PTT Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ptt Covering Burma and Southeast Asia Fri, 12 Jan 2024 07:33:12 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png PTT Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ptt 32 32 ထိုင်းနှင့် တောင်ကိုရီးယား ဒီဇယ်ထုတ်လုပ်သူများ မြန်မာဝယ်လက်များကို ဂရုစိုက်စောင့်ကြည့် https://burma.irrawaddy.com/business/2023/11/10/376227.html Fri, 10 Nov 2023 04:40:16 +0000 https://burma.irrawaddy.com/?p=376227 MOGE ကို အရေးယူ ပိတ်ဆို့ပြီးနောက် မြန်မာသို့ ဒီဇယ်ပုံမှန် ရောင်းချသည့် အာရှ ရေနံချက်စက်ရုံ အများအပြားသည် အထူးဂရုစိုက်နေကြသည်။]]>

အမေရိကန် ပြည်ထောင်စုက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အရေးယူ ပိတ်ဆို့ပြီးနောက် မြန်မာသို့ ဒီဇယ်ပုံမှန် ရောင်းချသည့် အာရှ ရေနံချက်စက်ရုံ အများအပြားသည် အထူးဂရုစိုက်နေကြသည်။ မြန်မာသို့ ရောင်းချမှု လုံးဝ ဖြတ်တောက်ရန် မဖြစ်နိုင်သောကြောင့် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရေနံချက်လုပ်ငန်းနှင့် ကုန်သွယ်ရေး သတင်းရင်းမြစ်များက ပြောသည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက MOGE သို့ ဘဏ္ဍာရေး ဝန်ဆောင်မှုအချို့ တားမြစ်ပိတ်ပင်သည့် အရေးယူပိတ်ဆို့မှုသစ်များ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ချမှတ်ခဲ့သည်။ MOGE ကို ပိတ်ဆို့သည့် အရေးယူမှုများအပြင် အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ပြည်ပ ပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးသည် မြန်မာစစ်တပ်အတွက် လက်နက်၊ စစ်ဘက် အရပ်ဘက် နှစ်မျိုးသုံး ပစ္စည်းနှင့် အခြားပစ္စည်းများ တင်သွင်းရာတွင် ကူညီနေသည့် အခြားအဖွဲ့အစည်း သုံးခုကိုလည်း ပစ်မှတ်ထားသည်။

အာရှမှ မြန်မာသို့ လောင်စာပုံမှန် ရောင်းချသူများတွင် ထိုင်းနိုင်ငံသည် စစ်တပ်အုပ်ချုပ်သည့် မြန်မာသို့ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဒီဇယ် ပုံမှန်ရောင်းချသော်လည်း ယခုနောက်ဆုံး ဘဏ္ဍာရေး အရေးယူ ပိတ်ဆို့မှုများသည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး စီးဆင်းမှုတွင် အတားအဆီးအချို့ ဖြစ်နိုင်ခြေ ရှိနေသည်။

“မြန်မာက ကျနော်တို့ ကုန်သွယ်ဖက်တွေ အနေနဲ့ အမေရိကန်ရဲ့ နောက်ဆုံး အရေးယူပိတ်ဆို့မှုကြောင့် တိုက်ရိုက်ထိခိုက်မယ်လို့ ကျနော်တို့ မထင်ဘူး။ ဒါပေမယ့် စစ်တပ်က အဓိက စီးပွားရေးလုပ်ငန်းတွေကို ထိန်းချုပ်ထားတာကြောင့် မြန်မာကို ရေနံထုတ်ကုန် တင်ပို့ရတာ အခက်အခဲ အချို့ရှိမယ်လို့ ထင်တယ်။ အချိန်ကပဲ စကားပြောလိမ့်မယ်” ဟု နိုင်ငံတကာကုန်သွယ်ရေးနှင့် အရေးယူပိတ်ဆို့မှုများ၏ အရေးပါမှုကြောင့် အမည်မဖော်လိုသည့် ထိုင်းမှ အရေးပါသော ရေနံချက်လုပ်ငန်းတခုမှ ကြားခံ ဈေးကွက်ရှာဖွေသူတဦးက ပြောသည်။

တချိန်တည်းတွင် ထိုင်းနိုင်ငံ PTT မှ ရေနံထုတ်ကုန် ဈေးကွက်ရှာဖွေသည့် သတင်းရင်းမြစ်များက ၎င်းတို့အနေဖြင့် အထူးဂရုစိုက်ရန် လိုပြီး မြန်မာမှ သွင်းကုန်နှင့် ကုန်သွယ်ရေးလုပ်ငန်းများနှင့် ဆက်ဆံရာတွင် ထိခိုက်ဆုံးရှုံးနိုင်ခြေကို အထူးအကဲဖြတ်ရန် လိုကြောင်း ပြောသည်။

“မြန်မာ လောင်စာတင်သွင်းသူတွေဟာ တရုတ်ဘဏ်တွေဆီက အထောက်အကူ များများရမယ်လို့ ကျနော် သံသယရှိတယ်။ သူတို့နဲ့ ဘာကုန်သွယ်ရေးပဲလုပ်လုပ် ဥပဒေနဲ့ ဘဏ္ဍာရေးပြဿနာတွေ အားလုံးကို စဉ်းစားဖို့လိုတယ်” ဟု ထိုင်းနိုင်ငံပိုင် ရေနံချက်လုပ်ငန်း PTT မှ ဈေးကွက်ရှာဖွေရေး ရင်းမြစ်တခုက ပြောသည်။

ထိုင်းနိုင်ငံသည် စက်တင်ဘာလက မြန်မာသို့ တနေ့လျှင် လောင်စာဆီ စည်ပေါင်း ၅,၀၀၉ ခန့် ရောင်းချကာ ယခင်နှစ်ကအောက် ၃၃ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းလာကြောင်း ထိုင်းအကောက်ခွန် နောက်ဆုံး စာရင်းများအရ သိရသည်။ ပထမ ၉ လအတွင်း မြန်မာသို့ ဒီဇယ်တင်ပို့မှုသည် တနေ့လျှင် ပျှမ်းမျှ စည်ပေါင်း ၈,၃၄၇ ရှိပြီး ယခင်နှစ် အလားတူ ကာလကအောက် ၆ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းသည်။

လျစ်လျူရှုနိုင်သော ဈေးကွက်

တချိန်တည်းတွင် တောင်ကိုရီးယား ရေနံထုတ်ကုန်ရောင်းချသူများက မြန်မာမှ ဝယ်ယူသူများနှင့် မည်သည့် ကုန်သွယ်မှုမဆို မလုပ်မီ အထူးဂရုစိုက်မည်ဖြစ်ကြောင်း ပြောသော်လည်း ထိုဈေးကွက်သည် လွန်စွာသေးငယ်ပြီး လျစ်လျူရှုနိုင်သောကြောင့် မြန်မာသို့ လောင်စာတင်ပို့မှု လုံးဝပိတ်ပင်ခြင်းသည် ပိုမို ထိရောက်ပြီး အကုန်အကျ သက်သာနိုင်ကြောင်း ဆိုးလ်မှ လောင်စာလုပ်ငန်းနှင့် ကုန်သွယ်ရေး သတင်းရင်းမြစ်များက ပြောသည်။

“ဈေးကွက်က သေးငယ်လွန်းပြီး လျစ်လျူရှုလို့ ရတာကြောင့် အရင်က ကျနော်တို့ ဆက်သွယ်ဖူးတဲ့ မြန်မာက သွင်းကုန်နဲ့ ဖြန့်ချိရေးလုပ်ငန်းတွေကို စစ်ဆေးရတာ အချိန်ဖြုန်းတာပဲ ဖြစ်နေမယ်” ဟု အမည်မဖော်လိုသော အဓိက တောင်ကိုရီးယား လောင်စာလုပ်ငန်းမှ ကြားခံ အရောင်းကိုယ်စားလှယ် တဦးက ပြောသည်။

တောင်ကိုရီးယားသည် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မြန်မာသို့ ရေနံစည်ပေါင်း ၁၁,၀၀၀ ရောင်းချကာ ထိုကာလအတွင်း ပြည်ပတင်ပို့သည့် လောင်စာဆီ စည် ၃၆၁ သန်း၏ ဝ ဒသမ ၃ ရာခိုင်နှုန်းသာရှိကြောင်း နိုင်ငံပိုင် ကိုရီးယားအမျိုးသား ရေနံကော်ပိုရေးရှင်းမှ နောက်ဆုံးစာရင်းများက ပြသနေသည်။

တရုတ်-မြန်မာ ရေနံစိမ်း စီးဆင်းမှု

တရုတ်-မြန်မာ ရေနံစိမ်းကုန်သွယ်မှုအပေါ် အရေးယူပိတ်ဆို့မှုများ၏ ရိုက်ခတ်မှုအကြောင်း မေးသောအခါ PetroChina ရေနံစိမ်းကုန်သွယ်မှု မန်နေဂျာက မှတ်ချက်ပေးရန် ငြင်းဆိုသည်။

