ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ကျွန်းတောဆင်စခန်းတွင် World Elephant Day အနေနှင့် ဆင်များကို ဘူဖေးကျွေးမွေးကာ လာရောက်လည်ပတ်သူ ဧည့်သည်များအား အစားအသောက်များနှင့်ဧည့်ခံခြင်း ကံစမ်းမဲများဖေါက်ပေးခြင်း များပြုလုပ်ပေးခဲ့ကြသည်။
လာရောက်လည်ပတ်သည့် ဧည့်သည်များအား မြန်မာသစ်လုပ်ငန်းရှိ ဆင်များ၊ တောရိုင်းဆင်များနှင့် ပုဂ္ဂလိကပိုင်ဆင်များအကြောင်း ရှင်းလင်းဟောပြောကာ မြန်မာနိုင်ငံအတွင် တလလျှင် ဆင်တကောင်းနှုန်း သတ်ဖြတ်ခံနေရကြောင်း မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူများက ရှင်းလင်းဟောပြောခဲ့ကြသည်။