ တအားလည်း အားပေးကြသလို သူတို့ မျက်စိထဲမှာ နည်းနည်း အလွဲလေး မလုပ်လိုက်နဲ့ လုပ်လိုက်တာနဲ့ ပြောမယ် ဆိုတာချည်း ဖြစ်နေတဲ့ အနေအထား တွေအပေါ် ဘယ်လို သုံးသပ်ချင်လဲ။
ဖြေ။     ။ ကျမအနေနဲ့ လူတိုင်းမှာ လွတ်လပ်ခွင့် ဆိုတာမျိုးရှိတယ်။ Miss တယောက် ဖြစ်လာပြီ ဆိုရင်လည်း Miss တယောက်ရဲ့ လွတ်လပ်ပိုင်ခွင့် ဆိုတာလည်း ရှိရမှာပါ။ အဲဒီအပေါ်မှာ ကိုယ်သွားလာ လှုပ်ရှားမှု နေထိုင်မှု အပေါ်မှာပဲ အကုန်လုံးက တန်ဖိုးဖြတ်ကြတာပါ။ တချို့ကျတော့ နားလည်မှု လွဲတာတွေ ရှိပါတယ်။ ကိုယ်က ဒါမျိုး မဟုတ်ဘဲနဲ့ ပရိသတ်တွေ ဘက်က နားလည်မှု လွဲတာတွေ ရှိတာပေါ့။ အဓိကကတော့ ကိုယ့်ရဲ့ စိတ်ထဲမှာ ကိုယ့်ရဲ့ ခံယူချက်က အရေးအကြီးဆုံးပါပဲ။ ကိုယ်မဟုတ်တာ မလုပ်ရင် ဘာမှ မဖြစ်ပါဘူး။ အဓိကက ကိုယ့်လိပ်ပြာလုံဖို့ အရေးအကြီးဆုံး ပါပဲ။ ဒီလို Miss တယောက်မှ၊ နာမည်ကြီးတဲ့သူမှ မဟုတ်ပါဘူး။ လူတိုင်းမှာ ဝေဖန်မှု၊ ချီးကျူးမှု ဆိုတာတွေ ရှိပါတယ်။ လူတိုင်းက နေ့တိုင်း ဒါမျိုးတွေ ထိုးနှက် ခံနေရတာပါ။ အဲဒါကို ကိုယ့်ရဲ့ ခံယူချက်နဲ့ စိတ်ဓာတ် ခိုင်မာဖို့က အရေးကြီးဆုံးပါပဲ။
မေး။     ။ Miss တယောက် အနေနဲ့ ရှေ့လျှောက် ဘာဆက်လုပ်သွားဖို့ ရှိမလဲ။
ဖြေ။     ။ အခု လောလောဆယ်တော့ မြန်မာပြည် ပြန်ရောက်ရင် ဒီဇင်ဘာမှာ ၂၀၁၃ ဆီးဂိမ်းရှိမယ်။ အဲဒီမှာ ကျမ တထောင့် တနေရာကနေ ပါဝင်သွားဖို့ ရှိပါမယ်။ နောက်ပိုင်း ဆက်ပြီးတော့ အနုပညာလည်း လုပ်ဖြစ်မယ်။ နောက် ကျွမ်းဘားကိုလည်း  အပျော်တမ်း အဖြစ် ကလေးတွေကို ဆက်သင်ပေး ဖြစ်မယ်။ အခု တကယ်လို့ ဒီဆု ရလာမယ် ဆိုရင်လည်း  ငွေကြေးကို  ဖောင်ဒေးရှင်း တခုခုမှ ပဒေသာပင် တခု ထူထောင်ဖို့ ရှိပါတယ်။ ဒီလိုလုပ်တယ် ဆိုတာကလည်း တခါတည်း လှူပြီး ပြီးသွားတာမျိုး မဟုတ်ဘဲ အမြဲ ထာဝစဉ် လှူနိုင်အောင်လို့ပါ။ ကျမ အနုပညာ လုပ်လို့ ရလာမယ့် ငွေကြေး တချို့တဝက် ကိုလည်း ဒီဖောင်ဒေးရှင်းထဲ ထည့်ပြီး ပရဟိတလည်း အမြဲ လုပ်ဖြစ်သွားမှာပါ။
မေး။     ။ အခု လောလောဆယ်မှာ ပရဟိတ အလုပ်တွေ လုပ်နေတာရော ရှိလား။
ဖြေ။     ။ တချို့တွေက မေးတာတွေ ရှိပါတယ်။ Miss တယောက်ဖြစ်ရင် ပရဟိတ လုပ်ရမယ်။ Miss နဲ့ ပရဟိတနဲ့ တွဲမြင် နေကြတာပေါ့။ အဲဒီလိုမှ မဟုတ်ပါဘူး။ အဓိက ကိုယ့်စိတ်ထဲက ပရဟိတ လုပ်ချင်တဲ့ စိတ်က အဓိကပါပဲ။ ကျမဆိုရင် အသက် ၁၆ နှစ် လောက်ကတည်းက ပရဟိတ အလုပ်လေးတွေ ဝင်လုပ်တယ်။ ကိုယ်ရတဲ့ ဝင်ငွေ တချို့ကို အများကြီး မဟုတ်ရင် တောင်မှ အနာကြီး ရောဂါသည်တွေဆီကို သွားပြီး လှူဒါန်းတာမျိုးတွေ ရှိခဲ့ပါတယ်။ အခုလို Miss တယောက် ဖြစ်လာတဲ့ အခါကျတော့ ကိုယ့်ရဲ့ Fan တွေနဲ့အတူ သွားပြီး လှူဒါန်းတာတွေ ရှိပါတယ်။ Miss မဖြစ်ခင် ကတည်းက လုပ်ခဲ့တာပါ။ Miss ဖြစ်မှ လုပ်တာ မဟုတ်ပါဘူး။ Miss တွေမှ ပရဟိတ လုပ်တာ မဟုတ်ပါဘူး။ တခြားလူငယ် ပရဟိတတွေလည်း အများကြီး ရှိကြပါတယ်။ ပရဟိတ လုပ်တယ်ဆိုတာ တကယ်တော့ ကောင်းပါတယ်။
မေး။     ။ Miss Myanmar တယောက် အနေနဲ့ မြန်မာနိုင်ငံသား တွေကိုရော ထားထက်ထက်ကို အားပေးနေတဲ့ သူတွေ ကိုရော ဘာပြောချင်သေးလဲ။
ဖြေ။     ။ Miss တယောက် အနေနဲ့ ပြောချင်တာကတော့ Miss တိုင်းက တော်ကြပါတယ်။ ကိုယ့်နိုင်ငံကို အကောင်းဆုံး ကိုယ်စား ပြုပြီးတော့ ကြိုးစားနေကြ ပါတယ်။ အဲဒီအပေါ်မှာ ပရိသတ်တွေ အကုန်လုံးက နားလည်မှု ပေးပြီးတော့ အားပေး စေချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Facebook ကပဲ ဖြစ်ဖြစ် အွန်လိုင်းကပဲ ဖြစ်ဖြစ် သူတို့ရဲ့ Like ပေးမှု၊ Vote ပေးမှု တွေကြောင့် ကိုယ်က ပိုပြီး အားတက်စေပါတယ်။ ကျမဆိုရင် အွန်လိုင်း ဖွင့်ကြည့်လို့ ကိုယ့်ကို အားပေးတယ်၊ မက်ဆေ့ချ်တွေ လာတယ်ဆိုရင် အရမ်းဝမ်းသာ ပါတယ်။ ကိုယ်ကြိုးစားနေတာ ပိုပြီး အားတက်ပါတယ်။ အဲဒီတော့ အကုန်လုံးကိုလည်း အားတက်သရောနဲ့ အားပေးစေချင်တယ်။ တကယ်လို့  ဒီ Miss တယောက်ကို မကြိုက်ခဲ့ဘူး ဆိုရင်တောင်မှ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အကုန်လုံးက မျိုးချစ်စိတ် အပြည့်ရှိတယ်။ ဒီလိုမျိုး မြန်မာ စလွယ်ကို လွယ်ထားမယ်ဆိုရင် အပြည့်အ၀ အားပေးမယ်လို့ ကျမက ယုံကြည်ပါတယ်။     ။
]]>
Miss Myanmar International 2013 ဂုဏ်ရည်အေးကျော်က ကချင်ပြည်နယ်နဲ့ လူမျိုးတွေဟာ မြန်မာနိုင်ငံရဲ့ အသွေးအသား ထဲက တခု အပါအဝင်ပါ ဆိုတာကို သက်သေပြချင်တဲ့ အနေနဲ့ သူသွားရောက် ယှဉ်ပြိုင်မယ့် Miss International 2013 ပွဲရဲ့ အမျိုးသားဝတ်စုံနဲ့ ပြိုင်ပွဲကဏ္ဍမှာ ကချင်တိုင်းရင်းသား ဝတ်စုံကို ဝတ်ဆင်ပြီး ယှဉ်ပြိုင်သွားမယ်လို့ ဧရာဝတီကို ပြောပါတယ်။
“လက်ရှိ မြန်မာနိုင်ငံမှာ ကချင်နဲ့ မြန်မာတွေရဲ့ စစ်ပွဲတွေကြောင့် နိုင်ငံတကာကလည်း တော်တော်လေး အာရုံစိုက်နေတဲ့ အထဲမှာ ပါတယ်လေ။ အဲဒီတော့ ကချင်ဝတ်စုံကို ရွေးချယ်ခြင်းအားဖြင့် နိုင်ငံကို ကိုယ်စားပြုမယ့် ဝတ်စုံသည် ကချင်၊ ဆိုတော့ ကချင်လူမျိုးတွေ အတွက်ကိုရော ဗမာလူမျိုးတွေ အတွက်ကိုပါ ကျမတို့ ရင်ထဲမှာ တသွေးတည်း၊ တသားတည်း ရှိနေပါ သေးတယ်လို့ အဓိက ပြချင်တာပါ။ မြန်မာပြည်ရဲ့ အသွေးအသားထဲမှာ ကချင်ပြည်လည်း ပါပါတယ်ဆိုတာ သူတို့ကို သွေးချင်း အနေနဲ့ ယူဆထားတယ်။ အဲဒီတော့ မြန်မာနိုင်ငံ ကိုယ်စားပြုမယ့် ဝတ်စုံကို ကချင်အဖြစ် ရွေးချယ် ထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတကာကို ပြချင်တာက ဗမာနဲ့ ကချင်သည် အခုချိန်အထိ တသွေးတည်း၊ တသားတည်း ရှိနေပါတယ် ဆိုတာကိုပါ။ ဒါသည် ပြန်လည် စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုချင်လို့ပါ။ ပြီးတော့ ကျမတို့ပြိုင်ပွဲ Logo ကလည်း Peace ပါတဲ့ အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ကျမတို့ ပြန်လည် ဖော်ဆောင်ချင်လို့ ကျမတို့ ဝိုင်းစဉ်းစားပြီး ရွေးချယ် ထားတာပါ။ အဲဒီလို ပြသခွင့် ရနိုင်မယ့် အတွက်လည်း အရမ်း ကျေနပ်မိပါတယ်” လို့ ဂုဏ်ရည်အေးကျော်က ဆိုပါတယ်။
မန္တလေးသူ ဖြစ်တဲ့ ဂုဏ်ရည်အေးကျော် သွားရောက်ယှဉ်ပြိုင်မယ့် Miss International 2013 ပြိုင်ပွဲကို လာမယ့် ဒီဇင်ဘာလ ၁၇ ရက်နေ့ကျရင် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပတော့မှာပါ။
ဒီပြိုင်ပွဲကိုတော့ ပြီးခဲတဲ့ နှစ်က Miss Internet ရရှိဖို့အရေး Miss Myanmar နန်းခင်ဇေယျာကို လက်ညောင်းတဲ့အထိ အင်တာနက် စာမျက်နှာတွေပေါ်မှာ မဲပေးခဲ့ကြတယ် ဆိုရင် မှတ်မိ ကြမယ်ထင်ပါတယ်။
အခုလို မြန်မာနိုင်ငံ ကိုယ်စားပြုမယ့် မယ်မြန်မာ ဂုဏ်ရည်အေးကျော်ရဲ့ ကချင် တိုင်းရင်းသားဝတ်စုံကို ဖန်တီးပေးမှာကတော့ ကချင်တိုင်းရင်းသူ ဖြစ်တဲ့ ဒီဇိုင်နာ ဆန်းဘောက်ရာပါ။
သူ့အနေနဲ့ ကချင်ရိုးရာကိုသာ အခြေခံပြီး ပြန်လည် ဆန်းသစ်ထားတဲ့ ဒီဇိုင်းမျိုးနဲ့သာ ဖန်တီးပေးဖြစ်မယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ရိုးရာပုံစံကိုပဲ အဓိက အသားပေးမှာပါ။ ရိုးရာ အစစ်ဆိုပေမယ့်လည်း ကျမတို့ရိုးရာအစစ်ကို လူတိုင်း တော်တော်များများ သိပြီးသားဆိုတော့ Modernize ဖြစ်မှာမဟုတ်ဘူး။ Fashion ဖြစ်မှာ မဟုတ်ဘူး။ ကျမတို့ ရိုးရာဝတ်စုံက ကိုယ်လုံးလည်း မပေါ်ဘူးလေ။ နောက် လူကို ဝစေတာပေါ့နော်။ အဲဒီတော့ ရိုးရာကိုပဲ Modernize ပြန်လုပ်မှာပါ။ သူ့ခန္ဓာကိုယ်လည်း ပေါ်အောင်၊ သူနဲ့လည်း လုံး၀ Fit ဖြစ်တဲ့နောက် Miss နဲ့ ပိုပြီး သက်ဆိုင်နိုင်အောင် လုပ်ပေးမှာပါ။ ဒါပေမယ့် ရိုးရာအစစ်ကို နွှယ်ပြီးတော့ ရိုးရာဘက်ကိုပဲ ပိုသွားမှာပါ။ ကျမတို့ ကချင်ဝတ်စုံကို လူတိုင်းမြင်ထားတဲ့ ထမီအနီ၊ အကျႌအနက်၊ နောက် ငွေမောင်းတွေနဲ့ ပစ္စည်း Accessories တွေ အကုန်ပါပါမယ်။ အဲဒါကိုမှ Modernize ဖြစ်အောင် သူ့ခန္ဓာကိုယ် အလှလည်း
ပေါ်အောင် ပြန်လုပ်ပေးမှာ” လို့ ဒီဇိုင်နာ ဆန်းဘောက်ရာက အင်္ကျီဒီဇိုင်းနဲ့ ပတ်သက်လို့ ရှင်းပြပါတယ်။