သို့သော် PetroChina ၏ ယူနန် ရေနံဓာတု လုပ်ငန်းသည် တရုတ်-မြန်မာ ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းများကို အနှောက်အယှက် ကြီးကြီးမားမား မရှိ ဆက်လက် ရရှိနေမည်ဖြစ်သည်ဟု ထိုကိစ္စကို သိသော သတင်းရင်းမြစ်များက ပြောသည်။

၂၀၁၇ ခုနှစ်က စတင် လုပ်ငန်းလည်ပတ်သည့် တရုတ်-မြန်မာ ပိုက်လိုင်းသည် တရုတ်စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းသည့် သေနင်္ဂဗျူဟာကျ လမ်းကြောင်းအဖြစ် မြင်ကြသည်။ ထိုပိုက်လိုင်းသည် ရေကြောင်း ကျပ်သည့် မလက္ကာ ရေလက်ကြားကို ဖြတ်သန်းစရာ မလိုဘဲ အရှေ့အလယ်ပိုင်း၊ ဥရောပနှင့် အာဖရိကမှ ရေနံကို ဘင်္ဂလားပင်လယ်အော်မှ တင်ပို့နိုင်သည့် လမ်းကြောင်းဖြစ်ပြီး သင်္ဘောတင်ပို့ချိန် သုံးပုံ တပုံကျော် လျှော့ချပေးသည်။

PetroChina ၏ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် စတင်သည့် သက်တမ်းအငယ်ဆုံး ရေနံချက်လုပ်ငန်းဖြစ်သော ကုန်းတွင်းပိတ် ယူနန် ရေနံဓာတုလုပ်ငန်းသည် ထိုပိုက်လိုင်းမှ ပေးပို့သည့် ရေနံစိမ်းကို အကြီးအကျယ် မှီခိုရသည်။

ကိုးကား ။ ။ S&P Global သတင်း Thai, South Korean diesel producers to conduct due diligence on Myanmar fuel buyers

You may also like these stories:

MOGE အရေးယူပိတ်ဆို့မှုကြောင့် ထိုင်းနှင့် တရုတ် ငွေချေရန် ခက်

မြန်မာက စီမံကိန်းသစ်ကို ထိုင်းကုမ္ပဏီ PTTEP ရွှေ့ဆိုင်း

နိုင်ငံပိုင် ရေနံဓာတ်ငွေ့လုပ်ငန်းကို စစ်ကောင်စီ ဝင်ရောက်စီးနင်း

တရုတ်သို့ ရေနံတင်ပို့ရန် ရုရှားက မြန်မာပိုက်လိုင်း အသုံးပြု

ပြည်ပလုပ်ငန်းများ ထွက်ခွာသောကြောင့် သဘာဝဓာတ်ငွေ့ဝင်ငွေ ကျပ်တည်းလာ

]]>
MOGE အရေးယူပိတ်ဆို့မှုကြောင့် ထိုင်းနှင့် တရုတ် ငွေချေရန် ခက် https://burma.irrawaddy.com/business/2023/11/08/376172.html Wed, 08 Nov 2023 04:06:14 +0000 https://burma.irrawaddy.com/?p=376172 ငွေပေးချေမှု မလုပ်လျှင် မြန်မာက ချက်ခြင်း ဓာတ်ငွေ့တင်ပို့မှု ရပ်ဆိုင်းမည့် အလားအလာ မရှိ]]>

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အမေရိကန် ပြည်ထောင်စု၏ နောက်ဆုံး အရေးယူပိတ်ဆို့မှုသည် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံအနေဖြင့် သမားရိုးကျ ဘဏ်စနစ်မှ ငွေပေးချေနိုင်စွမ်းကို ချိနဲ့သွားစေနိုင်ပြီး မြန်မာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်သည့် လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုကို ဖြတ်တောက်နိုင်ကြောင်း ဥပဒေကျွမ်းကျင်သူများနှင့် လုပ်ငန်းအမှုဆောင်များက ပြောသည်။

ထိုအရေးယူပိတ်ဆို့မှုမှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုသည် စစ်ကောင်စီကို ငွေကြေးထောက်ပံ့ခြင်းအတွက် ပထမဆုံး တိုက်ရိုက် အရေးယူမှုဖြစ်ပြီး ကမ္ဘာ့ဓာတ်ငွေ့တင်ပို့မှု အကျပ်အတည်း ဖြစ်နေချိန်တွင် ထိုင်းနှင့်တရုတ် နှစ်နိုင်ငံလုံးအတွက် စွမ်းအင်လုံခြုံမှုကို အန္တရာယ် ကျရောက်စေနိုင်သည်။

ရေရှည်တွင် ထိုင်းနိုင်ငံသည် သဘာဝဓာတ်ငွေ့ရည် LNG တင်သွင်းမှုအပေါ် ပိုမိုမှီခိုသည့် သေနင်္ဂဗျူဟာကို ကျင့်သုံးလာစေနိုင်သည်။ ပိုက်လိုင်းမှ တဆင့် ပေးပို့သော မြန်မာမှ ဓာတ်ငွေ့ထုတ်လုပ်မှု အမြင့်ဆုံးရောက်ပြီး ပြန်လည် ကျဆင်းချိန်တွင် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ တောင်ပိုင်းမှ အခြားစွမ်းအင်ရင်းမြစ်များပေါ် ပိုအားကိုးသွားစေနိုင်သည်။

မြန်မာသည် အဓိက ကမ်းလွန် သဘာဝဓာတ်ငွေ့ လုပ်ကွက်များဖြစ်သော ရတနာ၊ ရဲတံခွန်နှင့် ဇောတိကတို့မှ ထုတ်လုပ်သည့် သဘာဝဓာတ်ငွေ့ အများစုကို ပြည်ပတင်ပို့ပြီး ၃ ပုံ ၂ ပုံခန့်ကို ထိုင်းသို့ တင်ပို့ကာ ၃ ပုံ ၁ ပုံခန့်ကို တရုတ်နိုင်ငံတောင်ပိုင်း ပြည်နယ်များသို့ တင်ပို့သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က MOGE အပေါ် ချေးငွေ၊ လွှဲပြောင်းမှု၊ ငွေစာရင်းများ၊ အာမခံ၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာ၊ အာမခံချက်၊ နိုင်ငံခြားငွေ၊ ငွေပေးစာလွှာနှင့် ကုန်စည်နည်းလမ်းများ အပါအဝင် ဘဏ္ဍာရေး ဝန်ဆောင်မှုအချို့ ပိတ်ဆို့သည့် အရေးယူမှုကို အောက်တိုဘာလ ၃၁ ရက်နေ့တွင် ချမှတ်လိုက်သည်။

OFAC ၏ ညွှန်ကြားချက်သည် အမေရိကန် ပြည်သူများအတွက် ရည်ရွယ်ပြီး အမေရိကန် နိုင်ငံသားများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး MOGE သို့ဖြစ်စေ MOGE အကျိုးစီးပွားအတွက်ဖြစ်စေ ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးခြင်း၊ တင်ပို့ခြင်း၊ ထပ်မံတင်ပို့ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လုပ်ဆောင်ခြင်းကို တားမြစ်သည်။

“အဲဒီညွှန်ကြားချက်က အမေရိကန် နိုင်ငံသားမဟုတ်သူတွေ MOGE နဲ့ စီးပွားရေးလုပ်တာကို တိုက်ရိုက် တားမြစ်ခြင်း မရှိဘူး။ ဒါပေမယ့် အဲဒီညွှန်ကြားချက်က MOGE နဲ့ အလုပ်လုပ်တဲ့ (ထိုင်းနဲ့ တရုတ် အပါအဝင်) အမေရိကန်လုပ်ငန်း မဟုတ်တဲ့ လုပ်ငန်းတွေကို တိုက်ရိုက် အကျိုးဆက်တွေ ဖြစ်စေတယ်” ဟု စင်ကာပူ အခြေစိုက် Kennedys Legal Solutions မှ မစ္စတာ ကာနန် သီရူပသီက ပြောသည်။

“MOGE အတွက် အမေရိကန်ဒေါ်လာနဲ့ ငွေပေးချေမှုတွေကို အမေရိကန်ဘဏ်တွေနဲ့ လုပ်လို့မရဘူး။ အမေရိကန် နိုင်ငံသားတွေကို ပိတ်ပင်ထားတယ်” ဟု ၎င်းကပြောသည်။

ရတနာ၊ ရဲတံခွန်နှင့် ဇောတိကစီမံကိန်းများ

အမေရိကန်လုပ်ငန်း မဟုတ်သော လုပ်ငန်းများအနေဖြင့် ထိုတားမြစ်ချက်ကို ချိုးဖောက်မှုဖြစ်စေ သို့မဟုတ် ရှောင်ရှားရန် အားထုတ်မှုကိုဖြစ်စေ ဂရုစိုက်ရန် လိုအပ်ကြောင်း မစ္စတာ ကာနန် သီရူပသီက ပြောသည်။ ဥပမာအားဖြင့် လုပ်ငန်းတခုက ငွေပေးချေမှု သတင်းအချက်အလက် လိမ်လည်ကာ အမေရိကန်ဘဏ်များ MOGE သို့ ငွေပေးချေမှု လုပ်မိစေပြီး ပိတ်ပင်မှုကို ချိုးဖောက်မိစေနိုင်သောကြောင့် ဖြစ်သည်ဟု ရှင်းပြသည်။

