နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေး တဦးဖြစ်ပြီး သမဝါယမဘဏ် (CB Bank) ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးခင်မောင်အေးနှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှ တောင်သူများအမှုကို သြဂုတ်လ ၂၇ ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ် တရားရုံး၌ စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြင်ဦးလွင်မြို့နယ် သုံးတောင်အုပ်စု ကျင်ဂနိုင်ကျေးရွာမှ မြေသိမ်းခံထားရသည့် တောင်သူ ၁၃ ဦးက ၎င်းတို့၏ မူလ မြေယာများအတွင်း ဝင်ရောက်စိုက်ပျိုးခဲ့ရာ ယင်းမြေကို ဝယ်ယူထားသည့် ဦးခင်မောင်အေးက တောင်သူများအား ပုဒ်မ ၄၄၇ (ကျူးကျော်မှု)၊ ၄၂၇ (အကျိုးဖျက်ဆီးမှု) တို့ဖြင့် ပြင်ဦးလွင် တရားရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။
လက်ရှိတွင် အဆိုပါအမှုအား ရုံးချိန်းပေါင်း ၃၀ ကြားနာခဲ့ပြီး ဖြစ်၍ သြဂုတ်လ ၂၇ ရက်နေ့တွင် ၃၁ ကြိမ်မြောက် ရုံးချိန်းအဖြစ် ကြားနာ စစ်ဆေးမည် ဖြစ်သည်။
“အမှုက စစ်နေတာ၊ တရားလိုဘက်ကို စစ်ပြီးသွားလို့ တရားခံ စစ်တဲ့အဆင့်ရောက်ပါပြီ။ တရားခွင်ကိုတော့ CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးရဲ့ ကိုယ်စားလှယ် ဦးကိုကိုလွင်လာပြီး အစစ်ခံပါတယ်” ဟု အမှုနှင့်ပတ်သတ်၍ ကြီးကြပ် ကူညီပေးနေသည့် မန္တလေးမြို့မှ တရားလွှတ်တော် ရှေ့နေ ဦးမြင့်သွင်က ဧရာဝတီကိုပြောသည်။
ပြင်ဦးလွင်မြို့နယ် ကျင်ဂနိုင်ကျေးရွာရှိ တောင်ယာမြေများကို ၁၉၉၆ ခုနှစ်တွင် လုပ်ငန်းရှင် ဦးသန်းအောင်က ကော်ဖီ စီမံကိန်း အတွက် သိမ်းယူခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် သမ္မတ၏ စီးပွားရေးအကြံပေး ဦးခင်မောင်အေးထံ လွှဲပြောင်း ရောင်းချ ခဲ့ကြောင်း၊ ဦးသန်းအောင် သိမ်းဆည်းစဉ်က ဧက ၉၀ သာ ရှိသော်လည်း ဦးခင်မောင်အေး လွှဲပြောင်း ရယူပြီးနောက် စီမံကိန်း အနီးရှိ ယာမြေများကို တိုးချဲ့သိမ်းယူခဲ့ရာ ဧက ၁၂၀ အထိ အသိမ်းခံခဲ့ရကြောင်း ကျင်ဂနိုင်ကျေးရွာမှ ဒေသခံတောင်သူများက ပြောသည်။
“စသိမ်းတုန်းက ကျနော်တို့ ဒေသခံတောင်သူတွေကို လုံး၀ အကြောင်းကြားခြင်း မရှိဘူးခင်ဗျ။ လျော်ကြေး ပေးခြင်းလည်း မရှိဘူး။ ညှိနှိုင်းခြင်း၊ ဆွေးနွေးခြင်းလည်း မရှိဘူး။ နောက်ပိုင်း ကျနော်တို့ ယာမြေထဲ ဝင်ထွက်သွားလာ နေတော့မှ သူတို့ သိမ်းသွားပြီဆိုတာ သိရတာ။ ကော်ဖီစီမံကိန်းဆိုပြီး ဒီကနေ့အထိ ကော်ဖီတပင်တောင် စိုက်ပျိုးတာမရှိပါဘူး” ဟု ယာမြေ ၇ ဧက သိမ်းဆည်း ခံခဲ့ရသည့် တောင်သူ ဦးဌေးဝင်းက ပြောသည်။
သိမ်းဆည်းမြေများတွင် မည်သည့်အပင်မှ စိုက်ပျိုးခြင်းမရှိသည့် အတွက် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် မူလတောင်သူများက ဝင်ရောက်စိုက်ပျိုးခဲ့ရာ ဦးခင်မောင်အေးက ၎င်းပိုင်မြေဟုဆိုပြီး တောင်သူများကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
တရားရုံးတွင် စစ်ဆေး ပေါ်ပေါက်ချက်အရ တရားစွဲဆိုသူမှာ ဦးခင်မောင်အေး ဖြစ်သော်လည်း မြေစာရင်းဌာနတွင် ဦးသန်းအောင် အမည်ဖြင့်သာ နာမည်ပေါက် နေသည့်အတွက် အမှုမှာ လွဲမှားနေကြောင်း ရှေ့နေ ဦးမြင့်သွင်က ထောက်ပြ ပြောဆိုသည်။
“သူတို့ကတော့ ဦးသန်းအောင် အမည်ပေါက်ပြီး ဦးခင်မောင်အေး လက်ရှိဆိုပြီးတော့ စွဲတာပါ။ တကယ်တမ်း ဥပဒေပုဒ်မ ၄၄၇၊ ၄၂၇ အရ အဲဒီလယ်ယာမြေမှာ စိုက်ပျိုးနေတဲ့ လက်ရှိလူကပဲ စွဲဆိုခွင့်ရှိတာ ဖြစ်တဲ့အတွက် အခုစွဲဆိုထားတဲ့ အမှုဟာ ဥပဒေအရ မှားယွင်းနေပါတယ်။ တောင်သူတွေက သူတို့အပင်တွေကို ဖျက်ဆီးတာ မရှိဘူး။ တောင်သူတွေစိုက်တဲ့ အပင်တွေပဲ ရှိပါတယ်။ တောတွေကိုပဲ တောင်သူတွေက ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးတာဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။
သမ္မတအကြံပေးနှင့် တောင်သူများအမှုကို ပြင်ဦးလွင်မြို့နယ် တွဲဘက် မြို့နယ်တရားသူကြီး ဒေါ်အေးမြင့်က ကိုင်တွယ် စစ်ဆေးနေကြောင်း သိရသည်။
အဆိုပါ ယာမြေများကို ပြန်လည် စိုက်ပျိုးနိုင်ရန် တောင်သူများက ပုံစံ – ၁ (လယ်ယာမြေ လုပ်ပိုင်ခွင့်လျှောက်လွှာ) လျှောက်ထား သော်လည်း သုံးတောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ရွှေက လက်မခံခဲ့ဘဲ ဦးခင်မောင်အေး၏ ပုံစံ – ၁ လျှောက်ထားချက်ကိုသာ လက်ခံ၍ မြို့နယ် မြေစာရင်းဦးစီးဌာနသို့ တင်ပြပေးခဲ့ရာ မြို့နယ်က လုပ်ပိုင်ခွင့် ပြန်ချပေးခဲ့ကြောင်း တရားစွဲခံနေရသည့် ကျင်ဂနိုင်ရွာမှ တောင်သူ ဦးအောင်လင်းက ပြောသည်။
“ကျနော်တို့ သွားလျှောက်တော့ မင်းတို့ဟာက ပြဿနာ တက်နေတဲ့မြေ။ ရှင်းပြီးမှ ဘယ်သူပိုင်တယ်ဆိုတာ ငါတို့ ထုတ်ပေးမယ် အခု လောလောဆယ်တော့ ပုံစံ – ၁ မတင်ပါနဲ့လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပိတ်လိုက်တယ်။ သူ့ကျတော့ လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်တာ လက်ခံတဲ့အပြင် မြို့နယ်က ပြန်ချပေးလိုက်တယ်” ဟု သူက ဆိုသည်။
ဦးခင်မောင်အေး၏ ကိုယ်စားလှယ်ဖြစ်သူ ဦးကိုကိုလွင် လက်မှတ်ထိုး လျှောက်ထားသည့် လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်လွှာတွင် ၎င်းနေထိုင်သည့် ရန်ကုန်မြို့ နေရပ်လိပ်စာ၊ မှတ်ပုံတင်အမှတ်နှင့် အလုပ်အကိုင်နေရာ၌ လုပ်ငန်းရှင်ဟု ဖြည့်စွက်ထားပြီး မိသားစုဝင်များနေရာ၌ ဇနီးနှင့် သား ၃ ဦးတို့၏ အမည်များကိုပါ ဖော်ပြထားသည်။
လျှောက်ထားသည့် မြေမှာ ကွင်းအမှတ် ၆၅၃ (က)၊ ဦးပိုင်အမှတ် (၁၂/၁၉) ဖြစ်ပြီး လျှောက်ထားသည့်ဧက ၁၂၀ ဟု ရေးသားထားကာ ၁၉၉၇ ခုနှစ်က စတင်လုပ်ကိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
ဦးခင်မောင်အေးမှာ ယခင် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ မိသားစုနှင့် ခင်မင်ရင်းနှီးသူ တဦးဖြစ်ပြီး သစ်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ပဲရောင်းဝယ်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်းနှင့် မြေကွက် အရောင်းအဝယ်လုပ်ငန်းများဖြင့် ကြွယ်၀ ချမ်းသာလာသူ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ထို့ပြင် CB ဘဏ်တွင် ရှယ်ယာအများဆုံး ထည့်ဝင်ထားသူ တဦးလည်းဖြစ်ပြီး ၎င်းဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် CB ဘဏ်မှာ မြန်မာတနိုင်ငံလုံးတွင် ဘဏ်ခွဲပေါင်း ၅၂ ခု ဖွင့်လှစ် လည်ပတ် နေသည့် ကြီးမားသော စီးပွားရေးလုပ်ငန်းကြီးတခု ဖြစ်သည်။
]]>
သမ္မတလုပ်ရတဲ့ ဒုက္ခ https://burma.irrawaddy.com/cartoon/2013/08/02/45516.html Fri, 02 Aug 2013 07:47:24 +0000 https://burma.irrawaddy.com/lytbox/?p=45516 သမ္မတလုပ်ရတဲ့ ဒုက္ခ]]> သမ္မတလုပ်ရတဲ့ ဒုက္ခ]]> ဦးရွှေမန်း ဘာကြောင့် ကာလုံ အစည်းအဝေး ခေါ်တာလဲ https://burma.irrawaddy.com/news/2013/07/01/43410.html https://burma.irrawaddy.com/news/2013/07/01/43410.html#comments Mon, 01 Jul 2013 09:12:02 +0000 https://burma.irrawaddy.com/lytbox/?p=43410 သူရဦရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေးအင်အားစုက တဖက်၊ သမ္မတဦးသိန်းစိန်နဲ့ တတိယ အင်အားစု လို့ ခေါ်တဲ့ နိုင်ငံရေးအင်အားစုတွေက တဖက် ပြိုင်ဆိုင်နေတဲ့ပုံစံရှိတယ်]]>
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဇွန်လ ၂၅ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေး ခေါ်ယူဖို့  သမ္မတ ဦးသိန်းစိန် ထံကို သဝဏ်လွှာပေးပို့ တောင်းဆို လိုက်တာကြောင့် မကျင်းပဖြစ်တာ ကြာပြီဖြစ်တဲ့ အစည်းအဝေး ဒီနေ့ မနက် ကျင်းပတယ်လို့ ယူဆရပါတယ်။
ဒီနေ့ထုတ် The Voice နေ့စဉ်သတင်းစာရဲ့ မျက်နှာဖုံးသတင်းကလည်း ကာလုံအစည်းအဝေး ဒီနေ့လုပ်မယ်လို့ ရေးထားတာကြောင့် ဒု-သမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးက အနားယူတဲ့အချိန်မှာ နောက်ဆုံးလုပ်ခဲ့တယ်လို့ ယူဆနိုင်တဲ့ သမ္မတ၊ ဒု-သမ္မတများ၊ လွှတ်တော်ဥက္ကဌများ၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်များ ပါဝင်ကြရတဲ့ ဒီလို ထိပ်တန်းအဖွဲ့ကြီးရဲ့ အစည်းအဝေး ဘာကြောင့် အရေးတကြီး ခေါ်ပြီး ဘာတွေ ဆွေးနွေးမယ်ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
အခုအစည်းအဝေးကို လူသိရှင်ကြား ခေါ်ဆိုသူက ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းပါ။  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတွေရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ လုပ်ငန်းစဉ်တွေမှာ မအောင်မြင်တာတွေရှိနေတဲ့အတွက် ကာလုံအစည်းအဝေး ခေါ်ယူလုပ်ဆောင်ရင်  ပိုကောင်းတယ် ဆိုပြီး သူရဦးရွှေမန်းက ဇွန်လ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တရားဝင် ထုတ်ဖော်ပြောဆိုပါတယ်။
ပြည်သူတွေကို ကိုယ်စားပြုဖွဲ့စည်းထားတဲ့ လွှတ်တော်ရေးရာကော်မတီတွေ၊ ကော်မရှင်တွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်မှ ငြိမ်းချမ်းရေးအတွက် အခက်အခဲ တွေ ကျော်လွှားနိုင်မှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးက တပ်မတော်သားတွေအပါအဝင် အားလုံးနဲ့ သက်ဆိုင်နေကြောင်း ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သူရဦးရွှေမန်းက ပြောဆိုသွားတယ်။
“လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ တရားဥပဒေ စိုးမိုးရေး တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ ဥပဒေရေးရာနှင့်တရားရေး ကော်မတီ၊ ပြည်သူ့စီမံခန့်ခွဲရေးကော်မတီတို့ရဲ့ပါဝင်မှု၊ စောင့်ကြည့်မှု၊ ကူညီမှုများလည်းလိုတယ်။ အဲဒါတွေ မပါဘဲနဲ့ ခက်ခဲတယ်။ ဘာကြောင့် ဒီအဖွဲ့တွေ ပါဖို့လိုသလဲဆိုတော့ ဒီအဖွဲ့တွေသည် ပြည်သူ့ကိုယ်စားလှယ် များနဲ့ ဖွဲ့စည်းထားတယ်။ တိုင်းရင်းသားကိုယ်စားလှယ်များ နဲ့ ဖွဲ့စည်းထားတယ်။ ဒါ့ကြောင့်မို့ သူတို့ပါရင် ပိုအားရှိတယ်။ ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့နိုင်ငံသား အားလုံးလိုတယ်၊ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်အားလုံးလိုတယ်။ အဲဒီအတိုင်းပဲ တပ်မတော်သားတွေ အားလုံးလိုတယ်” လို့ သူရဦးရွှေမန်းက ဇွန်လ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ   သူ ဘာကြောင့် ကာလုံ အစည်း အဝေး ခေါ်ယူဖို့ သမ္မတဆီ သဝဏ်လွှာ ပေးပို့ရသလဲ ဆိုတာကို ရှင်းပြတယ်။
လတ်တလော ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ လုပ်ငန်း ဖော်ဆောင်ရေးကော်မတီက အဓိက ဦးစီးဆောင်ရွက်နေတာဖြစ်ပြီး ဇူလိုင်လအတွင်းမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ငြိမ်းချမ်းရေး ညီလာခံတခုကို နေပြည်တော်မှာ ကျင်းပပြုလုပ်ဖို့ရည်ရွယ်ထားလို့ နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုပြီးဖြစ်ပါတယ်။
သူရဦးရွှေမန်း ကာလုံအစည်းအဝေး ခေါ်ယူခိုင်းတဲ့သတင်းကြောင့် နိုင်ငံရေး အသိုင်းအဝိုင်း နဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ကြားမှာ ရိုက်ခတ်မှု အတော်ကြီးသွားပါတယ်။
ဒီကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၁ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော် အရေးပေါ်အခြေအနေ၊ စစ်အုပ်ချုပ်ရေး အမိန့်တွေ ထုတ်ပြန်နိုင်တဲ့ အမြင့်ဆုံးသော အာဏာရှိတဲ့ အဖွဲ့အစည်း တခုလို့ ဆိုရင်လည်း မမှားပါဘူး။ ဒီကောင်စီရဲ့ လုပ်ပိုင်ခွင့်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေအရ  များပြားလှပြီး တန်ခိုး အာဏာ ထက်မြက်လှပါတယ်။
သူရဦးရွှေမန်းက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူခိုင်းတဲ့ သတင်းကြောင့် သမ္မတဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းကြားမှာ နိုင်ငံရေးအရ အာဏာပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတဲ့အခြေအနေ ရှိတယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
ငြိမ်းချမ်းရေး အကြောင်းပြချက် ခေါ်ယူခိုင်းတဲ့ ကာလုံ အစည်းအဝေးရဲ့ နောက်ကွယ်မှာ ဘယ်လို အာဏာလွန်ဆွဲပွဲတွေ ရှိနေ မလဲလို့ နိုင်ငံရေးအသိုင်းအဝိုင်းက စိတ်ဝင်စားနေကြပါတယ်။
ကာလုံအဖွဲ့ဝင်တဦးကလည်း အစည်းအဝေးလုပ်တိုင်း အစိုးရက တင်ပြပြောဆိုချက်ကို နားထောင်နေရတာချည်းပဲလို့ ဧရာဝတီကို ပြောဖူးပါတယ်။
လက်ရှိ အခြေအနေမှာ အစိုးရနဲ့ လွှတ်တော်ကြားမှာ သိသာထင်သာတဲ့ အကွဲအပြဲတွေ တောက်လျှောက် ဖြစ်ထွန်းလာဖို့ ရှိတယ်လို့ သုံးသပ်မှုတွေလည်းရှိနေ ပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်တဲ့ ကိစ္စ လွှတ်တော်နဲ့ အစိုးရအကြားမှာ ထင်သာမြင်သာဖြစ်ပေါ်ခဲ့တဲ့ သဘောထားကွဲလွဲမှုတခုလို့ နိုင်ငံရေးသမားတချို့ ကသုံးသပ်ပါတယ်။
ကာလုံအစည်းအဝေးကို ငြိမ်းချမ်းရေး မအောင်မြင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေါ်ယူခိုင်းတာက ခိုင်လုံတဲ့ အကြောင်းပြချက်မဟုတ်ဘူးလို့ သုံးသပ်မှုတွေရှိနေပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဗဟိုကော်မတီ၊ ဦးအောင်မင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းထားပြီး အဲဒီကော်မတီတွေမှာ တပ်မတော်က ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းပါ ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။
တကယ်တန်း ငြိမ်းချမ်းရေးအတွက်ဆိုရင် ငြိမ်းချမ်းရေး ဗဟိုကော်မတီ အထူးအစည်းအဝေး ခေါ်ယူလိုက်ရင် ပြီးစီးနိုင်တဲ့ အခြေအနေ ရှိတယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းတွေနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