ဒါ့အပြင် အစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်တွေ စစ်ပွဲတွေ ဖြစ်နေကြတဲ့ အချိန်မှာ ဂုဏ်ရည်အေးကျော်က ဒီဝတ်စုံကို ဝတ်ခြင်းအားဖြင့် အကုန်ုလုံး တန်းတူညီတူပဲ ဆိုတာရယ်၊ စစ်ပွဲတွေ အကုန် ရပ်စေချင်တယ်ဆိုတဲ့ သဘောရယ်နဲ့ ကချင်လည်း ပြည်ထောင်စု မြန်မာနိုင်ငံသားပဲ၊ အကုန်လုံး အတူတူပဲဆိုတာကို ပြချင်တဲ့အတွက်ကြောင့် ဒီဝတ်စုံကို ဂုဏ်ရည်အေးကျော်က ဝတ်ချင်တယ်လို့ ပြောတဲ့အကြောင်း၊ ဒါကြောင့် ပိုပြီး လုပ်ပေးချင်စိတ် ဖြစ်ခဲ့ရတာမို့ လုပ်ပေးဖြစ်ပြီး သူ့အနေနဲ့ အကောင်းဆုံးနဲ့ အလှဆုံးဖြစ်အောင် လုပ်ပေးမှာ ဖြစ်တဲ့အကြောင်းလည်း ဆန်းဘောက်ရာက ပြောပါတယ်။
ကချင် တိုင်းရင်းသူလည်း ဖြစ်တဲ့ အဆိုတော် ကေဂျာနူးကတော့ “အခုလို ကချင်ဝတ်စုံလေး ဝတ်မယ် ဆိုတဲ့အတွက် ကျမတို့ ကချင် အမျိုးသမီးတွေအနေနဲ့ ဂုဏ်ယူမိပါတယ်။ မြန်မာပြည် ကိုယ်စားပြုအနေနဲ့ မြန်မာပြည်က တိုင်းရင်းသားတွေရဲ့ ဝတ်စား ဆင်ယင်မှုလေး တွေကိုရော သယ်ဆောင်သွားမယ်၊ အခုလို တိုင်းရင်းသား လူမျိုးတွေကို ကိုယ်စားပြုတယ် ဆိုတော့ အရမ်း ကို ဝမ်းသာပါတယ်။ ကျမတို့ ကချင် တိုင်းရင်းသား ဝတ်စုံမှ မဟုတ်ပါဘူး။ တခြား တိုင်းရင်သား ဝတ်စုံတွေကို ဝတ်ဆင်မယ် ဆိုရင်လည်း ကျမတို့က ဂုဏ်ယူမှာပါ။ မြန်မာ ဝတ်စုံဝတ်ရင်လည်း ကျမတို့က ဂုဏ်ယူ နေပါတယ်။ အမြဲပဲ အားပေးနေပါတယ်။ ဒါပေမယ့့် ဝတ်တဲ့အခါမှာ Modern Dress ဝတ်မယ်ဆိုရင် ကိစ္စမရှိဘူးပေါ့နော်။ Traditional ဝတ်ရင်တော့ မှန်မှန်ကန်ကန် လေး ဝတ်ဖို့ အဲဒါလေးပဲ သတိထားဖို့ လိုပါမယ်” လို့ သူရဲ့သဘောထားကို ရှင်းပြပါတယ်။
ကမ္ဘာမှာ စတုတ္ထအကြီးဆုံး မယ်ပြိုင်ပွဲဖြစ်တဲ့ Miss international 2013 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ သွားရောက် ယှဉ်ပြိုင်မယ့် ဂုဏ်ရည်အေးကျော်ရဲ့ အဝတ်အစား ဒီဇိုင်းတွေကို မိုးကုတ်ပေါက်ပေါက်က အဓိက ပံံ့ပိုး ကူညီပေးသွားမှာ ဖြစ်ပြီး ဒီဇိုင်နာ ပြည်စိုးအောင်၊ ဒီဇိုင်နာ ကောင်းမြတ်တို့ကလည်း အားဖြည့် ကူညီပေးမှာဖြစ်တဲ့အပြင် အမျိုးသား ဝတ်စုံအနေနဲ့ကတော့ ဒီဇိုင်နာ ဆန်းဘောက်ရာက ဖန်တီးပေးမှာပါ။
ဂုဏ်ရည်အေးကျော် အနေနဲ့ လက်ရှိမှာ ခန္ဓာကိုယ် ကြံ့ခိုင်ရေးအတွက် လေ့ကျင့် ပြင်ဆင်နေပြီး Talent Show ပြသရာ မှာတော့ မြန်မာ့တူရိယာ စောင်းနဲ့ ဂျပန်တေးသီချင်းကို တီးခတ် ယှဉ်ပြိုင်နိုင်ဖို့အတွက် ကြိုးစား လေ့ကျင့်နေတယ် လို့လည်း သိရပါတယ်။
“အခု လောလောဆယ် အားကစားပုံမှန် လုပ်ဖြစ်တယ်။ ခန္ဓာကိုယ် ကြံ့ခိုင်အောင်ပါ။ အင်္ဂလိပ်စာ အတွက် နောက်ထပ် သင်တန်းတွေ တက်ဖြစ်တာ၊ အခု အင်္ဂလိပ်စာလည်း ပိုပြီး ကောင်းလာပါတယ်။ နောက် Talent ရှိုးအတွက် Culture တွေ ဖလှယ်မယ့် ရှိုးလေးပါတယ်။ အဲဒီအတွက် မြန်မာ့စောင်း တီးပြမယ်။ မြန်မာသံ အဖွင့်၊ မြန်မာသံ အပိတ်နဲ့ ဂျပန်သီချင်း တီးသွားပါမယ်။ ကျန်တာကတော့ တချို့ Activies လေးတွေ ပါပါတယ်။ တချို့ပွဲအတွက် အကျႌ အဝတ်အစားတွေ၊ လေလံပစ်ရမယ့် ပစ္စည်းလေးတွေ သူတို့ တောင်းထားတယ်။ အဲဒီအတွက် ကျမတို့ ကြိုတင် ပြင်ဆင်ထားပါတယ်” လို့ ဂုဏ်ရည်အေးကျော်က ပြောပါတယ်။
ကာလ အတော်ကြာဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်က စစ်မီးတွေ ငြိမ်းဖို့ရန်အတွက် အနုပညာသမားတွေ သာမက၊ ပြည်သူ အမြောက်အများ ကပါ ငြိမ်းချမ်းရေးအတွက် တောင်းဆိုနေခဲ့တာ ကြာလှပါပြီ။ အခုလို နိုင်ငံတကာ မယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်မယ့် အလှမယ် မန္တလေးသူ ဂုဏ်ရည် အေးကျော်က မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ပြည်လည် စည်းလုံးညီညွတ်ရေးကို ရည်စူးလို့ ပထအဆုံးအဖြစ် နိုင်ငံကိုယ်စားပြု အမျိုးသားဝတ်စုံကို ကချင်တိုင်းရင်းသား ဝတ်စုံ ဝတ်ဆင် ပြသတော့မှာပါ။ ဒီလိုပြသမှုဟာ ဒီပြိုင်ပွဲက တဆင့် နိုင်ငံတကာ အလယ်မှာ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဘယ်လောက် အထိ အကျိုးသက်ရောက်မှု ရှိလာနိုင်မလဲ ဆိုတာ မစပ်စုနဲ့ အတူ အားလုံးလည်း စောင့်မျှော်နေကြမယ်လို့ ယုံကြည်ရင်း …။
]]>
https://burma.irrawaddy.com/lifestyle/2013/10/25/50087.html/feed 1
ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေ၌ နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျင်းပမည့် Miss International Queen 2013 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု တတိယလိင် အလှမယ်အဖြစ် သညာမောင်က ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်တော့မည် ဖြစ်သည်။ အသက် ၂၉ နှစ် အရွယ်ရှိ သညာမောင်သည် ကရင်ပြည်နယ် မိကရင်ရွာတွင် မွေးဖွားခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ၂၀၀၇ ခုနှစ်တွင် စတင် ရောက်ခဲ့သူ ဖြစ်သည်။ ထို့နောက် ဖက်ရှင်ဒီဇိုင်း ကုမ္ပဏီတခုတွင် စတင် အလုပ်ဝင်ခဲ့ပြီး လက်ရှိတွင် နိုင်ငံတကာ အဖွဲ့အစည်း တခု၌ အလုပ်လုပ်ကိုင်ကာ BA. English မေဂျာဖြင့် ပညာသင်ယူဆဲ ဖြစ်ကြောင်း သိရသည်။ သညာမောင်၏ Miss Internatoinal Queen 2013 ပြိုင်ပွဲဝင်မည့် ကိစ္စနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် မေစစ်ပိုင်က ဆက်သွယ် မေးမြန်း ထားပါသည်။
မေး။     ။ Miss International Queen ပြိုင်ပွဲဝင်ဖို့ ဘယ်လို အရည်အချင်းတွေ လိုအပ်မလဲ။
ဖြေ။     ။ ပြိုင်ပွဲဝင်တွေရဲ့ အဓိက အရေးအကြီးဆုံးက ယောကျာ်ဘဝကနေ မိန်းကလေး တယောက် ဘဝကို လုံးဝ ပြောင်းလဲထားတဲ့သူ တယောက် ဖြစ်နေရမယ်၊ မိန်းကလေး တယောက်ရဲ့ အသွင်ပုံစံ အပြည့်ရှိနေရမယ်၊ လူမှု ဆက်ဆံရေး လည်း ကောင်းမွန် နေရမယ်။
မေး။     ။ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး တတိယလိင် အလှမယ် တယောက်အဖြစ် ဘာကြောင့် ပြိုင်ပွဲဝင်ဖြစ်ခဲ့တာလဲ။
ဖြေ။     ။ အစတုန်းကတော့ ပြိုင်ပွဲဝင်ဖို့ စိတ်ကူး လုံးဝမရှိခဲ့ဘူး။ စိတ်လည်း မဝင်စားဘူး။ ဘာလို့လဲဆိုတော့ တချို့ သူတွေလိုမျိုး ကိုယ့်ကို နောက်ခံ ထောက်ပံ့ပေးမယ့် စပွန်ဆာတွေလည်း မရှိဘူးလေ၊ ဒါပေမယ့် သူငယ်ချင်းတွေက
မြန်မာပြည် ကိုယ်စားပြုအနေနဲ့ ဝင်ပြိုင်သင့်တယ်လို့ အကြံပေးကြတယ်။ အစ်မရဲ့ ရုပ်ရည်နဲ့ ဆိုရင်လည်း ဖြစ်နိုင်တယ်လို့ ဝိုင်းပြီး အကြံပေးကြတာနဲ့ လျှောက်လွှာ တင်ဖြစ်ခဲ့တယ်။ နောက်တော့ လျှောက်လွှာတင်တဲ့ အယောက် ၈၀ ကျော်ထဲက
၃၀ ပြန်ရွေးတဲ့ အထဲမှာ ကိုယ် က အရွေးခံရတယ်ဆိုတော့ အံ့သြသွားတယ်၊ ပြီးတော့ ပြိုင်ပွဲကို ဆက်ပြီး ယှဉ်ပြိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိသွားတယ်။
မေး။     ။ ပြိုင်ပွဲဝင်ဖို့ စပြီး လျှောက်ခဲ့တဲ့တုန်းက အတွေ့အကြုံ ပြောပြပေးပါလား။
ဖြေ။     ။ ပြိုင်ပွဲဝင်ဖို့ လျှောက်လွှာတင်တော့ အင်တာဗျူး လုပ်ရတယ်၊ အဲဒီမှာ အစ်မက မြန်မာပြည် ကိုယ်စားလှယ်အနေနဲ့ ပထမဆုံး ပြိုင်တဲ့သူ တယောက် ဖြစ်နေတယ်။ ပြိုင်ပွဲဝင်ရတဲ့ အကြောင်းရင်းကို မေးတော့ မြန်မာနိုင်ငံမှာ ကျားမ ခွဲခြား ဆက်ဆံမှုတွေ ရှိနေသေးတာရယ်၊ ပြည်သူလူထုရဲ့ တတိယလိင်တွေ အပေါ် လက်မခံနိုင်သေးတဲ့ အမြင်တွေကို ပညာပေးချင်တဲ့ သဘောပေါ့။ ပြီးတော့ ဆုရဖို့ကိုလည်း မမျှော်မှန်းထားပါဘူးလို့ အင်တာဗျူးတော့ လူကြီးတွေကို အစ်မ ပြောပြဖြစ်ခဲ့တယ်။
မေး။     ။ တတိယလိင်တယောက် အနေနဲ့ အခုလို မယ်ပြိုင်ပွဲဝင်ဖို့ လုပ်တော့ ဝေဖန်ခံရတာတွေ၊ အားပေးမှုတွေ ဘယ်လိုရှိလဲ။
ဖြေ။     ။ အစ်မရဲ့ လူမှုကွန်ရက်ဖြစ်တဲ့ facebook စာမျက်နှာမှာတော့ ပရိသတ်တွေက ကွန်မန့်တွေ ပေးကြတယ်။ အမျိုးဘာသာကို ဖျက်တယ်၊ လုံးဝ လက်မခံနိုင်ဘူး ဆိုတာမျိုးတွေ ဝေဖန်ခံရတယ်။ ဒါပေမယ့် အစ်မက အကောင်းမြင် ဝါဒီသမား တယောက်အဖြစ် ခံယူထားတဲ့သူ ဆိုတော့ သူတို့တွေရဲ့ ဝေဖန်မှုတွေကို ကောင်းတဲ့ ရှုထောင့်ကနေ မြင်လိုက်တယ်။ မကောင်းတဲ့ အပိုင်းတွေရှိသေးရင် ကိုယ်က ပြုပြင်လိုက်တယ်။ အားပေးတာတွေ ကတော့ တော်တော်လေး များတယ်လို့ ပြောလို့ရတယ်။ မြန်မာနိုင်ငံတွင်းကရော၊ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေ ရောပေါ့ ပြိုင်ပွဲဝင်တာကို အားပေးကြတယ်။
မေး။     ။ ဒါဆိုရင် နိုဝင်ဘာ ၁ ရက်မှာ ကျင်းပမယ့် ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ကိုရော ဘာတွေ ပြင်ဆင်ပြီးထားပြီးလဲ။