“နိုင်ငံတကာ ရောင်းဝယ်မှုတွေမှာ အခြားငွေကြေး သုံးစွဲဖို့ ပြောနေတာ ကြာပြီဖြစ်ပြီး အမေရိကန် ဒေါ်လာ မဟုတ်တဲ့ အခြားငွေကြေးတွေကို နိုင်ငံတကာကုန်သွယ်ရေးမှာ သုံးနေကြတယ်။ အဲဒီတော့ MOGE နဲ့ ငွေပေးငွေယူကိစ္စ ပတ်သက်တဲ့ လုပ်ငန်းတွေအနေနဲ့ ဒေါ်လာမဟုတ်တဲ့ အခြားငွေကြေး ပြောင်းမသုံးသေးရင်တောင် ပြောင်းသုံးတော့မယ်ဆိုရင်လည်း အံ့သြစရာ မဟုတ်ဘူး” ဟုလည်း ၎င်းကပြောသည်။

ထိုင်းနိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း PTT က တစုံတရာ မှတ်ချက် မပေးပေ။

ဖက်စပ်လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုများ

၂၀၂၁ ခုနှစ်တွင် မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချစဉ် ထိုင်းနိုင်ငံသည် ၎င်း၏ သဘာဝဓာတ်ငွေ့သုံးစွဲမှု ၃၂ ဒသမ ၂ ရာခိုင်နှုန်းကို တင်သွင်းနေရပြီး မြန်မာမှ ပိုက်လိုင်းဖြင့် တင်ပို့သည့် ဓာတ်ငွေ့ ၁၅ ရာခိုင်နှုန်းနှင့် ပင်လယ်မှ တင်သွင်းသည့် သဘာဝ ဓာတ်ငွေ့ရည် ၁၈ ရာခိုင်နှုန်း ပါဝင်ကြောင်း တရားဝင်ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

၂၀၂၂ ခုနှစ်သို့ ရောက်သောအခါ ထိုင်းနိုင်ငံသည် ပြည်တွင်းထုတ်လုပ်မှု ကျဆင်းလာသောကြောင့် သဘာဝဓာတ်ငွေ့ရည်အပေါ် မှီခိုမှုသည် ၂၂ ရာခိုင်နှုန်းသို့ ရောက်လာပြီး မြန်မာ့ဓာတ်ငွေ့အပေါ် မှီခိုမှုသည် ၁၆ ရာခိုင်နှုန်းသို့ ရောက်လာသည်။ တရုတ်အနေဖြင့် ၎င်း၏ ဓာတ်ငွေ့တင်သွင်းမှု ၁ ရာခိုင်နှုန်းနှင့် ပိုက်လိုင်းမှ တင်သွင်းသည့် ဓာတ်ငွေ့အားလုံး၏ ၆ ရာခိုင်နှုန်းကို မြန်မာမှ ရရှိသည်။ မြန်မာသည် တရုတ်သို့ ပိုက်လိုင်းမှလည်း ရေနံစိမ်း တင်ပို့သည်။

အာဏာမသိမ်းမီက ဂျပန်၊ အမေရိကန် ပြည်ထောင်စု၊ သြစတြေးလျနှင့် စင်ကာပူ ကဲ့သို့သော နိုင်ငံများသည် မြန်မာတွင် စွမ်းအင်နှင့် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ကြသည်။

၂၀၂၃ ခုနှစ်၊ မေလ ၇ ရက် ပြုလုပ်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွင် အမေရိကန် အစိုးရအား မြန်မာ MOGE ကို ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ကြစဉ် / GMSR

ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်သည့် လုပ်ငန်းများသည် အာရှတွင် အဆင်းရဲဆုံး မြန်မာကို ကူညီရန်၊ ဓာတ်ငွေ့ထုတ်လုပ်မှုနှင့် ပို့ကုန်ဝင်ငွေ မြှင့်တင်ပေးရန် ရည်ရွယ်သော်လည်း ယခုအခါ ရင်းနှီးမြှုပ်နှံသူအများစု နိုင်ငံမှ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်သည်။ ယခုနောက်ဆုံး အရေးယူ ပိတ်ဆို့မှုသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းအတွက် အနာဂတ် ရင်းနှီးမြှုပ်နှံမှုများကို အဆုံးသတ်သွားစေကြောင်း စီးပွားရေးလုပ်ငန်း အမှုဆောင်များက ပြောသည်။

“MOGE က တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ၅၀ ရာခိုင်နှုန်းအထက် ပိုင်တဲ့ ဖက်စပ်လုပ်ငန်းတွေ လုပ်ငန်းခွဲတွေဟာလည်း အခုပိတ်ပင်မှုအသစ်မှာ အကျုံးဝင်တယ်။ ဒါကြောင့် မြန်မာမှာ သူတို့နဲ့ လုပ်နေတဲ့ လုပ်ငန်းတွေ တားမြစ်ချက်မှာ ပါ၊ မပါ စုံစမ်းစစ်ဆေးဖို့ လိုတယ်” ဟု မစ္စတာ ကာနန် သီရူပသီက ပြောသည်။

MOGE နှင့် ဖက်စပ်လုပ်ကိုင်နေသော နိုင်ငံခြားကုမ္ပဏီများ အနေဖြင့် ၎င်းတို့၏ ဖက်စပ်လုပ်ငန်းသည် အရေးယူပိတ်ဆို့မှုသစ်တွင် ပါ၊ မပါ စဉ်းစားသုံးသပ်ရမည်ဟု ၎င်းကပြောသည်။

“ဒါကြောင့် MOGE နဲ့ ဖက်စပ်လုပ်တဲ့ ကုမ္ပဏီတွေ ဒါမှမဟုတ် MOGE ရဲ့ လုပ်ငန်းခွဲတွေမှာ ရှယ်ယာပိုင်တဲ့ ကုမ္ပဏီတွေကို အရေးယူပိတ်ဆို့မှုသစ်က ပိုမိုပြင်းထန်စွာ ထိခိုက်စေမယ်” ဟုလည်း ပြောသည်။

အခြားအန္တရာယ်များ

“ဒီအခြေအနေမှာ တရုတ်ကုမ္ပဏီတွေအတွက် တရုတ်နိုင်ငံရဲ့ ပြည်ပဥပဒေများနဲ့ အခြား အစီအမံများကို ပိုင်နက်ဖြတ်ကျော် ကျင့်သုံးခြင်း စည်းမျဉ်း ဥပဒေက အရေးကြီးလာနိုင်တယ်” ဟု မစ္စတာ ကာနန် သီရူပသီက ပြောသည်။

ထိုစည်းမျဉ်းများအရ အချို့အခြေအနေများတွင် တရုတ်ကုမ္ပဏီများသည် တတိယနိုင်ငံတခုနှင့် ပုံမှန် ထိတွေ့ဆက်ဆံရာတွင် ပြည်ပအရေးယူပိတ်ဆို့မှုများ၏ တားဆီးမှု၊ ကန့်သတ်မှု ခံရပါက အစိုးရထံ သတင်းပို့ရန် လိုအပ်သည်။

တရုတ်အစိုးရအနေဖြင့် ပြည်ပအရေးယူပိတ်ဆို့မှု ကျင့်သုံးခြင်းကို တားမြစ်သည့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်ကြောင်း ၎င်းကပြောသည်။

“တရုတ်က အဲဒီလုပ်ထုံးလုပ်နည်း ထုတ်ပြန်၊ မပြန်ကတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ” ဟု မစ္စတာ ကာနန် သီရူပသီက ပြောသည်။

ငွေပေးချေမှု မလုပ်လျှင် မြန်မာက ချက်ခြင်း ဓာတ်ငွေ့တင်ပို့မှု ရပ်ဆိုင်းမည့် အလားအလာ မရှိသလို ထိုင်းနှင့် တရုတ် နိုင်ငံလုံးသည် ထိုအခက်အခဲကို ကျော်လွှားရန် နည်းလမ်းရှာနိုင်ကြောင်း ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း အမှုဆောင်များက ပြောသည်။