တချို့ နိုင်ငံရေးသုံးသပ်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော် ကိုယ်စားပြု ကော်မတီတွေက တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သူတို့ ကိုယ်တိုင် ပါဝင်ဖို့ ဆန္ဒပြင်းပြ နေတာမို့ အဲဒီဆန္ဒ တွေ အကောင်အထည်ဖော်ဖို့ ကာလုံအစည်းအဝေး ခေါ်ယူတာလည်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးသမားအများစု သဘောတူတာကတော့ သူရဦးရွှေမန်းနဲ့ သမ္မတဦးသိန်းစိန်အကြား အာဏာပြိုင်ဆိုင်မှုက သေချာပေါက်ရှိနေပြီဆိုတာကိုတော့ အားလုံးက လက်ခံကြတယ်။
သမ္မတဦးသိန်းစိန် အစိုးရမှာပါဝင်နေတဲ့ အစိုးရဝန်ကြီးတွေ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ဘက်က အမြင်မကြည်လင်မှုတွေ ရှိနိုင်တယ်လို့ နိုင်ငံရေးသမားတွေက သုံးသပ်ကြပါတယ်။
နေပြည်တော်မှာ ဇွန်လ ၂၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲ တခုပြုလုပ်ခဲ့ပြီး သမ္မတဦးသိန်းစိန်၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေး ဦးခင်ရီ အပါအဝင် အစိုးရထိပ်တန်းခေါင်းဆောင် ၅ ဦးက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ တရားဝင်နုတ်ထွက်လိုက်ပြီလို့ ဦးစိုးသိန်းက တရားဝင်ပြောဆိုလိုက်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ကြံ့ခိုင်ရေးပါတီကနေ နုတ်ထွက်ကြတာဖြစ်လို့ ဦးစိုးသိန်းက ပြောဆိုလိုက်ပေမယ့် သမ္မတဦးသိန်းစိန် ကို ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ အဖြစ်ကနေ ဖယ်ရှားပြီး သူရဦးရွှေမန်း ပါတီဥက္ကဋ္ဌ ရာထူးရယူလိုက်ချိန် ကတည်းက  သူရဦးရွှေမန်းနဲ့ ဦးသိန်းစိန်အကြား တရားဝင် အာဏာ လွန်ဆွဲပွဲ စတင်လိုက်တာဖြစ်လို့ ဆိုကြပါတယ်။
“အရင်တုန်းကတော့ အာဏာလုပွဲက ဘာမှ သိပ်ပြီး မသိသာဘူး။ ဒါပေမယ့် ၂၀၁၂ ကြံ့ခိုင်ရေးပြည်လုံးကျွတ် ညီလာခံက သမ္မတဦးသိန်းစိန်ကို ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအဖြစ် တင်မြှောက်ထားတာကို သူရဦးရွှေမန်းက ဖယ်ရှားပြီး ဥက္ကဋ္ဌ ရာထူး ယူလိုက်ကတည်းက သူတို့ ၂ဦးကြား အာဏာလွန်ဆွဲပွဲ တရားဝင် စတင်လိုက်ဆိုတာ အချက်ပေး ခေါင်းလောင်းသံ ထိုးလိုက်တာပဲ” လို့ နိုင်ငံရေးသုံးသပ်သူ တဦးက ဆိုပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လတ်တလော သူရဦးရွှေမန်းနဲ့ အတော်ကို အဆင်ပြေနေပုံရှိတဲ့အပြင် သမ္မတဦးသိန်းစိန် ရဲ့ ပြုပြင်ပြောင်းလဲရေး အလုပ်မဖြစ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက် တာမို့ သူရဦရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေးအင်အားစုက တဖက်၊ သမ္မတဦးသိန်းစိန်နဲ့ တတိယအင်အားစု လို့ ခေါ်တဲ့ နိုင်ငံရေးအင်အားစုတွေက တဖက် ပြိုင်ဆိုင်နေတဲ့ပုံစံရှိတယ်လို့ တချို့ နိုင်ငံရေးသမား တွေက သုံးသပ်ပါတယ်။
ကြံ့ခိုင်ရေးပါတီတွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို လက်မခံနိုင်တဲ့ သဘောထား တင်းမာသူ တွေရှိနေတာမို့ ပါတီတွင်း အုပ်စုဖွဲ့ ကွဲလွဲမှုတွေရှိနေတယ်လို့ နိုင်ငံလေ့လာဆန်းစစ်သူတွေက ဆိုပါတယ်။
၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာတဲ့အမျှ နိုင်ငံရေးအင်အား ပြိုင်ဆိုင်မှုတွေ၊ လွန်ဆွဲပွဲတွေ ဆက်တိုက်ဖြစ်လာနိုင်တာမို့ နိုင်ငံရေးမတည်မငြိမ်ဖြစ်လာနိုင်ခြေရှိတယ်လို့ သုံးသပ်သူတွေလည်းရှိပါတယ်။ နိုင်ငံရေးမတည်မငြိမ်ဖြစ်ရင်တော့ ၂၀၁၅ ရွေးကောက်ပွဲဖြစ်လာဖို့ ခဲယဉ်းနိုင်ပြီး တပ်မတော်ရဲ့ အခန်းကဏ္ဍလည်း အရေးပါနေဦးမယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။
၂၀၁၃ ခုနှစ်အတွင်းမှာ သူရဦးရွှေမန်းအနေနဲ့ ပြည်ထောင်စုလွှတ်တော်အကြီးအကဲ နာယက ရာထူးကိုလည်း ရယူတော့မှာမို့ အစိုးရနဲ့ လွှတ်တော်အကြား ပြိုင်ဆိုင်မှုတွေ အရှိန်မြှင့်တက်လာနိုင်ခြေရှိနေပါတယ်။
လတ်တလော နေပြည်တော်မှာ ဒီနေ့ ဇူလိုင် ၁ ရက်နေ့ ကာလုံအစည်းအဝေး ခေါ်ယူကျင်းပနေတယ်လို့ ပြည်တွင်းထုတ် The Voice သတင်းစာက သတင်းရေးသားဖော်ပြထားပေမယ့် ကာလုံအစည်းအဝေး အခြေအနေတွေကို သတင်းစုံစမ်းလို့ မရသေးပါဘူး။
ကာလုံအစည်းအဝေးက ထွက်ပေါ်လာမယ့် ရလာဒ်တွေက မြန်မာနိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေအတွက် သက်ရောက်မှု ကြီးမားလိမ့်မယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။
]]>
https://burma.irrawaddy.com/news/2013/07/01/43410.html/feed 9
ဦးရွှေမန်းလည်း သမ္မတ ဖြစ်ချင် https://burma.irrawaddy.com/news/2013/06/10/41760.html https://burma.irrawaddy.com/news/2013/06/10/41760.html#comments Mon, 10 Jun 2013 08:19:58 +0000 https://burma.irrawaddy.com/lytbox/?p=41760 ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက သမ္မတရာထူးကို ၂၀၁၅ ခုနှစ်တွင် ဆက်ခံရန် စိတ်ဝင်စားကြောင်း ပြီးခဲ့သည့် နေပြည်တော် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ဧရာဝတီသို့ ပြောဆိုခဲ့ခြင်းကို ဗီအိုအေ သတင်းဌာနနှင့် တွေ့ဆုံရာတွင်လည်း ထပ်မံ အတည်ပြုပြောဆိုသည်။]]>
မြန်မာနိုင်ငံ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက သမ္မတရာထူးကို ၂၀၁၅ ခုနှစ်တွင် ဆက်ခံရန် စိတ်ဝင်စားကြောင်း ပြီးခဲ့သည့် သောကြာနေ့က နေပြည်တော် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ဧရာဝတီသို့ ပြောဆိုခဲ့ခြင်းကို ယမန်နေ့ ဝါရှင်တန်မြို့ ဗီအိုအေ သတင်းဌာနနှင့် တွေ့ဆုံရာတွင်လည်း ထပ်မံ အတည်ပြုပြောဆိုသည်။
“ဟုတ်ကဲ့၊ ကျနော် ဖြစ်ချင်ပါတယ်” ဟု သမ္မတရာထူးနှင့် ပတ်သက်၍ ဧရာဝတီသတင်းထောက်က မေးမြန်းစဉ် သူရဦးရွှေမန်းက ပြောခဲ့သည်။ သို့သော်  သမ္မတဖြစ်ဖို့ စိတ်ဆန္ဒ ရှိသူသည် မဲဆန္ဒရှင်များ၏ ထောက်ခံမှု အပြင် ကိုယ်စားပြုပါတီ၏ ထောက်ခံမှုလည်း ရရှိရန် လိုအပ်သည်ဟု လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌလည်း ဖြစ်သည့် သူရဦးရွှေမန်း က ဆိုသည်။
“ဒါက ကျနော်တို့ ပါတီနဲ့ ကျနော်တို့ပြည်သူတွေအပေါ်မှာ အဓိကမူတည်ပါတယ်” ဟု သူ၏ သမ္မတရာထူးမျှော်လင့်ချက် နှင့် ပတ်သက်၍ ရည်ညွှန်းပြောဆိုလိုက်သည်။
ယခုအခါ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေပြီး  ဗီအိုအေနဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ဦးရွှေမန်းက သမ္မတရာထူး တာဝန်ယူဖို့ ဆန္ဒရှိကြောင်း ထပ်မံအတည်ပြုပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာစေရေး အကန့်အသတ်များ ရှိနေသော ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ အချက်အလက်များအား ပြင်ဆင်ရေး အများက သဘောတူမည်ဆိုလျှင် သူ့အနေဖြင့် ကန့်ကွက်ရန် မရှိဟု ဦးရွှေမန်းက ပြောဆိုသည်။
အတိုက်အခံခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတရာထူးကို လိုချင်ကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ထပ်မံအတည်ပြုပြောကြားခဲ့သည့် အတွက် နောက်လာမည့် သမ္မတ သည် သူရ ဦးရွှေမန်း သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်ဖြစ်လိမ့်မည်ဟု ယူဆရန် အကြောင်းတွေ များလာသည်။
မြန်မာနိုင်ငံ၏ သမ္မတကို လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်ခြင်းဖြစ်သည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲတွင် မည်သည့်ပါတီက အနိုင်ရမည်ဆိုသည်က အရေးပါလာသည်။
သို့သော်လည်း သူရဦးရွှေမန်း နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး တပါတီထဲဖြစ်သော လက်ရှိသမ္မတ ဦးသိန်းစိန် ကလည်း ပြိုင်ပွဲတွင် အကျုံးဝင်နေသေးသည်။ ဦးသိန်းစိန်အနေဖြင့် ကနဦး အစောပိုင်းက သက်တမ်းတကြိမ်သာ တာဝန်ယူမည်ဟု ပြောခဲ့သော်လည်း အမေရိကန်ခရီးစဉ်အတွင်း အများက တောင်းဆိုပါက ထပ်မံလုပ်ဆောင်မည်ဟု စကားဦးသန်းဖူးသည်။ သို့သော် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ နေရာကို ဖယ်ပေးထားပြီး ဖြစ်ရာ ဦးသိန်းစိန်အနေအထားမှာ မှန်းရခက်ကြီး ဖြစ်နေသည်။
သူရ ဦးရွှေမန်း နှင့် ဦးသိန်းစိန်သည် ယခင်က အဆင့်မြင့် စစ်ဗိုလ်ချုပ်ကြီးများ ဖြစ်ခဲ့ကြသော်လည်း စစ်အစိုးရ ခေတ်တွင် ကြည်း၊ ရေ၊ လေ ပေါင်းစပ် ညှိနှိုင်းကွပ်ကဲရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည့် သူရဦးရွှေမန်းက ဝန်ကြီးချုပ်တာဝန်ယူခဲ့သော ဦးသိန်းစိန် ထက် ရာထူးမြင့်ပြီး၊ ၂၀၁၀ အထိ စစ်အာဏာရှင်အဖြစ် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ၎င်း၏ လက်ထောက် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး တို့နှင့် အတူ စစ်အစိုးရ၏ ထိပ်သီးခေါင်းဆောင် သုံးယောက် စာရင်းဝင်ခဲ့သူလည်းဖြစ်သည်။
ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင် အများလှောင်ပြောင်ချင်စရာ အနိုင်ရမှုမျိုးနှင့် အကြီးအကျယ် အနိုင်ရရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ်ရွေးကောက် ပွဲတွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နောက် ဒုတိယ အလားအလာ အကောင်းဆုံးပါတီ အနေဖြင့်သာ ဝင်ရောက်ရမည့် အနေအထားဖြစ်သည်။ ၂၀၁၂ ခုနှစ် ဧပြီလတွင်ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မဲဆန္ဒနယ် ၄၄ ခု တွင် ဝင်ရောက်ယှဉ်ပြိုင်ရာ တနေရာသာ ရှုံးနိမ့်ခဲ့သည်။ ကြိုတင်ပြောဆိုနေမှုများအတိုင်း ၂၀၁၅ ရွေးကောက်ပွဲသည် လွတ် လပ်ပြီးတရားမျှတမည်ဆိုပါက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အကြီးအကျယ် အောင်ပွဲခံဖွယ်ရှိနေသည်။
သို့သော်လည်း လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးသည် ဗြိတိန်နိုင်ငံသားများဖြစ်နေသည့် အတွက် သမ္မတဖြစ်မလာနိုင်ပေ။ ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန် ထမ်းဆောင်နိုင်ရန်အတွက် တိုင်းပြည်၏ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တွန်း အားပေးလုပ်ဆောင်နေသည်။
မတ်လ ၁၅ ရက်နေ့က အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ကော်မရှင်တရပ်ဖွဲ့စည်းရန် ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက အဆိုတင်သွင်းခဲ့ကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေအနေကို စစ်အစိုးရက အငြင်းပွားဖွယ် အခြေအနေများ အောက်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ကျင်းပကာ အတည်ပြုပြဌာန်းခဲ့ခြင်း ဖြစ်သည်။ ၎င်းဆန္ဒ ခံယူပွဲ ကျင်းပစဉ်အခါက ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသတွင် နာဂစ် မုန်တိုင်း၏ ဒဏ်ကို ပြင်းထန်စွာ ခံစား နေရချိန်ဖြစ်သည်။ နာဂစ်မုန်တိုင်းကြောင့် လူ ၁၄၀၀၀၀ ခန့် သေဆုံးခဲ့ပြီး လူသုံးသန်း ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်က ကြာသပတေးနေ့တွင် ပြောကြားခဲ့ရာ၌ အခြေခံဥပဒေကို ပြင်ဆင်သည်ဆိုရာတွင် သူ သမ္မတ ရာထူး ရယူနိုင်ရေးတခုထဲ အတွက်သာ ဦးတည်မည်မဟုတ်ဘဲ စစ်အုပ်ချုပ်ရေးမှ ပါလီမန်ဒီမိုကရေစီ စံနစ်သို့ အသွင်ကူး ပြောင်းရေးတွင် အနှောက်အယှက် အဟန့်အတားတခုသဖွယ်ဖြစ်နေသည့် လွှတ်တော်တွင် စစ်တပ်က ၂၅ ရာခိုင်နှုံးနေရာ ယူထားခြင်းကိုလည်း ဖယ်ရှားနိုင်ရန်ဖြစ်သည် ဟုဆိုသည်။
ဥပဒေပြု လွှတ်တော်အတွင်း စစ်တပ်၏ အခန်းကဏ္ဍ လျှော့ချနိုင်ရေး ကြာသပတေးနေ့က နေပြည်တော် ကမ္ဘာ့ စီးပွားရေးဖိုရမ် ဆွေးနွေးဝိုင်းတွင် မေးမြန်းခဲ့ရာ၌ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက သမ္မတရာထူးနေရာနှင့် ပတ်သက်၍ ဖြေကြားခဲ့သည်နှင့် ထပ်တူဖြေခဲ့သည်။ “ပြောင်းလဲရေးလုပ်တဲ့နေရာမှာ ပြည်သူတွေရဲ့ဆန္ဒက အရေး အကြီးဆုံး ဖြစ်ပါတယ်” ဟု သူရဦးရွှေမန်းက  ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၏ ရည်ရွယ်ချက်တခုသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ရာထူး ရယူနိုင်ရေး အတွက် ဖြစ်သည်ဟု ဆိုသော်ငြား မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီငယ် အချို့က လိုလားသော အခြေခံဥပဒေ ပြင်ဆင် ရေးက တော့ ဒေါ်အောင်ဆန်းစုကြည်၏ မျှော်လင့်ချက်များကို လျော့ပါးစေနိုင်သည်။
တချိန်က စစ်တပ်ကျောထောက်နောက်ခံ ပါတီဖြစ်ခဲ့ဖူးသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အပါအဝင် ပါတီငယ် အတော်များများက ရွေးကောက်ပွဲစံနစ်ကို တမဲသာသူ အနိုင်ယူနိုင်သည့် စံနစ်အစား အချိုးကျရွေးချယ်သည့် စံနစ်ကို ပြောင်းလဲစေချင်ကြသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ အချိုးကျရွေးချယ်သည့် စံနစ်ကို ဆန့်ကျင်ကန့်ကွက် ထားသည်။ ပါတီငယ်များက လက်ရှိရွေးကောက်ပွဲစနစ် ကြောင့် ၂၀၁၅ တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အကြီး အကျယ်အနိုင်ရရှိသွားလိမ့်မည်ဟု ယူဆထားကြသည်။ အချိုးကျ ပါဝင်သည့်စံနစ်ကို ကျင့်သုံးပါက ပါတီငယ်များ လည်း လွှတ်တော်တွင်ပါဝင်ခွင့်ရလာနိုင်ပြီး မြန်မာနိုင်ငံတွင် ညွှန့်ပေါင်းအစိုးရတခု ပေါ်ပေါက်လာရန် အလားအလာများ ရှိနေသည်။
ဖိုရမ်တွင် ဆွေးနွေးလိုပါက – သမ္မတသစ် ဘယ်သူဖြစ်မလဲ
]]>
https://burma.irrawaddy.com/news/2013/06/10/41760.html/feed 8
မြန်မာ့လွှတ်တော်များတွင် တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းသည် လတ်တလောတွင် ရှိသင့်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။
