ဧရာဝတီ ၊ သြဂုတ် ၂၀ ၊ ၂၀၁၈
လူငယ်များ ဦးဆောင်ကျင်းပပြုလုပ်သည့် ၇ ကြိမ်မြောက် ဘားကမ့်(ပြည်) ပွဲကို သြဂုတ်လ ၁၈ရက်နှင့် ၁၉ ရက်နေ့များတွင် ပြည်မြို့ အထက(၁)ကျောင်းတွင် ကျင်းပခဲ့ပြီး ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဘားကမ့်ဆိုသည်မှာ နယ်ပယ်အသီးသီးမှ ဝါသနာတူ၊ ဦးတည်ချက်တူသူများ တနေရာတည်းတွင် စုစည်းကာ မိမိတတ်မြောက်ထားသော နည်းပညာများအား အခြားသူများနှင့် မျှဝေခြင်း၊ အတွေ့အကြုံများ ဖလှယ်နိုင်ရန်နှင့် အသိပညာများပြန့်ပွားလာစေရန် ဝိုင်းဖွဲ့ ဆွးနွေးခြင်းဖြစ်သည်။
ရိုက်ကူး- ကောင်းမြတ်မင်း