လတ်တလော လူငယ်ပရိသတ်တွေကြား အွန်လိုင်း အသည်းကွဲပရိသတ်တွေကြားမှာ လူငယ် တေးရေးဆရာတဦးရဲ့ အသည်းကွဲ တေးသီချင်းတချို့ ပေါက်နေတာ တွေ့ရပါတယ်။ ကိုယ်ပိုင်သံစဉ် အသည်းကွဲသီချင်းတွေနဲ့ အောင်မြင်နေတဲ့ အဆိုပါ လူငယ်တေးရေးဆရာကတော့ တေးရေး – ဝေကြီး ဆိုသူပါ။ လက်ရှိ မြန်မာနိုင်ငံရဲ့ အက်ဖ်ဖမ် ရေဒီယိုလိုင်းတွေမှာလည်း သူဖန်တီးရေးသားထားတဲ့ တေးသီချင်းတွေဟာ အများဆုံး တောင်းဆိုခံနေရတာလည်းဖြစ်ပါတယ်။ တေးရေး-ဝေကြီးရဲ့ လက်ရှိ အနုပညာဘဝ၊ သူ ဖန်တီးဖြစ်ခဲ့တဲ့ အသည်းကွဲ သီချင်းတွေအကြောင်းနဲ့ သူပြောပြတဲ့ သူ့ရဲ့ အနုပညာတွေအကြောင်းကို ပြောပြထားပါတယ်။
ရိုက်ကူး – သဲသဲ၊ စိုးထွန်းသိန်း