နှစ်ပေါင်း ၅၀ အတွင်း မြန်မာခေါင်းဆောင်တဦး၏ ပထမဆုံး တရားဝင်ခရီးအဖြစ် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်က မေလ ၁၉ ရက်နေ့က ဝါရှင်တန်ရှိ ဗီအိုအေ သတင်းဌာနတွင် ပြုလုပ်သည့် နယ်ပယ်စုံမှ မြန်မာ အသိုင်းအဝိုင်းများနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထိုကဲ့သို့ ပြောကြားသွားခြင်း ဖြစ်သည်။
“တပ်မတော်က နိုင်ငံရေးနဲ့ ကင်းကွာလို့တော့ မရပါဘူး။ အစဉ်အလာ ရှိခဲ့ပါတယ်။ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ တိုင်းပြည်မှာ အခက်အခဲတွေ အကြပ်အတည်းတွေ တွေ့တိုင်း၊ တွေ့တိုင်း တပ်မတော်ကနေ ဝင်ရောက်ပြီး ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ ၂၅ ရာခိုင်နှုန်း ဆိုတာက လွှတ်တော်ထဲမှာ လောလောဆယ်မှာတော့ ရှိသင့်ရှိထိုက်တယ်။ သို့သော်လည်းပဲ တဖြည်းဖြည်း ဒါတွေဟာ ကျနော်တို့ လျော့ပါးလာမယ်၊ နည်းပါးလာမယ်၊ ဒီလိုပဲ မြင်မိပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ဗီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်း၏ မေးခွန်းအပေါ် ဖြေကြားသွားသည်။
သို့သော် ဒီမိုကရေစီ ရင့်ကျက်လာသည့်နှင့်အမျှ လွှတ်တော်တွင် တပ်မတော် ပါဝင်မှု လျော့နည်းလာမည်ဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် စွပ်စွဲ ပြောကြားသကဲ့သို့ လူတစုအတွက် မဟုတ်ကြောင်း၊ လူအများ ထောက်ခံ တည်ပြုထားခြင်းဖြစ်ကြောင်း၊ သို့သော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း လုပ်ထုံးလုပ်နည်းအရ ပြင်ဆင်နိုင်ကြောင်းလည်း ဦးသိန်းစိန်က ပရိသတ်တဦး၏ မေးခွန်းအပေါ် တုံ့ပြန်ဖြေဆိုခဲ့သည်။
“ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာ သော့ခတ်ထားတဲ့ သံမဏိမျိုး မဟုတ်ပါဘူး။ သူ့မှာ ပြင်ဆင်နိုင်တဲ့ Amendment (ပြင်ဆင်ဖြည့်စွက်ချက်အခန်း) ပါ ပြီးသားဖြစ်ပါတယ်။ အဲတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မယ် ဆိုရင် ဒီ Amendment သူ့မှာ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ ဒီလုပ်ထုံးလုပ်နည်းတွေအတိုင်း ကျနော်တို့ ပြင်ဆင်လို့ ရပါတယ်” ဟု သူက ဆိုသည်။
သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံကို ဒီမိုကရေစီ ဖော်ဆောင်နေချိန်၌ အမေရိကန်ပြည်ထောင်စုသို့ လာရောက်ရခြင်းတွင် မြန်မာနိုင်ငံအား အမေရိကန် ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုကိစ္စလည်း ပါဝင်ကြောင်း ဦးသန်းလွင်ထွန်း၏ မေးခွန်းအပေါ် တုံ့ပြန်ဖြေကြားသည်။
“ကျနော်တို့ ဒီမိုကရေစီကို လိုလားတယ်။ ခုနကလို ဒီမိုကရေစီစနစ် ရှေ့ကိုဆက်ပြီးတော့ ရှင်သန်ဖွံ့ဖြိုးစေချင်တယ် ဆိုရင် ဒါ ဒီမိုကရေစီနဲ့ နိုင်ငံရေး၊ ဒီမိုကရေစီနဲ့ စီးပွားရေးဟာလည်း တခုနဲ့တခုဟာ ကွင်းဆက်လို ဖြစ်နေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒါကို စာနာထောက်ထားသင့်တယ်။ ဒါတွေ အခက်အခဲ အတားအဆီးတွေကို ဖယ်ရှားပေးသင့်တယ် ဆိုတဲ့ ဒါလေးကိုတော့ ကျနော် ပြောမယ်” ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။
အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားနှင့် အိမ်ဖြူတော်၌ တွေ့ဆုံသည့်အခါ အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပညာရေး၊ ကျန်းမာရေး၊ နည်းပညာကဏ္ဍများတွင် အမေရိကန် အကူအညီများရရေး အစရှိသည့် အကြောင်းများလည်း ပါဝင်ကြောင်းလည်း သိရသည်။
“ကျနော်တို့ရဲ့ ရှေ့အလားအလာတွေ ဒါတွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန်နိုင်ငံအနေနဲ့ အဖက်ဖက်ကနေပြီးတော့ ကျနော်တို့ နိုင်ငံအပေါ် နားလည်မှု ရှိဖို့၊ တချို့အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ့်ဟာတွေကို ဖြေရှင်း ပေးနိုင်ဖို့ ဆိုတဲ့ ဒီလို ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ ဒါ သမ္မတကြီး (အိုဘားမား) နဲ့တွေ့ဖို့ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
မြောက်ကိုရီးယားနှင့် ဆက်ဆံရေးနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်က “မြောက်ကိုရီးယားကို ကျနော်တို့ ဆက်ဆံရတာတွေ ရှိပါတယ်။ ဟိုတုန်းက ကျနော်တို့ကို အကုန် ပိတ်ဆို့ထားတဲ့ အခါမှာ ကျနော်တို့လည်း ကိုယ့်နိုင်ငံကို ကာကွယ်ဖို့အတွက်၊ ကိုယ့်ကို ကူညီနိုင်မယ့် နိုင်ငံကို ရှာရတာပါ။ သံတမန် ဆက်သွယ်မှုတော့ ရှိခဲ့တယ်။ ဒီဘက်ပိုင်းမှာတော့ ကျနော်တို့ အစိုးရ တက်လာတဲ့အခါမှာ စစ်ရေးအားဖြင့် ဆက်သွယ်မှုတွေ လုံးဝမရှိပါဘူး” ဟု ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်သည့် သံသယကြောင့် အမေရိကန်အနေဖြင့် မြန်မာကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု လုံး၀ ဖယ်ရှားပေးရေးတွင် စောင့်ကြည့်ဦးမည်ဟု ယူဆကြောင်းလည်း သူက ဆက်ပြောသည်။
မြန်မာနိုင်ငံသည် သဘာ၀ သယံဇာ ပေါကြွယ်ဝ၍ ရင်းနှီးမြှုပ်နှံလိုသူများလည်း ရှိကြောင်း၊ သို့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ခက်ခက်ခဲခဲ ရေးဆွဲ ပြဌာန်းထားကြောင်း သမ္မတ ဦးသိန်းစိန်က ဆိုသည်။
သမ္မတ ဦးသိန်းစိန်က မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် ပြည်သူ့ဆန္ဒအပေါ် မူတည်ပြီး နိုင်ငံရေးတွင် အားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ရေးကို ဖော်ဆောင်ပါမည်ဟုလည်း ထပ်လောင်း ကတိပေးစကား ပြောကြားသည်။
“နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲမှုတွေလည်း ပြည်သူလူထုရဲ့ ဒီဆန္ဒတွေအပေါ် မူတည်ပြီးတော့ နိုင်ငံရေး တည်ငြိမ်အောင်၊ ကျနော်တို့ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ အားလုံး ပါဝင်နိုင်အောင်၊ ဒါတွေ ကျနော်တို့ လုပ်ပေးမှာပါ။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ ပြုပေးတာက အစပေါ့” ဟု သူက ဆိုသည်။
နိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်ကာလ လက်နက်ကိုင် ပဋိပက္ခများအပေါ် ပြည်သူများက ငြီးငွေ့နေပြီဖြစ်ပြီး တိုင်းပြည်ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များကိုလည်း ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်းလည်း ကတိပေးခဲ့သည်။
ထို့အပြင် သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီသက်တမ်း နုနယ်နေသေးချိန်ဖြစ်၍ လက်ပံတောင်းကိစ္စတွင် ဖြစ်ပေါ်ခဲ့မှုသည် မမျှော်လင့်ဘဲ ဖြစ်သွားခဲ့ရကြောင်း၊ ဆန္ဒဖော်ထုတ်ခွင့်များလည်း ရှိပြီး တချို့ကိစ္စများတွင် အရေးယူရသည်လည်း ရှိသည်ဟု ဆိုသည်။
မကြာသေးမီက မတည်ငြိမ်မှု၊ ရခိုင်ပြည်နယ်မျ အကြမ်းဖက် တိုက်ခိုက်မှုများသည် သာမန် အခြေအနေမျိုးမှ ကြီးထွားလာခြင်း မဟုတ်ကြောင်း၊ အဓိကရုဏ်း ဖြစ်စဉ်များတွင် ဥပဒေ ချိုးဖောက်သူများကိုလည်း အရေးယူမှု ရှိကြောင်း၊ အဆိုပါကိစ္စ အစီရင်ခံစာ ထုတ်ပြန်ပြီးဖြစ်ကြောင်း ဒေါက်တာ ကျော်ရင်လှိုင်ကလည်း သမ္မတ ကိုယ်စား မေးမြန်းမှုကို ဖြေဆိုသည်။
သမ္မတ ဦးသိန်းစိန်သည် ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးတွင် မြန်မာမိသားစုများနှင့် တွေ့ဆုံခဲ့ပြီး ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှုများကို ရှင်းလင်း ပြောကြားခဲ့ပြီး နိုင်ငံပြန်လည် တည်ဆောက်ရေးတွင် ပြည်ပရောက် မြန်မာများပါ ကူညီရန် ဖိတ်ခေါ်ခဲ့သေးသည်။
အမေရိကန်ရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတချို့က လက်ရှိ ပြုပြင်ပြောင်းလဲရေးကို စစ်မှန်သည့် ပြုပြင်ပြောင်းလဲရေးဖြစ်လိုကြောင်း၊ လိမ်ညာမှုများ ရပ်တန့်စေလိုကြောင်း သမ္မတ ဦးသိန်းစိန်ကို ကန့်ကွက်ဆန္ဒပြသည်ဟု သိရသည်။
“ကျနော်တို့ ဆန္ဒပြတာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ အမြန်ဆုံးလုပ်ဖို့ပါ” ဟု ဆန္ဒပြပွဲတွင် ပါဝင်သည့် ကိုဇော်ဝင်းက ပြောသည်။
သမ္မတ ဦးသိန်းစိန်အနေဖြင့် အမေရိကန် ခရီးစဉ်တွင် သမ္မတ အိုဘားမားနှင့် တွေ့ဆုံမှုသည် မြန်မာပြည်သူများ အတွက် အကျိုးများသင့်ကြောင်း၊ စစ်တပ်၏ မြန်မာ့နိုင်ငံရေးတွင် ပါဝင်နေမှုကို ရုပ်သိမ်းသွားမှသာ မြန်မာပြည်သူများ အမှန်တကယ် အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
သမ္မတ ဦးသိန်းစိန်အား အိမ်ဖြူတော်၌ သမ္မတ အိုဘားမားက လက်ခံတွေ့ဆုံမည့်ကိစ္စနှင့် စပ်လျဉ်း၍ အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံအပေါ် အလေးထားမှုကို ပြသရာရောက်၍ ဝမ်းမြောက်ဖွယ် ဖြစ်သော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောက်ခြေထိ သက်ရောက်မှု မရှိသေးသည့်အပေါ် မြန်မာအစိုးရကို အမေရိကန်က အခွင့်အရေးပေးခြင်းသည် စောနေသေးကြောင်း ဝေဖန်နေကြသူများလည်း ရှိသည်။
]]>
https://burma.irrawaddy.com/news/2013/05/20/40156.html/feed 2
တနလာၤနေ့မေလ ၂၀ ရက်မှာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံတာဟာ ဦးသိန်းစိန် အစိုးရအတွက် မဟာဆုလဒ်ကြီး ဖြစ်ပြီး အိုဘားမား အစိုးရရဲ့ အာရှပစိဖိတ်ပေါ်လစီအတွက်လည်း ကံစမ်းမဲပေါက်သလိုပါပဲ။
မြန်မာပြည်ဟာ ကုန်လွန်ခဲ့တဲ့ မကြာသေးမီ နှစ်များတုန်းက အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက ဦးစီးတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရင်ဆိုင်ခဲ့ရသလို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာလည်း အကြိတ်အနယ် ဆွေးနွေးငြင်းခုံပြီး ကန့်ကွက်ရှုတ်ချမှုတွေနဲ့လည်း ကြုံခဲ့ရပါတယ်။ အခုတော့လည်း ဒါတွေ ဒါတွေ ပြီးခဲ့ပါပြီ။
ရဲနည်သည် ဧရာဝတီ သတင်းဌာန၏
မြန်မာပိုင်း အယ်ဒီတာ တဦး ဖြစ်သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး အုံကြွမှုအပြီး ထိုင်း-မြန်မာ နယ်စပ်သို့ထွက်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဧရာဝတီသတင်းဌာနတွင် စတင် အလုပ်လုပ်သည်။ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ မြန်မာပြည်တွင် စတင်ပြီးနောက် ၂၀၁၂ ခုနှစ်အကုန် ရန်ကုန်သို့ ပြန်လည် အခြေချ နေထိုင်သည်။
စစ်အစိုးရတွေ လက်ထက် တင်းတင်း ကြပ်ကြပ် ထိန်းချုပ် ခဲ့မှုတွေ ဦးသိန်းစိန် အစိုးရက ဖြေလျော့ လာတာကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ထောက်ခံခဲ့တာမို့ အမေရိကန် အစိုးရက ၂၀၁၁ ခုနှစ်က စပြီး သံတမန် ဆက်ဆံရေးတွေ ပုံမှန် ပြန်ကောင်းအောင် လုပ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လမှာတော့ မစ္စတာ ဒဲရက်မစ်ရှဲလ်ကို မြန်မာပြည်ဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် အိမ်ဖြူတော်က တင်ပြချက်ကို ဆီးနိတ်က အတည်ပြုပေး ခဲ့ပါတယ်။ အထွေထွေ ဒဏ်ခတ် ပိတ်ဆို့မှုကိုလည်း ယာယီ ရပ်ဆိုင်းပြီး စီးပွားရေး ဆိုင်ရာ ကန့်သတ်ချက်တွေ ဖြေလျော့ပေး ခဲ့ပါတယ်။ စစ်အစိုးရ အဖွဲ့ဝင်ဟောင်း တွေကို ဗီဇာ ထုတ်မပေး ခဲ့တာလည်း အမေရိကန်က ရုပ်သိမ်းခဲ့ပါပြီ။
နှစ်နိုင်ငံ သံတမာန်ဆက်ဆံရေး တရှိန်ထိုး တိုးတက်လာခဲ့တာ မနှစ်က နိုဝင်ဘာလ အမေရိကန် သမ္မတ အိုဘားမား ရန်ကုန် လာလည်တဲ့အထိ အမေရိကန်ပြည်ထောင်စုက နေပြည်တော်အစိုးရကို လိုက်လျောမှု ပြခဲ့ပြီး ဒီမိုကရေစီတည်ဆောက်ရေး အားပေးဖို့ သန္နိဌာန်လည်း ပြုခဲ့ပါတယ်။ အခုလို ဝါရှင်တန်ကို ဦးသိန်းစိန် လာဖို့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာလည်း” ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်တဲ့ အစိုးရမျိုးကို ထောက်ခံပံ့ပိုးရန်” သမ္မတ အိုဘားမားက သန္နိဌာန်ပြုတယ်လို့ ရေးပါတယ်။
ဒီသန္နိဌာန်ကို လက်တွေ့ပြဖို့ မေ ၁၆ ရက် ကြာသပတေးနေ့က အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ အာရှပစိဖိတ်ဆပ်ကော်မတီမှာပြုလုပ်တဲ့ ၂၀၁၄ ခုနှစ် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဗျူရိုရဲ့ ဘတ်ဂျက်တောင်းခံမှု ကြားနာပွဲမှာ အမေရိကန်ပြည်ထောင်စု အရှေ့အာရှဆိုင်ရာ ယာယီ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇပ် ယွန်းက ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၇၅.၅ သန်းအထိ တိုးမြှင့်ပေးသွားမယ်လို့ ဆိုပါတယ်။ ၂၀၁၂ ဘတ်ဂျက်မှာ မြန်မာနိုင်ငံကို ဒေါ်လာ ၂၈.၈ သန်းပဲ ပေးခဲ့တာပါ။
ဒါ့အပြင် ဒီနှစ်ကုန်တာနဲ့အခြား ၁၂၈ နိုင်ငံလို မြန်မာက အမေရိကန်ကို ကုန်အမျိုးအစား ၅ ထောင်ကျော် အကောက်ခွန်မဲ့ တင်သွင်းခွင့်ရမယ့် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေနဲ့ ပတ်သက်တဲ့ စာချုပ် ၂ ခု ကို အခု ဦးသိန်းစိန်ရဲ့ ဝါရှင်တန်ခရီးစဉ်မှာ လက်မှတ်ရေးထိုးမယ်လို့ မျှော်လင့်ရတယ်။ ဒါဟာလည်း ဧပြီလတုန်းက အမေရိကန် ယာယီ ကုန်သွယ်ရေးဝန်ကြီး ဒီမီထရော့စ် မာရမ်းတစ် မြန်မာပြည် လာပြီး ဆွေးနွေး ညှိနှိုင်းမှု နောက်ဆက်တွဲပါ။
ဝါရှင်တန်အခြေစိုက် ပညာရှင်အဖွဲ့ Center for Strategic and International Studies (CSIS) က အကြီးတန်းသုတေသီ မားရေးဟိုင်းဘတ် ကဆို စစ်ဗိုလ်ချုပ်ဟောင်း တဖြစ်လဲ သမ္မတ ဦးသိန်းစိန်ကို အမေရိကန် ခရီးစဉ်မှာ သမ္မတ အိုဘားမားက ပင်တဂွန် စစ်ဌာနချုပ် ခေါ်သွားပြီး အမေရိကန် ဗိုလ်ချုပ်တွေ၊ ကာကွယ်ရေးဝန်ကြီး ချပ်ဟေဂယ်တို့နဲ့ မိတ်ဆွေဖွဲ့ပေးသင့်တယ်လို့ တိုက်တွန်းပါတယ်။
