နိုဝင်ဘာ ၂ရက်၊ မနက် ၂နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့နယ်နေ အသက် ၅နှစ်အရွယ် ကလေးငယ်တဦး အဓမ္မပြုကျင့်ခံခဲ့ရသည်။ ယင်းကလေးငယ်သည် မြောက်ဥက္ကလာပ မေဝါဒီဆေးရုံ သားဖွားမီးယပ်ဆောင်တွင် ကုသမှုခံယူခဲ့ရပြီး မစင်စွန့်ရန်ပင် အဆင်မပြေသည့်အတွက် ဗိုက်ဖောက်ထားရသည်။ ယင်းအမှုကိစ္စနှင့် ပတ်သတ်၍ ဒဂုံအရှေ့ရဲစခန်းသို့ တိုင်ကြားခဲ့ရာ ယခုအချိန်ထိ တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ မသင်္ကာသူများကို စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။