ဖြေ။     ။ ပြိုင်ပွဲဝင်ဖို့ အတွက်ကတော့ လောလောဆယ်မှာ ရေကူးဝတ်စုံတွေ အများကြီး ပြင်ဆင်နေတယ်။ မြန်မာဝတ်စုံတွေနဲ့ ညနေခင်း ဝတ်စုံတွေလည်း အစ်မရဲ့ ဒီဇိုင်နာဆီမှာ ချုပ်နေတယ်။ Talent Show အတွက်ကိုတော့ ကရင်ဒုံးယိမ်းအက ကဖို့ ပြင်ဆင်နေတယ်၊ လေ့ကျင့်နေတယ်။ အစတုန်းကတော့ မြန်မာအကလေး ကချင်ခဲ့တာပါ။ ဒါပေမယ့် ဝတ်စုံတွေ ရှာဖို့ ခက်တယ်လေ။
မေး။     ။ ပြိုင်ပွဲဝင်မယ် ဆိုတုန်းက စပွန်ဆာပေးဖို့ ကမ်းလှမ်းခံရသေးလား။
ဖြေ။     ။ ပြည်တွင်းမှာက အစ်မရဲ့ အသိမိတ်ဆွေ သိပ်ပြီးတော့မရှိဘူး။ သူငယ်ချင်း တယောက်ကတော့ အစ်မရဲ့ အတွေ့အကြုံ တွေကို အင်တာဗျူး လာလုပ်ပြီး စပွန်ဆာ ပေးဖို့ကမ်းလှမ်းပေမယ့် အဲဒီ တယောက်ကလည်း အခုထိ အကြောင်းမပြန် တော့ပါဘူး။
မေး။     ။ အခုလို ပြိုင်ပွဲဝင်မှာကိုရော မိဘတွေက သဘောတူရဲ့လား။
ဖြေ။     ။ ဝင်ပြိုင်မယ် ဆိုတာကို မိဘတွေက မသိသေးဘူး။ ဒါပေမယ့် သတင်းတွေက ထွက်သွားတော့ အိမ်က ဖုန်းဆက် လာတယ်။ အစ်မရဲ့ အမေကတော့ အကောင်းဘက်က မြင်ပေးပေမယ့် သူ့စိတ်ထဲမှာ သိပ်ပြီးတော့ လက်မခံသေးဘူး။ ဆုံးမသင့်တာ ဆုံးမတယ်။
မေး။     ။ မြန်မာနိုင်ငံမှာ ရှိတဲ့ တတိယလိင် တွေအတွက် အခွင့်အလမ်းတွေ နည်းနေသေးတာ၊ လူတွေလက်မခံနိုင်သေးတာ ကိုရော ဘယ်လိုခံစားရလဲ။
ဖြေ။     ။ အစ်မရဲ့ အတွေ့အကြုံအရ ဆိုရင်တော့ တည်တည်တံ့တံ့ နေနိုင်တဲ့သူနဲ့ မနေနိုင်တဲ့ သူတွေရှိတယ်။ ကိုယ်လို လူမျိုးတွေ ဆိုတာက ဒီလိုမျိုးဘဝနဲ့ နေထိုင်တာဆိုတော့ ကိုယ့်ရဲ့ ဂုဏ်သိက္ခာလေးနဲ့ အိန္ဒြေရရလေး ရှိနေစေချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ တတိယလိင်တွေက ကိုယ်တိုင်ကိုယ်ကျ ပွင့်ပွင့်လင်းလင်းနဲ့ ဆုံးဖြတ်နိုင်ရမယ်။ ဒီလိုမျိုး တတိယလိင် ဘဝကို ခံယူလိုက်မယ်ဆိုရင် ခံနိုင်ရည်ရှိရဲ့လားဆိုတာကို ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရမယ်၊ ကောင်းတဲ့သူ တယောက်အဖြစ် လူမှုအဖွဲ့အစည်းကို အထောက်အကူ ပြုနိုင်မလား၊ ပတ်ဝန်းကျင်က လူတွေ လက်ခံနိုင်မလား ဆိုတာတွေ
အရေးကြီးတယ်။
မေး။     ။ သညာမောင်အနေနဲ့ တတိယလိင်ဘဝကို စပြီး ပြောင်းလဲလိုက်တုန်းက ဘယ်လိုမျိုး အခြေအနေတွေ ကြုံတွေ့ခဲ့ရလဲ။
ဖြေ။     ။ အခက်အခဲတွေကတော့ အများကြီးရှိခဲ့တယ်၊ အိမ်က လုံးဝလက်မခံဘူး၊ အကြီးအကျယ် ပြဿနာတက်ခဲ့ရတယ်။ အိမ်ကို ပြန်မလာနဲ့လို့ နှင်ထုတ်ခံခဲ့ရတယ်။ အရင်က ကိုယ့်ကို ရိုသေလေးစားခဲ့တဲ့ သူတွေက ရှိန်သွားတယ်။ ဒါပေမယ့် ကိုယ့်အကြောင်းကို တဖြည်းဖြည်း သိလာတော့ ပြန်ပြီး လက်ခံပေးလာတယ်။
မေး။     ။ တတိယလိင် ဘဝရဲ့ အားသာချက်နဲ့ အားနည်းချက်ကရော ဘာတွေဖြစ်မလဲ။
ဖြေ။     ။ အစ်မတို့လိုမျိုး လူတွေရဲ့ အားသာချက်ကတော့ စိတ်ဓာတ်ကြံ့ခိုင်လာတယ်။ ဒီလိုဘဝကို ပြောင်းမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် တွေးရတယ်လေ။ ဒီလိုဘဝမှာ ကြံ့ကြံ့ခံနိုင်ရဲ့လား၊ အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်ရဲ့လား ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးပြီးမှ ခွဲစိတ်ပြုပြင်ကြရတာလေ။ အားနည်းချက်ကတော့ များသောအားဖြင့် ပတ်ဝန်းကျင်က သိပ်ပြီးတော့ လက်မခံကြဘူး။ ကိုယ်နဲ့ မသိတဲ့သူတွေဆိုရင် တွေ့တာနဲ့ ဟာသတခုလို မြင်ကြတယ်။ အလုပ်ကိစ္စနဲ့ တနေရာရာကို သွားလို့ အမျိုးသားတွေနဲ့ တွေ့ရင် သူတို့က ကိုယ့်ကို ရှိန်နေတတ်ကြတာမျိုးတွေ ကြုံတွေ့ရတယ်။
မေး။     ။ တတိယလိင်တယောက် ဖြစ်တဲ့ သညာမောင်ရဲ့ ခံယူချက်ကရော။
ဖြေ။     ။ အစ်မကတော့ အရာရာတိုင်းကို ကြံ့ကြံ့ခိုင်ပြီး ကိုယ့်လမ်းကို လျှောက်နေတယ်၊ အကောင်းဆုံး ဖြစ်အောင် လုပ်သွားမယ်။ အစ်မမြင်နေတာက မြန်မာလူမျိုးတွေ မှာတင် မဟုတ်ဘဲ နိုင်ငံတကာမှာပါ တတိယလိင်ဆိုတဲ့ သူတချို့က ကိုယ့်ကိုယ်ကိုယ် တန်ဖိုး မထားကြတာများတယ်။ အဲဒီလိုမျိုးတွေ မဖြစ်စေချင်ဘူး။ ဒါကြောင့်မို့လို့ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ တန်ဖိုးရှိလာအောင်၊ အကျိုးရှိလာအောင် ကူညီသွားမယ်လို့ စဉ်းစားထားတယ်။
]]>
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေး နေရွှေသွေးအောင် (ဖိုးလပြည့်) နဲ့ အတူ Miss Myanmar Universe 2013 ကို တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ တွဲဖက် တွေ့ရပေမယ့် သူတို့ကြားမှာ ဘယ်လို ပတ်သက်မှုမျိုးမှ မရှိကြောင်း ကမ္ဘာ့ မယ်စကြဝဠာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးစက်ဝိုင်က ရှင်းလင်း ပြောကြားလိုက် ပါတယ်။
ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ် ဟိုတယ်မှာ ဒီနေ့ ညနေ ၃ နာရီက ပြုလုပ်တဲ့ Miss Myanmar Universe 2013 နဲ့ မီဒီယာများ သတင်းစာ ရှင်းလင်းပွဲမှာ မိုးစက်ဝိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ဖိုးလပြည့်နဲ့တော့ ဘာမှမဟုတ်တာ သေချာတယ်လို့ ပြောရဲပါတယ်ရှင့်။ ကိုယ့်သိက္ခာ အတွက်တော့ တကူးတက မြှင့်စရာ မရှိပါဘူး။ မိုးစက်က အနေအထိုင် မသင့်တော်လို့ ဖြစ်တာ မဟုတ်တဲ့အတွက် ဘာမှ ထူးထူးခြားခြား ရှင်းလင်းနေဖို့ို့မရှိဘူး” လို့ မိုးစက်ဝိုင်က ဆိုပါတယ်။
တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို တက်ရောက်ဖို့အတွက် အားကစားဝန်ကြီးဌာနက ဖိတ်ကြားတာကြောင့် ပွဲကို တက်ရောက်ခဲ့ပြီး ပြိုင်ပွဲအတွက် သီးသန့် စီစဉ်ထားတဲ့ ပြိုင်ကားကို ၃ မိနစ် လောက်သာ စီးခဲ့တာ ဖြစ်ကြောင်း၊ ဒဂုံ အဝေးသင် တက္ကသိုလ် အင်္ဂလိပ်စာ မေဂျာ ကျောင်းသူဟောင်း တဦးလည်း ဖြစ်တဲ့အတွက် အားကစားပွဲကို တက်ရောက်ခဲ့တာ ဖြစ်ကြောင်း၊ ဒါ့အပြင် အဲဒီပွဲကို 1st Runner Up ဆုရှင် အေးချမ်းမိုးလည်း အတူ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ မိုးစက်ဝိုင်ကို နေရွှေသွေးအောင်နဲ့ အတူ တွဲဖက်တွေ့လိုက်ရတဲ့ အတွက် သူတို့နှစ်ဦး ပတ်သက်မှုရှိရမယ်ဆိုပြီး ပရိသတ်တွေက ဝေဖန်ခဲ့ကြသလို၊ မိုးစက်ဝိုင်ကို မယ်စကြဝဠာပြိုင်ပွဲအတွက် ရွေးချယ် မိတာ မှားတယ်ဆိုတဲ့ ဝေဖန်သံတွေ၊ မိုးစက်ဝိုင် မုန်းတီးရေး စာမျက်နှာတွေက အင်တာနက် စာမျက်နှာတွေထက်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။
အရင်က မြန်မာနိုင်ငံ ကိုယ်စားပြု ရွေးချယ်ခဲ့တဲ့ အလှမယ်တွေ အနေနဲ့ နိုင်ငံရပ်ခြားက မယ်ပြိုင်ပွဲတွေမှာ သွားရောက် ယှဉ်ပြိုင်ရာမှာ အင်တာနက်မဲ အများဆုံးဆု၊ ပရိသတ် အားအပေးဆုံးဆုတွေ ရရှိခဲ့ပေမယ့် မယ်စကြဝဠာ ပြိုင်ပွဲအတွက် ရွေးချယ်ထားတဲ့ မိုးစက်ဝိုင်အနေနဲ့ လတ်တလော ပျံ့နှံ့နေတဲ့ ပုံတွေကြောင့် ပရိသတ် အားပေးမှု လျော့ကျသွားနိုင်တယ်လို့ ဝေဖန်နေတာတွေလည်း ရှိနေပါတယ်။
“ပရိသတ်တွေက အထင်လွဲတဲ့ အတွက် စိတ်မကောင်းတော့ နည်းနည်းဖြစ်တယ်။ မဟုတ်တဲ့ကိစ္စကို အားလုံးက အထင်လွဲ နေတာကြောင့် အခုလို ရှင်းလင်းပွဲကနေ တဆင့် လူတိုင်း သိနိုင်ပါစေလို့ ဆုတောင်းပါတယ်။ အစကတော့ တခုခုဆို မရှင်းတော့ဘူးလို့ စဉ်းစားခဲ့ပါသေးတယ်” လို့ မိုးစက်ဝိုင်က ပြောပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့မှာ ပြုလုပ်မယ့် မယ်စကြဝဠာပြိုင်ပွဲကို နေရွှေသွေးအောင် သွားကြည့်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး မိုးစက်ဝိုင်က မြန်မာနိုင်ငံတွင်းက ဘယ်သူမဆို သူသွားပြီး ယှဉ်ပြိုင်ရမယ့် မယ်စကြဝဠာ ပြိုင်ပွဲမှာ လာပြီး အားပေးမယ် ဆိုရင် အကောင်းဆုံးပဲလို့ ဆိုပါတယ်။
ဒါပေမယ့် နေရွှေသွေးအောင်က ရုရှားအထိလာပြီး အားပေးမယ် ဆိုတာကိုတော့ သူ့ရဲ့ ပတ်ဝန်းကျင်မှာ လုံးဝ မကြားရ သေးဘူးလို့ ဆက်ပြောပါတယ်။
မိုးစက်ဝိုင်နာမည်နဲ့ ဖွင့်ထားတဲ့ facebook စာမျက်နှာတွေ အားလုံးဟာ သူ ဖွင့်ထားတာ မဟုတ်တဲ့အပြင်၊ သူ့ကိုယ်ပိုင် facebook စာမျက်နှာကို ဒီနေ့ညကျမှသာ တရားဝင် ဖွင့်လှစ်မှာ ဖြစ်တဲ့အကြောင်း၊ မယ်စကြဝဠာ ပြိုင်ပွဲအတွက် တာဝန်ယူ ထားတဲ့ Hello Madam အဖွဲ့အစည်း နဲ့သာ ပရဟိတ လုပ်ငန်းတွေ၊ အနုပညာ လှုပ်ရှားမှုတွေကို ဆက်လက် လုပ်သွားမှာ ဖြစ်ကြောင်း၊ Miss Universe Myanmar2013 ဆုရထားတဲ့ ဆုကြေးငွေတွေကို ပရဟိတ လုပ်ငန်းတခု ထူထောင်ပြီး ဆောင်ရွက် သွားဖို့ ရှိကြောင်း ဒီနေ့ ပြုလုပ်ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပဲွဲမှာ ပြောကြားသွားပါတယ်။