ရေရှည်အတွက် အန္တရာယ်မှာ ဓာတ်ငွေ့သိုက်များ စတင်ကုန်ခန်းလာပါက သို့မဟုတ် အရေးယူပိတ်ဆို့မှု ပိုမိုတင်းကျပ်လာပါက ထုတ်လုပ်မှု ဆက်လက် ထိန်းသိမ်းထားနိုင်၊ မထားနိုင်ဆိုသော ကိစ္စဖြစ်သည်။ မြန်မာ အနေဖြင့် ဆိပ်ကမ်းများ အသုံးပြုပြီး အသေးစား သဘာဝဓာတ်ငွေ့ရည် တင်ပို့ရေး ကွင်းဆက် အပါအဝင် အာရှတွင် အမြန်ဆုံး သဘာဝဓာတ်ငွေ့ရည်မှ ဓာတ်အားထုတ်သည့် စက်ရုံများ ထူထောင်နိုင်သည့် အခြေအနေမှာလည်း မဝေးကွာသော အနာဂတ်တွင် မဖြစ်နိုင်ကြောင်း လုပ်ငန်း သတင်းရင်းမြစ်များက ပြောသည်။

ကိုးကား ။ ။ S&P Global Commodity Insights သတင်း US sanctions on Myanmar pose hurdles for gas exports to Thailand, China

You may also like these stories:

ပြည်ပလုပ်ငန်းများ ထွက်ခွာသောကြောင့် သဘာဝဓာတ်ငွေ့ဝင်ငွေ ကျပ်တည်းလာ

Chevron ထွက်ပြီးနောက် MOGE ကိုအရေးယူရန် တောင်းဆိုမှု အားကောင်းလာ

မြန်မာက စီမံကိန်းသစ်ကို ထိုင်းကုမ္ပဏီ PTTEP ရွှေ့ဆိုင်း

MOGE နှင့် အနောက်နိုင်ငံများ၏ ဆန်ရှင်

]]>
မြန်မာအရေးနှင့် ထိုင်းဝန်ကြီးချုပ်သစ် အဆက်ပြတ်နေသည် https://burma.irrawaddy.com/opinion/viewpoint/2023/10/03/374986.html Tue, 03 Oct 2023 03:53:00 +0000 https://burma.irrawaddy.com/?p=374986 ထိုင်းအစိုးရသစ်၏ ဦးစားပေးသည် စီးပွားရေးဖြစ်သော်လည်း မြန်မာအပါအဝင် နိုင်ငံခြားရေးမူဝါဒ ပြဿနာ အများအပြားအပေါ် ရပ်တည်ချက် ဖော်ပြရန်လည်း မလွှဲမရှောင်သာ လိုအပ်လာသည်။ ]]>

သက်ဆင်ရှင်နာဝပ်၏ ဖွေ့ထိုင်းပါတီနှင့် စစ်တပ်လိုလားသော အုပ်စုများ ဖွဲ့စည်းထားသည့် ထိုင်း ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ်အဖြစ် မစ္စတာ ဆက်ထာ ထဝီစင် ကျမ်းသစ္စာကျိန်ဆိုပြီး တလကြာသောအခါ အိမ်ခြံမြေလုပ်ငန်းရှင်ကြီးသည် နယူးယောက်တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကမ္ဘာစင်မြင့်ပေါ် တက်လာသည်။

သူသည် Tesla, Google, Microsoft တို့နှင့် အရင်းအနှီးများသော သဘောတူညီချက်များ ရယူရန် ကြိုးစားရင်း စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်တခုကြာပြီးနောက် ထိုင်းနိုင်ငံကို အရှေ့တောင်အာရှ စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်စေရန် မျှော်လင့်ချက်ဖြင့် အခြားအမေရိကန် စီးပွားရေးခေါင်းဆောင်များနှင့် တွေ့ဆုံသည်။

နယူးယောက်တွင် မစ္စတာ ထဝီစင်သည် သူ့ကိုယ်သူ ယုံကြည်မှုရှိကြောင်း ပြသနိုင်ခဲ့သည်။ သူသည် ယခင်ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ၏ ပဒေသရာဇ်တပိုင်း အုပ်ချုပ်ရေးမှ နိုင်ငံကို တစိတ်တပိုင်း လမ်းခွဲထွက်ရန် ကြိုးစားသည့် နိုင်ငံရေးခေါင်းဆောင်ဖြစ်သည်။ မစ္စတာ ပရာယွတ် ချန်အိုချာသည် ၂၀၁၄ ခုနှစ်တွင် စစ်အာဏာသိမ်းသည့် စစ်ခေါင်းဆောင်ဖြစ်သည်။

ထိုင်းအစိုးရသစ်၏ ဦးစားပေးသည် စီးပွားရေးဖြစ်သော်လည်း မြန်မာအပါအဝင် နိုင်ငံခြားရေးမူဝါဒ ပြဿနာ အများအပြားအပေါ် ရပ်တည်ချက် ဖော်ပြရန်လည်း မလွှဲမရှောင်သာ လိုအပ်လာသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး မစ္စတာ ထဝီစင်သည် သူလုပ်ဆောင်ရမည့် လုပ်ငန်းများကို သတ်မှတ်ထားပြီး ပရာယွတ်အစိုးရ၏ မြန်မာနှင့် ပတ်သက်သော မူဝါဒကို ပြောင်းလဲရန် ခက်ခဲသောအချိန်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ပရာယွတ် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် အခြားဒေသများတွင် ထိုင်းနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေခဲ့သည်။

မြန်မာနှင့် ရှုပ်ထွေးသောဆက်ဆံရေး

၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် မြန်မာက တိုင်းရင်းသားသူပုန်များကို တိုက်ခိုက်စဉ် ဂျက်လေယာဉ်တစင်း ထိုင်းလေပိုင်နက်အတွင်း ဝင်ရောက်ပြီး ထိုင်းနိုင်ငံ အချုပ်အခြာအာဏာအား ချိုးဖောက်သည်ကို ခွင့်ပြုခြင်းအတွက် မစ္စတာ ထဝီစင်သည် မစ္စတာ ပရာယွတ်ကို အပြင်းအထန် ဝေဖန်သည်။ ထိုင်းနိုင်ငံသည် ထိုကိစ္စအတွက် မြန်မာကို တရားဝင် ပြစ်တင်ရှုတ်ချခြင်း မပြုသလို ဝန်ကြီးချုပ် ပရာယွတ်ကလည်း ထိုကိစ္စကို အလေးထားခြင်း မရှိပေ။

မစ္စတာ ပရာယွတ်နှင့် မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တို့ နီးကပ်သော ဆက်ဆံရေးရှိသည်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။ မင်းအောင်လှိုင်သည် ထိုင်းအထက်လွှာများနှင့် ဆက်ဆံရေးရှိသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး ကွယ်လွန်သူ ဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ပရမ် တင်ဆူလာနွန်ဒါက သူ့ကို မွေးစားရန် တောင်းဆိုသူ ဖြစ်သည်။ မြန်မာတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်တွင် မင်းအောင်လှိုင်သည် ပရာယွတ်ထံစာရေးပြီး သူ့လုပ်ရပ်များအတွက် နောက်ခံအကြောင်းရင်းကို အသေးစိတ် ရှင်းပြသည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် မြန်မာက တိုင်းရင်းသားသူပုန်များကို တိုက်ခိုက်စဉ် ဂျက်လေယာဉ်တစင်း ထိုင်းလေပိုင်နက်အတွင်း ဝင်ရောက်ပြီး ထိုင်းနိုင်ငံ အချုပ်အခြာအာဏာအား ချိုးဖောက်သည်ကို ခွင့်ပြုခြင်းအတွက် မစ္စတာ ထဝီစင်သည် မစ္စတာ ပရာယွတ်ကို အပြင်းအထန် ဝေဖန်သည်။

အခြားသော ဆက်စပ်မှုများလည်း ရှိသည်။ ထိုင်းအတိုက်အခံ Move Forward ပါတီ၏ စုံစမ်းစစ်ဆေးမှုအရ ထိုင်းအထက်လွှတ်တော်အမတ် ဥပကစ် ပါချာရီယန်ခန်နှင့် အမေရိကန် အစိုးရက ပိတ်ဆို့အရေးယူထားသည့် မြန်မာစီးပွားရေးသမား ထွန်းမင်းလတ်အကြား စီးပွားရေးဆက်ဆံမှုများရှိကြောင်း သိရသည်။ သူ၏ စီးပွားရေးလုပ်ငန်းများတွင် လက်နက်ရောင်းဝယ်ရေး၊ သတ္တုတူးဖော်ရေး၊ ကာစီနိုလောင်းကစားနှင့် စွမ်းအင်လုပ်ငန်းများ ပါဝင်ပြီး ထွန်းမင်းလတ်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ဘန်ကောက်၌ ဖမ်းဆီးခဲ့သည်။

ပိုမိုကျယ်ပြန့်သော ဒေသတွင်းတွင် ပရာယွတ်၏ နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်း၏ လုပ်ရပ်များသည် အာဆီယံအတွင်း သဘောထားကွဲလွဲမှု ဖြစ်စေခဲ့သည်။ ပြီးခဲ့သည့် ဇွန်လတွင် ထိုင်းနိုင်ငံသည် မြန်မာမှ ဦးသန်းဆွေ အပါအဝင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အလွတ်သဘော ဆွေးနွေးပွဲ ကျင်းပသည်။