ဝါရှင်တန်ဟာ ဦးသိန်းစိန် သမ္မတ ရာထူးကို တာဝန်ယူပြီးနောက် မြန်မာ့တပ်မတော်နဲ့ ညှိနှိုင်းဖို့ လမ်းဖွင့်ခဲ့ပြီးသားပါ။ ပြီးခဲ့တဲ့ အောက်တိုဘာမှာ ပစိဖိတ်ဒေသ အမေရိကန် ကြည်းတပ် စစ်ဆင်ရေးမှူး ဗိုလ်ချုပ် ဖရန့်စစ် ဝယ်စင်စကီး အပါအဝင် အမေရိကန် စစ်ဘက်အရာရှိတွေ မြန်မာ စစ်ဘက်အရာရှိတွေနဲ့ နေပြည်တော်မှာ ၂ ရက်တာ “လူ့အခွင့်အရေး” နဲ့ ပတ်သက်လို့ တပ်က စောင့်ထိန်းရမယ့်ကိစ္စတွေအကြောင်း ဆွေးနွေးတာ၊ ဖေဖော်ဝါရီတုန်းကလည်း မြန်မာ စစ်ဘက်အရာရှိ ၂ ဦး ထိုင်းမှာ လုပ်တဲ့ ရွှေမြွေဟောက် ဒေသတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်စစ်သားတွေ၊ အခြားနိုင်ငံ ၂၀ က စစ်သားတွေနဲ့အတူ တက်ရောက်ပြီး လူသားချင်း စာနာထောက်ပံ့ရေး အကူအညီနဲ့ စစ်ဘက်ဆိုင်ရာ ဆေးဝါးများအပေါ် အလေးထားပြုလုပ်တဲ့ လေ့ကျင့်ခန်းတွေကို လေ့လာခွင့်ပေးခဲ့တာတွေ ရှိခဲ့ပါတယ်။
အမေရိကန်ရဲ့ အပြည်ပြည်ဆိုင်ရာ စစ်ရေး ပညာသင်နဲ့ လေ့ကျင့်ရေး U.S. International Military Education and Training (IMET)  အထောက်အပံ့တွေ မြန်မာပြည်ကို ပြန်ပေးဖို့ အလျှင်အမြန် မဖြစ်လာနိုင်တောင် “စစ်ပွဲအတွင်း စည်းကမ်းများ၊ အရပ်သားတွေကို ဘယ်လို ဆက်ဆံမလဲ၊ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး၊ စစ်တပ်ကို လုပ်ရည်ကိုင်ရည် ပြည့်ဝလာအောင် လုပ်ဆောင်ခြင်း” တို့ဟာ ဒေသတွင်းက အမေရိကန်ရဲ့ မဟာမိတ် ဩစတြေးလျ၊ အင်ဒိုနီးရှား၊ ထိုင်းတပ်တွေနဲ့ ပူးတွဲပြီး ဆွေးနွေး လေ့ကျင့်သင်ကြားမှု  “စတင်ဖို့ အကောင်းဆုံးနေရာ”လို့ မားရေးဟိုင်းဘတ်က ရေးပါတယ်။
ဒါပေမယ့် အမေရိကန်အစိုးရရဲ့ လတ်တလောပေါ်လစီအရ မြန်မာစစ်ဘက်ကို သတိထား ဆက်ဆံဆဲပါ။ အခုထိ မြန်မာ့တပ်မတော်ပိုင် သို့မဟုတ် ကာကွယ်ရေးဝန်ကြီးဌာနပိုင် စီးပွားရေးလုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ရလို့ စီးပွားရေးအရ ကန့်သတ်ထားပါတယ်။ စစ်အစိုးရခေါင်းဆောင်ဟောင်းများနဲ့ နီးစပ်တဲ့ ခရိုနီသူဌေးကြီးတွေကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားမှု စာရင်းကိုလည်း မရုတ်သိမ်းသေးပါဘူး။ ညှိနှိုင်းဆွေးနွေးတာ လိုက်လျောတာတွေ ရှိလာပေမယ့်  ပြုပြင်ပြောင်းလဲရေးကို ကဖျက်ယဖျက် လုပ်မယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်မယ်၊ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခကို မီးထိုးပေးမယ်၊ မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ကုန်သွယ်နေမယ်ဆိုရင် အဲဒီလူတွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူဖို့ အထူးအခွင့်အာဏာ ရှိနေပြီလို့ အိမ်ဖြူတော်က ဆိုတယ်။
အမေရိကန်ရဲ့ “လူဆိုး စာရင်း”ဟာ ခေတ်မမီတော့ဘူးလို့လည်း ဝေဖန်မှုတွေ ရှိလာပါတယ်။ အေပီသတင်းတပုဒ်က ရေးတာက ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးအနေနဲ့ ရာနဲ့ချီတဲ့ လူသစ်တွေ စာရင်းထပ်တိုးဖို့ တင်ပြထားပေမယ့် အိုဘားမားအစိုးရက လွန်ခဲ့တဲ့ ၃ နှစ်ခွဲကတည်းက စာရင်းကို မပြင်တော့ပါဘူးလို့ ဆိုပါတယ်။ ဒီစာရင်းသစ်မှာ အစိုးရရဲ့ ထိပ်တန်းခေါင်းဆောင်တွေ၊ ထိပ်တန်း စီးပွားရေးသမားတွေနဲ့ တပ်ပိုင် စီးပွားရေးကုမ္ပဏီတွေ ပါတယ်။
တကယ်လည်း အမေရိကန်အစိုးရရဲ့ ပေါ်လစီသစ်အရ အမေရိကန် စီးပွားရေးလုပ်ငန်းတွေ မြန်မာပြည် လာထူထောင်ရင်တောင် ဖက်စပ်လုပ်မယ့်သူ ရှာဖွေရာမှာ အမေရိကန်ရဲ့ စံချိန်စံညွှန်းတွေ မီမယ့်သူ ရှာဖွေဖို့ အခက်တွေ့မှာ မလွဲပါ။ မြန်မာပြည်မှာ ဘယ်ကုမ္ပဏီကို ဘယ်သူ ဘယ်လောက်ပိုင်သလဲ ဆိုတာသိရဖို့ မလွယ်ပါဘူး။ “တိတ်တိတ်ဆိတ်ဆိတ် ညှိနှိုင်း အလုပ်ဖြစ်နေခဲ့ခြင်း ဆယ်စုနှစ်များသည် တရုတ်ငွေများ အလုံးအရင်း အရင်းအနှီးပြုပြီး မြန်မာစစ်ခေါင်းဆောင်များထံမှ တခါတရံ ရက်ရက်စက်စက် အများအားဖြင့် မရိုးမသား အမြတ်ထွက်နေသော စီးပွားရေးသမား လူ့မလိုင်များကို ပြုစုပျိုးထောင်ပေးခဲ့သည်” လို့ အေပီသတင်းက ထောက်ပြထားပါတယ်။
ပွင့်လင်းလွတ်လပ်လာခါစ မီဒီယာနဲ့ အီလက်ထရောနစ် လူမှုကွန်ရက်တွေကို အသုံးပြုပြီး လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုနဲ့ ပုဂ္ဂလိက အာဃတတွေ သွေးထိုးလှုံ့ဆော်နေကြတဲ့ အဖျက်အမှောင့်တွေကို အခုထိ ဦးသိန်းစိန်အစိုးရက လွှတ်ပေးထားတာကိုလည်း အမေရိကန်အစိုးရက သဘောတွေ့ပုံ မရပါဘူး။ အမေရိကန် သံအမတ် ဒဲရက်မစ်ရှယ်က ဖေ့ဘွတ်နဲ့ အင်တာနက်ပေါ်မှာ အမုန်းမီးထိုးပေးနေသူတွေဟာ မြန်မာ့ဒီမိုကရေစီရေးမှာ အနှောက်အယှက်လို့ အစည်းအဝေးတခုမှာ မကြာခင်က ပြောခဲ့ပါတယ်။
အဓိကရုဏ်းတွေမှာ အဖျက်သမားတွေနဲ့ လူစုလူဝေးကို လက်နက်ကိုင် ရဲတပ်ဖွဲ့က မထိန်းချုပ် မဖြိုခွဲဘဲ လွှတ်ထားပေးတာ၊ ကချင်နဲ့ ရှမ်းပြည်မှာ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်လို့ စစ်ပွဲတွေ ဆက်ဖြစ်နေတာကလည်း အမေရိကန် ကွန်ဂရက်နဲ့ အိမ်ဖြူတော် အရာရှိတွေကြားမှာ ဦးသိန်းစိန် အစိုးရကို စိုးရိမ်မကင်း ဖြစ်နေစေပါတယ်။
မြန်မာ့တပ်မတော်ဟာ နိုင်ငံရေး၊ စီးပွားရေးကို ဆက်ထိန်းချုပ်ထားပြီး လွှတ်တော်ထဲက ထွက်ခွာပြီး တပ်စခန်းပြန်ကြဖို့ အစီအစဉ် မရှိတာကို မတ်လ ၂၇ ရက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တပ်မတော်နေ့ မိန့်ခွန်းက အတည်ပြုထားပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အလွယ်တကူ အနိုင်ရနိုင်ဖွယ်ရှိပြီး သမ္မတတာဝန်ကို ထမ်းဆောင်မယ်လို့ အခိုင်အမာ ပြောလာတဲ့ ဒေါ်အောင်ဆန်းစုကြည် တကယ်လို့ အုပ်ချုပ်ရေးအဖွဲ့သစ်ကို ဦးဆောင်ရပြီဆို တပ်မတော်က ခွင့်ပြု လိုက်နာမှာလား ဆိုတာလည်း မရှင်းလှသေးပါဘူး။
စိန်ခေါ်မှုတွေ တပြုံတမကြီး ရှိနေပေမယ့် အာရှဒေသတွင်း တရှိန်ထိုး ဩဇာ ကြီးထွားလာနေတဲ့ တရုတ်နိုင်ငံကို ဟန်ချက်ထိန်းညှိဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံခြားရေးမူဝါဒမှာ အကျိုးအမြတ်လည်း ဖြစ်၊ ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းသွားပြီး ဂျပန်ကလည်း ပုံအော ဝင်ရောက် လာနေတာမို့ နောက်မကျချင်တဲ့ ဆန္ဒတွေကြောင့် အမေရိကန် သမ္မတ အိုဘားမားဟာ  စစ်ဗိုလ်ချုပ်ဟောင်း မြန်မာသမ္မတ ဦးသိန်းစိန်ကို သူကောင်းပြုဖို့ ပွဲထုတ်ခဲ့ရပါတယ်။
၁၉၆၆ ခုနှစ် ဦးနေဝင်း အိမ်ဖြူတော် ရောက်တော့ အမေရိကန်သမ္မတ လင်ဒန်ဂျွန်ဆန်ကို နိုင်ငံခြားရေးဝန်ကြီး ဒင်းရက်စ်က “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အမည်သုံးပြီး ပြည်သူပိုင်သိမ်းယူမှုများက အရေးတကြီး မှားယွင်းတဲ့ စီမံခန့်ခွဲမှု၊ စီးပွားရေး အစီအစဉ် မကျမှုတွေကို ဖြစ်စေနေတယ်။ တိုင်းရင်းသားလူနည်းစု ဒေသတွေမှာ ဖြစ်ပွားနေတဲ့ နာတာရှည် လက်နက်ကိုင်သူပုန်ထမှုတွေကလည်း ဆက်လက်ဖြစ်ပေါ်နေတယ်”လို့ သတိပေးခဲ့ပါတယ်။
၄၇ နှစ်ကြာမှ ပြန်ရောက်လာတဲ့ မြန်မာသမ္မတကို အမေရိကန်အစိုးရက သိပ်ဖိအားပေးမယ့်ပုံ မပေါ်ပါဘူး။ အဲဒီအစား ပြုပြင်ပြောင်းလဲရေးဝါဒီတဦးအဖြစ် အိမ်ဖြူတော်က ပွဲထုတ်ပြီး ထောက်ပံ့ကူညီရေး အစီအစဉ်တွေကိုလည်း ကတိပေးဖွယ် ရှိပါတယ်။ နေပြည်တော် အစိုးရနဲ့ အာဏာရ ကြံ့ခိုင်ရေးပါတီ အသိုင်းအဝိုင်းကတော့ အမေရိကန်အစိုးရရဲ့ အသိအမှတ်ပြု ထောက်ခံပံ့ပိုးမှု (လျှပ်စစ်မီး၊ သောက်ရေ၊ ကားလမ်း စတဲ့ နိုင်ငံ့စီးပွား အခြေခံ အဆောက်အဦတွေ၊ ပညာရေး ကျန်းမာရေးဆိုင်ရာ အကူအညီတွေ)ကြောင့် ရရှိလာနိုင်ဖွယ်ရှိတဲ့ စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးရေး ရလဒ်တွေကို ပြသပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ မဲရအောင် လုပ်နိုင်မယ် (အနည်းဆုံး အပြတ်အသတ် မရှုံးဘူး) လို့ ကိုယ့်ကိုယ်ကို ပိုမို ယုံကြည်လာပါလိမ့်မယ်။
ဒါကိုက ပြုပြင်ပြောင်းလဲရေးအတွက် ကောင်းတယ်လို့ သက်တောင့်သက်သာ တွေးမယ်ဆိုလည်း လွတ်လပ်စွာ တွေးခေါ်ယူဆခွင့်ကို ထောက်ခံ အသိအမှတ်ပြုပါတယ်။ ပြန်လည်ကောင်းမွန်လာတဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေး အဓွန့်ရှည်ပါစေ။
]]>
https://burma.irrawaddy.com/opinion/2013/05/20/40096.html/feed 3
မန္တလေးပြည်သူတချို့ သမ္မတကို ကြိုဆိုခွင့် ပိတ်ပင်ခံရ https://burma.irrawaddy.com/news/2013/05/13/39637.html Mon, 13 May 2013 11:43:28 +0000 https://burma.irrawaddy.com/lytbox/?p=39637 ကြိုဆိုသည့် အဖွဲ့များ ခေတ္တနားနေသည့် ပြည်ကြီး တံခွန်မြို့နယ် ရတနာပုံ တက္ကသိုလ်အနီး ဗေဒါသင်တန်းကျောင်းထဲမှ အပြင်မထွက်ရန် ရဲများက ပိတ်ဆို့ထားခဲ့ကြောင်း]]>
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မန္တလေးသို့ လာရောက်စဉ်ကာလ မန္တလေး မြရည်နန္ဒာရပ်ကွက်မှ ပြည်သူတချို့၏ ကြိုဆိုမှုကို ရဲများက ဟန့်တား ပိတ်ဆို့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
မေလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် သမ္မတလာရောက်သည့် လမ်းကြောင်းရှိ တံခွန်တိုင် လေးမျက်နှာဘုရား လေးထပ်ဗိုလ် ဘုရားရှေ့တွင် သမ္မတကြီး ကျန်းမာပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ၊ နိုင်ငံ့အကျိုး သယ်ပိုး ဆောင်ရွက်နိုင်ပါစေ၊ လှိုက်လှဲစွာ ကြိုဆိုပါ၏ စသည့် စာတန်းများပါသော ဂျပ်စက္ကူ များသာမက မြရည်နန္ဒာ အိမ်များ ဖျက်ဆီး ခံခဲ့ရသည့် ပုံများပါသော ဗီနိုင်းများကို ကိုင်ဆောင်ကာ လူ ၃၀ ကျော်တို့က ကြိုဆိုခဲ့စဉ် ရဲများက ဝင်ရောက် ဟန့်တားခဲ့ခြင်း ဖြစ်သည်။
မြရည်နန္ဒာရပ်ကွက်ရှိ အိမ်ခြေ ၅၀၀ ကျော်ကို လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့က ကျူးကျော် နေထိုင်သည့် အိမ်ယာများဟု ဆိုကာ အစိုးရ အာဏာပိုင်များက ဝင်ရောက် ဖျက်ဆီးခဲ့ပြီး နေအိမ် ဖျက်ဆီးခံရသူများထဲမှ ၁၂ ဦးကို ဝတ္တရား နှောင့်ယှက်မှု အပါအဝင် ပုဒ်မ ၃ ခုတပ်၍ တရားစွဲဆိုထားကြောင်း သိရသည်။
လူများက သမ္မတအား ကြိုဆိုနေသည်ကို ပြည်ကြီးတံခွန် ရဲများက ကားများ၊ ဆိုင်ကယ်များနှင့် ဝင်ရောက်ကာ ကြိုဆိုနေသည့် လူအုပ်ကြားထဲ ဝင်ရောက်ပြီး သမ္မတကို မကြိုဆိုရန် ပြောဆိုကြောင်း၊ ကိုင်ဆောင်ထားသည့် စာရွက်စာတန်းများကို ဆွဲယူ သိမ်းဆည်း ခဲ့ကြောင်း၊ ကြိုဆိုနေသူ များကို သမ္မတ ကြိုဆိုသည့်နေရာတွင် ဆက်လက်မနေရန် ပြောဆိုခဲ့ကြောင်း၊ ယင်းနောက် ကြိုဆိုသည့် အဖွဲ့များ ပြန်ရာလမ်း တလျှောက်တွင် ကားများ၊ ဆိုင်ကယ်များနှင့် လိုက်ပါခဲ့ကြောင်း၊ ကြိုဆိုသည့် အဖွဲ့များ ခေတ္တနားနေသည့် ပြည်ကြီး တံခွန်မြို့နယ် ရတနာပုံ တက္ကသိုလ်အနီး ဗေဒါသင်တန်းကျောင်းထဲမှ အပြင်မထွက်ရန် ရဲများက ပိတ်ဆို့ထားခဲ့ကြောင်း ကြိုဆိုသည့် အဖွဲ့များက ပြောဆိုသည်။
“ကျနော်တို့က သမ္မတကို ကြိုဆိုခွင့် မရဘူးဆိုတော့ ပြန်လာတယ်။ လမ်းမှာ ဖုန်းပြောတာတောင်မှ ဖုန်းမပြောရဘူး၊ လမ်းတွေ ပိတ်နေမှာစိုးလို့ မြန်မြန်သွား ဆိုပြီး နွားမောင်းသလို အမောင်းခံရတယ်။ သူတို့က ကျနော်တို့ နောက်ကနေ ထပ်ကြပ်မကွာ လိုက်လာကြတာ။ နောက်ပြီး ကျနော်တို့က ဗေဒါသင်တန်းကျောင်းမှာ ခဏနားနေတဲ့အချိန် သမ္မတလာတဲ့ ခရီးလမ်းကြောင်း မပြီးသေးသမျှ ဒီအထဲကနေ မထွက်ရဘူးဆိုပြီး တယောက်မှ ထွက်ခွင့်မပေးဘဲ ပိတ်ထားခဲ့တယ်။ ကျနော်တို့ အဲဒီအထဲမှာ ထမင်းမစားရဘဲ ၄ နာရီနီးပါး အပိတ်ခံခဲ့ရတာပါ” ဟု ဆိုင်ကယ်ဝပ်ရှော့ လုပ်ငန်း လုပ်ကိုင်နေသူ ကိုကျော်သီဟက ရှင်းပြသည်။
ဗေဒါသင်တန်းကျောင်းတွင် စတင်နားနေသည့် အချိန်မှာ ၁၁ နာရီခွဲဖြစ်ပြီး သမ္မတ လမ်းကြောင်းပြီးဆုံးသည့် နေ့လယ် ၃ နာရီကျော်မှ အပြင်သို့ ထွက်ခွင့်ရခဲ့ကြောင်း၊ သမ္မတခရီးစဉ်အတွင်း လူထုကို ရဲအင်အားများစွာဖြင့် ပိတ်ထားခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်ကြီးတံခွန် ရဲစခန်းသို့ ဖုန်းဆက်မေးမြန်းရာတွင် စခန်းမှူးက ဖြစ်စဉ် ကြီးကြီးမားမား မရှိခဲ့ကြောင်း၊ လုံခြုံရေး အရသာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြန်လည်ဖြေကြားခဲ့သည်။
“ကျနော်တို့က သမ္မတ မန္တလေးလာတယ် ဆိုတာ ပြည်သူလူထုနဲ့ တွေ့မယ်လို့ ကြားမိတယ်။ အဲဒါကြောင့် သမ္မတသွားတဲ့ လမ်းတလျှောက်ကို လိုက်ပြီး သူပြည်သူတွေနဲ့ တွေ့တဲ့အချိန် ဘာတွေ လိုအပ်သေးလဲ မေးရင် တင်ပြချင်တာတွေ ရှိတယ်။ တကယ်လို့ သမ္မတက စာရေးတင်ဆိုရင်လည်း ဖြစ်စဉ်တွေကို ကွန်ပျူတာ စာစီထားတဲ့ စာ သမ္မတလက်ထဲ ထည့်ဖို့ တခါတည်း ပါလာ ပြီးသားပါ” ဟု မြရည်နန္ဒာရပ်ကွက် ကွင်းအမှတ် ၅၃၇ တွင် အိမ်များ ဖျက်ဆီးခံခဲ့ရစဉ် ပါဝင်ခဲ့သည့် ကိုမျိုးညွန့်က ပြောသည်။
ကိုမျိုးညွန့်နှင့် အတူ မြရည်နန္ဒာရပ်ကွက်တွင် အိမ်များ ဖျက်ဆီးခံရသူ ၃၀ ကျော်တို့သည် သမ္မတ၏ မန္တလေးခရီးစဉ်ကို ကြိုဆိုခွင့် မရခဲ့ကြပေ။
မန္တလေးသို့ ရောက်ရှိခဲ့သည့် သမ္မတကို ကြိုဆိုသော စာတန်းများ ရေးသားထားသည့် ဗီနိုင်းများ၊ ဂျပ်စက္ကူများအား ရဲများက ဝင်ရောက် ဖျက်ဆီး လုယူခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မသင်းက “ကျမတို့က သမ္မတကို ကြိုဆိုဖို့ စောင့်နေတာပါ။ ဒါကို ရဲတွေက ဒေါသတကြီးနဲ့ ကျမတို့ဆီကို ဝင်လာပြီး လက်ထဲမှာ ကိုင်ထားတဲ့ စာရွက်တွေကို ဆွဲလုတယ်။ ဗီနိုင်းတွေ ဆွဲသိမ်းတယ်။ နောက်ပြီး ကျမတို့ကိုလည်း သမ္မတကို ကြိုဆိုတဲ့ နေရာမှာ မနေဖို့ နှင်ထုတ်တယ်။ ကျမက ပြည်သူထဲက ပြည်သူမို့လို့ သမ္မတကို ကြိုလို့မရဘူးလားလို့ ရဲတွေကို မေးတဲ့အခါ ကြိုလို့ မရဘူး၊ အခုပဲ ဒီနေရာကနေ ချက်ခြင်း ထွက်ဆိုပြီး ကျမတို့ကို နှင်ထုတ်ခဲ့တာပါ” ဟု ဆိုသည်။
ဦးသိန်းစိန်သည် ၎င်းသမ္မတဖြစ်ပြီး သက်တမ်း ၃ နှစ်မြောက်တွင် မန္တလေးသို့ ပထမဆုံး လာရောက်ခြင်းဖြစ်ပြီး မန္တလေးတိုင်း ဒေသရှိ လူနေမှုဘ၀ မြှင့်တင်နိုင်ရန်အတွက် အသေးစားချေးငွေ ဘဏ်များ တည်ထောင်ရန် လာရောက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သမ္မတ ဆိုတာကလည်း ပြည်သူတင်တာပဲလေ။ ကိုယ်တင်တဲ့ သမ္မတကို ကိုယ်တိုင် ကြိုဆိုခွင့် မရဘူးလား။ ပြည်သူတွေ တင်ထားတဲ့ သမ္မတကို ပြည်သူတွေက ကြိုဆိုတာ ပြည်သူ့ဝန်ထမ်းတွေက အင်အားသုံးပြီး တားဆီးပိတ်ပင်တယ်။ အဲဒါမျိုး ဖြစ်သင့်လားဗျာ။ ကျနော် တကယ် စိတ်မကောင်းပါဘူး” ဟု ကိုမျိုးညွန့်က ပြောသည်။