]]>
https://burma.irrawaddy.com/lifestyle/2013/10/07/49158.html/feed 4
ရေကူးဝတ်စုံ ဝတ်ရမှာရှက်တဲ့ Myanmar Miss Universe မိုးစက်ဝိုင် https://burma.irrawaddy.com/opinion/2013/10/05/49086.html https://burma.irrawaddy.com/opinion/2013/10/05/49086.html#comments Sat, 05 Oct 2013 03:25:00 +0000 https://burma.irrawaddy.com/lytbox/?p=49086 ဆုရဖို့ထက် မြန်မာနိုင်ငံကို လူတွေ ပိုသိစေချင်ပါတယ်၊ ဟိုနိုင်ငံတွေက လာပြိုင်တဲ့ Miss တွေကို လည်း မြန်မာ့ ယဉ်ကျေးမှုလေး တော့ပြချင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် မြန်မာလို့ သိသွားဖို့က မိုးစက်ရဲ့ရည်ရွယ်ချက်ပါပဲ]]>
၁၉၆၁ ခုနှစ်မှစတင်ပြီး ကမ္ဘာ့မယ်စကြဝဠာပြိုင်ပွဲသို့ မြန်မာနိုင်ငံက ပါဝင် ယှဉ်ပြိုင်ခြင်းမပြုခဲ့ရာမှ နှစ်ပေါင်း ၅၂ အကြာ ၂၀၁၃ ခုနှစ် ရုရှားနိုင်ငံတွင် ကျင်းပမည့် မယ်စကြဝဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်မည့် အလှမယ်ကို အောက်တိုဘာလ ၃ ရက်နေ့ညပိုင်း ရန်ကုန်မြို့ အမျိုးသားကဇတ်ရုံမှာ ရွေးချယ်ခဲ့ပြီး Miss Myanmar Universe 2013 အဖြစ် အသက် ၂၅ နှစ်အရွယ် မိုးစက်ဝိုင်က အရွေးချယ်ခံလိုက်ရသည်။ ကမ္ဘာ့ မယ်စကြဝဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မည့် မိုးစက်ဝိုင်ကို ဧရာဝတီသတင်းထောက်မြတ်သူအောင်က တွေ့ဆုံမေးမြန်းထားသည်။
မေး။     ။ Myanmar Miss Universe အဖြစ် အရွေးချယ်ခံရတဲ့အတွက် ဘယ်လိုခံစားနေရလဲ။
ဖြေ။     ။ ဘယ်လိုခံစားရလဲဆိုတော့ အသက်၂၅နှစ် ကျမှ ဖြစ်လာတဲ့အတွက် ဒီအခွင့်အရေးက မိုးစက် အတွက် အချိန်ကောင်းမှာကြုံတယ် လို့ပဲထင်ပါတယ်၊ ငယ်ငယ်တုန်းကသာ ဆိုရင် ဒီလို Experience လည်းရှိမှာ မဟုတ်ဘူး၊ ကိုယ့်ရဲ့အရည်အချင်း ကလည်း အဲ့လောက်ပြည့်ဝမှာ မဟုတ်သေးဘူးလေ။ ကျောင်းမပြီးသေးလို့ကျောင်းနဲ့ တဘက်ဆိုရင် ကျောင်းဘက် ပဲရွေးချယ်မိမှာလေ၊ ဒါကြောင့် အချိန်ကောင်းနဲ့ကြုံရတာပါ။
မေး။     ။ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ Miss Universe တဦး အဖြစ် လူတွေရဲ့စိတ်ဝင်စားမှုခံနေရတဲ့ သူတယောက် ဖြစ်သွားပြီ ဆိုတော့ စောင့်စည်း ထိန်းသိမ်းရမှာတွေများသွားပြီ။ မိုးစက်ရဲ့ အနာဂတ်မှာ ဘယ်လိုနေထိုင်သွားမလဲ။
ဖြေ။     ။ တွေးထားပါတယ်၊ ဒီပွဲက တခြားပွဲတွေလို ဆုရရင်ပြီးသွားတာမဟုတ်ပါဘူး၊ တောင်တက်ဖို့အတွက် တောင်တက် ခွင့်ရသွားတဲ့ သဘောပါ၊ ကိုယ်ကတခြားနိုင်ငံတွေနဲ့ယှဉ်ပြိုင်ရတော့မယ်ဆိုတော့ ကိုယ့်ရဲ့ အဟြေအဆို၊ အပြုအမူတွေက မြန်မာနိုင်ငံ ရဲ့ကိုယ်စားပြုဖြစ်တဲ့အတွက် ကိုယ့်လူမျိုးကို ကိုယ်စားပြုတဲ့အတွက် စဉ်းစားရတော့မယ်၊ ကိုယ်လုပ်ချင်တာ လုပ်လို့တော့ မရတော့ဘူးပေါ့။
မေး။     ။ ကိုယ့်အလှကို ကိုယ်ယုံကြည်ပြီးတော့ Miss Universe ဝင်ပြိုင်ခဲ့တာလား။
ဖြေ။     ။ မိုးစက်အမြင်မှာ ဒီ Miss Universe Myanmar က အလှတခုတည်းနဲ့ မပြည့်စုံပါဘူး၊ အဓိက ကတော့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြု နိုင်မယ့်သူကိုရှာတာပါ၊ ညီမကတော့ ကိုယ့်ကိုယ်ကိုယ် ကိုယ်စားပြု နိုင်မယ် လို့တော့ ထင်ပါတယ်၊၊
မေး။     ။ ကမ္ဘာ့မယ်စကြဝဠာပြိုင်ပွဲမှာ ဆုရဖို့ မျှော်မှန်းထားလား။
ဖြေ။     ။ မိုးစက်က ဟိုမှာဆုရဖို့ထက် မြန်မာနိုင်ငံကို လူတွေပိုသိစေချင်ပါတယ်၊ ဟိုနိုင်ငံတွေကလာပြိုင်တဲ့ Miss တွေကို လည်း မြန်မာ့ ယဉ်ကျေးမှုလေး တော့ပြချင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် မြန်မာလို့သိသွားဖို့က မိုးစက်ရဲ့ရည်ရွယ်ချက်ပါပဲ။
မေး။     ။ မယ်စကြဝဠာပြိုင်ပွဲဝင်ဖို့ ဘယ်လိုတွေ ပြင်ဆင်သွားမလဲ။
ဖြေ။     ။ မိုးစက်အဲ့လိုမျိုး အဓိကလေ့လာထားတာမရှိပါဘူး၊ ဟြေပြချင်တာက မြန်မာနိုင်ငံအကြောင်းဟြေပြချင်တယ်၊ ယဉ်ကျေးမှု ကတော့ မိုးစက်က မြန်မာနိုင်ငံမှာ ကြီးလာတဲ့အတွက်မြန်မာ့ယဉ်ကျေးမှုကတော့ ကိုယ့်ရဲ့အတွင်းပိုင်းမှာ ရှိပြီး သားပါ၊ ဒါကဖယ်ထုတ်လို့လည်းမရတဲ့ အရာပါ၊ ဖုံးလို့လည်းမရတဲ့ အရာပါ၊ အဲ့ဒါကိုတော့ တကူးတက လေကျင့်စရာမလိုဘူးလို့ထင်ပါတယ်။
မေး။     ။ ညီမလေးရဲ့ပညာရေး အကြောင်းပြောပြပါဦး။
ဖြေ။     ။ မိုးစက်က အမေရိကန်နိုင်ငံ လော့စ် အိန်ဂျလစ်မှာရှိတဲ့ ကယ်လဖိုးနီးယားလူဗန်တက္ကသိုလ်ကနေ Business Marketing နဲ့ဘွဲ့ရခဲ့တာပါ၊ ဒါပေမယ့် ရန်ကုန်မှာတော့ အဝေးသင် English Major တက်ခဲ့ပါတယ်။ ပြည်ပမှာ ကျောင်းတက်တာက ပြည်ပ အတွေ့အကြုံလိုချင်လို့ပါ၊ အဓိကကတော့ မြန်မာနိုင်ငံမှာ တက်တယ် ဆိုရင် မြန်မာစနစ် ပဲကြုံရမှာလေ၊ ကိုယ်ကပိုပြီးတိုးတက်ချင်တယ်၊ အတွေ့အကြုံလည်းပိုရချင်တယ်၊ ကိုယ့်ကိုယ် ကိုယ် အားကိုးချင် တဲ့စိတ် လည်း ရှိချင်တာကြောင့်လည်းပါပါတယ်၊၊
မေး။     ။ နိုင်ငံခြားမှာနေတော့ အဲ့ဒီမှာလိုလွတ်လွတ်လပ်လပ်နေချင်တဲ့စရိုက်တွေ ကူးစက်လာတာမျိုးရှိလား။
ဖြေ။     ။ မိုးစက်က ကိုယ်ကောင်းတယ်လို့ထင်တဲ့ဟာကိုပဲ ကိုယ်လက်ခံပါတယ်၊ ဥပမာ လူဆိုတာ အရှက်အကြောက် အရမ်းကြီးနေရင် ဘာပဲဖြစ်ဖြစ် မအောင်မြင်ဘူးပေါ့နော်၊ ဒါမျိုးတွေတော့ ဟိုရောက်တဲ့အခါမှာ ကိုယ်က ဟြေင်းရမှာပေါ့၊ သူများဟြေရင် ကိုယ် ဟြေရဲရမယ်၊ ဒါမျိုးလေးတွေကတော့ ဟြေင်းသင့်လို့ဟြေင်းတာပါ၊ ဟြေင်းနိုင်အောင်လည်း ကြိုးစား ထားပါတယ်၊၊
မေး။     ။ အနုပညာအလုပ်ကို ဝါသနာပါလား။
ဖြေ။     ။ ဝါသနာပါလားဆိုတော့ မင်းသမီးလုပ်ချင်တာတော့ မဟုတ်ပါဘူး၊ ဒီဟာကျတော့ ဘဝမှာတခါကြုံတဲ့ အခွင့် အရေး၊ ပြီးတော့ ကိုယ့်နိုင်ငံ ကိုယ်စားပြု၊ ကိုယ့်လူမျိုး ကိုယ်စားပြုလို့ရမယ်၊ နိုင့်ငံ့ဝန်တခုကို ထမ်းဆောင်တဲ့ အခွင့်အရေး တခု အနေနဲ့ ကြုံတဲ့အတွက် လုပ်ဖြစ်သွားတာပါ။
မေး။     ။ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ဖို့   ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရဲ့လား။
ဖြေ။     ။ မိုးစက်က နိုင်ငံတကာနဲ့ Compare လုပ်တယ်လို့မမြင်ပါဘူး၊ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့အတွက် မြန်မာ့ ယဉ်ကျေးမှု ကိုပဲ သိစေချင်ပါတယ်၊ ကမ္ဘာကကြည့်နေတဲ့အတွက် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာလူမျိုး၊ မြန်မာ့ ထုံးတမ်း ဓလေ့တွေ ကိုပဲ မြင်စေချင်ပါတယ်။
မေး။     ။ ဘယ်နိုင်ငံက Miss Universe တွေကိုသဘောကျလဲ။
ဖြေ။     ။ မိုးစက် အမြဲသဘောကျတာကတော့ ဗင်နီဇွဲလားက Miss တွေကို သဘောကျပါတယ်၊ သူတို့ကအရမ်း ချော တယ်၊ သူတို့ရဲ့ Body ကလည်း သေသေချာချာအချိုးကျကျကိုလှပတယ်၊ သူတို့ Work က တကယ့် Professional  ပဲ။
မေး။     ။  မယ်စကြဝဠာပြိုင်ပွဲ သွားပြိုင်ပြီး ပြန်လာရင်ရော ဘာတွေလုပ်မယ် စဉ်းစားထားလဲ။
ဖြေ။     ။ အဓိကကတော့ ညီမလူမှုရေးလုပ်ငန်းတွေပဲ လုပ်ချင်ပါတယ်၊ Miss ရထားတဲ့အချိန်မှာ လူမှုရေး လုပ်ရင် ပိုလွယ်တယ် လို့ထင်ပါတယ်၊ လူတွေကိုပိုစည်းရုံးနိုင်မယ်၊ ကိုယ်ဟြေတာကိုလက်ခံလာမယ်လို့ထင်ပါတယ်၊ မင်းသမီး လုပ်ချင်ရင် ရုပ်ရှိရင်လုပ်လို့ရပါတယ်၊၊
မေး။    ။ ရုရှား မယ်စကြဝဠာပြိုင်ပွဲမှာ ဘယ်လို Talent တွေလုပ်မယ်လို့စဉ်းစားထားလဲ။
ဖြေ။     ။ မိုးစက်ကြည့်ဖူးတဲ့ Miss Universe ကတော့ Talent မပါဘူး၊ တကယ်လို့ Talent ပါရင်တော့ ညီမ မြန်မာ အကနဲ့ ဖျော်ဖြေ တင်ဆက်ကပြမှာပါ။ ကျွမ်းကျွမ်းကျင်ကျင်တော့ မကတတ်ပါဘူး၊ ဒါပေမယ့် ငယ်ငယ်တုန်းက သင်္ကြန်ယိမ်းအက ကိုတော့ အထက်တန်းကျောင်းမှာတုန်းကပါဝင် ကပြဖူးပါတယ်။
မေး။     ။ မိုးစက်မှာ ဘယ်လို အားနည်းချက်တွေရှိလဲ။
ဖြေ။     ။ အားနည်းချက်က မိုးစက်ရှက်တတ်ပါတယ်၊ နောက်တခုက မိုးစက်ရဲ့ Walking Skill သိပ်မကောင်းသေးပါဘူး၊၊
မေး။     ။ ရှက်တတ်တယ်ဆိုတော့ ရေကူးဝတ်စုံ ဝတ်တော့ ဘယ်လိုခံစားရလဲ။
