မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင် အဝေးပြေးယာဉ်လမ်း ရေကျော်နေခြင်းကြောင့် ခရီးသွားယာဉ်များအား ဖြတ်သန်းသွားလာမှုကို ဇူလိုင် ၂၆ ရက် ည ၈ နာရီစတင်၍ ပိတ်ထားလိုက်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။
ဘီးလင်းမြို့နယ်တွင် စိုးရိမ်အမှတ်ထက် ၃ ပေအထိ မြင့်တက်နေပြီး ရေကျပြီးမှသာ ကားလမ်းပြန်ဖွင့်နိုင်မည်ဟု ၎င်းက ဆိုသည်။