Taeyang Archives - ဧရာဝတီ https://burma.irrawaddy.com/tag/taeyang Covering Burma and Southeast Asia Fri, 31 Mar 2023 17:21:31 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Taeyang Archives - ဧရာဝတီ https://burma.irrawaddy.com/tag/taeyang 32 32 K-Pop အဆိုတော်အဖွဲ့ BIGBANG အဖွဲ့ဝင် Taeyang စစ်မှုထမ်းသွားပြီ https://burma.irrawaddy.com/lifestyle/entertainment/2018/03/13/153937.html Tue, 13 Mar 2018 05:53:46 +0000 https://burma.irrawaddy.com/lytbox/?p=153937 BIGBANG အဖွဲ့ဝင် အဆိုတော် TaeyangTaeyang ဟာ နှုတ်ဆက်စကား ဆိုခဲ့ပြီး လေ့ကျင့်ရေးစင်တာထဲကို မဝင်ခင်မှာပဲ ပရိသတ်တွေကို လက်ပြ ဝှေ့ယမ်း နှုတ်ဆက်ခဲ့ပါတယ်။ အနက်ရောင် နှာခေါင်းစည်းနဲ့ ဦးထုပ်နဲ့အတူ အဆိုတော် Taeyang ဟာ]]> BIGBANG အဖွဲ့ဝင် အဆိုတော် Taeyang

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး အမျိုးသား K-Pop အဆိုတော် အဖွဲ့တဖွဲ့ဖြစ်တဲ့ BIGBANG အဖွဲ့မှ အဖွဲ့ဝင် Taeyang ဟာ မတ်လ ၁၂ ရက်နေ့မှာ စစ်မှုတာဝန်ကို စတင်ထမ်းဆောင်ပြီလို့ သိရပါတယ်။

အသက် ၂၉ နှစ် အရွယ်၊ အဆိုတော် Taeyang ဟာ တောင်ကိုးရီးယားနိုင်ငံ၊ ဒေသစံတော်ချိန် နေ့လည် ၁ နာရီ ၄၅ မိနစ်မှာ ချောင်းဝန်းမြို့မှာရှိတဲ့ အမှတ် ၆ ခြေလျပ်တပ်မခွဲမှာ တရားဝင် စစ်မှုထမ်းဖို့ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ မကြားသေးခင်ကမှ ပူပူနွေးနွေး လက်ထပ်ထားတဲ့ ဇနီးသည် မင်းသမီး Min Hyo Rin နဲ့ Taeyang ကို ချစ်တဲ့ ပရိသတ်တွေကတော့ အဲဒီလေ့ကျင့်ရေး စင်တာရှေ့မှာသူ့ကို စောင့်ဆိုင်း နှုတ်ဆက်ကြတာကို တွေ့ရပါတယ်။

Taeyang ဟာ နှုတ်ဆက်စကား ဆိုခဲ့ပြီး လေ့ကျင့်ရေးစင်တာထဲကို မဝင်ခင်မှာပဲ ပရိသတ်တွေကို လက်ပြ ဝှေ့ယမ်း နှုတ်ဆက်ခဲ့ပါတယ်။ အနက်ရောင် နှာခေါင်းစည်းနဲ့ ဦးထုပ်နဲ့အတူ အဆိုတော် Taeyang ဟာ Oversized ဂျာကင်နဲ့ အနက်ရောင်ဘောင်းဘီတို့ကို ဝင်ဆင်ထားပါတယ်။

စစ်မှု မထမ်းခင် သူ့ရဲ့ Instagram အကောင့်မှာ ရိပ်ထားတဲ့ သူ့ဆံပင်ပုံစံကို ပြသခဲ့ပြီး သူ့ရဲ့ စစ်မှုထမ်း ဆံပင်ပုံစံ ဓာတ်ပုံတွေကို ဧပြီလမှာ ထွက်ရှိလာမယ့် Elle Korea မဂ္ဂဇင်းမှာ အပြည့်အစုံ မြင်တွေ့ရမှာဖြစ်ပါတယ်။

YG Entertainment ရဲ့ တည်ထောင်သူ Yang Hyun Suk က Taeyang နဲ့အတူ ရိုက်ကူးထားတဲ့ ပုံတွေထဲက တခုကို ပြန်တင်ခဲ့ပါတယ်။ တည်ထောင်သူ Yang က “Taeyang ဟာ ဒီနေ့၊ မတ် ၁၂ ရက်နေ့မှာစစ်မှုထမ်းမှာ ဖြစ်ပါတယ်။ ချစ်ပါတယ်။ Yong Bae (Taeyang ၏ နာမည်အရင်း) ကျန်းမာအောင် နေပါ။ အန္တရာယ်ကင်းစွာ ပြန်လာခဲ့ပါ။ YG” လို့ ရေးသားခဲ့ပါတယ်။

Taeyang ဟာ Instagram အကောင့်မှာ ပရိသတ်တွေကို အခုလို နှုတ်ဆက် စကားဆိုခဲ့ပါတယ်။ သူက “ကျနော် ကျန်းကျန်းမာမာနဲ့ ပြန်လာခဲ့ပါမယ်။ အားလုံးပဲ ပန်းခင်းတဲ့လမ်းကို လျှောက်လှမ်းကြပါ” လို့ ရေးသားခဲ့ပါတယ်။

“Flower Road” ဆိုတာကတော့ BIGBANG အဆိုတော် အဖွဲ့ဝင်တဦးဖြစ်သူ Daesung စစ်မှုထမ်းမယ့်နေ့၊ မတ်လ ၁၃ ရက်နေ့မှာ ဖြန့်ချိမယ့် BIGBANG အဖွဲ့ရဲ့ Single သီချင်း နာမည်ဖြစ်ပါတယ်။ အဖွဲ့ဝင်တဦးဖြစ်တဲ့ Seungri ဟာလည်း ဒီနှစ် နှစ်လယ်ပိုင်းလောက်မှာ သူ့ရဲ့ တကိုယ်တော် အယ်လ်ဘမ်ကို ဖြန့်ချိပြီးတဲ့နောက် စစ်မှုထမ်းမှာ ဖြစ်ပါတယ်။

YG Entertainment က “အငယ်ဆုံးလေး Seungri ဟာ သူ့ရဲ့ အဖွဲ့ဝင်တွေနဲ့ တချိန်တည်းမှာ စစ်မှုထမ်းဖို့ ဆန္ဒ ရှိခဲ့ပါတယ်။ ဒါပေမယ့် မတ်လ၂ ရက်နေ့မှာ ဖြန့်ချိခဲ့တဲ့ တရုတ်ရုပ်ရှင် “Love Only” နဲ့ တကိုယ်တော် အယ်လ်ဘမ်ကို ဖြန့်ချိခဲ့ပြီးနောက် စစ်မှုထမ်းမှာ ဖြစ်ပါတယ်” လို့ ဒီလအစောပိုင်းမှာပဲ ကြေညာထားပါတယ်။

Ref ; aceshowbiz

]]>