“အခု ဆိုရင် ဝန်ကြီးဌာန တွေ ၃-၄ နေရာလောက်ကို အမြန်ဆုံုးပြောင်းလဲရမယ်ဆိုတာ ဘယ်သူ့ပဲသွားမေးမေး အားလုံုးပြောနေကြတာ ဖြစ်ပါတယ်။ အခု ဟာက reshuffle (အစိုးရအဖွဲ့ဝင် အပြောင်းအလဲ) လာမယ် ဆိုတာကိုု မေ ျှာ်လင့်တယ်။ မေ ျှာ်လင့်ပြီးတော့ နားလည်ပေးတဲ့သူတွေလည်း တော်တော်စိတ်ပျက်နေတာ ကျနော်တို့တွေ့ရတယ်။ reshuffle လုပ်တယ်ဆိုတာ ဒုဝန်ကြီးတွေ အစားထိုးခန့်တာမဟုတ်ဘူး။ ဒုဝန်ကြီးတွေအသစ်ခန့်တာကို ပြောတာမဟုတ်ဘူး။ reshuffle လုပ်တယ်ဆိုတာ အခု လုံုး၀ မလုပ်နိုင်တဲ့လူတွေရှိတယ်။ …. လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ သူတို့ရဲ့ performance တွေ delivery မလုပ်နိုင်တဲ့သူတွေ ရှိတယ်။ သူတို့တွေကို NLD အစိုးရက နှာစေးပီးနေမှာလား။ သူတို့ကို ထုတ်ပစ်မှာလား။ ထုတ်ပစ်လိုုက်ပြီးတော့ ကျန်တဲ့ ၂-၃ နှစ်အတွင်းမှာ စီးပွားရေး၊ အခု ဖြစ်နေတဲ့ တည်ငြိမ်ရေး၊ နိုင်ငံရေးတွေကို ဘယ်လိုလုပ်မလဲ ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာပေါ့နော်။ အတော်များများကတော့ ဒီအစိုးရအပေါ်မှာ မေးခွန်းထုတ်ပီးတော့ သူတို့ရဲ့ ယုံကြည်မှုတွေ လျော့သွားတယ်ဆိုတာ (တွေ့ရတယ်)၊ နောက် အစိုးရအပေါ်မှာ ထောက်ခံမှုလည်း အရမ်းလျော့သွားတယ် ကျနော်တို့ ၂၀၁၈ အစပိုင်းမှာပဲ တွေ့နေရပီ ဖြစ်ပါတယ်။ ”
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။