ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ငဝန်မြစ်အတွင်း ယမန်နေ့ညပိုင်းက ငပုတောမြို့သို့ ပြန်သည့် ငွေကြယ်ပွင့်မော်တော်နှင့် နဒီရွှေစင် ကျောက်တင်သင်္ဘောတို့ တိုက်မိခဲ့ရာ အမျိုးသမီး ၁၆ ဦးနှင့် အမျိုးသား ၄ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီး ၄ ဦးကို အုပ်ချုပ်ရေးတာဝန်ရှိသူများက အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့သည်။ မော်တော်ပေါ်လိုက်ပါလာသူထဲမှ ၉ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ရေကြောင်းတပ်ဖွဲ့တို့က ငဝန်မြစ်အတွင်း ရှာဖွေမှုများ လုပ်ဆောင်လျှက်ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။