ထိုင်းဝန်ကြီးချုပ်ဖြစ်လာသည့် မစ္စတာ ဆက်ထာ ထဝီစင်နှင့် အာဏာလွှဲပေးမည့် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာတို့ ဘန်ကောက်ရှိ အစိုးရအိမ်တော်တွင် ဩဂုတ်လ ၂၄ ရက်နေ့က တွေ့ဆုံစဉ် / Royal Thai Government

ထိုအစည်းအဝေးကို မလေးရှား၊ စင်ကာပူနှင့် အင်ဒိုနီးရှားတို့က သပိတ်မှောက်သည်။ ထိုနိုင်ငံများ အားလုံးက မြန်မာသည် အကြမ်းဖက်မှု ချက်ချင်းရပ်ဆိုင်းရေးနှင့် နိုင်ငံသားများထံ လူသားချင်းစာနာမှု အကူအညီ ပေးခွင့်ပြုရေး အပါအဝင် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာရမည် ဟုဆိုသည်။ ထိုဘုံသဘောတူညီချက်သည် လက်ရှိအချိန်အထိ ကျဆုံးမှုသာဖြစ်နေသည်။

ဇူလိုင်လတွင် မစ္စတာ ပရာမွတ်ဝီနိုင်းနှင့် အကျဉ်းစံ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခြင်းသည် မြန်မာတွင် အသံတိတ် သံတမန်ရေးဖြင့် အလုပ်လုပ်နေသည့် အာဆီယံ လက်ရှိ ဥက္ကဋ္ဌ အင်ဒိုနီးရှားကို လမ်းကြောင်းလွှဲသော လုပ်ရပ်အဖြစ် မြင်ကြသည်။ ထိုတွေ့ဆုံမှုသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း ပြည်ပအရာရှိတဦးက ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး တွေ့ဆုံခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသည် မြန်မာတွင် စီးပွားရေး အကြီးအကျယ် လုပ်နေသောနိုင်ငံ ဖြစ်သည်။ ထိုင်းအစိုးရက ၅၁ ရာခိုင်နှုန်း ရှယ်ယာပိုင်သည့် စွမ်းအင်လုပ်ငန်းစုကြီး PTT ၏ လုပ်ငန်းခွဲ PTT Oil and Retail Business PCL (OR) သည် မြန်မာမှ ရေနံဖက်စပ် လုပ်ငန်းဖြစ်သော Brighter Energy တွင် ရှယ်ယာ ၃၅ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

ဇူလိုင်လတွင် မစ္စတာ ပရာမွတ်ဝီနိုင်းနှင့် အကျဉ်းစံ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခြင်းသည် မြန်မာတွင် အသံတိတ် သံတမန်ရေးဖြင့် အလုပ်လုပ်နေသည့် အာဆီယံ လက်ရှိ ဥက္ကဋ္ဌ အင်ဒိုနီးရှားကို လမ်းကြောင်းလွှဲသော လုပ်ရပ်အဖြစ် မြင်ကြသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် နော်ဝေအစိုးရ ရန်ပုံငွေက မြန်မာမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တုံ့ပြန်သည့် အနေဖြင့် PTT နှင့် OR မှ ရှယ်ယာများကို ထုတ်ရောင်းလိုက်သောအခါ PTT သည် မြန်မာနှင့်ပတ်သက်သည့် ရပ်တည်ချက်ကို ထုတ်ပြန်ရသည်။

လက်နက်အကြီးအကျယ် တပ်ဆင်ထားသည့် မြန်မာစစ်သားများ နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အမ်ဖန်သို့ ဝင်ရောက်လာသည်ဆိုသည့် သတင်းကို စုံစမ်းစစ်ဆေးရန် ထိုင်းအတိုက်အခံ ပါလီမန်ကိုယ်စားလှယ် ကန်နာဝီ ဆူဘက်ဆန်က ထိုင်းအစိုးရကို ပါလီမန်က ဖိအားပေးရန် စက်တင်ဘာလတွင် ပြောသည်။ ထိုနယ်စပ်သည် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသော ဒေသဖြစ်သည်။

မြန်မာစစ်သားများကို ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်ပေးခြင်းသည် ထိုင်းစစ်တပ်က တိတ်တဆိတ် ခွင့်ပြုသည့်သဘော သက်ရောက်ကြောင်း ဆူဘက်ဆန်က ပြောသည်။

ထိုင်းစစ်တပ်နှင့် မြန်မာစစ်တပ်အကြား ဆက်ဆံရေးသည် ရှုပ်ထွေးသည်။ မြန်မာနှင့် ရင်နှီးအလုပ်ဖြစ်သော ဆက်ဆံရေးသည် အမျိုးသားလုံခြုံရေးအတွက်၊ အထူးသဖြင့် တိုင်းရင်းသား ပဋိပက္ခများ၊ မူးယစ်ဆေးနှင့် လူနှင့် သားရိုင်းတိရစ္ဆာန် မှောင်ခိုမှုများ၊ အခြားရာဇဝတ်လုပ်ငန်းများ ဖြစ်နေသည့် ကီလိုမီတာ ၂၄၀၀ ရှည်သော နယ်စပ်လုံခြုံရေးအတွက် အရေးပါကြောင်း ထိုင်းစစ်တပ်က အမြဲပြောသည်။

မြန်မာမှ တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက ပြန်မောင်းထုတ်သည် ဆိုသည့် သတင်းများ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် ထွက်လာသည်။ သို့သော် နယ်စပ်ဒေသများတွင် ထောင်နှင့်ချီသော ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက ကူညီနေသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း နယ်စပ်ဒေသများတွင် မြန်မာပြည်သူ ၄၀,၀၀၀ ကို လုံခြုံရေးအရ ယာယီ ခိုလှုံခွင့်ပေးခဲ့ကြောင်း ထိုင်းအစိုးရကို ကိုးကားပြီး ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီက ဖော်ပြသည်။ တိုက်ပွဲများ ပြီးဆုံးသောအခါ အချို့အုပ်စုများ ပြန်သွားကြသည်ဟု သတင်းများတွင် ဖော်ပြသည်။

မြန်မာမှ တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက ပြန်မောင်းထုတ်သည် ဆိုသည့် သတင်းများ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် ထွက်လာသည်။ သို့သော် နယ်စပ်ဒေသများတွင် ထောင်နှင့်ချီသော ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက ကူညီနေသည်။

အာဆီယံတွင် ထိုင်း၏ အခန်းကဏ္ဍ

အာဏာသိမ်းပြီးနောက် လပေါင်း ၂၀ အတွင်း မြန်မာမှ အရပ်သား ၆,၃၀၀ ကျော် အသတ်ခံရသည်။ ကျေးရွာများနှင့် အခြား လူနေထူထပ်သော နေရာများတွင် လေကြောင်းနှင့် အမြောက်ဖြင့် တိုက်ခိုက်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အငြင်းပွားဖွယ်ရာ ဖမ်းဆီးခြင်း၊ အတင်းအကျပ် ပျောက်ကွယ်စေခြင်း၊ နေရပ်ရွှေ့ပြောင်းစေခြင်း၊ လူသားချင်းစာနာမှု အကူအညီပေးခြင်းကို ငြင်းဆန်ခြင်း အပါအဝင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးများအားလုံးကို ကောင်းစွာ မှတ်တမ်းတင်ထားပြီး ဖြစ်သည်။

ထဝီစင်အစိုးရသည် ပရာယွတ်အစိုးရလောက် မြန်မာနှင့် အဆင်မပြေနိုင်သော်လည်း မြန်မာတွင် ရက်စက်ကြမ်းကြုတ်မှုများ အဆုံးမသတ်နိုင်သေးသောကြောင့် ပြဿနာသည် အာဆီယံအတွင်း ညီညွတ်ရေး၊ အာဆီယံအတွင်း ထိုင်း၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး ဆက်လက် သံသယဖြစ်စေမည် ဖြစ်သည်။

(The Interpreter ပါ Jitsiree Thongnoi ၏ The new Thai PM has his work cut out on Myanmar ကို ဘာသာပြန်သည်။ )

You may also like these stories:

ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

ရန်သူဟောင်းများ ပြန်ပေါင်းတဲ့ ထိုင်းနိုင်ငံရေး ဘာလဲ ဘယ်လဲ

ထွန်းမင်းလတ်နှင့် ဆက်စပ်သည့် ကုမ္ပဏီသုံးခု ဖျက်သိမ်း

ထိုင်းရဲတပ်ဖွဲ့က သိမ်းယူထားတဲ့ လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ စစ်ခေါင်းဆောင် သားသမီးပိုင် ပစ္စည်း တွေ ပါဝင်နေဟုဆို (ရုပ်/သံ)