ဖြေ။     ။ အဲ့ဒါကတော့စိတ်ထဲမှာ Mood တခုသွင်းရပါတယ်၊ ရေကူးဝတ်စုံဝတ်တာ အစကတော့ ရှက်တယ်၊ နောက်ပြန် စဉ်းစားကြည့်တော့ ဒါအားကစား တခု၊ ရေကူးတယ်လို့ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားပါတယ်၊ လူတိုင်းရေကူးရင် ရေကူး ဝတ်စုံပဲဝတ်တယ်၊ ဒါကြောင့် အဲ့လိုရေကူးတယ်လို့ စိတ်သွင်းလိုက်တဲ့ အတွက်မိုးစက်အဆင်ပြေသွားပါတယ်ရှင့်။
မေး။     ။ ဘာကိုဝါသနာပါတာလဲ။
ဖြေ။     ။ မိုးစက်သီချင်းဆိုတာ ဝါသနာပါပါတယ်။
 မေး။     ။ မြန်မာနိုင်ငံက မီဒီယာတွေအပေါ်ရော ဘယ်လိုမြင်လဲ။
ဖြေ။     ။ အခုမီဒီယာတွေဝိုင်းနေတယ်ဆိုတော့ အကောင်းဖြေရမယ် ထင်တယ်နော်(ရယ်လျှက်)၊ အကောင်း မဖြေရင်အကုန်လုံးဝိုင်းပြီးတော့ ပြဿနာရှာမှာလေ၊ မီဒီယာတွေက အကုန်လုံးအရမ်းကောင်းပါတယ်။
မေး။    ။ ပရိသတ်ကို ဘာပြောချင်လဲ။
ဖြေ။     ။ ညီမပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်၊ Vote ပေးတာလည်းကျေးဇူးတင်ပါတယ်၊ နိုင်ငံ ကိုယ်စားပြု ဖြစ် အောင် ကြိုးစားပါ့မယ်လို့ကတိပေးပါတယ်။
]]>
https://burma.irrawaddy.com/opinion/2013/10/05/49086.html/feed 5
ကမ္ဘာ့အကြီးဆုံး မယ်ပြိုင်ပွဲတခုဖြစ်တဲ့ မယ်စကြဝဠာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ် မိုးစက်ဝိုင်ကို ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။
ယမန်နေ့ညက အမျိုးသားကဇာတ်ရုံမှာ ညနေ ၅ နာရီ ကနေ ည ၉ နာရီကျော်အထိ ထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ ကျင်းပ ပြုလုပ်ခဲ့တဲ့ Miss Myanmar Universe 2013 ပြိုင်ပွဲမှာ ပြီးခဲ့တဲ့ လက ဆန်ခါတင်ရွေးချယ်ထားတဲ့ အလှမယ် အယောက်၂၀ ထဲကနေ ခါးနံပါတ် ၁၆ ဖြစ်တဲ့ မိုးစက်ဝိုင်ကို မယ်စကြဝဠာပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ရမယ့်မြန်မာနိုင်ငံ ကိုယ်စားပြု အလှဆုံးမယ်အဖြစ် ဒိုင်လူကြီး ၆ ဦးက စိစစ် ရွေးချယ်ခဲ့တာပါ။
Miss Universe Myanmar 2013 ပြိုင်ပွဲရွေးချယ်မှုကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ အပါအဝင် အစိုးရအဖွဲ့ဝင် တွေလည်း လာရောက်အားပေးကြသလို နာမည်ကြီး ဒီဇိုင်နာတွေ၊ မိတ်ကပ်ပညာရှင်တွေ နဲ့ မော်ဒယ်လ်တွေကလည်း ပွဲကို စိတ်ဝင်တစား လာရောက်ကြတာလည်း တွေ့ရပါတယ်။
ဘယ်ရှိုးပွဲမဆို တွေ့ကြုံနေကြဖြစ်တဲ့ လက်မှတ်မှောင်ခို ရောင်းချတာကလည်း အခုလို ပရိသတ် စိတ်ဝင်စားမှု များပြားတဲ့ပွဲမှာလည်း အများအပြား ရှိနေပါတယ်။ ပွဲလာတဲ့သူ အများစုကတော့ ဖိတ်စာနဲ့ လာရောက်ကြတာ များပေမယ့် စိတ်ဝင်စားတဲ့ ပရိတ်သတ်တွေကတော့ မှောင်ခိုလက်မှတ် ရောင်းသူတွေထံက လက်မှတ်ဝယ်ပြီး ကြည့်ရှုကြတာ တွေ့ရပါတယ်။ လက်မှတ်ဝယ်ယူ ကြည့်ရှုရပေမယ့် ပွဲအတွင်းမှာ ခုံနေရာ မလောက်မငှတာကြောင့် မတ်တပ်ရပ် ကြည့်ရှုခဲ့ရသူတွေလည်း အများအပြားပါပဲ။
ဒါ့အပြင် ဘယ်ပွဲမှာမှ အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တာ မရှိတဲ့ နာမည်ကြီး အဆိုတော်လည်းဖြစ်၊ သရုပ်ဆောင်တဦးလည်း ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က ပွဲစဉ်တလျှောက်လုံးမှာ နာမည်ကြီး အစီအစဉ်တင်ဆက်သူ တင်မိုးလွင်နဲ့ တွဲဖက်ပြီး လိုက်ဖက်ညီစွာ တင်ဆက်ခဲ့ပါတယ်။
တင်မိုးလွင်ကတော့ စိုင်းစိုင်းက Miss Universe Myanmar ပြိုင်ပွဲကျမှ အစီအစဉ်တင်ဆက်သူ လုပ်ချင်ခဲ့ပါတယ်လို့ ပရိသတ်တွေကို ဟာသနှောပြီး ပြောပါတယ်။
ပွဲအစီအစဉ်အစမှာ စင်မြင့်ထက်က ပိတ်ကားပေါ်မှာ မြန်မာနိုင်ငံရဲ့ အထင်ကရ ပုဂ္ဂိုလ်ကြီးတွေဖြစ်တဲ့ ဦးသန့်၊ ဦးနုတို့ ပါဝင်တဲ့ ရုပ်သံကို ဖွင့်ပြီး သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပုံရိပ်အချို့၊ ငြိမ်းချမ်းရေးအတွက် လုပ်နေကြတဲ့ လူထုလှုပ်ရှားမှု ပုံရိပ်တွေကိုလည်း ပြသရင်း အဆိုတော် မိုးမိုးက We Are Burma, Myanmar ဆိုတဲ့ သီချင်းနဲ့ တင်ဆက်ပါတယ်။
သီချင်းအပြီးမှာတော့ မြန်မာနိုင်ငံရဲ့ ထင်ရှားကျော်ကြားပြီး လေးစားစရာကောင်းတဲ့ အမျိုးသမီးကြီးတွေ ဖြစ်တဲ့ ဗိုလ်ကြီး ဒေါ်ခင်အုန်း၊ ဒေါ်နှင်းမြ၊ ဒေါ်ခင်ကြည်၊ လူထုဒေါ်အမာ၊ ငွေတာရီ၊ ဒေါ်ခင်နှင်းယု၊ လေဘာတီမမြရင်၊ ဒေါ်မေလှမြိုင်၊ ဒေါ်မေရှင် စတဲ့ ပုံရိပ်တွေကို ပြသခဲ့ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီး အားကစားသမားတွေကိုရဲ့ စကားသံတချို့နဲ့ ပုံရိပ်တွေ၊ မြန်မာ အမျိုးသမီးတွေရဲ့ ရှေးယခင်က ပုံရိပ်တွေ၊ ခက်ခဲတဲ့ဘဝတွေ၊ ၂၁ ရာစုခေတ်ရဲ့ သင်္ကြန်ပုံရိပ်နဲ့ စတိုင်မျိုးစုံ၊ ယဉ်ကျေးမှု၊ နေထိုင်မှုစရိုက် ပုံစံမျိုးစုံတို့ကို ပြသခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အင်းလေးရေပြင်ကျယ်ကြီး နောက်ခံနဲ့ အင်းလေးမှာသာ မြင်တွေ့ရတဲ့ ခြေနဲ့ လှေလှော်ခတ်ဟန် ပါဖောမန့်စ် လုပ်တဲ့ ရှမ်းတိုင်းရင်းသားတွေရယ်၊ ရှမ်းအလှပျိုဖြူတွေရဲ့ အကတွေနဲ့ တွဲဖက်ပြီး အဆိုတော် ပန်းအိဖြူနဲ့ ဘိုဖြူတို့က အင်းလေး သီချင်းတပုဒ်ကို သီဆိုပါတယ်။ သီချင်းတပိုဒ်ဆိုပြီးချိန်မှာတော့ မယ်စကြဝဠာ ပြိုင်ပွဲအတွက် ဆန်ခါတင် ရွေးချယ်ထားတဲ့ အလှမယ် ၂၀ က ပထမဆုံး ဝတ်စုံအဖြစ် မြန်မာဝတ်စုံတွေနဲ့ ယှဉ်ပြိုင်ပါတော့တယ်။ မော်ဒယ်လ်တွေ က အလှပြ လမ်းလျှောက်လိုက် အဆိုတော်တွေက သီချင်းတပိုဒ်ဝင်ပြီး သီဆိုလိုက်နဲ့ ပထမဆုံးမြန်မာဝတ်စုံနဲ့ မှာကတည်းက တင်ဆက်ပုံ ခပ်ဆန်းဆန်းနဲ့ ပွဲကို စတင်ခဲ့ပါတယ်။
ပြိုင်ပွဲမှာတော့ ဆန်ခါတင် အလှမယ် အယောက်၂၀ က မြန်မာဝတ်စုံ၊ ရေကူးဝတ်စုံနဲ့ ညနေခင်းဝတ်စုံတို့ကို ဝတ်ဆင် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ရွေးချယ်ပေးခဲ့တဲ့ ဒိုင်လူကြီးတွေကတော့ ထွန်းအိန္ဒြာဗိုလ်၊ ဒေါ်အယ်လ်ခွန်းရီ၊ ထူးဂရု (ပ်) က ဒေါ်အိမွန်ထွေး၊ တေးရေး စောခူဆဲ၊ ပြည့်ဝေလျှံ ရတနာရွှေဆိုင်က ဒေါ်ကလျာပြည့်ဝေလျှံနဲ့ မိတ်ကပ်ပညာရှင် တိုးတိုးတို့က အကဲဖြတ် ရွေးချယ်ခဲ့ကြတာပါ။
ဒုတိယအဆင့် ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်ရမယ့် အခါမှာတော့ ပြိုင်ပွဲဝင်တွေကလည်း အခုမှ စင်ပေါ်တက်ဖူးတဲ့ စင်အတွေ့အကြုံမရှိတဲ့ သူတွေဖြစ်တဲ့အပြင် မြန်မာနိုင်ငံမှာကလည်း ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်ရတာက ဆန်းသစ်နေသေးတာကြောင့် ဘီကီနီနဲ့ မဟုတ်ဘဲ သာမန် ရေကူးဝတ်စုံနဲ့ပဲ ယှဉ်ပြိုင်မှာဖြစ်ပြီး မြန်မာ့ယှဉ်ကျေးမှုနဲ့ မညီပေမယ့် အမြင်ရိုင်းတယ်လို့ မမြင်ဘဲ ကောင်းတဲ့အမြင်နဲ့ ကြည့်ပေးဖို့ အစီအစဉ် တင်ဆက်သူတွေက ပရိသတ်တွေကို မေတ္တာရပ်ခံခဲ့ပါသေးတယ်။
“ပရိသတ်တွေရှေ့၊ မီဒီယာတွေရှေ့မှာ ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်ဖို့က အတွေ့အကြုံ လုံးဝမရှိပါဘူး။ ဒါပေမယ့် အလှမယ်တွေရဲ့ ပြစ်မျိုးမှဲ့မထင် အလှကို ယှဉ်ပြိုင်ပြသဖို့ လိုအပ်တာကြောင့် အကောင်းမြင်တဲ့စိတ်နဲ့ ရွေးချယ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်” ဆိုပြီး အစီအစဉ်တင်ဆက်သူ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
ရေကူးဝတ်စုံဆိုပေမယ့် ဘီကီနီ မဟုတ်ဘဲ သာမန်ရေကူးဝတ်စုံနဲ့ပဲ ယှဉ်ပြိုင်ကြမယ်လို့ အစီအစဉ် တင်ဆက်သူတွေက ပြောတော့ စင်အောက်က ပရိသတ်ကြီးထံက ဝေဖန်သံတချို့ ထွက်လာပါသေးတယ်။ ပရိသတ်ကြီးက တကယ့်ကို ဘီကီနီနဲ့ ဝတ်ဆင် ယှဉ်ပြိုင်ပြသမှာလို့ ခန့်မှန်းထားကြပုံ ရပါတယ်။
ပြိုင်ပွဲဝင် အယောက် ၂၀ လုံးက ခရမ်းရောင် ရေကူးဝတ်စုံနဲ့ အလှပဆုံး၊ အကောင်းဆုံးဖြစ်အောင် ယှဉ်ပြိုင်သွားပြီးတဲ့ နောက်မှာတော့ အယောက်၂၀ ထဲက ဆန်ခါတင် ၁၀ ယောက် ထပ်မံပြီး ရွေးထုတ်လိုက်ပါတယ်။
ဆန်ခါတင် ၁၀ ယောက်ကတော့ ညနေခင်း ဝတ်စုံတွေနဲ့ ဆက်လက် ယှဉ်ပြိုင်ရပါတယ်။ ညနေခင်းဝတ်စုံနဲ့ ယှဉ်ပြိုင်မှု အပြီးမှာတော့ နောက်ထပ် ဆန်ခါတင် ၅ ယောက်ကို ရွေးထုတ်ပါတယ်။ အဲဒီဆန်ခါတင် ၅ ယောက်ကတော့ ဉာဏ်စမ်းမေးခွန်း တခုစီ ဖြေကြရပါတယ်။ ဉာဏ်စမ်းမေးခွန်းတွေကတော့ ရုရှားမှာ သွားရောက်ယှဉ်ပြိုင်မယ့် မယ်စကြဝဠာ ပြိုင်ပွဲကနေ