သမ္မတ ဦးသိန်းစိန်သည် မေလ ၁၂ ရက်နေ့က နံနက် ၈ နာရီခန့်တွင် မန္တလေးမြို့သို့ ရောက်ရှိလာပြီး မန္တလေး အမျိုးသား ကဇာတ်ရုံတွင် ကျင်းပသည့် “ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး” အခမ်းအနားသို့ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့သည်။ သမ္မတနှင့်အတူ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါခဲ့ပြီး အဆိုပါ အခမ်းအနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် အသေးစားချေးငွေအဖြစ် အသုံးပြုရန် ကျပ် ၅. ၅ ဘီလီယံကို ပေးအပ်ကာ လယ်ယာသုံး စက်ကိရိယာများကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးစေခဲ့သည်။ ယင်းနောက် သမ္မတနှင့် အဖွဲ့သည် အမရပူရ ဆောင်းဒါးယက်ကန်း၊ ရန်ကုန် – မန္တလေး ကားလမ်းပေါ်ရှိ နို့ချက်စက်ရုံတို့သို့ ဝင်ရောက် လေ့လာခဲ့ပြီး ပြန်လည် ထွက်ခွာသွားခဲ့သည်။
]]>
ဂရိတ်ဝေါ ဦးတင်မောင်ကို သမ္မတ ဆုပေးမှု လယ်သမားများ ဆန္ဒပြ ကန့်ကွက်မည် https://burma.irrawaddy.com/news/2013/05/10/39410.html https://burma.irrawaddy.com/news/2013/05/10/39410.html#comments Fri, 10 May 2013 07:51:08 +0000 https://burma.irrawaddy.com/lytbox/?p=39410 နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာ ကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်ခဲ့သော နိုင်ငံတော် သမ္မတ၏ နိုင်ငံ့ စွမ်းဆောင်ရည် ဆုနှင့် ဂုဏ်ပြုဆုရရှိသူ အများစုသည် ဒေသခံလူထုနှင့် မြေယာပြဿနာများ ရင်ဆိုင်နေရဆဲ လုပ်ငန်းရှင်များ ဖြစ်သည်။]]>
စစ်ကိုင်းတိုင်း ဒေသကြီး၊ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာတွင် တည်ရှိသော ဂရိတ်ဝေါသကြားစက်နှင့် သစ်အချောထည် စက်ရုံ လုပ်ငန်းပိုင်ရှင် ဦးတင်မောင်ကို နိုင်ငံတော် သမ္မတ၏ စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင် ဂုဏ်ပြုဆုပေးအပ်ခြင်းနှင့် ပတ်သက်ပြီး ဒေသခံ တောင်သူလယ်သမားများက မကျေနပ်သဖြင့် တရားဥပဒေနှင့် အညီ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သော ဗုဒ္ဓဟူးနေ့ မေလ ၈ ရက်နေ့က ဒေသခံ တောင်သူလယ်သမား ၅၀၀ ခန့်မှ ဆန္ဒထုတ်ဖော်ခွင့်ရရှိရန် ထီးချိုင့်မြို့နယ် ရဲတပ်ဖွဲ့မှူးထံသို့ စာတင်ခဲ့ကြောင်းလည်း သိရသည်။
“လယ်မြေတွေ မတရားသိမ်းပြီး ဒေသရဲ့ ဖွံ့ဖြိုးရေးကို လုံး၀ လှည့်မကြည့်တဲ့ သူကို သမ္မတက ဂုဏ်ပြုဆုပေးတယ် ဆိုတော့ ကျနော်တို့ ဒေသခံတွေရဲ့ ခံစားချက်ကို ထည့်မတွက်ရာ ရောက်နေတယ်။ ဒီဒေသမှာ ဦးတင်မောင် မြေသိမ်းတာ၊ သစ်ခိုးထုတ်တာ လူတိုင်း သိပါတယ်။ ဒီပြဿနာတွေကိုကျတော့ မဖြေရှင်းပဲနဲ့ ခုလို ဆုပေးလိုက်တာက ဒေသခံတွေ အပေါ် ပိုအနိုင်ကျင့်နိုင်အောင်၊ သစ်ပို ခိုးနိုင်အောင် လုပ်ပေးလိုက်သလိုပဲ” ဟု ထီးချိုင့်မြို့ ဒေသခံ လူငယ်တစ်ဦးက ဧရာဝတီကို ပြောသည်။
ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သည့် ရှေ့နေ ဦးစိန်လှကလည်း  “သမ္မတ ဦးသိန်းစိန် အစိုးရကို အလိုမရှိ၊ ခရိုနီတွေကိုပဲ အားပေးအားမြောက် ပြုနေတယ်၊ ပြည်သူလူထုကို ခြေလက် နင်းခြေနေတယ်လို့ သမ္မတ ဦးသိန်းစိန်ကို ပြောချင်တယ်။ ဆင်းရဲ မွဲတေမှု တိုက်ဖျက်ပါမယ်၊ တောင်သူလယ်သမားတွေရဲ့ ဘ၀ တိုးတက်အောင် လုပ်ပါမယ်လို့ တွင်တွင်ပြောခဲ့တဲ့ ဦးသိန်းစိန် အစိုးရအဖွဲ့ဟာ လယ်ယာမြေ မတရားသိမ်းဆည်းတဲ့ ဦးတင်မောင်လို လူမျိုးကို ဂုဏ်ပြုဆုပေးတဲ့အတွက် ကန့်ကွက်တဲ့ အကြောင်း ဆန္ဒထုတ်ဖော်ကြမှာပဲ” ဟု ဧရာဝတီကို ပြောသည်။
ဦးတင်မောင် ပိုင်ဆိုင်သည့် ဂရိတ်ဝေါလ် သကြားစက်နှင့် ဟွန်ဒါ မြန်မာကုမ္ပဏီတို့သည် ထီးချိုင့်မြို့နယ်၊ တကောင်းမြို့နယ်၊ ကသာမြို့နယ်နှင့် ရွှေကူမြို့နယ်များတွင် မြေဧက ၄ သိန်းကျော်ကို သိမ်းယူထားကြောင်း ဦးစိန်လှက ဆိုသည်။
ဂရိတ်ဝေါလ် သကြားစက်သည် ၂၀၀၈ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး တစ်ရက်လျှင် ကြံတန်ချိန် ၂၀၀၀ ကြိတ်ဝါးနိုင်ကာ သကြား၊ ဘိုင်အို အီသနောနှင့် ဇီဝမြေသြဇာများကိုပါ ထုတ်လုပ်ကြောင်း သိရသည်။ မိုးရာသီတွင် သကြားစက်မှု ရေဆိုးများလျှံကျမှုမှ ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကြောင့် ဒေသခံများ မကျေမနပ်ဖြစ်နေကြသည်။
ဧပြီလ ၃၀ ရက်နေ့တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာ ကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်ခဲ့သော နိုင်ငံတော် သမ္မတ၏ နိုင်ငံ့ စွမ်းဆောင်ရည် ဆုနှင့် ဂုဏ်ပြုဆုရရှိသူ အများစုသည် ဒေသခံလူထုနှင့် မြေယာပြဿနာများ ရင်ဆိုင်နေရဆဲ လုပ်ငန်းရှင်များ ဖြစ်သည်။
စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆု၊ နိုင်ငံ့စွမ်းဆောင်ရည်ဆုကို ရရှိခဲ့သည့် ဦးအောင်သန်းဦး၏ ပင်လယ်ကိုးသွယ် ကုမ္ပဏီ၊ အကောင်းဆုံး ပို့ကုန်လုပ်ငန်းရှင် ဆု ရရှိသည့် ဦးချစ်ခိုင်၏ Gold Delta တို့သည် လည်း ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွင်း လယ်ယာမြေဧက ထောင်နှင့်ချီ၍ သိမ်းယူခဲ့ပြီးဒေသခံ တောင်သူလယ်သမားများနှင့် အငြင်းပွားမှုများ ကြုံတွေ့နေရဆဲဖြစ်သည့် လုပ်ငန်းရှင်ကြီးများဟု ဝေဖန်မှုများ ရှိနေသည်။
“ကျနော်ကတော့ ကျီး ဘုတ်မြောက်၊ ဘုတ် ကျီး မြောက်ပေးတဲ့ ဆုလို့ပဲ ပြောချင်တယ်။ အာဏာကို မှီခိုပြီး ကြီးပွားလိုသူနဲ့ အာဏာတည်မြဲဖို့ မြောက်စားသူတွေ အချင်းချင်း ပေးတဲ့ ဆုလို့ပဲ မြင်တယ်၊ နိုင်ငံတော် အတွက်လည်း ဘာမှ အကျိုးမရှိဘူး၊ လယ်သမားတွေအတွက်လည်း ဘာမှ အကျိုးမရှိဘူး၊ လယ်သမားတွေ စိတ်ထဲမှာ အစိုးရက ငါတို့ကို ဖိနှိပ်တဲ့သူတွေကို ချီးမြောက်တယ်ဆိုတဲ့ စိတ်ဝင်သွားပြီ” ဟု လယ်သမား ရှေ့နေ ကိုဖိုးဖြူက ဧရာဝတီကို ပြောသည်။
]]>
https://burma.irrawaddy.com/news/2013/05/10/39410.html/feed 7
ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးနှင့် မြန်မာ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးဖြစ်စဉ် ဆွေးနွေး https://burma.irrawaddy.com/news/2013/04/17/37696.html https://burma.irrawaddy.com/news/2013/04/17/37696.html#comments Wed, 17 Apr 2013 07:13:43 +0000 https://burma.irrawaddy.com/lytbox/?p=37696 ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် နောက်ထပ် တိုးတက်မှုများကို ကျွမ်းကျင်ပညာရှင်များ အပါအ၀င် ဗြိတိန်ဘက်မှ မည်ကဲ့သို့ အကောင်းဆုံး အားပေး ထောက်ခံသွားကြမည်ကိုလည်း ထည့်သွင်းဆွေးနွေးကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။]]>
ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝီလျံဟိဂ်နှင့် လန်ဒန်တွင် ရောက်ရှိနေသော သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့တို့သည် မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
“မြန်မာနိုင်ငံမှာ ကျနော်တို့ မြင်ရတဲ့ သိသာတဲ့ အပြောင်းအလဲတွေမှာ ဝန်ကြီး ဦးအောင်မင်းရဲ့ အခန်းကဏ္ဍအပေါ် ချီးမွမ်းစကား ပြောကြားလိုပါတယ်” ဟု ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိဂ်က ပြောကြောင်း ဗြိတိန်အစိုးရ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ လက်နက်စွဲကိုင်ထားကြသည့် တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့ထဲမှ ၁၀ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေးများ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်များ ကို မစ္စတာ ဝီလျံဟိဂ်နှင့် ဝန်ကြီး ဦးအောင်မင်း တို့ ဧပြီလ ၁၆ ရက်နေ့က ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် နောက်ထပ် တိုးတက်မှုများကို ကျွမ်းကျင်ပညာရှင်များ အပါအဝင် ဗြိတိန်ဘက်မှ မည်ကဲ့သို့ အကောင်းဆုံး အားပေး ထောက်ခံ သွားကြမည်ကို လည်း ထည့်သွင်းဆွေးနွေးကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကချင်ပြည်နယ်တွင်လည်း ထာဝရ အပစ်အခတ် ရပ်စဲရေး ရရှိရန် ရှေ့ဆက်လုပ်ဆောင်ရမည့် လိုအပ်သည့် အချက်များကိုလည်း နှစ်ဖက် ဆွေးနွေးခဲ့ကြောင်း၊ မကြာမီက မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် မွတ်စလင် ဆန့်ကျင်ရေး အဓိကရုဏ်းများတွင် နောက်ကွယ်မှ ပါဝင်ပတ်သက်မှုများနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ဘာသာမတူ အယူကွဲပြားသော်လည်း အတူတကွ လူ့အဖွဲ့အစည်းကို ဖော်ဆောင်ရေးအတွက် ဗြိတိန်အစိုးရက ဆက်လက် အားပေး ထောက်ပံ့ကာ လက်တွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မစ္စတာ ဝီလျံဟိဂ်က ဆိုသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ အခြေချနေထိုင်ပြီး နိုင်ငံတကာ စံချိန်စံညွှန်းများအရ နိုင်ငံသားဖြစ်ခွင့် အပြည့်အ၀ ရသင့်သည့် ဘင်္ဂါလီများနှင့် ပတ်သက်၍လည်း အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ အရေးပေါ် အကူအညီပေးရေး ကိစ္စများလည်း ဆွေးနွေးဖြစ်ခဲ့ကြောင်း သူက ဆက်ပြောသည်။
လွန်ခဲ့သည့် သီတင်းပတ်က G8 ထိပ်သီး နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများကလည်း တာဝန်သိ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ မြန်မာအစိုးရ၏ ကတိပေးမှုကို အားပေးထောက်ခံခဲ့ကြသည်။ လွတ်လပ်ပြီး ကြွယ်ဝချမ်းသာသည့် လူ့အဖွဲ့အစည်းတခု ဖြစ်ပေါ်လာစေရေး မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကို ဗြိတိန်အစိုးရက ဆက်လက်၍ ကူညီလုပ်ဆောင်ပေးမည် ဆိုသည်ကို ယခု ရှင်းလင်းစွာ ထပ်မံ ပြသလိုက်ခြင်း ဖြစ်ကြောင်း မစ္စတာ ဝီလျံဟိဂ်က ဆိုသည်။
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိန်အစိုးရ တာဝန်ရှိသူများ၏ ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင်လည်း ဆက်လက် တွေ့ဆုံးကြောင်း၊ ယင်းသို့ တွေ့ဆုံရာတွင် ဗြိတိန် အမျိုးသား လုံခြုံရေး အကြံပေးအရာရှိ ကင်မ် ဒါရိုလည်း ပါဝင်ကြောင်း သိရသည်။
သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့တွင် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ သမ္မတ အကြံပေးအဖွဲ့ဝင်တဦးဖြစ်သူ ဦးလှမောင်ရွှေ စသူတို့ ပါဝင်ပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ယမန်နေ့က ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲနှင့် ၎င်း၏ ရုံးအရာရှိချုပ် ဂျွန်နသန် ပါဝဲလ်တို့နှင့်လည်း တွေ့ဆုံခဲ့သေးသည်။
ယခုအခါ ဦးအောင်မင်းနှင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် အိုင်ယာလန်နိုင်ငံသို့ ဆက်လက် ထွက်ခွာသွားပြီး အိုင်ယာလန်နိုင်ငံမှ သမ္မတ ဦးသိန်စိန်အား ချီးမြှင့်သည့် ငြိမ်းချမ်းရေး စွမ်းဆောင်ရှင်ဆုကို ဦးအောင်မင်းက ကိုယ်စား လက်ခံရယူမည် ဖြစ်သည်။
ထို့နောက် ဦးအောင်မင်းနှင့် မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် အမေရိကန် ပြည်ထောင်စုသို့ ဆက်လက်ထွက်ခွာရန် အစီအစဉ်ရှိကြောင်းလည်း သိရသည်။
]]>
https://burma.irrawaddy.com/news/2013/04/17/37696.html/feed 1
တိုင်းရင်းသားအရေး ကာတာ ဖောင်ဒေးရှင်းဖွင့်မည် https://burma.irrawaddy.com/news/2013/04/05/37141.html https://burma.irrawaddy.com/news/2013/04/05/37141.html#comments Fri, 05 Apr 2013 11:40:57 +0000 https://burma.irrawaddy.com/lytbox/?p=37141 ငြိမ်းချမ်းရေး တည်ဆောက် နေသည့်အချိန် စစ်ပွဲများ ဆက်လက် ဖြစ်ပေါ်နေသည့် အကြောင်း ရင်းများကို အမေရိကန် သမ္မတ ဟောင်း ဂျင်မီကာတာအား တင်ပြထားသည်]]>
မြန်မာပြည်အတွင်း ဖြစ်နေသည့် ငြိမ်းချမ်းရေး ကိစ္စ၊ လူမှုရေး ပဋိပက္ခိများ၊ စီးပွားရေး ပြဿနာများကို လေ့လာလိုသည့် စိတ်ကြောင့် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာက ကာတာ ဖောင်ဒေးရှင်ကို မြန်မာပြည်တွင် မကြာမီ လာရောက် ဖွင့်လှစ်မည်ဟု သိရသည်။
ဂျင်မီကာတာသည် ယမန်နေ့က တိုင်းရင်းသား ပါတီ ၄ ခုနှင့် ရန်ကုန်ရှိ ချက်ထရီယံ ဟိုတယ်တွင် တွေ့ဆုံစဉ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရှမ်း၊ ချင်း၊ မွန်နှင့် ကရင် တိုင်းရင်းသား ပါတီ ၄ ခုသည် တိုင်းရင်းသား နယ်မြေအတွင်း ဖြစ်ပျက်နေသည့် ပြဿနာများ၊ ငြိမ်းချမ်းရေး တည်ဆောက် နေသည့်အချိန် စစ်ပွဲများ ဆက်လက်ဖြစ်ပေါ်နေသည့် အကြောင်းရင်းများကို အမေရိကန် သမ္မတ ဟောင်း ဂျင်မီကာတာအား တင်ပြထားသည်ဟု ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဧရာဝတီသို့ ပြောသည်။
“ကျနော်ကတော့ လက်ရှိ ကိုယ့်ဒေသမှာ ဖြစ်နေတဲ့ အခြေအနေတွေ၊ ဖွဲ့စည်းပုံတွေ ပြင်ဖို့၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်တွေက ခွဲထွက်တဲ့ ဖက်ဒရယ်မဟုတ်တဲ့ အကြောင်းတွေပေါ့။ သူကတော့ ငြိမ်းချမ်းရေး ကိစ္စအတွက် မြန်မာပြည် တပြည်လုံးကို သွားရောက် လေ့လာချင်တယ်” ဟု ဦးခွန်ထွန်းဦးက ဆိုသည်။
သမ္မတ ပြောခဲ့သည့် ၂၀၁၄ ခုနစ်တွင် ကျင်းပမည့် တိုင်းရင်းသား ညီလာခံ ဖြစ်မြောက်ရေးအတွက် ချင်းပြည်နယ် ဒေသခံများ အဆင်သင့်ဖြစ်စေရန် ကာတာ ဖောင်ဒေးရှင်းအနေဖြင့် ကူညီပေးရန်၊ ရှမ်း တပြည်လုံး ညီလာခံ ကျင်းပနိုင်ရန် အတွက် ကူညီပေးကြရန် တင်ပြထားကြောင်းလည်း ချင်းအမျိုးသား ပါတီ အတွင်းရေးမှူး ဦးငယ်ပီးက ပြောသည်။
