(၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အပြင် လယ်သမားတွေရဲ့ နွားတွေ ကျန်းမာကြံ့ခိုင်ဖို့၊ လယ်ယာနားချိန်မှာ လယ်သမားတွေ ပျော်ရွှင်စေဖို့နဲ့ လယ်သမားအချင်းချင်း စည်းလုံးညီညွှတ်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ မော်လမြိုင်မြို့၊ သီရိမြိုင်နယ်မြေ၊ သရက်ကုန်းရပ်ကွက်မှာ နွားလှည်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က စတင်ကျင်းပနေတာဖြစ်ပါတယ်။
မော်လမြိုင်မြို့မှာ နွားလှည်းပြိုင်ပွဲ ကျင်းပခြင်းဟာ ယခုနှစ်မှာ တတိယအကြိမ်ရှိလာပြီး ချာင်းဆုံမြို့နယ်၊ ပေါင်မြို့နယ်တွေက ပြိုင်ပွဲဝင်နွားလှည်းအသင်းတွေ အပါဝင် ပြိုင်ပွဲဝင်အသင်း ၁၂ သင်းအထိ ရှိပါတယ်။