]]>
ရေနံလုပ်ငန်းများ ထွက်ခွာမှု MOGE ကို ပိတ်ဆို့မှု ဖြစ်လာမလား https://burma.irrawaddy.com/article/2022/01/25/249239.html Tue, 25 Jan 2022 07:32:55 +0000 https://burma.irrawaddy.com/lytbox/?p=249239 ပြင်သစ်နိုင်ငံ၊ ပါရီမြို့စွန်တွင် တွေ့ရသည့် TotalEnergies ဆိုင်းဘုတ်တခု။ ပြင်သစ်အခြေစိုက် ယင်းကုမ္ပဏီသည် မြန်မာပြည်မှ ထွက်ခွာတော့မည်ဟု ကြေညာထားသည်  / AFPMOGE မှ ရရှိသောဝင်ငွေသည် မြန်မာစစ်ကောင်စီအတွက် အကြီးမားဆုံး ဝင်ငွေရင်းမြစ်များအနက် တခုဖြစ်သည်]]> ပြင်သစ်နိုင်ငံ၊ ပါရီမြို့စွန်တွင် တွေ့ရသည့် TotalEnergies ဆိုင်းဘုတ်တခု။ ပြင်သစ်အခြေစိုက် ယင်းကုမ္ပဏီသည် မြန်မာပြည်မှ ထွက်ခွာတော့မည်ဟု ကြေညာထားသည်  / AFP

စွမ်းအင်လုပ်ငန်းကြီးများဖြစ်သော TotalEnergies နှင့် Chevron တို့ ထွက်ခွာသွားခြင်းသည် မြန်မာစွမ်းအင်ဝန်ကြီးဌာန၏ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) သို့ ငွေကြေးစီးဆင်းမှုများ ရပ်တန့်အောင် ပိတ်ဆို့ရေးကို အမေရိကန်နှင့် ဥရောပသမဂ္ဂက ချမှတ်ဆောင်ရွက်ရန် လမ်းဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရကို လွန်ခဲ့သောနှစ်က ဖြုတ်ချခဲ့ပြီး၊ လူ့အခွင့်အရေးအဖွဲ့တခု၏ အဆိုအရ ထိုအချိန်မှစတင်သည့် အတိုက်အခံများကို ဖြိုခွဲမှုများအတွင်း လူပေါင်း ၁,၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီနှင့် ဘဏ္ဍာရေး အဆက်အသွယ်ဖြတ်ရန် ထိုလုပ်ငန်းနှစ်ခုလုံး ဖိအားပေးခံနေရသည်။

ပြင်သစ် ကုမ္ပဏီ Total နှင့် အမေရိကန် ရေနံလုပ်ငန်းကြီး Chevron တို့သည် ထိုင်းနှင့်မြန်မာအတွက် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်သည့် အဓိက ရင်းမြစ်ဖြစ်သော အန်ဒမန်ပင်လယ်ရှိ ရတနာ သဘာဝဓာတ်ငွေ့ လုပ်ကွက်မှ ဆုတ်ခွာမည့် အစီအစဉ်ကို ပြီးခဲ့သည့် သောကြာနေ့က ကြေညာခဲ့သည်။

ပြင်သစ် ကုမ္ပဏီ Total နှင့် အမေရိကန် ရေနံလုပ်ငန်းကြီး Chevron တို့သည် ထိုင်းနှင့်မြန်မာအတွက် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်သည့် အဓိက ရင်းမြစ်ဖြစ်သော အန်ဒမန်ပင်လယ်ရှိ ရတနာ သဘာဝဓာတ်ငွေ့ လုပ်ကွက်မှ ဆုတ်ခွာမည့် အစီအစဉ်ကို ပြီးခဲ့သည့် သောကြာနေ့က ကြေညာခဲ့သည်။

Total သည် ရတနာစီမံကိန်းတွင် အဓိကရှယ်ယာရှင်နှင့် စီမံခန့်ခွဲသူဖြစ်ပြီး ရှယ်ယာများ၏ ၃၁ ဒသမ ၂၄ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကာ Chevron က ၂၈ ရာခိုင်နှုန်း၊ PTT ထိုင်းနိုင်ငံ ရှာဖွေရေးနှင့် ထုတ်လုပ်ရေး (PTTEP) က ၂၅ ဒသမ ၅ ရာခိုငှ်ုန်းနှင့် နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ကျန် ၁၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကြသည်။

Total နှင့် MOGE တို့သည် ရတနာလုပ်ကွက်နှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ထားသည့် ပိုက်လိုင်းကို ပိုင်ဆိုင်သော မုတ္တမ ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (MGTC) တွင်လည်း ရှယ်ယာများ ပိုင်ဆိုင်ကြသည်။

Total သည် “မည်သည့်ဘဏ္ဍာရေးလျှော်ကြေးမျှမပါဘဲ လုပ်ငန်းစီမံဆောင်ရွက်သူအဖြစ်မှသာမက ရှယ်ယာရှင်အဖြစ်မှပါ ထွက်ခွာရေး” ပဋိညာဉ် စာချုပ်လုပ်ငန်းစဉ်ကို စတင်လုပ်ကိုင်ရန် ဆုံးဖြတ်လိုက်သည်။ ပြဋ္ဌာန်းထားချက်မှာ လုပ်ငန်းမှဆုတ်ခွာသောအခါ Total ၏ အကျိုးစီးပွားများကို “လက်ရှိစီးပွာဘက်များက မကန့်ကွက်ပါက ၎င်းတို့အကြား ခွဲဝေရမည်၊ လုပ်ငန်းစီမံဆောင်ရွက်သူ အခန်းကဏ္ဍကို စီးပွားဖက်များအနက်တဦးက တာဝန်ယူရမည်” ဖြစ်သည်။

ထို့ကြောင့် ထိုင်း PTTEP နှင့် မြန်မာ MOGE တို့က Total နှင့် Chevron တို့၏ ရှယ်ယာများကို ခွဲဝေရရှိကြမည်ဖြစ်သည်။MOGE မှ ရရှိသောဝင်ငွေသည် မြန်မာစစ်ကောင်စီအတွက် အကြီးမားဆုံး ဝင်ငွေရင်းမြစ်များအနက် တခုဖြစ်သည်။

အနောက်နိုင်ငံ ကုမ္ပဏီနှစ်ခု၏ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကို လေ့လာသုံးသပ်နေကြောင်း PTTEP က ကြေညာချက်တစောင်တွင် ပြောကြားပြီး မြန်မာနှင့် ထိုင်းနိုင်ငံအတွက် စွမ်းအင်ဖူလုံမှုသည် ၎င်းတို့အတွက် အဓိကထားသော ကိစ္စဖြစ်ကြောင်း ဖော်ပြသည်။

အနောက်နိုင်ငံ ကုမ္ပဏီနှစ်ခု၏ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကို လေ့လာသုံးသပ်နေကြောင်း PTTEP က ကြေညာချက်တစောင်တွင် ပြောကြားပြီး မြန်မာနှင့် ထိုင်းနိုင်ငံအတွက် စွမ်းအင်ဖူလုံမှုသည် ၎င်းတို့အတွက် အဓိကထားသော ကိစ္စဖြစ်ကြောင်း ဖော်ပြသည်။

ရတနာလုပ်ကွက်မှ ထွက်သော ဓာတ်ငွေ့များ၏ ၃၀ ရာခိုင်နှုန်းကို MOGE သို့ ပြည်တွင်းသုံးရန် ရောင်းချပြီး ကျန်ဓာတ်ငွေ့များကို ပိုက်လိုင်းမှတဆင့် ထိုင်းနိုင်ငံသို့ PTTEP က တင်ပို့သည်။

တနှစ်လျှင် ဒေါ်လာ ၁ ဘီလီယံ ရှာဖွေပေးသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောသော မြန်မာ့ဓာတ်ငွေ့လုပ်ငန်းသည် ယခုအချိန်အထိ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ (EU) က ချမှတ်ထားသည့် အကျိုးအမြတ်များသော စစ်တပ်ပိုင် သစ်နှင့်ကျောက်စိမ်း လုပ်ငန်းများအပေါ် အရေးယူပိတ်ဆို့မှုများကဲ့သို့မှ လွတ်မြောက်နေဆဲဖြစ်သည်။

သောကြာနေ့က ကြေညာချက်သည် အသေအချာ ထူးခြားကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) မှ မြန်မာ သုတေသီ မန်နီမောင်က AFP သတင်းဌာနသို့ ပြောသည်။

“ဒါပေမယ့် ဒီစစ်ကောင်စီကို အပြီးတိုင် ချေမှုန်းဖို့ ဖိအားတွေ နောက်ထပ် အများကြီးလိုသေးတယ်” ဟု လည်း သူကပြောသည်။

“အစိုးရတွေအနေနဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကို အရေးယူဖို့ နှောင့်နှေးရတဲ့ အကြောင်းပြချက် မရှိတော့ဘဲ အခြားမသမာတဲ့ အဖွဲ့အစည်းတွေ ဈေးကွက်ထဲဝင်တာကို တားဆီးနိုင်ပြီ” ဟုလည်း သူကပြောသည်။