“တိုင်းရင်းသား ပြဿနာကို အဓိက နားလည်ချင်တာပေါ့။ ကျနော်တို့ တိုင်းရင်းသား ဒေသ တခုနဲ့ တခု၊ တပြည်နယ်နဲ့ တပြည်နယ်ကလည်း မတူဘူးလေ။ ချင်းတိုင်းရင်းသားတွေဆို လူနည်းတယ်၊ ဘာလုပ်ပိုင်ခွင့်မှ မရှိတဲ့အကြောင်း ပြောပြခဲ့ပါတယ်” ဟု သူက ဆိုသည်။
အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာသည် ယမန်နေ့တွင် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသား ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၊ ကရင်ပြည်သူ့ပါတီတို့နှင့် သီးသန့်တွေ့ဆုံခဲ့သည်။
တိုင်းရင်းသား ပါတီ ၄ ခုနှင့် မတွေ့ဆုံမီတွင် နေပြည်တော်သို့ သွားရောက်ကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
]]>
https://burma.irrawaddy.com/news/2013/04/05/37141.html/feed 2
သမ္မတကို တရားစွဲမှု ထူးခြားဖြစ်စဉ်အဖြစ် တရားရုံးက လက်ခံပြီ https://burma.irrawaddy.com/news/2013/03/05/35002.html https://burma.irrawaddy.com/news/2013/03/05/35002.html#comments Tue, 05 Mar 2013 11:16:01 +0000 https://burma.irrawaddy.com/lytbox/?p=35002 “တရားစီရင်ရေးနဲ့ ဥပဒေ ရေးရာအရ ဘယ်သူကမှ ဒီအပေါ် လွှမ်းမိုးချုပ်ကိုင်လို့ မရဘူးဆိုခဲ့တဲ့အခါ ဒီ ဦးတိုက် လျှောက်တာလည်း မှန်တယ်ဆိုခဲ့ရင် တရားရုံးရဲ့ ဆင့်ခေါ်ချက်ကို သမ္မတဖြစ်သူ ကလည်း လိုက်နာရမှာပဲ”]]>
လက်ပန်းတောင်းတောင် အကြမ်းဖက် ခံရမှုနှင့် ပက်သက်ပြီး ဒေသခံ ၃ ဦးက တရားလိုပြုပြီး ဆားလင်းကြီး မြို့နယ် တရားရုံးတွင် နိုင်ငံတော် သမ္မတကို တရားစွဲဆိုခဲ့ရာ မြို့နယ် တရားသူကြီးက ထူးခြားသော အမှုဖြစ်စဉ်ဖြင့် လက်ခံပြီး မတ်လ ၁၁ ရက်နေ့သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း သိရသည်။
၂၀၁၂ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဆန္ဒပြခဲ့ကြသော သပိတ် စခန်းများကို အကြမ်းဖက် ဖြိုခွင်းခဲ့သည့်အတွက် အဓိက တာဝန်ရှိသည့် နိုင်ငံတော်သမ္မတကို တရားစွဲဆိုရခြင်းဖြစ်ကြောင်း လက်ပံတောင်းအရေး ကူညီပေးနေသည့် ကိုသောင်းထိုက်က ပြောသည်။
“အခုက တရားရုံးမှာ ဦးတိုက်လျှောက်တာပဲ ရှိသေးတယ်။ ဘာပုဒ်မနဲ့မှ တရားစွဲတာမျိုး မလုပ်ရသေးဘူး။ မြို့နယ် တရားသူကြီးကလည်း သက်ဆိုင်ရာ အဆင့်ဆင့် တာဝန်ရှိသူတွေကို တင်ပြပြီး ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောတယ်။ ဒီအဆင့်မှာမှ တရားရုံးက လက်မခံရင် ခရိုင်၊ တိုင်းဒေသကြီး၊ ဗဟိုအဆင့်ထိ တရားစွဲဆိုသွားမယ်” ဟု ၎င်းက ဆိုသည်။
တရားစွဲဆိုမှုကို ဆည်တဲရွာမှ မဝင်းဝင်းဌေး၊ မရီဝင်းနှင့် မိုးကြိုးပြင်အလယ်ရွာမှ ကိုဇော်နိုင်တို့က တရားလိုပြုကာ တရားစွဲဆိုခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတကို တရား စွဲဆိုခြင်းဖြစ်သည့်အတွက် တရားရုံးမှ ညွှန်ကြားချက်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လက်ပန်းတောင်း အရေး ကူညီပေးနေသည့် ကိုဟန်ဝင်းအောင်က ပြောသည်။
လက်ပန်းတောင်းတောင် သပိတ်စခန်းများကို ဖြိုခွင်းသည့်အချိန်တွင် လူစုခွဲရန် ပြုလုပ်ရမည့် အဆင့်ထက် ကျော်လွန်ပြီး မီးသတ်ကားဖြင့် ရေများဖြန်းခြင်း၊ မီးလောင်ဗုံးများဖြင့် ပစ်ခတ်ခြင်း၊ လက်ကိုင်တုတ်များဖြင့် ဒေသခံများကို ရိုက်နှက်ခြင်းများ ပြုလုပ်မှုသည့် လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်ခြင်းမျိုးမရှိဘဲ အာဃာတဖြင့် ပြုလုပ်ခဲ့သည်မှာ ပေါ်လွင် နေကြောင်း တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သော စာအရ သိရသည်။
ထို့အပြင် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သော ပုဒ်မ ၁၄၄ သည်လည်း ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးက ထုတ်ပြန်သည့်အတွက် ဥပဒေအရ လွဲမှားနေကြောင်း ၎င်းစာတွင် ရေးသားထားသည်။
ထိုသို့ သပိတ်စခန်းများကို ဖြိုခွင်းခဲ့သော သူများကိုလည်း ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၃၂ အရ နိုင်ငံတော် သမ္မတ၏ အခွင့်အမိန့်မရှိဘဲ တရားစွဲဆိုခွင့်မရှိဟု အတိအလင်း ဆိုထားသည့်အတွက် အဓိကတာဝန်ရှိသည့် နိုင်ငံတော်သမ္မတကို တရားစွဲဆိုရခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် သမ္မတဖြစ်သူကို ယခုကဲ့သို့ တရားစွဲဆိုရန် မဖြစ်နိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ လုပ်ထုံးလုပ်နည်းများအရ ပြည်ထဲရေး ဌာနထံ ခွင့်ပြုမိန့် တောင်းခံရန် လိုအပ်ကြောင်းကို လွှတ်တော် တရားရုံးရှေ့နေ ဦးဇော်လင်းက ပြောသည်။
“ဒီလိုတရားစွဲလို့ သမ္မတဖြစ်သူက ထောင်ကျမှာမဟုတ်ဘူး။ အဲဒါက လွှတ်တော်တွင်းက လုပ်ရမယ့်ကိစ္စဖြစ်တယ်။ တကယ်လို့ ဦးတိုက်လျှောက်ပြီး မှန်ကန်တယ်ဆိုရင် တောင်မှ အရေးယူဖို့ကို ခုံရုံးတွေဖွဲ့၊ သမ္မတကို ရှုံချတာတွေ လုပ်ရမှာ” ဟု ၎င်းက ဆိုသည်။
သမ္မတဖြစ်သူကို တရားစွဲဆိုရန်မှာ ဥပဒေဘောင်အတွင်းမှသာ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ပြည်ထဲရေး ကိစ္စများကို မိမိတို့ ဦးမတည်ကြောင်း၊ မတ်လ ၁၁ ရက်နေ့တွင် တရားရုံး သို့သွားပြီး အမှုကြားနားမှုကို နားထောင်မည် ဖြစ်ကြောင်း ကိုဟန်ဝင်းအောင်က ဆိုသည်။
“တရားစီရင်ရေးနဲ့ ဥပဒေ ရေးရာအရ ဘယ်သူကမှ ဒီအပေါ် လွှမ်းမိုးချုပ်ကိုင်လို့ မရဘူးဆိုခဲ့တဲ့အခါ ဒီ ဦးတိုက် လျှောက်တာလည်း မှန်တယ်ဆိုခဲ့ရင် တရားရုံးရဲ့ဆင့်ခေါ်ချက်ကို သမ္မတဖြစ်သူကလည်း လိုက်နာရမှာပဲ” ဟု သူက ပြောသည်။
]]>
https://burma.irrawaddy.com/news/2013/03/05/35002.html/feed 6
နော်ဝေရောက် ဦးသိန်းစိန်နဲ့အဖွဲ့ မြန်မာများကို စည်းရုံးဟောပြော https://burma.irrawaddy.com/news/2013/02/28/34648.html https://burma.irrawaddy.com/news/2013/02/28/34648.html#comments Thu, 28 Feb 2013 05:03:12 +0000 https://burma.irrawaddy.com/lytbox/?p=34648 သမ္မတနဲ့ နော်ဝေရောက် မြန်မာတွေ တွေ့ဆုံပွဲအတွက် အခမ်းအနားမှုးအဖြစ် တာဝန်ယူသူကတော့ တချိန်က အတိုက်အခံ သတင်းဌာန ဒီမိုကရေစီရေး သတင်းဌာန အဖြစ် လူသိများခဲ့တဲ့ DVB သတင်းဌာနမှ ဒုညွန်မှုး ကိုခင်မောင်ဝင်းဖြစ်နေတာကို ထူးထူးခြားခြား တွေ့ရပါတယ်]]>
နော်ဝေးနိုင်ငံဆီ ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ဟာ နော်ဝေရောက် မြန်မာ မိသားစုတွေနဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညနေပိုင်းက အော်စလို မြို့မှာတွေ့ဆုံ ခဲ့ပါတယ်။ သမ္မတနဲ့ အတူ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်နဲ့ အတူ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဒေါက်တာ ဒေါ်သက်သက်ဇင်၊ ဒေါက်တာ ဒေါ်သိန်းသိန်းဌေးတို့ အစုံအညီ တက်လာပါတယ်။ မြန်မာ မိသားစုတွေ ၈၀ လောက်အထိ တက်လာတာလည်း တွေ့ရပါတယ်။
သမ္မတနဲ့ နော်ဝေရောက် မြန်မာတွေ တွေ့ဆုံပွဲအတွက် အခမ်းအနားမှုး အဖြစ် တာဝန် ယူသူကတော့ တချိန်က အတိုက်အခံ သတင်းဌာန ဒီမိုကရေစီရေး သတင်းဌာန အဖြစ် လူသိများခဲ့တဲ့ DVB သတင်းဌာနမှ ဒုညွန်မှုး ကိုခင်မောင်ဝင်း ဖြစ်နေတာကို ထူးထူးခြားခြား တွေ့ရပါတယ်။
ဒီအခန်းအနားအတွင်း သမ္မတဦးသိန်းစိန် အဓိကပြောသွားတာကတော့ နော်ဝေနိုင်ငံကို ဘာကြောင့် ပထမဆုံး လာဖို့ရွေးချယ်ခဲ့သလဲဆိုတာနဲ့ ပြည်ပရောက်မြန်မာတွေ နိုင်ငံတည်ဆောက်ရေးမှာ လက်တွဲ ပါဝင်ကြဖို့ ဖြစ်ပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို ပထမဆုံး ထောက်ခံတဲ့နိုင်ငံဟာ နော်ဝေးဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်အတွက် အဓိကကူညီနေပြီး အင်းလေးထိန်းသိမ်းရေးကို သမ္မတက ဥပမာပေး ထောက်ပြသွားပါတယ်။
ပြီးတော့ နော်ဝေနိုင်ငံဆီ ပြန်လည်ပေးဆပ်ရန် ကျန်နေတဲ့ ခရိုနာ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၄၀ ခန့်)ကို နော်ဝေအစိုးရက လျှော်ပေးလိုက်တဲ့အတွက် အထူးကျေးဇူးတင်ကြောင်း၊ ဒီအတွက် လူကိုယ်တိုင်လာပြီး ကျေးဇူးတင်စကား လာပြောတာဖြစ်တယ်လို့  ဦးသိန်းစိန်က ဆိုပါတယ်။ တခါ နော်ဝေက ဒီလို အကြွေးလျှော်လိုက်တဲ့အတွက် တခြားနိုင်ငံတွေကလည်း အလားတူအကြွေးတွေ လျှော်ကြတာကြောင့် အခုဆိုရင် ကြွေးဟောင်းကျေလို့ ကြွေးသစ်ပြန်ချေးနိုင်ပြီ။ IMF, ADB, ODA တို့ကနေ အတိုးနှုန်းသက်သာစွာနဲ့ နှစ် ၄၀ စာချေးဖို့ပြင်နေပြီး အဲဒီချေးငွေတွေနဲ့ တိုင်းပြည်တည်ဆောက်ရေးလုပ်မယ်လို့ သမ္မတက ရှင်းပြပါတယ်။
ပြီးတော့ KIA နဲ့ဆွေးနွေးမှု နောက်ဆုံးအခြေနေကိုပြောပြီး အပစ်အခတ်ရပ်စဲ ထားရုံနဲ့မရ နိုင်ငံရေးအဖြေရတဲ့အထိ ဆွေးနွေးဖို့လိုတယ်လို့လည်း ပြောပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရအောင် လုပ်ရမှာဖြစ်ပြီး တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို ဖွဲစည်းပုံအခြေခံဥပဒေနဲ့ပါ ကာကွယ်ပေးဖို့ လိုနေတယ်လို့ သမ္မတက ထည့်ပြောသွားပါတယ်။
သမ္မတပြောတဲ့ နောက်ဆုံးအချက်ကတော့ ”ခင်ဗျားတို့တတွေ ဘယ်နိုင်ငံကိုပဲ ရောက်နေနေ၊ ခင်ဗျားတို့ အားလုံးဟာ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ ဖြစ်တယ်’။ ကျနော်တို့အချင်းချင်းကြားမှာ အားလုံး တူညီချင်မှ တူညီကြပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံကိုယ် ချစ်တဲ့စိတ်ကတော့ တူကြပါတယ်” လို့ သမ္မတက ပြောပါတယ်။ ဒါကြောင့် ”မတူတာတွေကို ဘေးဖယ်ပြီး တူတာတွေကို တွဲလုပ်ဖို့ အချိန်တန်နေပြီ၊ ပြည်ထောင်စု ချစ်စိတ်ပေါ်အခြေခံပြီး ကိုယ့်နိုင်ငံ အကျိုးအတွက် တဖက်တလမ်းက လက်တွဲဆောင်ရွက်ကြပါ” လို့ သမ္မတက တိုက်တွန်းသွားပါတယ်။
သမ္မတဦးသိန်းစိန်က ၅ မိနစ်ပဲ အမှာစကားပြောပြီး ပရိသတ်မေးတာကို ဝန်ကြီးအဖွဲ့က ဖြေပေးပါလိမ့်မယ်၊ သူ့မှာ တခြားကိစ္စရှိသေးတယ်လို့ပြောပြီး ပြန်ထွက်သွားပါတယ်။ အဲဒီအချိန်မှာ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က တခုခုပြောမလားလို့ ထင်ထားပေမယ့် တကယ်တန်း ဒိုင်ခံပြောသွားသူကတော့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း တဦးတည်းသာ ဖြစ်ပါတယ်။
ရေ တပ်ဦးစီးချုပ် စစ်ဗိုလ်ဘဝနေ ဝန်ကြီးဖြစ်လာသူပါလို့ မိတ်ဆက်ရင်းနဲ့ နိဒါန်းချီလိုက်တဲ့ ဦးစိုးသိန်းဟာ မိနစ် ၂၀ လောက်အထိ မနားတမ်းပြောနေတဲ့အတွက် ပရိသတ်ကို မေးခွင့်ပေးပါဦး၊ အချိန် သိပ်မရဘူးလို့ အခန်းအနားမှုးက ဝင်ပြောရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ”ဝန်ကြီးက သိပ်ပွားတာပဲ” ဆိုပြီး ပရိသတ်တဦးက ထပြောတဲ့အထိလည်း ဝန်ကြီးက စကားကို အပြောမရပ်ပါဘူး။ (အခန်းအနားတခုလုံးအတွက် အချိန် တနာရီစာပဲပေးထားကြောင်း ဖိတ်စာမှာ အတိအလင်း ဖော်ပြထားပါတယ်)
မိနစ် ၂၀ ကျော်ကြာ မိန့်ခွန်းအတွင်း ဝန်ကြီးဦးစိုးသိန်း အဓိကပြောသွားတာကတော့ လွန်ခဲ့တဲ့ ၂ နှစ် တာကာလ သူတို့အစိုးရသစ်ဆောင်ရွက်ခဲ့ရတဲ့ ”စစ်ဖက်အုပ်ချုပ်ရေးကနေ အရပ်ဖက်အုပ်ချုပ်ရေးသို့ ပြောင်းလဲခြင်း” ဖြစ်စဉ် ခက်ခဲကြမ်းတမ်းပုံအကြောင်း ဖြစ်ပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲရေး လုပ်တဲ့နေရာမှာ နိုင်ငံရေးရော၊ စီးပွားရေးပါ တပြိုင်တည်း တိုးတက်လာအောင် ဆောင်ရွက်နေတယ်လို့ ဝန်ကြီးက ဆိုပါတယ်။
နောက်တခါ ဒီလိုပြုပြင်ပြောင်းလဲမှုလုပ်တဲ့အခါမှာ ပြောင်းလဲရေး မလိုချင်သူတွေနဲ့လည်း ရင်ဆိုင်ရကြောင်း၊ သူ့လို ပြုပြင်ပြောင်းလဲရေးလုပ်ချင်သူ အစိုးရအဖွဲ့ထဲမှာ အားနည်းနေဆဲဖြစ်တဲ့အတွက် အပြင်က အင်အားစုတွေအပါအဝင် ဒီမိုကရေစီအင်အားစု အားလုံးက ဝိုင်းကူလုပ်ဖို့လိုတယ်လို့ ဝန်ကြီးက ဆိုပါတယ်။ ”အခုဆိုရင်  ဦးသိန်းစိန်ကလည်း ဒီမိုကရေစီ၊ ခင်ဗျားတို့လည်း ဒီမိုကရေစီ၊ ဒီမိုကရေစီဆီ သွားနေသူကို ခဲနဲ့ပေါက်ရင်တော့ ဆက်လုပ်မယ့်သူမရှိဘူး ဖြစ်သွားနိုင်တယ်၊ ဒါကိုတော့ ခင်ဗျားတို့ သတိထားဖို့ လိုပါတယ်” ဆိုပြီး သမ္မတဦးသိန်းစိန်ကို ဝိုင်းထောက်ခံကြဖို့ ဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။
ဝန်ကြီးအဖွဲ့အတွက် ပထမဆုံး မေးခွန်းကတော့ ၂၀၁၅ မှာ ဒီမိုကရေစီ အင်အားစုတွေဖက်က ရွေးကောက်ပွဲနိုင်ရင် စစ်တပ်က အာဏာမသိမ်းဘူးလို့ ဝန်ကြီးအာမခံသလားတဲ့။ ဒီအတွက် ဦးစိုးသိန်းရဲ့ အဖြေကတော့ ပြည်သူတွေ နိုင်ကိုနိုင်ရမယ်။ စစ်တပ်က အာဏာသိမ်းစရာ အကြောင်းမရှိဘူး။ သိမ်းလို့လည်း မရဘူး၊ အခြေနေတွေက ပြောင်းသွားခဲ့ပြီ။ အီဂျစ်နိုင်ငံမှာ ဖြစ်နေတဲ့ လတ်တလော အခြေနေတွေကိုသာ ကြည့်ပါ ဆိုပြီး ဝန်ကြီးက ဥပမာပေး ဖြေကြားသွားပါတယ်။
နောက်ထပ်မေးခွန်းတွေထဲက ထူးခြားချက်တချို့ကို ကောက်နှုတ်တင်ပြရမယ်ဆိုရင် အမျိုးသမီး အခွင့်အရေးတွေအတွက် အစိုးရက ဘာတွေ ဆောင်ရွက်ပေးနေသလဲဆိုတာကို အမျိုးသမီးတဦးက မေးပါတယ်။ ဒီမေးခွန်းကိုတော့ အမျိုးသမိးရေးရာ အဖွဲ့ဥက္ကဌကနေ ကျန်းမာရေး ဒုဝန်ကြီးဖြစ်လာသူက နိုင်ငံအနှံ့ အမျိုးသမီး ပညာပေး သင်တန်းတွေ ဖွင့်နေပါတယ်လို့ ဖြေကြားပါတယ်။
War Crime စစ်ရာဇဝတ်မှု ကျုးလွန်ခဲ့သူတွေကို လက်ရှိအစိုးရက ဘယ်လို အရေးယူဆောင်ရွက်ဖို့ အစီအစဉ်ရှိသလဲ ဆိုတာဖြစ်ပြီး ဒီမေးခွန်းကိုကြားတော့ ပရိသတ် အတော်များများ လက်ခုတ်ထ တီးကြပါတယ်။ ဒီမေးခွန်းအတွက် ဦးစိုးသိန်းရဲ့အဖြေကတော့ ”ကျနော်တို့ ဒီမိုကရေစီကိုပဲ သွားချင်ပါတယ်။ အရေးယူတဲ့ အပိုင်းကို ပထမ ဦးစားပေးနေရာမှာ မထားချင်ပါဘူး”။ ဒါကို ပထမနေရာထားရင် ရှေ့မတိုးနိုင် ဖြစ်နေလိမ့်မယ်။ အရေးယူတာက နောက်တပိုင်းဖြစ်ပါလိမ့်မယ်လို့ ဆိုပါတယ်။
