၈၈ နိုင်ငံရေး မျိုးဆက်များဖြစ်သော ဦးကိုကိုကြီး၊ ဦးသက်ထွန်း၊ ဦးမင်းဇေယျာတို့ဧ။် နိုင်ငံရေးပါတီတစ်ရပ်ပေါ်ထွန်းလာရေး တွေ့ဆုံဆွေးနွေးပွဲ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် မတ်လ ၂ရက်နေ့က ကျင်းပခဲ့သည်။
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး၏ လိုလားတောင့်တရာဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုုင်ငံတော်ဖြစ်ပေါ်လာရေးနှင့် ပြည်သူလူထုအကျိုးစီးပွားကို ရှေးရှု့သော မူဝါဒများအား အခြေခံသည့် နိုင်ငံရေးပါတီတရပ် ပေါ်ထွန်းလာရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို လာမည့် မတ်လ ၃၀-၃၁ ရက်များတွင် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ( UMFCCI ) ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။