စစ်ကောင်စီက ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းများသည် မတည်ငြိမ်မှု လပေါင်းများစွာနှင့် သပိတ်မှောက်ခြင်းများကြောင့် ကျဆုံးနေချိန်တွင် Total နှင့် Chevron တို့ မြန်မာမှ ထွက်ခွာသွားသောကြောင့် စစ်ကောင်စီသည် နိုင်ငံခြားငွေ ဒေါ်လာ သန်းပေါင်း ရာချီ နှစ်စဉ်ဆုံးရှုံးစေမည် ဖြစ်သည်။

စစ်ကောင်စီက ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းများသည် မတည်ငြိမ်မှု လပေါင်းများစွာနှင့် သပိတ်မှောက်ခြင်းများကြောင့် ကျဆုံးနေချိန်တွင် Total နှင့် Chevron တို့ မြန်မာမှ ထွက်ခွာသွားသောကြောင့် စစ်ကောင်စီသည် နိုင်ငံခြားငွေ ဒေါ်လာ သန်းပေါင်း ရာချီ နှစ်စဉ်ဆုံးရှုံးစေမည် ဖြစ်သည်။

Total တခုတည်းကပင် မြန်မာအာဏာပိုင်များကို ၂၀၂၀ ပြည့်နှစ်က ဒေါ်လာ ၁၇၆ သန်း နီးပါး အခွန်နှင့် ထုတ်လုပ်ခွင့်အတွက် ပေးရကြောင်း ထိုကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းများအရ သိရသည်။

စစ်ကောင်စီကို ဖြုတ်ချရန် ကြိုးစားနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ လွှမ်းမိုးသော စင်ပြိုင်အစိုးရဝန်ကြီး နော်ဆူဇန်နာ လှလှစိုးက ထိုသတင်းသည် စစ်ကောင်စီကို ပြင်းထန်သည့် သတင်းစကား ပေးပို့လိုက်ခြင်းပင်ဖြစ်ကြောင်း ပြောသည်။

“တခြားကုမ္ပဏီတွေလည်း ဗိုလ်ချုပ်တွေကို ပိုမိုဖိအားပေးဖို့ Total ရဲ့ ဥပမာအတိုင်း လုပ်ဆောင်ရမယ်” ဟုလည်း သူက ပြောသည်။

ပြင်သစ်နှင့် အမေရိကန် ကုမ္ပဏီများသည် နောက်ကျစွာဖြင့် လူ့အခွင့်အရေးအဖွဲ့များနှင့် တက်ကြွသူများ၏ ဖိအားကို အရှုံးပေးရန် စိတ်အားထက်သန်သည်ဆိုလျှင်ပင် စစ်ကောင်စီ အုပ်ချုပ်နေသော မြန်မာတွင် ငွေရှာရန် စိုးရိမ်ပူပန်မှု မရှိသော အခြားလုပ်ငန်းများ ရှိနေသည်။

“အာရှရင်းနှီမြှုပ်နှံသူတွေက လူ့အခွင့်အရေးအပေါ် ကတိကဝတ်နဲ့ ရှယ်ယာရှင်တွေရဲ့ ဖိအား ပိုနည်းတဲ့အတွက် သူတို့ကို တားဆီးရတာ ပိုမိုခက်ခဲတယ်” ဟု သြစတြေးလျနိုင်ငံ၊ ကာတင်တက္ကသိုလ်မှ ဒေါက်တာ ထွေးထွေးသိန်းက AFP သတင်းဌာနသို့ ပြောသည်။

ပိုင်ဆိုင်မှု အပြောင်းအလဲ လုပ်သောကြောင့် စစ်ကောင်စီအတွက် ရေတို အကျိုးအမြတ် ရစေနိုင်ကြောင်းလည်း အခြားသူများက ပြောသည်။

Total ထွက်ခွာသွားခြင်းသည် စစ်ကောင်စီအပေါ် အယုံအကြည်ကင်းမဲ့ကြောင်း အကြီးအကျယ် ပြသလိုက်ခြင်း ဖြစ်သည်ဟု နိုင်ငံတကာ အကျပ်အတည်း လေ့လာရေးအဖွဲ့ (ICG) မှ မြန်မာနိုင်ငံဆိုင်ရာ ဝါရင့်အကြံပေး ရစ်ချတ်ဟိုဆေးက ပြောသည်။

သို့သော် စစ်ကောင်စီသည် ရှယ်ယာများ ပိုမို ပိုင်ဆိုင်လာပြီး အနောက်နိုင်ငံ အရေးယူပိတ်ဆို့မှုများ၏ နယ်ပယ်ထက်ကျော်သော တရားစီရင်ခွင့်အတွင်း ရတနာလုပ်ကွက်ကို စီမံသူထံမှ ၎င်းတို့လိုလားသော စည်းကမ်းချက်များနှင့် လက်မှတ်ထိုးခများ ရနိုင်မည်ဖြစ်သည်။

သို့သော် စစ်ကောင်စီသည် ရှယ်ယာများ ပိုမို ပိုင်ဆိုင်လာပြီး အနောက်နိုင်ငံ အရေးယူပိတ်ဆို့မှုများ၏ နယ်ပယ်ထက်ကျော်သော တရားစီရင်ခွင့်အတွင်း ရတနာလုပ်ကွက်ကို စီမံသူထံမှ ၎င်းတို့လိုလားသော စည်းကမ်းချက်များနှင့် လက်မှတ်ထိုးခများ ရနိုင်မည်ဖြစ်ကြောင်းလည်း သူကပြောသည်။

ဗိုလ်ချုပ်များ၏ စီးပွားရေး လုပ်ငန်းများသည် ဓာတ်ငွေ့လုပ်ငန်းသာမက သတ္တုနှင့် ကျောက်မျက်တူးဖော်ရေး၊ ဘဏ်များ၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းများအထိ ကျယ်ပြန့်သောကြောင့် စစ်အုပ်စုသည် များပြားလှသော ဝင်ငွေများရရှိနေပြီး ထိုလုပ်ငန်းများကို အနီးကပ် ကြီးကြပ်ထားသည်။

စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းက လွှမ်းမိုးထားသည့် ကျောက်စိမ်းလုပ်ငန်း တခုတည်းသည်ပင် စစ်အုပ်စုအတွက် စာရင်းပြင်ပဝင်ငွေ နှစ်စဉ် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရရှိစေကြောင်း သုတေသီများက ပြောသည်။

Total သည် မြန်မာမှ ချက်ခြင်းထွက်ခွာမည် မဟုတ်ပေ။ ပဋိညာဉ်အရ သတ်မှတ်ထားသော ကာလ ၆ လအထိ ထိုလုပ်ငန်းကို ဆက်လက်စီမံမည်ဖြစ်ကြောင်း ၎င်းတို့၏ ကြေညာချက်တစောင်က ဆိုသည်။

သို့သော် စစ်အာဏာသိမ်းထားသော မြန်မာမှ Total နှင့် Chevron ထွက်ခွာရန် မည်မျှ လွယ်ကူမည်ကို ဆက်လက် စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ဒေါက်တာ ထွေးထွေးသိန်းက ပြောကြားပြီး ဇူလိုင်လကတည်းက မြန်မာမှ ထွက်ခွာတော့မည်ဟု ကြေညာထားသည့် တယ်လီနော၏ ထွက်ခွာမှုကို စစ်အုပ်စုက အချိန်ဆွဲထားကြောင်း သူက ထောက်ပြသည်။

“Total လည်း အလားတူ အခြေအနေကို ရင်ဆိုင်ရမှာပဲ” ဟု သူက ပြောသည်။

ကိုးကား။ ။ ဘန်ကောက်ပို့စ် သတင်းစာပါ Impact of oil firms’ exit from Myanmar limited

You may also like these stories:

MOGE ကို အရေးယူပိတ်ဆို့ရန် ဂျိုးဘိုင်ဒင်ကို အမေရိကန် အထက်လွှတ်တော်အမတ်များ တိုက်တွန်း

ဓာတ်ငွေ့ပိုက်လိုင်း အကျိုးအမြတ် MOGE ကို ထုတ်မပေးရန် Total နှင့် Chevron သဘောတူ

အာဏာသိမ်းမှုက စစ်တပ်အသိုင်းအဝိုင်း စီးပွားရေးများကိုပါ ထိခိုက်ဆုံးရှုံးစေသည်

MOGE နှင့် စာချုပ်ချုပ်ဆိုမှုများအား NUG က အမိန့်ထုတ်ပြန် ကန့်သတ်

]]>
ထိုင်း PTT နှင့် KBZ စက်သုံးဆီ သိုလှောင်ကန် နှင့် ဆီဆိုင်များ ပူးပေါင်း ရင်းနှီးမြှုပ်နှံမည် https://burma.irrawaddy.com/business/2019/06/10/194279.html Mon, 10 Jun 2019 08:45:02 +0000 https://burma.irrawaddy.com/lytbox/?p=194279 ထိုင်း PTT နှင့် KBZ တို့ စက်သုံးဆီ ကဏ္ဍ ပူးပေါင်းလုပ်ဆောင်ရန် သဘောတူ လက်မှတ်ရေးထိုးနေစဉ်  / အောင်သီဟ / ဧရာဝတီထိုင်းနိုင်ငံ အခြေစိုက် ရေနံကုမ္ပဏီ တခု ဖြစ်သော PTT နှင့် ပြည်တွင်း ကမ္ဘောဇ ကုမ္ပဏီ အုပ်စု (KBZ) တို့ အကျိုးတူပူးပေါင်း၍ စက်သုံးဆီ သိုလှောင်ကန်နှင့် စက်သုံးဆီဆိုင်များ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သိရသည်။]]> ထိုင်း PTT နှင့် KBZ တို့ စက်သုံးဆီ ကဏ္ဍ ပူးပေါင်းလုပ်ဆောင်ရန် သဘောတူ လက်မှတ်ရေးထိုးနေစဉ်  / အောင်သီဟ / ဧရာဝတီ