မြန်မာနိုင်ငံအတွက် ဘာတွေ သယ်ဆောင်လာနိုင်မလဲ၊ အကယ်၍သာ ဆုရခဲ့မယ်ဆိုရင် ဆုကြေးငွေကို ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ၊ ကိုယ့်ဘဝရဲ့ အလေးစားဆုံးပုဂ္ဂိုလ်က ဘယ်သူလဲစတဲ့ မေးခွန်းတွေကို ဆန်ခါတင် ၅ ယောက်က ကြိုးစားဖြေသွားခဲ့ပါတယ်။
နောက်ဆုံးမှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြု Miss Universe Myanmar 2013ကို ရွေးချယ်ခဲ့ပါတယ်၊ ဆန်ခါတင် ၅ယောက်ထဲက 4th Runner Up ကိုတော့ ခါးနံပါတ် ၁၀ ဖြစ်တဲ့မေချစ်ပုံ၊ 3rd Runner Up ကို ခါးနံပါတ် ၁၉ နှင်းယမုံဦး၊ 2nd Runner Up ကို ခါးနံပါတ် ၁၅ ဖြစ်တဲ့ မြတ်နှင်းဖြူ၊ 1st Runner Upကိုတော့ ခါးနံပါတ် ၄ ဖြစ်တဲ့ အေးချမ်းမိုးတို့က အသီးသီးရရှိခဲ့ပြီး Miss Universe Myanmar 2013ကိုတော့ ခါးနံပါတ် ၁၆ ဖြစ်တဲ့ မိုးစက်ဝိုင်က ရရှိခဲ့ပါတယ်။
ဒါ့အပြင် ပြိုင်ပွဲကြီး ဖြစ်မြောက်အောင် ကူညီပေးတဲ့ ကုမ္ပဏီတွေက ပေးအပ်တဲ့ ဆုတွေဖြစ်တဲ့ Miss Environmental ဆုကို ခါးနံပါတ် ၅ မီရှယ်လ်၊ Miss Healthy Body & Beautiful Skin ဆုနဲ့ Body Perfect ဆုကို ခါးနံပါတ် ၁၅ မြတ်နှင်းဖြူ၊ Healthy Skin ဆုနဲ့ ပရိတ်သတ် ရွေးချယ်မှု အများဆုံးဆုကိုတော့ ခါးနံပါတ် ၁၆ မိုးစက်ဝိုင်၊ Miss Photogenic ဆုကို ခါးနံပါတ် ၄ အေးချမ်းမိုးနဲ့ Miss Beautiful Smile ဆုကိုတော့ ခါးနံပါတ် ၁၀ မေချစ်ပုံတို့က ရရှိခဲ့ပါတယ်။
၂၀၁၃ ခုနှစ်ရဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ရုရှားနိုင်ငံမှာ သွားရောက် ယှဉ်ပြိုင်မယ့် Miss Universe Myanmar 2013 ဆုရှင် မိုးစက်ဝိုင် ကတော့ ဆုကြေးငွေ သိန်း ၁၀၀၊ ဟွန်ဒါဖစ် ကားတစီး၊ စိန်သရဖူတခု အပါအဝင် Miss Universe Myanmar အဖွဲ့အစည်းနဲ့ ၂ နှစ်တာ အနုပညာနဲ့ လူမှုရေးလှုပ်ရှားမှုများ ဆောင်ရွက်ခွင့်၊ ၁ နှစ်စာ မိတ်ကပ်၊ ဆံပင် အခမဲ့ပြင်ဆင်ခွင့်နဲ့ ၁ နှစ်စာ ပွဲတက်ဝတ်စုံများ ရရှိခဲ့ပါတယ်။
“အသက်၂၅ နှစ်မှ ရလာတဲ့ အခွင့်အရေးကောင်း တခုပါ။ မင်းသမီးဖြစ်ချင်တာ မဟုတ်ဘူး။ ဘဝမှာ တခါတည်း ကြုံတဲ့ အခွင့်အရေးမို့လို့ ကိုယ့်နိုင်ငံအတွက်လည်းဖြစ်လို့ ဝင်ပြိုင်ဖြစ်ခဲ့တာပါ” လို့ Miss Universe Myanmar 2013 ဆုရှင် မိုးစက်ဝိုင်က ဧရာဝတီကို ပြောပါတယ်။
မိုးစက်ဝိုင်ဟာ အသက်၂၅ နှစ်ကျော်ရှိပြီး တရုတ်၊ အင်္ဂလိပ် ဘာသာစကားတွေကို တတ်ကျွမ်းတဲ့အပြင် နိုင်ငံခြားမှာ ပညာသင်ကြားခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လာကာ အလုပ် လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့အကြီးဆုံး မယ်ပြိုင်ပွဲ တခုဖြစ်တဲ့ မယ်စကြဝဠာ ပြိုင်ပွဲကိုတော့ ရုရှားနိုင်ငံ မော်စကိုမြို့ရဲ့ Crocus City Hallမှာ နိုဝင်ဘာ ၅ ရက်နေ့ ဆန်ခါတင် လူရွေးပွဲ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး နိုဝင်ဘာ ၉ ရက်နေ့မှာ ပြိုင်ပွဲကြီး ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း Miss Universeရဲ့ ဝက်ဘ်ဆိုက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
မယ်စကြဝဠာ ပြိုင်ပွဲကို လွန်ခဲ့တဲ့ ၁၉၅၃ ခုနှစ်က ကယ်လီဖိုးနီးယား ပြည်နယ်မှာ စတင်ခဲ့တာ ဖြစ်ပြီး မယ်စကြဝဠာ ပြိုင်ပွဲတွေမှာတော့ အာရှ ဒေသက ဂျပန်၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယနိုင်ငံတွေက မယ်စကြဝဠာ ဆုတွေကို ရရှိခဲ့ဖူးကြောင်း သိရပါတယ်။
မြန်မာနိုင်ငံကနေ မယ်စကြဝဠာ ပြိုင်ပွဲကို လွန်ခဲ့တဲ့ ၁၉၅၉ ခုနှစ်တုန်းက ဒေါ်သန်းသန်းအေး၊ ၁၉၆၀ ခုနှစ်က ဒေါ်မြင့်မြင့်မေနဲ့ ၁၉၆၁ ခုနှစ်မှာ ဒေါ်မြင့်မြင့်ခင်တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒေါ်မြင့်မြင့်မေ ကတော့ Miss Congeniality ဆုရရှိခဲ့ ဖူးပါတယ်။ ယမန်နေ့ညက ပွဲမှာလည်း ၁၉၆၀ ခုနှစ်က ကျင်းပခဲ့တဲ့ မယ်စကြဝဠာပြိုင်ပွဲတုန်းက ဒေါ်မြင့်မြင့်မေ ဆုရရှိခဲတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ပြသခဲ့ပါတယ်။
]]>
https://burma.irrawaddy.com/lifestyle/2013/10/04/49013.html/feed 1
မြန်မာပြည်တွင်းက စာနယ်ဇင်းပွဲမှာ ရေကူးဝတ်စုံနဲ့ ပထမဆုံး ဓာတ်ပုံအရိုက်ခံခဲ့၊ လမ်းလျှောက်ပြခဲ့တဲ့ မော်ဒယ်လ် ခင်လပြည့်ဇော်ဟာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် Miss Tourism International 2013 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင် နေပြီ ဖြစ်ပါတယ်။
ရေကူးဝတ်စုံနဲ့ လမ်းလျှောက်ပြခြင်း၊ ဓာတ်ပုံ အရိုက်ခံခဲ့ခြင်းဟာ သူ့အနေနဲ့ ပွဲမဝင်ခင် အပြင်က ကျင်းပတာဖြစ်ပြီး သူ့ကို ဒီပြိုင်ပွဲမှာ ပါဝင်ဖို့ စေလွှတ်တဲ့ Star & Model Agency က ဂျွန်လွင်ရဲ့ အစီအစဉ်ဖြစ်တယ်လို့ ခင်လပြည့်ဇော်က ပြောပါတယ်။
“အခု စာနယ်ဇင်းပွဲမှာ ရေကူးဝတ်စုံကို ဝတ်ပြတာက နိုင်ငံတကာမှာ သွားရောက် ယှဉ်ပြိုင်ရင်တော့ ဒီလိုဝတ်ရမှာပဲလေ။ ညီမက မြန်မာလူမျိုး၊ မြန်မာ မိန်းကလေး တယောက်ပါ။ ကိုယ်ကျင့်တရား၊အရှက်တရားနဲ့ မိန်းကလေးတွေရဲ့ အိန္ဒြေသိက္ခာ ညီမမှာရှိပါတယ်၊ မြန်မာမိန်းကလေး တယောက်ဆိုတော့ ရှက်တတ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာ သွားရောက် ယှဉ်ပြိုင်ဖူးတဲ့ သူတွေအတွက် ဒီလို ဝတ်ဆင်ရတာ မဆန်းပါဘူး။ ညီမ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ဂျွန်လွင်ရဲ့ Star & Model Agency သင်တန်းမှာ တက်ရောက်ခဲ့တဲ့ သင်တန်းသူ မော်ဒယ်လ် ခင်လပြည့်ဇော်ဟာ ဂျွန်လွင်ရဲ့ စီစဉ်ပေးမှုကြောင့် တရုတ်နိုင်ငံ Xianning မြို့မှာ ကျင်းပပြုလုပ်မယ့် Miss Tourism Queen International 2013 ပြိုင်ပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့က သွားရောက် ယှဉ်ပြိုင်နေပြီ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ ခင်လပြည့်ဇော် သွားရောက်ယှဉ်ပြိုင်နိုင်ဖို့ စီစဉ်ခဲ့သူ ဂျွန်လွင်က “ကျနော် ဒီပွဲကိုစီစဉ်ဖြစ်တာက သူတို့က လာကမ်းလှမ်းလို့ပါ။ ကျနော့်ကို လာကမ်းလှမ်းတဲ့ နိုင်ငံတကာပွဲတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် မလွှတ်ဖြစ်တာက လူကုန်ကူးမှုတွေ ကလည်း ဖြစ်နေတော့ မယုံကြည်လို့ပါ။ ဒီပွဲကျတော့ ကိုယ်နဲ့လည်းသိကျွမ်းတဲ့သူတွေ၊ လက်တွဲ လုပ်ဖူးတဲ့ သူတွေဆိုတော့ ယုံကြည်ရတယ်လေ။ ဒါကြောင့် လက်ခံပြီး လုပ်ဖြစ်တာပါ” လို့ ဆိုပါတယ်။
Star & Model Agency သင်တန်းက မော်ဒယ်လ် အယောက် ၃၀ ရဲ့ ဓာတ်ပုံတွေကို တရုတ်နိုင်ငံကို ပို့ပေးလိုက်တဲ့ အထဲကမှ သူတို့က ခင်လပြည့်ဇော်ကို ရွေးချယ်ခဲ့တာဖြစ်တယ်၊ ဒီသင်တန်းက မော်ဒယ်လ်တွေကို စာချုပ် ချုပ်ထားပေမယ့် သင်တန်း တာဝန်ရှိသူကို အသိပေးပြီး နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရင် ခွင့်ပြုတယ်လို့ သိရပါတယ်။
Star & Model Agency သင်တန်းက မော်ဒယ်လ် တချို့ဟာ စာချုပ်ချုပ်ထားပြီး ဖြစ်ပေမယ့် တာဝန်ရှိသူကို အသိမပေးဘဲ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ သွားရောက် ယှဉ်ပြိုင်တာမျိုးတွေ ရှိတယ်လို့လည်း ဂျွန်လွင်က ပြောပါတယ်။
“ကျနော်က ကိုယ့်သင်တန်းက လူတွေကို စာချုပ်နဲ့ လုပ်ရတာက သူတို့ကို ထိန်းချုပ်ချင်လို့ မဟုတ်ပါဘူး။ စည်းစနစ် ရှိစေချင်တာကြောင့်၊ စည်းလေးတခု ထားတဲ့သဘောပါ။ ဒီလို ကိုယ့်နိုင်ငံ ကိုယ်စားပြုပြီး သွားရတဲ့အတွက် ကျနော်တို့ဘက်က ကျေနပ်ပါတယ်၊ ဂုဏ်ယူမိပါတယ်။ ဒီလိုမျိုး လုပ်တာလည်း ကျနော့်အတွက် ဘာအမြတ်အစွန်းမှ မရပါဘူး၊ နိုင်ငံ့ ဂုဏ်ဆောင် အနေနဲ့ သွားရတဲ့အတွက် ကျေနပ်ဝမ်းသာပါတယ်” လို့ ဂျွန်လွင်က ဆိုပါတယ်။
သွားရောက်ယှဉ်ပြိုင်မယ့် ခင်လပြည့်ဇော်က အခုလို ဒီပြိုင်ပွဲကို စေလွှတ်တဲ့ ဂျွန်လွင်ကို ကျေးဇူးတင်ကြောင်း၊ အရွေးချယ် ခံရတဲ့အတွက်လည်း ဝမ်းသာ ဂုဏ်ယူကြောင်း ပြောပါတယ်။
