ရခိုင်ပြည်နယ် မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေအား လူပုဂ္ဂိုလ်ဆိုင်ရာ လွပ်လတ်မှုနှင့် လုံခြုံမှုကိုထိပါးသည့် အသုံးအနှုန်းကို ဝေဖန်ပြောဆို သည် ဟုဆိုကာ ဖမ်းဆီးတရားစွဲခံနေရသော စစ်တွေမြို့မိမြိုဖ အဖွဲ့ဝင် ဦးအောင်သန်းဝေကို အာဏာပိုင်များက နောက်ထပ် တိုးကာ တရားစွဲဆိုလိုက် ကြောင်း သိရသည်။
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို အာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားစွဲခံထားရသော အဆိုပါ ဦးအောင်သန်းဝေကို ယနေ့ သြဂုတ်လ ၁၀ ရက်နေ့ ညနေပိုင်းက စစ် တွေမြိ့နယ် တရားရုံး တွင် ၆ ကြိမ်မြောက်ရုံးထုတ်ခဲ့သည်။
ယင်းသို့ ရုံးထုတ်ခဲ့ရာတွင် အာဏာပိုင်များက လက်ရှိတရားစွဲထားသော ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို အာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ အပြင် ရာဇဝတ်မကင်းသော ခြောက်လှန့်မှု ပုဒ်မ ၅၀၆ ဖြင့် အမှုတခု ထပ်တိုးပြီး တရားရုံးသို့ ဦးထိပ် လျှောက်ထား တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။