ရန်ကုန်-ဒလတံတားကို ဧပြီလတွင် စတင်တည်ဆောက်တော့မည်ဖြစ်ကြောင်း အစိုးရသတင်းစာ မြန်မာ့အလင်းတွင် ဖော်ပြသည်။ အဆိုပါတံတားသည် မူလက ၂၀၁၇ ခုနှစ်တွင် တည်ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ကိုရီးယား-မြန်မာချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ်တည်ဆောက်မည့် အဆိုပါတံတားသည် ရန်ကုန်မြို့လယ်နှင့် ဒလမြို့တို့ကို ချိတ်ဆက်မည်ဖြစ်သည်။ ဒလမြို့သည် ရန်ကုန်မြစ်၏တောင်ဘက်ကမ်းတွင် တည်ရှိပြီး ဖွံ့ဖြိုးမှုနိမ့်ကျသောမြို့ငယ်လေးဖြစ်သည်။ အစိုးရက လူနေထူထပ်လာပြီး ကားများကျပ်လာသော ရန်ကုန်ကို မြို့သစ်တည်ဆောက် ချဲ့ထွင်ရန် ကြိုးစားမှု၏ ပထမခြေလှမ်းဖြစ်သည်။ ယင်းတံတားသည် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် အပြီးသတ်ရန် မျှော်မှန်းထားသည်။ စုစုပေါင်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၃ သန်းကုန်ကျခံ၍ တည်ဆောက်မည်ဖြစ်သည်။ သံမဏိကြိုးဆိုင်း လေးလမ်းသွား တံတား အမျိုးအစားဖြစ်ပြီး ၁၉၃၆ ပေ(၅၉၀ဒသမ၁မီတာ) အရှည်ရှိမည်ဖြစ်ကာ အမြင့်မှာ ပေ ၁၆၀(၄၈ဒသမ၇မီတာ) ဖြစ်သည်။ ဒလမြို့တွင် နွေရာသီ၌ ရေအခက်အခဲဖြစ်ပေါ်လေ့ရှိသဖြင့် အဆိုပါတံတားတွင် ရန်ကုန်မှ ဒလသို့ပေးပို့မည့် ရေသန့်ပိုက်လိုင်းများလည်း ပူးတွဲတပ်ဆင်ထားမည်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။