“ဟိုမှာက အောက်တိုဘာ ၃ ရက်နေ့မှာ Final ပွဲကျင်းပမှာပါ။ သွားရောက် ယှဉ်ပြိုင်တဲ့အခါ ညီမကို မြန်မာပရိသတ်တွေက အားပေးပါဦးနော်။ ညီမ နိုင်ငံ ဂုဏ်ကိုဆောင်တဲ့ အမျိုးသမီးတဦး ဖြစ်ချင်ပါတယ်၊ အစွမ်းကုန် ကြိုးစားမှာပါ၊ စိတ်ရော၊လူရော နှစ်ပြီး ကြိုးစားသွားမှာပါ။ ညီမ မြန်မာနိုင်ငံ ပြန်ရောက်ရင်လည်း မီဒီယာက ဆရာ၊ ဆရာမတွေအတွက် အချိန်ပေးပြီး အနုပညာ လှုပ်ရှားမှုတွေ လုပ်ပေးမှာပါ။ ညီမဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ အချိန်ပေးပြီး မီဒီယာအတွက် လုပ်ပေးမှာပါ။ ဆရာ ဂျွန်ကလည်း ညီမကို ဘာမှမချုပ်ချယ် ထားပါဘူး၊ မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုဆောင်တဲ့ သူတဦး ဖြစ်ချင်ပါတယ်” သူက ဆိုပါတယ်။
မြန်မာနိုင်ငံက ပရိသတ်တွေ အနေနဲ့ Miss Tourism Queen International 2013 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မယ့် Miss Khin La Pyae Zaw ကို facebook စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုပြီး Like လုပ်နိုင်ကြောင်း သိရပါတယ်။
]]>
Miss Supranational 2013 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Title ဆု ၄ ဆု ရရှိခဲ့တဲ့ ခင်ဝင့်ဝါဟာ မြန်မာပြည်သူတွေကို သူကတိပေးခဲ့တဲ့အတိုင်း မြန်မာပြည်က လိုအပ်ချက်ရှိနေတဲ့ နေရာဒေသတွေမှာ သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။
“ဒီပြိုင်ပွဲကို ဝင်ပြိုင် ပြီးကတည်းက သမီးမှာ တခါမှ မကြုံဘူးတဲ့ အတွေ့အကြုံ အသစ်တွေလည်း ရခဲ့ပါတယ်။ မြန်မာ ပရိသတ်တွေ ပေးတဲ့ ဆုကိုလည်း တန်ဖိုး အရမ်းထားပါတယ်။ ဒါကြောင့် မြန်မာ နိုင်ငံတွင်းမှာ တကယ်လိုအပ်နေတဲ့ ဒေသတွေ၊ တကယ်လိုအပ်နေတဲ့ လိုအပ်ချက်တွေဆီကို ကိုယ်တိုင်သွားပြီး လှူမှာပါ။ နေရာတွေကိုတော့ အခု အချိန်မှာ အတိအကျ မပြောနိုင်သေးတာ ခွင့်လွှတ်ပါ” လို့ အသက် ၁၉ နှစ်အရွယ် Miss Myanmar ခင်ဝင့်ဝါက ပြောပါတယ်။
ဒီနှစ် ထဲမှာ တခြား Miss ပြိုင်ပွဲတွေ ယှဉ်ပြိုင်ဖို့ မရှိသေးတဲ့ ခင်ဝင့်ဝါဟာ ဘီလာရုစ် မှာကျင်းပတဲ့ Miss Supranational 2013 ပြိုင်ပွဲမှာMiss Internet၊ Most Beautiful Girl in the World၊ People Choice Award နဲ့ Face of Miss Supranational စတဲ့ ဆုလေးဆု ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အနုပညာ အလုပ်တွေကို ဇောက်ချ လုပ်သွားမှာ ဖြစ်သလို၊ ဒုတိယနှစ် ရုက္ခဗေဒ တက်နေတာ ဖြစ်တဲ့အတွက် ပညာရေး ဘက်ကိုလည်း အားမလျှော့ဘဲ ဆက်ကြိုးစားသွားမယ်လို့ သိရပါတယ်။
နိုင်ငံတကာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ၊ ပညာရပ်တွေကိုလည်း ဆက်လက် ဆည်းပူးမှာဖြစ်သလို၊ လူမှုရေး လုပ်ငန်းတွေ၊ ပရဟိတ လုပ်ငန်းတွေမှာလည်း အချိန်ပေး ဆောင်ရွက်မှာဖြစ်တယ်လို့ ဧရာဝတီ သတင်းကနေ တဆင့် သူ့ ပရိသတ်ကို ပြောလာပါတယ်။
ကြမ်းတမ်းတဲ့ ဘဝခရီးကို သူ့အနေနဲ့ အေးအေးချမ်းချမ်းပဲ ဖြတ်သန်းပြီး နိုင်ငံ အတွက် ဂုဏ်ယူနိုင်တဲ့ သူဖြစ်အောင် ကြိုးစားမယ်လို့ ခင်ဝင့်ဝါက ဆိုပါတယ်။
“သမီးကတော့ ဘဝမှာ ရိုးရိုးသားသားနဲ့ အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်ပါတယ်။ ညီမ ဝါသနာပါတဲ့ အနုပညာနဲ့ လူမှုရေးတွေကို တွဲပြီးလုပ်သွားချင်တယ်။ အားလုံးကိုလည်း ငြိမ်းချမ်းစေချင်ပါတယ်” လို့ သူက ပြောပါတယ်။
နိုင်ငံကိုယ်စားပြု Miss တယောက်အနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကြိုးစားပြီး နိုင်ငံကို အကျိုးပြုပေးသွားမှာ ဖြစ်တယ်လို့ ခင်ဝင့်ဝါက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ ခင်ဝင့်ဝါဟာ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ အတွက် အလှဓာတ်ပုံတွေ ရိုက်ကူးပေးနေရတဲ့ ကိစ္စတွေနဲ့ မအားလပ်အောင် ဖြစ်နေတယ်လို့ သိရပါတယ်။
]]>
ကမ္ဘာ့အကြီးကျယ်ဆုံး မယ်ရွေးပွဲတွေထဲက တခုဖြစ်တဲ့ မယ်စကြဝဠာ ပြိုင်ပွဲမှာ နှစ် ၅၀ ကျော်အတွင်း ပထမဆုံး ပြန်လည် ဝင်ပြိုင်ဖို့ မြန်မာနိုင်ငံ ကိုယ်စားပြု မယ်တယောက်ကို ရွေးချယ်ဖို့ စီစဉ်နေပြီ ဖြစ်ကာ စက်တင်ဘာ ၁၂ ရက်နေ့ကတော့ မြန်မာနိုင်ငံ ကိုယ်စားပြုမယ် ပဏာမအဆင့် ရွေးချယ်မှု ပြီးသွားပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ မယ်စကြဝဠာပြိုင်ပွဲမှာ ဝင်မပြိုင်ဖြစ်တော့တာ ၁၉၆၂ ခုနှစ်ကတည်းက ဖြစ်တာကြောင့် ၅၂ နှစ် ကြာခဲ့ပြီ ဖြစ်ပေမယ့် ၂၀၁၂ ခုနှစ်ကတော့ အားကစားဝန်ကြီး ဌာနက ယှဉ်ပြိုင်ဖို့ ခွင့်ပြုချက် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် နိုဝင်ဘာ ၉ ရက်နေ့မှာ ရုရှားနိုင်ငံ မော်စကိုမြို့ Crocus City Hall မှာလုပ်မယ့် မယ်စကြဝဠာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် မယ်တယောက် ဝင်ပြိုင်မှာဖြစ်ပြီး လက်ရှိမှာတော့ ယှဉ်ပြိုင်ဖို့ ဆန်ခါတင် ရွေးချယ်မှု တွေလုပ်နေတယ်လို့ တာဝန်ယူ စီစဉ်နေတဲ့ Hello Madam Media Group ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် မစိုးယုဝေက ဧရာဝတီကို ပြောပါတယ်။
“ကျမတို့က ၂၀၁၄ ခုနှစ်ရောက်မှ ကိုယ့်နိုင်ငံက တယောက် လွှတ်မယ်လို့ စီစဉ်ထားပေမယ့် မယ်စကြဝဠာ ပြိုင်ပွဲ ကျင်းပရေး အဖွဲ့အစည်းကလည်း ဖိတ်ခေါ်တယ်၊ မြန်မာနိုင်ငံက ၂၀၁၃ အတွက် တယောက် လွှတ်ပေးပါလို့ ပြောလာတာကြောင့် ခပ်မြန်မြန်ပဲ လုပ်ဖြစ်သွားတာပါ။ နောက်နှစ်တွေမှာလည်း မြန်မာနိုင်ငံက ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက်ကို ကျမတို့ကပဲ ဦးဆောင် လုပ်သွားမှာပါ။ အခုလည်း အကောင်းဆုံးနဲ့ အဆင်အပြေဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်” လို့ မစိုးယုဝေက ရှင်းပြပါတယ်။
၂၀၁၃ မယ်စကြဝဠာ ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုမယ် တယောက် ဝင်ပြိုင်ဖို့အတွက် စက်တင်ဘာ ၁၂ ရက်နေ့က ကန်တော်ကြီး ဟိုတယ်မှာ ယှဉ်ပြိုင်သူ ၄၀ ထဲက ဆန်ခါတင် ၂၀ ဦးကို ရွေးချယ်ခဲ့တာပါ။ အဲဒီ ဆန်ခါတင် ၂၀ အထဲကမှ
တဦးကိုတော့ လာမယ့် အောက်တိုဘာ ၃ ရက်မှာ ကျင်းပမယ့် မယ်စကြဝဠာပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု မယ်အဖြစ် ရွွေးချယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ကိုယ်စားပြု မယ်အဖြစ် ရွေးချယ်ခံရသူ အနေနဲ့ ဆုကြေး ကျပ်သိန်း ၁၀၀၊ ဟွန်ဒါဖစ် ကားတစီးနဲ့ ၁၅ သိန်းတန် သရဖူ အပြင် တခြား ခံစားခွင့်တွေလည်း ရရှိမှာဖြစ်ပါတယ်။ နိုင်ငံ ကိုယ်စားပြု ရွေးချယ်ခံရသူ အနေနဲ့ကတော့ လာမယ့် အောက်တိုဘာ ၁၇ ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က တဆင့် ရုရှားနိုင်ငံ မော်စကိုမြို့ကို အောက်တိုဘာ ၂၀ ရက်နေ့ အရောက် သွားရမှာဖြစ်ပြီး အဲဒီ ၂၀ ရက်နေ့က စလို့ မယ်စကြဝဠာပြိုင်ပွဲ စတင်မယ့် နိုဝင်ဘာ ၉ ရက်နေ့ အထိ စခန်းသွင်း လေ့ကျင့်မှုတွေ ဆက်တိုက် လုပ်နေရမှာ ဖြစ်တယ်လို့ မစိုးယုဝေက ပြောပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့က ကန်တော်ကြီးဟိုတယ်မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြဝဠာ အကြိုရွေးချယ်ပွဲမှာ ဆန်ခါတင် ၂၀ ဦး စာရင်းဝင်ခဲ့တဲ့ မော်ဒယ်လ် နှင်းယမုံဦးကတော့ “ကျမ အခုအချိန်က စပြီး အစစအရာရာ ပိုပြီး ပြင်ဆင်ဖို့ ကြိုးစားဖို့ လိုနေပြီ ဆိုတော့ ဗဟုသုတပိုင်း အတွက် စာတွေ ဖတ်ဖြစ်တယ်၊ လမ်းလျှောက် တာကိုလည်း ပြန်ပြီး လေ့ကျင့် နေတယ်၊ ဒီကိစ္စအပေါ် မှာပဲ စိတ်ရောလူရော နှစ်ပြီးတော့ လုပ်နေတာကြောင့် တခြား အနုပညာ လုပ်ငန်းတွေတောင် မလုပ်သေးဘဲ ခဏနားထားတယ်” လို့ ဆိုပါတယ်။
ဆန်ခါတင် ၂၀ ဦး စာရင်းထဲမှာ ပါတဲ့ နှင်းယမုံဦးဟာ အဝေးသင် တက္ကသိုလ် တက်နေဆဲ အသက် ၂၀ အရွယ်ရှိတဲ့ မော်ဒယ်လ် တဦး ဖြစ်ပါတယ်၊ သူက ပြီးခဲ့တဲ့ Miss Now How (2013) နဲ့ Miss Crown တွေလည်း ရရှိထားသူပါ။
“ကျမ အနေနဲ့ကတော့ အနောက်နိုင်ငံကို သွားမယ်ဆိုရရင် ဘာသာစကား လိုအပ်နိုင်တာကြောင့် အင်္ဂလိပ်စာကို ပြန်ပြီး လေ့လာနေတယ်၊ မြန်မာနိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေးက အစ အားလုံး သိအောင် လေ့လာသွားမှာပါ။ နိုင်ငံတကာကို ထိုးဖောက်မယ် ဆိုရင်တော့ မြန်မာ့ယဉ်ကျေးမှုကို ဖော်ညွှန်းထားတဲ့ ဝတ်စုံလည်း လိုအပ်မယ်လို့ ထင်ပါတယ်” လို့
ဆန်ခါတင် စာရင်းဝင် မော်ဒယ်လ် ပိုးကြာဖြူက ပြောပါတယ်။
အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ မော်ဒယ်လ် ပိုးကြာဖြူက ပညာအရည်အချင်း အနေနဲ့ BA.English နဲ့ ဘွဲ့ရထားပြီး စီးပွားရေး ဘာသာရပ်ကိုလည်း ဆက်လက်လေ့လာ သင်ကြားနေသူတဦး ဖြစ်ပါတယ်။ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ ဓာတ်ပုံ သရုပ်ဆောင် လုပ်ရင်းနဲ့ တခြား အနုပညာလှုပ်ရှားမှုတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံကနေ မယ်စကြဝဠာ ပြိုင်ပွဲကို လွန်ခဲ့တဲ့ ၁၉၅၉ ခုနှစ်တုန်းက ဒေါ်သန်းသန်းအေး၊ ၁၉၆၀ ခုနှစ်က ဒေါ်မြင့်မြင့်မေနဲ့ ၁၉၆၁ ခုနှစ်မှာ ဒေါ်မြင့်မြင့်ခင်တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒေါ်မြင့်မြင့်မေ ကတော့ Miss Congeniality ဆုရရှိခဲ့ ဖူးပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံက မယ်စကြဝဠာပြိုင်ပွဲကို လုံးဝဝင်ရောက် မပြိုင်ဖြစ်တော့တာ ၂၀၁၂ ခုနှစ် အထိပါပဲ။
မြန်မာနိုင်ငံအနေနဲ့ Miss Myanmar Pageant 2013ကို ရွေးချယ်ဖို့ လျှောက်လွှာခေါ်ယူခဲ့ ရာမှာတော့ မယ်စကြဝဠာ ပြိုင်ပွဲဝင် စည်းကမ်းတွေဖြစ်တဲ့ အရပ်အမြင့်၊ ရုပ်ရည်ရူပကာ၊ ဉာဏ်ရည်ဉာဏ်သွေး ၊ အိမ်ထောင်မရှိဖူးသူ အပျို၊ ဂုဏ်ကျက်သရေ ရှိတဲ့ နောက်ကြောင်း ရာဇဝင်ရှိတဲ့ ပုဂ္ဂိုလ်တဦး စတဲ့ အချက်တွေကို အဓိကထား ခေါ်ယူခဲ့တာ တွေ့ရပါတယ်။
ဒါ့အပြင် ပြိုင်ပွဲဝင်သူဟာ ခေါ်ယူတဲ့ အဖွဲ့အစည်း ခွင့်ပြုချက်မရှိဘဲ မီဒီယာတွေမှာ ထုတ်လွှင့်ပြသတာ၊ စကားပြောဆိုတာ၊ ထင်မြင်ယူဆချက် ပေးတာ၊ ကုမ္ပဏီ၊ ပုဂ္ဂိုလ်စတဲ့ နေရာတွေက ထုတ်လုပ်တဲ့ အစီအစဉ်တွေမှာ စာချူပ်ချူပ်ဆိုတာ၊ ပါဝင် ဆောင်ရွက်တာ၊ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်ပြု လုပ်ခြင်း စတဲ့အချက်အလက်တွေကို ရှောင်ကြဉ်ဖို့ အတွွက်လည်း စည်းကမ်းချက်တွေ ထုတ်ထားပါတယ်။
၂၀၁၃ ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့အကြီးဆုံး မယ်ပြိုင်ပွဲ တခုဖြစ်တဲ့ မယ်စကြဝဠာ ပြိုင်ပွဲကိုတော့ ရုရှားနိုင်ငံ မော်စကိုမြို့ရဲ့ Crocus City Hallမှာ နိုဝင်ဘာ ၅ ရက်မှာ ဆန်ခါတင် လူရွေးပွဲ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး နိုဝင်ဘာ ၉ ရက်နေ့မှာ ပြိုင်ပွဲကြီး ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း Miss Universeရဲ့ ဝက်ဘ်ဆိုက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။
ကမ္ဘာ့ မယ်စကြဝဠာ ပြိုင်ပွဲကို လွန်ခဲ့တဲ့ ၁၉၅၃ ခုနှစ်က ကယ်လီဖိုးနီးယား ပြည်နယ်မှာ စတင်ခဲ့တာ ဖြစ်တယ်လို့ ဝီကီပီဒီယာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ မယ်စကြဝဠာ ပြိုင်ပွဲတွေမှာတော့ အာရှ ဒေသက ဂျပန်၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယနိုင်ငံတွေက မယ်စကြဝဠာ ဆုတွေကို ရရှိခဲ့ဖူးတာ တွေ့ရပါတယ်။
]]>
ငွေသွင်း မဲပေးစနစ်မှာလည်း ခင်ဝင့်ဝါက ဦးဆောင်နေ https://burma.irrawaddy.com/lifestyle/2013/09/06/47654.html Fri, 06 Sep 2013 11:25:32 +0000 https://burma.irrawaddy.com/lytbox/?p=47654 ရေပန်းအစားဆုံး မယ်တွေကတော့ Argentina၊ Belarus (အိမ်ရှင်နိုင်ငံ အနေနဲ့ ဆန်ခါတင် အဆင့် လူ ၂၀ ထဲ ဝင်နိုင်ခြေရှိ)၊ Cameroon၊ Czech Republic၊ Guadeloupe၊ Myanmar၊ Suriname နဲ့ Thailand တို့က ဖြစ်တဲ့ အတွက် ဆန်ခါတင် အဆင့်ထဲ ဝင်နိုင်ဖို့ နီးစပ်တဲ့ သူတွေ ဖြစ်ကြောင်း]]>
ဘီလာရုစ် နိုင်ငံမှာ Miss Supranational သွားရောက်ယှဉ်ပြိုင်နေတဲ့ Miss Myanmar ခင်ဝင့်ဝါကတော့ မြန်မာပရိသတ် တွေရဲ့ အားပေးတဲ့ Vote တွေကြောင့် Official Voting (Credit / Debit Card) နဲ့မဲပေးမှုမှာ စက်တင်ဘာ ၆ ရက်နေ့ ညနေအထိ မဲအရေအတွက် ၃၅၇၀ ရရှိ နေပြီလို့ သိရပါတယ်။
ထိုင်းနိုင်ငံကလည်း မဲ ၁၄၀၀ နီးပါးနဲ့ ဒုတိယ လိုက်လို့ နေပါတယ်။
အဲဒီမဲ အရေအတွက် စာရင်းကိုလည်း ခင်ဝင့်ဝါက သူ့ရဲ့ facebook စာမျက်နှာမှာ တင်ပြီး ပရိသတ်တွေကို အသိပေးထား ပါတယ်။
Online Voting မဲအရေအတွက် ကတော့ Miss Myanmar ခင်ဝင့်ဝါက မဲအရေအတွက် ၁၁၅၇၁၈၁ နဲ့ ဦးဆောင်နေခဲ့ပြီး Miss Ukraine က မဲအရေအတွက် ၇၈၆၀၂၀၊ Miss Luxembourg က မဲအရေအတွက် ၅၅၀၉၃၆၊ Miss Sweden က မဲအရေအတွက် ၄၀၄၄၇၁ နဲ့ Miss Russia က မဲအရေအတွက် ၁၄၄၉၀၆ မဲ အသီးသီး ရရှိနေပါတယ်။
သူ့ရဲ့ မဲအရေအတွက်မှာမှ Official Voting နဲ့ ပတ်သက်ပြီး ခင်ဝင့်ဝါက Vote တွေ အများကြီး တွေ့ရတာ အရမ်းပဲ ဝမ်းသာ အားရ ဖြစ်မိတယ်လို့ ဆိုပါတယ်။
“မြန်မာလူမျိုးတွေ မျိုးချစ်စိတ် ရှိတယ်ဆိုတာ ကမ္ဘာက သိအောင် ပြနိုင်တဲ့ အတွက် ညီမ ဂုဏ်ယူ ပါတယ်ရှင့်၊ ညီမအစက Official Voting မှာမဲရဖို့ မမျှော်လင့်ခဲ့မိပါဘူး၊ အဲ့ဒါကလည်းညီမကိုချစ်တဲ့ ပရိသတ်ကြီးကို စော်ကားတဲ့စိတ်နဲ့ တွေးမိတာ မဟုတ်ပါဘူးရှင့်၊ မြန်မာနိုင်ငံမှာ Credit / Debit Card အွန်လိုင်း ငွေချေစနစ်ဆိုတာ မတွင်ကျယ်သလို၊ ပရိသတ်ကြီး ပိုက်ဆံကုန်မှာ စိုးလို့ပါ။ နောက်ပြီး နိုင်ငံတကာက နိုင်ငံသားတိုင်းမှာက Credit/ Debit Card က အားလုံးမှာ ရှိကြတယ်လေ။ အဲဒါကြောင့် မမျှော်မှန်းရဲခဲ့ တာပါ။
အခု ညီမကို ချစ်ကြတဲ့ ပြည်ပက မြန်မာမျိုးချစ်ပရိသတ် ကြီးတွေက ပိုက်ဆံတွေ အကုန်ခံပြီး မဲပေးကြတဲ့အတွက် အတိုင်းမသိ ဝမ်းသာပျော်ရွှင်ရပါတယ်ရှင့်။ ပရိသတ်ကြီးတို့ ကုန်သွားတဲ့ ပိုက်ဆံတွေ အလကား မဖြစ်ရအောင် ညီမMiss Internet ဆုရခဲ့ရင် ဆုရတဲ့ ငွေအားလုံးကို ပရဟိတ လုပ်ပြီးလှူပါ့မယ်ရှင့်။ ညီမကို မျှော်လင့်ချက် အားမာန်တွေ၊ ယုံကြည်မှုတွေ၊ ပျော်ရွှင်မှုတွေ အမြဲပေးနေတဲ့ ပရိသတ်ကြီးရဲ့ကျေးဇူးကို ညီမမမေ့ပါဘူး၊ နိုင်ငံနဲ့ လူမျိုးအတွက် တာဝန်ကျေပွန်တဲ့ Miss Myanmar တယောက် ဖြစ်စေရမယ်လို့ ကတိပေးပါတယ်ရှင့်” ဆိုပြီး ခင်ဝင့်ဝါက သူ့ရဲ့ facebook စာမျက်နှာ ပေါ်မှာ ရေးသားပြီး ကတိပေးထားပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့ နေ့လယ် ၁၂ နာရီအထိ ဆိုတာ Belarus နိုင်ငံရဲ့အချိန်ကို ပြောတာဖြစ်တဲ့ အကြောင်းလည်း Vote ပေးတဲ့ ပရိသတ်တွေကို ကန့်သတ်ထားတဲ့ အချိန်နဲ့ ပတ်သက်ပြီးတော့လည်း ခင်ဝင့်ဝါက အသိပေး ထားပါတယ်။
ခင်ဝင့်ဝါက နိုင်ငံတကာရောက် မြန်မာပရိသတ်တွေ၊ မြန်မာပြည်က ပရိသတ်တွေရယ်ကို ကျေးဇူးတင်စကား ဟြေကြားတဲ့ အပြင် သူ့ရဲ့ facebook စာမျက်နှာမှာ မဲအရေအတွက် ဇယားကိုလည်း ဖော်ပြထားတာ တွေ့ရပါတယ်။ လက်ရှိ အခြေအနေအရတော့ ခင်ဝင့်ဝါဟာ နန်းခင်ဇေယျာလိုပဲ Miss Internet ဆု ရဖို့ သေချာသလောက် ရှိနေတာ တွေ့ရပါတယ်။
Miss Supranational နောက်ဆုံးအဆင့် ပြိုင်ပွဲကို ဒီည မြန်မာစံတော်ချိန် ၁၁ နာရီခွဲမှာ အွန်လိုင်းကနေ တိုက်ရိုက် ကြည့်ရှု အားပေးနိုင်တယ်လို့ သိရပါတယ်။
စုစုပေါင်းပြိုင်ပွဲဝင် ၈၄ ဦးအနက်မှာ ကိုယ်ဝန်သည်တဦးကို ဖယ်လိုက်တဲ့အတွက် ၈၃ ဦးယှဉ်ပြိုင်ရမှာ ဖြစ်ပြီး နောက်ဆုံး အဆင့်အနေနဲ့ တိုက်တခုချင်းစီခွဲပြီး ရိုးရာဝတ်စုံတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ ရေကူးဝတ်စုံ၊ ညနေခင်း ဝတ်စုံတွေ ဝတ်ဆင် ယှဉ်ပြိုင်ပြီး အဲဒီထဲကမှ ဆန်ခါတင် ၂၀ ဦးကို ရွေးချယ်မှာပါ။ အဲဒီ ၂၀ ကမှ နောက်ဆုံးအဆင့် ထပ်ပြိုင်မှာ ဖြစ်ပြီး စုစုပေါင်း ပြိုင်ပွဲ အချိန် ၂ နာရီခွဲ ကြာမြင့်မယ်လို့ သိရပါတယ်။ ပထမဆု ရရှိတဲ့ မယ်က ဒေါ်လာ ၂ သောင်းခွဲ ရရှိမှာ ဖြစ်ပါတယ်။
ရေပန်းအစားဆုံး မယ်တွေကတော့ Argentina၊ Belarus (အိမ်ရှင်နိုင်ငံ အနေနဲ့ ဆန်ခါတင် အဆင့် လူ ၂၀ ထဲ ဝင်နိုင်ခြေရှိ)၊ Cameroon၊ Czech Republic၊ Guadeloupe၊ Myanmar၊ Suriname နဲ့ Thailand တို့က ဖြစ်တဲ့အတွက် ဆန်ခါတင် အဆင့်ထဲ ဝင်နိုင်ဖို့ နီးစပ်တဲ့ သူတွေ ဖြစ်ကြောင်း Miss Supranational တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြ ထားပါတယ်။
Miss Myanmar ခင်ဝင့်ဝါ တယောက် နိုင်ငံတကာ မယ်ပြိုင်ပွဲမှာ Miss Internet ဆုအပြင် ဘာဆုတွေများ ထပ်ရဦးမလဲ၊ နန်းခင်ဇေယျာလို မြန်မာ့ဂုဏ်ဆောင် မယ်တယောက် ဖြစ်လာမလား ဆိုတာကတော့ မြန်မာ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ ဖြစ်နေပါပြီ။
]]>