နောက်တခါ လက်ရှိဖွဲ့စည်းပုံအရ စစ်တပ် လက်ထဲမှာ အာဏာ အများကြီး ရှိနေတယ်၊ သမ္မတထက် ကာချုပ်က ပို အာဏာရှိနေတယ်ဆိုတဲ့ မေးခွန်းကိုလဲ ဦးစိုးသိန်းက မဟုတ်ပါဘူးလို့ ငြင်းဆိုပြီး မြန်မာနိုင်ငံ ပြု ပြင်ပြောင်းလဲရေးဟာ အင်ဒိုနီးရှားထက် အခြေအနေ ပိုကောင်းတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှား ပါလီမန်ထဲက စစ်သား ၂၅ ရာခိုင်နှုန်း ထွက်ဖို့အတွက် ပါလီမန် သက်တန်း နှစ်ခါစောင့်ခဲ့ရပေမယ့် မြန်မာနိုင်ငံမှာ အဲဒီ လောက်အထိ စောင့်စရာ မလိုလောက်ပါဘူးလို့ ဦးစိုးသိန်းက ခန့်မှန်းပါတယ်။
ပြီးတော့ ”ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရဲ့ Icon ဖြစ်သလို သမ္မတဦးသိန်းစိန်ဟာလည်း လက်ရှိသွားနေတဲ့ Reform ရဲ့ Icon ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ဦးကို ခင်ဗျားတို့ ကူညီဖို့ လိုတယ်” လို့ ဦးစိုးသိန်းက တိုက်တွန်းသွားပါတယ်။
သမ္မတနဲ့အဖွဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံရာ Litteratur huset အပြင်ဖက်မှာတော့ ရိုဟင်ဂျာ သို့မဟုတ် ဘင်္ဂလီ အင်အား ၁၀ ကျော် ဆိုင်းဘုတ်တွေ ထောင်ပြိး ဆန္ဒပြနေပါတယ်။ ဒီကိစ္စကို လက်ရှိအစိုးရအဖွဲ့က ဘယ်လိုကိုင်တွယ် ဖြေရှင်းမှာလဲ။ ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ ဘယ်တော့ ထွက်လာမလဲ။ မေးစရာတွေ ကျန်နေဆဲပါ။
ဒီလို စဉ်းစားရင်း အိမ်ပြန်ရောက်လို့ ကွန်ပြူတာဖွင့်လိုက်တော့ ပထမဆုံး တွေ့ရတဲ့ ထူးခြားသတင်းက လွန်ခဲ့တဲ့ ၂၁ နှစ် ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ဆုရပြီးချိန်ကတည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ နော်ဝေ အခြေစိုက် DVB သတင်းဌာနရဲ့ အသံလွှင့်မှု အားလုံးကို နော်ဝေးမှာ လုံးဝမထားတော့ဘဲ အမိမြေကို ပြန်တော့မယ်လို့ ဒုညွန်မှုးကပြောတယ် ဆိုတဲ့သတင်းဖြစ်ပါတယ်။ နော်ဝေးနိုင်ငံရဲ့ NRK သတင်းဌာန ဝက်ဆိုက်မှာ ဓာတ်ပုံတွေနဲ့တကွ ရှင်းပြထားပြီး ဒီနေ့ပြုလုပ်တဲ့ ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်နဲ့ အင်တာဗျူးကို လွင့်ပြီးတဲ့နောက် DVB နော်ဝေးကနေ ထုတ်လွှင့်မှု အားလုံးကို ရုပ်သိမ်းလိုက်ပါပြီလို့  ကြေညာထားပါတယ်။
တဆက်တည်း သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်အပေါ် နော်ဝေ မီဒီယာတွေ ဘယ်လိုမြင်ကြသလဲဆိုပြီး လိုက်ဖတ်တော့ နော်ဝေးအစိုးရက ရှယ်ယာအများစုထည့်ထားတဲ့ Statoil ရေနံကုမ္ပဏီနဲ့ Telenor ဆက်သွယ်ရေးကုမ္ပဏီတို့ မြန်မာနိုင်ငံဆီ ဝင်ဖို့ ပြင်နေကြောင်း ရေးထားတာ တွေ့ရပါတယ်။ တခါ နော်ဝေးနဲ့ မြန်မာဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ထွက်တာ၊ ပင်လယ်ပြင်နဲ့ သစ်တောတွေရှိတဲ့နေရာ၊ သယံဇာတ ကြွယ်ဝတဲ့နေရာမှာ တူညီနေတယ်လို့ နှိုင်းယှဉ်ပြထားတာကိုလည်း ဖတ်ရပါတယ်။
ဒါကြောင့် ဒီလို သယံဇာတ ကြွယ်ဝမှုအပေါ် အခြေခံပြီး တိုင်းပြည် ချမ်းသာလာအောင် လုပ်နိုင်ခဲ့တဲ့ နော်ဝေနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်ကို သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ လာလေ့လာတာလား။ အုပ်ချုပ်မှုစနစ်သာ မှန်မယ်ဆိုရင် မြန်မာနိုင်ငံ ဆင်းရဲတွင်းကနေလွတ်အောင် ဒီသယံဇာတတွေက ကူညီနိုင်ပါတယ်။ နော်ဝေနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကလည်း နိုင်ငံတကာ စံချိန်စံညွန်းတွေနဲ့အညီ မြန်မာနိုင်ငံ ဖွံံဖြိုးရေးအတွက် ကူညီနိုင်ပါလိမ့်မယ်လို့ ရေးထားတာကို တွေ့ရပါတယ်။
ဒါဆို ဒီလို ဖြစ်လာစေဖို့အတွက် သမ္မတ ဦးသိန်းစိန် အစိုးရက မှန်ကန်တဲ့ အုပ်ချုပ်ရေးစနစ်တခုကို ဘယ်တော့လောက် ဘယ်လိုစတင် ကျင့်သုံးနိုင်မလဲ။ ပြည်ပရောက်မြန်မာတွေကရော ဒီ လုပ်ငန်းစဉ်အပေါ် ဘာတွေများ ဘယ်လောက် ကူညီပေးနိုင်လေမလဲ။
]]>
https://burma.irrawaddy.com/news/2013/02/28/34648.html/feed 1
နော်ဝေရောက် သမ္မတ ဦးသိန်းစိန်ကို အော်စလိုရှိ မြန်မာနိုင်ငံသားတွေက ဆန္ဒပြဖို့ရှိတယ်လို့ သတင်း ရထားတဲ့အတွက် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲလောက်မှာ အော်စလိုမြို့လယ်က ပါလီမန် ရင်ပြင်ဆီ ကျနော် ထွက်လာခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှု တွေကို ဦးဆောင် လုပ်ကိုင်နေသူ ဖြစ်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း သမ္မတကို သူ ယုံကြည်ပါတယ်လို့ ပြောထားဖူးအတွက် ဒီနေ့ဆန္ဒပြပွဲမှာ လူသိပ်မရှိလောက်ဘူးလို့ ထင်ထားခဲ့တာပါ။
ဒါပေမယ့် အခြေနေက ကျနော်ထင်ထားသလို မဟုတ်။ လူအင်အား ၅၀ နီးပါးအထိ ပါလီမန်ရင်ပြင်ရှေ့မှာ ရောက်နေတာကို တွေ့ရပါတယ်။ အများစုဟာ KIA (ကချင်လွတ်လပ်ရေး တပ်မတော်) အလံတွေ၊ KNU (ကရင်အမျိုးသားအစည်းရုံး) အလံတွေ ကိုင်ထားပြီး ကချင်ရိုးရာဝတ်စုံ၊ ကရင်ရိုးရာဝတ်စုံတွေ၊ အအေးဒဏ်ကို ကာနိုင်မယ့် ထူထဲတဲ့ နှင်းကာဝတ်စုံတွေနဲ့။
ညနေ ၄ နာရီလောက်မှာတော့ သမ္မတ တည်းခိုတဲ့ Continental ဟိုတယ်ရှိရာ ဆီ ချီတက်ဖို့ ပြင်ကြပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် နိုင်ငံတော်ဧည့်သည်အဖြစ် ရောက်လာကြတဲ့ နိုင်ငံတကာ အစိုးရအဖွဲ့ ခေါင်းဆောင်တွေဟာ ဒီပါလီမန်ရှေ့က Grand Hotel မှာ တည်းခိုလေ့ရှိပါတယ်။ ဒါပေမယ့် မြန်မာသမ္မတကျမှ ဘာလို့ ဒီဟိုတယ်မှာ မတည်းဘဲ ခပ်လှမ်းလှမ်းက Continental မှာ သွားတည်းသလဲ မသိပါ။ (ဒေါ်အောင်ဆန်းစုကြည် လာတုန်းကလည်း Grand Hotel မှာပဲ တည်းပါတယ်)။
နောက်ထပ် ထူးခြားချက်တခုကတော့ နိုင်ငံခြားခေါင်းဆောင်တွေ တရားဝင် အလည်အပတ်လာရင် နှစ်နိုင်ငံအလံတွေ တလွင့်လွင့် လွှင့်တင်ထားလေ့ရှိတဲ့ နန်းတော်၊ ပါလီမန်နဲ့ ဘူတာကြီး တလျှောက်က အထင်ကရ လမ်းမကြီး Karl Johans တလျောက် အလံတိုင်တွေမှာ ဘာအလံမှ တင်ထားတာ မတွေ့ရပါ။
ဒီလိုနဲ့ ပါလီမန်၊ Karl Johans လမ်းမ၊ Grand Hotel တွေနဲ့ ခပ်လှမ်းလှမ်းက Continental ဟိုတယ်ဆီ ဒီ လူအုပ် ကြွေးကြော်သံတွေနဲ့ အော်ဟစ်ချီတက်ကြပါတယ်။
“၂၀၀၈ ဖွဲ့စည်းပုံ အလိုမရှိ၊ အလိုမရှိ”၊ “ဦးသိန်စိန် အစိုးရ အလိုမရှိ”၊ “ကြံံ့ဖွံ့အစိုးရ အလိုမရှိ” စတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ချီတက်လာတဲ့ လူအုပ် ဟိုတယ်ရှေ့နား ရောက်တော့ ရဲကား ၃ စီးလောက် လုံခြုံရေးအတွက် နေရာယူထားတာ တွေ့ရပါတယ်။
ဟိုတယ်ရှေ့မှာ ဒီလူအုပ် ကြွေးကြော်သံ အော်နေပေမယ့် ဟိုတယ်ထဲမှာ သမ္မတ ရှိနေပုံမရပါဘူး။ ဒါပေမယ့် သိပ်မကြာပါ။ ဆန္ဒပြပွဲ ၁၅ မိနစ်လောက်အတွင်း သမ္မတယာဉ်တန်း ဟိုတယ်ရှေ့ ရောက်လာပါတယ်။ ရဲ တွေအတော် အလုပ်ရှုပ်သွားပြီး ဆန္ဒပြသူတွေရဲ့ ကြွေးကြော်သံတွေကလည်း ကားသံတွေကို လွှမ်းမိုးတဲ့အထိ ဆူညံသွားပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ဆန္ဒပြနေသူတွေဖက်ကို လှည့်တောင်မကြည့်ဘဲ ဟိုတယ်ထဲ တန်းဝင်သွားပါတယ်။ တခါ သူနောက်မှာ လိုက်လာကြတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်နဲ့ ဝန်ကြီးအဖွဲ့ကလည်း ဆန္ဒပြပွဲကို မသိမသာ လှမ်းကြည့်ပေမယ့် ဘာမှမပြောဘဲ ဟိုတယ်ထဲ လိုက်ဝင်ကြပါတယ်။
ဟိုတယ်ရှေ့ ကားလမ်းတဖက်ကမ်းမှာတော့ ကြွေးကြော်သံတွေက ဆူညံဆဲ။ ကချင်၊ ကရင် တိုင်းရင်းသားတွေနဲ့ အတူ ပြည်ပရောက် ၈၈ မျိုးဆက်တွေဟာ ကြွေးကြော်သံ အော်လိုက်၊ ဒီမိုကရေစီ တိုက်ပွဲဝင် သီချင်းတွေ သီဆိုလိုက်နဲ့။
ထူးထူးခြားခြား ငြိမ်းချမ်းရေး တေးသံရှင် ကိုမွန်းအောင်လည်း ဒီနေ့ပွဲကို လာရောက်ပူးပေါင်းပြီး ဂီတာတီး သီချင်းဆိုတဲ့အပြင် စကားပါ ပြောပါတယ်။
“သမ္မတ ရောက်တဲ့နေရာတိုင်းမှာ ဒီမိုကရေစီ အင်အားစုတွေက ဆန္ဒပြရမယ်။ သူတို့ လမ်းမှန်ရောက်အောင် ဒီနည်းနဲ့ တွန်းပို့ရမယ်” လို့ ကိုမွန်းအောင်က ပြောပါတယ်။
ဒီထက် ပိုထူးခြားတာကတော့ အရင် ဆန္ဒပြပွဲတွေမှာ သတင်းလာယူနေကြ နော်ဝေအခြေစိုက် DVB ကို မတွေ့ရဘဲ နေပြည်တော် အခြေစိုက် Sky Net ကိုသာ တွေ့ရပါတယ်။ သမ္မတနဲ့အတူ ပြည်တွင်း မီဒီယာ တချို့လိုက်ပါလာပြီး ကိုမွန်းအောင်ရဲ့ “သွေးမုန်တိုင်း” သီချင်းကို အမိအရ ရိုက်ယူနေတာ တွေ့ရပါတယ်။ ဆန္ဒပြ ခေါင်းဆောင်တွေကိုလည်း အသေအချာ အင်တာဗျုး လုပ်ပါတယ်။
ဆန္ဒပြပွဲ အရှိန်ကောင်းတုန်းမှာပဲ သမ္မတ ယာဉ်တန်းနဲ့အတူ ပါလာတဲ့ နော်ဝေ နိုင်ငံခြားရေးဌာမှ အရာရှိတချို့ ဆန္ဒပြနေသူတွေဆီ ရောက်လာပြီး ကိုယ်စားလှယ်နှစ်ဦးကို ဖိတ်ခေါ်ကာ ဟိုတယ်ထဲ ဝင်သွားပါတယ်။
တနာရီကျော်ကြာ ဆန္ဒပြပွဲ အပြီးမှာတော့ ကိုယ်စားလှယ်နှစ်ဦး ဟိုတယ်ထဲက ပြန်ထွက်လာပါတယ်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်တို့က သူတို့နှစ်ဦးကို လက်ခံတွေ့ဆုံပြီး နေပြည်တော်ရဲ့ တည်ဆောက် ပြုပြင် မြန်ပြည်တခွင် လုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့တယ်လို့ ကိုယ်စားလှယ်နှစ်ဦးက ပြန်ပြောပြပါတယ်။
“ဘာလို့ ဒီမှာဆန္ဒပြနေလဲ၊ နေပြည်တော်အထိ လာ လေ့လာကြလေ” လို့ ဝန်ကြီးဦးစိုးသိန်းက ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းမှာ တိုးတက်နေတဲ့ အခြေအနေတွေကို အပြင်ကလူတွေက မသိလို့ အခုလို ဆန္ဒပြနေတာ ဖြစ်နိုင်တယ်ဆိုပြီး နော်ဝေ နိုင်ငံခြားရေးဌာနက အရာရှိတွေကို ဝန်ကြီးက ပြောတယ်လို့ လည်း သူတို့က ဆိုပါတယ်။
“နေပြည်တော်မှာ ပြောင်းမပြောင်းတော့ မသိဘူး။ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တို ကျေးရွာမှာတော့ ရဲက သေနတ်နဲ့ပစ်လို့ လယ်သမား ၆ ယောက် ဆေးရုံတင်လိုက်ရတယ်” ဆိုပြီး ကိုယ်စားလှယ်တွေက ပြောလိုက်တဲ့အခါ ဝန်ကြီးနှစ်ဦး မျက်စိမျက်နှာ ပျက်သွားတယ်လို့လည်း ဆိုပါတယ်။ နော်ဝေ နိုင်ငံခြားရေးဌာနက အရာရှိတွေလည်း တအံတသြဖြစ်သွားပြီး “မြန်မာနိုင်ငံမှာ ဒီလိုဖြစ်နေဆဲလား” လို့ ဖြစ်စဉ် အသေးစိတ်ကို မေးမြန်းခဲ့တယ်လို့ သူတို့က ပြန်ရှင်းပြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးအကြောင်း မေးတဲ့အခါ လောလောဆယ် မလွယ်သေးတဲ့အကြောင်း၊ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီက လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေကို သိပ်မလိုလားတဲ့အတွက် သမ္မတနဲ့ အစိုးရအဖွဲ့က လုပ်ရကိုင်ရ ခက်နေဆဲဖြစ်တယ်ဆိုပြီး ဦးစိုးသိန်းက ပြောတယ်လို့ ကိုယ်စားလှယ်နှစ်ဦးက ပြန်ပြော ပြခဲ့ပါတယ်။
တခါ ဒီလိုပြင်ရခက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ လက်ရှိအစိုးရက ဆွဲထားတာ မဟုတ်ဘူး၊ အရင် အစိုးရဟောင်းက ဆွဲထားတာဖြစ်တယ်။ နောက်တခါ လယ်ယာသမားတွေ အပစ်ခံရတဲ့ကိစ္စဟာ အရင်အစိုးရခေတ်က လယ်တွေသိမ်းထားတာကြောင့် ဖြစ်တယ်၊ အခု အစိုးရလက်ထက်မှာတော့ သိမ်းဆည်းလယ်တွေကို လယ်သမား လက်ထဲပြန်အပ်နိုင်အောင် ကြိုးစားနေပါတယ်လို့ ဝန်ကြီးနှစ်ပါးက ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
ကချင်နယ်မှာ စစ်ပွဲရပ်ရေးအပါဝင် တနိုင်ငံလုံး ငြိမ်းချမ်းရေးရအောင်၊ တိုင်းရင်းသား အားလုံး ပါဝင်နိုင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာအောင်လည်း သူတို့အစိုးရက ဆောင်ရွက်နေတယ်လို့ ဝန်ကြီးတွေက ပြောကြောင်း ဆိုပါတယ်။
ဦးရဲထွဋ်က သူ့ဖေ့စ်ဘုတ်ခ်မှာ ဆန္ဒပြပွဲအကြောင်းနဲ့ ကိုယ်စားလှယ် နှစ်ယောက်ကို တွေ့ဆုံတဲ့အကြောင်း ရေးသားခဲ့ပြီး “ကျွန်တော်တို့က သူတို့ကို အခြေခံဥပဒေ ပြင်ဆင်ရေး ကို ဆန္ဒပြနေရုံနဲ့ လုပ်လို့မရကြောင်း၊ နိုင်ငံတည်ဆောက်ရေးမှာ ကိုယ်တိုင် ဝင်ပါပြီး နိုင်ငံထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်မယ့် အခြေအနေမျိုး ရောက်အောင် ဝိုင်းကြိုးစားဖို့လိုကြောင်း၊ ကျွန်တော်တို့ နိုင်ငံဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီ ဖြစ်တဲ့အတွက် ဒီလမ်းကြောင်းအတိုင်း မြန်မြန်သွားနိုင်အောင် ကူညီပေးဖို့လိုကြောင်း ရှင်းပြ ခဲ့ပါတယ်” လို့ ရေးတာကို တွေ့ရပါတယ်။
နောက်ပြီး “ကျွန်တော်တို့ ကြားမှာ သဘောမတူတာတွေ ရှိနေသည့်တိုင်အောင် ဒီလို ထိုင်ပြီး စကားပြောဆို ဆွေးနွေးတာကိုက သမ္မတကြီးပြောတဲ့ သည်းခံ ခွင့်လွှတ်တဲ့ နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ်ကို ကျွန်တော်တို့ ဖော်ဆောင်နေပြီ ဆိုတာကို ထပ်မံ သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်” လို့ နိဂုံးချုပ်လိုက်ပါတယ်။
ကိုယ်စားလှယ်နှစ်ဦး ပြန်ပြောပြသမျှအတိုင်းဆိုရင် သမ္မတနဲ့ ဝန်ကြီးအဖွဲ့က ဒီလို ဆန္ဒပြတာကို မကြိုက်ဘူးဆိုပဲ။ သူတို့ဟာ အရင်ကလို စစ်အစိုးရ မဟုတ်တော့ဘဲ ပြည်သူက ရွေးချယ်တဲ့ အရပ်သားအစိုးရ ဖြစ်နေပြီ။ လူအများစုက ကြိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း ပါလီမန်ထဲ ရောက်နေပြီ ဖြစ်တဲ့အတွက် ဒီလို ဆန္ဒပြဖို့ မလိုတော့ဘူးလို့ တွက်ဆထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
တကယ်တမ်း ပြောမယ်ဆိုရင် ဆန္ဒပြနေတာဟာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေချည်း မဟုတ်ပါဘူး။ ဧရာဝတီတိုင်း မအူပင်မြိုနယ်က လယ်သမားတွေလည်း သူတို့လယ် ပြန်ရရေးအတွက် ဆန္ဒပြတာပဲ မဟုတ်ပါလား။ စက်ရုံ အလုပ်ရုံတွေက အလုပ်သမားတွေလည်း လုပ်အားခ တိုးရဖို့နဲ့ အလုပ်သမား အခွင့်အရေးရဖို့ ဆန္ဒပြနေကြတာပဲ မဟုတ်လား။ မုံရွာ လက်ပံတောင်းက ဒေသခံတွေကလည်း သူတို့ရဲ့ တောတောင်ရေမြေ သဘာဝတွေ ဆုံးရှုံးမခံနိုင်လို့ ဆန္ဒပြနေကြတာပဲ မဟုတ်ပါလား။ ကချင်ပြည်နယ်နဲ့ တနိုင်ငံလုံးမှာ စစ်ပွဲတွေရပ်ဖို့အတွက် ရန်ကုန်ကနေ လိုင်ဇာအထိ တန်းစီလမ်းလျှောက် ဆန္ဒပြကြတာပဲ မဟုတ်ပါလား။ ဟံသာဝတီ ကားပွဲစားတန်းကတောင် သူတို့ လုပ်ကွင်းလုပ်ကွက် ဟန်မပျက်သွားရအောင် ဆန္ဒပြကြတာပဲ။
ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်လို့ အစိုးရက ပြောနေပေမယ့် နောက်ထပ်လုပ်စရာတွေ အများကြီး ကျန်နေဆဲဆိုတာကို ဒီဆန္ဒပြပွဲတွေက ရောင်ပြန်ဟပ်နေတာ မဟုတ်လား။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်ဆိုတာဟာ ဒီမိုကရေစီစနစ်ရဲ့ ယဉ်ကျေးမှုတရပ်ပဲ မဟုတ်ပါလား။
(စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသားလက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်းဖြစ်ပြီး DVB ၏ သတင်းထောက်ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက်ရှိသည်)
]]>
https://burma.irrawaddy.com/article/2013/02/27/34595.html/feed 15
သမ္မတ ဦးသိန်းစိန်ကို အော်စလိုက မြန်မာတွေ ဆန္ဒပြမှုနဲ့ကြို https://burma.irrawaddy.com/news/2013/02/27/34571.html https://burma.irrawaddy.com/news/2013/02/27/34571.html#comments Wed, 27 Feb 2013 04:28:59 +0000 https://burma.irrawaddy.com/lytbox/?p=34571 သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းက မိမိတို့ကိုယ်၌က ဖွဲ့စည်းပုံကို ပြင်လိုတဲ့ ဆန္ဒရှိကြောင်း၊ သို့သော် ဖွဲ့စည်းပုံကို လွှတ်တော်တွင်းမှာသာ ပြင်ဆင်နိုင်ကြောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြင်ဆင်မှုကို မလိုလားသေး၍ အချိန်ယူ ပြင်ဆင်ရမှာ ဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။]]>
ဖေဖော်ဝါရီလ ၂၆ ရက် အင်္ဂါနေ့က နော်ဝေနိုင်ငံ အော်စလိုမြို့သို့ ရောက်ရှိနေသော သမ္မတဦးသိန်းစိန်အား မြန်မာ ၅၀ ခန့်က ကြွေးကြော်သံများဖြင့် ဟစ်အော်ဆန္ဒပြခဲ့ကြသည်။
ဒေသစံတော်ချိန် ညနေ ၄နာရီခွဲတွင် အော်စလိုမြို့လည် လူစည်ကားရာ လမ်းဆုံရှိ သမ္မတဦးသိန်းစိန် တည်းခိုရာ Hotel Continental ရှေ့၌ “ ၂၀၀၈ဖွဲ့စည်းပုံ အလိုမရှိ” “ပြည်တွင်းစစ် အလိုမရှိ” “ အစိုးရ အကျင့်ပျက် ခြစားမှု ချက်ခြင်းရပ်” ဟူသည့် ကြွေးကြော်သံများနှင့် အော်ဟစ်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ထိုသို့ဆန္ဒပြနေစဉ် နော်ဝေ၀န်ကြီးချုပ် Jens Stoltenberg နှင့်အတူ သတင်းစာရှင်းပွဲအပြီး ဟော်တယ်သို့ ပြန်လည်ဆိုက်ရောက်လာသည့် သမ္မတ ဦးသိန်းစိန် အဖွဲ့နှင့် ဆန္ဒပြသူတို့ ထိပ်တိုက် တိုးခဲ့ကြသည်။ နောက်ပိုင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းနှင့် ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲထွဋ် တို့က ဆန္ဒပြကိုယ်စားလှယ် နှစ်ဦးအား တည်းခိုရာ ဟော်တယ်တွင် ခေါ်ယူတွေ့ဆုံ ပြီး ဆန္ဒပြရသည့် အကြောင်းအရင်းကို မေးမြန်းခဲ့သည်။
ဝန်ကြီးနှင့်တွေ့ဆုံခဲ့သည့် ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဦးမြင့်အေးက “ ကျနော်တို့ရှင်းပြတာက အခု ပြုပြင်ပြောင်းလဲရေး လုပ်နေတာတွေဟာ တကယ့်အခြေခံကျတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးကို မလုပ်ရင် အနှစ်သာရရှိတဲ့ အပြောင်းအလဲ မဖြစ်နိုင်တဲ့ အကြောင်း ထောက်ပြတယ်။ ဥပမာ ပထမအချက်က ဒေါ်အောင်ဆန်းစုကြည်က ၇၅ ရာခိုင်နှုန်း နိုင်တယ်ဆိုရင်တောင် သမ္မတ မဖြစ်နိုင်ဘူး။ ဒုတိယအချက်က  လူထုမရွေးကောက်ပဲ စစ်တပ်ကိုယ်စားလှယ်တွေ လွှတ်တော်ထိုင်ခုံပေါ်ရောက်နေတာကလည်း ဒီမိုကရေစီ အသွင်းပြောင်င်းဖို့ အခက်အခဲတွေဖြစ်တယ်။ တတိယအချက်က တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းချက်ကို ရေရှည်အာမ မခံတဲ့အကြောင်း။ ဒါတွေကို သမ္မတအနေနဲ့ အမြန်ဆုံးပြောင်းလဲဖို့ လိုအပ်တဲ့အကြောင်း ကျနော်တို့ ထောက်ပြခဲ့တယ်”ဟု ဧရာဝတီသို့ ပြောဆိုသည်။
သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းက မိမိတို့ကိုယ်၌က ဖွဲ့စည်းပုံကို ပြင်လိုတဲ့ဆန္ဒရှိကြောင်း၊ သို့သော် ဖွဲ့စည်းပုံကို လွှတ်တော် တွင်းမှာသာ ပြင်ဆင်နိုင်ကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးရေးပါတီက ပြင်ဆင်မှုကို မလိုလားသေး၍ အချိန်ယူပြင်ဆင်ရမှာဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်ဟု ကိုမြင့်အေးက ဆိုသည်။
“ကျနော်တို့က လယ်မြေသိမ်းတဲ့ကိစ္စ ထောက်ပြတော့လည်း ဒီကိစ္စ အရင်အစိုးရက လုပ်ခဲ့တဲ့ အရှုပ်အထွေးကို  သူတို့က ရှင်းနေရပါတယ်လို့ ပြောတယ်။ ကျနော်က ဒီကနေ့တင် မအူပင်မြို့နယ်က လယ်သမားတွေ ပစ်ခတ်ခံရကြောင်း ရှင်းပြတော့ သူတို့အတော်အံ့သြသွားတယ်။ မြန်မာပြည်ကို လှမ်းပြီး စုံစမ်းတာတွေ လုပ်နေတယ်” ဟုလည်း ဦးမြင့်အေးက ပြောသည်။
အဆိုပါ ဆန္ဒပြပွဲ၌ တချိန်က နာမည်ကြီး ခေတ်ပေါ်အဆိုတော် မွန်းအောင်က “အရေးကြီးပြီ” သီချင်းနှင့် “သွေးမုန်တိုင်း ”သီချင်းတို့ကို သီဆို ဆန္ဒပြခဲ့သည်။
“ကျနော်တို့က ဗမာပြည်မှာ အပြောင်းအလဲဖြစ်တယ်ဆိုတာကို လက်မခံနိုင်သေးလို့ ဆန္ဒပြတာဖြစ်တယ်။ လူ့အခွင့်အရေးတို့ တိုင်းရင်းသားအခွင့်အရေးတို့ဆိုတာ ဗမာပြည်မှာ မရှိသေးပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ဆက်သွား နောက်ထပ် အနှစ် ၅၀ ကျော် စစ်အစိုးရအောက်မှာပဲ ရှိဦးမယ်။ အခုလည်း ကျနော်တို့ နှစ်ပေါင်း ၅၀ ဖြတ်ခဲ့ပြီးပြီ။ လွန်ခဲ့တဲ့ အနှစ် ၂၀ က ဒီမိုကရေစီလို့ပြောပြီး ကျောင်းသားတွေကို ထောင်ချခဲ့တဲ့ အစိုးရက ဒီမိုကရေစီလို့ ပြောပြီး ကမ္ဘာလှည့်ပြီး ညာနေတုံးပဲ” ဟု အဆိုတော် မွန်းအောင်က ပြောဆိုသည်။
သမ္မတ ဦးသိန်းစိန်၏ ၃ ရက်ကြာ နော်ဝေနိုင်ငံ ခရီးစဉ်အတွင်း ယနေ့ဗုဒ္ဓဟူးနေ့တွင် နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ ကို တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ညနေပိုင်းတွင် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံမည်ဟုသိရသည်။
ခရီးစဉ် အဆုံးသပ်မည့် ကြာသပတေးနေ့တွင် ဆက်သွယ်ရေး၊ ကုန်သွယ်ရေးနှင့် စက်မှုကုန်ထုတ်ဆိုင်ရာ ဝန်ကြီးများနှင့် တွေ့ဆုံပြီး  ရေအားလျှပ်စစ်စွမ်းအားထုတ်လုပ်ရာ Askim နှင့် Ostfold အရပ်သို့လည်း သွားရောက် လည်ပတ်ကြည့်ရှုမည်ဟု သိရသည်။
နော်ဝေ မီဒီယာများက ဦးသိန်းစိန်ကို သတိကြီးစွာ ပြောဆိုဆက်ဆံတတ်သူ ရှေးရိုးစွဲဝါဒီအဖြစ် ပုံဖော် တင်ပြကြသည်။
နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ နှစ်နိုင်ငံကြား မည်သည့် အရေးပါသည့် သဘောတူစာချုပ်ကိုမျှ လက်မှတ်ရေးထိုးရန် အစီအစဉ် မရှိကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်များအတွင်း တိုးတက်မှုများ ဖြစ်ထွန်းခဲ့သော်လည်း လုပ်ဆောင်စရာ များစွာကျန်နေသေးကြောင်း Kjetil Elsebutangen က ပြောဆိုပြီး “နော်ဝေဘက်က အပြုသဘောတိုးတက်မှုတွေကို ထောက်ခံဖို့၊ မှန်ကန်တဲ့ ဦးတည်ချက်ဆီ ချီတက်နေသူတွေကို ကူညီဖို့ အရေးကြီးတယ်လို့ ခံယူထားပါတယ်” ဟုလည်း ပြောခဲ့သည်။
]]>
https://burma.irrawaddy.com/news/2013/02/27/34571.html/feed 6
မစပ်စုတို့ တိုင်းပြည်ရဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်ပြီးတဲ့ နောက်ပိုင်းမှာ သူဝတ်ဆင်တဲ့ အဝတ်အစား၊ ဖက်ရှင်ဒီဇိုင်းတွေဟာ လူငယ်၊ လူလတ်၊ လူကြီး စတဲ့ အရွယ်အမျိုးမျိုးသော အမျိုးသမီး ထုကြားထဲ လက်ရှိ အချိန်အထိ အလွန်ပဲ ရေပန်းစားနေခဲ့တာပါ။
အနယ်နယ် အရပ်ရပ်က အမျိုးသမီး စက်ချုပ်ဆိုင်တွေ၊ ဖက်ရှင် ဒီဇိုင်နာတွေ ဆီမှာဆိုရင်လည်း ပွဲတက်ဖို့ မြန်မာ့ ရိုးရာ ဝတ်စုံဒီဇိုင်း ရွေးကြပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဘယ်ပွဲမှာ ဝတ်သွားတဲ့ ဘယ်လို ဒီဇိုင်မျိုးလေး ချုပ်ပေးပါဆိုတဲ့ အသံတွေ ကြားလာရတော့ မီဒီယာတွေကတောင် ဒေါ်အောင်ဆန်းစုကြည် ဖက်ရှင်နဲ့ ပတ်သက်လို့ အင်တာဗျူးတွေ၊ သတင်းတွေ ထုတ်ဖော် ရေးသားခဲ့ကြပါသေးတယ်။ သူ တောင်ကိုရီးယားသွားတုန်းက ဝတ်စုံတွေဆိုရင် ဖက်ရှင်လောကမှာတောင် ပြောစမှတ် ပြုရတယ်လို့ သိရပါတယ်။
သူကလည်း မြန်မာလူထုရဲ့ အထင်ကရ ပုဂ္ဂိုလ်ပေကိုး။ အဲဒီလို အတိုက်အခံ ခေါင်းဆောင် တဦးရဲ့ ဝတ်စားဆင်ယင်မှု အကြောင်း စိတ်ဝင်တစား ပြောပြီးပြန်တော့ အခု လက်တလောမှာ မစပ်စုတို့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရိုးရာဖက်ရှင် တခုကိုလည်း ပြည်သူတွေအကြား အပြောများ လာပါတယ်။
အဲဒါကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅၊ ၁၆ လောက်မှာ သမ္မတကြီးရဲ့ ချင်းပြည်နယ် ခရီးစဉ်အတွင်း ဝတ်ခဲ့တဲ့ ဖက်ရှင်လို့ ဆိုရမှာပါပဲ။ ချင်းပြည်နယ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်တိုင် ကွင်းဆင်းလေ့လာ စစ်ဆေးခဲ့တဲ့ သမ္မတကြီးက ချင်း တိုင်းရင်းသားတွေရဲ့ ရိုးရာ ဂျက်ခုပ် အထည်တွေကို တနေ့တမျိုး မရိုးရလေအောင် ဝတ်ဆင်ခဲ့တာကို ဓာတ်ပုံမှတ်တမ်း တွေကနေ တွေ့ကြရပါတယ်။
ဒီလို ချင်းအမျိုးသား ဝတ်စုံကို ဝတ်ဆင်ပြီး ပြည်သူတွေကို လိုက်လံ နှုတ်ဆက် နေလေတော့ သမ္မတကြီးရဲ့ ပုံမှန် လွှတ်တော်တက်ရင် ဝတ်ဆင်ပုံ၊ နိုင်ငံရပ်ခြား ခရီးတွေ သွားရောက်တဲ့အခါ ဝတ်စားပုံ၊ စတဲ့ အနေအထားတွေနဲ့ ကွဲထွက် နေပါတယ်။ ဒါဟာလည်း သမ္မတကြီးရဲ့ ဖက်ရှင်တွေထဲက ရိုးရာဖက်ရှင် တခုလို့ ဆိုရလေမလားဘဲ။
အခုလို သမ္မတကြီးအနေနဲ့ ချင်းတိုင်းရင်းသားဝတ်စုံကို ဝတ်ဆင်လို့ ချင်းပြည်နယ်တခွင် လှည့်လည်ခဲ့ပြီးတဲ့နောက် ချင်းတိုင်းရင်းသား တွေရဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးဖို့ မျှော်လင့်နေတယ်ဆိုတဲ့ ချင်းပြည်နယ် ဖလမ်းမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်လိန်းက “ကျနော်တို့ ချင်း အမျိုးသားတွေအနေနဲ့ အရမ်း ဂုဏ်ယူတယ်။ ဆက်လက် ပြီးတော့ ချင်းပြည်နယ်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းရဲ့ ပထမ ခြေလှမ်း ဖြစ်နိုင်ပါစေလို့ ကျနော်တို့က ပြောချင်ပါတယ်။ အခုလို ချင်းတိုင်းရင်း သားဝတ်စုံကို ဝတ်လိုက်တဲ့အခါမှာ ချင်းပြည်နယ်က ချင်းတိုင်းရင်းသားတွေနဲ့ တသားတည်း ကျတယ် လို့ ပြချင်တာပေါ့ဗျာ။ အဲလိုပဲ အဓိပ္ပာယ် ကောက်ပါတယ်။ နောက်ပြီးတော့လည်း ဆုတောင်းပေးချင် တာကတော့ အဲဒီလို ဝတ်စုံကို ဝတ်ဆင်ပြီး ချင်းပြည်နယ်တခွင် လှည့်လည်တဲ့အခါမှာ ချင်းပြည်နယ်ရဲ့ လိုအပ်ချက်တွေကို သူ့အနေနဲ့ ကိုယ်တိုင်မျက်စိနဲ့ တွေ့မြင်ပြီးတော့ သိရှိသွားတာဟာ သူ ချင်းဝတ်စုံဝတ်တာနဲ့ ထပ်တူထပ်မျှ ဖြစ်နိုင်ပါစေလို့ အဲဒီလိုပဲ သဘောရပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
မစပ်စု သိရသလောက်ကတော့ သမ္မတ ဦးသိန်းစိန်ရဲ့ သမ္မတ သက်တမ်း တလျှောက်မှာ တိုင်းရင်းသား ရိုးရာ ဝတ်စုံကို ဝတ်ဆင်ပြီး ပြည်သူထဲ ကွင်းဆင်းလေ့လာခဲ့တာ ဆိုလို့ ဒီ ချင်းတိုင်းရင်းသားဝတ်စုံဟာ ပထမဆုံး အကြိမ်လို့ ဆိုရမှာပါ။
အခုလို တိုင်းရင်းသားတွေရဲ့ အမြတ်နိုးဆုံး ရိုးရာဝတ်စုံကို တိုင်းပြည်ခေါင်းဆောင် တဦးက ဝတ်ဆင်ပြတဲ့အပေါ် ဂုဏ်ယူ မိပါတယ်လို့လည်း ကချင် တိုင်းရင်းသားတဦးဖြစ်သူ ဖက်ရှင် ဒီဇိုင်နာ ကိုဇော်ဆိုင်းက ဧရာဝတီကို ပြောပါတယ်။
“ကျနော်က ချင်းတိုင်းရင်းသား မဟုတ်ပေမယ့်လည်း တိုင်းရင်းသား တယောက်အနေနဲ့ ဘယ်သူမဆို ကိုယ့်လူမျိုး ဝတ်စုံကို တန်ဖိုး ထားကြတယ်လေ။ သမ္မတကြီး ဦးသိန်းစိန်ဆိုတာလည်း နိုင်ငံတော်ရဲ့ အကြီးအကဲ တယောက် ဆိုတော့ ကိုယ့်တိုင်းရင်းသား ဝတ်စုံကို ဝတ်ဆင်ထားတော့ ဘယ်သူမဆို ကြိုက်ကြမှာပဲ။ ဂုဏ်ယူကြမှာပါပဲ။ အဲဒီအတွက်လည်း ဂုဏ်ယူပါတယ်” လို့ ဆိုပါတယ်။
အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန် မာ့ ရိုးရာ ဝတ်စားဆင်ယင်မှု ဖက်ရှင် ဒီဇိုင်းတွေဟာ ယနေ့ခေတ် အမျိုးသမီးထုအကြား ရေးပန်းစားနေသလိုပဲ သမ္မတကြီးရဲ့ ချင်းရိုးရာဖက်ရှင် ဒီဇိုင်းလည်း ထိုနည်းလည်းကောင်း အမျိုးသားတွေ အကြား ရေပန်းစား လာမလားလို့ မစပ်စုတွေးမိနေပါတယ်။
နိုင်ငံရေးဆိုတာ ဝေးလို့ ပညာရေး၊ အတန်းပညာဆိုတာ ဘာမှန်းမသိရဘဲ ချို့တဲ့လှတဲ့ ချင်းတိုင်းရင်းသား ကလေးငယ်တွေ၊ ဆင်းရဲနုံချာလှတဲ့ ချင်းတိုင်းရင်းသား တွေရဲ့ လူနေမှုဘဝတွေ၊ လမ်းပန်း ဆက်သွယ် ရေးခက်ခဲလွန်းလို့ ချင်းပြည်နယ်ရဲ့ အလှကို လာရောက် လေ့လာမယ့် နိုင်ငံခြားသား ဆိုတာဝေးလို့ ကိုယ့် မြန်မာလူမျိုးချင်းတောင် ချင်းပြည်နယ်ရဲ့ အလှ၊ ချင်းတောင်တန်းတွေရဲ့ အလှကို သွားရောက် မခံစားနိုင်တဲ့ အခြေအနေတွေ၊ စတဲ့ ဒီလို လိုအပ်ချက်တွေ အများအပြားရှိနေတဲ့ ချင်းတောင်တန်းတွေရဲ့ လိုအပ်ချက်တွေကို ချင်းပြည်နယ်က ချင်းတိုင်းရင်းသားတွေနဲ့ တသားတည်းပါ ဆိုတဲ့ သမ္မတကြီး သေသေချာချာ မြင်တွေ့ခဲ့ပြီလို့ မစပ်စု ယုံကြည်ပါတယ်။ မြင်တွေ့ခဲ့ရသလောက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင် လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။
သမ္မတ ဦးသိန်းစိန် အနေနဲ့ ချင်းပြည်နယ်တင်မကဘဲ နောက်ထပ် ဘယ်တိုင်းရင်းသား ဒေသတွေကို သွားပြီး လှည့်လည် ဦးမလဲ၊ ဘယ်လို တိုင်းရင်းသား ဖက်ရှင်ဆန်းတွေ ဝတ်ဦးမလဲဆိုတာလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ကျန်တဲ့ တိုင်းရင်းသားတွေ အားလုံး မစပ်စုနဲ့ ထပ်တူ စိတ်ဝင်စားနေကြမယ်လို့ ထင်ပါတယ်။ တိုင်းရင်းသားတွေ အလေးထားတဲ့ သူတို့ရဲ့ ရိုးရာဝတ်စုံကို ဝတ်ဆင်တာဟာ သူတို့ကို အလေးထားတာဖြစ်လေတော့ တိုင်းပြည်ခေါင်းဆောင် ဖြစ်တဲ့ သမ္မတကြီး အနေနဲ့ တိုင်းရင်းသား အားလုံးရဲ့ ရိုးရာဝတ်စုံတွေ တမျိုးစီ ဝတ်ဆင်ပြီး သူတို့ဒေသတွေမှာ လှည့်လည် ကြည့်ရှု ပြီးသွား ရင်တော့ မစပ်စုတို့ မြန်မာပြည်ကြီးလည်း ဖက်ဒရယ် အစစ်နဲ့ နီးစပ်ပြီလို့ ပြောနိုင်ပါတော့မယ်။
]]>
https://burma.irrawaddy.com/news/2013/02/23/34436.html/feed 9