အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ မွတ်ဆလင် အများဆုံးနေထိုင်တဲ့ တိုင်းပြည်ပါ။ အင်ဒိုနီးရှား လူဦးရေ စုစုပေါင်းရဲ့ ၈၇.၂ ရာခိုင်နှုန်းဖြစ်တဲ့ လူ ၂၂၅ သန်းဟာ မွတ်ဆလင်တွေ ဖြစ်ပြီး ကမ္ဘာ့မွတ်ဆလင်ဦးရေရဲ့ ၁၂.၇ ရာခိုင်နှုန်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားမှာ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာမခံထားပါတယ်။ အစ္စလာမ်ဘာသာအပြင် အင်ဒိုနီးရှားက ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာတွေအကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN က စီစဉ်ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းကို ဧရာဝတီကတဆင့် ဖော်ပြလိုက်ပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။