မြန်မာနိုင်ငံမှာ ကြုံနေတဲ့ ပြဿနာသည် ရခိုင်ပြည်နယ်က မွတ်ဆလင် ကိစ္စတခုတည်း မဟုတ်ပါဘူး။ ပဋိပက္ခတွေ အများကြီး ရှိပါတယ်။ အနောက်နိုင်ငံတွေက ဒါကိုပဲ မီးမောင်းထိုးနေခြင်းသည်။ မြန်မာပြည်သူလူထုရဲ့ စိတ်ထဲမှာတော့ အနောက်နိုင်ငံနဲ့ ပတ်သက်ပြီး သြဇာ အာဏာက စပြီးတော့ ကျလာတယ်လို့ ခံစားရတဲ့ သုံးသပ်တဲ့သူတွေ ရှိနေတာကို ကျနော်တို့ တွေ့ရတယ်။ သူတို့က ဒီကိစ္စတခုတည်းကိုပဲ တို့ကိုလာပြောနေသလားဆိုတာမျိုးပေါ့နော်။ အဲဒီအချိန်မှာ တရုတ်က အဲဒါပဲမဟုတ်ဘဲနဲ့ လက်တွေ့ကျကျ မြန်မာကို ဝင်ပြီး ကူတာကလည်း တရုတ်အပေါ်မှာ အကောင်းစပြီး မြင်လာနိုင်တဲ့ အုပ်စုတွေ ရှိလာနိုင်မလား လို့လည်း တွေးမိတယ်။ ရှိတယ်လို့ပြောတာမဟုတ်ဘူးနော်။ ရှိလာနိုင်မလားပေါ့နော်။ ဒါကြောင့် သုံးသပ်သူ တချို့က ပြောတာတော့ ဒီအရေးမှာတော့ အနောက်နိုင်ငံတွေရဲ့ သြဇာ ကျသွားပြီဆိုရင်၊ ကျသွားတာမျိုးကိုလည်း တရုတ်က လိုလားတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။