ထိုင်းနိုင်ငံ အခြေစိုက် ရေနံကုမ္ပဏီ တခု ဖြစ်သော PTT နှင့် ပြည်တွင်း ကမ္ဘောဇ ကုမ္ပဏီ အုပ်စု (KBZ) တို့ အကျိုးတူပူး ပေါင်း၍ စက်သုံးဆီ သိုလှောင်ကန်နှင့် စက်သုံးဆီဆိုင်များ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်ရန် အတွက် ဇွန်လ ၉ ရက်တွင် ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ နှစ်ဘက်   ကုမ္ပဏီများ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

KBZ ကုမ္ပဏီ၏ အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်က“လက်ရှိ ကမ္ဘောဇက ဖွင့်ထားတဲ့ နီလာရိုးမ စက်သုံးဆီ ဆိုင် တွေကို PTT အမှတ်တံဆိပ် အနေနဲ့ ပြောင်းလဲ အဆင့်မြှင့်တင်မယ်။ ကျနော်တို့က အရေအတွက်ထက် အရည် အသွေး ကောင်းကောင်းလေးတွေ ဖွင့်သွားပါမယ်”ဟု ပြောသည်။

ပထမအဆင့် အနေဖြင့် စက်သုံးဆီဆိုင် ၁၀ ဆိုင်ကို ဖွင့်လှစ်သွားမည် ဖြစ်ပြီး နှစ်အနည်းငယ် အတွင်း၌ ဆီဆိုင်ပေါင်း ၇၀ ကျော် အထိကို ရန်ကုန်နှင့် တိုင်းနှင့် ပြည်နယ်များရှိ မြို့ကြီးများ၌ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သီလဝါ စက်မှုဇုန် အနီးတွင် တည်ဆောက်မည့် ဆီသိုလှောင်ကန် အတွက် အမေရိကန် ဒေါ်လာ ၁၈၅ သန်းနှင့် လက်လီ စက်သုံးဆီဆိုင်များ အတွက် အမေရိကန် ဒေါ်လာ သန်း ၂၀ ကျော် ရင်းနှီးမြှုုပ်နှံသွားမည် ဖြစ်ကြောင်း KBZ ၏ လက်အောက်ခံ ကုမ္ပဏီ Brighter Energy ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကောင်းစံ က ဧရာဝတီသို့ ပြောသည်။

၎င်းက“မြန်မာနိုင်ငံရဲ့ စက်သုံးဆီဈေးကွက်က ယှဉ်ပြိုင်မှုများလာလေလေ ပြည်သူတွေအတွက်က ကောင်းလေလေ ပေါ့”ဟုလည်း ဆိုသည်။

PTT အမှတ် တံဆိပ်ဖြင့် ဖွင့်လှစ်မည့် စက်သုံးဆီဆိုင်များ၌  Café Amazon ကော်ဖီဆိုင်၊ မီနီမတ်၊ ကားအင်ဂျင်ဝိုင် ဝန် ဆောင်မှုတို့ အပြင် ငွေလဲကောင်တာများ ပါဝင်မည် ဖြစ်ပြီး ယခုနှစ်အတွင်း ဆိုင်များ ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း သိရ သည်။

ထိုင်း ကုမ္ပဏီ PTTOR ၏ ဥက္ကဋ္ဌ ဖြစ်သူ Mr.Auttapol Rerkpiboon က“PTTOR ၏ နှစ်ရှည် အကျိုးရှိမည့် စီမံ ကိန်းထဲ မှာ မြန်မာနိုင်ငံမှာ စက်သုံးဆီ၊ လောင်စာဆီ လက်လီ ရောင်းချမှု ချဲ့ထွင် ဆောင်ရွက်သွားဖို့ကို အရင်ကတည်းက ရည်မှန်း ထားခဲ့ပါတယ်။ ပူးပေါင်း ဆောင်ရွက်မှု အရ စက်သုံးဆီ ဝယ်ယူဖြည့်တင်းခြင်း၊ ဆိပ်ခံ တံတား စီမံခန့်ခွဲခြင်း၊ ဆီသိုလှောင်ခြင်း၊ မီးဖိုချောင်သုံး ဓာတ်ငွေ့ရည်ဖြည့် စက်ရုံများနှင့် စက်သုံးဆီ လက်ကား ဖြန့်ဖြူးခြင်းတို့ ပါဝင်ပါတယ်” ဟု ဆိုသည်။

PTTOR သည် PTT Group ၏ လက်အောက်ခံ ရေနံနှင့် စက်သုံးဆီ လက်လီလုပ်ငန်း လုပ်ကိုင်သော ကုမ္ပဏီ တခု ဖြစ်သည်။

ယခု ပူးပေါင်း ဆောင်ရွက်မှုသည် စက်သုံးဆီ လက်လီလက်ကား လုပ်ငန်များ အပြင် မီးဖိုချောင်သုံး ဓာတ်ငွေ့ (LPG) ကို လည်း PTT အမှတ်တံဆိပ်ဖြင့် ဖြန့့်ဖြူး ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

PTT နှင့် KBZ တို့ ပူးပေါင်း လုပ်ဆောင်သည့် စက်သုံးဆီသိုလှောင်ကန်သည် 92၊ 95၊ ဒီဇယ် နှင့် ပရီမီယံဒီဇယ် လီတာ ပေါင်း သန်း ၁၀၀ ကျော် အထိ သိုလှောင်နိုင်မည် ဖြစ်ကြောင်း၊ LPG ဓာတ်ငွေ့ကိုလည်း မက်ထရစ်တန် ၄၅၀၀ အထိ သိုလှောင် ထားနိုင်မည် ဖြစ်ပြီး သိုလှောင်ကန် ဆောက်လုပ်မှုသည် ၂၀၂၁ ခုနှစ်တွင် ပြီးစီးမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများက ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက“ယခု ပူးပေါင်းဆောင်ရွက်မှုဟာ ရန်ကုန်မြို့ဖွံ့ဖြိုး တိုးတက်မှု၊ မြန်မာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးကြီးတဲ့ သမိုင်း မှတ်တိုင်တခုပါ။ စက်သုံးဆီဈေး တည်ငြိမ်ရေးဟာ နိုင်ငံရဲ့ စီးပွားရေး တည်ငြိမ်မှုကို များစွာ အထောက်အကူ ဖြစ်စေပါတယ်။ ဒီလို တည်ငြိမ်နိုင်ဖို့ အတွက်လည်း ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ ဘက်ပေါင်းစုံကနေ ကူညီဆောင်ရွက်လျက် ရှိပါတယ်”ဟု ပြောသည်။

လက်ရှိ အချိန်တွင် ပြည်တွင်း စက်သုံးဆီ လက်လီ ဈေးကွက် အတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနေဖြင့် တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း (CNPC) ပိုင် စင်ကာပူ အခြေစိုက် SPC ကုမ္ပဏီနှင့် ရွှေတောင် ကုမ္ပဏီတို့က စက်သုံး ဆီဆိုင်များ ဖွင့်လှစ်ထားလျက် ရှိသည်။

မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း (MPPE) နှင့် စက်သုံးဆီ လက်ကား လုပ်ငန်း ပူးပေါင်း လုပ်ကိုင် လျက် ရှိသော PUMA ကုမ္ပဏီကလည်း စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရန် ပြင်ဆင်လျက် ရှိပြီး ကမ္ဘာ့ထိပ်တန်း ရေနံ ကုမ္ပဏီ Shell ကလည်း Max Energy နှင့် ပူးပေါင်းပြီး စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရန် လုပ်ဆောင်လျက် ရှိသည်။

You may also like these stories:

“Bank of the Year Awards ” ဆု KBZ ဘဏ် ၆နှစ်ဆက်တိုက်ရရှိ

SME တွေ ချေးငွေရဖို့ ဘာလို့ခက်နေလဲ

ဘေးအန္တရာယ်ရှိ စက်သုံးဆီဆိုင်များ မပြုပြင်ပါက လိုင်စင်ပိတ်မည်

စင်ကာပူ အခြေစိုက် Puma လက်လီ စက်သုံးဆီဆိုင်များ ဖွင့်ရန် စီစဉ်

]]>